Tuesday, October 30, 2012

KIA အဓမ္မလူသစ်စုပြီး ကချင်ပြည်နယ်ရဲ့အရင်းအမြစ်များကိုဖြုန်းတီးနေ

Posted by drmyochit Tuesday, October 30, 2012, under | No comments


ယခုတလော KIA တပ်မဟာ(၂)နယ်မြေမှာ လူသစ်အရေအတွက်ပြည့်မီအောင် စုဆောင်း ဖမ်းဆီး မပေးနိုင်လို့ ဖြစ်တဲ့နည်းနဲ့ ဖမ်းဆီးစုဆောင်းဖို့ လက်အောက်ကို ဖိအားပေးညွှန်ကြားနေကြောင်း ဒေသခံများ ထံမှ သိရှိရပါတယ်။
KIA တပ်များနဲ့ KIO မြို့နယ်/တိုက်နယ်ရုံးများအနေနဲ့ သက်ဆိုင်ရာနယ်မြေအတွင်းမှာ အသက် ၁၂ နှစ်အရွယ် အထိ လူငယ်ကျား/မ မရွေးကို KIA တပ်သားသစ်အဖြစ် စုဆောင်းဖို့နဲ့ စုဆောင်းရရှိတဲ့ လူမျိုးအ လိုက် ဆုကြေးငွေထုတ်ပေးရန် စီစဉ်နေကြောင်း သိရပါတယ်။

KIA တပ်ဖွဲ့များဟာ ထိခိုက်ကျဆုံးမှု များပြားနေတဲ့အပြင် ကချင်တိုင်းရင်းသားများဟာလည်း စစ်ဘေးဒုက္ခတွေကို ကိုယ်တွေ့ခံစား ရွံရှာမုန်းတီးနေကြပြီဖြစ်လို့ KIA တပ်မတော်ထဲကိုတောင် ၀င်ရောက်မဲ့ သူမရှိသ လောက်ဖြစ်နေ ပါတယ်။
ဒါ့ကြောင့် KIA က ဖမ်းဆီးစုဆောင်းရရှိတဲ့ တပ်သားသစ် ကချင်လူမျိုးတစ်ဦးကို ကျပ် ၅၀၀၀၀၊ ရခိုင်လူမျိုးတစ်ဦးကို ကျပ် ၁၀၀၀၀၀ နဲ့ ဗမာ၊ ရှမ်း စတဲ့ အခြားလူမျိုးများကို ကျပ် ၅၀၀၀၀ ကနေ ၁၀၀၀၀၀ အထိ စတဲ့နှုန်းတွေနဲ့ စုရတဲ့လူအရေအတွက်ပေါ်မူတည်ပြီး ဆုကြေးပေးသွားမှာပါ။ အမျိုးသမီးတွေကို စုဆောင်းပေးနိုင်ရင် ပိုပေးမယ်လို့ သိရပါတယ်။ အမျိုးသမီးတွေကိုတော့ စစ်ဘက် ကိစ္စတွေအပြင် အမျိုးသမီးနဲ့သက်ဆိုင်တဲ့ အခြားကိစ္စတွေမှာပါ အသုံးချနိုင်အောင် ရည်ရွယ်စုဆောင်း တယ်လို့ သိရပါတယ်။
KIA တပ်ဖွဲ့ဝင်များဟာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အစပ်မှာ အတင်းအဓမ္မ စစ်သား စုဆောင်းနေတာကြာပါပြီ။ အသက် မပြည့် သေးတဲ့ ကလေးသူငယ်တွေကိုလည်း ဖမ်းဆီးစုဆောင်း ပါတယ်။ သိပ်မကြာသေးခင်ကဆိုရင် ကိုယ်ဝန်ဆောင် မိန်းမကိုပါ တပ်သားသစ်အဖြစ် စုဆောင်းခဲ့ ပါတယ်။ ဒါကြောင့် မြို့မှာကျောင်းတက်တဲ့ ကျောင်းသားတွေလည်း ကျောင်းပိတ်တဲ့အခါ မိဘတွေရှိရာ ကိုယ့်ရပ်ရွာကို မပြန်ရဲကြဘူးလို့ သိရပါတယ်။
KIA ခေါင်းဆောင်များဟာ ၄င်းတို့ရဲ့ကိုယ်ကျိုးစီးပွားအတွက် ကချင်ပြည်နယ်အတွင်းမှာ ကချင် တိုင်းရင်းသား တွေဆင်းရဲဒုက္ခရောက်နေတာကို ဂရုမစိုက်ဘဲ “ ဘယ်သူသေသေ ငတေမာရင်ပြီးရော” ဆိုတဲ့ စိတ်ဓာတ်နဲ့ တိုင်းရင်း သား ကလေးသူငယ်လူရွယ်တွေ ပညာသင်ရမဲ့အချိန်မှာ KIA ထဲသို့ တပ်သား သစ်အဖြစ်  အတင်းအဓမ္မ ဖမ်းဆီးစု ဆောင်းနေတာဖြစ်ပါတယ်။
ကချင်ပြည်နယ်ရဲ့လူသားအရင်းအမြစ်တွေဖြစ်တဲ့ တိုင်းရင်းသားလူငယ်လူရွယ်များကို စစ်ထဲသို့  အဓမ္မစုဆောင်းထည့်သွင်းအသုံးပြုနေခြင်းဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာဆုတ်ယုတ် စေလိမ့် မှာဖြစ်ပါတယ်။ ဒီလူသားအရင်းအမြစ်တွေဟာ စစ်ဘေးစစ်ဒဏ်ကြောင့် တဖြည်းဖြည်း လျော့နည်း လာတာနဲ့အမျှ ကချင်ပြည်နယ်ရဲ့ အခြေအနေဟာလည်း ပိုမိုဆိုးရွားလာမှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ ငြိမ်းချမ်းရေး ရခဲ့ရင်တောင်မှ ကချင်ပြည်နယ်ကြီး ပုံမှန်အခြေအနေ ပြန်ရောက်ဖို့ နှစ်ပေါင်း များစွာ ပြန်လည် ထူထောင်ရဦးမှာ ဖြစ်ပါတယ်။
KIA ခေါင်းဆောင်များရဲ့ မူမမှန်တဲ့စိတ်ကူးများနဲ့ ပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု အရင်းအမြစ် တွေဖြစ်တဲ့ တိုင်းရင်းသား လူငယ်တွေနဲ့ မိန်းမရွယ်တွေကို အတင်းအဓမ္မဖမ်းဆီး စစ်သားစုဆောင်းပြီး စစ်ပွဲတွေ အတွင်းမှာ အကျိုးမဲ့အသေခံခိုင်းနေရင် KIA ခေါင်းဆောင်များ ချမ်းသာစွာနေရပေမယ့် ကချင် ပြည်နယ်နဲ့ ကချင်လူမျိုး တွေကတော့ တစ်သက်လုံး မိသားစုနဲ့ စုစုစည်းစည်း၊ အေးအေးချမ်းချမ်း၊ ပျော်ပျော် ရွှင်ရွှင်နေရဖို့ မမြင်ပါဘူးဗျာ။

အောင်ဘာလေ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်