Tuesday, July 10, 2012

နေတိုးထောက်ပံ့ရေးလမ်းကြောင်းဖွင့်လှစ်ပေးရန် ဆုံးဖြတ်မှုအား ပြည်သူမှကန့်ကွက်ဆန္ဒပြ

Posted by Anonymous Tuesday, July 10, 2012, under | No comments

အာဖဂန်နစ္စတန်ရှိ နေတိုးတပ်ဖွဲ့များအတွက် ထောက်ပံ့ရေးလမ်းကြောင်းများအား ပြန်လည်ဖွင့်လှစ် ပေးသည့် အစိုးရ၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်သောအားဖြင့် ပါကစ္စတန်ရှိ ဒါဇင်ပေါင်း များစွာသော ဘာသာရေး-နိုင်ငံရေးဆိုင်ရာ မဟာမိတ်ပါတီ များသည် ဇူလိုင်လ ၈ ရက်နေ့တွင် ချီတက်ဆန္ဒပြမှုများ စတင်ပြုလုပ်ခဲ့ပါသည်။ အဓိက အစ္စလာမ္မစ်ပါတီများမှ လှုပ်ရှားတက်ြွကသူ ရာပေါင်းများစွာနှင့် နိုင်ငံရေး ပါတီများမှ လှုပ်ရှားတက်ြွကသူ အခိျု့သည် ချီတက်ဆန္ဒပြမှုတွင်ပါဝင်ခဲ့ကြပြီး၊ ၎င်းတို့၏ ဆန္ဒပြမှုသည် အရှေ့ပိုင်းပန်ဂျပ်ပြည်နယ်ရှိ အဓိကမြို့တော်များစွာကိုဖြတ်သန်း ချီတက်ပြီးနောက် ဇူလိုင်လ ၉ ရက်နေ့တွင်ပြီး ဆုံးမည်ဖြစ်ပါသည်။ ဘာသာရေးနှင့် နိုင်ငံရေးအုပ်စုများ ရောနှော ပေါင်းစပ်ထားသည့် ပါကစ္စတန် ကာကွယ်ရေးကောင်စီ (DPC) ၏ အဓိက ခေါင်းဆောင်များက အဆိုပါ ခရီးရှည်ယာဉ်တန်းဖြင့် ဆန္ဒပြမှုကို ဦးဆောင်ခဲ့ခြင်းဖြစ်ပါသည်။ပါကစ္စတန် ကာကွယ်ရေးကောင်စီအနေဖြင့် ၎င်းအုပ်စု၏ခေါင်းဆောင်များမှထောက်ခံသူများကိုဟောပြောမှုများပြုလုပ်ခဲ့ပြီး ချီတက်ဆန္ဒပြမှုကို ပန်ဂျပ်ခရိုင်၏မြို့တော် Lahoreမြို့ရှိ ဗလီတစ်ခုမှ စတင်ခဲ့သည်။နေတိုးထောက်ပံ့ရေးလမ်းကြောင်းကိုပြန်လည်ဖွင့်လှစ်ပေးသည့်ဆုံးဖြတ်ချက်အား ဆန့်ကျင်သောဆန္ဒပြမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းအဖွဲ့ခေါင်းဆောင်များက ပြောကြား ခဲ့ပါသည်။
Xinhuanet.com;July-8(Sun)

