Friday, July 13, 2012

မြန်မာ ကလေးစစ်သားပပျောက်ရေး လုပ်ငန်းအစီအစဉ် လက်မှတ်ရေးထိုး

Posted by drmyochit Friday, July 13, 2012, under | No comments


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ကလေးသူငယ်နဲ့ လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ် Radhika Coomaraswamy မြန်မာနိုင်ငံကို ဂျွန်လကုန်ပိုင်းတုန်းက လေးရက်ကြာ လာရောက်ခဲ့ပြီးတော့ ကလေးစစ်သား အသုံးပြုမှုပပျောက်ရေး ကုလသမဂ္ဂ၊ UNICEF နဲ့ မြန်မာအစိုးရကြားမှာ Action Plan လို့ခေါ်တဲ့ လုပ်ငန်းအစီအစဉ် တရပ် လက်မှတ်ထိုးပွဲ တက်ရောက်ခဲ့ပါတယ်။ သူ့ရဲ့ခရီးစဉ်နဲ့ပတ်သက်ပြီးတော့ မစ္စ် ကူးမာရ်ဆွာမိက နယူး ယောက်မှာရှိတဲ့ ကုလသမဂ္ဂဌာနချုပ်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။ ဒီအကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

အသက်၁၆နှစ်အရွယ်အမျိုးသမီး တစ်ဦး အဆိပ်သောက်သေဆုံး

Posted by drmyochit Friday, July 13, 2012, under | No comments

ရန်ကုန်တိုင်း ဒေသကြီး ကျောက်တန်းမြို့နယ် ဘုရားကုန်းကျေးရွာ အုပ်စု ကွမ်းခြံကုန်း ကျေးရွာတွင် အသက် ၁၆နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ဇူလိုင်လ ၈ ရက်နေ့ နံနက်ပိုင်းတွင် ပိုးသတ်ဆေး သောက် ကာ သေဆုံးသွားကြောင်း ယင်းမြို့နယ် ရဲစခန်းထံမှ သိရသည်။

အဆိုပါ သေဆုံးသူ၏ အမည်မှာ မအိသဉ္ဇာဖြိုးဖြစ်ပြီး ၄င်းကို ရည်းစားထား၍ မိခင်က ဆူသည့်အတွက် စိတ်ညစ်ကာပိုလိုပိုးသတ်ဆေးကို သောက်ရာရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်စဉ် သေဆုံးသွားကြောင်း ရန် ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲမှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

"ကောင်မလေးကလက်ဖက်စားပြီး အောင့်တယ် အောင့်တယ်ဆိုပြီး ဆေးရုံသွားတာ။ ဆေးရုံကတော့ အဆိပ်သင့် လက္ခဏာလို့ ကြားတာပဲ" ဟု ဘုရားကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ယင်းသေဆုံးသည့် အမျိုးသမီးကို ရန်ကုန်ဆေးရုံးကြီးက ပီအာရ်၁၄၂ ဖြင့် လက်ခံထားပြီး၊ သန်လျင်မြို့နယ် ရဲစခန်းက သေမှုသေခင်း အမှတ် ၃၆/၁၂ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ယင်းရဲစခန်းထံမှ သိရ သည်။

                                                                                                                   The Voice Weekly

မြန်မာနှင့် တရုတ် နိုင်ငံခြားရေး ဝန်ကြီးတို့ ဖနွမ်းပင်တွင် သီးခြားတွေ့ဆုံ

Posted by drmyochit Friday, July 13, 2012, under | No comments



ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပနေသော အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ကျင်းပနေစဉ် အတွင်း ဇူလိုင်လ (၁၀) ရက်နေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီး YAN JIECHI နှင့်  မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း တရုတ် ပြည်သူ့သမ္မတ နိုင်ငံက သတင်းထုတ်ပြန်သည်။

