Saturday, July 21, 2012

ဆီးရီးယားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုအတွက် မဲခွဲဆုံးဖြတ်ရေးကိစ္စအား လုံခြုံရေးကောင်စီက ရွှေ့ဆိုင်းခဲ့ခြင်း

Posted by drmyochit Saturday, July 21, 2012, under | No comments


Xinhuanet.com;July-19(Thu)

          ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ဆီးရီးယားနိုင်ငံနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်မူကြမ်းအသစ် အပေါ် မဲခွဲဆုံးဖြတ်ရေးကိစ္စအား ရွှေ့ဆိုင်းခဲ့ကြောင်းသိရှိရပါသည်။ ဆီးရီးယား ပဋိပက္ခဖြေရှင်းရေးနှင့်ပတ်သက် ၍ ရုရှားနှင့် ဗြိတိန်နိုင်ငံတို့မှ အဆိုပြုတင်သွင်းထားသော မူကြမ်းစာသားများအကြား ကွဲလွဲမှုများရှိနေသော ကြောင့် မဲခွဲဆုံးဖြတ်ရေးကိစ္စအားဆိုင်းငံ့ထားရန် ကိုဖီအာနန်က မေတ္တာရပ်ခံခဲ့ခြင်းဖြစ်ပါသည်။
 ၎င်းတို့အနေ ဖြင့်  ကုလသမဂ္ဂပဋိညာဉ်အခန်း(၇)ပါဆုံးဖြတ်ချက်အား ဗီတိုအာဏာသုံး၍ပယ်ချသွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံ က ပြောကြားခဲ့ပါသည်။

 သို့သော် ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်၊ ဂျာမနီနှင့်ပေါ်တူဂီနိုင်ငံတို့က ၎င်းတို့အနေဖြင့် ကုလသမဂ္ဂပဋိညာဉ်အခန်း(၇)အား အခိုင်အမာဆုပ်ကိုင်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဇွန်လ ၃ဝ ရက်နေ့က ဂျီနီဗာ၌ပြုလုပ်ခဲ့သော ဝန်ကြီးများ အဆင့်ဆွေးနွေးပွဲတွင် ချမှတ် ခဲ့သော နောက်ဆုံးကြေညာချက်အား၎င်း
တို့အနေဖြင့် ကြိုဆိုလက်ခံကြောင်း ရုရှားနိုင်ငံက ၎င်း၏ဆုံးဖြတ်ချက်မူကြမ်းတွင်ဖော်ပြထားပါသည်။
 
ဆီးရီးယားအတိုက်အခံများညီလာခံက အတည်ပြုထားသော အသွင်ကူးပြောင်းရေးအတွက် အမျိုးသားသဘောတူညီချက်နှင့် ပူးတွဲနိုင်ငံရေးအမြင်ဆုံးဖြတ်ချက်အား ဥရောပမဟာမိတ်နိုင်ငံများက ကြိုဆို ကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းညီလာခံအား ဇူလိုင်လ ၃ ရက်နေ့တွင် မြို့တော်ကိုင်ရို၌ အာရပ်နိုင်ငံများ အဖွဲ့ က ကမကထပြု၍ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ 

ကုလသမဂ္ဂစောင့်ကြည့်ရေးမစ်ရှင်အဖွဲ့ဝင်၏လုပ်ဆောင်မှုအား   ရုရှား နိုင်ငံက ၃ လတိုးမြှင့်ပေးရန်တောင်းဆိုထားသော်လည်း  ဥရောပနိုင်ငံများ၏ဆုံးဖြတ်ချက်မူကြမ်းတွင် ၄၅ ရက်သာ သက်တမ်းတိုးမြှင့်ပေးရန် ဖော်ပြထားကြောင်း သိရှိရပါသည်။

ဆီးရီးယားလုံခြုံရေးတပ်ဖွဲ့ဝင်များသည် နိုင်ငံတစ်ဝှမ်းလုံးရှိ အဓိကကျသည့်နေရာများအား ပြန်လည်သိမ်းပိုက်ရမိပြီဆိုခြင်း

Posted by drmyochit Saturday, July 21, 2012, under | No comments


Press TV.com;July-20(Fri)
 
