Thursday, July 12, 2012

ရခိုင်တွင် အကြမ်းဖက်ခံရသူများ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုပေးရန် လိုအပ်ဟု လူ့အခွင့်အရေး ကော်မရှင် ထုတ်ပြန်

Posted by drmyochit Thursday, July 12, 2012, under | No comments


ရခိုင်တွင် အကြမ်းဖက်ခံရသူများ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုပေးရန် လိုအပ်ဟု လူ့အခွင့်အရေး ကော်မရှင် ထုတ်ပြန်
ရခိုင် ဒုက္ခသည်တဦးအားတွေ့ ရစဉ်
ဆူပူ အကြမ်းဖက်မှုများကြောင့် လူမျိုးစု နှစ်စုကြား ယုံကြည်မှုများ ပျက်စီးနေသော ရခိုင်ပြည်နယ်တွင် အ ကြမ်းဖက်ခံရသူများကို ရုပ်ပိုင်းဆိုင်ရာ ပြန်လည် ထူထောင်ပေးရုံ သာမက စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ရရှိစေရေး အတွက်ပါ လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဇူလိုင်လ ၁၁ ရက်နေ့တွင် ထုတ်ပြန် ကြေညာသည်။

ထိုင်းဝန်ကြီးချုပ်နှင့်တရုတ်နိုင်ငံတော်ကောင်စီဝင်တို့တွေ့ဆုံဆွေးနွေးခဲ့ခြင်း

Posted by drmyochit Thursday, July 12, 2012, under | No comments


ထိုင်းဝန်ကြီးချုပ် ယင်လပ်သည် အလည်အပတ်ရောက်ရှိနေသော တရုတ်နိုင်ငံတော်ကောင်စီ ၀င်နှင့် ပြည် သူ့လုံခြုံရေးဝန်ကြီး မန်ကျန်ကျူးနှင့် ဇူလိုင်လ ၁၁ ရက်နေ့က တွေ့ဆုံ၍ လုံခြုံရေးနှင့် တရား ဥပဒေ စိုးမိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်သွားရန်ကတိပြုခဲ့ကြောင်း သိရှိရပါသည်။ ထိုင်းနိုင် ငံသည် တရုတ်နိုင်ငံ၏ ယုံကြည် အားထားရသောမိတ်ဖက်နိုင်ငံဖြစ်ကြောင်းနှင့် နှစ်နိုင်ငံအကြား ကျယ်ပြန့် သော မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်သွားမည်ဖြစ်ကြောင်း မန်က ကတိပြု ပြောကြား ခဲ့ပါသည်။ ထိုင်းနိုင်ငံအနေဖြင့်လည်း တရုတ်နိုင်ငံနှင့်ကျယ်ပြန့်သော မိတ်ဖက်ပူးပေါင်း ဆောင် ရွက် မှုများကိုတန်ဖိုးထားပြီး လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးအတွက် နက်ရှိုင်းစွာ ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ယင်လပ်က ကတိပြု ပြောကြားခဲ့ပါသည်။ မန်သည် ထိုင်းကြည်းတပ်ဦးစီးချုပ် ဗိုလ် ချုပ်ကြီး ပရာယုဒ်ချန်အိုချာနှင့် ဇူလိုင်လ ၁၁ ရက်နေ့ကတွေ့ဆုံ၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပြီး မဲခေါင်မြစ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် ၂၀၁၁ ခုနှစ်အတွင်း တရုတ်သင်္ဘောသား ၁၃ ဦး အသတ် ခံရမှုကို စုံစမ်းဖော်ထုတ် ရေးပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြကြောင်း သိရှိရပါသည်။ 

ဆီးရီးယားအတိုက်အခံများအနေဖြင့်အစိုးရနှင့်ဆွေးနွေးမှုများပြုလုပ်ရန် ရုရှားနိုင်ငံကတိုက်တွန်းခြင်း

