Monday, July 09, 2012

ဒို့တိုင်းပြည် ( ကာတွန်း )

Posted by Anonymous Monday, July 09, 2012, under | No comments


ယနေ့ လွှတ်တော်အစည်းအဝေး ပထမဆုံး တက်ရောက်လာတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်

Posted by Anonymous Monday, July 09, 2012, under | No comments

ပြည်သူ့ လွှတ်တော် အစည်းအဝေးတက်ရောက်ကြောင်း မှတ်တမ်းတွင် လက်မှတ်ရေးထိုးနေသည့် ဒေါ်အောင်ဆန်းစုကြည်

ဟင်းကောင်းကောင်စားမယ်

Posted by drmyochit Monday, July 09, 2012, under | No comments


ဂျိုးဖြူကန်အား အဆိပ်ခတ်သူ မွတ်ဆင် (၄) ဦး ဖမ်းမိ (Breaking News)

Posted by Anonymous Monday, July 09, 2012, under | No comments

ရန်ကုန်တစ်မြို့လုံးကို ရေးပေးဝေနေသော ဂျိုးဖြူရေကန် အား အဆိပ်ခတ်သူ မွတ်ဆလင် အမျိုးသား (၃) ဦး နှင့် အမျိုး သမီး တစ်ဦးကို မကြာခင်ကပဲ ဖမ်းဆီးရမိလိုက်ကြောင်း သတင်းရရှိသည်။ တရားခံများကို သက်ဆိုင်ရာမှ စစ်ဆေးနေဆဲဖြစ်ပြီး ရေကိုလည်း စစ်ဆေးနေကြောင်း သတင်းရရှိပါသည်။


နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တပ်ကုန်း သုတေသနခြံနှင့် စည်ပင် သုတေသနစိုက်ပျိုးရေးခြံများတွင် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေး

Posted by Anonymous Monday, July 09, 2012, under | No comments

နေပြည်တော် ဇူလိုင် ၇

      နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနနှင့် သမဝါယမ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ လိုက်ပါလျက် ယနေ့နံနက် ၇ နာရီ မိနစ် ၅ဝ တွင် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်း မြို့နယ် စိုက်ပျိုးရေးသုတေသနခြံသို့ရောက်ရှိကြရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က သုတေသနလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာတွင် တပ်ကုန်းစိုက်ပျိုးရေး သုတေသနစိုက်ပျိုးရေးခြံသည် ၁၉၁၂ ခုနှစ်တွင် စတင်တည်ထောင် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း၊ စုစုပေါင်းမြေဧရိယာဧက ၂ဝဝ ရှိသည့်အနက် နေကြာသီးနှံ၊ အစေ့ထုတ်ပြောင်းသီးနှံ၊ ပဲတီစိမ်းသီးနှံ၊ မြေပဲသီးနှံ စုစုပေါင်း အသားတင် ၁၆၂ ဧကကို တောင်သူပညာပေးစိုက်ကွင်းနှင့် မျိုးသန့်မျိုးပွား စိုက်ခင်းများအဖြစ် တည်ထောင်ထားရှိပြီး တောင်သူများတွက်ခြေကိုက်၍ စိုက်ပျိုးရာသီအချိန်ကိုက် စိုက်ပျိုးနိုင်ရန် မျိုးစေ့များ ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်အကောင်အထည်ဖော်လျက်ရှိကြောင်း ရှင်းလင်းတင်ပြသည်။
    ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများသည် စိုက်ခင်းအနီး ယာယီရှင်းလင်းဆောင်၌ ခင်းကျင်းပြသထားသော အစေ့ထုတ်ပြောင်းသီးနှံ၊ နေကြာသီးနှံ၊ ပဲတီစိမ်းသီးနှံ၊ မြေပဲသီးနှံ၊ ပဲပုပ်သီးနှံမျိုးစေ့များကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် နိုင်ငံတော်သမ္မတက တပ်ကုန်းမြို့နယ်မှ တောင်သူလယ်သမားများအား တွေ့ဆုံအားပေး အမှာစကားပြောကြားရာ၌ မိမိတို့ နိုင်ငံတော်အစိုးရသစ်ကာလတွင် တောင်သူလယ်သမားများ၏

Rule of law ကို ဦးတည်နေတာလား၊ Break of law ကို ဦးတည်နေတာလား NLD

Posted by Anonymous Monday, July 09, 2012, under | No comments

၂၀၁၂ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှာ ကျင်းပခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲဟာ မြန်မာ့ သမိုင်းကြောင်းမှာ အလွန်ပဲ အရေးပါလှတဲ့ အလှည့်အပြောင်း ကာလတစ်ခု ဖြစ်တယ်လို့ဆိုရင် ဘယ်သူမှ ငြင်းကြမယ် မထင် ပါဘူး။ ဘာလို့လည်း ဆိုတော့ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုပြုထားကြတဲ့ အနောက်နိုင်ငံ တစ်ချို့က ကြားဖြတ်ရွေးကောက် လွတ်လပ် မျှတခြင်းဟာ အဆုံးအဖြစ်ဖြစ်လိမ့်မယ်လို့ အတိအလင်းပဲပြောဆိုခဲ့ကြ ပါတယ်။ အဓိက အကြောင်း တစ်ခုကတော့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကလည်း ဝင်ရောက်ယှဉ်ပြိုင် ခဲ့တာကလည်း နိုင်ငံ တကာကို ပိုပြီး စိတ်လှုပ်ရှားမှု ဖြစ်စေခဲ့တယ်လို့ ဆိုချင်တယ်။
အဲဒါကြောင့် ကြားဖြတ် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်အောင် ကျင်းပ ပေးမယ်လို့ သမ္မတကြီး ကိုယ်တိုင်က ကတိပေး ပြောဆိုခဲ့သလို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကလည်း သန့်ရှင်းသော၊ လွတ်လပ်သော၊ မျှတသော ရွေးကောက်ပွဲဖြစ်အောင် ကျင်းပသွားမယ်လို့ အတိအလင်းပဲ ကတိပြု ပြောဆိုခဲ့သလို၊ ပြောတဲ့အတိုင်းလည်း ကျင်းပပေးခဲ့တယ်ဗျာ။ ရွေးကောက်ပွဲ ရလာဒ်တွေ ထုတ်ပြန်လိုက်တော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက မဲဆန္ဒနယ်အားလုံး နီးပါးကို အနိုင်ရသွားတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တွေနဲ့ အမေရိကန်သံရုံး အရာရှိတွေနဲ့ တွေ့ဆုံမှုမှာလည်း ကြားဖြတ် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတ ပါပေတယ်လို့ အမေရိကန် သံရုံး အရာရှိတွေက Credit ပေးခဲ့တာကို တွေ့ရပါတယ်။