          ဆီးရီးယားလုံခြုံရေးတပ်ဖွဲ့ဝင်များသည် အစိုးရဆန့်ကျင်သောလက်နက်ကိုင်အဖွဲ့မှ ထိန်းချုပ်ထားသော နိုင်ငံတစ်ဝှမ်းလုံးရှိအဓိကကျသောနေရာများအား ပြန်လည်သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း Press TV  သတင်းဌာနက ထုတ်ပြန်ခဲ့ပါသည်။ လက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဒမတ်စကတ်မြို့ဝန်းကျင်al-Midan ဒေသအားလုံးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး လက်နက်ကိုင်တပ်ဖွဲ့များထံမှ လက်နက်ခဲယမ်းများ၊ မော်တော်ယာဉ်များအား သိမ်းဆည်းရမိခဲ့ကြောင်းသိရှိရပါသည်။ 

လုံခြုံရေးတပ်ဖွဲ့ဝင်များ Idlib ရှိSilqin ဒေသအားထိန်းချုပ်ရန်အပါအဝင် တူရကီနယ်စပ်အနီးရှိ Bab al-Hawa  နှင့် အီရတ်နယ်စပ်အနီး ရှိal-Bukamal  ဒေသတို့ကိုလည်း ထိန်းချုပ်နိုင်ခဲ့ပါသည်။ဆီးရီးယားနိုင်ငံတွင် လက်နက်ကိုင်တပ်ဖွဲ့ဝင်များမှ ၂ဝ၁၁ ခုနှစ် မတ်လမှစ၍ အကြမ်းဖက်မှုများ ပြုလုပ်ခဲ့ပါသည်။ အကြမ်းဖက်မှုတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအပါအဝင် ပြည်သူရာပေါင်းများစွာ သေဆုံးခဲ့ပါသည်။ ဆူပူအကြမ်းဖက်မှုများသည် သူပုန်များ၊ အဖျက်သမားများနှင့် လက်နက်ကိုင်အကြမ်းဖက်သမားများက လုပ်ဆောင် နေသည်ဟု ဆီးရီးယားနိုင်ငံက ပြစ်တင်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တစ်ရက်တည်းမှာပင် ဆီးရီးယားဒုက္ခသည် ၈၅ဝဝ ခန့် လက်ဘနွန်နိုင်ငံအတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်ဟုဆို

Posted by Anonymous Saturday, July 21, 2012, under | No comments

 ဇူလိုင်လ ၁၉ ရက်နေ့တစ်ရက်တည်းမှာပင် ဆီးရီးယားဒုက္ခသည် ၈၅ဝဝ ခန့်သည် လက်ဘနွန်နိုင်ငံ အတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြကြောင်းနှင့် အများစုမှာ မြို့တော် ဒမတ်စကတ်နှင့်အနီးဝန်းကျင်မြို့များမှ ဖြစ်ကြောင်း လက်ဘနွန်လူမှုရေးရာဝန်ကြီး ဝေးလ်အဘိုဖိုအာကပြောကြားခဲ့သည်ဟု သိရှိရပါသည်။ ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့တွင် ဇူလိုင်လ ၁၈ ရက်နေ့က ဗုံးပေါက်ကွဲမှုကြောင့် ထွက်ပြေးတိမ်းရှောင်သူ အရေအတွက် တိုးမြင့်လာခြင်းဖြစ်ကြောင်းနှင့် ၎င်းဗုံးပေါက်ကွဲမှုတွင် လုံခြုံရေးဆိုင်ရာထိပ်တန်း တာဝန်ရှိသူ ၃ ဦးသေဆုံးခဲ့ကြောင်း ဖိုအာကပြောကြားခဲ့ပါသည်။
လက်ဘနွန်အစိုးရအနေဖြင့် အဆိုပါဒုက္ခသည်များကို အကူအညီပေးရန်ဆုံးဖြတ်ထားကြောင်းနှင့် ဒုက္ခသည်ဦးရေတိုးပွာလာနိုင်ကြောင်း ၎င်းကထပ်လောင်း ပြောကြားခဲ့ပါသည်။ လက်ဘနွန်ကယ်ဆယ်ရေးအဖွဲ့များသည် လက်ဘနွန်နိုင်ငံရှိ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာကော်မရှင်နှင့် NGO  အဖွဲ့အစည်းများနှင့်အတူ နယ်စပ်ဒေသတစ်လျှောက်တွင်ရှိနေပြီး အကူအညီ ပေးလျက်ရှိကြောင်း သိရှိရပါသည်။
လက်ဘနွန်ဝန်ကြီးချုပ် နာဂျစ်မီကာတီကလည်း အဆိုပါကယ်ဆယ်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ကယ်ဆယ်ရေးဆိုင်ရာအဆင့်မြင့်ကော်မတီအား ညွှန်ကြားချက် ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း သိရှိရပါသည်။