Posted by drmyochit Thursday, July 12, 2012, under | No comments


ဆီးရီးယားအတိုက်အခံအဖွဲ့များအနေဖြင့် စုစည်းညီညွတ်ကြရန်နှင့် အစိုးရနှင့်ဆွေးနွေးမှုများ ပြုလုပ်ရန် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့ဗ်က ဇူလိုင်လ ၁၁ ရက်နေ့တွင် တိုက်တွန်းပြောကြားခဲ့ပါသည်။ ဆာဂျီလက်ရော့ဗ်သည် ရုရှားနိုင်ငံသို့အလည်အပတ်ရောက်နေသည့် ဆီးရီးယားအမျိုးသားကောင်စီ (SNC) ဥက္ကဋ္ဌသစ် အဗ်္ဗဒူလ်ဘာဆတ်ဆီဒါနှင့်တွေ့ဆုံဆွေးနွေးစဉ် ထိုကဲ့သို့တိုက်တွန်းခဲ့ခြင်းဖြစ်ပါသည်။ ကိုဖီ အာနန်၏ ငြိမ်းချမ်းရေးအစီအစဉ်အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးအနေဖြင့် အကြမ်းဖက်မှုများအမြန် ဆုံးအဆုံးသတ်သွားရ န်နှင့်  နိုင်ငံရေးဆွေးနွေး ပွဲများ စတင်ရန်  ဆာဂျီလက်ရော့ဗ်ကတောင်းဆိုခဲ့ပါသည်။ ဆီးရီးယားနိုင်ငံအတွင်းပဋိပက္ခများ အဆုံး သတ်နိုင်ရေးအတွက် လုံခြုံရေးကောင်စီအနေဖြင့်ကြားဝင်ကူညီဖြေရှင်းပေးရန်ဆီဒါကတောင်းဆိုခဲ့ပြီး သမ္မ တအဆတ်ရာထူးမှ မနုတ် ထွက်မချင်း အတိုက်အခံများ အနေဖြင့်အစိုးရနှင့်ဆွေးနွေး မှုပြုလုပ်မည် မဟုတ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့ပါသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး လာအိုနိုင်ငံသို့ သမိုင်းဝင်အလည်အပတ်ခရီး သွားရောက်ခဲ့ခြင်း

Posted by drmyochit Thursday, July 12, 2012, under | No comments


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်သည် နှစ်နိုင်ငံဆက်ဆံရေးများ တိုးတက်ကောင်း မွန် စေရန်ရည်ရွယ်၍ လာအိုနိုင်ငံသို့ ဇူလိုင်လ ၁၁ ရက်နေ့က အလည်အပတ်သွားရောက်ခဲ့ကြောင်း Xinhua သတင်းတစ်ရပ်အရ သိရှိရပါသည်။ အဆိုပါခရီးစဉ်သည် ၁၉၅၅ ခုနှစ်မှစ၍ အမေရိကန်နိုင် ငံခြားရေးဝန်ကြီး၏ လာအိုနိုင်ငံသို့ ပထမဆုံး အကြိမ်လာရောက်သောခရီးစဉ်ဖြစ်ပါသည်။ ၄ နာရီကြာ အဆိုပါ အလည်အပတ် ခရီးစဉ်အတွင်း ဟီလာရီ ကလင်တန်သည် လာအိုနိုင် ငံခြားရေး ၀န်ကြီး သောင် လွန်ဆိုင်ဆိုလစ်နှင့်တွေ့ဆုံ ပြီးနောက် လာအိုဝန်ကြီးချုပ် သွန်ဆင်းသမာမောင်းနှင့်တွေ့ဆုံ ခဲ့ကြောင်း၊ နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေးများ တိုးတက်ခိုင်မာအောင် ဆောင်ရွက်ရေး အတွက် ကတိပြု ခဲ့ကြကြောင်း သိရှိရပါသည်။ ထို့အပြင် နှစ်နိုင်ငံအနေဖြင့် ဗီယက်နမ်စစ်ပွဲအတွင်း မပေါက်ကွဲသေးသော ဗုံးများအားဖယ်ရှားရေးနှင့် စစ်အတွင်းကပျောက်ဆုံးသွားခဲ့သော အမေရိကန်စစ်သည်များအား ဆက်လက် ရှာဖွေရေးတို့အတွက်လည်း သဘောတူညီခဲ့ပါသည်။ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့အနေဖြင့် အာဆီ ယံဦးဆောင်သော ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုတွင် လာအိုနိုင်ငံ၏ အခန်းကဏ္ဍနှင့် ထောင် စုနှစ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များအတွက် ရှေ့ဆက်လုပ်ဆောင်မည့် လာအို နိုင်ငံ၏ လုပ်ငန်းစဉ် များနှင့်ပတ်သက်၍လည်း အဓိကထားဆွေးနွေးခဲ့ပါသည်။ အမေရိကန်အစိုးရသည် မပေါက်ကွဲ သေးသည့် ဗုံးများဖယ်ရှားရေးအတွက် ၁၉၉၃ ခုနှစ်မှစ၍ လာအိုနိုင်ငံထံသို့ အထောက်အပံ့အကူအညီအဖြစ် အမေရိ ကန်ဒေါ်လာ ၆၈ သန်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

