Sunday, July 15, 2012

ဖူးတွေ့ခွင့်ရတော့မည့် သမိုင်းတန်ဖိုးကြီးမားလှသော ခေါင်းလောင်းတော်ကြီးဓမ္မစေတီ

Posted by drmyochit Sunday, July 15, 2012, under | No comments




ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်နှင့် သမိုင်းတန်ဖိုးအလွန်ကြီးမားလှသောဓမ္မစေတီ ခေါင်းလောင်း တော်ကြီးကို စင်္ကာပူနိုင်ငံမှ S.D markInternational LLP ကုမ္ပဏီတစ်ခုမှ အမေရိကန် ဒေါ်လာငွေ(၁၀)သန်း အကုန်အကျခံကာရှာဖွေဆယ်ယူပေးရန်  စီစဉ်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ခေါင်းလောင်းကြီးမှာ ရန်ကုန်မြစ်နှင့်ပဲခူးတို့ဆုံရာပန်းအလွဲမြစ်အတွင်း နှစ်ပေါင်း(၄၀၀)ခန့် နစ်မြှုပ်ပျောက်ကွယ်နေ ခဲ့ခြင်းဖြစ်သည်။

ခေါင်းလောင်းကြီးမှာ အရွယ်အစားအားဖြင့် စောက်(၁၂)တောင်၊အ၀(၈)တောင်ရှိပြီး အလယ်ဖောင်းရစ်ရစ်တွင်   နှစ်ကျိပ်ရှစ်ဆူ ပါသောဖောင်းကြွဘုရား(၂၈)ဆူပါပြီး ၄င်း၏အပေါ်ဖက်တွင် အတွဲတစ်တွဲလျှင် ကျောက်သံပတ္တမြား(၄၅)လုံးပါရှိ ရှိသော အတွဲ(၄၅)တွဲ၊ အတန်း(၂)တန်းပါရှိသဖြင့်စုစုပေါင်းကျောက်သံပတ္တမြားပေါင်း (၄၀၅၀)လုံးပါရှိကြောင်းသမိုင်းအထောက်အထားများတွင် ဖတ်ရှုလေ့လာခဲ့ရသည်။

ဓမ္မစေတီခေါင်းလောင်းတော်ကြီး၏ ရာဇ၀င်သမိုင်းကြောင်းကိုပြန်လည်လေ့လာကြည့်ရာ၌ မြန်မာ့သမိုင်းတွင် မွန်တို့၏ မဂဒူမင်းဆက်(၁၆)ဆက်မြောက်မွန်ဘုရင်စမ္မစေတီမင်းသည် ဟံသာဝတီ(ယခုပဲခူး)မှအုပ်စိုးပြီး ၁၄၈၀ ခုတွင် အမတ်ကြီး ဗညားအိန်အားခေါင်းလောင်းအဖြစ်သွန်းစေခဲ့ရာ ပဲခူးရွှေမော်စောဘုရား ရာဟုထောင့် အနောက်ဖက် မြေကွက်လပ်၌၁၄၈၄ ခုဖေဖော်ဝါရီ(၅)ရက်၊ ခရစ်နှစ်(၁၄၇၆)ခုနှစ် တပေါင်းလဆန်း(၈)ရက်နေ့တွင်  ပွဲသဘင်ကျင်းပ၍  သွန်းလောင်းခဲ့ကြောင်းသိရှိရသည်။

 ထိုစဉ်က အခါပေးသော ဆရာတို့မှာဇေယျဗာဟု၊ ရာဇဗာဟု၊ပဲခူးသမုတ္တရာနန္ဒစည်သူကျော်၊   သံဃရာဇာဆရာတို့ဖြစ်ကာ   လောကညဏပဏ္ဍိတ်အမတ်ကခေါင်းလောင်းသွန်းလောင်းသောအချိန်မှာ မိချောင်းနက္ခတ်ဖြစ်သဖြင့်အသံကောင်းစွာမမြည်နိုင်ဟု   ပြောကြားခဲ့ သည်။

၎င်းပြောကြားချက်နှင့်ပတ်သက်၍ဘုရင်ကမမှန်လျှင်ဆွေခုန်နှစ်ဆက်မျိုးခုနှစ်ဆက် အပြစ် ပေးမည်။မှန်လျှင်သူကောင်းပြုမည်ဟု မိန့်တော်မှုခဲ့ရာခေါင်းလောင်းကြီးပြီးသောအခါတွင် အသံမမြည်သော ကြောင့်လောကညဏပဏ္ဍိတ်အမတ်အား  `ရာဇပရောဟိတ´ဘွဲ့တော်ချီးမြှင့်ခဲ့ကြောင်းလေ့လာသိရှိရသည်။

ခေါင်းလောင်းတော်ကြီး၏ ဘွဲ့တော်မှာ အ၀ိန္ဒဆောက် ခေါင်းလောင်းတော်ဖြစ်ပြီးအလေးချိန်ပိဿ (၁၈၀၀၀၀)(တန်ချိန် ၂၉၀)ရှိကာ ဓမ္မစေတီမင်းက သီတင်းကျွတ်လပြည့်နေ့တွင် ရွှေတိဂုံစေတီပေါ်သို့  တင်လှူပူဇော်ခဲ့သည်။

အဆိုပါ ဓမ္မစေတီခေါင်းလောင်းတော်ကြီးအား ရွှေတိဂုံစေတီတော်ကြီး၌ နှစ်ပေါင်း(၁၂၃)နှစ် အပူဇော်ခံ ထားရှိခဲ့ရာခရစ်နှစ် (၁၆၁၂)ခုနှစ်အောက်တိုဘာ(၂၈)ရက်နေ့တွင် သံလျင်မြို့စားပေါ်တူဂီလူမျိုး ဖီးလစ်ဒီဘရစ်တို (ဇင်ကာ)က လက်နက်ခဲယမ်းပြုလုပ်ရန်ရွှေတိဂုံစေတီတော်ပေါ်မှ သန်လျှင်သို့သယ်ယူခဲ့ရာ ပဲခူးမြစ်ငမိုးရိပ်ချောင်းနှင့် ရန်ကုန်မြစ်တို့ဆုံရာဒေါပုံမြစ်၊ပန်းအလွဲမြစ်တွင်ဖောင်နစ်မြှပ်ကာရေသို့ ကျခဲ့ခြင်းဖြစ်သည်။

ခေါင်းလောင်းတော်ကြီးအားပြန်လည်ဆယ်ယူရေးအတွက် ခေတ်အဆက်ဆက်တွင်အားထုတ်ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ ၁၉၈၇ ခုနှစ်တွင် ဒေါက်တာမျိုးမြင့်ဦးဆောင်သော အဖွဲ့မှ ပထမအကြိမ် ရှာဖွေခဲ့ပြီး (၁၉၈၉)ခုနှစ်တွင် ပက်စီဦးသိန်းထွန်း၏   ငွေကြေးအကူ အညီဖြင့် ဒုတိယအကြိမ် (၁၉၉၇) ခုနှစ်တွင်နိုင်ငံတော်မှ ဆယ်ယူရန် ခေါင်းလောင်းတော်ကြီး ဆယ်ယူရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်း ဆောင်ရွက်ခဲ့သည်။ (၁၉၉၈)ခုနှစ် မေလ (၉)ရက်မှ (၁၈)ရက်အထိဒေါ်ခင်အေးသိန်းနှင့် အဖွဲ့ကထပ်မံရှာဖွေခဲ့ရာ မအောင်မြင်ခဲ့ပေ။

