Wednesday, July 18, 2012

ထိုင်းနိုင်ငံတွင် ရဲချုပ်သစ်အတည်ပြုရွေးချယ်ခဲ့ခြင်း

Posted by drmyochit Wednesday, July 18, 2012, under | No comments


          ထိုင်းအမျိုးသားရဲတပ်ဖွဲ့ဒုတိယအကြီးအကဲ ရဲဗိုလ်ချုပ်ကြီး အဒူလ်ဆန်းဆင်းကော် အား ရဲချုပ်သစ်အဖြစ်ရွေးချယ်ခဲ့ပြီး စက်တင်ဘာလ ၃ဝ ရက်နေ့ တွင် အငြိမ်းစားယူမည့် ရဲဗိုလ်ချုပ်ကြီး ပရိုင်ပန်ဒါမာပေါင်၏နေရာတွင် ဆက်ခံမည်ဖြစ်ကြောင်းနှင့် ၎င်းအား ဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်ထရာက ထိုင်းရဲတပ်ဖွဲ့ဘုတ်အဖွဲ့အစည်းအဝေးတွင် ဇူလိုင်လ ၁၆ ရက်နေ့က အမည်စာရင်းတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း Bangkokpost သတင်းတစ်ရပ်အရသိရှိရပါသည်။ ၎င်းသည် အမျိုးသားရဲတပ်ဖွဲ့ဒုတိယရဲချုပ် ၃ ဦးအနက် အသက်အငယ်ဆုံးဖြစ်သော်လည်း ဘုတ်အဖွဲ့ဝင် ၁ဝ ဦးက ထောက်ခံမဲ ၁ဝ မဲဖြင့် ရဲချုပ်အဖြစ်ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါမဲခွဲဆုံးဖြတ်မှုတွင် ဝန်ကြီးချုပ် ယင်လပ်ကကြားနေမဲပေးခဲ့ပါသည်။ ရဲဗိုလ်ချုပ်ကြီး အဒူလ်သည် မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့၏ ခေတ္တအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး ၎င်း၏ရာထူးခန့်အပ်မှုအား ဘုရင်၏ အတည်ပြုချက်ရရှိမှသာလျှင် ၎င်း၏ဦးဆောင်မှုကာလအတွင်းဆောင်ရွက်မည့် ရဲတပ်ဖွဲ့ဆိုင်ရာမူဝါဒသစ်များနှင့် ပတ်သက်သည့်အစီအစဉ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်ဟုသိရှိရပါသည်။ ရဲဗိုလ်ချုပ်ကြီး အဒူလ်အားအတည်ပြုခန့်အပ်ရေး ထိုင်းဘုရင်ထံသို့ ရက်သတ္တပတ် ၂ ပတ်အတွင်းတင်ပြသွား မည်ဖြစ်ကြောင်းသိရှိရပါသည်။

တရုတ်နိုင်ငံက စပရက်တလီကျွန်းစုဆိုင်ရာအစိုးရအဖွဲ့ စတင်ဖွဲ့စည်းခြင်း

Posted by drmyochit Wednesday, July 18, 2012, under | No comments


          တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွားလျက်ရှိသော စပရက်တလီကျွန်းစုများကို စီမံအုပ်ချုပ်မည့်ဒေသခံအုပ်ချုပ်ရေးကော်မရှင်တစ်ခု စတင် ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း ဇူလိုင်လ ၁၇ ရက်နေ့Newsnow  သတင်းတစ်ရပ်အရ သိရှိရပါသည်။ အဆိုပါကော်မတီအား စပရက်တလီကျွန်းကို အုပ်ချုပ်ရန်ဖွဲ့စည်းထားသော ဟိုင်နန်ပြည်နယ်မှစီရင်စုအဆင့်ရှိ စန်းရှာမြို့တွင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ ကော်မတီသည် စန်းရှာမြို့၏ ပထမဆုံးဒေသဆိုင်ရာကွန်ဂရက်ကိုဖွဲ့စည်းရေး၊ ကိုယ်စားလှယ်များရွေးကောက်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်တစ်ရပ် အတည်ပြုရေး နှင့် ဒေသဆိုင်ရာကွန်ဂရက်၏ ပထမဆုံးအကြိမ်မျက်နှာစုံညီအစည်းအဝေးကျင်းပရေး တို့အား ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အဆိုပါ စန်းရှာအစိုးရအဖွဲ့အား ဗီယက်နမ် နိုင်ငံနှင့် ပိုင်ဆိုင်မှုအငြင်းပွားလျက်ရှိသော ပါရာဆဲလ်ကျွန်းစုရှိ ယောင်ရှင်းကျွန်းတွင် အခြေပြုမည်ဖြစ်ပါသည်။ အဆိုပါအစိုးရအဖွဲ့သည် တောင်တရုတ်ပင်လယ်အတွင်းရှိ တရုတ်ငါးဖမ်းသမားများနှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းများ၏လုံခြုံမှုကို တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