တရုတ်ဝန်ကြီးချုပ်နှင့် တောင်အာဖရိကသမ္မတတို့သည် နှစ်နိုင်ငံဆက်ဆံမှုတိုးမြှင့်ရေးတွေ့ဆုံဆွေးနွေးခဲ့ခြင်း

Posted by Anonymous Saturday, July 21, 2012, under | No comments

  တရုတ်ဝန်ကြီးချုပ် ဝမ်ကြားပေါင်သည် အလည်အပတ်ရောက်ရှိနေသော တောင်အာဖရိကသမ္မတ ဂျက်ကော့ဇူးမားနှင့် ဇူလိုင်လ ၁၉ ရက်နေ့တွင် တွေ့ဆုံဆွေးနွေး ခဲ့ပြီး တရုတ်-အာဖရိက နက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်ရေးနှင့် ဆက်ဆံရေးတိုးမြှင့်ရေး ကတိပြုခဲ့ကြကြောင်း သိရှိရပါသည်။ နိုင်ငံတကာဘဏ္ဍာရေးအကျပ်အတည်းသည် နှစ်နိုင်ငံအတွက် စိန်ခေါ်မှုအသစ်ဖြစ်နေသော်လည်း အခိုင်အမာပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဖြေရှင်းလုပ်ဆောင်ခဲ့ကြောင်း ဝမ်ကြားပေါင်ကပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံ အနေဖြင့် နှစ်နိုင်ငံပြည်သူတို့၏အကျိုးစီးပွားနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ အတွက် အာဖရိကနိုင်ငံများနှင့် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝမ်ကပြောကြားခဲ့ပါသည်။ 

ဂျပန်နိုင်ငံ Kyushu ကျွန်းရှိ လူပေါင်း ၃,ဝဝဝ နီးပါးသည် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ဘေးကင်းရာသို့ပြောင်းရွှေ့နေရခြင်း

Posted by drmyochit Saturday, July 21, 2012, under | No comments


Xinhuanet.com;July-19(Thu)

          ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းKyushu  ကျွန်းပေါ်ရှိ မြို့တစ်မြို့တွင် လူပေါင်း ၃,ဝဝဝ ခန့်သည် မိုးသည်းထန်စွာရွာသွန်း၍ မြေပြိုခြင်းနှင့်ရေကြီးခြင်းများကြောင့် ¤င်းတို့၏အိမ်ရာများကိုစွန့်ခွာပြီး ဘေးကင်းရာသို့ ပြောင်းရွှေ့နေကြရကြောင်း ဒေသသတင်းဌာနမှ ဇူလိုင်လ ၁၉ ရက်နေ့တွင် ဖော်ပြခဲ့ပါသည်။ Aso  မြို့တွင် နေထိုင်သူ များသည် မိုးသည်းထန်စွာဆက်လက်ရွာသွန်းနေသောကြောင့် ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ဘေးကင်းရာ သို့ရွှေ့ပြောင်းနေရပြီး ယခင်သီတင်းပတ်ကလည်း ၎င်းတို့နယ်မြေတွင် မြေပြိုခြင်းများဖြစ်ပွားခဲ့ကြောင်း ဂျပန် အခြေစိုက် NHK  သတင်းဌာနမှ ဖော်ပြခဲ့ပါသည်။ 

          Aso မြို့နှင့်ပတ်ဝန်းကျင်Kumamoto စီရင်စုဒေသတွင် ယခင်သီတင်းပတ်က နေရာ ၆ဝ ကျော်တွင် မြေပြိုခဲ့ပြီး လူ ၂၃ ဦး သေဆုံးကာ  ၂ ဦးပျောက်ဆုံးခဲ့ကြောင်း သိရှိရပါသည်။  Kyushu ကျွန်း၏ မြောက်ဘက် ဧရိယာအချို့တွင် Khanun  အပူပိုင်းမုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး နံနက်ပိုင်းတွင် မိုးရေချိန် ၄ဝ နှင့် ၅ဝ မီလီမီတာအကြား ရွာသွန်းခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါမုန်တိုင်းသည် အနောက်ဘက်သို့ ရွေ့လျား နေပြီး Kyushu ကျွန်း၌ ဇူလိုင်လ ၂ဝ ရက်နေ့ထိ မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး ရေလွှမ်းမိုးမှုနှင့် မြေပြိုမှုများ ဖြစ်ပွားနိုင်ကြောင်း ဂျပန်နိုင်ငံမိုးလေဝသဌာနမှ သတိပေးချက်ထုတ်ပြန်ထားကြောင်း သိရှိရပါသည်။