မြန်မာနှင့် တရုတ်နိုင်ငံတို့သည် ရင်းနှီးချစ်ကြည်မှု တိုးတက်ခိုင်မာ နေပြီး အပြန်အလှန် ဆက်ဆံရေး မှာလည်း အထူး ကောင်းမွန်ကြောင်း၊ တရုတ် - မြန်မာအကြား ခိုင်မြဲသော ဆက်ဆံရေးကို အရှိန်အ ဟုန် မြှင့်ရန် အဆင့်မြင့် အရာရှိကြီးများအဆင့် ဆက်သွယ်မှုများကို တရုတ်နိုင်ငံက ထိန်းသိမ်း ထား လိုကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးက ပြောကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့် စီးပွားရေး၊ ကုန်သွယ်မှုများကို ပိုမိုတိုးချဲ့ ဆောင်ရွက်လိုပြီး တ ရုတ်နိုင်ငံမှ စီးပွားရေး ကုမ္ပဏီများကိုလည်း နှစ်ဖက် အကျိုးစီးပွားအတွက် မြန်မာနိုင်ငံတွင် ရင်းနှီြး မုပ်နှံမှုများ လုပ်သွားရန် တိုက်တွန်း အားပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

မြန်မာ နိုင်ငံခြားရေး ဝန်ကြီးက တရုတ် နိုင်ငံခြားရေး ဝန်ကြီး၏ ပြောကြားချက်ကို ထောက်ခံ ကြိုဆို လိုက်ပြီး နှစ်နိုင်ငံ အကျိုးစီးပွား အတွက် မြန်မာနိုင်ငံ ဘက်ကလည်း တရုတ်နိုင်ငံနှင့် ပိုမို ရင်းရ င်းနှီးနှီး ဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း ပြောဆိုခဲ့သည်။

ယခု ကျင်းပနေသည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ ဆွေးနွေးပွဲတွင် ဒေသအတွင်း ပူးပေါင်း ဆောင် ရွက်မှုနှင့် တိုးတက်မှုများကို အလေးထား ဆွေးနွေးကြရန် တရုတ် - မြန်မာ နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး များက သဘောတူခဲ့ပြီး၊ ဒေသတွင်း တိုးတက်ရန် အတွက် အခြား နိုင်ငံများနှင့်လည်း ပူးပေါင်း ဆောင် ရွက်သွားမည်ဟု တရုတ်နိုင်ငံက ထုတ်ပြန်သည်။

၂၀၁၁ ခုနှစ်အတွင်းက မြန်မာ အစိုးရသည် ဧရာဝတီမြစ် အထက်ပိုင်းရှိ အမေရိကန် ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ အကုန်အကျခံ တည်ဆောက်မည့် မြစ်ဆုံ ဆည်တည်ဆောက်ရေး စီမံကိန်းကို ရပ်ဆိုင်းခဲ့သည်။
                                                                                                                      From : The Voice

ဒု ဗိုလ်ချုပ်ကြီး ဝေလွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဖြစ်လာမလား

