Sunday, July 15, 2012

အန်ဂျီအို တစ်ချို့ နိုင်ငံတော် ဆန့်ကျင်ရေး လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေဟု ဘင်္ဂလာဒေခ်ျ့ အစိုးရမှ ထုတ်ဖေါ်ပြောကြား

Posted by drmyochit Sunday, July 15, 2012, under | No comments

ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် အန်ဂျီအို တစ်ချို့သည် နိုင်ငံခြားမှ ငွေကြေးများဖြင့် နိုင်ငံတော်အား ဆန့်ကျင်သည့် လုပ်ငန်း တစ်ချို့တွင် ပါဝင်နေကြောင်း ဘင်္ဂလာဒေခ်ျ့ အစိုးရက တာဝန်ရှိသူ တစ်ဦးက ယမန်နေ့က ထုတ်ဖေါ် ပြောကြားလိုက်သည်။
အန်ဂျီအိုများကြောင့် ဘင်္ဂလီ အမျိုးသမီးများ အလုပ်အကိုင် အခွင့်အလန်းများ တိုးပွားလာခဲ့သည်။
“ ဒီနိုင်ငံက အန်ဂျီအို တစ်ချို့ဟာ နိုင်ငံတော်ကို ဆန့်ကျင်တဲ့ လုပ်ရပ်တွေကို ကျင့်သုံး လုပ်ဆောင်နေတာကို တွေ့နေရပါတယ်” ဟု ဘင်္ဂလာဒေခ်ျ့ လူမူရေး ၀န်ကြီးက Enamul Hoque Mostafa shahid မနေ့က ထုတ်ဖေါ် ပြောကြားသည်။
သို့အတွက် အန်ဂျီအို ၅၀၀၀အား မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်ခဲ့ရသည်ဟု ဆိုသည်။
၎င်းအန်ဂျီအိုများသည် နိုင်ငံတော်အား ဆန့်ကျင်သည့် လုပ်ရပ်များကို ဆောင်ရွက်နေ၍ မှတ်ပုံတင်ခြင်းမှ ပယ်ဖျက်ရသလို တစ်ချို့ အန်ဂျီအိုများမှာ ငွေအသုံးစာရင်းများကို စနစ်တကျ မတင်ပြနိုင်၍ ဖြစ်ကြောင်း သူက ပြောသည်။
ထိုအထဲမှ တချို့ အန်ဂျီအိုများကို လုံးဝ ပိတ်ပစ်ခဲ့ရသည်ဟု ဆိုသည်။
သို့အတွက် လက်ရှိ အစိုးရ အနေဖြင့် အန်ဂျီအိုများအား ထိန်းကျောင်းမည့် ပူးပေါင်း ဆောင်ရွက်နိုင်ရေး ဥပဒေ တရပ်ကို ပါလီမန်တွင် ပြဌာန်းရန် စီစဉ်နေကြောင်း သူက ပြောသည်။
ဘင်္ဂလာဒေခ်ျ့ရှိ အန်ဂျီအိုများကို အစိုးရ အဖွဲ့အစည်း တစ်ခုတည်း လက်အောက်တွင် ထားရှိပြီး သူတို့၏ လုပ်ဆောင်နေမူများအား (အထူးသဖြင့် စစ်သွေးကြွများနှင့် ပူးပေါင်း ဆောင်ရွက်နေမူ)များကို စောင့်ကြည့်ရန် အစီအစဉ်များလည်း ပြုလုပ်နေကြောင်း သူက ပြောသည်။
ဘင်္ဂလာဒေခ်ျ့နိုင်ငံသည် ကမ္ဘာပေါ်တွင် အစိုးရမဟုတ်သော အန်ဂျီအို အများဆုံး တည်ရှိသော နိုင်ငံ တစ်ခု ဖြစ်ပြီး အန်ဂျီအိုများကြောင့် ဘင်္ဂလာဒေခ်ျ့ ဖွံ့ဖြိုး တိုးတက်မူကို များစွာ အထောက်အကူ ပြုခဲ့သလို  တခြားတဘက်တွင်လည်း မူမမှန်သော အန်ဂျီအိုများ၏ နိုင်ငံတော် ဆန့်ကျင်ရေး လုပ်ငန်းများကြောင့် ထိခိုက်နစ်နာမူများ ရှိနေကြောင်း သိရသည်။

အမေရိကန်နှင့်ရုရှားနိုင်ငံတို့ ဆွေးနွေးပွဲတစ်ရပ်ကျင်းပပြုလုပ်ခဲ့ခြင်း

Posted by drmyochit Sunday, July 15, 2012, under | No comments


အမေရိကန်နှင့် ရုရှားနိုင်ငံတို့အကြား ဆီးရီးယားအရေး ကိစ်္စနှင့်ပတ်သက်၍ ဆက်ဆံရေး တင်းမာ မှုများ ဖြစ်ပွားနေသော်လည်း အမေရိကန်ပူးတွဲစစ်ဦးစီးချုပ်များဥက်္ကဋ္ဌ ဗိုလ်ချုပ်ကြီး မာတင်ဒမ်းဆေးသည် ရုရှားနိုင်ငံ၏ ပထမဒုတိယကာကွယ်ရေးဝန်ကြီးနှင့်စစ်ဦးစီးချုပ် နီကိုလိုင်းမာကာရော့ဗ်နှင့် ဇူလိုင်လ ၁၂ ရက်နေ့က ပင်တဂွန် တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း Newsnow သတင်းတစ်ရပ်အရသိရှိရပါသည်။ ဆီးရီးယားနိုင်ငံအပေါ် ကုလ သမဂ္ဂ လုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက်ချမှတ်မည့်အစီအစဉ်သည် လက်ခံနိုင် ဖွယ်မရှိဟု ရုရှားနိုင်ငံကဆန့်ကျင် ကန့်ကွက်လျက်ရှိစဉ် အဆိုပါ နှစ်နိုင်ငံ တာဝန်ရှိသူများေ တွ့ဆုံဆွေးနွေးပွဲ ပေါ်ထွက်လာခဲ့ခြင်းဖြစ်ပါသည်။ ၎င်းဆွေးနွေးပွဲ၌ ဥရောပဒေသအတွင်း တပ်ဖြန့် ချထားမည့် NATO ၏ ဒုံးပျံကာကွယ်ရေးစနစ်များနှင့် ပတ်သက် သည့်အစီအစဉ်များအား အဓိက ထားဆွေးနွေးနိုင်မည်ဟုမျှော်လင့်ကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် ၎င်းဒုံးပျံ စနစ်များသည် ၎င်းတို့ နိုင်ငံအားခြိမ်းခြောက်ခြင်းမဟုတ်ဟု အာမခံချက်ရရှိရေးတောင်းဆိုနေကြောင်းနှင့် NATO အဖွဲ့ကလည်း ၎င်းဒုံးပျံစနစ်များသည် အီရန်နိုင်ငံ ကဲ့သို့သော အရှေ့အလယ်ပိုင်းေ ဒသမှခြိမ်းခြောက် လာနိုင်သည့် အန္တရာယ်များအား ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်ဟု ပြောကြားလျက်ရှိကြောင်းသိရှိရပါသည်။

နိုင်ငံခြား ငွေစာရင်း ဖွင့်လှစ်မှုကို ပုဂ္ဂလိက ဘဏ် ၄ ခု၌ စတင်ဆောင်ရွက်

Posted by drmyochit Sunday, July 15, 2012, under | No comments


From : MRTV-4

ပြည်တွင်းရှိ ပုဂ္ဂလိက ဘဏ်တွေမှာ နိုင်ငံခြားငွေ စာရင်း ဖွင့်လှစ်မှု ဆောင်ရွက်နိုင်ဖို့အတွက် စီစဉ် လျက်ရှိရာ ဇူလိုင်လ ၉ ရက်နေ့က စတင်ပြီး ပုဂ္ဂလိကဘဏ်

