Tuesday, October 30, 2012

မြောက်ဦးမြို့နယ်တွင် ရခိုင်(၁)ဦးတိုက်ခိုက်ခံရ

Posted by drmyochit Tuesday, October 30, 2012, under | No comments


အောက်တိုဘာလ(၂၇)ရက်နေ့ ညနေ(၈)နာရီအချိန်တွင် မြောက်ဦးမြို့နယ်ရှိ ကျွဲတဲရွာ အလယ်ဈေးအုပ်စုနေ ဦးမောင်ကြီးမှာ သူ၏မိတ်ဆွေတစ်ချို့နှင့် ကွမ်းခြံတွင် အလုပ်လုပ်နေစဉ် ဘင်္ဂလီ(၂၀)ခန့်ပါသည့် အုပ်စုတစ်စုက ဝိုင်း၍တိုက်ခိုက် ခဲ့ကြောင်း သိရှိရပြီး ယင်း ဘင်္ဂလီအုပ်စု၏ တိုက်ခိုက်မှုကြောင့် ဦးမောင်ကြီးနှင့် အလုပ်လုပ်နေသူများမှာ ထွက်ပြေးလွတ်မြောက် ခဲ့သော်လည်း ဦးမောင်ကြီး၏ ခြေဖနှောင့်တွင် လှံဒဏ်ရာ ရရှိ ခဲ့ကြောင်း သတင်းရရှိသည်။

ကျွဲတဲရွာမှ ရွာခံတစ်ဦးက "ညနေ ၈ နာရီလောက်မှာဖြစ်တာပါ။ ဦးမောင်ကြီးတို့  အလုပ် လုပ်နေ တဲ့အချိန်မှာ ဘင်္ဂလီ (၂၀)လောက်က ဝိုင်းပြီးတိုက်ခိုက်တယ်။ ဘင်္ဂလီတွေ တိုက်ခိုက်တော့ ဦးမောင်ကြီးနဲ့အလုပ်လုပ်နေ ကြတဲ့ သူတွေလည်း ထွက်ပြေးတာပေါ့။ ထွက်ပြေးလို့တော့ လွတ်လိုက်ပါတယ်။
ဒါပေမယ့် ဦးမောင်ကြီး ခြေဖနှောင့်မှာ လှံထိသွားပါတယ်။ အရင်တုန်းကဆိုရင် ကွမ်းခြံမှာ သူ့မိသားစုနဲ့ အတူနေပြီး အလုပ်လုပ်တာ။ ကံကောင်းချင်တော့ ဖြစ်တဲ့နေ့က သူ့မိသားစုတွေ မြောက်ဦးမြို့ကို ရောက်နေကြပါတယ်။ မဟုတ် ရင်တော့ မတွေးရဲစရာဘဲ။" ဟု ပြောသည်။
ယခုအချိန်တွင် ဒဏ်ရာရရှိသူ ဦးမောင်ကြီးမှာ မြောက်ဦးဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေကြောင်းနှင့် အဆိုပါတိုက်ခိုက်သည့် ဘင်္ဂလီအုပ်စုအား မြောက်ဦးရဲစခန်းမှ စုံစမ်းနေကြောင်းနှင့် မြောက်ဦးမြို့နယ်ရှိ ကျေးရွာဒေ သတစ်ချို့တွင် လုံခြုံရေးများ ချပေးထားသည့်ကြားမှ ယခုကဲ့သို့တိုက်ခိုက်မှု ပေါ်ပေါက်လာသည့်အတွက် ဒေသခံ များ ၏ လုံခြုံရေးနှင့်ပတ်သက်၍ အလွန်စိုးရိမ်နေကြကြောင်းလည်း သိရှိရသည်။
မြောက်ဦးမြို့နယ်တွင် အောက်တိုဘာလ(၂၂)ရက်နေ့မှ (၂၄)ရက်နေ့အထိ ပုရိန်ကျေးရွာနှင့် ယိုင်သည်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းအတွင်း သေဆုံးသူ(၁၆)ဦးနှင့် ဒဏ်ရာရသူ စုစုပေါင်း(၄၀)ကျော်ရှိ သွားပြီဖြစ်သည်။



ရွှေမြန်မာမီဒီယာဂရု မှကူးယူဖော်ပြသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်