ဆော်ဒီ သတင်းစာ တွေ၊ ဆော်ဒီ ကာတွန်း ဆရာတွေက လုပ်ကြံနေတယ်.. ခင်ဗျားတို့ ပါးစပ်ထဲမှာ ဆို့ထားတာကို ခဏ အပြင်ထုတ်လိုက်ပါ

Posted by drmyochit Saturday, July 21, 2012, under | No comments

 

ဆော်ဒီသတင်းစာ မှာ ကာတွန်းတွေမှာ ရိုဟင်ဂျာတွေက ကိုယ့်ကိုယ်ကို မီးရှို့နေကြတဲ့အကြောင်း ၊ ဗုဒ္ဓဘာသာဘုန်းကြီးတွေက လက်ခုပ်တီး ဟားတိုက်ရယ်မောနေကြောင်း၊ သမ္မတကြီးက လက်နောက်ပစ် ပြုံးကြည့်နေကြောင်း၊ စစ်တပ်က ဓာတ်ပုံရိုက်နေကြောင်း ရေးထား၊ စွဲထားကြတယ်

အိန္ဒိယနိုင်ငံက ဘရာမို့စ်ဒုံးပျံအား ရုရှားရေတပ်တွင် အသုံးပြုရန်တောင်းဆိုခဲ့သည်ဟုဆို

Posted by Anonymous Saturday, July 21, 2012, under | No comments

အိန္ဒိယနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် အသံထက်မြန်သော ခရုစ်ဒုံးပျံများပူးတွဲထုတ်လုပ်ရေးလုပ်ငန်းအား ၁၉၉၈ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံက ရုရှားနိုင်ငံအား နှစ်နိုင်ငံအကြား ပူးတွဲလုပ်ဆောင်မှု ပိုမိုခိုင်မာလာစေရန်အတွက် အကွာအဝေးကီလိုမီတာ ၂၉ဝ အထိရောက်ရှိပစ်ခတ်နိုင်သော အသံထက်မြန်သည့် ဘရာမို့စ်ခရုစ်ဒုံးပျံများအား ရုရှားရေတပ်တွင် စတင်တပ်ဆင်အသုံးပြုရေးအတွက် ဇူလိုင်လ ၁၇ ရက်နေ့တွင် တောင်းဆိုခဲ့ကြောင်း သိရှိရပါသည်။ ရုရှားဒုတိယဝန်ကြီးချုပ် ဒီမီထရီရိုဂိုဇင်သည် အိန္ဒိယနိုင်ငံရှိ ဘရာမို့စ်ဒုံးပျံ ထုတ်လုပ်ရေးစက်ရုံသို့ လာရောက်လည်ပတ်စဉ်ကာလအတွင်း အဆိုပါပူးတွဲလုပ်ငန်းအဖွဲ့အကြီးအကဲ အေဆီဗာသာနုပီလိုင်က ဘရာမို့စ်ဒုံးပျံများအား ရုရှားရေတပ်တွင် တပ်ဆင်အသုံးပြုရန်တိုက်တွန်းခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါခရီးစဉ်အတွင်း ရိုဂိုဇင်သည် ဘရာမို့စ်ဒုံးပျံမျိုးကွဲအများအပြားတိုးတက်စမ်းသပ်အောင်မြင်မှု နှင့် ၂ဝ၅ဝ ခုနှစ် အနာဂတ်အစီအစဉ်အပါအဝင် ကုမ္ပဏီ၏အနာဂတ်အစီအစဉ်များကို ကြည့်ရှုခဲ့ကြောင်းသိရှိရ ပါသည်။ အိန္ဒိယကြည်း၊ ရေ၊ လေတပ်ဖွဲ့များအနေဖြင့် အဆိုပါဘရာမို့စ်ဒုံးပျံများအား မှာယူအသုံးပြုခဲ့သော်လည်း ရုရှားစစ်ဘက်အနေဖြင့် မှာယူအသုံးပြုမှုမရှိသေးကြောင်းသိရှိရပါသည်။ အိန္ဒိယနိုင်ငံတွင် ရေတပ်နှင့်ကြည်းတပ် တို့၌ အဆိုပါဘရာမို့စ်ဒုံးပျံများကို တပ်ဆင်အသုံးပြုလျက်ရှိပြီး အိန္ဒိယလေတပ်ရှိ့SU-30 MKI တိုက်လေယာဉ် များတွင်တပ်ဆင်မည့် ဘရာမို့စ်ဒုံးပျံများထုတ်လုပ်မှုကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်းသိရှိရပါသည်။

ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံတို့အကြား တင်းမာနေသောနယ်စပ်ဒေသတွင် ရဲတပ်ဖွဲ့ဝင်များအား ပြောင်းလဲနေရာချထားလိုက်ခြင်း

Posted by Anonymous Saturday, July 21, 2012, under | No comments

Xinhuanet.com;July-17(Tue)
          ဇူလိုင်လ ၁၈ ရက်နေ့မှစ၍ ထိုင်းနှင့်ကမ္ဘောဒီးယားနယ်စပ်ရှိ စစ်ဘက်တပ်ဖွဲ့ဝင်များအား ရုပ်သိမ်း ရန် နှစ်နိုင်ငံသဘောတူညီမှုရရှိခဲ့ပြီးနောက် ပရိရှ်ဝိဟာရဘုရားကျောင်းပတ်လည်၌ စစ်ဘက်တပ်ဖွဲ့ဝင်များအစား ထိုင်းနယ်ခြားစောင့်ရဲများအား အစားထိုးရန် ပြင်ဆင်လျက်ရှိကြောင်း သိရှိရပါသည်။ ယူဘွန်ရက်ချက်သနီပြည်နယ်၊ ယူဒုံသနီပြည်နယ်နှင့် ဆခွန်နခွန်ပြည်နယ်တို့မှ နယ်ခြားစောင့်ရဲများအပါအဝင် ရဲတပ်ခွဲ ၄ ခွဲ သည် ဆီဆာခတ် ပြည်နယ်ရှိ နယ်ခြားစောင့်ရဲစခန်း၌ ဇူလိုင်လ ၁၇ ရက်နေ့တွင် စစ်ဘက်တပ်ဖွဲ့ဝင်များထံမှ တာဝန်လွှဲပြောင်းယူရန် အသင့်စောင့်ဆိုင်းလျက်ရှိပါသည်။
          နယ်စပ်ဒေသအားကာကွယ်ရန် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းတို့၏စွမ်းရည်အပြည့်အဝအား အသုံးပြုသွားမည်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံကြား အိမ်နီးချင်းပီသမှုကိုထိန်းသိမ်းရန်အတွက် ရဲတပ်ဖွဲ့ဝင်များအား စည်းကမ်းတိကျစွာလိုက်နာရန် ညွှန်ကြားထားကြောင်း ယူဘွန်ရက်ချက်သနီနယ်ခြားစောင့်ရဲတပ်ဖွဲ့တပ်မှူး ရဲမှူးကြီး  Sunthorn Praditthaen က ပြောကြားခဲ့ပါသည်။ စစ်ဘက်တပ်ဖွဲ့ဝင်များနှင့် တာဝန်လွှဲပြောင်းခြင်းမပြုမီ နယ်မြေဒေသ အားရင်းနှီးမှုရှိစေရန် ဇူလိုင်လ ၁၇ ရက်နေ့တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့တစ်ဖွဲ့အား လေ့လာမှုပြုလုပ်စေမည် ဖြစ်ကြောင်း ရဲမှူးကြီှးSunthorn  က ထပ်လောင်းပြောကြားခဲ့ပါသည်။ နိုင်ငံတကာတရားရုံး၏ အမိန့်နှင့်အညီ အငြင်းပွားမှုဖြစ်ပေါ်နေသော နယ်စပ်ဒေသ၌ နှစ်နိုင်ငံတပ်ဖွဲ့ဝင်များအား လျှော့ချမည်ဟု ထိုင်းနှင့်ကမ္ဘောဒီးယား နိုင်ငံတို့က လွန်ခဲ့သောရက်သတ္တပတ်က ကြေညာခဲ့ပါသည်။  