၎ ခုမှာ စတင် ဆောင်ရွက်နိုင်ပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ဘဏ်တွင်း စာရင်းစစ်နဲ့ ဘဏ်လုပ်ငန်းများ ကြီးကြပ် စစ်ဆေးရေး ဌာနက တရားဝင် ခွင့်ပြုချက် ထုတ်ပြန် ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီလို ဇူလိုင်လ ၉ ရက်နေ့မှ စတင် လုပ်ကိုင်ခွင့် ရရှိတဲ့ ပုဂ္ဂလိကဘဏ် တွေကတော့ ကမ္ဘောဇ ဘဏ်လီမိတက်၊ အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ ဧရာဝတီဘဏ် လီမိတက်နဲ့ ယူနိုက်တက် အမရဘဏ် လီမိတက် စတာတွေ ဖြစ်ပါတယ်။

ဒီလို လုပ်ကိုင်ခွင့် ရပြီဖြစ်တဲ့ ဘဏ်တွေမှာ နိုင်ငံခြား ငွေစာရင်း ဖွင့်လှစ်မှုကို စာရင်းရှင် အပ်ငွေ စတင် ဆောင်ရွက် ပေးလျက် ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီလို နိုင်ငံခြား ငွေစာရင်း ဖွင့်လှစ်မှုမှာ အမေရိကန် ဒေါ်လာ၊ FEC ၊ စင်္ကာပူ ဒေါ်လာ၊ ယူရိုစတဲ့ ငွေကြေး အမျိုးအစား ၄ မျိုးအတွက် အပ်နှံနိုင်တာ ဖြစ်ပါတယ်။ ဒီလို အပ်နှံရာမှာ အဆိုပါငွေ အမျိုးအစား ၄ မျိုးထဲက တစ်မျိုးကို ငွေသား ၁၀၀ ရှိရုံနဲ့ စာရင်း ဖွင့်လှစ် နိုင်မှာဖြစ်ပြီး အပ်ငွေကိုတော့ ငွေသားနဲ့ ပေးသွင်း ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို နိုင်ငံခြား ငွေစာရင်း ဖွင့်လှစ်ပါက စာရင်းဖွင့် လျှောက်လွှာ၊ နိုင်ငံခြားငွေ ရရှိတဲ့ အထောက်အထားများနဲ့ နိုင်ငံသား မှတ်ပုံတင် ကဒ်ပြား စတာတွေ လိုအပ်တယ်လို့ ကမ္ဘောဇဘဏ် လီမိတက်မှ တာဝန်ရှိသူ ပြောကြားချက် အရ သိရပါတယ်။ အဲ့ဒီလို နိုင်ငံခြား ငွေစာရင်းသွင်းမှု အနေနဲ့ ကုမ္ပဏီ ဒါမှမဟုတ် အသင်းအဖွဲ့ တွေက နိုင်ငံခြား ငွေစာရင်း ဖွင့်လှစ်ပါက သင်းဖွဲ့ မှတ်တမ်း၊ သင်းဖွဲ့ စည်းမျဉ်း၊ သွင်းကုန်၊ ပို့ကုန် လုပ်ကိုင်သူ ကုမ္ပဏီ မှတ်ပုံတင် လက်မှတ် စတဲ့ အချက်အလက်တွေ လိုအပ်တယ်လို့ သိရပါတယ်။ လက်ရှိ မှာတော့ ပုဂ္ဂလိက ဘဏ် ၄ ခုမှာသာ နိုင်ငံခြား ငွေစာရင်း ဖွင့်လှစ်မှုကို စတင် လုပ်ကိုင် ဆောင်ရွက် နေတာဖြစ်ပြီး အခြားဘဏ်တွေ ကတော့ လုပ်ကိုင်ဖို့ ရှိပေမယ့် လိုအပ်ချက် အနည်းငယ် ရှိနေသေး တာကြောင့် ဆောင်ရွက်မှု မရှိသေးတာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

Saturday, July 14, 2012

ဒီမိုကရေစီစနစ်တွင် စစ်တပ်က အုပ်ချုပ်ရေးပိုင်းမှာ မပါဝင်တော့ကြောင်း သမ္မတပြောကြား

Posted by drmyochit Saturday, July 14, 2012, under | No comments


From : ခေတ်လူငယ်
မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ဖြင့် ရှေ့ဆက်သွားနေကြောင်း နိုင်ငံ၏ အုပ်ချုပ်ရေးကဏ္ဍတွင် စစ်တပ်မပါဝင်နိုင်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဇွန် ၁၁ စင်ကာပူနိုင်ငံ The Straits Times သတင်းစာနှင့် မေးမြန်းခန်းတွင် ပြောကြားလိုက်သည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က “စစ်တပ်ဟာ နိုင်ငံအနာဂတ်အတွက် အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ပေမယ့် အစိုးရမူဝါဒပိုင်းမှာ မပါဝင်ဘူး” ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။ တပ်မတော်၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ နိုင်ငံ၏ လုံခြုံရေး၊ ပြည်ပမှ ထိပါးလာမည့် အန္တရာယ်များအား ကာကွယ်ရေးအတွက် တိုင်းပြည်က အချိန်ကာလ ကြာမြင့်စွာ စစ်တပ်ကို အားကိုးခဲ့ရသည်ဟု ပြောကြားခဲ့သည်။ တပ်မတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဘောင်အတွင်း၌သာ အကန့်အသတ်ဖြင့် ပါဝင်နေရပြီး အစိုးရ သို့မဟုတ် အစိုးရ၏ မူဝါဒရေးရာများတွင် တိုက်ရိုက်ပါဝင် ပတ်သက်မှု မရှိကြောင်း ပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မကြီး ဦးဆောင်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးတွင် တိုင်းရင်းသား လူနည်းစုများနှင့် ဖြစ်ပွားနေသည့် ပဋိပက္ခများ ချုပ်ငြိမ်းမှသာ နိုင်ငံရေးပိုင်းတွင် ခေါင်းဆောင်နိုင်လိမ့်မည်ဟု ပြောကြားခဲ့သည်။ အပစ်အခတ် ရပ်စဲရေး ကမ်းလှမ်းချက် မပြီးပြတ်သေးသည့် KIA ကချင်လွတ်မြောက်ရေး တပ်မတော်နှင့်လည်း အောင်မြင်စွာ ဆွေးနွေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်ဟု ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) ဦးဌေးဦး ဟင်္သာတမြို့ ၂၀၁၁-၂၀၁၂ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်ချက်

Posted by drmyochit Saturday, July 14, 2012, under | No comments

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် ၂၀၁၁ -၂၀၁၂ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အောင်ချက် အကောင်းဆုံး ကျောင်းနှင့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများ ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ဇူလိုင်လ (၈) ရက်နေ့၊ နံနက် (၉း၀၀) နာရီတွင် ဟင်္သာတမြို့၊ အမှတ် (၁) အခြေခံ ပညာအထက်တန်းကျောင်း၊ ဟင်္သာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး၊ ဟင်္သာတမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

၂၀၁၁ - ၂၀၁၂ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အောင်ချက်အကောင်းဆုံးကျောင်း နှင့် ထူးချွန်ကျောင်း သား၊ ကျောင်းသူများ ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား၌ ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ဦးဌေးဦး မှ အဖွင့်အမှာစကားပြောကြားစဉ်

အာဆီယံမှ မြန်မာသို့ တင်သွင်းသည့် ကုန်ပစ္စည်း ၇၅၀၀ ကျော်ကို အကောက်ခွန် ကင်းလွတ်ခွင့်ပြု

Posted by drmyochit Saturday, July 14, 2012, under | No comments


ဗိုလ်ချူပ်ပြောတဲ့  တပ်မတော်ဆိုတာ...........

