Monday, July 23, 2012

KNU တပ်မဟာ (၄)က မွန်ပြည်သူများထံမှ မြေခွန်ကောက်ခံ

Posted by drmyochit Monday, July 23, 2012, under | No comments


ဂျူရီချိုင်း – တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကလိန်းအောင်မြို့နယ်ရှိ မွန်ကျေးရွာများတွင် ကရင်အမျိုးသား အစည်းအရုံး(KNU)တပ်မဟာ(၄)က ဥယျာဉ်ခြံမြေအကောက်အခွန်များ ကောက်ခံနေသည်ဟု ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဇွန်လမှစ၍ မြေတဧကကို မြန်မာကျပ်ငွေ တသောင်း (၁၀,ဝ၀ဝ)နှုန်းဖြင့် ကေအန်ယူ တပ်မဟာ(၄) အကောက်အခွန်ဦးစီးမှူးက ဒေသခံ ခြံရှင်များထံမှ လိုက်လံကောက်ခံနေသည်ဟု ရေဖြူမြို့နယ် ကလိန်းအောင်မြို့နယ် သာယာမွန်ရွာ မှ ဒေသခံတဦးက ပြောသည်။
၎င်းက “ဒီခြံမြေနေရာတွေကို သူတို့ပိုင်တဲ့နယ်မြေဆိုပြီးတော့ အကောက်အခွန်တွေကောက်တယ်၊ ခြံပိုင်ရှင်တွေက ငွေမပေးလဲ ခြံကိုမထွက်ရဲကြဘူး။ ပိုက်ဆံရှိတဲ့ ခြံရှင်တွေက သွားပေး နေကြ ကုန်ပြီး မပေးသေးတဲ့လူ တွေလည်း ရှိနေသေးတယ်” ဟု ပြောသည်။
ရေဖြူမြို့နယ် ကလိန်းအောင်မြို့နယ်ရှိ သာယာမွန်ကျေးရွာကို ပြီးခဲ့သည့်၂၀ဝ၃ ခုနှစ်တွင် မွန်ပြည်သစ်ပါတီက စတင်တည်ခဲ့ကာ မွန်နှင့် ထားဝယ်လူမျိုးများနေထိုင်ပြီး အိမ်ခြေ ၁၀ဝ ကျော် ရှိသည်။
ယင်းကျေးရွာတွင် ခြံမြေဧကပေါင်း သုံးထောင်ကျော်ရှိပြီး ရာဘာနှင့် ကွမ်းသီးကို အဓိက စိုက်ပျိုးကြသည်။
ကေအန်ယူ တပ်မဟာ (၄)မှ အာဏာပိုင်များက တရွာလုံးရှိ ဥယျာဉ်ခြံမြေပိုင်သည့် ဒေသခံများ၏ လယ်မြေဧက စာရင်းကိုကောက်ခံထားသည်။ ထို့နောက် အရပ်ဝတ်ဖြင့် မော်တော်ဆိုင်ကယ်ဖြင့် လာရောက်ပြီး ငွေကောက်ခံကြောင်း ဒေသခံများကပြောသည်။
ယင်းငွေများကို ကေအန်ယူ ဗဟိုဌာနချုပ် ရန်ပုံငွေအတွက် တောင်းခံရခြင်းဖြစ် သည်ဟု  ကေအန်ယူ အကောက်အခွန်ဦးစီးမှူးကပြောကြောင်း ဒေသခံများကပြောသည်။
မြေခွန်ကြေးမပေးဆောင်ပါက မည်သို့ အရေးယူခံရမည်ကို မသိသော်လည်း ဒေသခံများကမူ ကြောက်ရွံ့ပြီး KNU တပ်မဟာ(၄)က တောင်းသည့် မြေခွန်ကို ပေးဆောင်နေကြသည်ဟု ၎င်းတို့ကပြောသည်။
ကေအန်ယူ တပ်မဟာ(၄) တပ်ခွဲ(၃) စစ်ကြောင်းသည် ရေဖြူမြို့နယ် ကလိန်းအောင်မြို့နယ် သာယာမွန် ကျေးရွာနှင့် တစ်မိုင်ခွဲခန့်အကွာတွင် အခြေချထားသည်။
ယင်း မြေခွန်ကောက်ခံမှုကို မကျေနပ်သည့် ဒေသခံကျေးရွာသားများက သာယာမွန်ကျေးရွာ အနီးရှိ မရမ်းကျေးရွာတွင် အခြေချထားသော မြန်မာစစ်တပ် ခမရ (၂၇၃) တပ်ရင်းမှူးထံ တိုင်ကြားခဲ့သည်။
အဆိုပါ မြန်မာစစ်တပ် တပ်ရင်းမှူးက ၎င်းမြေခွန်ကို မကောက်ခံရန် လာရောက်ညှိနှိုင်းထားပြီး ဖြစ်သော်လည်း ကေအန်ယူ တပ်မဟာ (၄)က ငွေဆက်လက်ကောက်ခံ နေဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။

