မြန်မာပြည် မတိုးတက်ဘူးဟုပြောသည်၊
အဆင်းရဲဆုံးနိုင်ငံ(LDC)ထဲမှာ ပါနေသည်ဟုပြောသည်။ အရှေ့ တောင်အာရှမှာ ဖွံ့ဖြိုးမှုနောက်အကျဆုံးဟုပြောသည်။ မှန်ပါသည်။ ပြောသာပြောနေကြသည်။ နိုင်ငံအတွက်၊ တိုင်းပြည်အတွက် ကြိုးစားပြီး လုပ်ပေးတဲ့သူက မရှိသလောက်ဖြစ်နေသည်။ တိုင်းပြည် အတွက် အခြေခံ အုတ်မြစ်တွေ ပြင်ဆင်ချမှတ်ပေးပြီး တည်ဆောက်ပြုပြင်မှုတွေ ပြုလုပ်ပေးတဲ့အတွက် လွှတ်တော် အဖွဲ့အစည်းကြီး ပေါ်လာသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ကို ပြည်သူကအတည်ပြု ပေးခဲ့ပြီးသဖြင့် နောက်ဆက်တွဲ ဒီမိုကရေစီ မျိုးစေ့စတင် ဖွံ့ဖြိုးလာခြင်းဖြစ်သည်။ constitutions အရ မြန်မာနိုင်ငံတွင် လွှတ်တော် ၃ ရပ်ကို ဖွဲ့စည်းထားခြင်းဖြစ်သည့် ပြည်ထောင်စုဖြစ်ပြီး ပြင်သစ်နိုင်ငံကဲ့သို့ပင် ဗဟိုမှ အရာရာကို ကြီးကြပ်ကွပ်ကဲသည့် Unitary စနစ်ဖြစ်သည်။ ယခင်က ရှမ်းပြည်နယ်တွင် စော်ဘွားများ အုပ်ချုပ်သော်လည်း ဗဟိုအစိုးရမှ ကွပ်ကဲမှုရှိခဲ့မှု အနေအထားဖြစ်ပါသည်။ ၁၉၇၄ ခုနှစ် consitutions သည် programmatic ဖြစ်ပြီး Libral democratic institutions ဖြစ်သည့်အတွက် ဗြိတိန်နိုင်ငံနှင့် မတူညီပေ။ ယခု ၂၀၀၈ constitutions သည် neutral ဖြစ်ပါသည်။
အင်္ဂလန်ရှိ constitutions သည် ရေးသားထားခြင်းမျိုးမဟုတ်ဘဲ tradition အရ သတ်မှတ် ဆောင်ရွက်ခြင်း၊ အလေ့အထအရ ဆောင်ရွက်ခြင်းမျိုးဖြစ်ပြီး ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ပြင်ဆင်ခြင်းများ ပြုလုပ်နိုင်ပါသည်။ ဆိုလိုတာက House of Lord သဘောတူညီချက်ဖြင့် ပြင်ဆင်နိုင်၍ flexible ဖြစ်ကြောင်းတွေ့ရသည်။ ၀န်ကြီးချုပ်သည် လွှတ်တော်သို့ လာရောက်ပြီး မေးခွန်းများဖြေကြားရကြောင်း လေ့လာနိုင်သည်။
အမေရိကန်နိုင်ငံသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၇၈၉ ခုနှစ်က ပထမဦးဆုံး ရေးသားခဲ့တဲ့ နိုင်ငံ ဖြစ်သည်။ ပြည်သူတွေမကြိုက်သည့် အချက်ဆိုတာရှိတာ မထူးဆန်းပေ။ သို့သော်ပြင်ဆင်ရန်ခက်ခဲကြောင်း တွေ့ရသည်။ ပြည်နယ်အများစုက သဘောတူရန် လိုအပ်သည်။ တင်းကြပ်ထားခြင်းဖြစ်သည်။ Federal စနစ် ကျင့်သုံးသော်လည်း လက်တွေ့တွင် ပြည်နယ်များအကြား ပိုပြီး တူညီမှုရှိရန်နှင့် စနစ်တကျရှိရန် ဗဟိုချုပ်ကိုင်မှု ပြုလုပ်သည်ကို တွေ့ရသည်။ ဥပမာ-အမြန်လမ်းများ၌ မောင်းနှင်ရမည့် အမြန်နှုန်းကို ပြည်နယ်အားလုံး တစ်ပြေးညီ သတ်မှတ်သည်။ ကုန်ကားအရွယ်အစား သတ်မှတ်မှု တစ်ပြေးညီဖြစ်သည်။ ဗဟိုချုပ်ကိုင်မှု