Posted by drmyochit Saturday, July 14, 2012, under | No comments

အာဇာနည်နေ့ အထိမ်းအမှတ်


ဒီပိုစ့်ကို အရမ်းသဘောကျလို့ ကိုcomrade ရဲ့ခွင့်ပြုချက် တောင်းခံပြီး တင်ထားခြင်းဖြစ်ပါတယ် ခင်ဗျာ...။ထပ်ဆင့်  ဖော်ပြခြင်းဖြစ်ပါတယ်။ပို စ့် ခေါင်းစဉ်ကိုတော့  ပြောင်းထားပါတယ်။

ဗိုလ်ချုပ်တို့ ကျဆုံးခဲ့တာ ၆၄ နှစ်ရှိခဲ့ပြီ။ ခုချိန်ထိ ကျွန်တော်တို့ နိုင်ငံဟာ ဗိုလ်ချုပ်မျှော်မှန်းခဲ့တဲ့ အနေအထားနဲ့ အလှမ်းကွာဆဲပဲ။ တပ်မတော်ဟာလည်း ဗိုလ်ချုပ်မျှော်မှန်းခဲ့တဲ့ တပ်မတော်မျိုး ဖြစ်ဖို့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေ အများကြီး ရှိနေဆဲပါ။ ဒီ(၆၄)နှစ် အတွင်းမှာ ဗိုလ်ချုပ်မျှော်မှန်းခဲ့တာတွေကို ကျွန်တော်တို့ဘာတွေများ ဖြစ်ဖြစ်မြောက်မြောက် လုပ်နိုင်ခဲ့သလည်းဆိုတာ ပြန်သုံးသပ်မိတယ်။ လွဲမှားခဲ့တာတွေ ဆုံးရှုံးခဲ့တာတွေ အတွက် ဝမ်းနည်းနေလို့ မပြီးသေးပါဘူး၊ ကျွန်တော်တို့ အားလုံး ကိုယ်စီ ကိုယ်စီ အားစိုက်ထုတ် ကြိုးပမ်းဖို့ အများကြီး လိုနေသေးတယ်။ ကျွန်တော်တို့တွေ ဗိုလ်ချုပ်စကားကို နားမထောင်ကြလို့ ခုချိန်ထိ မြန်မာချင်း ချကြတုန်း၊ သတ်ကြတုန်း၊ တလွဲဆံပင်ကောင်း ကြတုန်း ရှိသေးပေမယ့်၊ ဗိုလ်ချုပ်မိန့်ခွန်းတွေ ပြန်လည်ဖော်ထုတ်လာကြတာ၊ ဗိုလ်ချုပ်အမှတ်တရတွေ ရေးဖွဲ့ကြတာ၊ ဗိုလ်ချုပ်ကို မမေ့ကြောင်း ပုံတွေ စာတွေနဲ့ ဖေါ်ကျူးကြတာ အဆိုးထဲက အကောင်းပါပဲ။ အနည်းဆုံးတော့ ဗိုလ်ချုပ်ရဲ့ ရိုးဖြောင့်တဲ့ စိတ်ဓါတ်နဲ့ ဆုံးမ စကားတွေကို ကျွန်တော်တို့ မမေ့ကြသေးတဲ့ သဘောပေါ့။ လိုက်နာနိုင်ကြရင်တော့ ကျွန်တော်တို့နိုင်ငံဟာ ညီညွတ် ငြိမ်းချမ်းတဲ့ လမ်းကို နိုင်ငံသားအားလုံး အတူလှမ်းနိုင်ကြပါလိမ့်မယ်။

နိုင်ငံအပိုင်းနဲ့ ပက်သက်လို့ ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတွေနဲ့ ချိန်ထိုးပြီး သုံးသပ်သူတွေ အများအပြားရှိပြီးသားမို့ ကျွန်တော်ကတော့ တပ်မတော်နဲ့ ပက်သက်လို့ ကျွန်တော်ဉာဏ်မှီသလောက် သုံးသပ်တင်ပြ ပါရစေ။ ရုပ်ပိုင်းဆိုင်ရာ သုံးသပ်ရရင် ဗိုလ်ချုပ် မျှော်မှန်းခဲ့တဲ့ တပ်မတော်ကို မှီဖို့ အများကြီး လိုပါသေးတယ်။ လေတပ် အနေနဲ့တင် ရှေ့တန်းတိုက်ခိုက်ရေး လေယာဉ် အစင်း(၅၀၀) အနည်းဆုံး ထားရှိနိုင်ဖို့ ဗိုလ်ချုပ်က ရည်မှန်းခဲ့တာပါ။ အရန်နဲ့ ထောက်ပံ့ရေး လေယာဉ် အနည်းဆုံး အစင်း(၅၀၀)၊ ကြည်းတပ် အင်အား ၁ သန်း (၁ ၀၀၀ ၀၀၀) ထားရှိဖို့ ရည်ရွယ်ခဲ့တယ်။ တိုက်ခိုက်ရေး လေယာဉ် အစင်း(၅၀၀) ဆိုတာ အခုခေတ် လေယာဉ်တွေရဲ့ စွမ်းဆောင်ရည် မြင့်မားလာတဲ့ အတွက် အဲဒီ့ အရေ အတွက်လောက် မလိုဘူးလို့ ဆိုကောင်း ဆိုနိုင်ပေမယ့် အိမ်နီးချင်း အိန္ဒိယလေတပ်ရဲ့ လေယာဉ် အစင်း (၁၆၀၀) ကျော်၊ တရုတ်လေတပ်ရဲ့ လေယာဉ်အစင်း (၂၅၀၀) ကျော်နဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ ဗိုလ်ချုပ်က ကြည်းတပ်အင်အား ၁ သန်း ထားနိုင်ဖို့ ရည်ရွယ်ခဲ့တဲ့ အပြင်၊ နိုင်ငံသားတိုင်း စစ်ပညာတတ်စေဖို့၊ အရေးကြုံရင် အသင့် ဖွဲ့စည်း တိုက်နိုင် ခိုက်နိုင်တဲ့ အရန်အင်အား သန်းချီပြီး ပြည်သူထဲမှာ ရှိနိုင်ဖို့ အထိ ရည်ရွယ်ခဲ့ပါတယ်။ military doctrine နဲ့ ပက်သက်ရင်တော့ ဗိုလ်ချုပ်ချမှတ်ခဲ့တာ ပြည်သူ့စစ်မဟာဗျူဟာ (People's strategy) ပါပဲ။ ၁၉၄၉ ခုနှစ်မှ စတင် ထူထောင်မယ့် တရုတ်ပြည်သူ့သမ္မတနိုင်ငံကြီးကို ဗိုလ်ချုပ်ကြိုမြင်ခဲ့လေ သလား မသိပါ၊ အနာဂါတ်မှာ အရှေ့တောင် အာရှနိုင်ငံတွေ အားလုံး စုပေါင်းပြီး ပြည်ထောင်စုကြီး တစ်ခု ထူထောင်ရမယ် ဆိုတာ ကြိုတင် မိန့်ကြားခဲ့ဖူးပါတယ်။ ပထဝီနိုင်ငံရေး အရ မြန်မာနိုင်ငံအနေနဲ့ အရှေ့တောင် အာရှဒေသနဲ့ ပိုပြီး နီးကပ်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ရမယ် ဆိုတာ ဗိုလ်ချုပ် ကြိုမြင်နိုင်ခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ ပထဝီ အနေအထားအရ အင်အားတောင့်တင်း ခိုင်မာတဲ့ တပ်မတော် တစ်ရပ်မရှိလို့ မရပါ။ တပ်မတော် အင်အားရှိဖို့ အတွက်က တိုင်းပြည် အင်အားရှိဖို့ အဓိက အရေးကြီးပါတယ်။ ဘယ်သူ့သြဇာမှ မခံရတဲ့ သိက္ခာရှိတဲ့ အချုပ်အခြာပိုင် နိုင်ငံတစ်ခု အဖြစ်ရပ်တည်ချင်ရင် ကျွန်တော်တို့ ပြည်တွင်းရေး စည်းလုံးညီညွတ်မှ ရမယ်၊ ကာကွယ်ရေး စွမ်းအား တောင့်တင်းနေမှ ရမယ်။ ကိုယ့်အချင်းချင်း မတည့်လို့ သူများကို မျက်နှာချိုသွေးရတဲ့ အဖြစ်မျိုးဟာ အသည်းနာဖို့ ကောင်းလှတယ်။ မိမိတို့ရဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းအကျိုးထက် အမျိုးသား အကျိုးစီးပွားကိုသာ အဓိက အခြေခံ စဉ်းစားတတ်ကြရင် ကျွန်တော်တို့ ဒီထက်ပိုပြီး ညီညီညွတ်ညွတ်နဲ့ လုပ်စရာတွေ အများကြီး ရှိနေကြောင်း မြင်ကြရပါလိမ့်မယ်။ ကိုယ့်ဘေးက နိုင်ငံကြီး နှစ်ခုက အင်အားတွေ (နိုင်ငံရေး၊ စစ်ပွားရေး၊ စစ်ရေး) ကြီးထွားလာလိုက်တာ၊ အနောက်ကမ္ဘာမှာတောင် အိန္ဒိယနဲ့ တရုတ်တို့ အတက် ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး နေကြရပီ။ အဲ့ဒီ့နှစ်နိုင်ငံကြားက ကျွန်တော်တို့ နိုင်ငံမှာတော့ ရန်ဖြစ်လို့ ကောင်းတုန်း။ လှေတစ်စီးတည်း စီးရင်း သူလှော်မယ်၊ ငါလှော်မယ်၊ ဟိုလို လှော်မယ်၊ ဒီလို လှော်မယ်နဲ့ ရန်ဖြစ်နေကြပုံနဲ့တော့ ရှေ့က ရောက်နှင့်ကြတဲ့ လှေတွေကို မှီဖို့ ဝေးစွ လှေစီးရင်း ရန်ဖြစ်လို့ အားလုံးရေနစ်ကြရမယ့် အရေးပါပဲ။ ကျွန်တော်တို့ အချိန်မှီပြင်ကြမှ ဖြစ်မယ်။ နိုင်ငံကြီး နှစ်နိုင်ငံကြားရောက်နေတာ အဆိုးချည်းပဲတော့ မဟုတ်ပါဘူး၊ ကျွန်တော်တို့ လုပ်တတ်မယ်၊ လုပ်နိုင်မယ်ဆိုရင် ကိုယ့်အတွက် အကျိုးရှိအောင် လုပ်နိုင်တာတွေ အများကြီးပါ။ သူများကို အမှီအခို ကင်းကင်းနဲ့ ကိုယ့်ခွန်ကိုယ့်အားကို အားကိုးပြီး ရပ်တည်နိုင်ဖို့ အရင်ဆုံး ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ အချင်းချင်း စည်းလုံးကြဖို့ လိုနေပါပြီ၊ ပြီးရင်တော့ ဗိုလ်ချုပ်ပြောသလို ပြဲနေအောင် လုပ်ကြရမှ ဖြစ်လိမ့်မယ်။

