Tuesday, October 30, 2012

၃၀-၁၀-၁၂ ကြိမ်ချောင်း အခြေအနေ

Posted by drmyochit Tuesday, October 30, 2012, under | No comments


 မောင်တောမြို့နယ်၊ ကြိမ်ချောင်း ကျေးရွာ အနီးတွင် ဘင်္ဂလီများ အားနေရာ ချ ထားပေးမှု အတည်ဖြစ်မည်ဆိုပါက မောင်တောမြောက် ပိုင်းမှ ရခိုင်တိုင်းရင်း သားကျေး ရွာများသည် နေရာပြောင်းရွှေ့ သွားနိုင်ခြေ ရှိကြောင်း သိရ သည်။ ကျောက်ဖြူနှင့် ပေါက်တောမြို့ နယ်များမှ ထွက်ပြေး တိမ်းရှောင် လာကြသော ဘင်္ဂလီ များအား မောင်တော မြို့နယ် မြောက်ပိုင်း တွင် နေရာချ ထားပေးမည်ဟု သိရှိရသဖြင့် ယင်းဒေ သတွင်းနေ ထိုင်ကြသော တိုင်းရင်းသား များသည် မြို့ ပေါ်သို့ နေရာ ပြောင်းရွှေ့လာနိုင်ခြေ ရှိကြောင်း ဒေသခံများက သုံးသပ်ပြော ဆိုကြပါသည်။

ကြိမ်ချောင်းအနောက်ဘက် ကျွန်းတွင် နေရာချထားမည့်သတင်းသည် လက် ရှိအနေ အထားတွင် အတည် မပြုနိုင် သေးသော်လည်း ဖြစ်နိုင်ခြေအများဆုံး ရှိ ကြောင်း အစိုး ရဆိုင်ရာ အဖွဲ့အစည်းများမှ ပြောပါသည်။
ယင်းအတွက် ပြုန်းမ၊ ခံပြင်၊ တရိန်း အစရှိသော ရခိုင်ကျေးရွာများမှ ဒေသခံများ အခြားနေရာများသို့ ပြောင်းရွှေ့သွားနိုင်ခြေရှိကြောင်း မောင်တော မြို့မှ RSV သတင်းထောက်မှ ပေးပို့ချက်အရ သိရှိရပါသည်။
ဘင်္ဂလီသုံးထောင်ကျော်တို့အား နေရာချထားပေးရန် စီစဉ်လျက်ရှိကြောင်း နှင့် ယခင်ကတည်းက ဘင်္ဂလီများစွာရှိနေပြီး မောင်တောမြို့နယ်တွင် ဘင်္ဂလီ ၉၆ ရာခိုင်နုန်း ရှိနေခြင်းအား ထပ်မံ တိုးလိုက်ခြင်း ဖြစ်သည့် အတွက် ပိုမိုများပြား သွား နိုင်ကြောင်းလည်း သုံးသပ်ကြပါသည်။
ထိုသို့ များပြား လာပြီလား ဆိုသည်နှင့် ရခိုင် တိုင်းရင်းသား များအတွက် လွန်စွာ အန္တရာယ် ရှိလာ နိုင်ကြောင်းလည်း ယင်းဒေသမှ ရခိုင်များမှ ပြောပါသည်။
 
Rakhine Straight Views


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်