ခေါင်းလောင်းတော်ကြီးပြန်လည်ဆယ်ယူရေးလုပ်ငန်းများကိုအဆင့်ဆင့်ဆောင်ရွက်ခဲ့ကြရာတွင် ထူးခြားစွာတွေ့ရှိချက်များအနေဖြင့် (၁၉၈၇)ခုနှစ်တွင် ရှာဖွေခဲ့သော ဒေါက်တာမျိုးမြင့်နှင့် ဦးကျော်တို့အဖွဲ့အနေဖြင့် ခေါင်းလောင်းတော်ကြီးအား   ရေငုပ်ရှာဖွေရာ တွင်ရေငုပ်ရှာဖွေခဲ့သူ ဦးကြိုင်နှင့် ဦးထွန်းရင် တို့သည်ခေါင်းလောင်းတော်ကြီး  နေရာတွင်ရပ်မိခဲ့ကြောင်းဂျင်းကောင်များ ကပ်နေကြောင်း၊ အဖွဲ့ဝင်ဦးဖုန်းမြင့်ကျော်ရေအောက်သို့ဆင်းသွားသော် ဂျင်းပုံကြီးပေါ်မရောက်ပေ။ ယင်းအဖွဲ့တွင်ပါဝင်သော သမိုင်းညာရှင် ဦးကျော် ကိုယ်တိုင်ယင်းနေရာသို့ဆင်း၍ရှာဖွေခဲ့ရာ ဂျင်းပုံကြီး ရှိသော နေရာသည်ခေါင်းလောင်းတောင်ကြီးရှိသော   နေရာဟု ရေငုပ်သူ (၃) ဦးစလုံးက အသိအမှတ်ပြုခဲ့ကြသည်။

(၁၉၈၈)ခုနှစ်တွင် ဦးကြိုင်နှင့်အဖွဲ့ဝင်သုံးဦး၏အဖွဲ့သည်ဒုတိယအကြိမ်အဖြစ် ခေါင်းလောင်းတော်ကြီး ကို ဆက်လက်ရှာဖွေခဲ့ကြရာပထမအကြိမ်ရှာဖွေစဉ်က တက်နင်းမိခဲ့သော ခေါင်းလောင်းတော်ကြီးအပေါ်ထိပ်ဝိုင်း ဂျင်းပုံကြီးကိုပြန်လည်ရှာဖွေတွေ့ရှိခဲ့သည်။

တတိယအကြိမ်ရှာဖွေရာတွင် အမေရိကန်နိုင်ငံသားများ ဂျင်မ်ဘလန့် Jim Blunth က(၁၉၉၅)ခုနှစ် တွင်သက်ဆိုင်ရာသို့ခွင့်ပြုချက် ရယူပြီးခေါင်းလောင်းတော်ကြီးအား ရှာဖွေမူပြုခဲ့ရာတွင် ခေတ်မီရေအောက် ရှာဖွေရေးကိရိယာ Solar ခေတ်မီရေငုတ် ကိရိယာများဖြင့် သုံးလအတွင်းရေငုပ်စူးစမ်းရှာဖွေမှု (၁၁၅)ကြိမ် ပြုလုပ်ခဲ့ရာ ဂျင်မ်ဘလန့်ကခေါင်းလောင်းတော်ကြီးကိုလက်ဖြင့် ထိစမ်းခဲ့ဖူးပါတယ်ဟု အတိအလင်းအခိုင်အမာပြောခဲ့ကြောင်း သိရသည်။

၁၉၉၈ ခုနှစ် ဇွန်လတွင် ဒေါ်ခင်အေးသိန်းအဖွဲ့မှ ရေငုပ်လုပ်သားကိုအောင်ကျော်သည် ရေငုပ်ရှာဖွေစဉ် အမြင့် (၁၂) ပေ၊   အောင်ခြေ ပေ(၃၀)ကုန်းကမူတစ်ခုကို တွေ့ရှိကာ အခြားရေငုပ်သမား တစ်ဦး ဖြစ်သူကိုထွန်းနိုင်ကလည်း ယင်းကုန်း ကမူကို တွေ့ရှိခဲ့ပြီး ဒေါ်ခင်အေးသိန်းကအခြားရေငုပ်သမား နှစ်ဦး ဌားရမ်းရေးငုပ်ရှာဖွေခဲ့ရာ ယခင်အတိုင်းကုန်းကမူကြီးရှိကြောင်း အတည်ပြု ပြောကြားခဲ့သည်။

        ဆဋ္ဌမအကြိမ် သြစတေးလျနိုင်ငံမှ မှတ်တမ်းသတင်းရိုက်ကူးသူနှင့်စူးစမ်းရှာဖွေရေးသမားများ မစ္စတာ ဒါမီယန်လေး (Mr. Damien Lay)နှင့်အဖွဲ့ကလည်း (၂၀၁၀) ပြည့်နှစ်တွင် သက်ဆိုင်ရာခွင့်ပြုချက်ဖြင့်ခေါင်းလောင်းတော်ကြီးကို ရှာဖွေခဲ့ရာ Sonar လို့ ခေါ်တဲ့ အသံလိုင်းပြန်ကိရိယာနှင့် မြစ်ကြောင်းတစ်လျှောက် Scan လုပ်ကြည့်တဲ့အခါခေါင်းလောင်တော်ကြီးပုံနှင့် အတော်တူတဲ့ ခေါင်းလောင်းကြီးပုံစံတစ်ခုတွေ့ရှိခဲ့ ကြောင်း သိရှိရသည်။

ဓမ္မစေတီခေါင်းလောင်းတော်ကြီး ဂုဏ်သတင်းမှာ ယခုအခါမြန်မာနိုင်ငံတော်ကြီးတွင် သာမဟုတ်တော့ပဲ ကမ္ဘာနိုင်ငံ အသီးသီးကပင် စိတ်ဝင်စားလာကြရာ ယခုရှာဖွေ ဆယ်ယူမည့် စင်ကာပူ နိုင်ငံ S.D MarkInternational LLP ကုမ္ပဏီအနေဖြင့် ဒေါက်တာချစ်စံ (ချစ်စံဝင်း)၊ MasterMariner (F.G) ကပ္ပတိန် ဦးရဲမြင့်ထွန်းတို့မှ တစ်ဆင့်ငွေကြေးကိစ္စဆက်စပ်ဆောင်ရွက်ပေးလာကြောင်း သိရှိရသည်။

အဆိုပါ သမိုင်းအမွေအနှစ်ဆိုင်ရာ ဓမ္မစေတီခေါင်းလောင်း ဆယ်ယူမှုဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကို ဇွန် (၃၀)ရက် နံနက် (၉) နာရီတွင်Chartrium ဟိုတယ်၌ ကျင်းပခဲ့ရာ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်   ပြည်ထောင်စုဝန်ကြီးများရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒုတိယဝန်ကြီးများ၊မြန်မာသမိုင်းအဖွဲ့ဝင်များ၊ သမိုင်းပညာရှင်များ၊ တက္ကသိုလ်များမှပါမောက္ခချုပ်များ၊ ပါမောက္ခများအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပြီးဓမ္မစေတီခေါင်းလောင်းတော်ကြီး   ပြန်လည်ဆယ်ယူရေးနှင့် ပတ်သက်၍ဖတ်ကြားခဲ့ကြရာ အခမ်းအနား တက်ရောက်လာသူများမှလည်း ဝိုင်းဝန်းအကြံပြုဆွေးနွေး ခဲ့ကြသည်။

နှစ်ပေါင်း(၄၀၀)အတွင်း လူသက်တမ်းပေါင်းများစွာ နေထိုင် သွားခဲ့ကြသောမြန်မာလူမျိုးများအနေဖြင့် အဆိုပါ ဓမ္မစေတီခေါင်းလောင်းတော်ကြီးနှင့်ပတ်သက်၍ ကြားဖူးရုံမျှ သာရှိခဲ့သော်လည်း မိမိတို့သက်ရှိထင်ရှားရှိစဉ် သက်တမ်းအတွင်းမှာ ပြန်လည်မြင်တွေ့ဖူးမြော်ခွင့်ရတော့ မည့်ပြင်နောင်လာနောင်သားတွေအတွက်ပါ သမိုင်းတန်ဖိုးကြီးမားလှတဲ့ ခေါင်းလောင်းတော်ကြီးကို ဖူးတွေ့ခွင့်ရရှိတော့ပေမည်။

ရဲနန္ဒ
by Myit Makha Mediagroup

ဦးမောင်အေး ကျန်းမာရေးသတင်းရေးသည့် ဂျာနယ်များ သတိပေးခံရ

Posted by drmyochit Sunday, July 15, 2012, under | No comments

မဇ္ဈိမ| သောကြာနေ့၊ ဇူလိုင်လ ၁၃ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၅၁ မိနစ် 
 