တပ်မတော်ကိစ္စ သုံးသပ်ရင်းကနေ ညီညွတ်ရေး အထိ တွေးမိသွားတယ်။ ကျွန်တော်ပြောချင်တာ ပြန်ကောက်ရရင် တပ်မတော်ဟာ ရုပ်ပိုင်းဆိုင်ရင် တိုးတက်မှုတွေ အများကြီး လိုနေပါတယ်။ စိတ်ပိုင်းဆိုင်ရာနဲ့ ပက်သက်ရင်တော့ ဗိုလ်ချုပ်ဖြစ်စေချင်တဲ့ တပ်မတော်မျိုးကို ကျွန်တော်တို့ မရောက်ရှိသေးပါဘူး။ အမျိုးသားရေး လိုအပ်ချက်အရ လွတ်လပ်ရေးသမိုင်းနဲ့ အတူ မွေးဖွားလာတဲ့ တပ်မတော်ဟာ မွန်မြတ်တဲ့ စိတ်ဓါတ်နဲ့ အစဉ်အလာကောင်းတွေကို ခံယူခဲ့ပြီးသားပါ။ ဒါပေမယ့် လွတ်လပ်ပြီးစ ပြည်တွင်းစစ် ဝင်္ကပါ အတွင်းကျရောက်ခဲ့ရတာ၊ နိုင်ငံအုပ်ချုပ်ရေး အပိုင်းမှာ ကာလရှည် ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ ပါဝင်ခဲ့ရတာဟာ တပ်မတော်ရဲ့ စိတ်ဓါတ်ကို ရိုက်ခတ်မှုမျိုးစုံရှိခဲ့ပြီး အရောင်အမျိုးမျိုးလည်း ဆိုးခံခဲ့ရ ပါတယ်။ စစ်ဘက် အရပ်ဘက် ဆက်ဆံရေးမှာ အဖုအထစ် တွေလည်း ဖြစ်စေခဲ့တယ်။ တပ်မတော်ရဲ့ မူလတာဝန်ဖြစ်တဲ့ နိုင်ငံတော် ကာကွယ်ရေး တာဝန်ကို ယနေ့မှာ ပြန်လည်ထမ်းဆောင်နေရပြီ ဖြစ်တဲ့ အတွက် တပ်မတော်ရဲ့ စိတ်ဓါတ်ကို အခြေခံက စလို့ ကျွန်တော်တို့ တစ်ဦးချင်း တစ်ယောက်ချင်းကနေ စပြီး ကိုယ်စီကိုယ်စီ၊ ထိုမှ တဆင့် ကိုယ့်ရဲ့ လက်လှမ်းမှီသလောက် ပြန်လည် ပြုပြင်ကြပါစို့၊ မွန်မြတ်တဲ့ အစဉ်လာကောင်းတွေကို ထိန်းသိမ်း ကြပါစို့ဗျာ။

ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများကို အလေးပြုပါသည်။



နေမကောင်း ဖြစ်နေတာကို လာမေးရင်းနဲ့ ဂျာနယ်သမား လူငယ် တစ်ယောက်က နိုင်ငံရေးပါတီတွေနဲ့ လူတွေအကြောင်း သိချင်တာလေးတွေကို နေကောင်းတဲ့အခါ လာမေးခွင့်ပြုပါလို့ ခွင့်တောင်းတယ်။ ဘယ်သူတွေရဲ့ နောက်ကြောင်းက ဘယ်လိုမှန်း မသိတော့ ဘယ်သူ့ကို တင်ပေးရမှန်း မသိလို့ပါလို့ အကြောင်းပြတယ်။
ပွဲစားတွေလား
စကားပြောတာ ဖြစ်ဖြစ် ထမင်းဝါးတာ ဖြစ်ဖြစ် အင်နာဂျီ သုံးရတယ်။ လူကောင်းတွေလို ခန္ဓာကိုယ်ထဲမှာ အောက်စီဂျင် အလျံပယ် ရှိနေတာ မဟုတ်တော့ အင်နာဂျီသုံးပြီး တစ်ခုခု လုပ်လိုက်တာနဲ့ အောက်စီဂျင် ကုန်သွားတယ်။ ချက်ချင်း ဟောဟဲ ဟောဟဲ ဖြစ်လာတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် မလှုပ်ရှားမိအောင် သတိထားနေရတယ်။ ရောက်ကတည်းက သူပြောတာကိုသာ နားထောင်နေခဲ့ပေမယ့် နောက်ဆုံး ပြောလိုက်တဲ့ ဘယ်သူ့ကို တင်ပေးရမှန်း မသိလို့ ဆိုတဲ့ သူ့စကားကို ကြားလိုက်ရတော့ မနေနိုင်တော့ဘူး။ ချက်ချင်း တုံ့ပြန်ပြောလိုက်မိတယ်။ တင်ပေးရအောင် ဂျာနယ်သမားတွေက ပွဲစားတွေလားလို့ မေးလိုက်တယ်။
ဆက်ဆံရေးဗျူဟာ
ဒီခေတ် စာနယ်ဇင်းတွေထဲမှာ 'တင်ပေးတယ်' ဆိုတဲ့ စကား သိပ်အသုံးများတယ်။
''သမီးတို့ ဒီလို ဖြစ်လာတာ စာနယ်ဇင်းတွေက တင်ပေးလို့ပါ''
''စာနယ်ဇင်းဆိုတာ အနုပညာသမားတွေ အတွက် ပေါင်းကူးတံတားပါ'' ''စာနယ်ဇင်းတွေက မြှောက်စားလို့ ဒီနေရာ ရောက်လာတာပါ''
ရုပ်ရှင်မင်းသမီး၊ မင်းသား၊ အဆိုတော်၊ မော်ဒယ်လ် စတဲ့ ဖျော်ဖြေရေးနယ်က လူတွေက လူထုဆက်ဆံ ရေး ဗျူဟာ အနေနဲ့ ပြောတဲ့စကားတွေကို အဟုတ်မှတ်ပြီး မီဒီယာသမားတွေ ကိုယ်တိုင်က ဂုဏ်ယူနေကြတယ်။ ငါတင်ပေးလိုက်တာပေါ့ ဆိုပြီး လူထူထူရှိရင် ကြွားတတ်တယ်။ တကယ်တော့ ဒီစကားတစ်ခွန်းက သတင်းမီဒီယာသမားကို ပီအာသမား လိုလို၊ ကြော်ငြာသမား လိုလို၊ အေးဂျင့် လိုလို အဆင့်မျိုးရောက်အောင် ဆွဲချပစ်လိုက်တယ် ဆိုတာကိုတော့ မသိရှာကြဘူး။
ကြားပွဲစားမဟုတ်
သတင်းသမား ဆိုတာ သတင်းပေးဖို့က လွဲပြီး တခြား ဘာတာဝန်မှ မရှိဘူး။ အဖြစ်မှန် အချက်အလက် အမှန်ကို မိတ်ကပ် မလိမ်းဘဲ အမှန်ကို အမှန်အတိုင်း၊ အရှိကို အရှိအတိုင်း ရေးသား တင်ပြပေးဖို့သာ ဖြစ်တယ်။ ဘယ်သူ့ကိုမှ တင်ပေးဖို့ တာဝန် မရှိဘူး။ ဘယ်သူနဲ့ ဘယ်သူ့ကြားမှာမှ ပေါင်းကူး ဆက်သွယ်ပေးစရာလည်း မလိုဘူး။ သတင်းသမားဆိုတာ ဖျန်ဖြေရေးသမား (mediator) မဟုတ်သလို စေ့စပ်ရေးသမား(negotiator) လည်း မဟုတ်ဘူး။ ကြားပွဲစားလည်း မဟုတ်ဘူး။ဖျန်ဖြေရေးသမား၊ စေ့စပ်ရေးသမား ဖြစ်ဖို့က အထူး ကျွမ်းကျင်မှု လိုအပ်တဲ့ အလုပ်မျိုး ဖြစ်တယ်။ နိုင်ငံရေးကို ခြေခြေမြစ်မြစ် တတ်သိနားလည်ဖို့ လိုအပ်သလို၊ သံခင်းတမန်ခင်း (Diplomacy)ကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ရှိဖို့လိုတယ်။ လူတိုင်း လုပ်လို့ရတာမျိုး မဟုတ်ဘူး။


