Tuesday, October 30, 2012

ရခိုင် ပဋိပက္ခကြောင့် လူ နှစ်သောင်းနှစ်ထောင်ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ပွားဟု ကုလသမဂ္ဂ ထုတ်ပြန်

Posted by drmyochit Tuesday, October 30, 2012, under | No comments


ရခိုင်ပြည်နယ် အတွင်း ထပ်မံဖြစ်ပွား ခဲ့သည့် ပဋိပက္ခ များကြောင့် အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ ရသူ ဦးရေသည် အနည်းဆုံး လူဦးရေ နှစ်သောင်း နှစ်ထောင့် ငါးရာ ရှိသည်ဟု ကုလသမဂ္ဂ အဖွဲ့ကြီးက ထုတ်ပြန် ခဲ့ကြောင်း အောက်တိုဘာလ၂၉ ရက်နေ့ တွင် CNN သတင်းဌာန က ဖော်ပြသည်။
"နေအိမ်တွေကို စွန့်ခွာ ထွက်ပြေးနေတဲ့ သူတွေ အရေအတွက်က ထပ်မံ တိုးလာနိုင် ပါတယ်။သူတို့တွေက လှေတွေနဲ့ထွက်ပြေးကြတာ ဆိုတော့ မြန်မာ အစိုးရ ကလည်း သေချာ စုံစမ်း နေတုန်းပါပဲ" ဟု မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ထားရေး အရာရှိ Ashok Nigam က ပြောကြားသည်။

ရခိုင်ပြည်နယ် အတွင်း အောက်တိုဘာလ ၂၁ ရက်မှ ၂၇ ရက်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက် ဖျက်ဆီးမှု များကြောင့် လူနေအိမ် စုစုပေါင်း ၂၉၅၀ ၊ ဘာသာရေး အဆောက်အအုံ ၁၄ လုံး နှင့် ဆန်စက် ရှစ်လုံး မီးလောင် ပျက်စီးခဲ့ပြီး လူ ၈၄ ဦး သေဆုံးကာ ၁၂၉ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ယနေ့ထုတ် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြ ထားသည်။
ပဋိပက္ခဖြစ်ပွားခဲ့သည့် မြို့နယ်ခြောက်မြို့နယ်တွင် ရက်ပိုင်း အတွင်း လူပေါင်း ၁၂၂ ဦး သေဆုံးပြီး အိမ်ခြေ ၂၀၀၀ ကျော် မီးဘေး သင့်ခဲ့သည်ဟု ရခိုင်ပြည်နယ် အစိုးရ အဖွဲ့၏ တရားဝင် ထုတ်ပြန် ခဲ့ကြောင်း The Voice Weekly (Vol.8/No.43) တွင် ဖော်ပြခဲ့သည်။
"တည်ငြိမ် အေးချမ်းမှုများ ပြန်လည် ရရှိခဲ့ပြီးနောက် ဖြစ်ပွားခဲ့သည့် Crisis တွင် အတိဒုက္ခ ရောက်ခဲ့ကြရသည့် Victim များအတွက် စားနပ်ရိက္ခာ ဖြည့်တင်း ပေးရေး၊ အမိုးအကာအောက် ရောက်ရှိရေး၊ ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရေး စသည်တို့ကို ဆက်လက် ဆောင်ရွက်လျက် ရှိပါကြောင်း" ဟူ၍ နိုင်ငံတော်သမ္မတရုံး ၊ ညွှန်ကြားရေးမှူး ဗိုလ်မှူးဇော်ဌေး(မှူးဇော်)က ၄င်း၏ Facebook စာမျက်နှာ တွင် ဖော်ပြထားသည်။


The Voice Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်