Tuesday, October 30, 2012

ရခိုင်ပြည်နယ် မာန်အောင် မြို့တွင် သမ္မတကြီး ဦးသိန်းစိန်အား ထောက်ခံ ကြောင်း လူ ၁၅၀၀ ကျော် ဆန္ဒပြ

Posted by drmyochit Tuesday, October 30, 2012, under | No comments


Fromm : rfa

အစ္စလမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ရုံးဖွင့်ခွင့်မပြုဘူးလို့ သမ္မတကြီး ဦးသိန်းစိန်က ဆုံးဖြတ်ချက် ချလိုက်တာကို ကြိုဆို ထောက်ခံတဲ့အနေနဲ့ ရခိုင်ပြည်နယ် မာန်အောင်မြို့မှာ ဒီကနေ့ မနက် ပိုင်းက ရဟန်း သံဃာ တချို့ အပါ အဝင် လူ ၁၅၀၀ ကျော်လောက် ငြိမ်ချမ်းစွာ စီတန်းလမ်း လျှောက် ဆန္ဒပြခဲ့ ကြပါတယ်။



၂၀၁၂ ခုနှစ် ဇွန်လ ၁၀ ရက်က ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော်တွင် ပြုလုပ်သော ရခိုင်ပြည်နယ်က လက်ရှိ ပဋိပက္ခကြောင့် သေဆုံးသွားသူများအတွက် ဆုတောင်းပွဲအခမ်းအနားသို့ တက်ရောက်လာသူများကို တွေ့ရစဉ်။ 

သမ္မတဦးသိန်းစိန်အစိုးရက စစ်တွေနဲ့ ရန်ကုန်မြို့မှာ OIC ရုံးဖွင့်ဖို့ ခွင့်ပြုမှာ မဟုတ်တဲ့အကြောင်း သတင်း ထုတ် ပြန်ခဲ့တဲ့အတွက် အခုလိုဆန္ဒပြရတာဖြစ်တယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်သူ မာန်အောင်လူငယ်အဖွဲ့က ကိုဖြူ လုံးက RFA ကို ပြောပါတယ်။


ဒီကနေ့ အောက်တိုဘာလ ၂၈ ရက်နေ့ ဆန္ဒပြပွဲဟာ အာဏာပိုင်တွေထံက တရားဝင်ခွင့်ပြုချက် ရရှိခဲ့ တာဖြစ်ပြီး မာန်အောင်မြို့ရဲ့ ပထမဆုံးအကြိမ် ဆန္ဒပြပွဲလည်း ဖြစ်ပါတယ်။ ဆန္ဒပြ သူတွေဟာ  မာန် အောင်မြို့ အနောက်စုရပ်ကွက် တရုတ်တန်းလမ်းကနေ စတင်ချီတက်ပြီး ရုံးတက် လမ်း၊ ကမ်းနားလမ်း၊ စည်ပင် သာယာလမ်းတလျှောက်နဲ့ နောက်ဆုံး မြို့ပတ်လမ်းမှာ အဆုံးသတ် ခဲ့ကြတယ်လို့ သိရပါတယ်။




0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်