Tuesday, October 30, 2012

အိမ်ရာဝင်းအတွင်းဖွင့်ထားသော ဟိုတယ်ကြောင့် အနီးရှိပြည်သူများ အနှောက်အယှက်ဖြစ်လျက်ရှိ

Posted by drmyochit Tuesday, October 30, 2012, under | No comments



ရန်ကုန်တိုင်း ဒေသကြီး၊ သာကေတ မြို့နယ် အေးနန္ဒာ အဆင့်မြင့် အိမ်ရာ စီမံကိန်း အပိုင်း(၁) အတွင်း ဖွင့်လှစ် ထားရှိသော ဟိုတယ်တစ်ခု အနေဖြင့် စီးပွားဖြစ် ဟိုတယ် လုပ်ငန်း လုပ်ကိုင် နေခြင်းမျိုး မဟုတ်ပဲ။
ငယ်ရွယ်သူကျောင်းသား၊ ကျောင်း  သူများ၊ စုံတွဲများနှင့် ပြည့်တန်ဆာ  လုပ်ကိုင်သော အမျိုး သမီးများ သာ  နေ့ည မပြတ် ၀င်ထွက် သွားကနေ သဖြင့် အနီးရှိ အိမ် ရာနေ ပြည်သူ များ သားကောင်း သမီးပျိုများ အတွက် များစွာ အနှောက် အယှက် ဖြစ်ခြင်း၊ အရှက် ရဖွယ်ရာ များနေ့ စဉ်မြင်တွေ့ နေရကြောင်း အိမ်ရာနေ ပြည်သူ တစ်ဦး၏ ပြောပြချက် အရ သိရှိရသည်။