ထိုင်းဝန်ကြီးချုပ်နှင့်တရုတ်နိုင်ငံတော်ကောင်စီဝင်တို့တွေ့ဆုံဆွေးနွေးခဲ့ခြင်း

Posted by drmyochit Thursday, July 12, 2012, under | No comments


ထိုင်းဝန်ကြီးချုပ် ယင်လပ်သည် အလည်အပတ်ရောက်ရှိနေသော တရုတ်နိုင်ငံတော်ကောင် စီဝင်နှင့် ပြည် သူ့လုံခြုံရေးဝန်ကြီး မန်ကျန်ကျူးနှင့် ဇူလိုင်လ ၁၁ ရက်နေ့က တွေ့ဆုံ၍ လုံခြုံရေးနှင့် တရား ဥပဒေ စိုး မိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်သွားရန်ကတိပြုခဲ့ကြောင်း သိရှိရပါသည်။ ထိုင်းနိုင်ငံ သည် တရုတ်နိုင်ငံ၏ ယုံကြည် အားထားရသောမိတ်ဖက်နိုင်ငံဖြစ်ကြောင်းနှင့် နှစ်နိုင်ငံအကြား ကျယ်ပြန့် သော မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်သွားမည်ဖြစ်ကြောင်း မန်က ကတိပြု ပြော ကြားခဲ့ပါသည်။ ထိုင်းနိုင်ငံအနေဖြင့်လည်း တရုတ်နိုင်ငံနှင့်ကျယ်ပြန့်သော မိတ်ဖက်ပူးပေါင်း ဆောင် ရွက်မှုများကိုတန်ဖိုးထားပြီး လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးအတွက် နက်ရှိုင်းစွာ ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ယင်လပ်က ကတိပြု ပြောကြားခဲ့ပါသည်။ မန်သည် ထိုင်းကြည်းတပ်ဦးစီးချုပ် ဗိုလ် ချုပ်ကြီး ပရာယုဒ်ချန်အိုချာနှင့် ဇူလိုင်လ ၁၁ ရက်နေ့ကတွေ့ဆုံ၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပြီး မဲခေါင်ြ မစ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် ၂၀၁၁ ခုနှစ်အတွင်း တရုတ်သင်္ဘောသား ၁၃ ဦး အသတ်ခံရမှုကို စုံ စမ်းဖော်ထုတ် ရေးပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြကြောင်း သိရှိရပါသည်။ 