နိုင်ငံတော် သမ္မတဦးသိန်းစိန် ထိုင်းနိုင်ငံ၏အကြီးဆုံး ရေနက်ဆိပ်ကမ်း Laem Chabang သို့ သွားရောက်လေ့လာ User Rating: / 0



President_ojective_01 ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ဇူလိုင်လ ၂၂ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ သုံးရက်ကြာ ခရီးစဉ် စတင် သွားရောက်ခဲ့ကြောင်း အဆိုပါ ခရီးစဉ်သို့ လိုက်ပါ သတင်းရယူနေသော Weekly Eleven News Journal မှ အယ်ဒီတာချုပ် ကိုဝေဖြိုး၏ သတင်းပေးပို့မှုအရ သိရှိရပါသည်။
သမ္မတ သက်တမ်းအတွင်း ပထမဆုံး ထိုင်းခရီးစဉ်တွင် နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး အဓိက ဆွေးနွေးသွားမည်ဖြစ်သည်။ ထိုင်းဝန်ကြီးချုပ် ယင်လက်ခ်ရှင်နာဝပ်ထရာနှင့် တွေ့ဆုံရာတွင် ထားဝယ် ရေနက် ဆိပ်ကမ်း ဖွံ့ဖြိုးရေး အပါအ၀င် စီးပွားရေး ကိစ္စများကို အဓိက ဆွေးနွေးမည်ဖြစ်ပြီး မြန်မာရွှေ့ပြောင်း လုပ်သားများနှင့် ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော ဒုက္ခသည်များ အရေးပါ ဆွေးနွေးသွား ဖွယ်ရှိသည်။
သမ္မတသည် ဇူလိုင်လ ၂၂ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် သမ္မတနှင့် အဖွဲ့သည် ဒွန်မောင်းလေဆိပ်သို့ ရောက်ရှိခဲ့ကြပြီး ယင်းမှတစ်ဆင့် တည်းခိုမည့် Mandrin Oriental ဟိုတယ်သို့ ထွက်ခွာခဲ့သည်။ ဟိုတယ်တွင် ထိုင်းရင်းနှီးမြှုပ်နှံမှု အဖွဲ့နှင့် တွေ့ဆုံပြီးနောက် ထိုင်းနိုင်ငံ၏ အကြီးဆုံး ရေနက်ဆိပ်ကမ်း လမ်ချာဘန်သို့ သွားရောက် လေ့လာခဲ့သည်။
ဘန်ကောက်မြို့နှင့် ကီလိုမီတာ ၈၀ ခန့်ဝေးသော ချောင်ဘူရီ ခရိုင် အတွင်းရှိ လမ်ချာဘန် ရေနက်ဆိပ်ကမ်းသည် ထိုင်းနိုင်ငံအတွက် အရေးအကြီးဆုံး ရေနက် ဆိပ်ကမ်းဖြစ်ပြီး ပင်လယ်ရေကြောင်း ပို့ဆောင်ရေး၏ ၇၀ ရာခိုင်နှုန်းကို လုပ်ဆောင်နေသည့် ဆိပ်ကမ်း ဖြစ်သည်။
ထိုင်းနိုင်ငံက လာရောက်ဆောက်လုပ်မည့် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်းတွင် ဝေဖန်မှုများ ပေါ်ထွက်နေခဲ့ပြီး သဘာဝ ပတ်ဝန်းကျင်နှင့် ဒေသခံတို့အပေါ် ထိခိုက်လာမည်ကို စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့သည်။ ဝေဖန်မှုအချို့နှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ထားဝယ်ရေနက်ဆိပ်ကမ်းတွင် ကျောက်မီးသွေး စက်ရုံ တည်ဆောက်မည့် အစီအစဉ်မှာလည်း ဖျက်သိမ်းခဲ့ရသည်။ သို့ဖြစ်ရာ ထိုင်းနိုင်ငံဘက်က နိုင်ငံတွင်း အကြီးဆုံးနှင့် သဘာဝ ပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေမှုရှိရန် အတတ်နိုင်ဆုံး ပြန် လည်ပြင်ဆင်ထားသည့် လမ်ချာဘန် ရေနက်ဆိပ်ကမ်းကို လိုက်လံပြသ ခဲ့ခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံ Old Delhi ၌ ရဲတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခဲ့သူများကို အိန္ဒိယရဲတပ်ဖွဲ့မှ ဖမ်းဆီးလိုက်ခြင်း