အိန္ဒိယနိုင်ငံ မိုးရေကြီးမှုကြောင့် လူ ၁၂ဝ ကျော် သေဆုံး

Posted by Anonymous Tuesday, July 10, 2012, under | No comments



          အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း၌ မုတ်သုံမိုးရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုအတွင်း လူပေါင်း ၁၂ဝ ဦးကျော်သေဆုံးခဲ့ပြီး ၆ သန်းခန့်မှာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း အရာရှိများမှဇူလိုင်လ ၇ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ မိုးရွာသွန်းမှုကြောင့် Brahmaputra မြစ်ရေလွှမ်းမိုးမှုသည် Assam ပြည်နယ်၌ အကြီးမားဆုံး ဖြစ်ပွားခဲ့ပြီး အနီးအနားရှိ Arunachal Pradesh  Manipur နှင့် Meghabaya ပြည်နယ်တို့၌လည်း ရေလွှမ်းမိုးမှု များဖြစ်ပွားခဲ့ပါသည်။ အဆိုပါသေဆုံးသူ ၁၂၁ ဦးအနက် ၁ဝ၅ ဦးမှာ ရေလွှမ်းမိုးမှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး ၁၆ ဦးမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုကျမှုအတွင်းသေဆုံးခဲ့ခြင်းဖြစ်ကြောင်း Assam ပြည်နယ် အစိုးရမှထုတ်ပြန်သော ကြေညာချက်တစ်စောင်၌ ဖော်ပြခဲ့ပါသည်။ အိန္ဒိယနိုင်ငံ၏ လယ်ယာမြေများအတွက် လိုအပ်လျက်ရှိသောရေပမာဏ၏ ၆ဝ ရာခိုင်နှုန်းမှာ မိုးရေမှရရှိလျက်ရှိပြီး အိန္ဒိယနိုင်ငံရှိလယ်သမား သန်းပေါင်းများစွာသည် မုတ်သုံမိုးအားမှီခိုလျက်ရှိကြောင်း သိရှိရပါသည်။

CNA.com;July-8(Sun)

အစ်ကိုကြီးအဖအရာ

Posted by Anonymous Tuesday, July 10, 2012, under | No comments


    ရခိုင်ဒေသပြဿနာနှင့်ပတ်သက်၍ မီဒီယာများအပါအဝင် နိုင်ငံရေးပါတီများသည် တစ်ဦးနှင့် တစ်ဦး အမြင်များမတူညီကြဟု ပြောလျှင်ရမည်ထင်သည်။ အခိျု့က လူမျိုးရေးပြဿနာဘက်မှ ဇောင်းပေးပြောသည်။ အခိျု့က ဘာသာရေးပြဿနာဘက်မှ ဇောင်းပေးပြောသည်။ အခိျု့ကနိုင်ငံရေးကစားကွက်တစ်ခုဟု မှတ်ချက်ပေး သည်။ အခိျု့ကစနစ်တကျကြိုးကိုင်ထားသော လုပ်ဇာတ်တစ်ခုဟု ယူဆသည်။ အခိျု့က နောက်ပြန်လှိုင်းကို စိုးရိမ်တကြီးပြောကြသည်။ အခိျု့က ပထဝီနိုင်ငံရေးရှုထောင့်မှ သုံးသပ်သည်။ အမျိုးမျိုးအဖုံဖုံ ကိုယ်မြင်မိသလို ခံစားမိသလို သုံးသပ်ကြသည်။ ဤဆောင်းပါးသည် ရခိုင်ဒေသပြဿနာနှင့် ပတ်သက်၍ စာရေးသူ၏အမြင်များ ကို တင်ပြထားခြင်းသာဖြစ်ပါသည်။
    ရခိုင်ဒေသပြဿနာသည် ရခိုင်ဗုဒ္ဓဘာသာဝင်တို့နှင့် အစ္စလာမ်ဘာသာဝင်တို့အကြားဖြစ်သော ဘာသာရေးပြဿနာမဟုတ်။ ဒေသခံရခိုင်တို့နှင့် နယ်မြေကျူး ဘင်္ဂါလီတို့အကြားဖြစ်သော ပြဿနာသက်သက် သာဖြစ်သည်။ စာရေးသူကိုယ်တိုင်ပင်လျှင် အစပိုင်းတွင် ဘာသာရေးပြဿနာဟုအမြင်ရှိခဲ့ပြီး ဇာတ်ရည်လည်ချိန် တွင် ယခုကဲ့သို့ပြဿနာအပေါ် ရှုမြင်ပုံပြောင်းလဲသွားခြင်းဖြစ်သည်။ ပြောရလျှင်သမိုင်းကြောင်းနှင့် ပတ်သက်နေ သည်။ 