ချင်းမိုင်(မဇ္စျိမ) ။       ။ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ကျန်းမာရေးအခြေအနေကို သတင်းရေးသား
ဖော်ပြခဲ့သည့် ပြည်တွင်းမှ အပတ်စဉ်ထုတ် ဗီးနပ်စ်ဂျာနယ်နှင့် ရန်ကုန်တိုင်းမ်ဂျာနယ်တို့အား စာပေစိစစ်ရေးဌာနက ဂျာနယ် ဖျက်သိမ်းသည်အထိ အရေးယူနိုင်သည်ဟု ယခုလ ၁၁ ရက်နေ့တွင် ခေါ်ယူသတိပေးခဲ့သည်ဟု ဗီးနပ်စ်ဂျာနယ် တာဝန်ခံ အယ်ဒီတာ ကိုသာလွန်ဇောင်းထက်က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့က ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် လေဖြတ်သည့်ဝေဒနာခံစားရ၍ စင်္ကာပူနိုင်ငံသို့
ဆေးကုသမှု ခံယူနေရသည့် သတင်းအား စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနက ခွင့်ပြုချက်မရဘဲ ဖော်ပြခဲ့သဖြင့် စာပေစိစစ်ရေးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးမြင့်မောင်က ခေါ်ယူသတိပေးခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန် ဆီရမ်ရိမြို့၌ ကျင်းပသည့် အမေရိကန်- အာဆီယံ စီးပွားရေးဖိုရမ်သို့ တက်ရောက်ခဲ့ပြီး နေပြည်တော်သို့ ပြန်လည်ရောက်ရှိ

Posted by drmyochit Sunday, July 15, 2012, under | No comments

နေပြည်တော် ဇူလိုင် ၁၄

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိမြို့၌ ကျင်းပသည့် အမေရိကန်- အာဆီယံ စီးပွားရေး ဖိုရမ်သို့ တက်ရောက်ခဲ့ပြီး အဖွဲ့ဝင်များလိုက်ပါလျက် ယနေ့ နံနက် (၁၀) နာရီ (၁၅) မိနစ်တွင် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည်ရောက်ရှိသည်။

ပြည်မြို့ မှာ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကျောက်ရုပ်ရှေ့တွင် လွမ်းသူပန်းခွေချခွင့်မပြု

Posted by drmyochit Sunday, July 15, 2012, under | No comments

ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကျောက်ရုပ်ရှေ့တွင် NLD အဖွဲ့ချုပ်ပန်းခွေ
၊ကျာင်းသား ၊လူထု ၊လူတန်းစားအဖွဲ့အစည်းအသီးသီးနှင့်
ဋ္ဌာနဆိုင်ရာများ ပန်းခွေများချခဲ့သည် မှတ်တမ်းဓါတ်ပုံ

ကမ္ဘာ့အကြီးဆုံးဒုက္ခသည်စခန်းတွင် ရန်ပုံငွေပြတ်လပ်လျက်ရှိကြောင်း

Posted by drmyochit Sunday, July 15, 2012, under | No comments


One World Beta.com; July-13(Fri)
          ဆိုမာလီနိုင်ငံ၏ တစ်နှစ်ကြာငတ်မွတ်ခေါင်းပါးမှုနှင့် ပဋိပက္ခဖြစ်မှုများကြောင့် တစ်နှစ်အတွင်း ဒါဒါအပ်မြို့သို့ ထွက်ပြေးရောက်ရှိလာသည့် ဒုက္ခသည်များရှိသည့်ကမ္ဘာ့အကြီးဆုံးဒုက္ခသည်စခန်းသည် ရန်ပုံငွေ အကျပ်အတည်းပြတ်လပ်မှုနှင့်ရင်ဆိုင်ရလျက်ရှိကြောင်း၊ လက်ကျန်ဒေါ်လာ ၂၅ သန်းဖြင့် လုံလောက်အောင် မကျွေးမွေးနိုင်သဖြင့် အနည်းဆုံးဒုက္ခသည် ၂ဝဝ,ဝဝဝ ခန့်မှာ ထိခိုက်နိုင်ဖွယ်ရာရှိကြောင်း 7 aid agencies အုပ်စုမှ ဇူလိုင်လ ၁၂ ရက်နေ့ က ပြောကြားခဲ့ပါသည်။ ဒုက္ခသည်သောင်းပေါင်းများစွာ၏အသက်ရှင်ရေးအတွက် လက်ရှိငွေနှင့် ၂ လ၊ ၃ လအတွင်း ပြတ်လပ်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ဒုက္ခသည် အရေးကိစ္စအားဖြေရှင်းရာတွင် ရေရှည်ကာလအတွက် ပြန်လည်စဉ်းစားသင့်ကြောင်းနှင့် အကူအညီပြတ်လပ် သွားသည့်ကြားကာလတွင် ဒေသတွင်းလုံခြုံရေးအခြေအနေ ဆိုးဝါး သွားနိုင်ကြောင်း ၎င်းအေဂျင်စီမှ သတိပေးတောင်းဆိုပြောကြားခဲ့ပါသည်။ ဒါဒါအပ်မြို့သည် လူဦးရေတိုးပွားမှု တတိယအကြီးဆုံးမြို့တစ်မြို့ဖြစ်ပြီး ယခင်နှစ်က လူဦးရေ ၄၆၅,ဝဝဝ ရှိခဲ့ပါသည်။ 

ဘင်္ဂါလီ ရိုဟင်ဂျာ ပြဿနာကို အာဆီယံက စောင့်ကြည့်နေ

Posted by drmyochit Sunday, July 15, 2012, under | No comments

2012-07-14
အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်ပစ်စူဝမ်
အာဆီယံ အထွေထွေ အတွင်းရေးမှူး Dr. Surin Pitsuwan က ဘင်ဂါလီ ရိုဟင်ဂျာ အရေး ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ့်နိုင်ငံခြားရေးဝန်ကြီးတွေကို ပြီးခဲ့တဲ့ရက်ပိုင်း အတွင်း တွေ့ဆုံမေးမြန်းလိုက်ပါတယ်။
နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေကလည်း အဲဒီ ဘင်္ဂါလီ ရိုဟင်ဂျာ လူမျိုးတွေနဲ့ ပတ်သက်တာကို အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ ကတိပြုခဲ့ကြပါတယ်။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက ဒီကိစ္စကို စောင့်ကြည့်ပြီး အစီရင်ခံတင်ပြရန် အာဆီယံ အတွင်းရေးမှူးအဖွဲ့ကို တာဝန်ပေးခဲ့ပါတယ်။ အဲဒီအတွင်းရေးမှူးအဖွဲ့ရဲ့လုပ်ပိုင်ခွင့်တွေကို အထွေထွေ အတွင်းရေးမှူးက ဆောင်ရွက်ပေးရတာ ဖြစ်ပါတယ်။
လက်ရှိ အထွေထွေအတွင်းရေးမှူး Dr. Surin Pitsuwan က အာဆီယံ နိုင်ငံတွေမှာ ရွေ့ပြောင်း အလုပ်သမားတွေအဖြစ် သွားရောက်နေကြတဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေ ကြုံတွေ့နေရတဲ့ ဒုက္ခတွေ အပေါ် အာဆီယံ ပြည်သူတွေက စိုးရိမ်နေတဲ့ အချက်ကို အလေးအနက် ထားပါတယ်လို့ ပြောပါတယ်။
ဒါအပြင် Dr. Surin Pitsuwan က အဲဒီ ဘင်္ဂါလီ ရိုဟင်ဂျာတွေ ကြုံတွေ့နေကြရတဲ့ ဒုက္ခတွေကို မိမိတို့က နား၊ မျက်စိဖွင့်ပြီး စောင့်ကြည့်နေမှာ ဖြစ်တယ်လို့ ပြောသွားပါတယ်။