အလှအပမက်မောမူကြောင့် ဘ၀ပျက်တတ်ကြောင်း ပြည်တွင်း/ပ မှရွှေမြန်မာ မမ၊ညီမ များသိစေရန်အိတ်ဖွင့်ပေးစာ

Posted by Anonymous Wednesday, July 18, 2012, under | No comments





မိန်းကလေးတွေ လှချင်ပချင်တာနဲ့ ပတ်သက်ပြီး ဒီခေတ်ကလေးမလေးတွေဟာ အလှဗေဒကို နည်းနည်းတော့ စဉ်းစားကြစေချင်တယ်လို့ ပြောရင် မိန်းကလေးပဲလှချင်တာ ဓမ္မတာမဟုတ်လား၊ ဟိုဘက်ခေတ်ပဲ၊ ဒီဘက်ခေတ်ပဲနဲ့ ခွဲနေဦးမှားလာလို့ ပြန်ပြောချင်နေမလားတော့ မဆိုနိုင်ဘူး။
ဟုတ်တာပေါ့ … မိန်းကလေးဆိုတာ လှချင်တာပဲ၊ ဒါလူ့ဓမ္မတာပဲ။ ဟိုခေတ်ရယ်၊ ဒီခေတ်ရယ် ခွဲမနေအပ်ပါဘူး။ ဒါပေမယ့် မိန်းကလေးတွေ လှချင်တယ် ဆိုတာ အတိုင်းမသိ၊ အတာမသတ်၊ လှသထက် လှရမယ်ဆိုရင် ဘယ်လိုလုပ်ရ လုပ်ရ ဆိုတာမျိုးတော့ မဖြစ်သင့်ဘူး။ အဲဒါကို ပြောချင်တာပါ။
မိန်းကလေးဟာ ကိုယ်ရမ်းမသိ၊ သိပ်လှချင်နေရင် အန္တရယ် အလွန်ကြီးတယ်။ ဘာပြုလို့လဲဆိုတော့ ဒို့မိန်းကလေးတွေမှာ စောင့်စည်းရမယ့် ကာယိနြေ္ဒဆိုတာက ရှိနေလို့ပဲ။ ဒါကြောင့် လှတော့ လှချင်တာပေါ့။ ဒါပေမယ့် သူ့အတိုင်းအတာနဲ့ သူသာလှချင်ရတယ်။


KIA မှဒုက္ခသည်ယောင်ဆောင်ပြီးမိုင်းဖောက်ခွဲမှုတွေကြောင့် ကချင်ဒုက္ခသည်များ ထိတ်လန့်

Posted by drmyochit Wednesday, July 18, 2012, under | No comments


ကချင်စစ်ပြေးဒုက္ခသည်စခန်းများတွင် KIAမှဒုက္ခသည်ယောင်ဆောင်ပြီး မိုင်းထောင်မိုင်းခွဲလုပ်ငန်းတွေ လုပ်ဆောင်နေတာကြောင့် ဒုက္ခသည်များက ကြောက်လန့်နေကြသသည်။ စစ်ပြေး ဒုက္ခသည်များသည် ဒုက္ခသည်စခန်းများထက် ပိုမို လုံခြုံနိုင်မည့် နေရပ်ကို ရှာဖွေလိုနေကြသဖြင့် စခန်း တာဝန်ရှိသူများက ဖျောင်းဖျ ပြောဆိုနေရကြောင်း ဂျန်မိုင်ကောင် ဒုက္ခသည်စခန်း တာဝန်ခံ ဦးအောင်မြတ်က KDNသို့ ပြောသည်။

လွယ်ဂျယ်မြို့အနီး မံကောင်း(ရှမ်း)ရွာမှ ကျောင်းသားများနှင့် မိဘများပြောင်းရွှေ့နေထိုင်မှုများရှိနေ