သတင်းနှစ်ပုဒ်ကို နှိုင်းယှဉ်ကြည့်ခြင်း

Posted by Anonymous Monday, July 09, 2012, under | No comments

ကျွန်တော်ဟာ သတင်းသမား တစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် သတင်းတစ်ခုကို ဖတ်လိုက်ရင် အခြေအမြစ် ရှိတဲ့ သတင်းဟုတ် မဟုတ် ဆိုတာလောက်တော့ ခွဲခြားတတ်ပါတယ်။ သတင်း တစ်ပုဒ်ကို အပြုသဘောနဲ့ ဖော်ပြ ထားတာလား ဒါမှမဟုတ် အပြုသဘော မဆောင်ဘူးလား ဆိုတာလောက်တော့ ခွဲခြားနိုင်စွမ်း ရှိပါတယ်။ သတင်းတစ်ပုဒ်ကို Source တစ်ခုတည်းနဲ့လည်း မရေးသင့်ပါဘူး။ နောက်တစ်ချက်က သတင်းခေါင်း တပ်တာကို ကြည့်လိုက်ရင်ပဲ အပြုသဘောလား၊ အပြုသဘော မဆောင်ဘူးလား ဒါမှမဟုတ် ဘယ်ကို ဦးတည်တာလဲ ဆိုတာ ခွဲခြားဖို့ သိပ်မခက်ပါဘူး။ အောက်မှာ ဖော်ပြထားတဲ့ သတင်းနှစ်ပုဒ်ကို နှိုင်းယှဉ်ကြည့်ပါ။ တစ်ပုဒ်က ဧရာဝတီ သတင်း ဌာနမှာဖော်ပြထားတာဖြစ်ပြီးတော့ ကျန်တဲ့ တစ်ပုဒ်က (၇.၇.၂၀၁၂)ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
နေပြည်တော် စီမံကိန်းနဲ့ မလွတ်တဲ့ ဘုန်းကြီးကျောင်းတွေဖျက်
အစိုးရ ဝန်ကြီးဌာနများ ရုံးစိုက်ရာ နေပြည်တော် မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း ၄၀ ခန့်ကို အစိုးရက ဖျက်သိမ်း မိန့် ပေးထားသဖြင့် ကျောင်းတချို့ကို မီးရှို့ ဖျက်ဆီးခဲ့ရကြောင်း ကာယကံရှင် တပ်အရာရှိများက ပြောသည်။

နိုင်ငံရေးသမား၏ အရည်အသွေးကို ဘယ်အရာနှင့် တိုင်းတာမည်နည်း?

Posted by Anonymous Monday, July 09, 2012, under | No comments

နိုင်ငံရေးသမားဖြစ်ဖို့မှာ ကျောင်းပညာအပြင် တခြားဘာတွေ လိုအပ်ပါသနည်း?

မည်သည့် လုပ်ငန်း ကဏ္ဍလုပ်ကိုင်သူ မဆို အခြေခံပညာအပြင်၊ အဲသည်လုပ်ငန်း ကဏ္ဍဆိုရာ အသိပညာ အတတ်ပညာများကို လည်း ပြည့်ဝဖို့လိုအပ်ပါသည်။
စီးပွားရေးပညာ၊ လုပ်ငန်းစီမံခန့်ခွဲမှုပညာများ မတတ်ကျွမ်းဘဲ လုပ်ငန်းကြီးကြီး မားမားလုပ်ကိုင်နိုင်မှာ မဟုတ်သကဲ့သို့ နိုင်ငံရေးဆိုင်ရာ အသိပညာ အတတ်ပညာ သို့မဟုတ် နိုင်ငံရေးဦး နှောက်မရှိဘဲ ထိရောက် ထက်မြက်သော နိုင်ငံရေးသမားတစ်ယောက် ဖြစ်လာလိမ့်မည် မဟုတ်ပါ။ ပြီးခဲ့သည့် ရွေးကောက်ပွဲမတိုင်မီက ပါတီတွေ အလျင်စလိုစုဖွဲ့ကြတာ၊ ရွေးကောက်ပွဲဝင်မည့်သူများ ရရှိဖို့အတွက်အပြေးအလွှား လိုက်လံရှာဖွေ စည်းရုံးကြတာ အားလုံး အသိဖြစ်သည်။