“အဲဒီကြိုးကြာဟိုတယ်ကိုလာတဲ့ တွေက ဒီအိမ်ရာလမ်းကိုသုံးနေတော့ အိမ်ရာထဲက လူကြီးလူ ကောင်းတွေ၊  သားကောင်း သမီးပျို တွေအတွက်  အများကြီး နစ်နာ တယ်ဗျာ။ ပြီးတော့ သူ့ဟာက စီးပွားဖြစ် ဟိုတယ် လုပ်ငန်း လို့သာ ပြောတယ်။ ကျောင်းသား၊ ကျောင်းသူ စုံတွဲတွေ၊ ပြည့် တန်ဆာတွေပဲ နေတာ ဒီတော့ရွာ နာတာပေါ့။ ပြီးတော့ပတ်ဝန်း ကျင်နဲ့ မသင့်လျော်တဲ့စွန့်ပစ်ပစ္စည်း  တွေကိုလည်းတွေ့ မြင်နေရတယ် ဗျာ။
 အဲဒါကြောင့် ကျွန်တော်တို့ အိမ်ရာ မျက်နှာစာ တန်းက ခြံသုံး ခြံက ဟိုတယ် ဘက်ကိုဝင်တဲ့ အပေါက် အသေးကို ပိတ်ပြီး လမ်း မကြီးဘက်ကို ခြံဝင်းဝင်ပေါက် တိုက်ရိုက် ဖောက်လုပ်ဖို့ ကျွန်တော်တို့ စ၀ယ်ခဲ့တဲ့ ကုမ္ပဏီကို အကြောင်း ကြားပြီး ဒီက သားကောင်း သမီးပျိုတွေ အတွက် တရားဝင်ပိတ်  ခဲ့တယ်။
အဲဒါကို ကျွန်တော်တို့ အိမ်ရာက စီမံကိန်းအပိုင်း (၁) အဲဒါဘာမှမဆိုင်တဲ့ အပိုင်း (၂) ကားလမ်း တစ်ဖက်ခြမ်း ကလူတွေ ကို စည်းရုံးပြီး။ ဌာနဆိုင်ရာတွေ ကို လျှောက် တိုင်နေတယ်ဗျာ”ဟု အိမ်ရာ စီမံကိန်း (၁) နေ ဒေါက်တာစိုးသိန်းပြောကြားသွားခဲ့သည်။
ဟိုတယ်သို့လာရောက်သော အချို့သူများအနေဖြင့် အိမ်ရာဝင်း    ၏ ၀င်/ထွက်လမ်းများအား အသုံး  ပြုနေသောကြောင့် အိမ်ရာနေသား  ကောင်းသမီးပျိုများ ထိခိုက်ရခြင်း တို့အား မူလနေရာပိုင်ရှင် ASIA EXPRESS Co.,Ltd သို့တင်ပြ၍ ပြည့်တန်ဆာများဝင်ထွက်နေသော   အိမ်ရာဝင်းဝင်/ထွက်ပေါက်များ အား အဆက်ဖြတ်၍ လူနေခြံဝင်း များအတွင်းသို့သီးခြားခြံဝင်ပေါက်များ ဖောက်လုပ်အသုံးပြုရန် ခွင့် ပြုချက်တောင်းခံခဲ့ရာတွင်လည်း အေးနန္ဒာအဆင့်မြင့်အိမ်ရာအကောင် အထည်ဖော်ခဲ့သော ASIA EXPRESS Co.,Ltd အနေဖြင့် ကန့်ကွက်ရန်မရှိကြောင်း အကြောင်းပြန်ခဲ့ကြောင်းသိရ သည်။
ဟိုတယ်နှင့် မှားယွင်းကာဝင်  ရောက်လာခြင်းများမှ ကာကွယ် ရန်အတွက် ခြံစည်း ရိုးကာရံခြင်း၊ အုတ်စီ၍ ကျောက်တိုက် စိုက်ထူခြင်း များကို ပြုလုပ်ခဲ့ရာတွင် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော် မတီခွင့်ပြုချက် မရှိသဖြင့် လုပ်ငန်း  ရပ်ဆိုင်း ထားရန်နှင့် ခွင့်ပြုမိန့်လျှောက် ထားရန် မြို့တော်စည်ပင်မှ အကြောင်းကြားစာပေးပို့ခဲ့သော ကြောင့် နေအိမ်ပိုင်ရှင်းများက ခွင့်ပြုမိန့်ချထားပေးရန် အတွက် သက်ဆိုင်ရာသို့ပြန်လည်တင်ပြ ထားကြောင်း သိရသည်။
လူနေသီးသန့်အိမ်ရာများ တည်ဆောက်ရာတွင် နေထိုင်သူ များအတွက် ရေ၊ မီး၊ မိလ္လာစနစ် များအပါအ၀င် လုံလောက်ပြည့်စုံ သောအစီအမံများပြည့်ဝစွာပါရှိ ရန် လိုအပ်ပြီးလုံခြုံရေးစနစ်ကောင်း  မွန်မှုမှာလည်း အထူး လိုအပ်ကာ အိမ်ရာနေထိုင် သူများအတွက် လုံခြုံရေးစည်း ကျိုးပေါက်မှု မရှိစေ ရန် ဂရုပြု ဆောင်ရွက် သင့်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်း ရှင်တစ်ဦး  မှပြောကြားသည်။
လုံးချင်းအိမ်ရာ   စီမံကိန်းများ၏ သဘော သဘာဝ အရ စိတ်ငြိမ် အေးချမ်းခြင်း၊ သီးသန့် ဆန်ခြင်း၊ အဆင့် အတန်း အတိုင်း အတာ တစ်ခု အထိရှိခြင်းများမှာ လုံးချင်းအိမ်ရာစီမံကိန်းများအတွင်း၌ ၀င်ရောက် လုပ်ကိုင် လာကြသော  ဟိုတယ်အပါ အ၀င်စီးပွားရေးလုပ် ငန်းအချို့ကြောင့် လုံခြုံရေးစည်း ကျိုးပေါက်ကာ ရပိုင်ခွင့်ဆုံးရှုံး ရခြင်းများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

Hot News Weekly 
ခန့်ခန့်(ဒဿနိက)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်