Posted by drmyochit Friday, July 13, 2012, under | No comments



ရန်ကုန်တိုင်း ဒေသကြီး၏ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အဖြစ် မကြာမီက ပြောင်းလဲခန့်အပ်ခဲ့သည့် စစ်ထောက်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်အား လစ်လပ်တော့မည့် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် နေ ရာတွင်ခန့်အပ်ရန် လျာထားကြောင်း အစိုးရနှင့် နီးစပ်သည့် အသိုင်းအ၀န်းမှ သိရသည်။
ယနေ့ထုတ် အစိုးရ သတင်းစာများတွင် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၃၃ အရ ရန်ကုန်တိုင်း ဒေသကြီး တပ်မတော်သားကိုယ်စားလှယ် ဗိုလ်ကြီး လင်းလင်းကျော် ၏ နေ ရာတွင် ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင် နှင့် အစားထိုးကြောင်း ဖော်ပြထားသည်။
ယခုတိုင် တပ်မတော်၌ တာဝန်ထမ်းဆောင်ဆဲ စစ်ဘက် အရာရှိကြီးတဦးအား အရပ်ဘက် အုပ်ချုပ်ရေး သို့ ပြောင်းလဲရန် ကြိုးစားခြင်းသည် သမ္မတ ဦးသိန်းစိန်က စင်ကာပူ အခြေစိုက် The Straits Times သတင်းစာနှင့် ယမန်နေ့ တွေ့ဆုံရာတွင် ပြောဆိုခဲ့သော “တပ်မတော်အနေဖြင့် အာဏာကို ရေရှည် ဆက်လက် စွဲကိုင်မည်မဟုတ်” ဆိုသည့် စကားနှင့် ဆန့်ကျင်နေသည်။
သို့သော် မကြာသေးမီက ဖြစ်ပွားခဲ့သည့် ရာထူး အပြောင်းအလဲတွင် ဒုသမ္မတ ခန့်အပ်ရန် လျာထားခံရသည့် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေ၊ ယခု ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်အဖြစ် လျာထားခံရသည့် ဒု ဗိုလ်ချုပ် ကြီး ဝေလွင်တို့သည် ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေနှင့် နီးစပ်သူများ ဖြစ်သည်ကို တွေ့ရသည်။
ဦးမြင့်ဆွေသည် စစ်တက္ကသိုလ် အပတ်စဉ် ၁၅ ကျောင်းဆင်းဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒု ဗိုလ်ချုပ်မှူး ကြီး မောင်အေးတို့၏ လက်အောက်တွင် စစ်ဦးစီး အရာရှိ (General Staff Officer) တာဝန် ထမ်းဆောင်ခဲ့သည်။ ရန်ကုန်တိုင်းမှူး၊ အမှတ် ၅ အထူးစစ် ဆင်ရေးမှူး တာဝန်ကိုယူပြီး ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကို တိုက်ရိုက် ကိုင်တွယ် ဖြေရှင်းခဲ့သူဖြစ်သည်။
အလားတူ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်သည်လည်း ရန်ကုန်တိုင်း စစ်ဌာနချုပ်တွင် ဒုတိုင်းမှူး၊ နေပြည်တော် စစ်တိုင်းမှူး တာဝန်ယူပြီး စစ်ထောက်ချုပ်ဖြစ်လာသူဖြစ်သည်။
လစ်လပ်နေသည့် ဒု သမ္မတ ရာထူးအတွက် ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေကို အမည်စာရင်း တင်သွင်းထားခြင်း၊ ဒု ဗိုလ်ချုပ်ကြီး ဝေလွင်အား အချက်အချာကျသည့် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် အဖြစ် ခန့်အပ်ရန် စီစဉ်နေခြင်းတို့ကို လေ့လာကြည့်ခြင်းဖြင့် အစိုးရအဖွဲ့၏ နောက်ကွယ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဆက်လက် ကြိုးကိုင်နေသေးသည်ဟု နိုင်ငံရေး လေ့လာသူများက သုံးသပ်ပြောဆိုသည်။

ဒုတိယ သမ္မတ အရည်အချင်း စိစစ်မယ့်အဖွဲ့

Posted by drmyochit Friday, July 13, 2012, under | No comments



ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြည်ထောင်စု လွှတ်တော် နာယကရဲ့ အကြောင်းကြားချက် အရ လစ်လပ်နေတဲ့ ဒုတိယ သမ္မတ နေရာအတွက် တပ်မတော်သား ကိုယ်စားလှယ် အဖွဲ့က အမည်စာရင်း တင်သွင်း ထားတဲ့ပုဂ္ဂိုလ်ကို အရည်အချင်း စိစစ်ဖို့အတွက် "နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတ အရည် အချင်း ပြည့်မီမှု ရှိမရှိ စိစစ်ရေးအဖွဲ့" ကိုဖွဲ့စည်းလိုက်ကြောင်း သိရပါတယ်။

၂၀၁၃ ခုနှစ် အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို မြန်မာနိုင်ငံတွင် ကျင်းပမည်

Posted by drmyochit Friday, July 13, 2012, under | No comments


 


အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေး ဖိုရမ် WEF ၂၀၁၃ ကို မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း WEF ၏ တည်ထောင်သူနှင့် အမှုဆောင်ဥက္ကဋ္ဌဖြစ်သူ Klaus Schwab အွန်လိုင်းသတင်းဌာနသို့ ပြောကြားသွားသည်။ ထိုင်းနိုင်ငံ ဘန်ကောက်တွင် ကျင်းပပြု လုပ်ခဲ့ သည့် ယခုနှစ် ကမ္ဘာ့စီးပွားရေးဖိုရမ် အပြီးတွင် ၎င်းကို မြန်မာနိုင်ငံ စွမ်းအင် ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက မြန်မာနိုင်ငံတွင် စီးပွားရေးဖိုရမ် လာရောက်ြ ပုလုပ်ရန် ဖိတ်ကြားချက်ကို လက်ခံရရှိခဲ့ရာ ၎င်းကလက်ခံခဲ့သည်ဟု ဆိုသည်။ ပြည်ထောင်စု ၀န်ကြီး ဦးသန်းဌေးက မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦနှင့် အနေအထားမှာ လာမည့်နှစ် တွင် ကမ္ဘာ့စီးပွားရေးဖိုရမ် လက်ခံကျင်းပရန် အဆင်သင့်ဖြစ်နေပြီဟု ဆိုသည်။ ယခုနှစ်အတွက် ကမ္ဘာ့ စီးပွားရေး ဖိုရမ်တွင် “ဆက်သွယ်မှုများမှတစ်ဆင့် ဒေသ၏အနာဂတ်ကို ပုံဖော်ခြင်း” အမည်ရှိခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ အကြောင်းကို အဓိကထား ဆွေးနွေးခဲ့သည်ဟု သိရသည်။ ၀န်ကြီးက နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများသည် လူထုအတွက် အခြေခံလူထု ၀န်ဆောင် မှုများ ရရှိစေခြင်း၊ လူနေမှုအဆင့်၊ အခြေခံအဆောက်အဦနှင့် လူမှုဆိုင်ရာ ညီမျှမှုတို့ကို မြှင့်တင်ပေးခြင်းတို့အတွက် ရည်ရွယ်သည်ဟု ပြောကြားခဲ့သေးသည်။ WEF ၏ တည်ထောင်သူ Schwab က မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်ခဲ့သော သိသာထင်ရှားသည့် တိုးတက် မှုများကို အသိအမှတ်ပြုသော်လည်း လုပ်ဆောင်စရာများစွာ ကျန်နေေ သးကြောင်း ဖြည့် စွက်ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ် အာဆီယံနိုင်ငံများ ထိပ် သီး အစည်း အဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန်လည်း စီစဉ်ထားကြောင်း သတင်းရ ရှိသည်။

                                                                                                           Myanmar Express

ခိုးဝင်လာ သည့် ရိုဟင်ဂျာ များကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း သမ္မတကြီး ဦးသိန်းစိန်မှ UNHCR သို့ ပြတ်ပြတ် သားသားပြောကြားလိုက်

Posted by drmyochit Friday, July 13, 2012, under | No comments



ရိုဟင်ဂျာများ ရေလမ်းမှ တစ်ဆင့် တရားမ၀င် ၀င်ရောက်နေဆဲ မြန်မာနိုင်ငံတွင်းသို့ တိုင်း ရင်းသား မဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ေ ကြာင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က နေပြည်တော် တွင် ရောက်ရှိနေသော ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterres ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဇူလိုင်လ ၁၁ ရက်နေ့က လက်ခံတွေ့ဆုံစဉ် ပြောကြားသည်။

အမေရိကန် ဒဏ်ခတ်မှု စတင် ရုပ်သိမ်း

Posted by drmyochit Friday, July 13, 2012, under | No comments



၁၅ နှစ်ကြာ မြန်မာပြည်အပေါ် စီးပွားရေးဒဏ်ခတ် ပိတ်ဆို့ထားခြင်းကို ရုပ်သိမ်းလိုက်ပြီဟု အမေရိကန်အစိုးရက ယမန်နေ့က ကြေ ညာလိုက်သည်။
အမေရိကန် အစိုးရနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့၏ ပူးတွဲထုတ်ပြန်ေ ကြညာချက်အရ အမေရိကန် အစိုး ရအနေဖြင့် မြန်မာနိုင်ငံတွင် ဒေါ်လာ ၅ သိန်း အထက် ရင်းနှီးမြှုပ်နှံလိုသည့် မည်သည့် ကုမ္ပဏီကိုမဆို သဘောတူ စာချုပ်နှင့်တကွ ငွေကြေး စာရင်းဇယားများကို ပွင့်လင်းစွာ ရှင်းလင်းချပြရမည် ဖြစ်သည်။ သို့ရာတွင် မြန်မာ ကာကွ ယ်ရေးဝန်ကြီးဌာန၊ ယခင်စစ်အစိုးရနှင့် နီးစပ်သူ ထိပ်တန်း စီးပွားရေးသမားများအပေါ် ဆက်လက် ဒဏ်ခတ်ပိတ် ဆို့ထားမည်ဟု သိရသည်။

အင်ဒိုနီးရှားနှင့် ဂျာမနီတို့သည်နှစ်နိုင်ငံကုန်သွယ်မှု ၂၀၁၂ ခုနှစ်တွင် ၁၂ဘီလီယံအထိတိုးမြှင့်မည်ဟု ပြောကြား