အမေရိကန်ရေတပ်မှ ရဟတ်ယာဉ်တစ်စင်း အိုမန်နိုင်ငံအနီးတွင် ပျက်ကျခဲ့ခြင်း

Posted by Anonymous Saturday, July 21, 2012, under | No comments

 အမေရိကန်ရေတပ်မှ MH-53 E Sea Dragon ရဟတ်ယာဉ်တစ်စင်းသည် သယ်ယူပို့ဆောင်ရေး တာဝန်ထမ်းဆောင်နေစဉ် ဇူလိုင်လ ၁၉ ရက်နေ့က အိုမန်နိုင်ငံအနီးတွင်ပျက်ကျခဲ့ကြောင်း Xinhua သတင်း တစ်ရပ်အရ သိရှိရပါသည်။ အဆိုပါရဟတ်ယာဉ်သည် တန်ပြန်လှုပ်ရှားစစ်ဆင်ရေးအမှတ် ၁၅ ရဟတ်ယာဉ် အုပ်မှရဟတ်ယာဉ်ဖြစ်ကြောင်း၊ ရဟတ်ယာဉ်ပေါ်တွင် တပ်ဖွဲ့ဝင် ၅ ဦးပါဝင်ကြောင်း ၎င်းတို့၏ အခြေအနေကို မသိရှိရသေးကြောင်းနှင့် အိုမန်နိုင်ငံ မူစကတ်မြို့၏အနောက်တောင်ဘက် ၉၂ ကီလိုမီတာ(၅၈မိုင်)ခန့် အကွာတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ရေတပ်အလယ်ပိုင်းဒေသစစ်ဌာနချုပ်က ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ၎င်းရဟတ်ယာဉ်ပျက်ကျရခြင်းသည် ပစ်ခတ်တိုက်ခိုက်ခံရခြင်းကြောင့် ပျက်ကျခြင်းမဖြစ်နိုင်ကြောင်းနှင့် ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုပြုလုပ်နေကြောင်း သိရှိရပါသည်။

ရေနံနှင့် သတ္တုတူးဖော် ကုမ္ပဏီများ အခွန်နှင့် အမြတ် ချပြရတော့မည်

Posted by drmyochit Saturday, July 21, 2012, under | No comments

နိုင်ငံတကာတွင် ကျင့်သုံးသော ပွင့်လင်းမြင်သာမှု စံနှုန်း (EITI)ကို မြန်မာအစိုးရက စတင်ကျင့်သုံးရန် ကြိုးပမ်းနေပြီ
ဖြစ်သဖြင့် များမကြာမီ ကာလတွင် နိုင်ငံအတွင်း၌ ရေနံ၊ သဘာဝဓါတ်ငွေ့နှင့် သတ္တုတူးဖော်နေသော ကုမ္ပဏီများ၏ အခွန်ဆောင်မှုနှင့် အမြတ်ရရှိမှု အခြေအနေများကို ပြည်သူကို ချပြရတော့မည် ဖြစ်သည်ဟု EITI အဖွဲ့မှ Head of Secretariat (အတွင်းဝန်ချုပ်) Mr. Jonas Moberg က ပြောသည်။

စစ်တွေတွင် ဘင်္ဂါလီ ၂၀၀ကျော် စုရုံးမှု သေနတ်ပစ်ဖောက် ဟန့်တား

Posted by drmyochit Saturday, July 21, 2012, under | No comments


အရေးပေါ် အခြေအနေ ထုတ်ပြန် ထားဆဲဖြစ်သော ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့ ဘုမေရွှာမှ ဘင်္ဂါလီလူမျိုးများ ဇူလိုင်လ ၂၀ရက်နေ့တွင် ဗလီမှ အပြန်တွင် လူ ၂၀၀ကျော် စုရုံးပြီး ရခိုင်တိုင်း ရင်းသားများ နေထိုင်ရာ ရပ်ကွက်များဘက်သို့ ချီတက်လာသဖြင့် လုံခြုံရဲများက သေနတ်ပစ်ဖောက် ဟန့်တား ခဲ့ရကြောင်း ဒေသ အာဏာပိုင်များနှင့် ဒေသခံများက ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်မှာ ဇူလိုင်လ ၂၀ရက်နေ့ နံနက် ဘင်္ဂါလီလူမျိုးများ ဗလီတွင် ၀တ်ပြုပြီး အပြန်တွင် လူ ၂၀၀ခန့် စုံရုံးကာ ရခိုင် တိုင်းရင်းသားများ နေထိုင်ရာ ကျေးရွာများသို့ နေ့လယ် ၁နာရီ ခွဲခန့်တွင် ချီတက်လာခဲ့သဖြင့် ဒေသလုံခြုံရေး များက ဆူပူမှု မဖြစ်ပွားစေရန် အချိန်မီ ထိန်းသိမ်း ခဲ့ရကြောင်း ပြည်နယ် လွှတ်တော် အမတ် ဦးအောင်မြကျော်က ပြောကြားသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်း ပြန်ကြားရေးဌာနမှ ဥက္ကဌ ဦးဦးလှသိန်းကမှု “သေနတ်သုံးချက် ပစ်ပြီး လူစုခွဲလိုက်ရတယ်။ ထိခိုက် ပျက်စီးတာတော့ မရှိခဲ့ဘူး“ ဟု ၄င်းက စစ်တွေမြို့ အခြေအနေကို ရှင်းပြသည်။