သတင်းသမားက ဘယ်သူ့ကိုမှ တင်မပေးဘူး၊ မြှောက်မပေးဘူး။ ဘယ်သူ မြှောက်ပေးတာ တပည့်မွေးတာမှလည်း လက်မခံဘူး။ ဘယ်သူ့ လက်ကိုင်တုတ်မှ အဖြစ်မခံရဘူး . . .
တတ်ယောင်ကားတွေရဲ့ အန္တရာယ်
အလုပ်ဆိုတာ ကျွမ်းကျင်ရာလိမ္မာ ဆိုတဲ့ စကားအတိုင်း ကိုယ်ကျွမ်းကျင်ရာကို လုပ်မှ ဖြစ်မြောက်တယ်။ ငါတို့လည်း စာဖတ်တတ်တာပဲ။ စာဖတ်ပြီးလုပ်ရင် ဘာကြောင့် မဖြစ်ရမှာလဲလို့ သဘောထားလို့ မရဘူး။ ဆေးကျောင်းတက်ပြီး စနစ်တကျ ဆေးပညာ မသင်ယူဘဲ ဆေးစာအုပ်တွေဖတ်ပြီး ဆရာဝန် လုပ်လို့မရဘူး။ ဇွတ်လုပ်ရင် ဆရာဝန် မဖြစ်ဘဲ လူသတ်သမားပဲ ဖြစ်လိမ့်မယ်။ ဒီခေတ်က အင်တာနက်ခေတ် ဆိုတော့ ဘာမဆို အလွယ်တကူ ရှာလို့ရတာကြောင့် အထူး ဆင်ခြင်သတိထားဖို့ လိုတယ်။ တတ်ယောင်ကား သမားတွေရဲ့ အန္တရာယ် သိပ်ကြီးတယ်။ မြန်မာနိုင်ငံမှာက ဒီမိုကရေစီတို့ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်တို့၊ လူ့အခွင့်အရေးတို့ ဆိုတဲ့ စကားတွေကို ကျယ်ကျယ် မပြောဝံ့တဲ့ အခြေအနေက နေပြီး ရုတ်တရက် အထိုက်အလျောက် ပြောလို့ရတဲ့ အခြေအနေကို ရောက်လာတော့ ခေတ်ပေါ် ဒီမိုကရေစီ ဂုရုတွေ နေရာပေါင်းစုံက ပေါ်ထွက်လာပြီး ဒီမိုကရေစီ တရားတွေ ဟောကြားနေကြတာ ခုတလော နေရာတကာမှာ တွေ့နေရတယ်။
သားကောင်း၊ လင်ကောင်း၊ ဖခင်ကောင်း
ဒီလို ဂုရုတွေထဲမှာ လူမျိုးစုံပါတယ်။ တချို့က လက်ဝဲသမား ယောင်ယောင် တော်လှန်ရေးသမား ယောင်ယောင်နဲ့ တောခိုတမ်း ကစားရာကနေပြီး နောက်တော့ 'နှောင်ကြိုးမဲ့ကမ္ဘာ' အကောင်းဆုံးလို့ အော်ပြီး ဖဆပလ အစိုးရက ဆုချတဲ့ ရာထူးလေး တစ်ခုနဲ့ ငြိမ့်နေတယ်။ သိပ်မကြာခင် မြန်မာ့ဆိုရှယ်လစ်ခေတ် ဆိုတာ ရောက်လာပြန်တော့ ဗုဒ္ဓအလိုကျ အညမညဟာ အမှန်ဆုံးပဲလို့ ကြွေးကြော်ပြီး ရာထူးတစ်ခု ရပြန်တယ်။ ဒီလူတွေပဲ ခုကျတော့ ဒီမိုကရေစီ ဂုရုကြီးတွေ ဖြစ်နေကြပြန်ပြီ။ တချို့ကျ အဲဒီလို မဟုတ်ဘူး။ ဘယ်ခေတ် ဘယ်အခါကမှ နိုင်ငံရေးကို စိတ်ဝင်စားမှု မရှိခဲ့ဘူး။ မရှိရုံသာ မဟုတ်ဘူး။ နိုင်ငံရေးဆိုတာ လူမိုက်တွေရဲ့ အလုပ်လို့တောင် နှာခေါင်းရှုံ့ကြသေးတာ။ ငယ်စဉ်ဘ၀ တစ်လျှောက်လုံး သားလိမ္မာလေး အဖြစ် ကြီးပြင်းလာခဲ့ပြီး အရွယ်ရောက်တော့လည်း လင်ကောင်း၊ သားကောင်း၊ ဖခင်ကောင်း တစ်ယောက် ဖြစ်အောင် စီးပွားရေးပဲ ကုန်းရုန်းပြီး လုပ်ခဲ့တယ်။
စီးပွားရေး ဂုရုကြီးတွေ
စီးပွားရေး လုပ်ရာမှာလည်း သူတို့က အင်မတန် လိမ္မာကြတယ်။ လူတိုင်းနဲ့ တည့်အောင်ပေါင်းပြီး လိုချင်တာ ရအောင် ယူတတ်တယ်။ လိုင်စင်ခေတ်မှာ လိုင်စင်ရအောင် ယူနိုင်စွမ်း ရှိသလို၊ ပါမစ်ခေတ်မှာလည်း ပါမစ်မျိုးစုံရအောင် ယူနိုင်တယ်။ အခု ခေတ်ရောက်တော့ 'တို့ခေတ်ရောက်ပြီဟေ့'လို့ လက်ခမောင်းခတ် ကြွေးကြော်ပြီး 'စီးပွားရေးဂုရု'ကြီးတွေ လုပ်နေကြတော့တယ်။ စီးပွားရေးသမားက စီးပွားရေးလုပ်တာ သဘာဝကျတယ်။ ဘာမှပြောစရာ မရှိဘူး။ ဒါပေမယ့် စီးပွားရေးကို ရိုးရိုးသားသား မလုပ်ဘဲ 'ဂုရု' ကြီးလုပ်ပြီး 'ဖရီးမားကတ်' တို့ 'လစ်ဘရယ်လိုက်ဇေးရှင်း' တို့ 'ဒီမိုကရက်တိုက်ဇေးရှင်း'တို့ လျှောက်ပြောနေတာကတော့ နားကြားပြင်းကပ်လှတယ်။
ကိုယ့်အလုပ်ကိုယ်လုပ်
စီးပွားရေးသမားက စီးပွားရေး လုပ်ပါ။ ဒါဟာ တိုင်းပြည် ကြီးပွားရာ ကြီးပွားကြောင်း တစ်ဖက်တစ်လမ်းက ပါဝင် လုပ်ဆောင်တာပဲ။ ကျောင်းဆရာက စာသင်ပါ။ ဆရာဝန်က ဆေးကုပါ။ ကားဆရာက ကားမောင်းပါ။ ဆံသဆရာက ဆံပင်ညှပ်ပါ။ ကျွမ်းကျင်ရာ လိမ္မာကြတာပဲ။ အားလုံး ကိုယ့်အလုပ်ကိုယ် လုပ်နေကြရင် ပြီးရောပေါ့။ ဆိုက်ကား နင်းတတ်တာနဲ့ မော်တော်ကား တက်မောင်းလို့တော့ ဘယ်ဖြစ်မှာလဲ။ အလားတူပဲ ကျွန်တော်တို့ သတင်းသမားတွေလည်း သတင်း အလုပ်ကို မှန်မှန်ကန်ကန်၊ တိတိကျကျ လုပ်ဖို့လိုတယ် ဆိုတာ သတိထားသင့်ကြတယ်။ သတင်းသမားရဲ့ အလုပ်က သတင်းရေးဖို့နဲ့ တချို့ သတင်းတွေကို ရှင်းသထက်ရှင်းအောင် ပိုင်းခြားစိတ်ဖြာ လုပ်ပေးဖို့ပဲ ဖြစ်တယ်။