စိုးရိမ်ကြောက်ရွံ့မှုကြောင့် ရခိုင်တိုင်းရင်းသားများ စားဝတ်နေရေးခက်ခဲနေ

Posted by Anonymous Monday, July 09, 2012, under | No comments

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ရခိုင်တိုင်းရင်းသားများမှ ဘင်္ဂလီမူဆလင်များကို ကြောက်လန့်ကာ မိမိ လုပ်ငန်းများသို့သွားရောက်ကာ မလုပ်ကိုင်ဝံ့ခြင်းကြောင့် စားဝတ်နေရေး အခက်အခဲရောက် နေကြကြောင်း သတင်းရရှိသည်။
မောင်တောမြို့နယ် အမှတ်(၆) ၊ ၄-မိုင် ငွေတောင်ရွာ အုပ်ချုပ်ရေမှူးက “ ယခု အချိန်မှ ကျနော်တော့ရွာသားတွေဟာ၊ တလန့်လန့်၊ တဖြန့်ဖြန့်နဲ့ အလုပ်အကိုင် မလုပ်ဝံ့ဖြစ်နေကြတယ်၊ ကုလားတွေက တောထဲမှာ ရောက်နေကြတယ်၊ မနေ့ကလည်း ကျနော်တို့ရွာက လယ်ထဲကို သွားတော့ ကုလားနဲ့တွေ့တာနဲ့ ပြန်ပြေးလာရတယ်၊ ရွာက လယ်သမား ၁၅ဦးမှာလည်း ပျိုးခင်းချထားတာ၊ သွားပြီးတော့ မလုပ်ရဲဖြစ်နေတယ်၊ တောင်ယာလုပ်တဲ့သူတွေလည်း တောင်ယာကို မသွားရဲဖြစ်နေကြတယ်၊ 


၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပပြုလုပ်မည်

Posted by Anonymous Monday, July 09, 2012, under | No comments


ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို အဆိုပါ နေ့မှာ ဗဟန်း မြို့နယ်ရှိ ရွှေတိဂုံ ဘုရား မြောက်ဘက်
အာဇာနည် ဗိမာန်မှာ ကျင်းပပြုလုပ် သွားမယ်လို့ သိရပါတယ်။ ဒီလို ပြုလုပ်ရာမှာ အခမ်းအနား တက်ရောက် လိုသူတွေဟာ ကျင်းပမယ့်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်ထက် နောက်မကျဘဲ အာဇာနည် ဗိမာန် ကွပ်ကဲရေးရုံးကို ကြိုတင် ရောက်ရှိ နေရမှာ ဖြစ်ပါတယ်။

အဲ့ဒီလို ရောက်ရှိပြီး အဆိုပါ အခမ်းအနားမှာ ပန်းခွေချ ဂါရ၀ပြုမယ့် အမျိုးသား တွေဟာ တိုက်ပုံ အနက်နဲ့ခေါင်းပေါင်း ၀တ်ဆင် ထားရမယ်လို့ သိရပါတယ်။ ဒီလို အခမ်းအနား ပြုလုပ်ပြီး နံနက် ၈ နာရီမှ ၅ နာရီအထိ နတ်မောက် လမ်းမှာရှိတဲ့ ဗိုလ်ချုပ် ပြတိုက်ကို အများပြည်သူတွေ လေ့လာ ကြည့်ရှု နိုင်အောင် ဖွင့်လှစ်ပေး သွားမှာ ဖြစ်ပါတယ်။ အခုလို ဖွင့်လှစ်ထား ရှိမှုမှာလည်း လုံခြုံရေး အရ စိတ်ချရအောင် CCTV ကင်မရာ တပ်ဆင်မှုကို အာဇာနည် ဗိမာန် ၀င်ပေါက်မှာ ၁ လုံး၊ ဂိတ်ထွက်ပေါက်မှာ ၁ လုံး၊ အာဇာနည် ဗိမာန်မှာ ၁ လုံး၊ ပြတိုက် အတွင်း၊ အပြင် တို့မှာ ၂ လုံးနဲ့ ပြတိုက် အ၀င် လုံခြုံရေး ဂိတ်မှာ ၁ လုံး တပ်ဆင်ပေး ထားမယ်လို့ သိရပါတယ်။

Sunday, July 08, 2012

သမိုင်းကို ရဲရဲ ရင်ဆိုင်ပါ

Posted by drmyochit Sunday, July 08, 2012, under | No comments

၂၀၁၂ ဇူလိုင် ၇ ရက်နေ့သည် ရန်ကုန်တက္ကသိုလ်အတွင်းရှိ ကျောင်းသားသမဂ္ဂ အဆောက်အအုံ ဗုံးခွဲဖျက်ဆီး ခံခဲ့ရခြင်း နှစ် ၅၀ ပြည့်မြောက်သည့် နေ့ဖြစ်သည်။
၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့တွင် ဒီမိုကရေစီ အရေးနှင့် ကျောင်းသားများ၏ အခွင့်အရေးကို ငြိမ်းချမ်းစွာ တောင်းဆိုခဲ့သော ကျောင်းသားများကို ဗိုလ်ချုပ်ကြီး နေဝင်း၏ တော်လှန်ရေးကောင်စီ အစိုးရက ပစ်ခတ်ဖြိုခွင်းခဲ့ရုံမက ရန်ကုန်တက္ကသိုလ် ဝန်းအတွင်းရှိ သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီးကိုပါ မိုင်းခွဲ ဖြိုဖျက်ခဲ့သည်။

ပြည်ပရင်းနှီးမြှုပ်နှံမှု ရာခိုင်နှုန်းပြည့် ခွင့်ပြုပါက ပြည်တွင်းလုပ်ငန်းရှင်များ ထိခိုက်နိုင်

Posted by drmyochit Sunday, July 08, 2012, under | No comments

မြန်မာနိုင်ငံ နိုင်ငံခြားရင်နှီးမြှုပ်နှံမှု ဥပဒေတွင် ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံမည့် လုပ် ငန်းရှင်ကုမ္မဏီများကို ရင်းနှီးမြှုပ်နှံမှု ၁၀၀ ရာခိုင်နှုန်းပေးပါက ပြည်တွင်းတိုင်းရင်းသား လုပ်ငန်ရှင်များ ယှဉ်ပြိုင်မှုတွင် အ ခက်အ ခဲများစွာနှင့် ရင်ဆိုင်ရပြီး အခွင့်အလမ်းများ ပျောက်ပျက်သွားနိုင်ကြောင်း ပြည်တွင်း လုပ် ငန်းရှင်များက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းထံ တင်ပြခဲ့ကြောင်း သိရသည်။

