Friday, December 06, 2013

ရန်ကုန်တက္ကသိုလ်ရှိ ရွှေဘိုနှင့် ဒဂုံအမျိုးသားအဆောင်များတွင် ကျောင်းသူများထားရှိမည်ဆိုခြင်းကို အဆောင်ကျောင်းသားဟောင်းများ ကန့်ကွက်

Posted by drmyochit Friday, December 06, 2013, under | No comments


ရန်ကုန် တက္ကသိုလ်အတွင်းမှ ရွှေဘိုနှင့် ဒဂုံအဆောင်ကို ကျောင်းသူများ အားထားရှိခြင်းသည် လုံးဝလက် မခံနိုင်လောက်သည့် ကိစ္စဖြစ်ပြီး ဆုံးဖြတ်ချက် ပြင်ဆင်ပေးခြင်း မရှိပါက ဆန္ဒပြသည်အထိ လုပ် ဆောင်သွားမည်ဖြစ်ကြောင်း အဆောင်ကျောင်းသားဟောင်း များက ပြောကြားလိုက်သည်။

ရန်ကုန်တက္ကသိုလ်တွင် အ ဆောင်နေကျောင်းသား၊ ကျောင်း သူများကို ထားရှိတော့မည်ဖြစ် ရာ သမိုင်းအစဉ်အလာကြီးခဲ့သည့် ရွှေဘိုယောက်ျားလေးအဆောင် နှင့် ဒဂုံယောက်ျားလေးအဆောင် ကို မိန်းကလေးများအား ထားရှိ တော့မည်ဖြစ်သည့်အတွက် ယင်း ကဲ့သို့ထားရှိမှုကို လက်ရှိတာဝန် ထမ်းဆောင်ဆဲဆရာများနှင့် ယ ခင်အဆိုပါအဆောင်နေကျောင်း သားဟောင်းများက လက်မခံနိုင် ကြောင်း၊ ထားရှိမှုကို ပယ်ဖျက် ခြင်းမပြုလုပ်ပါက ဆန္ဒထုတ်ဖော် သွားမည်ဖြစ်ကြောင်း သိရသည်။

''ဒီအဆောင်တွေက သမိုင်း ဝင်အဆောင်တွေပါ။ မိန်းကလေး တွေထားဖို့ အဲဒီလောက်တောင် နေရာရှားသလား။ သူတို့မိန်းက လေးအဆောင်တွေမှာလဲ သူတို့ သမိုင်းနဲ့သူတို့ရှိတယ်။ ကျွန်တော် တို့သမိုင်းတွေကို အသတ်မခံနိုင် ဘူး။ အာစီတူးဘက်မှာ အဆောင် တွေ အများကြီးရှိတယ်။ ဒီအ ဆောင်တွေကို ကျွန်တော်တို့သတိ ရတိုင်းလာကြည့်တယ်။ ထင်ရှား ခဲ့တဲ့ပုဂ္ဂိုလ်တွေရဲ့ ဝိညာဉ်တွေရှိ တဲ့နေရာပါ။ အခုလိုပြောရတာလဲ မဖြစ်သင့်တာတွေကို အစိုးရကို သိစေချင်လို့ပြောနေတာ။ ဒီဆုံး ဖြတ်ချက်ကို မနေဖူးတဲ့သူတွေက အလွယ်တကူချနိုင်ပေမယ့် နေ ဖူးတဲ့သူတွေအတွက်က လုံးဝကို လက်မခံနိုင်ဘူး။ နာမည်ပြောင်း မှာလဲလက်မခံနိုင်ဘူး။ ပြောလို့ မရရင်တော့ အဆောင်နေကျောင်း သားဟောင်းတွေစုပြီး ဆန္ဒပြမှာ'' ဟု လက်ရှိအစိုးရဌာနတစ်ခုတွင် တာဝန်ထမ်းဆောင်နေသော အ ရာရှိတစ်ဦးက ပြောသည်။

ရွှေဘိုအဆောင်နှင့် ဒဂုံအ ဆောင်၏ တည်ဆောက်ထားရှိ မှုမှာ မိန်းကလေးများထားရှိရန် အတွက် သင့်တော် လုံခြုံမှုမရှိ ကြောင်း၊ ယခင်ယောက်ျားလေး များနေခဲ့စဉ်က အဆောင်အတွင်း သူခိုးဝင်ရောက်ခဲ့မှုများ ရှိခဲ့ပြီး ယင်းအဆောင်များမှာ လမ်းမနှင့် နီးကပ်နေသည့်အတွက် မိန်းက လေးများအတွက် သင့်တော်မှု မရှိကြောင်း ရွှေဘိုအဆောင် အ ဆောင်မှူးဟောင်း ပါမောက္ခ ဦးဆောင်က ပြောသည်။



''အဆောင်ရဲ့ဖွဲ့စည်းပုံက လဲ ယောက်ျားလေးတွေအတွက် သီးသန့်ဖွဲ့စည်းထားတာ။ မိန်း ကလေးထားရင်တော့ ဘယ်လိုမှ မကိုက်ဘူး။ မိန်းကလေးဆောင် လိုချင်ရင် တခြားအဖြေရှာပေါ့ ဗျာ။ သီရိဆောင်နဲ့မာလာဆောင် က မိန်းကလေးဆောင်ပါ။ ဒါတွေ က နဂိုကျောင်းတွေပိတ်ထားလို့ နိုင်ငံအတွက် အကျိုးရှိအောင် ဘာသာစကားဌာနတွေ ဘာတွေ ဖွင့်တယ်ပေါ့။ ကောင်းပါတယ်။အခုကျောင်းတွေပြန်ဖွင့်ပြီ။ အဲ ဒါဆိုရင် ကိုယ့်နေရာကိုပြန်ပေါ့။ မိန်းကလေးတွေကလဲ မိန်းကလေး ဆောင်နေမှာပေါ့။ ဖွင့်ထားတာ တွေကို တခြားနေရာမှာဖွင့်ပေါ့။ ရန်ကုန်တက္ကသိုလ်ဆိုတာ ပညာ ရှင်တွေ၊ နိုင်ငံရေးခေါင်းဆောင် တွေ အမျိုးမျိုးမွေးထုတ်ပေးတယ်။ ကမ္ဘာကလဲ အသိအမှတ်ပြုတယ်။ စောင့်လဲ စောင့်ကြည့်နေကြတယ်။