ပို၍ရယူသည်။ သမ္မတသည် တပ်မတော်၏အကြီးအကဲဖြစ်သည်။ လွှတ်တော်သို့ မိန့်ခွန်းများပေးပို့ခြင်းသာရှိပြီး လွှတ်တော်ကို လူကိုယ်တိုင် မလာရောက်ပေ။ constitutions တိုင်းမှာ မရေး ထားတဲ့ သတ်မှတ်ချက်တွေ ရှိပါသည်။ ဥပမာ- Supreme court သည် legistation လုပ်ခွင့်ရှိခြင်းများ ဖြစ်ပါသည်။ နိုင်ငံတကာအကြောင်း ပြောပြရင် ပြီးနိုင်မည်မဟုတ်ပေ။ ကျွန်တော်ပြောချင်တာ မြန်မာနိုင်ငံ constitutions ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ စတင်ရေးဆွဲစဉ်က ပါတီအားလုံး၊ တိုင်းရင်းသားအားလုံး၊ လူမျိုးအားလုံး၊ လူထုကိုယ်စားလှယ်များအားလုံး၊ အဖွဲ့အစည်းအားလုံး ပါဝင်နိုင်အောင် ဖိတ်ခေါ်ခဲ့သည်။ ဖွဲ့စည်းပုံရေးဆွဲရန် ဘယ်သူတက်သည် မတက်သည်မပြောလို။ ရေးဆွဲချိန် တွင်ပါဝင်ရန် ဖိတ်ခေါ်မှုကိုငြင်းဆိုတာလဲ မပြောလိုပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို တစ်ပြည်လုံး ဆန္ဒခံယူခဲ့သည့် အချိန်တွင်လည်း ကန့်ကွက်တာ လဲမပြောလိုပါ။ မကြိုက်လို့ ကန့်ကွက်တာရှိသည်။ မဲမပေးတာလည်းရှိသည်။ ကျွန်တော့်အိမ်က ကျွန်တော့် အမေသည်ပင် မဲသွားမပေးပါ။ ဒါလည်းမပြစ်မဟုတ်။ ပြည်သူတွေက တစ်နိုင်ငံလုံး ၉၀% ကျော်မဲပေး အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပါသည်။ ကြောက်လို့ဘဲမဲပေးပေး၊ လိုအပ်လို့ဘဲ မဲပေးပေး သမိုင်းက အဖြေပေးမည်ဖြစ်ပါသည်။ ပြည်သူအတည်ပြုထားသည့် အခြေခံဥပဒေဖြစ်ပါသည်။ အဲဒီတော့ မရွှေချောတို့ အံ့သြပြီး ဘာလုပ်ရမှန်း မသိဖြစ်သည်။ သူများတွေ လွှတ်တော်မှာပါတော့ သူလည်းပါချင် လာသည်။ သူများတွေ ရာထူးရတော့ သူလည်းရချင်လာသည်။ သူများတွေလူရာဝင်တော့ သူလည်း ၀င်လာချင်သည်။ အစိုးရက ဒီမိုကရေစီစနစ်နှင့်အတူ ဖြေလျော့မှုများ လုပ်ပေးခဲ့သည်။ တိုင်းပြည်တိုးတတ် ချင်လို့ ဆောင်ရွက်ပေးခြင်းဖြစ်သည်။
တိုင်းပြည်အတွက် ဘာမှမလုပ်ခဲ့ဘူးတဲ့သူအဖို့ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်ကို မသိနိုင်ပေ။ အပြောတခြား အလုပ်တခြားဖြစ်နေပေသည်။ လွှတ်တော်မှာ ပါဝင်လာတာကို ကြိုဆိုသည်။ နိုင်ငံခြားသား ကို ယောက်ျားတော်ထားပြီး အခြားနိုင်ငံမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့တဲ့သူ၊ အခြားနိုင်ငံမှာသာ ပညာသင်ခဲ့တဲ့သူအဖို့ အင်္ဂလိပ်လို ပြောတတ်တာမထူးဆန်းပါ။ နံနက်စာကို ဗိုလ်စားဘဲစားတတ်တာ လဲမထူးဆန်းပါ။ နိုင်ငံခြား ရောက်ရှိချိန်မှာ မျက်နှာအရွယ်မကျအောင် အလှပြင်တာ၊ ကိုရီးယားရောက်ချိန် မျက်ခုံးမွှေးပြင်၊ မျက်နှာ အလှပြင်တာတွေလဲ မထူးဆန်းပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို စတင်အသုံးပြု သည်မှာ သုံးနှစ်ပင်မပြည့်သေးပါ။ မပြည့်စုံဘူး။ သုံးမရဘူးဆိုပြီး ပြင်ဆင်ဖို့လုပ်တာတော့ ထူးဆန်းသည်။
