ဗဟန်းမြို့နယ်
နှင်းဆီကုန်း ဘိုးဘွား ရိပ်သာရှေ့ ဟာမစ် တစ်ကား မှတ်တိုင် အနီးတွင် အောက်တိုဘာ ၂၃ ရက်
ည ၁၁ နာရီခန့်က လူငယ် ကိုးဦးနှင့် အသက် ၃၀ ကျော် အမျိုးသား
တစ်ဦး အချင်း ဖြစ်ပွား ကြရာ၌ လူငယ် တစ်ဦးက ထိုအ မျိုးသားအား သောက်ရေအိုးဖြင့် ဦးခေါင်းကို
ရိုက်ခွဲကာ ကျန်လူ ငယ်များက ထိုးကြိတ် ကန်ကျောက် ကြရာမှ ထို အမျိုးသား သေဆုံး ခဲ့ရသည်။
ထိုအမှုတွင် ပြစ်မှု ကျူးလွန် ခဲ့သော တရား ခံများအား အောက်တိုဘာ ၂၄ ရက် နံနက် ၂ နာရီခန့်တွင်
ဖမ်းဆီး ရမိခဲ့ကြောင်း သတင်း ရရှိသည်။
ပြစ်မှု ကျူးလွန် သည်ဆိုကာ ဖမ်းဆီး ထားသော တရားခံ များတွင် အသက် ၁၉ နှစ်မှ ၂၁ နှစ်အတွင်း
အမျိုးသား ရှစ်ဦး အပါအ၀င် အသက် ၂၄ နှစ်အရွယ် အမျိုးသမီး တစ်ဦးလည်း ပါရှိကြောင်း သတင်း
ရရှိသည်။
7 Day News
7 Day News
Time in Rangoon

0 comments:
Post a Comment