ဒေါက်တာမျိုးချစ်

မြန်မာပြည်ကို ဂျီအီးကုမ္ပဏီ စတင်ဝင်ရောက်

Posted by drmyochit Sunday, July 15, 2012, under | No comments

From RFA ; 2012-07-14
Augusta State University
General Electric Company ၏ ဒုတိယ ဥက္ကဋ္ဌ မစ္စတာ John G.Rice ဖြစ်ပါသည်။
အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ အခြေစိုက် နည်းပညာနဲ့ စွမ်းအင်ဆိုင်ရာ GE ကုမ္ပဏီ က မြန်မာနိုင်ငံက ဆေးရုံ (၂) ရုံမှာ ဆေးဖက်ဆိုင်ရာသုံး ကိရိယာတွေ တပ်ဆင်ပေးဖို့ သဘောတူ စာချုပ်လိုက်ကြောင်း ဒီကနေ့ ကြေညာလိုက်ပါတယ်။
GE ကုမ္ပဏီဟာ မြန်မာနိုင်ငံက ပုဂ္ဂလိက ဆေးရုံ (၂) ရုံမှာ နှလုံး စမ်းသပ်တဲ့ ဓာတ်မှန် ရိုက်စက် (၂) လုံး တပ်ဆင်ပေးဖို့ စာချုပ်ခဲ့တာဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုတွေ ယာယီ ရုပ်သိမ်းခဲ့ပြီးနောက်  ပထမဦးဆုံး ဝင်ရောက်လာတဲ့ ကုမ္ပဏီ

ရွှေတိဂုံ စေတီတော်ကြီးမှ ကန်ထရိုက် လုပ်ငန်း ၁၄ မျိုးမှ ရရှိသော ၀င်ငွေကျပ် သိန်းပေါင်း တစ်သောင်း ကျော်ရှိ

Posted by drmyochit Sunday, July 15, 2012, under | No comments

From : MRTV-4

ရွှေတိဂုံ စေတီတော်ကြီးရဲ့ ကန်ထရိုက် လုပ်ငန်း ၁၄ မျိုးမှ တစ်နှစ်လျှင် ၀င်ငွေ ကျပ်သိန်းပေါင်း တစ်သောင်း တစ်ထောင် လေးရာ ခုနစ်ဆယ့် လေးသိန်းကျော်

ရရှိတယ်လို့ ရွှေတိဂုံ မီဒီယာ တွေ့ဆုံပွဲမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ အဆိုပါ ကန်ထရိုက် လုပ်ငန်း ၁၄ မျိုးမှ ရရှိသော ၀င်ငွေများကို ရွှေတိဂုံ စေတီတော်မှ ၀န်ထမ်း များကို လစာအဖြစ် ပေးအပ်တာ ဖြစ်ပါတယ်။ အဆိုပါ ကန်ထရိုက် လုပ်ငန်းမှ ရရှိသော ၀င်ငွေများကို ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့မှ စီမံခန့်ခွဲပြီး ၀န်ထမ်းပေါင်း ၈၇၀ အတွက် လစာ ခွဲဝေပေးခြင်း၊ လိုင်းခန်းနဲ့ အိမ်ရာများ ဆောက်လုပ် ပေးခြင်းတို့ အတွက် အသုံးပြုတာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနှင့် အမေရိကန် စီးပွားရေး တစ်ကျော့ပြန်

Posted by drmyochit Sunday, July 15, 2012, under | No comments

From : The Voice


ရန်ကုန်၊ ဇူလိုင် ၁၄

မြန်မာနိုင်ငံကို နှစ်ပေါင်း နှစ်ဆယ်နီးပါးကြာ စီးပွားရေး ပိတ်ဆို့ထားသော အမေရိကန်တို့ ပထမဆုံး လာရောက် စီးပွားရေး လုပ်ကိုင်သည့် အနေဖြင့် အမေရိကန် ကျန်းမာရေးလုပ်ငန်း တစ်ခုနှင့် ဆက်စပ်၍ စတင် စာချုပ်ချုပ်ဆို လိုက်ပြီ ဖြစ်သည်။

အမေရိကန် ပြည်ထောင်စု သမ္မတ အိုဘားမား၏ စီးပွားရေး ပိတ်ဆို့မှုများ ဖြေလျော့ကြောင်း ကြေညာပြီး ရက်ပိုင်းအကြာ အမေရိကန် နာမည်ကျော် အမှတ်တံဆိပ် GE နှင့် ၂၅ နှစ်အတွင်း ပထမဆုံး လုပ်ငန်း စတင်နိုင်ခဲ့ခြင်း ဖြစ်သည်။

KIA နှင့် မူဆယ်တွင် ဆွေးနွေးရန် တပ်မတော် ထပ်မံကမ်းလှမ်း

Posted by drmyochit Sunday, July 15, 2012, under | No comments

From : ခေတ်လူငယ်

အပစ်အခတ်ရပ်စဲရေး ဆွေးနွေးခဲ့သော်လည်း ရှေ့တန်းစစ်မျက်နှာတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်း ကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် စတုတ္ထအကြိမ် ဆွေးနွေးရန် အစိုးရတပ်မတော်က ထပ်မံကမ်းလှမ်းခဲ့ကြောင်း ကချင်ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ ဦးလမိုင်ဂွမ်ဂျာ ပြောကြားခဲ့သည်။ နှစ်ဦးနှစ်ဖက် စစ်ဦးစီးချုပ်များ ဇူလိုင်လဆန်းတွင် ဗန်းမော်မြို့၌ ဆွေးနွေးရန် အစိုးရတပ်မတော်က ကမ်းလှမ်းခဲ့သော်လည်း တိုက်ပွဲများကြောင့် ကေအိုင်အေမှ လက်ခံခြင်း မရှိဘဲ လွယ်ဂျယ်မြို့အနီးရှိ မိုင်ဂျာယန်ဒေသ၌သာ ဆွေးနွေးရန် ပြန်လည် ကမ်းလှမ်းခဲ့ခြင်းကိုလည်း အစိုးရတပ်မတော်က လက်မခံသည့်အတွက် အထက်ပါအတိုင်း ပြန်လည် ကမ်းလှမ်းခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 


အစ္စလာမ္မစ်အစွန်းရောက်များမှ အီဂျစ်ပိရမစ်အားဖျက်ဆီးရန် တောင်းဆိုခဲ့ခြင်း

Posted by drmyochit Sunday, July 15, 2012, under | No comments


RT.com; July-12(Thu)
          အီဂျစ်၏ ကြီးမားသော ပိရမစ်များအား ဖျက်ဆီးသွားကြရန် ဘာရိန်းရှိ ဆွန်နီမွတ်စလင် ဘာသာရေး ခေါင်းဆောင်တစ်ဦးမှတောင်းဆိုခဲ့ကြောင်း ကောလဟာလကဲ့သို့ ထွက်ပေါ်လာခဲ့သည်။ ၎င်းးမှာ ဘာရိန်းအစိုးရ ၏အမျိုးသားအဖွဲ့အစည်း  Twitter account တစ်ခုမှ Abd al-latif al-Mahmoud အမည်ဖြင့် ဖော်ပြခဲ့ခြင်းဖြစ်သည်။ ၎င်းဖော်ပြချက်တွင် မိမိကိုယ်ကို al-Mahmoud အဖြစ် လိမ်လည်ဖော်ပြထားပြီး အီဂျစ်ပိရမစ်ရုပ်ထုများသည် ရုပ်ထုကိုးကွယ်မှုဖြစ်ကြောင်း၊ ၎င်းတို့ အားဖျက်ဆီးသွားရန် အီဂျစ်သမ္မတသစ်ထံတောင်းဆိုမှုပါရှိပါသည်။ အခိျု့ရှေးရိုးဆန်သူများသည် Websit များကိုအသုံးပြု၍ အီဂျစ်အစ္စလာမစ်အစိုးရအပေါ်တွင် နှိုးဆော် သတိ ပေးမှုများကို ဆောင်ရွက်ခဲ့ကြသည်။ ၎င်းကောလဟာလသတင်းတွင် al-Mahmoud မှ ကိုင်ရိုလူထုအား ရှေးယခင်က ဆာဟာဘီအမ်ဘင်အာလ်အက်စ် မဖျက်နိုင်ခဲ့သည့်ပိရမစ်များကို ပြီးအောင်လုပ်ကြရန် တိုက်တွန်း ထားပါသည်။ အမ်ဘင်အာလ်အက်စ်သည် 