ရိုဟင်ဂျာမဟုတ်-ဘင်ဂါလီ ဘားမားမဟုတ်-မြန်မာ

Posted by Anonymous Tuesday, July 10, 2012, under | No comments




          အခုတစ်လော နိုင်ငံခြားသတင်းမီဒီယာတွေ၊ အခိျု့သော ပြည်တွင်းမီဒီယာတွေနဲ့ အင်တာနက်ပေါ်က ဘလော့တွေမှာ ရိုဟင်ဂျာဆိုပြီး အသုံးအနှုန်းကို တွေ့နေရပါတယ်။  မြန်မာပြည်မှာရှိတဲ့ လူမျိုးစုတွေထဲမှာ ရိုဟင်ဂျာဆိုတာမပါပါဘူး။ အစိုးရအဆက်ဆက်နဲ့ ပြည်သူလူထုများက အသိအမှတ်မပြုခဲ့ကြပါ။ ဖိုးရှင်းတို့ အမျိုးလည်းမဟုတ်ပါ။ အဲဒါကို ဒီဘင်ဂါလီတွေကပဲ အခွင့်အရေးရှိသယောင်ယောင် ပြည်ပသတင်းမီဒီယာ တွေက ဘေးတီးပေးနေကြတယ်။  ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းဟာ စာရွက်ပေါ်မှာတောင် မဖော်ပြသင့်ဘူးလို့ ထင်တယ်။ နိုင်ငံပိုင်သတင်းမီဒီယာတွေမှာ ဖော်ပြထားတာ လုံးဝမတွေ့ရပါ။ နိုင်ငံတော်သမ္မတကြီး ပြောသွားတဲ့ မိန့်ခွန်းထဲမှာလည်း ရိုဟင်ဂျာဆိုတာ တစ်လုံးမှ မပါပါဘူး။ ဒီတော့ သမ္မတကြီးရဲ့ မိန့်ခွန်းအတိုင်းပဲ ဒီရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မသုံးဖို့လိုတယ်။ ဒီအသုံးအနှုန်းကို သုံးလိုက်မယ်ဆိုရင် သူတို့ကို အသိအမှတ် ပြုနေတယ်လို့ ထင်သွားစရာဖြစ်နိုင်တယ်။
          လက်ရှိ ဖြစ်ပေါ်နေတဲ့ ရခိုင်ပြည်နယ်က ဘင်ဂါလီကိစ္စဟာ  မြန်မာပြည်မှာမှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားအားလုံးရဲ့ အရေးကိစ္စလို့ပဲ ထင်တယ်။ ဒီဘင်ဂါလီတွေကို နိုင်ငံတကာအစိုးရနဲ့ အဖွဲ့အစည်း တွေကစိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုနေတာဟာ ဘင်ဂါလီတွေအတွက် အကွက်ဖြစ်နေတယ်။ ဒီဘင်ဂါလီ တွေနဲ့ပတ်သက်လို့

