Tuesday, October 30, 2012

ကော့ကရိတ်မြို့ ဗလီကို လက်ပစ်ဗုံးနဲ့  တိုက်ခိုက်

Posted by drmyochit Tuesday, October 30, 2012, under | No comments


ဆိုင်ကယ်စီးသမား (ဓါက်ပုံ)ကရင်ပြည်နယ် ကော့ကရိတ်မြို့ မြန်မာစစ်တပ်တစ်ခု
ကရင်ပြည်နယ် ကော့ကရိတ်မြို့တံတားဦးရပ်ကွက်က ဒါရ်ဂါ ဗလီကို အောက်တိုဘာ ၂၈ ရက်နေ့ ကအမည် မသိ ၂ ဦးက လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်တယ်လို့ သိရပါတယ်။ည ၁၂ နာရီကျော်မှာ အမည်မသိ ဆိုင်ကယ်စီးသမား ၂ ဦးကေန ဗလီဝင်းထဲကို လက်ပစ်ဗုံး ၂ လုံး ပစ်ခတ်ခဲ့ရာ  ဗလီဝင်းထဲက လက်ပစ်ဗုံးက မပေါက်ကွဲဘဲ ဗလီဝင်းရှေ့  ရေမြောင်းထဲကျတဲ့ ဗုံး ၁ လုံးကတော့ ပေါက်ကွဲခဲ့တယ်လို့ဒါရ်ဂါ ဗလီနားက မျက်မြင်သက်သေက ဒီဗွီဘီ ကိုပြောပါတယ်။

“အဲလူ ၂ ယောက် ပစ်ချသွားတာ မြင်တယ်လေ။ မီးတွေပိတ်နေတာ့ အဝတ်အစားတွေ ဘာဝတ်လဲ သေချာ မြမင်ရဘူး။ ဒီကလူတွေကေတာ့ ယမ်းနဲ့ဆိုတော့ သေချာမမြင်ဘူး. အရှေ့ ကလူတွေပြော တာတော့ ဆိုင်ကယ်ဖင်လုံး အနီရောင်နဲ့တဲ့။
 အပြင်မှာ ၁ လုံး၊ အတွင်းမှ ၁ လုံး ပစ်သွားတာ။ အပြင်ကေပါက်တယ်၊ အတွင်းက မပေါက်ဘူး။ ”အဲဒီလို လက်ပစ်ဗုံးပစ်ခတ်ခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့ သတင်းတွေ ကတော့ မရရှိပါဘူး။
 လက်ပစ်ဗုံးအမျိုး အစားဟာ ဒေသခံတွေအခေါ်အရ မင်းဂွတ်သီး လက်ပစ်ဗုံးဖြစ် တယ်လို့ ပြောဆိုပြီး မပေါက်ကွဲတဲ့ လက်ပစ်ဗုံးကိုတော့ ရဲတပ်ဖွဲ့က သိမ်းဆည်းသွား တယ်လို့ သိရပါတယ်။ ကော့ကရိတ်မြို့  နယ် ရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာ ဗုံးပေါက်ကွဲ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းနေပါတယ်လို့ ဒီဗွီဘီကို ဖြေကြားပါတယ်။ဒါရ်ဂါဗလီကို ရေနံဆီကုန်းဗလီလို့ကော့ကရိတ်မြို့နယ်မှာ လူသိများပြီး မြို့ရဲ့ ဒုတိယ အကြီးဆုံးဗလီလည်းဖြစ်ပါတယ်။

DVB( မြန်မာပိုင်း)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်