Tuesday, October 30, 2012

တာလီဘန်တို့ ပစ်ခတ်ခြင်း ခံရသူ မာလာလာ ကျန်းမာရေး ပြန်လည် ကောင်းမွန် လာပြီ

Posted by drmyochit Tuesday, October 30, 2012, under | No comments


ယခုလ အစောပိုင်းက တာလီဘန် တို့ ၏ ပစ်ခတ်မှုကို ခံခဲ့ရသောအသက် ၁၄ နှစ် အရွယ်ရှိ ပါကစ္စတန် မိန်း ကလေးငယ် မာလာလာ ယူဆက်ဖ်ဇာအီ သည် ပါကစ္စတန် နိုင်ငံနှင့် ဗြိတိန် နိုင်ငံ တို့တွင် ဆေးကုသမ ခံယူခဲ့ရာ  ယခုအခါ သူမ၏ အခြေအနေမှာ တိုးတက် ကောင်းမွန် လာ ကြောင်း ဗြိတိသျှဆရာဝန်များက ပြောကြား ခဲ့သည်။
မာလာလာ၏ ကျန်းမာရေး အခြေအနေပြန်လည် ကောင်းမွန် လာသဖြင့်သူမ၏ ဖခင်နှင့် သူမအား   ထောက်ခံ အားပေး သူများ က ပျော်ရွှင်လျက်ရှိ သည်။
မာလာလာသည် ပညာရေး ကဏ္ဍ ၌  အယူဝါဒ လွှမ်းမိုးမှု မရှိ စေရေးကို အားပေး ထောက်ခံသူ တစ်ဦး ဖြစ်၍ တာလီဘန်တို့က  ပစ်ခတ် ခဲ့ခြင်းဖြစ် သည်။

မာလာလာသည် အံ့သြဖွယ်ရာ ကျန်းမာ လာသည့် အတွက် အလွန် ဝမ်းသာမိကြောင်း၊သမီးဖြစ်သူ အတွက်  ဆုတောင်း ပေးခဲ့သည့် ကမ္ဘာ တစ်ဝှမ်း မှ အားပေး သူများအား   ကျေးဇူးတင် ရှိကြောင်း၊  သူမ သေဆုံး သွားသော် လည်း ကမ္ဘာကြီးက ယခုအတိုင်း တည်ရှိ နေမှာ ဖြစ်ကြောင်း၊ သို့သော် သူမသည် ပြန်လည် ရှင်သန်လာခဲ့ပြီ ဖြစ်ကြောင်း   မာလာလာ၏ ဖခင်က  ပြောကြား ခဲ့ သည်။
မာလာလာသည် ၂ဝဝ၉ ခုနှစ် အတွင်းက  ဆွတ်တောင်ကြားမှ တာလီ ဘန်တို့ ဘဝ အကြောင်းကို ရေးသား ခဲ့ပြီးနောက် သူမ၏ သူရသတ္တိ အတွက် ပါကစ္စ တန် အမျိုးသား ငြိမ်းချမ်းရေး ဆုကို ရရှိ ခဲ့သူဖြစ်ပြီး ကလေးငယ် များကို ချီးမြှင့် သည့် နိုင်ငံတကာဆိုင်ရာ ငြိမ်းချမ်းရေး ဆုအတွက် လျာထား ခံရသူ တစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။ 



မြဝတီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်