The Voice Weekly

ဆီးဂိမ်းပြိုင်ပွဲ ဖျော်ဖြေမှုတွင် လူဦးရေ သုံးထောင်ကျော် ပါဝင် တင်ဆက် သွားရန်ရှိ

Posted by drmyochit Saturday, July 21, 2012, under | No comments

 



သုံးထောင်ကျော် ပါဝင်ကပြ တင်ဆက် သွားမှာ ဖြစ်တယ်လို့ ယဉ်ကျေးမှု ၀န်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို ကပြဖျော်ဖြေရာမှာ သီဆိုမှု၊ ကပြမှုများနဲ့ တင်ဆက် သွားမှာဖြစ်ပြီး ကပြမှု မှာတော့ မြန်မာနိုင်ငံဟာ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကို တည်ဆောက်ခဲ့တဲ့ နိုင်ငံ၊ ခိုင်မြဲတဲ့ နိုင်ငံ၊ နိုင်ငံထဲမှာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ နေထိုင်တဲ့ နိုင်ငံဖြစ်ကြောင်း အစရှိတာတွေနဲ့ ပတ်သက်တဲ့ သရုပ်ဖော်မှုတွေနဲ့တင်ဆက် သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဖျော်ဖြေ တင်ဆက်မှုများ၊ အရှေ့တောင် အာရှ နိုင်ငံများနဲ့ ရင်းနှီးချစ်ကြည်စွာ နေထိုင်ခဲ့တဲ့ အစဉ်အလာကို ဖော်ကျူးတဲ့ သရုပ်ဖော် ကပြမှုတွေပါ ပါဝင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာ အခုလို ကပြ တင်ဆက်ဖို့ အတွက် အဆင့်မြင့် ပညာဦးစီး ဌာနအောက်ရှိ ကျောင်းသူများ၊ နေပြည်တော် ကောင်စီ နယ်မြေ အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသူများ ယဉ်ကျေးမှု ၀န်ကြီးဌာနမှ အနုပညာရှင် ၀န်ထမ်းများနဲ့ အနုပညာ ဆိုင်ရာ ကျောင်းသား၊ ကျောင်းသူများ အစရှိသူတွေက ဖျော်ဖြေ တင်ဆက် သွားမှာ ဖြစ်ပါတယ်။

အဆိုပါ အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲရဲ့ ဖွင့်ပွဲနဲ့ ပိတ်ပွဲ အခမ်းအနားကို နေပြည်တော် ဇမ္ဗူသီရိ မြို့နယ်ရှိ အားကစားရုံမှာ ပြုလုပ်သွား မှာဖြစ်ပြီး ပြိုင်ပွဲ ပွဲစဉ်များကို နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့ တို့မှာရှိတဲ့ အားကစား ရုံများမှာ ပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

From : MRTV-4
ာမယ့် ၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမယ့် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ဖျော်ဖြေ တင်ဆက်မှုမှာ ဖျော်ဖြေသူ ဦးရေ

Express Times ၀က်ဘ်ဆိုက် hack ခံရ

Posted by drmyochit Saturday, July 21, 2012, under | No comments


နိုင်ငံရေး ရှေ့နေတွေ လိုင်စင် ပြန်ချပေး

Posted by drmyochit Saturday, July 21, 2012, under | No comments



နိုင်ငံရေး လှုပ်ရှားတဲ့ ရှေ့နေ တခိျု့ လိုင်စင် ပြန်ရ
နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အမှုတွေကို လိုက်လို့ လိုင်စင် ပိတ်ခံရတဲ့ ရှေ့နေ တခိျု့ကို လိုင်စင်တွေ ပြန်ခွင့်ပြု နေပါတယ်။