အမေစု အတွက် မေးခွန်းတခိျု့

Posted by Anonymous Tuesday, July 10, 2012, under | No comments


          အခုတော့ အမေစုလွှတ်တော်ထဲရောက်ပြီ၊ မြန်မာနိုင်ငံရဲ့ ကောင်းရာကောင်းကျိုးတွေကို လုပ်မယ် လို့ လည်း ကတိသစ္စာတွေဆိုပြီးပြီ။ ဒီတော့ အမေစုအနေနဲ့ နိုင်ငံအတွက် ကောင်းရာကောင်းကျိုးတွေကိုပဲ ပြောစေလိုပါတယ်။ အမေစုနဲ့ NLDက လက်ရှိအစိုးရဟာ စစ်တပ်က ကြီးစိုးထားတာပဲလို့ ပြောတာကြားခဲ့ ဖူးပါတယ်။ အခု အမေစုရဲ့ဥရောပခရီးစဉ်မှာ ပြောနေတဲ့ပုံစံကလည်း အဲသည်လိုပုံစံပါပဲ။ အမေစုရဲ့ ရန်သူတော်ဟောင်းကြီးတွေဖြစ်တဲ့ အခုအုပ်ချုပ်နေတဲ့ စစ်အစိုးရပိုင်းလူကြီးဟောင်းတွေက  အမေစုကို လွှတ်တော်ထဲဝင်ခွင့်ပြုတာ၊ နိုင်ငံခြားတွေသွားခွင့်ပြုနေတာ အမေစုအပြောအဆို ဆင်ခြင်ဖို့ကောင်းပါတယ်။ ILO ဆွေးနွေးပွဲမှာ  '' ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံသားလို့ သတ်မှတ်ပါသလား ''လို့ အမေစုကို မေးခဲ့တယ်။ အမေစုရဲ့အဖြေက '' နိုင်ငံသားဖြစ်ဖို့ဆိုရင် တိကျရှင်းလင်းပြတ်သားတဲ့ နိုင်ငံသားဖြစ်ပိုင်ခွင့် ဥပဒေစပြီး လိုအပ်ပါမယ်၊ ရခိုင်နယ်စပ်မှာ တရားမဝင် ဝင်ရောက်နေထိုင်သူတွေရှိနေတယ်ဆိုတာ သေချာပါတယ်၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ လာဘ်စားမှုကင်းတဲ့ နယ်စပ်လူဝင်မှုထိန်းသိမ်းရေးလိုအပ်နေပါတယ်'' ဘာညာဆိုပြီးဖြေသွားတာ ကြားလိုက်ရတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှသေချာရေရာမသိပဲ ထင်ရာမြင်ရာ ဖြေထည့်လိုက်ပုံရတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံသားဖြစ်ပိုင်ခွင့်ရှိတဲ့ဥပဒေ တိတိကျကျ ပြဋ္ဌာန်းထားပြီးသားဆိုတာ အမေစုမသိလို့လား။ ဒီဘင်ဂါလီတွေကို နောက်ထပ်ဥပဒေထပ်ပြုပြီး အသိအမှတ်ပြုပေးရမယ်လို့ အမေစု ဆိုလိုချင်နေတာလား။ 

လူရာဝင်ဖို့အတွက် တိုက်ပွဲဝင်ကြစို့

Posted by Anonymous Tuesday, July 10, 2012, under | No comments

     ကျွန်တော်တို့ မြန်မာနိုင်ငံတွင် နိုင်ငံရေး ဈေးကွက်ကြီး (Political Super Market) တစ်ခုဖြစ်ပေါ်လာခဲ့ ပါသည်။ပြုပြင်ပြောင်းလဲရေးဟု ခေါ်ကြသည့် ယနေ့နိုင်ငံရေး ဈေးကွက်ကြီးခေတ်တွင် လူရာဝင်သွား သူများကို အလွန် အားကျမိပါသည်။ အခိျု့မှာ အာဏာကြီး ၃ ရပ်ကို ကိုင်လှုပ်နိုင်သည့် လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြလေပြီး ထင်ရာမြင်ရာ စကားစစ် ထိုးကြလေ၏။ အခိျု့မှာလည်း တရားဝင် နိုင်ငံရေး ပါတီများဖြစ်ကြကုန်ပြီးမြို့ရွာ အနှံ့လှည့်လည်၍ လျက်ဆားကြော်ငြာရောင်းကြလေ၏။ အခိျု့မှာလည်းအောက်လမ်းနည်းသုံး၍  anti government organization ဖြစ်ကြကုန်ပြီး ဒေါ်လာစားကြလေ၏။ အခိျု့မှာလည်း လေလှိုင်းထဲက ဥပဒေမဲ့ လောကထဲ ဝင်ရောက်ပြီး website များ၊ Blog များ၊ Facebook များတင်၍ ထင်ရာရေးပြီး တစ်ဖက်နားဖြင့်ကြားသည့် တစ်စိတ်ကို တစ်အိတ်လုပ်ပြီး ဖော်ပြကြကုန်၏။ အခိျု့မှာလည်း ပြည်ပထွက်၍ Antigovernmen လုပ်ပြီးမျောက်ပြ ဆန်တောင်းကြလေ၏။ အသင်လူသားတို့ လူရာဝင်ကုန်ကြ၏။ ခေတ်မီ သူများဖြစ်ကြကုန်၏။