ဗိတိန်ကုန်သွယ်ရေးရုံး ရန်ကုန်မှာ ဖွင့်လှစ်

Posted by drmyochit Thursday, July 12, 2012, under | No comments


မြန်မာနိုင်ငံအပေါ် အရေးယူ ဒဏ်ခတ်မှုတွေ ဖယ်ရှားပေးလိုက်တဲ့ ဗြိတိန်နိုင်ငံက ဒီကနေ့မှာတော့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ရုံးတရုံး ရန်ကုန်မြို့မှာ ဖွင့်လှစ်လိုက်ပါတယ်။ သံတမန်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအရ ဆက်ဆံမှုတွေနဲ့အတူ ဗြိတိန်၊ မြန်မာ ဆက်ဆံရေး တိုးတက်ဖို့ အတွက်ကိုလည်း ရည်ရွယ်ထားတဲ့ အကြောင်း ၂ နိုင်ငံ တာဝန်ရှိသူတွေကလည်း ပြောဆိုလိုက် ကြတာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံက အပြောင်းအလဲတွေအပေါ် တုံ့ပြန်တဲ့အနေနဲ့ ဆက်ဆံရေးတွေ တိုးမြှင့်လာနေတဲ့ ဗြိတိန်နိုင် ငံက အခုနောက်ဆုံး စီးပွားရေး အချက်အခြာ ရန်ကုန်မြို့မှာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ရုံးတရုံး ဖွင့်လှစ်လိုက်တဲ့ အထိ ဖြစ်ပါတယ်။ ကုန်သွယ်ရေးရုံးရဲ့အမှုဆောင် ညွှန်ကြားရေးမှူးချုပ် Nick Baird ကတော့ မြန်မာနိုင်ငံက ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ အာရုံစိုက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်သွား မှာ ဖြစ်တယ် လို့လည်း ရုံးဖွင့်ပွဲ အခမ်းအနားမှာ ပြောလိုက်တာပါ။ အထူးသဖြင့်ကတော့ မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ငန်းအတွက် အခြေခံ အဆောက်အအုံ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်မယ့် ရင်းနှီးမြှုပ်နှံမှု မျိုးတွေဖြစ်ဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။
“စွမ်းအင်ကဏ္ဍမှာ ကျနော်တို့ဆီက အကူအညီတွေ ဘယ်လောက် မြန်မြန်ဆန်ဆန် ရနိုင်မလဲ ဆိုတာကို လျှပ်စစ်စွမ်းအင် ၀န်ကြီးဌာနက စိတ်ဝင်စားနေပါတယ်။ ကျေးလက်ဒေသတွေ အပါအ၀င်၊ မြို့ကြီးတွေ မှာလည်း လျှပ်စစ်မီး ပုံမှန်ရနိုင်မယ့် စွမ်းအင် ထုတ်လုပ်မှုတွေကို မြန်မြန်ဆန်ဆန် လုပ်နိုင်မယ့် ဒီလို ကျွမ်းကျင်မှုမျိုးတွေကို ကျနော်တို့ဘက်က ပံ့ပိုးပေးနိုင်တယ် ဆိုတာကတော့ ကျနော့်အနေနဲ့ လုံးဝ ရှင်းပါတယ်။”
မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှု မရှိဘူးဆိုပြီး ဗြိတိန်နိုင်ငံ အပါအ၀င် အရေးယူ ပိတ်ဆို့မှုတွေ ချမှတ်ထားတဲ့ အနောက်နိုင်ငံတွေက မကြာသေးခင်နှစ်တွေက ထွက်ပေါ်လာတဲ့ အပြောင်းအလဲတွေကြောင့် ဒဏ်ခတ်မှုတွေကို လျှော့ပေါ့ပြီး အပြန်အလှန် ဆက်ဆံရေးတွေကိုလည်း တိုးမြှင့်လာခဲ့တာပါ။ အထူးသဖြင့်ကတော့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အများစု အနိုင်ရခဲ့တဲ့ ဧပြီလ လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲတွေ အပြီးမှာ ဗြိတိန်နဲ့ တခြား ဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ နိုင်ငံတွေက အရေးယူ ထားတာတွေကို ဖယ်ရှားတာ၊ လျှော့ပေါ့တာတွေ လုပ်ခဲ့တာ ဖြစ်ပါ တယ်။ ဒီအတွက် မြန်မာနိုင်ငံမှာ ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာမယ်လို့လည်း မျှော်လင့်နေကြတာပါ။ ဗြိတိန်နိုင်ငံကတော့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေအတွက် အခြေခံ လိုအပ်ချက် တခုဖြစ်တဲ့ ဘဏ္ဍာရေး လုပ်ငန်းတွေ အားကောင်းအောင် ကူညီဖို့ မျှော်လင့် ထားတယ်လို့လည်း ဗြိတိန် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာရုံးရဲ့ အမှုဆောင် ညွှန်ကြားရေးမှူးချုပ် Nick Baird ကပြောပါတယ်။