Posted by Anonymous Monday, July 23, 2012, under | No comments


Xinhuanet.com;July-22(Sun)

အိန္ဒိယနိုင်ငံရှိ မွတ်စလင်အများစုနေထိုင်သော Old Delhi  ခရိုင်၌ ဗလီတည်ဆောက်မှုနှင့်ပတ်သက်၍ ဇူလိုင်လ ၂၁ ရက်နေ့ ညပိုင်းတွင်ဖြစ်ပွားခဲ့သော ပဋိပက္ခအတွင်း ရဲတပ်ဖွဲ့ဝင်များကို ခဲများဖြင့်ပစ်ပေါက်ခဲ့သည့်  လူအချို့အား ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြောင်း ဇူလိုင်လ ၂၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ ပဋိပက္ခသည် Jama Masjid ဗလီအနီး၌ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဗလီတစ်လုံးတည်ဆောက်ရန် တူးဖော်မှုလုပ်ငန်းတစ်ခု အား ဒေသခံမွတ်စလင်များက ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ သို့ရာတွင် အဆိုပါတည်ဆောက်ရေးလုပ်ငန်းများအား Delhi  တရားရုံးချုပ်၏အမိန့်ဖြင့် အာဏာပိုင်များက ဇူလိုင်လ ၂၁ ရက်နေ့တွင်ရပ်တန့်ခဲ့ပြီး ၄င်းလုပ်ငန်းအား ရှေးဟောင်းသုတေသနပညာရှင်များလက်သို့ လွှဲပြောင်းပေးခဲ့ပါသည်။

၎င်းအားကန့်ကွက်ဆန္ဒပြသောလူအုပ်ကြီးသည် ခဲများဖြင့်ပစ်ပေါက်ခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင်                  ၁ဝ ဦးခန့်ဒဏ်ရာရရှိခဲ့ပါသည်။ အခြေအနေသည်တည်ငြိမ်ခြင်းမရှိကြောင်း၊ မည်သည့်အရာမဆို ဖြစ်လာနိုင် သည်ဟု ရဲအရာရှိများက ပြောကြားခဲ့ကြောင်း Indo-Asian သတင်းဌာနမှ ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါပဋိပက္ခ တွင် ပါဝင်ပတ်သက်နေသူအချို့အား ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ခဲများဖြင့်ပစ်ပေါက်မှုကြောင့် ရဲအုပ်တစ်ဦးနှင့် ရဲတပ်သား ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တွဲဖက်ကော်မရှင်မင်းကြီး Devesh Chandra Srivastva u Indo-Asian  သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။ ကန့်ကွက်ဆန္ဒပြသူများသည် ဇူလိုင်လ ၂၁ ရက်နေ့ညပိုင်းတွင် ခရီးသည်တင် ဘတ်စ်ကားအချို့ကိုလည်း တိုက်ခိုက်ခဲ့ကြောင်း သိရှိရပါသည်။