Posted by drmyochit Wednesday, July 18, 2012, under | No comments


 KIA (ကချင်)လက်နက်ကိုင်အဖွဲ့ ထိန်းချုပ်ရာဒေသအတွင်း လွယ်ဂျယ်မြို့အနီးရှိ မံကောင်း(ရှမ်း)ရွာမှ ရှမ်းလူမျိုး ကလေးငယ် မောင်အိုက်ထွန်း၊ (၁၅)နှစ်၊ မောင်ဟိုလျံ၊ (၁၃)နှစ်နဲ့ မောင်အိုက်မောင်၊ (၁၄)နှစ်တို့ကို ဇူလိုင်လ ၁၂ ရက်နေ့ညဦးပိုင်းမှာ KIA တပ်ရင်း(၁)မှ လာရောက် ဖမ်းဆီးခေါ်ဆောင် သွားကြောင်း၊ သူတို့တွေဟာ လွယ်ဂျယ်အထက်တန်းကျောင်းနဲ့ တရုတ်စာသင်ကျောင်းမှာ စာသင်ကြား   နေတဲ့  သူတွေ ဖြစ်ကြောင်း သတင်း ပေးပို့လာပါတယ်။


ချင်းမိုင် မြန်မာ ဘုန်းကြီးကျောင်းအရေး သမ္မတ ဦးသိန်းစိန်ထံ တင်ပြမည်

Posted by Anonymous Wednesday, July 18, 2012, under | No comments

ဝပ်ဆိုင်းမွန်း ကျောင်းတိုက်ရှိ မြန်မာ သံဃာတော်များနှင့် ဆွေးနွေးနေသော သံအမတ်ကြီး ဦးတင်ဝင်း (ဓာတ်ပုံ – ဧရာဝတီ)
ချင်းမိုင်မြို့ရှိ ၀ပ် ဆိုင်းမွန်း မြန်မာ ဘုန်းကြီးကျောင်း၌ မြန်မာ ကျောင်းထိုင် ဆရာတော် ဆက်လက်ထား ခွင့်ရရန် သမ္မတ ဦးသိန်းစိန်ထံ တင်ပြပေးမည်ဟု ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးတင်ဝင်းက ပြောကြားသည်။
ဦးသိန်းစိန်၏ ထိုင်းနိုင်ငံသို့ ဇူလိုင်လ ၂၂ ရက်နေ့မှ စတင်၍ ၃ ရက်ကြာ လာရောက်မည့် ခရီးစဉ် မတိုင်ခင် ယင်းကိစ္စကို နှစ်နိုင်ငံ တာဝန်ရှိသူများနှင့် ဆွေးနွေးနိုင်ရန် တင်ပြသွားမည် ဖြစ်ကြောင်း ယနေ့ ၀ပ်ဆိုင်းမွန်း ကျောင်းတွင် ဂေါပက အဖွဲ့ဝင်များ အပါအ၀င် မြန်မာ သံရုံး တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးရာတွင် သံအမတ်ကြီး ဦးတင်ဝင်းက ပြောကြားခြင်းဖြစ် သည်။
“၀ပ်ဆိုင်းမွန်း ကျောင်းထိုင် ပြဿနာလေးတွေမှာ လာပြီးတော့ သံဃာတော်တွေကိုလျှောက်ရင်း ဒကာ၊ ဒကာမတွေကို တွေ့ရင် ဖြစ် နိုင်မယ့် နည်းလမ်းတွေ ရှာဖွေဖို့ လာခဲ့တာပါ၊ အဓိကတော့ ကျနော်တို့တွေက ၀ိုင်းဝန်းပြီးတော့ ကူညီဆောင်ရွက်ဖို့ လာခဲ့တာ ပါ” ဟု သံအမတ်ကြီး ဦးတင်ဝင်းက သတင်းထောက်များကို ရှင်းပြသည်။