Posted by drmyochit Friday, July 13, 2012, under | No comments



အခြေခံအဆောက်အဦ များတည်ဆောက်မှုသည် မိမိနိုင်ငံအတွက် များစွာအကျိုး ရှိကြောင်းနှင့် ၎င်းလုပ် ငန်း များအတွက် ပူးပေါင်းလုပ်ဆောင်သွားရန် ကမ်းလှမ်းမှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၀န်ကြီးချုပ် မာကဲက ပြောကြားခဲ့ပါသည်။ စက်မှုလုပ်ငန်းကဏ္ဍ၊ ပညာရေးကဏ္ဍနှင့် သုတေသနလုပ်ငန်းများ အပြင် အခြား ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှား သမ္မတ မှ ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံအတွက် ဂျာမနီမှ Leopard တင့်ကားအစီး ၁၀၀ ၀ယ်ယူခဲ့ ပြီး ယခုနှစ် အောက်တိုဘာလ ၅ ရက်နေ့မတိုင်မီ အင်ဒိုနီးရှားသို့ရောက်ရှိမည်ဖြစ်ပါသည်။ ၂၀၁၁ခုနှစ်တွင် အင်ဒိုနီးရှား နိုင်ငံသည် ဂျာမနီ၏ ဒဿမမြောက်ရင်းနှီးမြှုပ်နှံခဲ့သည့်နိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၅၈.၁ သန်းရှိခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံသို့ ဂျာမနီနိုင်ငံမှ အဓိကတင်သွင်းသည့်ကုန်ပစ္စည်းများမှာ စက်ပစ်္စည်းများ၊ ဆက်သွယ်ရေး နည်းပညာများ၊ ဓာတုပစ္စည်းများ၊ လျှပ်စစ် ပစ္စည်း များဖြစ် ပြီး ပြန်လည်ထုတ်လုပ်ဖြန့်ဖြူးသည့် ပစ္စည်းများမှာ လျှပ်စစ်အစိတ်အပိုင်းဆက်စပ်ပစ္စည်းများ၊ သတ္တူ များ၊ မော်တော် ယာဉ်များနှင့် ဆေးဝါးပစ္စည်း များဖြစ်ပါသည်။ အင်ဒိုနီးရှားမှ ဂျာမနီသို့ အဓိက တင်ပို့သည့် ကုန်ပစ္စည်းများမှာ ဟင်းသီးဟင်းရွက်ဆီနှင့် အဆီများ၊ စိုက်ပျိုးရေး ထွက်ကုန်များ၊ လျှပ်စစ် ပစ္စည်း အစိတ် အပိုင်းများ၊ အထည်အလိပ်များ၊ ဖိနပ်နှင့် သတ္တူရိုင်းများဖြစ်ပါသည်။


                                                                                           Xinhuanet.com;July-10(Tue)