Yahoo! အသုံးပြုသူ ၄ဝဝ,ဝဝဝ ၏ Username, Password များအား Hacker သမားများမှ ခိုးယူခြင်း

Posted by drmyochit Sunday, July 15, 2012, under | No comments


Xinhua.com; July-13(Fri)
        Yahoo!အသုံးပြုသူ ၄ သိန်းခန့်နှင့် အခြားကုမ္ပဏီအသုံးပြုသူများ၏ ကွန်ပျူတာများထဲမ Username နှင့် Password များကို အမည်မသိရသူ Hacker သမားများက ဇူလိုင်လ ၁၁ ရက်နေ့တွင် ခိုးယူခဲ့ကြောင်း Yahoo! မှ ဇူလိုင်လ ၁၂ ရက်နေ့တွင် အတည်ပြုပြောကြားခဲ့ပါသည်။
          သူခိုးသည် အားနည်းချက်ကိုရှာ၍ ဝင်ရောက်ခိုးယူခြင်းဖြစ်ကြောင်း၊ Password ပြောင်းလဲအသုံးပြု သူများနှင့် သတိပေးထားသည့် ကုမ္ပဏီများသည် သံသယဖြစ်ဖွယ်ရှိကြောင်း၊ သို့သော် သံသယဖြစ်ဖွယ်စာရင်း အတိအကျအား ရွေးထုတ်ရန်မလွယ်ကူကြောင်း၊ Hacker အဖွဲ့သည် အများပြည်သူသုံး Website များတွင် ဖော်ပြ ထားသည့်လိပ်စာများအား မည်သူမည်ဝါဖြစ်သည်ကိုသိရှိပြီး Password များခိုးယူခြင်းဖြစ်ကြောင်း၊ Yahoo! ပိုင်ဆိုင်သည့် Webserver အနေဖြင့် လုံခြုံရေးအရ ယိုပေါက်မှုများစွာရှိခဲ့ကြောင်း၊ ယခုကဲ့သို့ ခိုးယူခံရခြင်းမှာ ကြီးမားသောထိခိုက်မှုကိုဖြစ်ပေါ်စေခဲ့ကြောင်း D33DS ကုမ္ပဏီမှ ပြောကြားခဲ့ပါသည်။Hacker များအနေဖြင့်  Yahoo Voice ကိုလည်း ဝင်ရောက်ဖျက်ဆီးလာနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ 

ဒေါက်တာမျိုးချစ်

၁၂ လအတွင်း ဝင်ငွေအကောင်းဆုံး တေလာဆွိ

Posted by drmyochit Sunday, July 15, 2012, under | No comments

CNA.com; July-13(Fri)
          နိုင်ငံ၏နာမည်ကျော် ပေါ့အဆိုတော် တေလာဆွိသည် အသက် ၃ဝ အောက်အမျိုးသမီးဝင်ငွေ အကောင်းဆုံး စာရင်းတွင် ဖော်ပြခြင်း ခံရပါသည်။ တေလာဆွိမှာ အသက် ၂၂ နှစ်သာရှိပြီး ၂ဝ၁၂ ခုနှစ် မေလအထိ ၁၂လတာ ကာလအတွင်း ဝင်ငွေအမေရိကန် ဒေါ်လာ ၅၇သန်း ရရှိခဲ့ကြောင်း၊ ၎င်း ၁၂ လတာ ကာလတွင်မြောက်အမေရိကတိုက်နှင့်သြစတြေးလျ အပါအဝင် ဖျော်ဖြေတင်ဆက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပျမ်းမျှအားဖြင့် ဖျော်ဖြေ တင်ဆက်မှု တစ်ခုလျှင် အမေရိကန် ဒေါ်လာ ၁ သန်းဝင်ငွေရှိကြောင်း၊ Multi-platimum  ဓာတ်ပြားရောင်းရငွေနှင့်  ကြော်ငြာ ထုတ်လုပ်မှုများဖြင့် အချမ်းသာဆုံး ဖြစ်လာခဲ့ကြောင်း
Forbes ကဖော်ပြခဲ့ပါသည်။ သူမသည် ၂ဝ၁၂ ခုနှစ် အောက်တိုဘာလတွင် အယ်လ်ဘမ် အသစ်ထုတ်ရန် ရည်ရွယ်လျက်ရှိပါသည်။ ဆယ်ကျော်သက် အသည်းစွဲ ဂျက်စတင်ဘီဘာမှာ ၅၅ သန်းဖြင့် ဒုတိယလိုက်နေပြီး ရီဟားနားမှာ ၅၃ သန်း၊ လေဒီဂါဂါမှာ ၅၂ သန်းနှင့် ကေတီပယ်ရီမှာ ၄၅ သန်းတို့ဖြင့် ဝင်ငွေအများဆုံး ရရှိကြသူများဖြစ်ပါသည်။ ယမန်နှစ်က လေဒီဂါဂါမှာ ဒေါ်လာသန်း ၉ဝ ဖြင့် ထိပ်ဆုံး ရောက်ရှိခဲ့သူ ဖြစ်ပါသည်။

ဒေါက်တာမျိုးချစ်

၁၉၆၂ ခုနှစ်မှ ယနေ့အထိ ဖုံးကွယ်ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း