မောင်တောမှာ ဆန်ဈေးထိုးတက်

Posted by Anonymous Wednesday, July 18, 2012, under | No comments
















ရခိုင်ပြည်နယ် အဓိကရုဏ်းတွေအပြီး ဒီလဆန်းကစပြီး မောင်တောခရိုင်မှာ ဆန်ဈေးနဲ့ တခြားကုန်ပစ္စည်းတွေပါ ဈေးတက်လာတယ်လို့ သိရပါတယ်။
တာ့ခ်ခနာမြို့မှ ဆန်ရောင်းဝယ်ရေး ဆိုင်တဆိုင် (ဓာတ်ပုံ – ဧရာဝတီ)
အဓိကရုဏ်းတွေ ပြီးသွားပေမယ့် လုံခြုံရေး စိတ်ချရမှု မရှိသေးလို့ စစ်တွေဘက်က ပစ္စည်းတွေ အဝင်နည်းနေတာကြောင့် မောင်တောခရိုင်မှာ အခုလို ဆန်နဲ့ တခြားကုန်ပစ္စည်းဈေးတွေ တက်လာတာဖြစ်ကြောင်း မောင်တောမြို့ ၄ မိုင်ရပ်ကွက်မှ ဒေသခံ ကိုကျော်က ပြောပါတယ်။
“မိုးရာသီဖြစ်ပေမယ့် တံတားပျက်တာတို့၊ ဘာတို့မရှိဘူး။ စစ်တွေဘက်က မဆင်းဘူးလေ။ အဆင်းနည်းတယ်။ ဆန်ဈေးကတော့ အခု နည်းနည်းတက်နေတယ်။ ပြဿနာ မဖြစ်ခင်ကတော့ (ဆန်တအိတ်ကို) ၁၂၀၀၀၊ ၁၃၀၀၀ လောက်ပဲရှိတယ်။ အခုက ဘူးသီးတောင်မှာ ၁၅၀၀၀၊ ၂၀၀၀၀ ဖြစ်နေပါတယ်။ မောင်တောကို ရောက်တဲ့အခါ အခုဆို ၂၃၀၀၀ ပတ်ဝန်းကျင်လောက် ဖြစ်တယ်။

ဒုက္ခသည်များကို ဖမ်းဆီးခြင်းကြောင့် ဆွေးနွေးမှု ထိခိုက်နိုင်ဟု KIO ပြော

Posted by Anonymous Wednesday, July 18, 2012, under | No comments

ဖနိဒါ | အင်္ဂါနေ့၊ ဇူလိုင်လ ၁၇ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၅၀ မိနစ်



 ကချင်စစ်ပြေးဒုက္ခသည်များကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ပတ်သက်သည်ဟု စွပ်စွဲကာ ဖမ်းဆီးနှိပ်စက်မှုများ ပြုလုပ်နေခြင်းသည် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းစဉ်များအား ထိခိုက်စေနိုင်သည် ဟု KIO က ပြောဆိုလိုက်သည်။

“မြို့ပေါ်ဆွေးနွေးဖို့ ခေါ်တဲ့အခါ မသွားတဲ့ကိစ္စက ဒီအချက်တွေလည်း ပါတယ်။ အခု လူထု တော်တော်များများဟာ အစိုးရကနေ ဖမ်းဆီးနှိပ်စက်တဲ့ ဒုက္ခခံရတာမျိုး၊ လူစဉ်မမီအောင် နှိပ်စက်တာမျိုး လုပ်နေကြတယ်။ ဒီလို အချိန်မှာ ကျနော်တို့က သက်တောင့်သက်သာနဲ့ ဗန်းမော်မှာ၊ မူဆယ်ဘက်မှာ သွားပြီးတော့ ဆွေးနွေးမယ်ဆိုတာက လူထု အမြင်မှာ မရှင်းလင်းဘူး။ ဒီလို ဆက်လုပ်နေတယ်ဆိုရင်တော့ သူတို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆိုတာ အများကြီး ထိခိုက်မှု ဖြစ်ပွားမှာပဲ” ဟု KIO တွဲဘက်အတွင်းရေးမှူး ဦးလနန် က မဇ္ဈိမကို ပြောသည်။

မြစ်ကြီးနားမြို့ ရွှေစက်ကျေးရွာ နှစ်ခြင်းအသင်းတော်ဘုရားကျောင်း ဒုက္ခသည်စခန်းမှ ကချင်အမျိုးသား ဦးဘရန်ယုံ၊ ဦးလဖိုင်ဂမ်၊ တာလောကြီးကျေးရွာမှ ဦးဇော်ဘောမ်နှင့် ဦးဇခုန်လရိန်တို့ လေးဦးကို KIO နှင့်ပတ်သက်သူများ
ဖြစ်သည်ဟု ဆိုကာ ဖမ်းဆီး နှိပ်စက်မှုများ ပြုလုပ်နေသည်ဟု သူတို့အမှုကိုလိုက်ပါ ကူညီပေးနေသည့် ရှေ့နေ ဦးမာခါးက ပြောသည်။