စပိန်ဘဏ်သို့ ယူရိုငွေ ၁၀၀ ဘီလီယံထောက်ပံ့ပေးရန်သဘောတူညီခဲ့ခြင်း

Posted by drmyochit Friday, July 13, 2012, under | No comments


စပိန်နိုင်ငံ၏ ဘဏ္ဍာရေးလိုငွေပြမှုလျော့ကျစေရေးအတွက် ချေးငွေကို ၂၀၁၄ ခုနှစ်အထိ တစ်နှစ် ပိုမို ခွင့်ပြုရန်နှင့် စပိန်နိုင်ငံ၏ အကျပ်အတည်းဖြစ်ပေါ်နေသောဘဏ်များကို ကူညီရန်အတွက် ယခုလကုန် တွင် ယူရို ၃၀ ဘီလီယံ(အမေရိကန်ဒေါ်လာ ၃၇ ဘီလီယံ)ခွင့်ပြုရန် ဥရောပဘဏ္ဍာရေးဝန်ကြီးများက သဘော တူညီခဲ့ကြပါသည်။ ယူရိုငွေကြေးအသုံးပြုသော ၁၇ နိုင်ငံသည် ဇူလိုင်လလယ်၌ ငွေကြေးထောက်ပံ့ရန် စပိန်နိုင်ငံ နှင့်ပတ်သက်သည့် အကြောင်းအရာပါ နားလည်မှု သဘောတူစာချုပ်မူကြမ်းကို ၉ နာ ရီကျော်ကြာဆွေးနွေးခဲ့ပြီး နောက် သဘောတူညီခဲ့ကြကြောင်း ယူရိုဇုန်အကြီးအကဲ Jean- Claude Juncker က ပြောကြားခဲ့ပါသည်။ ယူရို ၁၀၀ ဘီလီယံအထိရှိသည့် ကယ်ဆယ်ရေးသဘောတူညီချက်အရ ယူရို ၃၀ ဘီလီယံကို ဇူလိုင်လကုန်တွင် အကျပ်အတည်းဖြစ်နေသည့် စပိန်ဘဏ်များသို့ ပထမ အသုတ် အဖြစ် ခွဲဝေသတ်မှတ်ပေးကြောင်း၊ ၎င်း ထောက်ပံ့ ငွေယူရို ၁၀၀ ဘီလီယံကို ၁၅ နှစ် အထိ နောက် ဆုံးထား၍ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရှိရပါ သည်။ EU  မှ သတ်မှတ်ထားသည့် တစ်နှစ်အ တွင်း ပြည်သူ့လိုငွေပြမှုမှာ GDP ၏ ၃ ရာခိုင်နှုန်းသို့လျှော့ချမှုအား ၂၀၁၃ ခုနှစ်သို့ တိုးမြှင့်သတ် မှတ်ပေးရန် ဘဏ္ဍာရေးဝန်ကြီးမှ သဘောတူညီခဲ့ပါသည်။ နိုင်ငံ၏ budget အခြေအနေနှင့် ပိုမိုဆိုးရွား လာသည့်စီးပွားရေးအခြေအနေတို့အပေါ်မူတည်၍ သက်တမ်းတိုးပေးရခြင်းဖြစ်ပြီး  EUမှ သတ် မှတ် ပေးထားသည့် ပြည်သူ့ဘဏ္ဍာငွေ အတွင်း နိုင်ငံ၏ လိုအပ်ချက်အားလုံးကို အကောင်အ ထည် ဖော်ဆောင်ရွက် သွားရမည်ဖြစ်ပါသည်။ စပိန်နိုင်ငံအနေဖြင့် သတ်မှတ်ထားသည့် အချိန်ကာလ အတွင်း လိုငွေ ပြမှုအား ယခုနှစ် တွင် GDP ၏ ၆.၃ ရာခိုင်နှုန်းသို့လည်းကောင်း၊ ၂၀၁၃ခုနှစ်တွင် ၄.၅ ရာခိုင်နှုန်းသို့ လည်းကောင်း၊ ၂၀၁၄ခုနှစ် တွင် ၂.၈ ရာခိုင်နှုန်း သို့လည်းကောင်း ရောက်ရှိအောင်ဆောင် ရွက်သွားရမည်ဖြစ်ပါသည်။ သဘောတူညီချက် တွင် သတ်မှတ်ထားသောဘဏ်များအတွက် တိကျသော စည်းကမ်းချက်များကို သတ်မှတ်ပေးရမည် ဖြစ်ပြီး ဘဏ္ဍာရေးနှင့်ပတ်သက်သည့်ကဏ္ဍအားလုံးတွင်လည်း စနစ်တကျကြီးကြပ်သွားရမည်ဖြစ်ပါသည်။
                                                                                       Xinhuanet.com;July-10(Tue)