Posted by drmyochit Sunday, July 15, 2012, under | No comments



အောက်ပါ မိန့်ခွန်းမှာ ဂျပန်ခေတ် ၁၉၄၄ -ခု မတ်လ ၁၃ ရက်နေ့ နံနက်အချိန်တွင် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်း ပွဲ၌ ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိနှင့် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော မိန့်ခွန်းတရပ် ဖြစ်ကြောင်း။ သူကျဆုံးသွားခဲ့ရသော ဤဇူလိုင်လတွင် သူ့အား ပြန်ပြောင်းသတိရမိသည့်အားလျှော်စွာ သူ၏ ပြောင် မြောက်သော မိန့်ခွန်းကို ရှာဖွေဖော်ပြလိုက်ရခြင်းဖြစ်ကြောင်း။
(ဗိုလ်ဥတ္တမကျော်)
…………………………………………………………………….
ရဲဘော်တို့
ယနေ့ ရဲဘော်တို့ အစုအချို့ဟာ စစ်ဗိုလ်လောင်းကလေးများအဖြစ် ဘွဲ့အဆင့်အတန်းကို ခံယူကြရတော့မယ်။ ယနေ့ အထိ ရဲဘော်တို့ဟာ ကျောင်းသားများဖြစ်ပြီး တာဝန်ရယ်လို့ မိမိတို့အပေါ်မှာ မရှိကြသေးဘူး။
ယနေ့ကျောင်းကထွက်ပြီး ဗမာ့တပ်မတော်အသီသီး ဋ္ဌာနအသီးသီးမှာ ရာထူးအလုပ်ဝတ္တရားများရတာနဲ့ တပြိုင်နက် ရဲ ဘော်တို့ အသီးသီးမှာ ကိုယ့်တာဝန်နှင့် ကိုယ့်ဝတ္တရားနှင့် ဖြစ်သွားပြီ။ ဒီလို ကိုယ့်တာဝန် ကိုယ့်ဝတ္တရားနှင့် ဗမာနိုင်ငံ တော်နဲ့ ဗမာ့တပ်မတော်ရဲ့ အမှုကိုထမ်းကြတဲ့အခါ ရဲဘော်တို့ကို မှာသင့်မှာရာ အချက်တွေကို ငါတို့မှာကြားလိုတယ်။
ပထမဆုံး ရဲဘော်တို့ကိုမှာချင်တာက ငါတို့ အခု ဗမာနိုင်ငံဟာ ကိုယ့်မင်းကိုယ့်ချင်းနိုင်ငံ ဖြစ်တယ်။ ဒို့တပ်မတော်ဟာ တနိုင်ငံလုံးတမျိုးသားလုံးရဲ့ အကျိုးအတွက်ဖြစ်တယ်။ ဒါကြောင့် ဒီနိုင်ငံ ဒီအကျိုးကို ကာကွယ်ရမယ့် ဗမာ့တပ်မတော် ဟာလည်း ဗမာတနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ်တယ်ဆိုတာ နားလည်ရမယ်။
ဒီတပ်မတော်ဟာ လူတဦးတယောက်အတွက် တည်ထောင်ထားတာမဟုတ်။ တနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ် တယ်။ ဒီတပ်မတော်ဟာ တဖွဲ့တပါတီ လူတစုအတွက် တည်ထောင်ထား တာမဟုတ်။တနိုင်ငံလုံးတမျိုးသားလုံးအတွက် ဖြစ်တယ်။
တကယ့်သစ္စာဖြစ်ရမယ်
ဒီတပ်မတော်ဟာ ရှေးအင်္ဂလိပ် လက်ထက်ကလို ကြေးစားတပ် မဟုတ်။ နိုင်ငံနဲ့ အမျိုးကို ကာကွယ်စောင့်ရှောင့်ဖို့ နိုင်ငံ နှင့်အမျိုးကို မတင်ပေးဖို့ ဖြစ်တယ်။ ဒါကြောင့် ဒီတပ်မတော်ဟာ နိုင်ငံနဲ့အမျိုး၏ သစ္စာကို အမြဲစောင့်ရမယ်။ ရှေးတုန်း ကလို တခြားနိုင်ငံ တခြားအမျိုးကို သစ္စာစောင့်တာမဟုတ်။ အဲဒီလိုစောင့်တဲ့ သစ္စာဟာ ဝတ်ကြေတမ်းကြေစောင့်တဲ့ သစ္စာ ဖြစ်တယ်။ အခု ငါတို့ဟာ ငါတို့အမျိုး ငါတို့နိုင်ငံကို သစ္စာစောင့်ရမယ်။ ဒါကြောင့် ငါတို့စောင့်တဲ့သစ္စာဟာ တကယ့် သစ္စာဖြစ်ရမယ်။ အပေါ်ယံသာဖြစ်တဲ့ သစ္စာမဖြစ် ရဘူး။ ဘယ်လိုစောင့်ရမလဲ။ ယခုအခါ ရဲဘော်တို့ပေါ်မှာ နည်းလမ်းအ တိုင်း အဆင့်ဆင့်ခန့်အပ်ထားတဲ့ အကြီးအမှူးအားလုံးတွေဟာ ဒီနိုင်ငံ ဒီအမျိုးရဲ့ ကိုယ်စားတွေပဲ။ အဲဒီ ကိုယ်စား နိုင်ငံနဲ့ အကျိုးကို သစ္စာစောင့်ခြင်းဟာ ကိုယ့်နိုင်ငံနဲ့ ကိုယ့်အမျိုးကို သစ္စာစောင့်တာပဲ။ ဒီတော့ ရဲဘော်တို့ မေးစရာ စကားတခွန်း ရှိတယ်။ တကယ်လို့ ဒီအကြီး အမှူးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကြိုးငဲ့ပြီး နိုင်ငံနဲ့ အမျိုးကိုသစ္စာမဲ့ပြီး လုပ်ရင် ဘယ့် နှယ့်လုပ်မလဲ။ ဒီလို ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ နိုင်ငံကို ဆန့်ကျင်တဲ့ အကြီးအမှုးတွေ ဟာ ကြာကြာ မနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇဝင်မှာ ကြည့်လို့ရှိရင် ဘယ်လောက် ကြီးတဲ့လူ ဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ် ကျတာချည်းပဲ။ ဒီလိုမတရားတဲ့ အကြီးအမှုးတွေ ရှိရင် ရဲဘော် တို့ရဲ့ အပေါ်မှာလည်း တည်တယ်။ ဥပမာ မတရားတဲ့ အ ကြီးအမှုးတယောက်က ဝတ္တရားနဲ့ မဆိုင်တဲ့ နိုင်ငံနှုင့် အများအကျိုးနဲ့ မပတ်သတ်တဲ့ အမိန်ကမျိုးပေးတဲ့အခါ အမိန့်ဟာ နည်းကျမကျ တရား မတရား နိုင်ငံနဲ့ အမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။ အဲသလိုကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာ မရှင်းရင် သူ့ထက်ကြီး တဲ့အကြီး အမှုး တယောက်ကို ဖြစ်ဖြစ် အခြားအကြီးအမှုးတယောက် ကိုဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်း မှန်တယ် မှားတယ် သိနိုင်ရမယ်။
တော်အောင်ကြိုးစားကြပါ
ကျုပ်အဖို့ပြောရရင် ရဲဘော်တို့ထဲကဖြစ်ဖြစ် အခုတပ်ထဲမှာ ရှိတဲ့ စစ်သားကလေးက စပြီး အားလုံး ရဲဘော်တွေထဲက ဖြစ် ဖြစ် ကျုပ်ထက် အရည်အချင်း အကျင့်စာရိတ္တ အလုပ်အကိုင် နိုင်ငံချစ်စိတ် အမြော်အမြင် ရှိတယ်လို့ တွေ့တာနဲ့တပြိုင် နက် ကျုပ်ဟာ အဲဒီလိုတော်တဲ့လူကို ထိုးတင်ပြီး နောက်လိုက်လုပ်ဖို့ အသင့်ရှိတယ်။ ဒါကြောင့် ရဲဘော်တို့ အားလုံး ကြိုး စားကြပါ။ တော်အောင် ကြိုးစားကြပါ။
ရာထူးအဆင့်အတန်း
ကနေ့ ရဲဘော်တို့အားလုံးကို စိတ်ထဲမှာ ရှိသည့်အတိုင်းပြောပြမယ်။ ယခုအခါ ငါတို့အထဲမှာ နိုင်ငံအတွက် အမျိုးမျိုး အ နစ်နာခံဘူးတဲ့ လူတွေရှိတယ်။ ငါတို့ သိတာလည်း ရှိတယ်။ မသိတာလည်းရှိတယ်။ သို့သော်လည်း ရှေးကသာ ဒီလို အ နစ်နာခံပြီး အခုအလုပ်မလုပ်ရင် ဘယ်သူမှ မတိုးတတ်နိုင်ဘူး။ အကယ်၍ အခုလည်း အလုပ်လုပ်တယ်။ ရှေးကလည်း အနစ်နာခံဖူးတယ်ဆိုရင် ဒီလိုလူမျိုးဟာ လူများတကာထက် တိုးတတ်မှာ အမှန်ပဲ။ ကနေ့ ဆိုင်ရာလူကြီးတွေ မသိသေး လို့ မတိုးတတ်သေးရင် နောက်တနေ့ တိုးတတ်မှာပဲ။ တကယ်တော်တဲ့သူတွေဟာ ဘယ်သူမှ နှိမ်ထားလို့ မရပါဘူး။ ကိုယ့်ကိုယ်ကိုလည်း သိဒ္ဓိတင်နေစရာမလိုဘူး။ လူကြီးတွေကိုလည်း မျက်နှာလုပ်စရာမလိုဘူး။ ဒါပေမယ့် နီပွန်က ပြန် လာလို့ စစ်ကျောင်းကဆင်းလို့ ရှေးက အနစ်နာခံဖူးလို့ဆိုပြီး ယခုအခါ အလုပ်ကောင်းကောင်း မလုပ်ရင် ဘယ်သူမှတတ် မှာ မဟုတ်ဘူး။ ဒီ့ပြင်လူတွေအတွက် ကျုပ်မပြောနိုင်ပေမယ့ှ်ဗမာ့တပ်မတော်မှာ ကျုပ်အခုနေရာမှာ တာဝန်ယူနေသမျှ အခု ကျုပ်ပြောခဲ့တဲ့ စနစ်က တဆံခြည်မှ ခွာမသွားဘူး။ ရွေ့မသွားဘူးဆိုတာ အားလုံးသိစေချင်တယ်။ ဒါက ရာထူးအ ဆင့်အတန်း တိုးတတ်တာနဲ့ ပတ်သတ်ပြီးရဲဘော်တို့ကို သိဘို့ပြောပြခြင်းပဲ။
တန်ခိုးပြဘို့မဟုတ်
တခြား မှာကြားလိုတဲ့ အချက်ကတော့ ပြောနေကြစကားပဲ။ ဒါပေမယ့် ထပ်ပြီး အဓိပ္ပာယ် လေးနက်အောင် ပြောလိုက် ဦးမယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဘို့မဟုတ်။ လက်နက်အားကိုးတန်ခိုးပြဘို့ မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ် ရဲ့ အစေခံ မဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်းနဲ့ နားလည်အောင်ပြောပြတာ ပဲ။ဒီစကားကို ကျုပ်ပြောတာက စစ်တပ်ကို ကျုပ်ပြန်နှိမ်ချင်တဲ့ သဘောနဲ့ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင် လူတွေဖြစ်ကြသော်လည်း မတရား မလုပ်။ နိုင်ငံရဲ့ ရန်သူတွေမဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေတွေဆိုတာ အားလုံးသဘော ပေါက်အောင် ပြောပြခြင်းပဲ။ အမှန်ပြောရရင် လူတွေဟာပုထုဇဉ်တွေဘဲ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှဉ်းချင် တဲ့ စိတ်ရှိတယ်။ အားနည်းတဲ့သူတွေကလည်း အားနည်းတဲ့အခါတုန်းကတော့ အားကြီးနေတဲ့လူကို လက်နက် အားကိုး အာဏာအားကိုး လုပ်ချင်တယ်ပြောကြတာပဲ။ မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျ တော့ အရင်တုန်းကပြောတာတွေမေ့ပြီး တမျိုးလုပ်ကြတာပဲ။ ဒါထုံးစံဘဲ။ ငါတို့က ဒီလိုမဟုတ် အားနည်းတဲ့အခါလည်း အားကြီးတဲ့လူကို မတရားရင် မကြောက်။ အားကြီးတဲ့အခါလည်း အားငယ်တဲ့လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင် တယ်။ ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်တယ်လို့ ပြောတာဘဲ။ နိုင်ငံဟာ ဘာလဲ။ နိုင်ငံဟာ အ မျိုးပဲ။ အမျိုးဟာ ဘာလဲ။ အမျိုးဟာ တနိုင်ငံလုံးမှာရှိတဲ့ နိုင်ငံရဲ့အကျိုးကိုလုပ်ပြီး နိုင်ငံရဲ့အမှုကို ဘယ်ခါမဆို ထမ်းမယ် ဆိုတဲ့လူ အားလုံးပဲ။ ဒီနေရာမှာ လူမျိုးရေးတရားအစစ်ကို ပြောပြချင်တယ်။
မှန်ကန်သော လူမျိုးရေးတရား
လူမျိုးရေးတရားဆိုတာ ဘာလဲ။ ကိုယ့်အမျိုးသာ ချစ်ပြီး ဒီ့ပြင် လူမျိုးတွေကို မုန်းထားတာ လူမျိုးရေး တရားဘဲလား။ မ ဟုတ်ဘူး။ ကိုယ့်အမျိုးချစ်ယုံနဲ့ ဒီ့ပြင်လူမျိုးကိုလည်း မုန်းဘို့မလိုဘူး။ သို့်သော်လည်း ကိုယ့်အမျိုးအကျိုးကို လာထိတဲ့ လူတွေကိုတော့ အတွင်းကလူ ဖြစ်ဖြစ် အပြင်ကလူ ဖြစ်ဖြစ် တိုက်ခိုက်နှိမ်နင်းရမှာပေါ့။ ဒါက ငါတို့အမျိုးရဲ့ ရန်သူ အဖြစ် သာ နှိမ်နင်းခြင်းဖြစ်တယ်။ ဘယ်လူမျိုး ဘယ်သူ ဘယ်ဝါဆိုပြီး နှိမ်နင်းတာမဟုတ်ဘူး။ ရာဇဝင်ကိုကြည့်ရင် ကမ္ဘာ့လူမျိုး တွေဟာ အချင်းချင်းတိုက်တဲ့အခါ တိုက်ကြတာ တွေ့ရမှာပဲ။ မတည့်သည့်အခါ တိုက်ကြတဲ့အခါ တိုက်ကြရမှာပေါ့။ ဒါ ပေမယ့် တခြားလူမျိုးတွေကို မုန်းတာဟာ လူမျိုးေ၇းလို့ ထင်တာ တထစ်ချမှားတယ်။ ကျုပ်တို့ဟာ မဆိုင်တဲ့တခြားလူမျိုး တွေကို မုန်းဘို့မလိုဘူး။ ကျုပ်တို့ နိုင်ငံအတွင်းမှာလည်း တိုင်းရင်းသားအချင်းချင်း ဗမာပဲ ရှမ်းပဲ ကရင်ပဲ ချင်းပဲ စသဖြင့် ခွဲစရာ မလိုဘူး။
ငါတို့တတွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နဲ့အတု ဟုတ်တာနဲ့ မဟုတ်တာ ခွဲခြားသိရမယ်။ လူမျိုးရေးတရားဖြစ်ဖြစ် ဘာဖြစ်ဖြစ် အမှန်တရားကို ယူတတ်ရမယ်။ ဒါက လူမျိုးရေး တရားနဲ့ပါတ်သတ်ပြီး ကျုပ်မှာချင် တာပဲ။
ဇာတိမာန် ကောင်းကောင်းထားတတ်အောင် လုပ်ကြပါ။ ကိုယ့်နိုင်ငံကို ချစ်ပါ။ ဗမာတွေက လူဖျင်းတွေ လူပျင်းတွေ လူ ကြောက်တွေ လူပိုတွေ လူရိုင်းတွေ လူ့ဂွစာတွေ လူ့မတရားတာတွေ ဒီလို ကမ္ဘာမှာ အထင်ခံရအောင် မလုပ်ပါနဲ့။ ဗမာ တွေဟာ ဒီလိုမဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြီး ဂုဏ်ယူကြပါ။ အဲဒါ ကျုပ် လူမျိုးရေးတရားနဲ့ပတ်သတ်ပြီး မှာချင်တာပဲ။
လူကြီးဆိုတာ ဘာလဲ
နောက် မှာချင်တာက ရှေ့ကို ရဲဘော်တို့ဟာ လူကြီးဖြစ်နေပြီ။ လူကြီးဆိုတာ ဘာလဲ။ အသက်ကြီးတာကို ဆိုလိုတာ လား။ မဟုတ်ဘူး။ အသက်မကြီးပေမယ့် လုပ်တဲ့အလုပ်ကြီးရင် လူကြီးဘဲ။ အခု ငါတို့ ရဲဘော်တို့ရဲ့ အလုပ်ဟာ ငါတို့ နိုင်ငံရဲ့ အချုပ်အခြာအာဏာ ဒါတွေကို ငါတို့ ရင်မြေကတုတ်လုပ်ပြီး ကာကွယ်ဘို့ပဲ။ ဒီ့ထက်ကြီးတဲ့အလုပ် ရှိနိုင်ပါဦးမ လား။ မရှိနိုင်ဘူး ဒါကြောင့် ငါတို့ဟာ လူကြီးစိတ်ပေါက်ရ မယ်။ အစစ အရာရာ ဆင်ခြင်တတ်ရမယ်။ ကောင်းသည် မကောင်းသည် တော်သည် မတော်သည် ဟုတ်သည် မဟုတ်သည်ကို ဆင်ခြင်တိုင်းထွာနိုင်ရမယ်။ အခု ငါတို့ အချို့အ လုပ်တွေက သက်သေပြနေတယ်။ ဘေးကလူတွေပြောတိုင်း အရမ်းမယုံကြနဲ့။ စူးစမ်းဆင်ခြင်ပြီးမှ ယုံကြရမယ်။ ငါတို့ ဝတ္တရားနဲ့မဆိုင်တဲ့ အကျယ်အကျယ် ဖြစ်မယ့်ကိစ္စဆိုရင် ငါတို့ရှောင်ရမယ်။ ဘယ်လို ဘေးကလူက ဗိုလ်ကြီးရဲ့— ဘာ ကြီးရဲ့— နဲ့ လာမြှောက်ပေးပေး ငါတို့မပါရဘူး။ ဝတ္တရားနဲ့ ငါတို့တော့မဆိုင်ဘူး။ ဒါပေမယ့် ကောင်းတဲ့ကိစ္စ တရားတဲ့ ကိစ္စ လူအများ ကျေးဇူးတင်မယ့် ကိစ္စဆိုရင် ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး လျစ်လျူမရှု့ပါနဲ့။ ကူညီပေးကြပါ။ ဆွေမျိုးကိစ္စ မိတ် ဆွေကိစ္စတွေဟာ ကိုယ်တာဝန်လုပ်တဲ့အရေးမှာ မနှောက်ယှက်ပါစေနဲ့။
ဘယ်တော့မှ သစ္စာမဖောက်
နောက်ပြီးမှာချင်တာက ပြောခဲ့တဲ့အတိုင်း ကိုယ့်ကိုယ်ကို အထင်မကြီးပါနဲ့။ ဒီမှာသင်လိုက်တာတွေဟာ ပညာကုန်ပြီ မ ယူဆကြနဲ့။ ပညာဟာ ဘယ်တော့မှ ကုန်တယ်မရှိဘူး။ လူမျိုးဖြစ်ဖြစ် နိုင်ငံဖြစ်ဖြစ် လူတဦး တည်းဖြစ်ဖြစ် တိုးတတ်မှုဟာ လက်ရှိအခြေအနေနဲ့ အားမရဘဲ တင်းမတိမ်ဘဲ ရှေ့ဆက်လက် ကြိုးစားမှသာ တိုးတတ်မှုဖြစ်နိုင်တယ်ဆိုတာ ရာဇဝင် သမိုင်းတွေက ကောင်းကောင်းပြထားတယ်။ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားကြည့်လည်း သိနိုင်တာပဲ။ဒါကြောင့် ဘယ်ဟာကိုမှ လှေနံဓါးထစ် မယူပါနဲ့။ အထင်မကြီးပါနဲ့။ ဒီ့ထက်တိုးအောင်လုပ်ကြပါ။ အခု ငါတို့နိုင်ငံဟာ လွတ်လပ်တယ် ဆိုပေမယ့် ဟန်မကျတာတွေ အများကြီးပဲ။ ကျုပ်မှာလည်း ချွတ်ယွင်းချက်တွေ့ရှိတာဘဲ။ ကိုယ့်ချို့ယွင်းချက်ကို ကိုယ်ပြင်ကြရမယ်။
သို့ပေမယ့် ကျုပ် ရဲဘော်တို့ကို ကတိတခု ပြုမယ်။ နိုင်ငံနဲ့ အများအကျိုးရဲ့သစ္စာကို ကျုပ် ဘယ်တော့မှ မဖောက်။ ရဲဘော်တို့ထဲက ဖြစ်ဖြစ် ဒီ့ပြင်ထဲက ဖြစ်ဖြစ် ကျုပ်ထက်တော်တဲ့လူ ထွက်ပြ နိုင်ပါစေ။ ကျုပ်ဖယ်ပေးဘို့ အသင့်ပဲ။
စစ်သားမှစစ်သားဆိုတဲ့ စိတ်ကို ဖျောက်ကြ
နောက်ဆုံးတခု မှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့ စိတ်ဓါတ်မထားကြဘို့ပဲ။ ဒီနိုင်ငံမှာ ဖြစ်ဖြစ် ဒီ့ပြင်နိုင်ငံမှာ ဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်တဲ့ လူတွေရှိကြတာမဟုတ်ဘူး။ တခြားစစ်သားမဟုတ်ပေမယ့် နိုင်ငံအတွက် အမျိုး မျိုး အနစ်နာခံ အမျိုးမျိုးစွန့်စား လုပ်ကြတဲ့ လူတွေလဲရှိတာပဲ။ အဲဒါကြောင့် စစ်သားမှစစ်သားဆိုတဲ့ စိတ်သဘောထားကို ပြောင်းကြရမယ်။ သို့ပေမယ့် တခုနားလည်စေချင်တယ်။ ကျုပ်ဟာ စစ်တပ်ကို မတရားနှိမ်မယ်။ လူလည်လုပ်မယ်။ စစ် တပ်ရဲ့ အခွင့်အရေးများကို မတရားချိုးဖျက်မယ်ဆိုရင် ကျုပ် အစွမ်းကုန်ကြိုးစား တိုက်ဖျက်မယ်ဆိုတာ ရဲဘော်တို့ သိစေ ချင်ပါတယ်။
ကနေ့ ဒီမှာပြောတာတွေကို အားလုံးစစ်သားတွေ သိပါစေ။ သိအောင်ပြောပြကြပါ။ အဲဒါ နောက်ဆုံးမှာကြားခြင်းပဲ။
http://forverfriends.ning.com/group/story/forum/topics/2863689:Topic:6978835
( Thuya Soemoe Daweithar ထံမှတဆင့် ကူးယူပါသည်)

မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးဖွင့်မည်

Posted by drmyochit Sunday, July 15, 2012, under | No comments

ကနေဒါနိုင်ငံခြားရေးဝန်ကြီး ဂျွန် ဘာ့ဒ်
မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးဖွင့်မယ့် အစီအစဉ်တရပ်ကို ကနေဒါနိုင်ငံခြားရေးဝန်ကြီး ဂျွန် ဘာ့ဒ် (John Baird) က ဇူလိုင် လ ၁၃ ရက်၊ သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာကျင်းပနေတဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN ဒေသတွင်းအစည်းအဝေးနဲ့ ၀န်ကြီးအဆင့် အစည်းအဝေးတွေအတွင်း ကြေညာခဲ့တာပါ။ အဲဒီအစည်းအဝေးတွေ အတွင်းမှာ ကနေဒါနိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေကြောင့် ကနေဒါနိုင်ငံအနေနဲ့ ဆက်ပြီး အားတက်ရတဲ့အကြောင်း၊ မိမိတို့ရဲ့ ဆက်ဆံရေးကို မကြာသေးခင်က တိုးချဲ့ခဲ့တာနဲ့အမျှ မြန်မာနိုင်ငံမှာ သံရုံးတခုဖွင့်လှစ်ရေး ကနေဒါနိုင်ငံ က စီစဉ်နေတယ်ဆို တာကို မိမိ ၀မ်းမြောက်ဝမ်းသာ ကြေညာပါတယ်လို့ မစ္စတာ ဘာ့ဒ်က ပြောခဲ့ပါတယ်။

အဲဒီလိုဖွင့်လှစ်နိုင်ဖို့အတွက် လာမယ့်သီတင်းပတ်တွေ၊ လတွေအတွင်း မြန်မာအစိုးရနဲ့ အနီးကပ် ပူးပေါင်း လုပ်ဆောင်သွားမယ့် အကြောင်း၊ ဒီကြေညာချက်ဟာ မြန်မာနိုင်ငံနဲ့ မိမိတို့အကြားဆက်ဆံရေးမှာ အပြု သဘောဆောင်တဲ့ တခြားတိုးတက်မှုတွေကိုလည်း တည်ဆောက်နိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ကနေဒါနိုင်ငံခြားရေးဝန်ကြီးက ထည့်ပြောသွားပါတယ်။

မစ္စတာဘာ့ဒ်ဟာ ဒီနှစ် မတ်လ ၈ ရက်နေ့က မြန်မာနိုင်ငံဆီ လာရောက်ခဲ့တာကြောင့် မြန်မာနိုင်ငံဆီ သမိုင်းဝင် လာရောက်တဲ့ ပထမဆုံး ကနေဒါနိုင်ငံခြားရေးဝန်ကြီး ဖြစ်ခဲ့ပါတယ်။

By ဗွီအိုအေ(မြန်မာဌာန)

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်