မြန်မာနိုင်ငံပိုင်နက် နယ်မြေအတွင်းသို့တရားမ၀င် ၀င်ရောက်ပြီး စီးပွားဖြစ်ရော်ဘာခြံလုပ်ငန်းကို လာရောက်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသားများဖမ်းဆီးရမိ၊ ၄င်းတို့အားကောင်းမွန်လုံခြုံစွာ စောင့်ရှောက်ထားပြီး သက်ဆိုင်ရာနိုင်ငံသို့ သံတမန်နည်းအရ အသိပေးအကြောင်းကြားထားပြီးဖြစ် တည်ဆဲဥပဒေများနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်

Posted by drmyochit Tuesday, July 10, 2012, under | No comments


မိမိတပ်မတော်စစ်ကြောင်းများသည် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် အမြဲမပြတ်စိုးမိုး လှုပ်ရှား လျက်ရှိရာ ဇူလိုင်လ ၄ရက်နေ့ ညနေပိုင်းက တနင်္သာရီ တိုင်းဒေသကြီး ကော့သောင်းမြို့နယ် ခမောက်ကြီး မြို့နယ်ခွဲ နန့်တွန်နှင့် ရွာဟေ့လူ နယ်စပ် စစ်ဆင်ရေးခြေကုတ်စခန်း အကြား နယ်မြေရှင်း လင်းစဉ်ထိုင်းနိုင်ငံနှင့်ဆက်သွယ်ထား သောမြေသားလမ်းကြောင်းနှင့် ရော်ဘာပင်ဧက(၁၀၀၀)ခန့်စိုက်ခင်းနှင့်အတူ တဲပေါင်း ၂၀ ကျော်တွေ့ရှိရပြီး မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်ကျူးကျော်ကာ တရားမ၀င်လုပ်ငန်း များဆောင်ရွက်လျက်ရှိကြသည့် ထိုင်းနိုင်ငံ သားများအား လက်နက်ခဲယမ်းများ၊ ယာဉ်ယန္တရားများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

အိန္ဒိယကြည်းတပ်အနေဖြင့် ဂျမူးနှင့်ကတ်ရှ်မီးယားဒေသရှိ တပ်ဖွဲ့ဝင်များကို လျှော့ချမည်မဟုတ်ဟုဆို

Posted by Anonymous Tuesday, July 10, 2012, under | No comments


          အိန္ဒိယနိုင်ငံသည် ဂျမူးနှင့် ကတ်ရှ်မီးယား ပြည်နယ်အတွင်း လုံခြုံရေး အခြေအနေများ တိုးတက် ကောင်းမွန်လာသော်လည်း အဆိုပါ ပြည်နယ်အတွင်း အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးအတွက် တပ်ဖြန့်ချထား ခဲ့သောလုံခြုံရေး တပ်ဖွဲ့ဝင်များကို လျှော့ချမည် မဟုတ်ကြောင်း အိန္ဒိယကြည်းတပ် အဆင့်မြင့်အရာရှိ တစ်ဦးက ဇူလိုင်လ ၉ ရက်နေ့တွင်ပြောကြားခဲ့သည်ဟု  Newsnow သတင်းတစ်ရပ်အရသိရှိရပါသည်။ လွန်ခဲ့သည့် တစ်နှစ်တာ ကာလအတွင်း အဆိုပါ ပြည်နယ်အတွင်း ဆူပူအကြမ်းဖက်မှုနှင့် အကြမ်းဖက်ဝါဒနှင့် ဆက်စပ် လျက်ရှိသော မတော်တဆမှုများ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း၊ သို့သော် အဆိုပါဒေသ အတွင်းငြိမ်းချမ်းရေးကို ဆန့်ကျင်သည့် အဖွဲ့အစည်းများ လှုပ်ရှားနေဆဲ ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါပြည်နယ်၏ အခိျု့ဒေသ များတွင် ပြဋ္ဌာန်းထားသော လက်နက်ကိုင် တပ်ဖွဲ့များဆိုင်ရာ အထူးအခွင့် အာဏာအက်ဥပဒေ (AFSPA) အား ရုပ်သိမ်းပေးရန် အဖွဲ့အစည်းအသီးသီးကတောင်းဆိုမှုများ ရှိနေပြီး အိန္ဒိယကြည်းတပ်၏ အထက်ပါ ရပ်တည် ချက်သဘောထားသည် ၎င်းတောင်းဆိုမှုများကို ဆန့်ကျင်သကဲ့သို့ဖြစ်နေပါသည်။ ထို့အပြင် အိန္ဒိယ ကြည်းတပ်သည် မဏိပူရပြည်နယ်အတွင်း အလားတူ တပ်ဖွဲ့ဝင်များ လျှော့ချရေး ကိစ္စရပ်များနှင့် ပတ်သက်သည့် မည်သည့် လှုပ်ရှားမှု များကိုမဆို ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းသိရှိရပါသည်။