တောင်ကိုရီးယားပြည်သူများသည် သမ္မတရွေးကောက်ပွဲတွင် မဲပေးရန်အတွက် မှတ်ပုံတင်မှုပြုလုပ်နေသည်ဆိုခြင်း

Posted by Anonymous Monday, July 23, 2012, under | No comments


NHK.or.jp;July-22(Sun)

ကမ္ဘာတစ်ဝန်းလုံးရှိ တောင်ကိုရီးယားသံရုံးများနှင့် ကောင်စစ်ဝန်ရုံးများသည် ဒီဇင်ဘာလတွင် ပြုလုပ် မည့် တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲတွင် မဲပေးရန်အတွက် မှတ်ပုံတင်မှုများစတင်လုပ်ဆောင်နေကြောင်း သိရှိရပါသည်။ တောင်ကိုရီးယားနိုင်ငံသည် သမ္မတနှင့်ပါလီမန်ရွေးကောက်ပွဲများတွင် မဲပေးရန်အတွက် အရည်အချင်းပြည့်မီသော ပြည်ပတွင်နေထိုင်သည့်နိုင်ငံသားများ မဲပေးခွင့်ရှိကြောင်း လွန်ခဲ့သော ၃ နှစ်က ¤င်းရွေးကောက်ပွဲဥပဒေအား ပြင်ဆင်ခဲ့ပါသည်။ 

ဒီဇင်ဘာလတွင်ပြုလုပ်မည့် ရွေးကောက်ပွဲမှာ ပြည်ပတွင်နေထိုင် ကြသောတောင်ကိုရီးယားနိုင်ငံသားများအတွက် ၄င်းတို့၏သမ္မတအားရွေးချယ်ရန်အခွင့်အရေးအား ပထမဆုံး အကြိမ်ရရှိခြင်းဖြစ်ပါသည်။ ဂျပန်နိုင်ငံရှိ တောင်ကိုရီးယားသံရုံးနှင့် ကောင်စစ်ဝန်ရုံး ၉ ခုတို့သည် မဲပေးရန်မှတ်ပုံတင်မှု အား ဇူလိုင်လ ၂၁ ရက်နေ့တွင် စတင်လုပ်ဆောင်ခဲ့ပါသည်။
တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲတွင် ပထမဆုံးအကြိမ်အဖြစ်မဲပေးရခြင်းအပေါ် ပျော်ရွှင် ကြောင်း ဂျပန်သံရုံးတွင်နေထိုင်သော တောင်ကိုရီးသားအမျိုးသမီးတစ်ဦးက ပြောကြားခဲ့ပါသည်။ တောင်ကိုရီးယား ပြည်သူ ၂.၂ သန်းကျော်သည် ပြည်ပနိုင်ငံများတွင်နေထိုင်လျက်ရှိသော်လည်း ၅.၆ ရာခိုင်နှုန်းခန့်သည် ဧပြီလအတွင်းပြုလုပ်ခဲ့သော ပါလီမန်ရွေးကောက်ပွဲ၌ မှတ်ပုံတင်ခဲ့ပါသည်။ မဲပေးရန်မှတ်ပုံတင်ထားသော တောင်ကိုရီးယားနိုင်ငံသားများသည် ရွေးကောက်ပွဲအောင်မြင်စွာပြီးဆုံးရန် မျှော်လင့်ထားကြပါသည်။ တောင်ကိုရီးယားနိုင်ငံရေးပါတီများကလည်း မဲပေးရန်အတွက် မှတ်ပုံတင်ကြရန် တောင်ကိုရီးယားပြည်သူတို့အား တိုက်တွန်းထားကြောင်း သိရှိရပါသည်။

ပီကင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေလွှမ်းမိုးမှုကြောင့် ၁ဝ ဦးသေဆုံးပြီး ၃ဝ,ဝဝဝ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရခြင်း

Posted by Anonymous Monday, July 23, 2012, under | No comments


Xinhuanet.com;July-22(Sun)