အီရန်နိုင်ငံ၏စီးပွားရေးသည် ရေနံတင်ပို့ရောင်းချမှုအပေါ် မှီခိုနေရသည်မဟုတ်ဟုဆို

Posted by drmyochit Friday, July 13, 2012, under | No comments


အီရန်နိုင်ငံ၏စီးပွားရေးသည် ရေနံတင်ပို့ရောင်းချခြင်းအပေါ် လုံးလုံးလျားလျားမှီခိုအားထား နေရခြင်း မ ရှိကြောင်း အသစ်ခန့်လိုက်သောသြစတြီးယားနိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး ဟာဆန်တာဂျစ်က ဇူလိုင် လ ၁၂ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်ဟု သိရှိရပါသည်။ ဥရောပနိုင်ငံများက အီရန်နိုင် ငံ၏ ရေနံတင်ပို့ ရောင်းချမှုနှင့် စီးပွားရေးအရေးယူပိတ်ဆို့မှုများကို အခြားစီးပွားရေးကဏ္ဍများဖြင့် အစား ထိုး နိုင်စွမ်းရှိကြောင်း ၎င်းကထပ်လောင်းပြောကြားခဲ့ပါသည်။ ရေနံတင်ပို့ရောင်းချခြင်းသည် အီရန်၏ အေ ရးပါသော အစိတ်အပိုင်း စီးပွားရေးဖြစ်သော်လည်း အားနည်းချက်တစ်ရပ်မဟုတ်ကြောင်း တာဂျစ် ကပြောကြားခဲ့ပါသည်။ အီရန်နိုင်ငံ၏ ၂၀၁၁ ခုနှစ် GDP မှာ အမေရိကန်ဒေါ်လာ ၉၃၀ ဘီလီ ယံရှိကြောင်း၊ နျူကလီးယားမပြန့်ပွားရေး သဘောတူ စာချုပ်ပါ မူဘောင်အတွင်းမှဆောင်ရွက်နေသည့် အီရန်နိုင်ငံ၏နျူကလီးယားဆိုင်ရာ အခွင့်အရေးများကို အသိအမှတ်ပြုမည်ဆိုပါက အနောက်နိုင်ငံ များနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဂျစ်ကပြောကြား ခဲ့သည်ဟုသိရှိရပါသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး လာအိုနိုင်ငံသို့ သမိုင်းဝင်အလည်အပတ်ခရီး သွားရောက်ခဲ့ခြင်း

Posted by drmyochit Friday, July 13, 2012, under | No comments


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်သည် နှစ်နိုင်ငံဆက်ဆံရေးများ တိုးတက်ကောင်း မွန် စေရန်ရည်ရွယ်၍ လာအိုနိုင်ငံသို့ ဇူလိုင်လ ၁၁ ရက်နေ့က အလည်အပတ်သွားရောက်ခဲ့ကြောင်း Xinhua သတင်းတစ်ရပ်အရ သိရှိရပါသည်။ အဆိုပါခရီးစဉ်သည် ၁၉၅၅ ခုနှစ်မှစ၍ အမေ ရိကန်နိုင်ငံခြားရေးဝန်ကြီး၏ လာအိုနိုင်ငံသို့ ပထမဆုံး အကြိမ်လာရောက်သောခရီးစဉ်ဖြစ်ပါသည်။ ၄ နာရီကြာ အဆိုပါ အလည်အပတ် ခရီးစဉ်အတွင်း ဟီလာရီ ကလင်တန်သည် လာအိုနိုင်ငံခြားရေး ၀န်ကြီး သောင်လွန်ဆိုင်ဆိုလစ်နှင့်တွေ့ဆုံ ပြီးနောက် လာအိုဝန်ကြီးချုပ် သွန်ဆင်း သမာမောင်းနှင့်ေ တွ့ဆုံခဲ့ကြောင်း၊ နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေးများ တိုးတက်ခိုင်မာအောင် ဆောင်ရွက်ရေး အတွက် ကတိပြုခဲ့ကြကြောင်း သိရှိရပါသည်။ ထို့အပြင် နှစ်နိုင်ငံအနေဖြင့် ဗီယက်နမ်စစ်ပွဲအတွင်း မပေါက်ကွဲသေးေ သာဗုံးများအားဖယ်ရှားရေးနှင့် စစ်အတွင်းကပျောက်ဆုံးသွားခဲ့သော အမေရိကန်စစ်သည်များအား ဆက် လက်ရှာဖွေရေးတို့အတွက်လည်း သဘောတူညီခဲ့ပါသည်။ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့အနေဖြင့် အာဆီယံဦးဆောင်သော ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုတွင် လာအိုနိုင်ငံ၏ အခန်းက ဏ္ဍနှင့် ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များအတွက် ရှေ့ဆက်လုပ်ဆောင်မည့် လာအို နိုင်ငံ၏ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍လည်း အဓိကထားဆွေးနွေးခဲ့ပါသည်။ အမေရိကန်အစိုးရသည် မပေါက် ကွဲ သေးသည့် ဗုံးများဖယ်ရှားရေးအတွက် ၁၉၉၃ ခုနှစ်မှစ၍ လာအိုနိုင်ငံထံသို့ အထောက်အပံ့ အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၆၈ သန်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။


မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ လျှော့ချခြင်းနှင့်ပတ်သက်၍ အမေရိကန်သမ္မတ၏ ကြေညာချက်