အဲဒီလိုစောင့်ကြည့်နေတဲ့တက္က သိုလ်ကြီးကို တစ်ခုခုပြောင်းလဲ မယ်ဆိုရင် ညှိနှိုင်းဆွေးနွေးသင့် တယ်။ အခုဟာက ဖြစ်ကတတ် ဆန်း ဆေးမီးတိုနဲ့ကုတဲ့ solution မျိုးဟာ Reasonable Solution  မဟုတ်ဘူးလို့ မြင်တယ်''ဟု ယင်း က ဆက်လက်ပြောသည်။ယင်းကဲ့သို့ မိန်းကလေးများ ထားရှိမည်ဆိုခြင်းသည် ရှိခဲ့သည့် သမိုင်းကို တံခါးပိတ်လိုက်ခြင်း ဖြစ်ကြောင်း၊ အစဉ်အလာကောင်း များကို ထပ်ဆင့်အမွေဆက်ခံခဲ့ရ သည့် ကျောင်းသားများရှိသလို ရွှေဘိုအဆောင်၊ ဒဂုံအဆောင် များသည် ခေတ်အဆက်ဆက် ပုဂ္ဂိုလ်များက စိန်ရတုတိုင်ထိန်း သိမ်းထားနိုင်ခဲ့ပြီး ယခုခေတ်မှ လက်လွှတ်လိုက်ရပါက လက်ရှိ လုပ်ဆောင်နေသူများ အသုံးမကျ သည့်အနေအထားတွင် ရှိလိမ့် မည်ဖြစ်ကြောင်း ကျောင်းသား ဟောင်းအသိုင်းအဝိုင်းက ဝေဖန် ပြောကြားသည်။

ရန်ကုန်တက္ကသိုလ်မှ ဆရာ တစ်ဦးက ''သတင်းစာထဲမှာဖတ် လိုက်ရတယ်။ ရွှေဘို၊ ဒဂုံကို မိန်း ကလေးဆောင် လုပ်မယ်လို့ပါ။ နောက်တစ်ခုက လက်ရှိအင်းလျား ဆောင်မှာနေတဲ့ ဆရာမတွေကို ရွှေဘိုဆောင်ကို ပြောင်းထားမယ် လို့ ကြားပါတယ်။ မိန်းကလေး ဆောင်ရဲ့သဘာဝက ပရဝဏ်ရှိ မှရမယ်။ ဘေးလမ်းကဖြတ်သွား ဖြတ်လာတဲ့လမ်းရှိလို့မရဘူး။ ဒီ အဆောင်တွေက မိန်းကလေးတွေ အတွက် မလုံခြုံနိုင်တဲ့နေရာတွေ ပါ။ မနေဖူးတဲ့သူကတော့ ဒီအ ဆောင်တွေရဲ့အရသာကို မသိဘူး လေ။ နေဖူးတဲ့သူတွေကတော့ ဒါ ငါတို့အဆောင်ကြီးလို့ ပြောရင် သွားကြည့်လိုက်တော့ မိန်းကလေး တွေနေနေတာကိုတွေ့ရင် ဘယ် လိုမှမခံစားနိုင်ဘူးလေ။ သတင်း ကြားပြီး မျက်ရည်တွေတောင်ကျ တဲ့သူတွေရှိတယ်။ သူတို့ လုံးဝ မခံနိုင်ကြဘူး။ အဆောင်မှာနေ ခဲ့တဲ့သူတိုင်း လက်မခံနိုင်ဘူးဖြစ် နေတယ်''ဟု ပြောသည်။

အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်)မှ တာဝန် ရှိသူတစ်ဦးက ယင်းအဆောင်များ တွင် မိန်းကလေးများထားရှိခြင်း  မှာ ဒဂုံတက္ကသိုလ်၊ နိုင်ငံခြားဘာ သာတက္ကသိုလ်တို့တွင် အဆောင် မရှိခြင်း၊ မိန်းကလေးဆောင်များ တွင် အင်္ဂလိပ်စာဌာနများ၊ မဟာ ဌာနများ ထားရှိခြင်းတို့ကြောင့် အဆောင်များမလောက်ဘဲ ယာ ယီသာ ထားခြင်းဖြစ်ကြောင်း၊ အဆောင်များဆောက်လုပ်ရန် ဘတ်ဂျက်ကျသည့်အချိန်တွင် ပြန် လည် ပြောင်းရွှေ့ပေးသွားမည် ဖြစ်ကြောင်း ပြောသည်။ ရန်ကုန်တက္ကသိုလ်တွင် ယောက်ျားလေးအဆောင် ခုနစ် ဆောင်ရှိပြီး သထုံ၊ ပဲခူး၊ ပင်းယ၊ အင်းဝ၊ စစ်ကိုင်း၊ ရွှေဘို၊ ဒဂုံအ ဆောင်တို့ဖြစ်ကြောင်း သိရသည်

Yangon Media Group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်