လိုင်စင် ပြန်ရခဲ့တဲ့ ရှေ့နေ ဦးရောဘတ် စန်းအောင် က သူဟာ ဦးသိန်းစိန် အစိုးရ တက်လာ ကထဲက လိုင်စင် ပြန်လျှောက် ခဲ့ပြီး မေလက အမျိုးသား လွှတ်တော်မှာ ဒီကိစ္စ ဆွေးနွေးချက်ကိုပါ ပူးတွဲ တင်သွင်း လိုက်မှ ချပေး ခဲ့တယ်လို့ သိရပါတယ်။

၁၉၉၃ ကထဲက လိုင်စင် ပိတ်ခံ ခဲ့ရတာပါ။

ဖိလစ်ပိုင်လေတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် ၁ဝ စင်းဝယ်ယူမည်ဟုဆို

Posted by Anonymous Saturday, July 21, 2012, under | No comments

ဖိလစ်ပိုင်လေတပ် (PAF) သည် အီတလီနိုင်ငံထံမှ တိုက်ခိုက်ရေးရဟတ်ယာဉ် ၁ဝ စင်းဝယ်ယူမည်ဖြစ် ကြောင်း ဇူလိုင်လ ၁၈ ရက်နေ့ Newsnow သတင်းတစ်ရပ်အရသိရှိရပါသည်။ ထို့အပြင် ဖိလစ်ပိုင်ပီဆို ၇၅ ဘီလီယံ(အမေရိကန်ဒေါ်လာ ၁.၇၉ ဘီလီယံ)တန်ဖိုးရှိသော ဖိလစ်ပိုင်တပ်မတော် ခေတ်မီအဆင့်မြှင့်တင်ရေး အစီအစဉ်၏တစ်စိတ်တစ်ပိုင်းအဖြစ် ၂ဝ၁၂ ခုနှစ်မကုန်မီ Huey ရဟတ်ယာဉ် ၂၁ စင်း၊ အလတ်စားသယ်ယူ ပို့ဆောင်ရေးလေယာဉ် ၃ စင်းနှင့် ဂျက်တိုက်လေယာဉ် ၁၂ စင်းတို့ကိုလည်း ဝယ်ယူသွားမည်ဖြစ်ကြောင်း လေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး လောရိုကာတာလီနိုဒီလာခရုဇ်ကပြောကြားခဲ့သည်ဟု သိရှိရပါသည်။ ဖိလစ်ပိုင်နိုင်ငံသည် အီတလီလုပ် ရဟတ်ယာဉ်များအား အမေရိကန်နိုင်ငံလုပ် ရဟတ်ယာဉ်များထက် ပို၍ ဈေးသက်သာသောကြောင့် ပိုမိုနှစ်သက်လျက်ရှိပါသည်။ ဖိလစ်ပိုင်နိုင်ငံသို့ ဂျက်တိုက်လေယာဉ် ၁၂ စင်း ရောင်းချရေးအတွက် အီတလီ၊ တောင်ကိုရီးယား၊ ရုရှားနှင့် ဗြိတိန်နိုင်ငံတို့က ပြိုင်ဆိုင်လျက်ရှိကြောင်းသိရှိရ ပါသည်။ အဆိုပါတိုက်ခိုက်ရေးရဟတ်ယာဉ်များအား သက်တမ်းရင့် OV-10 Bronco နှင့် MG 520 တိုက်ခိုက်ရေးရဟတ်ယာဉ်များနေရာတွင် အစားထိုးသွားမည်ဖြစ်ပြီး သယ်ယူပို့ဆောင်ရေးလေယာဉ် ၃ စင်းအား C-130 လေယာဉ်နေရာတွင် အစားထိုးသွားမည်ဖြစ်ပါသည်။ ဖိလစ်ပိုင်တပ်မတော်အနေဖြင့် ပြည်တွင်း သောင်းကျန်းမှုကို ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် အလေးထားလုပ်ဆောင်လျက်ရှိပြီး စပရက်တလီ ကျွန်းများနှင့် တရုတ်နိုင်ငံနှင့်အငြင်းပွားပြီးနောက် ခိုင်မာသောကာကွယ်ရေးစွမ်းအားရှိရန်လိုအပ်သည်ဟု နားလည်လက်ခံထားကြောင်းသိရှိရပါသည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်