Tuesday, October 30, 2012

သီတင်းကျွတ်ပြီဆိုရင်ဖြင့်

Posted by drmyochit Tuesday, October 30, 2012, under | No comments


From : ခင်နှင်းကြည်သာ

"ရွှီး၊ ဖြောင်း၊ ဒိုင်း" စသည့် ဗြောက်အိုးအသံများက သီတင်းကျွတ်ကို ကြိုဆိုကြလေပြီ။ သီတင်းကျွတ်ဖို့ တစ်လ လောက်လိုသေး သော်လည်း ကျွန်မတို့ရပ်ကွက်ထဲတွင်တော့ ညနေဆိုလျှင် ဆူညံနေပြီ။ ကလေး ငယ်များကို ဗြောက်အိုးများ ဝယ်ပေးကာ လူကြီးများက ဖောက်ပြကြသည်။ ခေတ်သစ် ၏သီတင်းကျွတ် ကား ဗြောက်အိုးနှင့် ခွဲခြား၍မရနိုင်ပေ။ ကျွန်မငယ်စဉ်က နေထိုင်ခဲ့သည့် တောမြို့လေးမှာတော့ သီတင်း ကျွတ်ဆို လျှင် ဗြောက်အိုးသံတွေနှင့် ဝေးကွာပြီး ဖယောင်းတိုင်တွေနှင့် ထွန်းညှိပူဇော်ကြ သည်။ အေးချမ်း လှပေသည်။ ရန်ကုန်မြို့ ကြီးတွင်တော့ လျှပ်စစ်မီးလုံးများနှင့်မီးကြိုး များကို အသုံးပြုကြသည်။ အမြင် ဆန်းပေမယ့် လှပလေသည်။ သီတင်းကျွတ်ဖို့ ဝေးသေးသည်မို့ပဲ လားတော့မသိ ယခင်နှစ်တွေက တွေ့နေ ကြဖြစ်သည့် ဝါးများကို ချိုးခွေပြီး လုပ်ထား သောရောင်စုံစက္ကူလေးများကပ်ထားသည့် ပြည်တွင်းဖြစ် မီးပုံး များနှင့် ကလေးများ တွန်းကြသည့် မီးပုံးတွန်းလှည်းလေးများ ရောင်းသည့် ဈေးသည်များကို မတွေ့ကြရ။ ဆိုင်များ တွင်လည်း ရောင်းရန်ချိတ်ဆွဲထား ခြင်းမတွေ့ရ။ တရုတ်နိုင်ငံမှ ဝင်ရောက်လာ သည့် မီးပုံးများ၊ မီးတွန်း လှည်းများကြောင့် မျက်နှာငယ်ကုန်ကြပြီလား မသိပေ။ "ဝါးချိုးပြီး လုပ်တဲ့ မီးပုံးလေးတွေကို အန်တီ့ ယောက္ခမ လက်ထက်ကတည်းက လုပ်လာတာဆိုတော့ အနှစ် ၄၀ လောက် ရှိပြီ။ မနှစ်ကထိ လုပ်ပေမယ့် ဒီနှစ်တော့ မလုပ်တော့ဘူး။ အမှာလည်း နည်းတယ်" ဟု ကြည့်မြင်တိုင်မြို့နယ်ရှိ ယခင်က မီးပုံး လုပ်သည့်ဒိုင်ဖြစ်သော ကိုဝင်းမြင့်ဆိုင်မှ ဆိုင်ရှင်က ဆိုသည်။ မီးပုံးလုပ်ရာတွင် အသုံးပြုရသော ဝါး၊ ဝါးရိုက်သံ၊ မီးပုံစက္ကူ၊ ပန်းချီဆွဲခ၊ အလုပ် သမားခနှင့် မီးတွန်းလှည်းတွင်ပါသည့် တတောက် တောက်မြည်ရန် တပ်ဆင်ရ သည့်ပစ္စည်းများ စသည်တို့ အားလုံးသည် ဈေးတက်လာသော်လည်း ပြန်လည် ရောင်း ချရသည့်အခါ ဈေးမရခြင်းကြောင့် လုပ်ငန်း ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ သီတင်း ကျွတ်နှင့် တန်ဆောင်တိုင် ပွဲတွင်သာ ထုတ်လုပ်သော မြန်မာ့ရိုးရာ အမွေအနှစ်ဖြစ်သည့် ထိုမီးပုံး လေးများ သည် ဈေးကွက်စီးပွားရေးအောက်တွင် မှေးမှိန်လာပြီဖြစ်သည်။ တရုတ်နိုင်ငံမှ အမြင်ဆန်းပြီး လှပသော မီးပုံးများ၊ မီး တွန်းလှည်းများကို မယှဉ်သာနိုင်တော့ပေ။ "ဟိုအရင်တုန်းကတော့ ပုံစံ ၁၄ မျိုး လောက်ကို လုပ်ခဲ့တာ။ ခုတော့ မလုပ်တော့ ဘူး။ ကုမ္ပဏီတွေကတော့ မှာကြတယ်။ ဆိုင်တွေနဲ့ လက်လီ ဈေးသည်ကတော့ မယူကြတော့ဘူး"ဟု ထိုဆိုင်မှ ဆိုင်ရှင်က ဆိုသည်။ မြန်မာ့မီးပုံးလေးများ မျက်နှာ ငယ်နေ ရချိန်တွင်တော့ သိမ်ကြီးဈေးတွင် တရုတ်မှ လာသော မီးပန်း၊ မီးပုံး၊ မီးတွန်းလှည်းများ က ကြိတ်ကြိတ် တိုးဝယ်သူတွေနှင့် စည် ကားနေလေသည်။ နယ်အမှာများလည်း ဆက်တိုက်ပို့နေရသည်ဟု သိရသည်။ "ဝါးနဲ့လုပ်တဲ့ မီးပုံးတော့မတင်ဘူး။ မေးသူလည်း မရှိဘူးလေ။ မြန်မာက လုပ် တဲ့ဟာဆို စက္ကူ ခေါက်တဲ့ မီးပုံးနဲ့ မီးပုံးပျံပဲ ရောင်းရတယ်။ ကျန်တာကတော့ တရုတ် ပစ္စည်းတွေကပိုရောင်းရတယ်"ဟု သိမ်ကြီး ဈေးရှိ သီတင်းကျွတ်ပစ္စည်းများ ရောင်းချရ သည့်ဆိုင်က ရှင်းပြသည်။ အမှာနည်း သော်လည်း ဆက်လက် ထုတ်လုပ်နေဆဲဖြစ်သည့် မီးပုံးလုပ်ငန်းမှ "အမှာနည်းလည်း လုပ်ရမှာပဲ။ ဘာလို့ လည်းဆို တော့ ခုဆို တချို့ဆိုင်တွေက ရှုံး လို့ဆက်မလုပ်တော့ဘူး။ ကိုယ်ပါမလုပ်ဘဲ နေရင် ဒီမီးပုံးတွေက ပျောက်ကုန် မှာပေါ့။ ဒီတော့ ရှုံးလည်းလုပ်ရမှာပဲ"ဟု ကြည့်မြင် တိုင်ရှိ မီးပုံးလုပ်သည့်ဆိုင်ရှင်က ဆိုသည်။ ဝါးများကိုခွေလို့ရသည်အထိ အချော သပ်၊ လိုအပ်သည့်ပုံခွေ၊ သံရိုက်၊ အမြီးတွဲ ခေါင်းတွဲလုပ်၊ ဘီးတပ်၊ ရောင်စုံစက္ကူကပ်ပြီး ပန်းချီဆရာဆီပန်းချီအပ်ကာ ပုံဆွဲရသည် ဟု မီးပုံးပြုလုပ်ပုံအဆင့်ဆင့်ကိုလည်း ထိုဆိုင် ရှင်က