အားတော့မရှိလှဘူး
သတင်းအလုပ်ကို 'လူထုဆက်သွယ်ရေးလုပ်ငန်း'တို့၊ ကြော်ငြာလုပ်ငန်းတို့၊ အေဂျင်စီလုပ်ငန်းတို့ ကုမ္ပဏီကြီးတွေနဲ့ ပါတီ အဖွဲ့အစည်းတွေရဲ့ ပြန်ကြားရေး အရာရှိ လုပ်ငန်းတို့နဲ့ ရောထွေး မပစ်သင့်ဘူး။ ပြောသာပြောရတာ။ အားတော့ မရှိလှဘူး။ နိုင်ငံတကာက သတင်းစာ ပညာသင်ကြားတဲ့ တက္ကသိုလ်ကြီးတွေ အတော်များများမှာ သတင်းစာပညာ ဘာသာရပ်ဟာ 'လူထု ဆက်သွယ်ရေး လုပ်ငန်း' ဆိုတဲ့ ခေါင်းစဉ်အောက်ကပဲ သင်ကြားနေကြတော့တယ်လို့ သတင်းစာပညာ သင်ကြားတဲ့ ဆရာတွေ ကိုယ်တိုင်က စိတ်ပျက်လက်ပျက် ညည်းညူသံတွေ တစ်နေ့တခြား ပိုပြီး ကျယ်ကျယ်လောင်လောင် ကြားနေရလို့ ဖြစ်တယ်။
စပွန်ဆာဆိုတာ လာဘ်ပေးတာ
မြန်မာ မီဒီယာလောကမှာ တွင်ကျယ်နေတဲ့ 'တင်ပေးတယ်' ဆိုတဲ့ စကားက 'လူထုဆက်သွယ်ရေးလုပ်ငန်း'က လာတဲ့ စကား ဖြစ်တယ်။ သတင်းလောက စကား မဟုတ်ဘူး။ သတင်းသမားက ဘယ်သူ့ကိုမှ တင်မပေးဘူး၊ မြှောက်မပေးဘူး။ ဘယ် သူမြှောက်ပေးတာ တပည့်မွေးတာမှလည်း လက်မခံဘူး။ ဘယ်သူ့ လက်ကိုင်တုတ်မှ အဖြစ်မခံရဘူး။ ဒီခေတ်စကားနဲ့ လိုတိုရှင်း ပြောရရင် ကိုယ်က ဘယ်သူ့ကိုမှ 'စပွန်ဆာ' မလုပ်ရသလို သူများက ကိုယ့်ကို 'စပွန်ဆာ' လုပ်တာလည်း ဘယ်တော့မှ လက်မခံရဘူး။ သတင်းသမားအဖို့ 'စပွန်ဆာ' လက်ခံတယ် ဆိုတာ လာဘ်ပေးလာဘ်ယူ လုပ်တာနဲ့ အတူတူပဲ။ သတင်းသမားဟာ 'စပွန်ဆာ' ကို 'ပါဏုပေတံ' အသက်ထက်ဆုံး 'ဝေရာမဏိ' ရှောင်ကြဉ်ရတယ်။
ရှက်လည်းရှက်တယ်
ဒီအကြောင်းရေးတာ အပ်ကြောင်းထပ်နေပြီ။ ဒါပေမယ့် သတင်းအလုပ်ကို ခုတုံးလုပ်ပြီး ကိုယ်ကျိုး ရှာနေတာမျိုးတွေက လျော့သွားတယ် မရှိဘူး။ ဒီဘက်ပိုင်းမှာ ပိုတောင် ဆိုးလာတယ်။ လုပ်ပိုင်ခွင့် ရှိသူတွေ နားကပ်ပြီး 'အနားပြာ' လုပ်ရင်းနဲ့ ရသမျှ အခွင့်အရေး 'ပိုက်စိပ်တိုက်' ရအောင်ယူသူနဲ့ နိုင်ငံရေးသမား လက်သစ်တွေကို တင်ပေးသလိုလို မြှောက်စားသလိုလို လုပ်ပြီး အသုံးချဖို့ ကြိုးစားသူနဲ့ သံရုံးတကာ ၀င်ထွက်သွားလာပြီး ''ကျွန်တော့်ကိုဖိတ်ပါ''လို့ မျက်နှာပြောင်တိုက် ပြောတဲ့သူနဲ့၊ စီးပွားရေး သမားတွေ အတွက် ခဏခဏ ကြော်ငြာရေးပေးပြီး ကြော်ငြာခနဲ့တန်အောင် စပွန်ဆာကြေး ကောင်းကောင်း ပြန်ယူသူနဲ့ မကြားချင်အဆုံး၊ မမြင်ချင်အဆုံး ဖြစ်နေတယ်။ ဒါကြောင့် ထပ်ခါထပ်ခါ ရေးနေရတာ ဖြစ်တယ်။စာဖတ် ပရိသတ်ကို အားလည်းနာတယ်။ရှက်လည်း ရှက်ပါတယ်။ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းနေရလို့။
စောင့်မျှော်ပေးပါ
ခုချိန်မှာ အိုစမာဘင်လာဒင် ကိစ္စ၊ လစ်ဗျား၊ ဆီးရီးယားနဲ့ ယီမင် ကိစ္စ၊ အမေရိကန်နဲ့ ပါကစ္စတန် ဆက်ဆံရေး ကိစ္စ၊ အာဖဂန်နစ္စတန် နိုင်ငံကို အိန္ဒိယသမ္မတ သွားရောက်တဲ့ ကိစ္စ၊ အစ္စရေးနိုင်ငံ အနေနဲ့ ၁၉၆၇ ခုနှစ် စစ်ပွဲ မတိုင်မီက နယ်နိမိတ် အထိ ပြန်ဆုတ်ပေးဖို့ အိုဘားမားက ပြောလိုက်တဲ့ ကိစ္စ စတဲ့ ကိစ္စပေါင်းများစွာ ကမ္ဘာ့ ထိပ်တန်း သတင်းကြီးများ အဖြစ် လူတိုင်း စိတ်ဝင်စားနေကြချိန်မှာ ဒီအကြောင်းတွေကို ခွဲခြားစိတ်ဖြာ ပြရမယ့်အစား ရေးပြီးသား အကြောင်းအရာကိုပဲ ထပ်ပြီး ရေးမိတဲ့ အတွက် စာဖတ်သူများကို တောင်းပန်ပါတယ်။ စာဖတ်သူများ စိတ်ဝင်စားတဲ့ အကြောင်းတွေကို ကြိုးစား ရေးသားသွားဖို့ စိတ်ထဲမှာ အမြဲတမ်း ရှိပါတယ်။ စိတ်ရှည်ရှည်ထား စောင့်မျှော်ပေးကြပါ။