ဒုတိယ၀န်ကြီးများ ပြောင်းလည်းတာဝန်ပေး

Posted by drmyochit Tuesday, July 10, 2012, under | No comments

နိုင်ငံတော်သမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော် သမ္မတရုံး
(အမိန့်အမှတ်၊ ၁၅ /၂၀၁၂)
၁၃၇၄ ခုနှစ်၊ ပထမ၀ါဆိုလပြည့်ကျော်  ၆ ရက်
(၂၀၁၂ ခုနှစ်၊ ဇူလိုင်လ  ၉ ရက်)
ဒုတိယ၀န်ကြီးများ ပြောင်းလဲ တာဝန်ပေးခြင်း
          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄ ၊ ပုဒ်မခွဲ(က)၊ (ဃ)နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ဥပဒေ ပုဒ်မ ၁၆ ၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၉)တို့အရ အောက်ဖော်ပြပါ ဒုတိယ၀န်ကြီးများအား၎င်းတို့၏အမည်နှင့်ယှဉ်တွဲဖော်ပြထားသောပြည်ထောင်စုဝန်ကြီးဌာနအသီးသီးတွင် ပြောင်းလဲတာ ၀န်ပေးလိုက်သည်-
          (၁)     ဦးသန့်ရှင်း                ဒုတိယ၀န်ကြီး
                                                သမ္မတရုံးဝန်ကြီးဌာန(၁)
          (၂)     ဦးချန်မောင်              ဒုတိယ၀န်ကြီး
                                                ရထားပို့ဆောင်ရေးဝန်ကြီးဌာန
          (၃)     ဦးဝင်းရှိန်                 ဒုတိယ၀န်ကြီး
                                                ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန
          (၄)     ဦးဟန်စိန်                 ဒုတိယ၀န်ကြီး
                                                ပို့ဆောင်ရေးဝန်ကြီးဌာန
          (၅)     ဦးဝင်းသန်း               ဒုတိယ၀န်ကြီး
                                                ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန
          (၆)     ဒေါက်တာမျိုးမြင့်        ဒုတိယ၀န်ကြီး
                                                ပညာရေးဝန်ကြီးဌာန
မြ၀တီသတင်းစာ   ၁၀-၇-၂၀၁၂ ရက်နေ့ထုတ်

ဓာတ်ဆီဈေးများ မြင့်တက်

Posted by drmyochit Tuesday, July 10, 2012, under | No comments


တရားမ၀င်ပြည့် တန်ဆာ အိမ်များ ရပ်ကွက်နေ အမျိုးကောင်း သမီးများ အခက်ကြုံ

Posted by drmyochit Tuesday, July 10, 2012, under | No comments


မန္တလေးတိုင်းဒေသကြီး ၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ (ဘ-၃)လူနေရပ်ကွက်များအတွင်း ထင်ထင်ေ ပ်ါပေါ်ဖွင့်စားနေသော တရားမ၀င်ပြည့်တန်ဆာအိမ်များ မည်သည့်အာဏာပိုင်အဖွဲ့အစည်းမှ အရေးယူေ ဆာင် ရွက်ခြင်းမရှိကြောင်း ဒေသခံအချို့၏ ဆက်သွယ်သတင်းပေးချက်အရ စုံစမ်းသိရှိရသည်။

”သိပ်မကြာသေးဘူး။ဂျာနယ်တစ်စောင်ကဒီပြည့်တန်ဆာအိမ်တွေကြောင့်….