Posted by drmyochit Friday, July 13, 2012, under | No comments






ယနေ့တွင် အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းများကို အမေရိကန် ကုမ္ပ ဏီများ တာဝန်သိတတ်စွာ လုပ်ဆောင်ခွင့်ပေးရန် ကန့်သတ်တားမြစ် ချက်များကို ဖြေလျှော့ပေး ခဲ့ပါသည်။ သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာပြည်သူလူထုသည် ဒီမိုကရေစီ လမ်းကြောင်း တစ်လျှောက် ထူးခြား သော တိုးတက်မှုများကို ဆက်လက် ဖန်တီးနေကြပါသည်။ ပိတ်ဆို့အရေးယူမှု များ ဖြေလျှော့ခြင်းသည် ပြုပြ င်ပြောင်း လဲမှုများအတွက် မိမိတို့၏ ထောက်ခံအားပေးမှုကို ခိုင်မာစွာ အချက်ပြခြင်းဖြစ် ပါသည်။ ပြုပြင်ပြောင်း လဲရေးသမားများအတွက် ချက်ချင်း အကျိုးကျေးဇူးများ ဖြစ် ထွန်းစေပါမည်။ မြန်မာပြည်သူတို့အဖို့ ထူးခြားသော အကျိုးအမြတ်များဖြစ်စေပါလိမ့်မည်။


လွှတ်တော်သတင်းထောက်များ လွှတ်တော်တွင်းဝင်ရန် လက်ဗွေနှိပ်ရမည်

Posted by drmyochit Friday, July 13, 2012, under | No comments


Fromဖိုးကျော်

လာမည့်တနင်္လာနေ့တွင် ပြုလုပ်မည့် လွှတ်တော်အစည်းအဝေးများမှစတင်ကာ လွှတ်တော်တွင် သတင်းရ ယူမည့် သတင်းထောက်များအားလုံး လက်ဗွေနှိပ်၍ လွှတ်တော် အဆောက်အဦများအတွင်းသို့ဝင်ရောက် သတင်းရခြင်းပြုရမည်ဖြစ်သည်။

ယခင်က လွှတ်တော်တွင်း သတင်းထောက်များ သတင်းယူရန် ၀င်ရာတွင် မိမိတို့၏ ၀န်ထမ်းကဒ် မှတ်ပုံတင် သို့မဟုတ် အသိအမှတ်ပြုကတ် တစ်ခုခုအားပေး၍ ၀င်ခွင့်ကတ်နှင့်လဲလှယ် ၀င်ရောက် သတင်းယူရသော်လည်း လက်ဗွေစနစ်စတင်ချိန်တွင် မိမိတို့ထံမှကတ်များပေး ရန်မလိုတော့ကြောင်း သိရသည်။

လက်ဗွေစတင်နှိပ်ရမည့် တနင်္လာနေ့တွင် သတင်းထောက်များသည် မိမိတို့၏ လက်ဗွေအား သုံးခါနှိပ်၍ လက်ဗွေအမှတ်အသားရယူမည်ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် လွှတ်တော်တွင်း သတင်းယူရန်အတွက် စာရင်းပေးသွင်းထားသည့် ပြည်တွင်း/ပြည်ပ သတင်း စာများနှင့် တီဗီအစီအစဉ်များမှ သတင်းထောက်များမှာ အယောက် ၈၀ ကျော်ရှိပြီး ပုံမှန်နေ့များတွင် တက် ရောက်သတင်းယူသူမှာ ဆယ်ဦးခန့်ရှိ၍ ထူးခြားသည့်နေ့များတွင် သတင်းရယူသူ များပြားသည်။


                                                                                                    Myanmar Express

သမ္မတကြီး ဦးသိန်းစိန် နှင့် ဟီလာရီကလင်တန်တို့ ဒုတိယအကြိမ် တွေ့ဆုံမည်


ကမ္ဘောဒီးယား နိုင်ငံတွင် ရောက်ရှိ နေသော အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီနှင့်မြန်မာ သမ္မတ ဦးသိန်းစိန်တို့ ယနေ့ (၁၃ ရက်နေ့) တွင် တွေ့ဆုံရန် ရှိ ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ အဆင့်မြင့် အရာရှိ ကြီးတစ်ဦးက ဖနွမ်းပင်တွင် သတင်းထောက်များကို ပြောကြား သည်။ 

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်