Tuesday, October 30, 2012

စတုတ္ထမဏ္ဍိုင် ပြည်တွင်းဂျာနယ် မှ ဘာသာရေးလှုံ့ဆော်ကြောင်း မွတ်စလင် သတင်းစဉ် နှင့် မြန်မာမွတ်စလင် မီဒီယာ မှ ပြောကြား

Posted by drmyochit Tuesday, October 30, 2012, under | No comments


From : မွတ်စလင် သတင်းစဉ် နှင့် မြန်မာမွတ်စလင် မီဒီယာ


 မြန်မာ ဂလိုဘယ်ပို့စ် သတင်းဂျာနယ်မှ ကရင်ပြည်နယ်အတွင်း ဘာသာရေး ပဋိပက္ခလှုံဆော်သော သတင်း ဖော်ပြခဲ့ပြီးနောက် ကရင်ပြည် နယ် ကော့က ရိတ်မြို့ ပေါ် ရှိ ရေနံဆီ ကုန်းဗလီ နှင့် ကျုံဒိုးမြို့ဗလီ များအောက် တိုဘာ ၂၈ ည ၁၁ နာရီ နှင့် အောက်တိုဘာ ၂၉ နံနက် ၀၀း၃၀ နာရီ (ည ၁၂နာရီ ၃၀ မိနစ်) ခန့်တွင် ဗုံးပစ်သွင်း တိုက်ခိုက်ခံ မှုများ ဖြစ်ပွား ခဲ့သည်။
ကျုံဒိုးမြို့ ဗိုလ်ချုပ် လမ်းမပေါ်ရှိ ကျုံးဒိုးဗလီ နှင့် ကော့ကရိတ် ရေနံဆီကုန်းဗလီ တို့အား မသမာသူများက လက်ပစ်ဗုံးပစ်သွင်း တိုက်ခိုက်ခဲ့သည်။ ထိခိုက်ပျက်စီးမှု မကြီးမားသော် လည်း ဗလီ အုတ်တံတိုင်း များ ပျက်စီးသွားကြောင်းသိရသည်။

 ကျုံဒိုးမြို့ ဗိုလ်ချုပ်လမ်းမပေါ်ရှိ ကျုံဒိုး ဗလီ နောက်ဘက်(မီးစက်လမ်းကြား)ခြံစည်းရိုးဘေးသို့် အမည်မသိ ၄ဦးက ဆိုင်ကယ် ၂စီးဖြင့် လျှပ်တပြက်ဖြတ်ကာလွန်စွာ အသံကျယ်လောင်သည့် ဗုံးတစ်လုံးကို အောက်တိုဘာ ၂၈ ည ၁၁ နာရီ ၅၀မိနစ်တွင်ပစ်သွင်းတိုက်ခိုက်ခဲ့သည်။
ပြည်တွင်းထုတ် မြန်မာပို့စ် ဂလိုဘယ် က သွေးထိုးလှုံ့ဆော်ခဲ့ခြင်းကြောင့် ဖြစ်ပွားခဲ့ခြင်း ဟု ယူဆကြောင်း ကော့ကရိတ် ဒေသခံ မွတ်စလင်များ ပြောပါသည်။
အမှတ် (၈၁ ) အောက်တိုဘာ ၁၉ရက်နေ့ ၊၂၀၁၂ နေ့ ထုတ် မြန်မာပို့စ်ဂလိုဘယ် ဂျာနယ်က


(၁) ဗုဒ္ဓဘာသာဝင်များ ပိုင်ဆိုင်သော ဘိုးဘွားပိုင် အိမ်ခြံမြေ လယ်ယာများကို မွတ်စလင် များထံ ရောင်းချခြင်း၊ ငှားရမ်းခြင်း ၊ ပေါင်နှံခြင်း ၊ မပြုရန်
(၂) ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ မွတ်စလင် နှင့် အိမ်ထောင်မပြုရန်
(၃) ဗုဒ္ဓဘာသာ ၀င်များ သည် ဗုဒ္ဓဘာသာများရောင်းချသော ဆိုင်မှာသာ အားပေးရန် ၊
(၄) ဗုဒ္ဓဘာသာဝင်များသည် မွတ်စလင်များ အတွက် အိမ်ခြံ လယ်ယာမြေ အဆောက်အအုံတို့ကို နာမည် ခံကာ ၀ယ်ယူပေး၊ ဆောက်လုပ်ပေး ၊ ငှားရမ်းပေး ခြင်းမပြုရန်

 အချက် ၄ချက်ပါ ကြေညာချက်ကို ဂျာနယ်မျက်နှာတွင် ဖော်ပြ၍ ကရင်ပြည်နယ်အတွင်း ဘာသာရေး တင်းမားမှု များဖြစ်ပွားအောင် လှုံ့ဆော်ပေးခဲ့သည်။ (သတင်းတင်ပြပြီး)


ကရင်ပြည်နယ်တွင် အစ္စလာမ် ဘာသာဝင်များအား တိုက်ခိုက် ခြင်း ၊ မဟုတ်မမှန် ၀ါဒဖြန့် နေခြင်း များပြု လုပ်လျက်ရှိသည်။
 “ဒီလုပ်ရပ်က ကရင်ပြည်နယ်မှာရှိတဲ့ အစ္စလာမ် ဘာသာဝင်တွေကို ခြိမ်းခြောက်လိုက်တာပါ။ သင်္ဃန်း ၀တ်တွေ၊ လက်နက်ကိုင်တွေက အစ္စလာမ်ဘာသာဝင်တွေအပေါ် အများကြီး ခြိမ်းခြောက် လာတယ်။ မြ၀တီ ၊ ကော့ကရိတ်၊ ကျုံဒိုး၊ ဘားအံတွေ မှာ မဟုတ်မမှန် ၀ါဒဖြန့်နေတာကို အာဏာပိုင်တွေက ဒီအ တိုင်း လက်ပိုက်ကြည့် နေကြတယ် ”ဟု ဘားအံမြို့ ခံ အစ္စလာမ်ဘာသာဝင်တစ်ဦးက မွတ်စလင် သတင်းစဉ်သို့ ပြောကြားသည်။
ကရင်ပြည်နယ် အပါအ၀င် နိုင်ငံအ၀ှမ်းတွင် ဖြစ်ပွားနေသော အစ္စလာမ်ဘာသာဝင်များအား ခြိမ်းခြောက်၊ တိုက်ခိုက်မှု များဖြစ်ပေါ်နေခြင်းကို နိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးက သမ္မတ အစိုးရအဖွဲ့ ၊ပြည်ထောင်စု လွှတ်တော် များသို့ တင်ပြထားသော်လည်း ယခုအချိန်အထိ မည်သို့မျှ မထူးခြား သေးကြောင်း သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်