“ဘဏ္ဍာရေး  ကဏ္ဍလည်း ပါပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနေရာတွေမှာ ပုဂ္ဂလိက လုပ်ငန်းတွေ အပါအ၀င် ရင်းနှီးမြှုပ်နှံမှုတွေ သိသိသာသာ မရှိပဲနဲ့တော့ စီမံကိန်းတွေလည်း လုပ်နိုင်ကြမှာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း စီးပွားရေး အတွက်သာမကပါဘူး။ လွတ်လပ် ပွင့်လင်းပြီး တာဝန်ခံမှုရှိတဲ့ ပုံစံတွေနဲ့ အတူတကွ ပူးပေါင်း လုပ်ဆောင်တာတွေက ဒီတိုင်းပြည် တည်ငြိမ်ရေး အတွက်လည်း အထောက်အကူ ဖြစ်လာမှာပါ။”
၂ နိုင်ငံ တာဝန်ရှိသူတွေကတော့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ သာမက လူမှုရေးအရ ဆက်ဆံမှုတွေကိုလည်း တိုးမြှင့်သွားဖို့ ကတိပြု ပြောဆိုနေကြတာပါ။ လန်ဒန်အိုလံပစ် အားကစားပွဲတော် အကြိုအဖြစ် ရန်ကုန်မြို့မှာ ကျင်းပတဲ့ အခမ်းအနား အတွင်းမှာ ဆိုရင်လည်း ဆက်ဆံရေးတွေ တိုးမြှင့်နိုင်ဖို့ မျှော်လင့် ထားတဲ့အကြောင်း မြန်မာနိုင်ငံ အားကစားနဲ့ ကာယပညာ ဦးစီးဌာန ညွန်ကြားရေး မှူးချုပ် ဦးသောင်း ထိုက်က ပြောသွားပါတယ်။
“လက်ခံကျင်းပပေးနိုင်တဲ့ ဗြိတိန်နိုင်ငံရဲ့ နိုင်ငံသူ၊ နိုင်ငံသားများကိုလည်း အားကစားကိုအခြေခံပြီး ယခင်က တည်ဆောက်ထားပြီးဖြစ်တဲ့ ချစ်ကြည်ရင်းနှီးမှု၊ နားလည်လေးစားမှုတွေကို ပိုမိုတိုးတက်မြင့်မားအောင် တည်ဆောက်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။”
လူမှုရေးအရ ဆက်ဆံမှုတွေ ကျယ်ပြန့်လာနေတဲ့ အပေါ် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Andrew Heyn ကလည်း Road to London လို့ အမည်ပေးထားတဲ့ ရန်ကုန် သုဝဏ္ဏ အားကစားရုံမှာ ကျင်းပတဲ့ အခမ်းအနားမှာ ပြောသွားခဲ့တာပါ။ ဗြိတိသျှ ကုန်သွယ်ရေးရုံး ကိုယ်စားလှယ်အဖွဲ့ တာဝန်ရှိသူတွေ ဟာ မြန်မာစီးပွားရေး လုပ်ငန်းရှင်တွေ၊ အစိုးရ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆု ဆွေးနွေးမှုတွေ လုပ်ဖို့ စီစဉ်ထားတာလည်း ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံလို အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ အမေရိ ကန် ပြည်ထောင်စုက ကုန်သွယ်ရေး ကိုယ်စားလှယ် အဖွဲ့တဖွဲ့ဟာလည်း ဒီသီတင်းပတ်ကုန် မြန်မာနိုင်ငံ ကို သွားရောက်ဖို့လည်း စီစဉ်ထားတာပါ။ မြန်မာနိုင်ငံက ဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် အမေရိကန် ဘဏ္ဍာရေး လုပ်ငန်းတွေကို လုပ်ကိုင်ခွင့်ပေးတာ အပါအ၀င် မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်မှုတွေ ကို လျှော့ပေါ့ဖို့ အမေရိကန် ပြည်ထောင်စုက မေလထဲမှာပဲ ကြေညာထားတာ ဖြစ်ပါတယ်။ ဒီအစီအစဉ် တစိတ်တပိုင်း အဖြစ်နဲ့ လုပ်ငန်း လိုင်စင်တွေကို အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာနက ထုတ်ပေးဖို့ စီစဉ်နေတယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေတာ ဖြစ်ပါတယ်။
voanews