ပြည်သူတွေ အတည်ပြုထားတဲ့ ဖွဲ့စည်းပုံကို သုံးမရဘူးဟုပြောတာ၊ ဝေဖန်တာ ပြည်သူကို စော်ကာခြင်း ဖြစ်သည်။ လူကြီးမဆန်တာတွေ့ရသည်။ သူ့မှာ မြန်မာဓလေ့တွေ၊ မြန်မာလူမျိုးတို့ရဲ့ ရိုးရာ အစဉ်အလာတွေ ဆိုတာမရှိတော့။ မကြားဘူးတော့။ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)က သူ့ကို လွှတ်တော် ကိုယ်စားလှယ်ဖြစ်အောင် လုပ်ပေးထားသည်ကို မေ့နေသည်။ မြန်မာစကားပုံရှိသည်။ “ယုန်သား“ မရခင်က သံပုရာသီးရှာနေသည်။ သူ့ကိုယ်သူ အထင်ကြီးလွန်းသည်။ သူဘာတတ်လဲ မေးချင်သည်။ အမှန်တော့ သူပညာတတ်သူဖြစ်သည်။ သူတတ်သည့်ပညာမှာ အနောက်နိုင်ငံကြီးတွေက ပြောတာကို ခေါင်းငြိမ့် ဖောက်သည်ချသည့် အတတ်ပညာ တစ်ခုသာရှိသည်။ အနောက်နိုင်ငံကြီးတွေက ပြောတဲ့ လူ့အခွင့်အရေးကို မြန်မာပြည်မှာ အင်္ဂလိပ်လိုပြောပြီး ဂုဏ်ယူနေသည်။ သူ့အဖေက အမျိုးသား ခေါင်းဆောင်၊ တပ်မတော်ကို ထူထောင်ခဲ့သည်။ သူက မြန်မာပြည်ကို ကျွန်ပြုသည့် အင်္ဂလိပ်ကို လင်တော် သည်။ ပြည်ပတောက်ပမှုတွေ ရယူပြီး သူတို့အလိုကျလုပ်နေသည်။ အန္တရာယ်ကို မမြင်တော့ပေ။ တစ်ခု သတိပေးချင်သည်။ မြန်မာလူမျိုးများမှာ သိက္ခာရှိသည်။ ကြီးကြီးကျယ်ကျယ် ပြောရရင် အမျိုးသား ဂုဏ်သိက္ခာဆိုတာ ရှိပါသည်။
ကိုယ်လုပ်ရမဲ့ အလုပ်ကို ကိုယ်လုပ်ပါ။ ကျွန်တော်မေးပါမည်။ အစ်မကြီး တိုင်းပြည်အတွက် ဘယ်လောက်တာဝန် ကျေပြီးပြီလဲ။ နိုင်ငံသားတစ်ဦးလို့ ခံယူတယ်ဆိုရင် နိုင်ငံသားတစ်ယောက်အနေနဲ့ ဘယ်လောက်တာဝန် ကျေပြီးပြီလဲ။ တာဝန်ကျေပြီးတာတွေကို ကျွန်တော့်ကို ပြောပါအုန်း။ အစ်မကြီး တာဝန်ကျေသလောက်တော့ ကျွန်တော်ရယ်ချင်သည်။ အစိုးရကို ဆန့်ကျင်လို့ ထောင်ထဲဝင်ရခြင်းသည် ဒီမိုကရေစီမဟုတ်ပါ။ ကျွန်တော်သည် ဘယ်သူ့ကိုမှ အထင်မကြီးပါ။ ဘယ်ပါတီမှလည်း မဲမပေးပါ။ ဘယ်ပါတီမှလည်း မယုံပါ။ ဒါပေမဲ့ မြန်မာနိုင်ငံသား ဖြစ်ရတာကိုတော့ ဂုဏ်ယူသည်။ တိုင်းပြည်အတွက် အသက်ပေါင်း မြောက်များစွာ ပေးဆပ်ခဲ့တဲ့စစ်သည်တွေကို လေးစားသည်။ ပြည်သူချစ်တဲ့ ၀န်ထမ်းတွေက တိုင်းပြည်ကို ထည်ထည်ဝါ၀ါ ရပ်တည်နိုင်အောင် ကြိုးစားတည်ဆောက် ခဲ့တာလေးစားသည်။ ကျရာတာဝန် ကျေပွန်ခြင်းသည် သိက္ခာရှိသော ၀န်ထမ်းဖြစ်ပါသည်။ ကျွန်တော် ၀န်ထမ်းဖြစ်ရတာ ဂုဏ်ယူသည်။ လွှတ်တော် ကိုယ်စားလှယ်လဲ မဖြစ်လိုပါ။ နိုင်ငံခေါင်းဆောင်လဲ မဖြစ်လိုပါ။ ကျွန်တော့်ရဲ့အသိပညာက အဲ့ဒီလောက် မမြင့်မားပါ။ ကိုယ့်အဆင့်က သာမန်ဝန်ထမ်းအဆင့်သာ ရှိတာမို့ ကိုယ်နဲ့တန်တဲ့ အဆင့်မှာ ရပ်တည်ခွင့်ရတာကို ကျေနပ်ပါသည်။