လူထုစိန်ဝင်း

ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး (ဟင်္သာတမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ဦးဌေးဦး ယုန်သလင်းကျေးရွာနှင့် တလုထ္ထော်ကျေး ရွာ သွားလမ်း၊ ဒါးကချော

Posted by drmyochit Saturday, July 14, 2012, under | No comments

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) ဦးဌေးဦး သည် ဇူလိုင်လ (၇) ရက်နေ့ နေ့လည်ပိုင်းက ဧရာဝတီတိုင်းဒေ သကြီး အစိုးရအဖွဲ့၊ သစ်တောနှင့် သတ္တုဝန်ကြီးဌာန ၀န်ကြီးဦးစိုးမြင့်၊ ကရင် တိုင်းရင်းသား ရေးရာဝန်ကြီး ဦးမန်းသန်းရွှေတို့နှင့် အတူ ယုန်သ လင်းကျေးရွာနှင့် တလုထ္ထော်ကျေးရွာ သွားလမ်း၊ ဒါးကချောင်းပေါ် တည်ဆောက်ထားသော အလျား ၈၀ ပေ အကျယ် ၁၆ ပေ၊ အမြင့် ၂၅ ပေရှိ သံကူ ကွန်ကရစ်တံတား ဆောက် လုပ်ပြီးစီးမှုအား သွားရောက် ကြည့်ရှုခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ဦးဌေးဦး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ သစ်တောနှင့် သတ္တုဝန်ကြီးဌာန ၀န်ကြီးဦးစိုးမြင့်၊ ကရင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးမန်းသန်းရွှေတို့နှင့်အတူ ယုန်သလင်းကျေးရွာနှင့် တလုထ္ထော်ကျေးရွာ သွားလမ်း၊ ဒါးကချောင်းပေါ် တည်ဆောက်ထားသော သံကူကွန်ကရစ်တံတား ဆောက်လုပ်ပြီးစီးမှုအား သွားရောက်ကြည့်ရှုစဉ်
ဆက်လက်၍ ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) ဦးဌေးဦး သည် ယုန် သလင်းကျေးရွာ အထက်တန်းကျောင်း သို့ သွားရောက်၍ ယုန်သလင်းကျေးရွာ အထက်တန်းကျောင်း "သမူဟ" ခန်းမတွင် ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် တွေ့ဆုံအမှာစကား ပြောကြားခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး (ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ဦးဌေးဦး ယုန်သလင်းကျေးရွာ အထက်တန်းကျောင်း "သမူဟ" ခန်းမတွင် ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေး အသင်း အဖွဲ့များနှင့် တွေ့ဆုံအမှာစကား ပြောကြားစဉ်

Myanmar Express

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နှင့် ဟီလာရီကလင်တန်တို့ ကမ္ဘောဒီးယားနိုင်ငံတွင် တွေ့ဆုံမှု (ဓာတ်ပုံများ)

Posted by drmyochit Saturday, July 14, 2012, under | No comments

အစ္စရေးတွင် Iron Dome ဒုံးပျံကာကွယ်ရေးစနစ်တပ်ဖြန့်ချထားခဲ့ခြင်း

Posted by drmyochit Saturday, July 14, 2012, under | No comments


  အစ္စရေးစစ်ဘက်သည် ပင်လယ်နီဆိပ်ကမ်းမြို့ဖြစ်သော Eilat မြို့တွင် Iron Dome ဒုံးပျံကာကွယ်ရေး စနစ်တစ်ရပ်အားတပ်ဖြန့်ချထားခဲ့ကြောင်းနှင့် နိုင်ငံတစ်ဝန်းလုံးတွင် အလှည့်ကျတပ်ြ ဖန့်ချထားရေး အစီအစဉ်အရထိုကဲ့သို့တပ်ဖြန့်ချထားခြင်းဖြစ်ကြောင်း စစ်ဘက်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဇူလိုင်လ ၁၂ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ အစ္စရေးနိုင်ငံပိုင် အစ္စရေးလေကြောင်း ဆိုင်ရာ စက်မှုလုပ် ငန်းမှထုတ်လုပ်သော အဆိုပါ Iron Dome ဒုံးပျံကာကွယ်ရေးစနစ်သည် အကွာအဝေး ၄ ကီလိုမီတာ(၂.၅ မိုင်)မှ ၇၀ ကီလိုမီတာ(၄၃.၅ မိုင်) ကြားရှိ ဒုံးပျံများကိုကြားဖြတ်တိုက်ဖျက်ရန် ပုံစံရေး ဆွဲထားခြင်းဖြစ် ပါသည်။ အဆိုပါစနစ်၏ ရေဒါသည် ဒုံးပျံ၏ လမ်း ကြောင်းအားတွက်ချက်ပေးပြီး ဒုံးပျံ၏တည်နေရာအား ချက်ချင်းသတ်မှတ်ပေးပါသည်။ ၂၀၁၁ ခုနှစ် မတ်လမှ စတင်၍တပ်ဖြန့်ချထားအသုံးပြုခဲ့သော ၎င်းဒုံး ပျံကာကွယ်ရေးစနစ်သည် ဂါဇာကမ်းမြောင်ဒေသမှ အစ္စရေး တောင်ပိုင်းရှိမြို့များသို့ပစ်ခတ်သောဒုံးပျံ ၉၀ ရာခိုင်နှုန်းအား ကြားဖြတ်ဖျက်ဆီးခဲ့ပါသည်။ အမေရိကန် အထက် လွှတ်တော်သည် Iron Dome ဒုံးပျံများ ပိုမိုဝယ်ယူနိုင်ရန် အမေရိကန်ဒေါ်လာ သန်း ၆၈၀ အား အစ္စရေး သို့ကူညီပေးရန် မကြာသေးမီက အတည်ပြုသတ်မှတ်ပေးခဲ့ကြောင်းသိရှိရပါသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဖိလစ်ပိုင်အနေဖြင့် ဟောင်ယန်းကျွန်း အရေးအား မှန်ကန်စွာရင်ဆိုင်သင့်သည်ဟုပြောကြားခဲ့ခြင်း

Posted by drmyochit Saturday, July 14, 2012, under | No comments


ဖိလစ်ပိုင်အနေဖြင့် ဟောင်ယန်း (Huangyan) ကျွန်းအရေးအား မှန်ကန်စွာရင်ဆိုင် သင့်ပြီး ပြဿနာ မရှာသင့်ကြောင်းတရုတ်နိုင်ငံခြားရေးဝန်ကြီးယန်ကျိချီက ဇူလိုင်လ ၁၂ ရက်နေ့တွင်(၁၉)ကြိမ်မြောက် အာဆီယံ ဒေသတွင်းဖိုရမ် (ARF) ၏ နိုင်ငံခြားရေး ၀န်ကြီးများေ ဆွးနွေးပွဲ ၌ပြောကြားခဲ့ပါ သည်။ ဟောင်ယန်းကျွန်းသည် တရုတ်ပိုင်နက်၏ အစိတ်အပိုင်းဖြစ်ပြီး အငြင်းပွားဖွယ်ဖြစ်စေ သည့်ကျွန်း တစ်ခုမဟုတ်ကြောင်း၊ ၂၀၁၂ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် ဟောင်ယန်းကျွန်း၌ တရုတ် ငါးဖမ်းသမား များကို ဖိလစ်ပိုင်ရေတပ်က ၀င်ရောက်ဟန့်တား သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ မှုနှင့်ပတ်သက် ၍ နိုင်ငံ အချို့၏ပြောကြားချက်ကို ယန်ကျိချီက ထိုကဲ့သို့ တုံ့ပြန်ပြောကြား ခဲ့ခြင်း ဖြစ်ကြောင်းသိရှိရပါသည်။ ထို့အပြင် ယန်ကျိချီသည် ကိုရီးယားနျူကလီးယားကိစ္စ၊ မြန်မာနိုင်ငံရေး၊ ဆီးရီးယားအရေးနှင့် အီရန်နျူ ကလီးယားကိစ္စတို့နှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏သဘေားထားကို အဆိုပါ ဆွေးနွေးပွဲတွင် အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ဦးသိန်းစိန် ထိုင်းခရီးစဉ် ဇူလိုင် လကုန်ပိုင်း သွားရောက်ရန်ရှိ