ထိုင်ဝမ်နှင့်ပတ်သက်သည့်ကိစ္စရပ်များအား ချင့်ချိန်ဆောင်ရွက်ရန် တရုတ်နိုင်ငံက ဂျပန်နိုင်ငံအားတိုက်တွန်းခဲ့ခြင်း

Posted by Anonymous Thursday, July 12, 2012, under | No comments


          ဂျပန်အစိုးရသည် နိုင်ငံအတွင်းနေထိုင်ခွင့်နှင့်ပတ်သက်၍ ဇူလိုင်လ ၉ ရက်နေ့တွင် ပြန်လည်သုံးသပ်မှုများစတင်ပြုလုပ်လျက်ရှိပြီး ဂျပန်နိုင်ငံတွင်နေထိုင်သော ထိုင်ဝမ်သား များအနေဖြင့် နေထိုင်ခွင့်ပုံစံများတွင် နိုင်ငံသား၊ သို့မဟုတ် ဒေသဟူသောအချက်ကို ဖြည့်စွက်ရာ၌ ထိုင်ဝမ်ဟုသုံးနှုန်းဖြည့်စွက်နိုင်ကြောင်း Global Times သတင်းတွင်ဖော်ပြ ထားရာ ဂျပန်အစိုးရအနေဖြင့် ထိုင်ဝမ်နှင့်ဆက်နွှယ်ပတ်သက်သောကိစ္စရပ်များကို ကိုင်တွယ်ဆောင်ရွက်ရာ၌ ချင့်ချိန်၍စဉ်းစားဆင်ခြင်ဆောင်ရွက်ရန် တရုတ်အစိုးရက ဇူလိုင်လ ၁ဝ ရက်နေ့တွင် တိုက်တွန်းပြောကြားခဲ့သည်ဟု Xinhua သတင်းတစ်ရပ်အရ သိရှိရပါသည်။ ၁၉၇၂ ခုနှစ် တရုတ်-ဂျပန်ပူးတွဲကြေညာချက်အရ ထိုင်ဝမ်သည် တရုတ်နိုင်ငံ ၏တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟူသော တရုတ်အစိုးရ၏ရပ်တည်ချက်ကို ဂျပန်အစိုးရကလည်း နားလည်လက်ခံထားသည်ဖြစ်ရာ အဆိုပါကြေညာချက်ပါစည်းမျဉ်းများနှင့်အညီ ဂျပန် အစိုးရအနေဖြင့် ဆောင်ရွက်သင့်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ လူဝေမင်းက ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်