“ငြိမ်းချမ်းရေးနှင့် ညီညွှတ်ရေး” တရား သီတဂူ ဆရာတော် ဟောကြား

Posted by Anonymous Wednesday, July 18, 2012, under | No comments

ယမန်နေ့က ၀ပ် ဆိုင်းမွန်း ကျောင်းတိုက်တွင် ကျင်းပသော သီတဂူ ဆရာတော်ကြီး အရှင် ဉာဏိဿရ တရားပွဲ (ဓာတ်ပုံ – ဧရာဝတီ)
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဝပ်ဆိုင်းမွန်း မြန်မာ ဘုန်းတော်ကြီး ကျောင်းတွင် ကမ္ဘာ့သာသနာပြု သီတဂူ ဆရာတော် အရှင်ဉာဏိဿရ က “ငြိမ်းချမ်းရေးနှင့် ညီညွှတ်ရေး”အမည်ရ တရားကို ယမန်နေ့ ညပိုင်းက ဟောကြားသွားသည်။
တရားပွဲတွင် ဆရာတော်က ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် အချင်းချင်း စည်းလုံးကြရန်နှင့် မြန်မာ့အမွေ အနှစ်များ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ကြရန်၊ ထိုသို့လုပ်ဆောင်ရွာတွင် ငြိမ်းချမ်းသောနည်းလမ်းဖြင့် ညီညီညွှတ်ညွှတ် ဆောင်ရွက်ကြ ရန် မိန့်ကြားခဲ့သည်။

မြန်မာပြည်မှာ ခရက်ဒစ် အကြွေးကဒ်သုံးဖို့ စတင် စီစဉ်

Posted by Anonymous Wednesday, July 18, 2012, under | No comments

နိုင်ငံ တကာဧည့်သည်တွေ လာရောက်တဲ့ ပြည်တွင်းဘဏ်တွေမှာ အသုံးပြုနိုင်မဲ့ အကြွေးဝယ်ကတ် VISA နဲ့ MASTER ကတ်တွေကို အခု နှစ်ကုန်ပိုင်းမှာ စတင် သုံးနိုင်ဖို့ ပြည်တွင်းပုဂ္ဂလိက ဘဏ်တွေက နိုင်ငံတကာ ဘဏ်တွေနဲ့ ပူးပေါင်းပြီး  အကြွေးဝယ်ကတ် စနစ်တွေ အကောင်အထည် ဖော်ဖို့ ကြိုးစားနေကြပါတယ်။ ဘယ်လို အကြွေးကဒ်တွေကို စီစဉ် လုပ်ဆောင်ကြမယ်ဆိုတာနဲ့ ပတ်သက်လို့ ရန်ကုန်မြို့မှာ ရှိတဲ့ သတင်းထောက် ကိုရဲကျော်အောင်က တင်ပြပေးထားပါတယ်။
နိုင်ငံ တကာဧည့်သည်တွေ မြန်မာနိုင်ငံကို လာရောက်ကြတဲ့အခါ ပြည်တွင်းဘဏ်တွေမှာ အသုံးပြုဖို့ လွယ်ကူနိုင်အောင် စီစဉ်တဲ့အနေနဲ့ အကြွေး ၀ယ်ကတ် VISA နဲ့ MASTER ကဒ်တွေကို အခုနှစ်ကုန်ပိုင်းမှာ စတင် သုံးနိုင်ဖို့အတွက် ပြည်တွင်းမှာရှိတဲ့ ပုဂ္ဂလိက ဘဏ်တွေက စီစဉ်နေပြီ လို့ CB ဘဏ် ဒါရိုက်တာ ဦးဖေမြင့် က ပြောပါတယ်။ လက်ရှိ ပြည်တွင်းဘဏ် တွေအနေနဲ့ နိုင်ငံ တကာဘဏ် တွေနဲ့ ပူးပေါင်း စီစဉ်နေတာနဲ့ပတ်သက်လို့ CB ဘဏ် ဒါရိုက်တာ ဦးဖေမြင့်က VOA ကို အခုလို ရှင်းပြပါတယ်။
“Tourist တွေဘာတွေ လာတဲ့အခါမှာ ငွေသုံးတဲ့အခါမှာ အဆင်ပြေအောင်လို့ လုပ်ပေးတဲ့သဘောပေါ့၊ လူကြီးတွေလည်း အဲလို ဆန္ဒပဲ ရှိတာပဲလေ..၊ မကြာခင်မှာ Visa သုံးဖို့  Master သုံးဖို့ ဆန္ဒတော့ ရှိကြ တယ်လေ”