မကုန်ခန်းနိုင်သော ရည်မှန်းချက်များနှင့်လူ

Posted by drmyochit Sunday, July 08, 2012, under | No comments


လူတိုင်းတွင် ဘ၀ရည်မှန်း ချက် ကိုယ်စီရှိကြသည်။ ဆင်းရဲ သားများမှာလည်း ရည်မှန်းချက်ရှိ သလို သူဌေးများမှာလည်း ရည် မှန်းချက် ရှိသည်။ နိုင်ငံတစ်နိုင်ငံ၏ သမ္မတမှာလည်း ရည်မှန်းချက် ရှိ နေတတ်သေးသလို ကမ္ဘာ့ထိပ်ဆုံး ခေါင်းဆောင် ဆိုသူတွေမှာလည်း ရည်မှန်းချက်တွေ ရှိနေတတ်သေး သည်။ ဘ၀ရည်မှန်းချက်ဆိုသည် မှာ ဖြစ်ချင်သော ဘ၀၊ ရောက်ချင် သော ဘ၀၊ ရချင်သော ဘ၀ဟု အလွယ်တကူ ပြော၍ ရမည်ထင် သည်။ ဘ၀ရည်မှန်းချက်ဆိုသည် မှာ ဘယ်သောအခါမှ ကုန်ဆုံးသွား တတ်သောအရာမျိုး မဟုတ်။