ပင်စင်ခံစားရတဲ့ အချိန်မှာလည်း နိုင်ငံတော်က ချီးမြှင့်တဲ့ ပင်စင်သည် ကျွန်တော် တစ်ဦးစားဖို့အတွက်တော့ လုံလောက်ပါသည်။ ဘုရားရိပ်၊ တရားရိပ်မှာ နေပျော်ပါသည်။ နေထိုင် တတ်ရင် ပင်စင်မှရသည့်ငွေဖြင့် ဘ၀ကူးကောင်းအောင် လှူလို့ရသေးသည်။ အစ်မကြီးရဲ့ စိတ်ထဲမှာတော့ ဗုဒ္ဓဆိုတာလည်း ရှိမယ်မထင်ပါ။ ကုသိုလ်ဆိုတာလဲ လုပ်ရကောင်းမှန်း သိမယ်မထင်ပါ။ အသက်ကြီးလာပြီ ဆိုတာလဲ သိမယ်မထင်ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ပြင်ချင်တိုင်း ပြင်လို့မရဘူးဆိုတာလဲ သိပုံမပေါ်ပါ။ ကိုယ်သေရင် ကိုယ့်နောက်မှာ ဘာမှ မပါဘူးဆိုတာလဲ သိပုံမပေါ်ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ထက် ဗုဒ္ဓဘုရားအောက်မှာ တရားဘာဝနာပွားများနိုင်ဖို့ ဆောင်ရွက်စေချင်ပါသည်။ လုပ်ဖော်ကိုင်ဖက် မဟုတ်သော်လည်း ကောင်းတဲ့အကြံပေးချင်ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်မှ တိုင်းပြည်တိုးတက် မှာလားလို့ အစ်မကြီးကို မေးလိုပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်သူတွေ ပြဋ္ဌာန်းထားတဲ့ ဥပဒေ ဖြစ်သည်။ ပါတီကောင်းစားရေး၊ လူတစ်ဦး ကောင်းစားရေးအတွက် လုပ်ပေးထားတာမဟုတ်ပါ။ ကျွန်တော်သည် ပြည်သူတစ်ယောက်အနေနှင့် ဝေဖန်ခြင်းဖြစ်သည်။ ကိုယ်ကဘယ်လိုလူမျိုးလဲ… မြန်မာနိုင်ငံမှာမွေးတဲ့ မြန်မာနိုင်ငံသား ဟုတ်ရဲ့လား… မြန်မာပြည်ကို တကယ်ချစ်ရဲ့လား မေးလိုပါတယ်… အစ်မကြီး တိုင်းပြည်ချစ်တယ်ဆိုရင် လက်တွေ့ပြပါ။ အချိန်မရှိတော့ဘူးဆိုတာ သတိရပါ။ နိုင်ငံရဲ့ ကောင်းရာကောင်းကျိုး လုပ်ငန်းများဆောင်ရွက်ရန် အချိန်မီပါသေးသည်။ ဖခင်ရဲ့မျက်နှာကို မထောက်ဘဲ လုပ်ချင်တာလုပ်ခဲ့ပြီးပြီ မဟုတ်လား။ ဒါပေမဲ့ ပြည်သူရဲ့မျက်နှာ၊ လူမျိုးရဲ့မျက်နှာကို ထောက်ဖို့ အကြံပြု လိုသည်။ အသိတရားရဖို့ အချိန်တန်ပါပြီ… နိုင်ငံခေါင်းဆောင်ဆိုတာ ဘယ်လိုလူမျိုးကိုခေါ်ရမှာလဲ…မေးရင် အဖြေရှိပါသည်။ တိုင်းပြည်အတွက် ကျွန်တော်အကြံပြုခြင်းဖြစ်ပါသည်။
From: ( မောင်ငြိမ်းချမ်း)
1 comments:
အသက်ကြီးပြီး ဦးနှောက်သေးတဲ့
လူကြီး အမြင်းကျဉ်းလှချည်လား
ကျွန်တော့်တို့ တက်လူတွေကို
သနားပါဦး အဘတို့ ကသေခါနီးပြီ
Post a Comment