မိုးထိ မိုးမိ ရွှေတူးခွင့် မပြေလည်သေး

Posted by Anonymous Wednesday, July 18, 2012, under | No comments

 တပိုင်တနိုင် ရွှေတူးခွင့်ကို အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီအုပ်စုက ပြန်လည် ခွင့်ပြု ခဲ့သော်လည်း လိုအပ်သည့် စက်ကိရိယာများကို သယ်ဆောင်မည့် ယာဉ်များအား တောင်ပေါ် တက်ခွင့် ပိတ်ပင် ထားဆဲ ဖြစ်ကြောင်း မန္တလေးတိုင်း၊ ရမည်းသင်းခရိုင် မိုးထိမိုးမိ ရွှေတောမှ အလုပ်သမားများက ပြောသည်။

မေလဆန်းတွင် တပိုင်တနိုင် ရွှေတူးခွင့်ကို ကုမ္ပဏီက ပိတ်လိုက်၍ ရွှေလုပ်သားများက နေပြည်တော်ထိ ဆန္ဒပြရန် ချီတက်စဉ် ခရီးတထောက်အရောက် ဇွန်လ ၁၄ ရက်နေ့တွင် ကုမ္ပဏီက ပြန်လည် လုပ်ကိုင်ရန် သဘောတူခဲ့သော် လည်း အလုပ်သမားများ ရွှေတွင်းသို့ ပြန်ရောက်ချိန်မှ စ၍ ယာဉ်များအား တောင်ပေါ် တက်ခွင့် ပိတ်လိုက်ခြင်း
ဖြစ်သည်ဟု ဆိုသည်။

“ပြန်လုပ်ဖို့ ဆိုတာက အလုပ်သမားတို့၊ စက်ကိရိယာတို့၊ ဆီတို့၊ ရိုက်ပြား ဇကာတို့ ဒါတွေ လိုမယ်ပေါ့ဗျာ။ ဒါတွေ
တောင်ပေါ် ရောက်အောင် ကားတွေ ဆိုင်ကယ်တွေကို တက်ခွင့် မပေးဘူး။ ဒီလို မပေးတာဟာ အင်းလုပ်ခွင့်ကို ပိတ်လိုက်တာနဲ့ အတူတူပဲ” ဟု လွတ်လပ်သော ရွှေလုပ်သားများ အခြေခံ အလုပ်သမား အဖွဲ့အစည်း ၏ ဥက္ကဋ္ဌ ဖြစ်သူ ကိုသက်လွင် က ပြောသည်။

၈၈၈၈ ငွေရတုအကြို လူထုအသွင်ဖြင့် မန္တလေးမှာ ကျင်းပမည်

Posted by Anonymous Wednesday, July 18, 2012, under | No comments

       ၈၈၈၈ အရေးတော်ပုံတွင် ကျဆုံးခဲ့သည့် ရဟန်းရှင်လူ ကျောင်းသားပြည်သူများ၏ စွန့်လွှတ်အနစ်နာခံမှုကို ဂုဏ်ပြုချီးကျူးသွားရန် ရှစ်လေးလုံး အရေးတော်ပုံ ၂၄ နှစ်မြောက် နှစ်ပါတ်လည်နေ့ကို လူထုကိုယ်စားပြုပုံစံဖြင့် မန္တလေးမြို့တွင် ပူးပေါင်းကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီး၏ ငွေရတုအကြိုအဖြစ် နှစ်ပတ်လည် အခမ်းအနား ကျင်းပရေး အစည်းအဝေးကို ဇူလိုင် ၁၆ ရက်နေ့က မန္တလေးမြို့ ဘုရားကြီး ဒက္ခိဏရာမ (အလယ်တိုက်)တွင် ကျင်းပခဲ့ပြီး ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ကိုမင်းကိုနိုင် တက်ရောက် ဦးဆောင်ဆွေးနွေးခဲ့သည်။

တိုင်းနှင့်ပြည်နယ်အားလုံးမှ ရဟန်းရှင်၊လူ၊ ကျောင်းသား၊ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာနိုင်ရေးအတွက် ဆက်သွယ်ရေး အလယ်ဗဟိုကျသည့် မန္တလေးမြို့တွင် ကျင်းပသွားရန် ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း စီစဉ်သူတဦး
ဖြစ်သည့် ကိုရဲရင့်ကျော်က ပြောသည်။