ပထမ ရည်မှန်းထားသော အဆင့်တစ်ခုသို့ ရောက်လျှင် ထို အဆင့်မှ လှမ်း၍မြင်ရသော မြင် ကွင်းကျယ်ကြီးထဲမှ နောက်ထပ် ရည်မှန်းချက်တစ်ခုဆီသို့ မှန်းမျှော် ကြည့်မိလေ့ ရှိသည်။ ထိုသို့ မှန်း မျှော်ကြည့်မိရာသို့ ထပ်မံကြိုးစား အားထုတ်၍ ရောက်ရှိ၊ ရရှိသွားပြီ ဆိုလျှင်လည်း ရောက်ရှိနေသော၊ ရရှိထားသော နေရာမှ လှမ်းကြည့် လျှင် နောက်ထပ်ရည်မှန်းချက်ထား စရာတွေကို တွေ့ရတတ်သည်။ ထိုအခါ ထပ်ကြိုးစားရပြန်သည်။ ဤသို့ဖြင့် ရည်မှန်းချက်တွေက လှမ်း၍၊ မှန်း၍ မဆုံးတော့။ လူ သေတော့မှပဲ ရည်မှန်းချက်တွေ ဆုံး တော့သည်။ ဒါတောင်မှပဲ မသေ ခင် ကာလကလေးတွေထဲတွင် နောက်ဘ၀အတွက် ရည်မှန်းချက် တွေ ထားဖြစ်အောင် ထားလိုက်ကြ သေးသည်။ သေသွားသော သူ သည် စကားပြန်ပြော၍ မရသော ကြောင့်သာ တော်သေးသည်။ နို့မို့ ဆိုလျှင် သေပြီးတွင် ရည်မှန်းချက် ထားစရာတွေ တွေ့နေပြန်ပြီဟုများ ပြောလေမည်လား မသိ။ ဤသည် ကား လူနှင့် အတောမသတ်နိုင် သော ဘ၀ရည်မှန်းချက်၏အဆက် အစပ် ဖြစ်သည်။
လောဘဟု ပြော၍မရ
ထိုသို့ အတောမသတ်သော ရည်မှန်းချက်ဖြင့် လူအဖြစ် ရှင်သန် နေသော ဘ၀တိုင်းကို လောဘ ကြီးသည်ဟု ပြောရန်မသင့်။ အတ္တ ကြီးသည်ဟု ဆိုရန်မသင့်ပါ။ လူ့ဘ၀ဟူသည် တစ်ခုခုကို ဦးတည် ရည်မှန်းပြီး လုပ်ကိုင်(ကြိုးစား) နေ ထိုင်နိုင်ပါမှသာ ရှင်သန်အသက် ၀င်သော ဘ၀တစ်ခု ဖြစ်လာမည်။ ဖြစ်ချင်ရချင်သော ရည်မှန်းချက် အဆင့်တစ်ခုသို့ ရောက်ပြီဟုဆိုကာ ဘာကိုမျှ ထပ်၍ ကြိုးစားချင်စိတ် မရှိတော့သော၊ ဘာကိုမှ ရည်မှန်း ချက်မထားချင်တော့သော လူတစ် ယောက်၏ ဘ၀သည် ဘ၀သေ တစ်ခုသာဖြစ်မှာ သေချာသည်။ လူ့ ဘ၀တွင် ဤသို့သော လူစားမျိုး တွေ ရှိသည်။ သိချင်စိတ်၊ တတ်ချင် စိတ်၊ နားလည်ချင်စိတ်၊ ရလိုချင် စိတ်၊ ဖြစ်လိုချင်စိတ်တွေ ကုန်ခန်း သွားပြီး ရောက်နေသော အဆင့် တွင် ရပ်နေလိုက်သော လူစားမျိုး တွေလည်း ဖြစ်သည်။
သူက သူ့နေရာ အဆင့် တွင် ရပ်နေသည်ဟုဆိုသော်လည်း လောကသဘာဝသည် ရှေ့သို့ တိုး သွားနေသော သဘာဝရှိသည့် အတွက် လောကလူသားတွေ ကလည်း ရှေ့ကို တိုးသွားကြ၊ ပြေး လွှားသွားကြ ရှိနေသည့်ကြားထဲ တွင် ထိုသို့ရပ်နေသော သူသည် အလိုလိုပင် နောက်၌ ကျန်ရစ်ခဲ့ရ တော့သည်။ ဥပမာ - အနေဖြင့် မြန်မာ နိုင်ငံပညာရေး၌ အမြင့်ဆုံး ဘွဲ့ဟု သတ်မှတ်ထားသော ဒေါက် တာဘွဲ့(Ph.D) ရထားသူ နှစ် ယောက်ကို နှိုင်းယှဉ်ပြလိုပါသည်။ ဘာသာရပ်တစ်ခုတည်းတွင် တစ် နှစ်တည်း၌ ဒေါက်တာဘွဲ့ ရထား ကြသူတွေလည်း ဖြစ်ပါသည်။
မညိုက သူ့ဘ၀တွင် (Ph.D)ရလျှင် ကျေနပ်ပြီဟု စိတ် ဒုံးဒုံးချထားသူ ဖြစ်သည်။ မဖြူက နဂိုကတည်းကပင် ပညာရပ်နှင့် ပတ်သက်၍ လေ့လာအားထုတ် တတ်သူ ဖြစ်သည်။ သူတို့ (Ph.D) ရပြီးချိန်တွင် မညိုက မည်သည့် လေ့လာအားထုတ်မှုကိုမျှ မလုပ် တော့ဘဲ ရထားသော ဘွဲ့၊ တဖြည်း ဖြည်း လုပ်သက်ဖြင့် ရလာမည့် ရာထူးအပေါ်၌ပဲ အာရုံထားပြီး နေ သည်။
မဖြူကတော့ Ph.D မရခင် တုန်းကလိုပဲ ကြိုးစားလေ့လာ သည်။ ပညာရပ်နယ် ပယ်၌ သိသင့် သိထိုက်သည်များ၊ နိုင်ငံတကာမှ အသစ် တွေ့ရှိချက်များကို လက် လှမ်းမီသလောက် ကြိုးစားလေ့လာ သည်။ ဤသို့ဖြင့် နှစ်ယောက် စလုံး Ph.D ရပြီးလျှင် ငါးနှစ်လောက်ကြာ သောအခါ မညိုနှင့်မဖြူတို့၏ သိမှု၊ တတ်မှုအဆင့်က အတော်လေး ကွာခြားသွားတော့သည်။ မဖြူက သူတို့၏ ပညာအဆင့်တူ ကြားတွင် ခေါင်းတစ်လုံး ပိုမြင့်သူ ဖြစ်လာ သည်။ ခေါင်းတစ်လုံး ပို၍မြင့်လာ ခြင်း အပေါ်၌ မဖြူသည် ကျေနပ် ရောင့်ရဲမည် မဟုတ်။ သူ့ရည်မှန်း ချက်က နိုင်ငံတကာ ပညာရှင် အဆင့်အတန်းဆီသို့ မှန်းနေဦးမည် သေချာသည်။
ကိုယ့်ဘာသာရပ်အတွက်၊ ကိုယ့်ဌာနအတွက်လည်း တိုးတက် သထက် တိုးတက်အောင် အား ထုတ်နေမှာ သေချာသည်။ ဤသို့ သော ရည်မှန်းချက်တစ်ဆင့်ပြီး တစ်ဆင့် တိုးတက်ထားရှိခြင်းကို လောဘဟု ပြော၍ ရနိုင်ပါ့ မည်လား။
အရွယ်ချင်းမတူလို့
လူတိုင်းတွင် ဘ၀ရည်မှန်း ချက် ကိုယ်စီရှိကြသည်ဟု အစပိုင်း တွင် ရေးခဲ့သည်။ ကလေးအရွယ် မှာလည်း သူ့အသိဉာဏ်၊ သူကျင် လည်ရသော ပတ်ဝန်းကျင်နှင့် သူ အားကျသော လူပုဂ္ဂိုလ်ပေါ် မူတည်၍ ဖြစ်ချင်သော ဘ၀တို့ ရှိ ကြသည်။ တချို့က မော်ဒလ်ဂဲ (Midel Girl) ဖြစ်ချင်သည်။ တချို့ က မင်းသမီး ဖြစ်ချင်သည်။ တချို့ က ဆရာဝန်၊ တချို့က ကျောင်း ဆရာ၊ တချို့က ဘုရင်၊ တချို့က သူပုန်၊ တချို့က တရားသူကြီး၊ တချို့ မာသာထရီဇာ၊ တချို့က ချေဂွေဗားရား၊ တချို့က...။ ကလေးဘ၀တွင် သူတို့စိတ်ထဲမှာ သဘောကျတာကို ဖြစ်လိုက်ချင် သည်။ ဘယ်ကလေးကို သွားမေး မေး၊ ကြီးလာရင် ဘာလုပ်မှာလဲဟု မေးလျှင် တစ်ခုခုကို ပြန်ပြောလိမ့် မည်။ ကလေးအတွေးမှ ထွက်လာ သော ရည်မှန်းချက်သည် အတည် တကျ မဟုတ်သေး။ တဖြည်းဖြည်း ကြီးလာသောအခါတွင်မှ သူတို့ရည် မှန်းချက်က ခိုင်မာလာသည်။ သူတို့ မှာ ရှိနေ၊ စွဲနေသော ရည်မှန်းချက် ကို ဖြစ်အောင် ကြိုးစားအားထုတ် လာကြသည်။
