
တပ်မတော်ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်
ထိုကဲ့သို့ အပစ်ရပ်ဆွေးနွေး ပြီးသော်လည်း တိုက်ပွဲမရပ်သေးသည်နှင့်ပတ်သက်၍ သမ္မတကြီးထံ သတိပေးအကြောင်းကြား စာပေးပို့ရန်စီစဉ်နေသည်ဟု ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။
“နောက်တခုကလဲ အခုလိုဆက်တိုက်ဖြစ်နေတာကိုကြည့်ခြင်းအားဖြင့် အောက်ခြေအဆင့်အမှား ဆိုတာမဖြစ်နိုင်တော့ဘူး။ အထက်ပိုင်းရဲ့ စီမံချက်ကြောင့် ဖြစ်တယ်လို့ ကျနော်ယူဆတယ်။ အခုလို ဆက်ဖြစ်နေဦးမယ်ဆိုရင် ကျနော်တို့ လုပ်နေတဲ့ ငြိမ်းချမ်းရေးခရီးစဉ်ကိုထိခိုက်နိုင်မယ်။ ငြိမ်းချမ်းရေးဆိုတာ ပျက်စီးသွားရင် နောက်တခါပြန်လည်စကားပြောဖို့ခက်သွားပြီ။ ဒါတွင်မက ထာ၀ရ ငြိမ်းချမ်းရေးဆိုတာလဲ မျှော်လင့်ချက်ရှိနိုင်မှာမဟုတ်တဲ့အတွက် သမ္မတကြီးတို့ တာစူနေတဲ့ ၂၀၁၃ ဆီးဂိမ်းစ်တို့ ဘာတို့ ကိုလဲထိခိုက်လာနိုင်မယ် အစရှိတဲ့အချက်တွေပါဝင်တဲ့စာ ပေးပို့မှာဖြစ်တယ် ” ဟု ဆိုပါသည်။
Time in Rangoon