ရှင်းပြလေသည်။ သီတင်းကျွတ်လတွင် ကျင်းပသော ဆီမီးပွဲတော်ကို မီးမြင်းမိုရ်ပွဲ၊ တာဝတိံ သာ ပွဲဟု ရှေးယခင်က ခေါ်ဆိုကြသည်။ သီ တင်းကျွတ်လပြည့်နေ့တွင်ဂေါတမမြတ်စွာ ဘုရားက တာဝတိံ သာနတ်ပြည်မှ လူ့ပြည် သင်္ကဿမြို့သို့ ပြန်လည်ြွကချီဆင်းသက် သည်ကို ရည်စူး၍ ကျင်းပသော ဆီမီးပူဇော်ပွဲ လည်း ဖြစ်ပြန်သည်။ ပုဂံခေတ်မြင်းကပါ ဂူပြောက်ကြီး ဘုရားရှိ နံရံဆေးရေးပန်းချီကားတွင် သီတင်းကျွတ် လပြည့်နေ့၌မြတ်စွာဘုရား ရှင်သည် တာဝတိံသာနတ်ပြည်မှ လူ့ပြည် သိြုွ့ကချီဆင်း သက်ပုံကို ရေးဆွဲရာတွင် ဆီမီး ခွက်များကိုလည်း တွေ့မြင်ရသည်။ ထို့ ကြောင့်သီတင်းကျွတ် ဆီမီးထွန်း ပွဲကို ပုဂံ ခေတ်တွင် ကျင်းပနေပြီဟု ယူဆနိုင်သည်။ ဆီမီးခွက်များဖြင့်ဖြတ်သန်းခဲ့ကြသော သီတင်း ကျွတ်ကား ယခုအခါ မီးပုံးအမျိုး မျိုး၊ မီးကြိုးအမျိုးမျိုးဖြင့် လှပဆန်းသစ်ကြ ပြန်သည်။ ရန်ကုန်မြို့ပြကြီး၏ သီတင်း ကျွတ်ကား မီးပုံးများ၊ မီးကြိုးများ သွယ် တန်းပြီး တစ်လမ်းနှင့်တစ်လမ်း အလှပြိုင် ကြလေသည်။ သီတင်းကျွတ် လပြည့်ည ဆိုလျှင်တော့ မီးကြည့်သည့် ပရိသတ်များ ဖြင့် လမ်းတိုင်းတွင် စည်ကားလေ သည်။ သီတင်းကျွတ်လသည် မိုးလေဝသ ကင်းစင်စပြုပြီဖြစ်တဲ့ သာသာယာယာရှိ သောလဖြစ်သည်။
"မိုးလေကင်းလွတ် သီတင်းကျွတ်"ဟုပင် ဆိုရိုးရှိပြန်သည်။ ပလ္လင်ဆေးမိုးဟုခေါ်သောဘုရားဆွမ်းတော် တင်သည့် သင်းပုတ်ပလ္လင်အားဆေးကြော သည့် နောက်ဆုံးမိုးလည်း ရွာသွန်းတတ် လေသည်။ ယခုလို သီတင်း ကျွတ်ချိန် ဆိုလျှင် တော့ လေအသွဲ့မှာ ယိမ်းနွဲ့သည့်စပါးပင် များကိုကြည့်ကာ တောင်သူတို့ ပီတိဖြာနေ သည့်အချိန်ဖြစ်သော်လည်း မိုးများသည့် နေရာက ရေကြီးပြီးမိုးနည်း သည့်နေရာ မှာ ကောက်ပင်တွေ ခြောက်သွေ့ခြင်း ကို ရင် ဆိုင်ခဲ့ရသည့်ရာသီဥတုဘေးဆိုးများကြောင့် ယခုနှစ်တွင်တော့ တောင်သူဦးကြီးတို့ အပြည့် အဝပျော်နိုင်ကြလိမ့်မည် မထင်ပေ။ "မိုးမျှော်ရင်းပဲကောက်ပင်တွေခြောက် ကုန်တယ်လေ။ ရှုံးတာပေါ့။ အခုထိ ဘာ လုပ်ရမှန်းမသိဘူး။ ငွေလည်းမရှိတော့ဘူး" ဟု ချောက်မြို့မှ လယ်သမားတစ်ဦးက ခြောက်သွေ့ပြီး သေကုန်သော စပါးပင်များ တို့ ထိုင်ကြည့်နေရကြောင်း ရှင်းပြလေ သည်။ သိမ်ကြီးဈေးအနောက်ဘက်ရှိ စည် ကားလျက်ရှိသည့် မီးပုံးဈေးတန်းမှ ဆိုင် ရှင်တစ်ဦးက "ရောင်းကောင်းတယ်ဆိုပေ မယ့် မနှစ်က ရောင်းအားကို မမီဘူး။ ဒီနှစ် က စီးပွားရေး နည်းနည်း ကျပ် တယ်။ ဈေး တွေ လည်းကြီးတော့ ရောင်းအားကျတယ်" ဟု ဆိုလေသည်။ သီတင်းကျွတ်ဟူသည် ဂေါတမ ဘုရား ရှင်က တာဝတိံသာသို့ကြွချီကာ မယ်တော် မိနတ်သားနှင့် နတ်ဗြဟ္မာအပေါင်းတို့အား ဝါတွင်းသုံး လပတ်လုံး နေ့ညမစဲ အဘိ ဓမ္မာတရားတော်ကို ဟောကြားတော်မူလေ သည်။ ထိုသို့ ဟောကြားရာ သီတင်းကျွတ် လပြည့်နေ့တွင် ပြီးဆုံးခြင်းသို့ ရောက် တော်မူကာ လူ့ပြည်သို့ ပြန်လည်ြွကချီခဲ့ ခြင်းဖြစ် သည်။ ထိုသို့ဘုရားရှင်က မိဘကျေးဇူးကို ပြန်ဆပ်သော အခါဖြစ်သောကြောင့် မြန်မာ တို့၏ ယဉ်ကျေးမှု တစ်ရပ်မှာ မိမိတို့၏ ဘိုး ဘွား၊ မိဘ၊ ဆရာနှင့် ကျေးဇူးပြုဖူးသူများ ကို လက်ဆောင်ပစ္စည်းများဖြင့် ကန်တော့ ကြသည်။ "မီးပုံးတွေဘာတွေတော့ သိပ်မတင် ဘူး။ သီတင်းကျွတ်နားနီးလာရင်တော့ လျှပ်စစ် မီးကြိုး လေးတွေနဲ့ ကိတ်မုန်တို့၊ မုန့် ခြင်းတွေတော့ တင်မယ်။ အဲဒါတွေက ရောင်းအား ကောင်းတယ် လေ"ဟု စမ်းချောင်း လမ်းပေါ်ရှိ ဈေးဆိုင်မှ ဆိုင်ရှင်ကဆိုသည်။ သီတင်းကျွတ်ရန်နီးကပ်လာသည်နှင့် အမျှ ရန်ကုန်မြို့၏ Super Market ကြီး များတွင် မီးပုံးများ ချိတ်ဆွဲကြပြီး သီတင်း ကျွတ်အထူး ဈေးရောင်း ပွဲများ ကျင်းပရန် ပြင်ဆင်ကြလေပြီ။ လက်ဆောင်ခြင်းကြီး များနှင့် မုန့်များလည်း အထူးဈေးနှုန်းများ ဖြင့် ရောင်းချကြ လေပြီ။ သီတင်းကျွတ်ပွဲတော်နှင့် ယှဉ်တွဲနေ သော ဗြောက်အိုးဖောက်သည့်အလေ့အထ မှာလည်း ယခုနောက်ပိုင်းတွင် အတော် တွင်ကျယ်ကြသည်။ ကျွန်မတို့ စမ်းချောင်း ထဲမှာဆို ဗြောက်အိုး ရောင်းသော ဆိုင်အနီး တွင် ကလေး၊ လူငယ်များဖြင့် အမြဲစည် ကားနေတတ်သည်။ ရာဂဏန်းမှစတင်ကာ သောင်းချီ အထိ ဈေးမြင့်သော်လည်း ဝယ် ယူသူများ ပြည့်နေ တတ်သည်။ သီတင်းကျွတ်နှင့်အတူ ယှဉ်တွဲနေ သော တခြားတစ်ခုမှာမီးပုံးပျံလွှတ်ခြင်းဖြစ် သည်။ တောင်ကြီးနှင့် ပြင်ဦး လွင်၏ မီးပုံး ပျံပွဲတော် မှာ အထင်ရှားဆုံးသော ပွဲတော် များဖြစ်သည်။ ခရီးထွက်ရန် အချိန်မရသူ များ၊ ငွေအားမလိုက် နိုင်သူများ ကတော့ မီးပုံးပျံများဝယ်ယူကာ ရန်ကုန်မြို့၏ အင်း လျားကန်၊ ကန်တော်ကြီး နှင့်ပြည်သူ့ရင်ပြင် တို့တွင်အများဆုံးမီးပုံးလွှတ်ကြသည်။ထို သို့လွှတ်တင်သည့်အခါ ဆုငွေထုတ်ယူရန် လိပ်စာနှင့် ဖုန်းနံ ပါတ် များ ထည့်သွင်းကာ လည်းလွှတ်တင်တတ်ကြသည်။ မီးပုံးပျံ၏ အားနည်းချက်ကား မှိုင်းကုန်လို့ ပြန်ပြုတ် ကျလျှင် တော့ မီးလောင်တတ်ခြင်းပင် ဖြစ် သည်။ ထို့ကြောင့် သီတင်းကျွတ်ပွဲတော်နှင့် အတူကြားရသည့် သတင်း များမှာ မီးပုံးပျံ ဖြုတ်ကျလို့ မီးလောင်သည့် သတင်းများ ဖြစ်ကြသည်။ သီတင်း ကျွတ် ဆီမီးထွန်း ပွဲတော် သည် မြို့ပြကြီးမှစတင်ကာ ရွာငယ်လေး များအထိ မီးထွန်းပွဲများ၊ ဘုရားပွဲများ၊ မီးပုံး ပျံပွဲများဖြင့် စည်ကားစွာ ကျင်းပကြမြဲဖြစ် သည်။ မြန်မာတို့၏ ယဉ်ကျေးမှု၊ ပူဇော်မှုဖြင့် ကျင်းပမြဲဖြစ်သော သီတင်း ကျွတ်ပွဲတော် ကား ချစ်စဖွယ်ဓလေ့စရိုက်များကို ဆက် လက်ပြဋ္ဌာန်းမြဲဖြစ်သည်။ မီးထွန်းပွဲတော် ဖြင့် ယှဉ်တွဲ လာသော မြန်မာ့ မီးပုံးလေး များ၊ မီးတွန်း လှည်းလေးများကား ခေတ် ရေစီးကြောင်း ၏ နောက်ဆုံး ပေါ် နိုင်ငံခြား မီးပုံးများကြားတွင် မျက်နှာငယ်ကာ အသက်ရှူကျပ်လျက်ရှိသည်။ ထိုသို့ အား နည်းသော ယဉ်ကျေး မှုတို့သည် အားကြီး သောယဉ်ကျေးမှုကို ဝါးမျိုခြင်းကို ခံစား နေရချိန်တွင် မိဘ၊ ဘိုးဘွားနှင့် ကျေးဇူးရှင် တို့ကို ကန်တော့ကြသည့် မြန်မာတို့၏ ချစ်စဖွယ်အလေ့အထနှင့် မီးပူဇော်ခြင်း ဓလေ့ကား ဆက်လက် ရှင်သန်နေခြင်း သည်ပင်လျှင် အားတတ်စရာတစ်ခုပင် ဖြစ် နေပါတော့သည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်