တချို့ ခက်ခဲပင်ပန်းစွာ ကြိုး စားအားထုတ်မှ ရနိုင်မည့် ဘ၀ရည် မှန်းချက်ကို ဘာမှ မကြိုးစားဘဲနှင့် ရည်မှန်းကြသည်။ တချို့ မြင့်မြင့်ကို ရည်မှန်းပြီး ခက်ခက်ခဲခဲ ကြိုးပမ်း အားထုတ်သည်။ ရည်မှန်းချက် အတိုင်း ဖြစ်လာသော ဘ၀တွေရှိ သည်။ မှန်းချက်နှင့် နှမ်းထွက်လွဲ သွားသော ဘ၀တွေ ရှိသည်။ ရည် မှန်းချက်အတိုင်း မဖြစ်လာသော သူတွေထဲတွင် တချို့က ဒုတိယ ရည်မှန်းချက်တစ်ခုထားပြီး ကြိုးစား ၍ အောင်မြင်သွားသည်။ တချို့က ဘာမှ ဆက်မကြိုးစားတော့ဘဲ ယောယိမ်းလိုက်၊ ဘသားယိမ်း လိုက်နှင့် လောကကြီးထဲမှာ အလိုက်သင့်နေသူနေ၍ တချို့က ဘ၀ကို ရေစုန်မျှောလိုက်သွားကြ သည်။ ရည်မှန်းချက်တစ်ခု ထား တိုင်း ထိုအတွက် ကြိုးစားအား ထုတ်ဖို့ လိုအပ်သည်ဟူသော သဘာဝကို လျစ်လျူရှုထားသူတွေ ကတော့ သူတို့ရည်မှန်းရာ ဘ၀သို့ ရမည်ရောက်မည်မဟုတ်ပါ။ မျက်စိ လည် လမ်းမှား၍ မမြင်ရသော ကံ တရားကြောင့်ပဲ ရသွားသည်ဆို လျှင်တောင်မှ ထူးချွန်သူ၊ ထူးခြား ထက်မြက်သူမျိုး ဖြစ်မလာတတ်ဟု ထင်ပါသည်။
ယေဘုယျ လူနှစ်မျိုး
စဉ်းစားဆင်ခြင်တတ်ပြီး ဘ၀ကို ခွဲခြားနားလည်သော အရွယ်ရောက်ချိန်တွင် ထားရှိတတ် သော ရည်မှန်းချက်များက ပို၍ လက်တွေ့ကျပြီး ဖြစ်နိုင်ခြေများ သော ရည်မှန်းချက်များဟု ဆိုနိုင် သည်။ ထိုအသက်အရွယ်တွင် ကိုယ့်အတွက် ရည်မှန်းချက်က ဘာ၊ အများအတွက် ရည်မှန်းချက် က ဘာဆိုတာကိုလည်း ခွဲခွဲခြား ခြား နားလည်လာလေ့ ရှိသည်။ ကိုယ့်ကောင်းစားဖို့အတွက် မည်သို့ လုပ်မည်ကို သိသလို အများ ကောင်းစားရေးအတွက်ဆိုလျှင် မည်သို့လုပ်မှ ဖြစ်မည်ကိုလည်းရှင်း ရှင်းလင်းလင်း သိလာကြသည်။
လူဆိုသည်ကို နှစ်မျိုးပဲ ခွဲပါ ဟုဆိုလျှင် အတ္တလူနှင့် ပရလူဟု ခွဲ၍ရသည်။ အတ္တလူက ကိုယ် ကောင်းစားရေး၊ ကိုယ်အဆင်ပြေ ရေး သက်သက်ကိုပဲ ကြည့်တတ် ပြီး တစ်မြို့လုံး ထမင်းငတ်နေလျှင် တောင်မှ ကိုယ့်တစ်အိမ်တည်း ထမင်းမငတ်ဖို့ နည်းလမ်းပေါင်းစုံ သုံးပြီး ကြိုးစားမည့်သူမျိုး ဖြစ် သည်။ ပရလူကတော့ကိုယ့်ကောင်း စားရေးထက် အများကောင်းစား ရေး၊ ကိုယ်အဆင်ပြေရေးထက် အများအဆင်ပြေရေးအတွက် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ကြိုးစား အားထုတ်ပြီး အနစ်နာခံသူ ဖြစ် သည်။ တစ်မြို့လုံး ထမင်းငတ်နေ ချိန်တွင် ကိုယ်တစ်ယောက်တည်း လူမသိအောင် ခိုးဝှက်စားမည့် အစား ကိုယ့်မှာရှိသည့် စားစရာ တွေကို ဝေငှစားမည့်သူဖြစ်သည့် အပြင် တစ်မြို့လုံး၏ အငတ် ပြဿနာ ပြေလည်ရေးအတွက် အများနှင့် ပူးပေါင်းပြီး ဖြေရှင်းဖို့ ကြိုးစားမည့်သူမျိုး ဖြစ်သည်။
လူ့လောကကြီးတွင် လူ တော်တော်များများက အတ္တလူစား မျိုးတွေ ဖြစ်နေကြပြီး ပရလူ အမျိုး အစားက နည်းနေတတ်သည်။ အတ္တများများ၊ ပရနည်းနည်းလူစား မျိုးတွေ ရှိသလို အတ္တနည်းနည်း၊ ပရများများ လူစားမျိုးတွေ ရှိသည်။ တချို့ အတ္တလုပ်ရင်း ပရကို ပါတတ် နိုင်သလောက် လုပ်သည်။ တချို့ ကတော့ လူထူးလူဆန်း အမျိုး အစားဟု ပြောရမည်လား၊ လူ့ အယောင်ဆောင်တွေဟု ပြောရ မည်လား၊ လူလည်တွေဟု ပြောရ မည်လား၊ လူယုတ်မာတွေဟု ပြော ရမည်လား၊ ခွဲခြားပြောရခက်သည့် (ပရအကျိုး) လုပ်ချင်ယောင် ဆောင်၍ အတ္တအကျိုး(ကိုယ်ကျိုး) ချည်းပဲ လုပ်ကြသူများ ဖြစ်သည်။ မြန်မာစကားမှာတော့ `ကြောင်သူ တော်ြွကက်သူခိုး´ ဟူသော စကား က ရှိပြီးသားဖြစ်ပါ၏။
ကိုယ့်ဘ၀ ကိုယ်ရွေး
လူတိုင်းတွင် ရည်မှန်းချက် ကိုယ်စီရှိကြပြီး ဆင်းရဲသားရော သူဌေးသား၌ပါ ရှိတတ်ကြကြောင်း နှင့် ကလေးရော လူကြီးတွေ၌ပါ ရှိတတ်ကြသည့်အကြောင်းကို ပြောခဲ့ပြီးပါပြီ။ ထို့အပြင် ကိုယ့်ရည် မှန်းချက်က အတ္တလူ ဖြစ်ရေးလား၊ ပရလူဖြစ်ရေးလားဟူ၍ ခွဲခြားသိ မြင်နိုင်အောင်လည်း လောက သဘာဝနှင့်လူ့သဘာဝကိုအတော် အတန်ကို ရှင်းပြခဲ့ပြီးပါပြီ။
ဤဆောင်းပါး ဖတ်နေသော ပုဂ္ဂိုလ်သည် ကိုယ့်ဘ၀ရည်မှန်း ချက်ကို ပီပြင်ပြတ်သားစွာ မချမှတ် ရသေးသူ ဖြစ်နေပါက စဉ်းစားစရာ အနေဖြင့် အထောက်အပံ့ တစ်စုံ တစ်ရာ ရနိုင်လိမ့်မည်ဟု မျှော်လင့် ပါသည်။ ရည်မှန်းချက် တစ်ဆင့်သို့ ရောက်တိုင်း၊ နောက်ထပ်ရည်မှန်း ချက်တစ်ခုက ထပ်ဖြစ်လာတတ် သည့် လူ့သဘာဝကိုလည်း တင်ပြ ခဲ့ပါသည်။ စာဖတ်သူသည် ရည် မှန်းချက်ဖြင့် ဘ၀ကို ရှင်သန်နေ ထိုင်သူလား။ ရည်မှန်းချက် မထား တော့ဘဲ ရောက်ရာနေရာမှာရပ်တန့် နေသူလား။
ကမ္ဘာကြီးက လည်ပတ်နေ ပြီး လူတွေက ကိုယ့်မှန်းချက်နှင့် ကိုယ့်ရှေ့သို့ တက်နေသွားနေကြ သည့်အတွက် ရပ်နေသူသည် ကျန်ရစ်သူဖြစ်သည်ဆိုတာကိုပဲ သတိပြုမိစေချင်သည်။