ပွဲစားများကြောင့် ဆိုင်ကယ်လိုင်စင်ပြုလုပ်သူများအခက်တွေ့

Posted by drmyochit Tuesday, July 10, 2012, under | No comments


ဇူလိုင် ၁၀ ရက်နေ့ ပြည်ထောင်စုလွှတ်တော် ခေါ်ယူရန် မရှိ

Posted by drmyochit Tuesday, July 10, 2012, under | No comments

လစ်လပ်လျက်ရှိသော ဒုတိယသမ္မတ နေရာအတွက် ခုနှစ်ရက်အတွင်း အမည်စာရင်း တင်သွင်းရန် ပြည်ထောင်စု လွှတ် တော်နာယကက တပ်မတော်သား ကိုယ်စားလှယ်များ အစုအဖွဲ့ကို ပြောကြား ထားသည့် ခုနှစ် ရက်မြောက်နေ့ ဖြစ်သော ဇူလိုင်လ ၁၀ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော် ခေါ်ယူရန် မရှိဟု ကြားသိရေ ကြာင်း ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်များကပြောကြားသည်။

လွှတ်တော်ရုပ်သံလိုင်း စမ်းသပ်ထုတ်လွှင့်၊ ပြည်သူ့လွှတ်တော် ဝက်ဘ်ဆိုက်ကိုလည်း စတင်လွှင့်တင်

Posted by drmyochit Tuesday, July 10, 2012, under | No comments


ယခုလ ၄ ရက်နေ့က စတင်ကျင်းပသော လွှတ်တော်အစည်းအဝေး ကျင်းပပြုလုပ်ပုံများကို SKY Net ၏ လွှတ်တော်ရုပ်သံလိုင်းမှ စမ်းသပ်ထုတ်လွှင့်လျက်ရှိပြီး လွှတ်တော်ဆိုင်ရာ ဝက်ဘ်ဆိုက်ဖြစ်သော ပြည် သူ့လွှတ်တော် ဝက်ဘ်ဆိုက်ကိုလည်း စတင်လွှင့်တင်ထားကြောင်း သိရသည်။ ပထမအကြိမ် လွှတ်တော် များ၏ စတုတ္ထပုံမှန် အစည်းအဝေးများ ကျင်းပပြုလုပ်ပုံများကို SKY Net ရုပ်သံလိုင်း၏ လွှတ်တော် ရုပ်သံလိုင်း (Hluttaw Channel) အမည်ဖြင့် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့မှစ၍ စမ်းသပ်ထုတ် လွှင့် ပေးသွားမည်ဖြစ်ကြောင်း SKY Net ရုပ်သံလိုင်းများ ကြေညာခဲ့သည်။ “တချို့ ရုပ်သံလိုင်းတွေ ဖမ်းယူသလို Remote Setting ထဲမှာ ဝင်ရောက်ပြင်စရာ မလိုပါဘူး။ ထပ်တိုးရုပ်သံလိုင်းအဖြစ်နဲ့ ထုတ် လွှင့်ထားတာမို့လို့ အလွယ်တကူ ကြည့်ရှုနိုင်ပါတယ်။ လွှတ်တော် Channel ဆိုပြီး လွှင့်ထားတာပါ” ဟု SKY Net အရောင်းကိုယ်စားလှယ်တစ်ဦးက ပြောသည်။

ဒု-သမ္မတ အရည်အချင်း ဒေါ်အောင်ဆန်းစုကြည် ပြောဆို

Posted by drmyochit Tuesday, July 10, 2012, under | No comments


ဒုတိယ သမ္မတ အဖြစ် တင်မြှောက် ခံရမယ့်သူဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေးကို ဆောင်ရွက် ကြိုး ပမ်းမယ့်သူ ဖြစ် သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောဆိုတယ်လို့ သိရပါ တယ်။လွှတ်တော် အစည်းအ ဝေးကို ပထမဆုံးနေ့အဖြစ် တက်ရောက် စဉ် ဒေါ်အောင်ဆန်းစုကြည်ဟာ သတင်းထောက်တွေ မေးမြန်း တာ ကို ဖြေကြား ခဲ့တာပါ။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်