Tuesday, October 30, 2012

ပြည်နယ်အတွင်း သတင်းဖြစ်ကရခိုင် ကွန်ယက်က ဖြေကြားပေးမည်

Posted by drmyochit Tuesday, October 30, 2012, under | No comments


ရခိုင် ပြည်နယ် အတွင်း ဖြစ်ပွားနေသော ပဋိပက္ခများနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် သမိုင်းကြောင်းနှင့် သတင်း အမှန်ပေါ်ထွက် လာစေရေး အတွက် အောက်တိုဘာ (၂၈)ရက်နေ့၊ နေ့လည်(၁)နာရီဝန်းကျင် က ရွှေတိဂုံ ဘုရား အရှေ့မုဒ် ရခိုင်ဓမ္မာရုံ၌ ရခိုင်ကွန်ယက်အဖွဲ့ ဖွဲ့စည်းခဲ့သည်ဟု ရခိုင်တိုင်းရင်းသား ရေးရာ ၀န်ကြီးထံက  သိရှိရ သည်။


“လေ့လာစုံစမ်းရေးအဖွဲ့က ရခိုင်ကိစ္စနဲ့ပတ်သက်ပြီး တွေ့ချင်ရင် ပြောရေးဆိုခွင့်ရှိတဲ့ ဒီအဖွဲ့က မှန်ကန်တဲ့ သတင်းတွေ အချိန်နဲ့ တစ်ပြေးညီပြောနိုင်အောင် ပြောရေး ဆိုခွင့်အဖွဲ့ ဖွဲ့တာပါ။” ဟု ရန်ကုန်တိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။

ရခိုင် ကွန်ယက် ဖွဲ့စည်းခြင်း အားဖြင့် ရခိုင် အရေး ကိစ္စ များအား စုံစမ်း စစ်ဆေးနေ သူများ အနေဖြင့် ရခိုင် အရေးနှင့် ပတ်သက်၍ မေးမြန်းလိုသည်များရှိပါက ရခိုင်ကွန်ယက်မှ ပြောရေးဆိုခွင့်ရှိသူများက ပြန်လည် ဖြေကြား ပေးမည်ဖြစ်သည်။

“လေ့လာစုံစမ်းရေးအဖွဲ့က ရခိုင်ကိစ္စနဲ့ပတ်သက်ပြီး တွေ့ချင်ရင် ပြောရေးဆိုခွင့် ရှိတဲ့ဒီ အဖွဲ့ကမှန်ကန်တဲ့ သတင်း တွေအချိန်နဲ့ တစ်ပြေးညီပြောနိုင်အောင် ပြောရေးဆိုခွင့် အဖွဲ့ ဖွဲ့တာပါ။” ဟု ဦးဇော်အေးမောင် က ပြောသည်။
အဆိုပါ ရခိုင်ကွန်ယက်အဖွဲ့တွင် ရခိုင်သမိုင်းကြောင်း ကျွမ်းကျင်သူများ၊ စီးပွားရေး ပညာရှင်များ ၊ ဥပဒေ ပညာ ရှင်များ၊ နိုင်ငံတကာအတွေ့အကြုံရှိသူများနှင့် လူငယ် များပါဝင်ပြီး ရခိုင်သမိုင်းကြောင်း နားလည် သူများ ထပ်မံ ပေါ်ပေါက်လာပါက အဖွဲ့ဝင်အဖြစ် ထပ်မံခန့်အပ်သွားမည်ဖြစ်သည်ဟု ၄င်းက ဆိုသည်။

ရန်ကုန်မြို့တွင် ရခိုင်အရေးနှင့် ပတ်သက်သည့် လူမှုရေးအသင်းအဖွဲ့များ (၄၅)ဖွဲ့ခန့် ရှိသော်လည်း တစ်ဦးနှင့် တစ်ဦး အချိတ် အဆက် မရှိခြင်း၊ ရခိုင် သမိုင်းကြောင်း ဆိုင်ရာ ကိစ္စရပ်များ ၊ သတင်း အချက် အလက် များကို မှန်ကန်စွာ ပေးနိုင်သူ နည်းပါး နေခြင်းတို့ကြောင့် ပြောရေး ဆိုခွင့် ရှိသူများ ပါရှိသော ရခိုင် ကွန်ယက်ကို ဖွဲ့စည်း ရခြင်းဖြစ် သည်ဟု ကွန်ယက် အဖွဲ့ဝင် များထံမှ သိရှိရသည်။

 “ကွန်ယက် ပုံစံသွားတာ ကောင်းတယ်၊ တစ်စု တစ်စည်း တည်းရှိတယ်။ ကွန်ယက်ပုံစံ သွားရင် ကျွန်တော်တို့ လက်ခံတယ်။” ဟု ရခိုင်ကွန်ယက်ဖွဲ့စည်းရေးသို့ လာရောက်သူ ဒေါက်တာအေးမောင်က ပြောသည်။

အဆိုပါ ရခိုင်ကွန်ယက်ကို ပြောရေးဆိုခွင့်ရှိသူ (၂၇)ဦးခန့်ဖြင့် ဖွဲ့စည်းထားပြီး ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ် နေသည့် ပဋိပက္ခများနှင့်ပတ်သက်၍ ပြည်တွင်း၊ ပြည်ပမီဒီယာများမှ မေးမြန်းချက်များအား ဖြေကြား ပေးနိုင်ရန် အတွက်ဖွဲ့စည်းခြင်းကို ထောက်ခံအားပေးသည်ဟု ရခိုင်ကွန်ယက်အဖွဲ့ဝင် ဒေါ်နုမြဇွန်က ဆိုသည်။

မြစ်မခမီဒီယာ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်