Ref : http://www.knowledgebridge.net/

နှစ်ပေါင်း ၂၀၀ ကျော်က အသုံးပြုခဲ့သော ရခိုင်ရှေးဟောင်း လှေကြီး တစ်စင်းအား ရှာဖွေ တွေ့ရှိ

Posted by drmyochit Sunday, July 08, 2012, under | No comments





လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ကျော်ကဟု ခန့်မှန်းရသော ရခိုင် ရှေးဟောင်း သစ်သား လှေကြီး တစ်စီးကို ဘင်္ဂလာဒေခ်ျ့နိုင်ငံ အ၀ကျွန်းဒေသတွင် ဘင်္ဂလာဒေခ်ျ့ ရှေးဟောင်းသုတေသန ဌာနက ရှာဖွေ တွေ့ရှိခဲ့သည်။

ရှေးဟောင်း သစ်သား လှေကြီးကို  ဇွန်လ ၂၉ ရက်နေ့က ဘင်္ဂလာဒေခ်ျ့နိုင်ငံ အ၀ကျွန်း ဒေသ ကွာကတ (ကံဆိပ်) ဆိပ်ကမ်း သဲသောင်ပြင် ရေတိမ်ပိုင်းမှ ရှာဖွေတွေ့ရှိခဲ့သည်ဟု ဆိုသည်။
ဒေသခံများသည် အဆိုပါ ရှေးဟောင်း လှေကြီးပေါ်မှ အဖိုးမဖြတ်နိုင်သော ပစ္စည်းများကို ယူဆောင်သွားကြသည်ဟု ဘင်္ဂလာဒေခ်ျ့ သတင်းများတွင် ဖေါ်ပြသည်။

အဆိုပါ သစ်သားလှေကြီးမှာ ၇၂ ပေရှည်ပြီး ၂၂ ပေ ၅ လက်မ အကျယ်ရှိကြောင်း သိရသည်။
ရှေးဟောင်း သစ်သားလှေကြီးမှာ ရခိုင် အမျိုးသားများက အဆိုပါ ဒေသသို့ အခြေစိုက်ရန် ထွက်ပြေးလာစဉ် အသုံးပြုခဲ့သော လှေကြီး ဖြစ်ပုံရသည်ဟု ရှေးဟောင်းသုတေသန ဌာန က ပြောသည်။
၁၇၈၄ ခုနှစ် ရခိုင်ပြည်အား ဗမာ ဘုရင် ဘိုးတော် ဘုရားမှ ၀င်ရောက် သိမ်းပိုက်ပြီးနောက် မြောက် များစွာသော ရခိုင်အမျိုးသားများမှာ ဘင်္ဂလာဒေခ်ျ့ အ၀ကျွန်းဒေသသို့ လှေကြီးများဖြင့် ထွက်ပြေး ခိုလုံခဲ့ကြသည်။