HIV ကူးစက်နှုန်း ကျတဲ့ ပထမဆုံး ဆေး

Posted by drmyochit Wednesday, July 18, 2012, under | No comments

ဒီဆေးကြောင့် ရောဂါ ကူးစက်နှုန်း ၇၅ ရာနှုန်း ကျဆင်း
HIV ကူးစက်နှုန်း ကျဆင်းစေတဲ့ ပထမဆုံး ဆေးကို အမေရိကန်မှာ ခွင့်ပြု လိုက်ပါပြီ။

Truvada ဆိုတဲ့ ဆေးကို HIV ပိုးရှိသူနဲ့ ကိုယ်လက် နှီးနှောမှုလို ကူးစက် နိုင်ခြေ များတဲ့ အခါမျိုးမှာ သုံးသင့်ပါတယ်။

ဆေးသောက်တာ အပြင် ကွန်ဒုံး သုံးတာ၊ HIV ပိုး ရှိမရှိ မှန်မှန် စစ်တာတွေလဲ လုပ်မှ ရောဂါကို ထိရောက်အောင် ကာကွယ် နိုင်တယ် အမေရိကန် ဆေးဝါး အဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီဆေးကြောင့် ရောဂါ ကူးစက်နှုန်း ၇၅ ရာနှုန်း ကျဆင်း စေတယ်လို့ သုတေသီ တွေက ဆိုပါတယ်။

ဘီဘီစီ မြန်မာပိုင်း

မြန်မာဘုန်းတော်ကြီး ကျောင်းထိုင်ခွင့်ရရှိရေး၊ ထိုင်းရှိ မြန်မာသံအမတ်ကြီး ဆွေးနွေး

Posted by drmyochit Wednesday, July 18, 2012, under | No comments

2012-07-17

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က ဝပ်ဆိုင်းမွန်း မြန်မာကျောင်းမှာ မြန်မာ ဆရာတော် ကျောင်းထိုင် ခန့်အပ်ရေးအတွက် ဘန်ကောက် မြန်မာ သံရုံးက သံအမတ်ကြီးနဲ့အဖွဲ့ ဒီကနေ့ ဘုန်းကြီးကျောင်းကို လာရောက် လေ့လာပါတယ်။
RFA
လွန်ခဲ့သည့် နှစ်ပေါင်း လေးရာကျော်ကတည်းက မြန်မာဘုန်းတော်ကြီး အဆက်ဆက် ကျောင်းထိုင်ခဲ့ကြသည့် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ဝပ်ဆိုင်းမွန်း မြန်မာကျောင်း
မြန်မာသံအမတ် ဦးတင်ဝင်းနဲ့အဖွဲ့ဟာ ဝပ်ဆိုင်းမွန်း ကျောင်းက မြန်မာသံဃာတွေ၊ ဝပ်ဆိုင်းမွန်း မြန်မာ ဗုဒ္ဓဘာသာ အသင်းဝင်တွေ၊

အမေရိကန် ပိတ်ဆို့မှုကိစ္စ လွှတ်တော်အမတ် McConnell နဲ့ ဒေါ်စု ဆွေးနွေး

Posted by drmyochit Wednesday, July 18, 2012, under | No comments


ဓာတ်ပုံ ASSOCIATED PRESS
အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် အရေးယူ ဒဏ်ခတ်မှုတွေ နောက်ထပ် သက်တမ်း တိုးမြှင့်ရေး ဆွေးနွေးဖို့ ရှိနေချိန်မှာပဲ ထင်ရှားတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် တဦးနဲ့  မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ ဒဏ်ခတ်မှုတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။ ရင်းနှီးမြုပ်နှံ လုပ်ကိုင်နိုင်မယ့် အလားအလာတွေကို ဆန်းစစ်ဖို့ အမေရိကန် လုပ်ငန်းတွေ မြန်မာနိုင်ငံ မှာ ရောက်ရှိနေစဉ်မှာပဲ အမေရိကန် အထက်လွှတ်တော် အမတ် Mitch McConnell နဲ့ ဒေါ်အောင်ဆန်း စုကြည် တို့ တယ်လီဖုန်းကတဆင့် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်း ထားတဲ့ ကိုအောင်လွင်ဦး က ပြောပြပေးမှာ ဖြစ်ပါတယ်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်