Posted by drmyochit Saturday, July 14, 2012, under | No comments


သမ္မတ ဦးသိန်းစိန်၏ ထိုင်းနိုင်ငံသို့ ၃ ရက်ကြာ သွားရောက်မည့် ခရီးစဉ်ကို လာမည့် ဇူလိုင် ၂၂ ရက်တွင် စတင် ဖြစ်ကြောင်း သိရ သည်။ ယင်းခရီးစဉ်သည် ပြီးခဲ့သည့် မေလ ကုန်ပိုင်းက ဘန်ကောက်မြို့တွင် ကျင်းပသော ကမ္ဘာ့ စီးပွားရေး ဖိုရမ်(WEF) အခမ်း အနား တက်ရောက်ရန် အစီအစဉ်မှ ရွှေ့ဆိုင်း ခဲ့ခြင်းဖြစ်ကြောင်း၊ WEF အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောသည့် အစီ အစဉ်ကြောင့် ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်ကြောင်း သတင်းများက ဆိုသည်။ 

                                                                                                          burma.irrawaddy  

ဗဟိုဘဏ်၏ ပိုင်ဆိုင်မှုစာရင်းများကို အများပြည်သူ သိရှိစေရန် မကြာမီကာလအတွင်း ထုတ်ပြန်ပေးမည်

Posted by drmyochit Saturday, July 14, 2012, under | No comments

လက်ရှိအချိန်ကာလ၌ ဗဟိုဘဏ်၏ နိုင်ငံခြား ငွေစာရင်းတွင် အမေရိကန်ဒေါ်လာ ၇ ဘီလျံထိရှိနေပြီး မကြာမီ ကာလအတွင်း ဗဟိုဘဏ်တွင် ရှိနေသော ရွှေ၊ ငွေနှင့် နိုင်ငံခြားငွေများအား အများပြည်သူ သိရှိစေရန် ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးသန်းလွင်က ဇူလိုင်လ ၅ရက်နေ့ Chatrium Hotel တွင် ကျင်းပပြုလုပ်သော အာဆီယံ စီးပွားရေး အသိုက်အ၀န်းဆိုင်ရာ ဆွေးနွေးပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်။

ဒေါ်နန်းဝါနု၏ အဆိုကို လွှတ်တော်က အတည်ပြု

Posted by drmyochit Saturday, July 14, 2012, under | No comments


၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်၊ ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် ကွန်ဟိန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနု က
 ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၃ အရ အရေးကြီးကိစ္စတစ်ရပ်ကို ဆွေးနွေးရန် ပြည်သူ့ လွှတ်တော်ဥက္ကဌ ထံသို့ စာဖြင့်ရေးသားပြီး အဆို

တစ်ရပ်အဖြစ် တင်ပြလာခဲ့ရာ ပြည်သူ့လွှတ်တော် ဥက္ကဌ ခွင့်ပြုခဲ့ပါသည်။

အလယ်တန်းနှင့် မူလတန်း ကျောင်းအုပ်များ၏ လစာအား တိုးမြှင့်ပေးသွားမည်

Posted by drmyochit Saturday, July 14, 2012, under | No comments


စွမ်းဆောင်ရည် မြင့်မားပြီး လူမှုစီးပွား အဆင့်အတန်း မြင့်မားလာစေရန်အတွက် အလယ်တန်း ကျောင်းအုပ် ရာထူးနှင့် မူလတန်း ကျောင်းအုပ် ရာထူးများ၏ လစာနှုန်းထားများကို ပြင်ဆင်တိုးမြှင့်သွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ထိုသို့ သီးခြားလစာစရိတ် တိုးမြှင့်ပေးမှုမှာ လက်ရှိ အစိုးရလက်ထက်တွင် ပထမဆုံးသော အစီအစဉ် ဖြစ်သကဲ့သို့ ပညာရေးလောက အတွက်လည်း ထူးခြားသော အစီအစဉ်တစ်ရပ် ဖြစ်သည်ဟု ပညာရေးအသိုင်းအဝိုင်းများမှ ပုဂ္ဂိုလ်များက သုံးသပ်ခဲ့ကြသည်။ ‘နိုင်ငံတော်အနေနဲ့ ရှေ့အလားအလာကို ကြည့်ပြီး လုပ်ဆောင်တာဖြစ်လို့ ကြိုဆိုပါတယ်။ ပညာရေး လောကရဲ့ လိုအပ်နေတဲ့ အနေအထားကို တွေ့မြင်လို့ ပြင်ဆင်ပေးတာလို့လည်း ယူဆလိှု့ရတယ်’ ဟု အငြိမ်းစား ကျောင်းအုပ်ဆရာမတစ်ဦးက သုံးသပ်သည်။ အလယ်တန်း ကျောင်းအုပ်ဆရာတစ်ဦး၏ လက်ရှိလစာ ၆၄၀၀၀ ကျပ်ဖြစ်ပြီး နောင်တွင် ကျပ်တစ်သိန်းတစ်သောင်းသို့ လည်းကောင်း၊ မူလတန်း ကျောင်းအုပ်ရာထူး၏ လက်ရှိလစာ နှုန်းထားမှာလည်း ကျပ် ၅၈၀၀၀ မှ နောင်တွင် ၆၄၀၀၀ ကျပ်သို့ တိုးမြှင့်ပေးသွားမည် ဖြစ်သည်ဟု သိရသည်။ ‘လစာနှုန်းထား တိုးပေးမယ်ဆိုတော့ ပိုပြီး လုပ်ကိုင်လာနိုင်တယ်။ ဒါက ကျွန်တော်တို့ မျှော်လင့်မထားဘဲ ရလာတဲ့ အခွင့်အရေးပါ’ ဟု ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အလယ်တန်း ကျောင်းအုပ်ဆရာတစ်ဦးက ဆိုသည်။ မြန်မာနိုင်ငံတွင် အလယ်တန်း ကျောင်းအုပ် ၂၂၃၁ ဦး၊ မူလတန်းကျောင်းအုပ် ၃၆၁၆၈ ဦးရှိကာ လက်ရှိဝန်ထမ်းများ၏ အရည်အသွေး အရည်အချင်းများကို စိစစ်ပြီး တိုးမြှင့်ပေးသင့်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကြူက နိုင်ငံပိုင် သတင်းစာသို့ ပြောကြားထားချက်အရ သိရသည်။ ထို့အပြင် မူလတန်းပြဆရာ၊ ဆရာမ ၆ သောင်းကိုလည်း လုပ်သက်၊ ပညာအရည်အချင်းများ စိစစ်ပြီး အလယ်တန်းပြများအဖြစ် ရာထူးတိုးမြှင့်ပေးဖို့ ရှိကာ နိုင်ငံတော်အနေဖြင့် မူလတန်းပြဆရာတစ်ဦး လစာ ၅၂၀၀၀ ကျပ် အလယ်တန်းပြ လစာ ၅၈၀၀၀ ကျပ် ပေးထားကြောင်း သိရသည်။ နိုင်ငံတော်အနေဖြင့် နိုင်ငံတဝှမ်း ကျောင်းများအတွက် ထပ်မံခန့်အပ် ဖြည့်ဆည်းပေးရမည့် ဆရာ၊ ဆရာမ အရာထမ်း ၆၉၅ ဦး ၊ အမှုထမ်း ၁၉၇၇၀ ၊ ဝန်ထမ်း ၄၄၂၂ ဦး စုစုပေါင်း ၂၄၈၈၇ ဦးတို့ကို နှစ်အလိုက် တိုးချဲ့ခန့်သွားရန်ရှိပြီး ယင်းဝန်ထမ်းများ၏ တစ်လ လစာစရိတ် ငွေကျပ် ၁၃၄၀ ဒသမ ၇၆၂ သန်းနှုန်းဖြင့် တစ်နှစ်အတွက် ငွေကျပ် ၁၆၀၈၉ ဒသမ ၁၄၄ သန်း ကျခံ သုံးစွဲသွားမည်ဟု သိရကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၁၇ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။
   From : ခေတ်လူငယ်

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်