၎င်းး အချိန်က အဆိုပါ ဒေသမှာ လူသူမနေသော တောကြီးမျက်မည်း အရပ်ဖြစ်ကာ မည် သူမျှ နေထိုင်ခြင်း မရှိသေးကြောင်း သမိုင်းမှတ်တမ်းများ အရ သိရသည်။ ရခိုင်ပြည်မှ ရွက်လှေကြီးများဖြင့် ထွက်ပြေးလာကြသူ ရခိုင်များသည် အဆိုပါ ဒေသတွင် တောရိုင်းများကို ခုတ်ထွင်ရှင်းလင်းပြီး နေထိုင်ခဲ့ကြသည်ဟု ဆိုသည်။

တောရိုင်းများကို ခုတ်ထွင် ရှင်းလင်းစဉ် မိကျောင်းများ၊ ကျားများဖြင့် ရင်ဆိုင်တိုက်ပွဲများလည်း အကြီးအကျယ် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ယခု ရှေးဟောင်းလှေကြီး တွေ့ရှိရာ အ၀ကျွန်းဒေသမှာ ဒက္ကားမြို့တော်မှ အနောက်တောင်ဘက် ပင်လယ်ကမ်းခြေတွေင် တည်ရှိပြီး အိန္ဒိယ နိုင်ငံဘင်္ဂလားနယ်နှင့် ကပ်ရပ်တည်ရှိသည်။ ယခုအချိန်ထိ ၎င်း အ၀ကျွန်းဒေသတွင် ရခိုင်ရွာပေါင်း ၅၀ ခန့်  တည်ရှိသည်။

အများစုမှာ မြန်မာနိုင်ငံ လွှတ်လပ်ရေး ရရှိပြီးနောက် မြန်မာဘက်ကို ပြောင်းရွှေ့သွားကြသည်ဟု သိရသည်။

နိဉ္စရာ သတင်းဌာန

ဝန်ကြီးဌာနများ ပြင်ဆင်ဖွဲ့စည်းပြီး ဝန်ကြီးများ ပြောင်းလဲမည်ဟုဆို

Posted by drmyochit Sunday, July 08, 2012, under | No comments

အစိုးရအဖွဲ့ ပိုမိုအားကောင်းလာစေရေးအတွက် ဝန်ကြီးဌာနများ ပြင်ဆင်ဖွဲ့စည်းပြီး ပြည်ထောင်စုဝန်ကြီး အပြောင်းအလဲများ ပြုလုပ်မည့်စာရင်းကို စတင်ကျင်းပနေပြီဖြစ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ နိုင်ငံတော်သမ္မတက ယခု ရက်ပိုင်းအတွင်း တင်ပြရန်ရှိကြောင်း အစိုးရအဖွဲ့ အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူများ၊ လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။ “ဝန်ကြီးဌာန ပြင်ဆင်ဖွဲ့စည်းဖို့ထက် ဝန်ကြီးအပြောင်းအလဲလုပ်ဖို့ ပိုများမယ်ထင်တယ်။ သမ္မတကြီးရဲ့ သွား နေတဲ့ မူဝါဒနဲ့ မကိုက်ညီတဲ့သူတွေ၊ လိုက်လျောညီထွေ မရှိတဲ့သူတွေ အနားပေးခံရလိမ့်မယ်။ အရည်အချင်းရှိတာ မရှိတာနဲ့ မဆိုင်ဘူး” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းက သုံးသပ်ပြောကြားသည်။ အစိုးရအဖွဲ့ အုပ်ချုပ် ရေးပိုင်းနှင့် နီးစပ်သူများ၏ အဆိုအရ ဝန်ကြီးဌာနများ ကျစ်လျစ်အားကောင်းလာစေရေးအတွက် လက်ရှိအရေအတွက်ထက် လျှော့ချသွားရန်ရှိပြီး ဝန်ကြီးဌာန စုစုပေါင်း ၂၀ ခန့်သာ ထားရှိသွားရန်ရှိကြောင်း၊ ဝန်ကြီးအပြောင်းအလဲများလည်း ပြုလုပ် ရန်ရှိရာ အချို့ဝန်ကြီးများကို အနားပေးခြင်း၊ အချို့ဝန်ကြီးများကို ပိုမိုကိုက်ညီသော ဝန်ကြီးဌာနသို့ ပြောင်းရွှေ့ခြင်းများ ပြုလုပ် ရန်ရှိကြောင်း သိရသည်။ ဝန်ကြီးဌာန ပြင်ဆင်မှုနှင့် ဝန်ကြီးအပြောင်းအလဲမှာ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းများတွင ရှေးရို စွဲဝါဒီများနှင့် နောက်ကြောင်းပြန်လိုသူများကို ထားခဲ့မည်ကို ပါရှိပြီးဖြစ်ကြောင်း၊ ယင်းမှာ သမ္မတ၏ လုပ်ပိုင်ခွင့်ဖြစ်ပြီး လွှတ်တော်က သဘောတူလျှင် လုပ်ဆောင်၍ ရကြောင်း၊ လွှတ်တော်ကလည်း အများကောင်းကျိုးအတွက် လုပ်ဆောင် ခြင်းဖြစ်ရာ သဘောမတူနိုင်စရာ မရှိဟုထင်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ဆိုသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၂ တွင် နိုင်ငံတော် သမ္မတသည် ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက်ဖြင့် ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာနများကို လိုအပ်သလို သတ်မှတ်နိုင်သည်။ ထို့ပြင် ဝန်ကြီးဌာနများကိုပြင်ဆင် သတ်မှတ်ခြင်း၊ ဖြည့်စွက်ခြင်းပြုနိုင်သည်။ ပြည်ထောင်စုဝန်ကြီး ဦးရေကို လိုအပ်သလို သတ်မှတ်နိုင်သည်။ ထို့ပြင် သတ်မှတ်ဦးရေကို တိုးခြင်းလျှော့ခြင်း ပြုနိုင်သည်ဟု ဖော်ပြထားကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၅ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်