တရုတ်နိုင်ငံ မြို့တော်ဘေဂျင်း၌ နှစ်ပေါင်း ၆ဝ အတွင်း အပြင်းထန်ဆုံးမိုးသည်းထန်စွာရွာသွန်းမှု ကြောင့် လူ ၁ဝ ဦး သေဆုံးခဲ့ကြောင်း ဘေဂျင်းအာဏာပိုင်များက ဇူလိုင်လ ၂၂ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ ဇူလိုင်လ ၂၂ ရက်နေ့ ဒေသစံတော်ချိန်နံနက် ၄ နာရီတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ငြပကည နှင့် ညေဆငညါ ပြည်နယ်များအပြင် Fangshan ။ Huairou ။ Mentougou ။ Pinggu  ခရိုင်များရှိ ဒေသခံ ၃ဝ,ဝဝဝ ကျော်ကို ဘေးလွတ်ရာ သို့ရွှေ့ပြောင်းပေးခဲ့ရကြောင်း မြို့တော်ရေလွှမ်းမိုးမှုထိန်းချုပ်ရေးဌာနချုပ်က နံနက် ၉ နာရီတွင် ပြောကြားခဲ့ပါသည်။ 

 Fangshan ခရိုင် Hebei  မြို့လယ်တွင် နံနက် ၆ နာရီအချိန်၌ မိုးရွာသန်းမှုကြောင့် အမြင့်ဆုံးရေအမြင့်သည် ၄၆ဝ မီလီမီတာအထိရောက်ရှိခဲ့ကြောင်း၊ မြို့လယ်ရှိ မီးပွိုင့် ၁၂ ခုလည်းပျက်စီးခဲ့ကြောင်းနှင့် မြို့နယ် ၆ မြို့နယ်တွင် အင်တာနက်နှင့် ဆက်သွယ်မှုလိုင်းများပြတ်တောက်ခဲ့ကြောင်း အဆိုပါဌာနချုပ်က ပြောကြားခဲ့ပါသည်။
Fengtai  ခရိုင် Nangangwa  မြို့တွင် ရေကျော်နေမှုကြောင့် ဘေဂျင်းနှင့် Guangzhou အကြားရှိ မီးရထားလမ်းများ ရပ်ဆိုင်းထားခဲ့ရကြောင်း ဌာနချုပ်က ပြောကြားခဲ့ပါသည်။ 

မြို့တွင်းရှိ ရေနစ်မြုပ်လျက်ရှိသော နေရာများအား နံနက် ၆ နာရီမှစတင်၍ ဖယ်ရှားရှင်းလင်းခဲ့ရကြောင်းနှင့် အဆိုပါမိုးရွာသွန်းမှု၏ ပျမ်းမျှမိုးရေချိန် သည် ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၆ နာရီတိုင်းထွာချက်အရ ၁၇ဝ မီလီမီတာအထိ ရောက်ရှိပြီဖြစ်ကြောင်း သိရှိရပါသည်။ လွန်ခဲ့သော ၆၁ နှစ်အတွင်း ယခုကဲ့သို့မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အနည်းဆုံး ၄ ဦးသေဆုံး ပြီး ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ထုတ်ပြန်ကြေညာခဲ့ပါသည်။

Iwakuni မြို့ရှိပြည်သူများ Osprey လေယာဉ်ထားရှိမှုအား ဆန့်ကျင်ဆန္ဒပြခြင်း

Posted by Anonymous Monday, July 23, 2012, under | No comments


NHK.or.jp;July-22(Sun)

ဂျပန်နိုင်ငံအနောက်ပိုင်းရှိ Iwakuni မြို့နေပြည်သူများသည်    Osprey သယ်ယူပို့ဆောင်ရေး လေယာဉ်များ တပ်ဖြန့်ချထားမှုကိုဆန့်ကျင်သော ဆန္ဒပြမှုတစ်ရပ်အား ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ ဆန္ဒပြသူ ၁,၁ဝဝ ခန့်သည် ဇူလိုင်လ ၂၂ ရက်နေ့ ညနေပိုင်းက မြို့တော်ဝန်အိမ်အရှေ့ဘက်တွင် စုရုံးဆန္ဒပြခဲ့ခြင်းဖြစ်ပါသည်။ 

 Osprey MV-22  လေယာဉ် ၁၂ စီးသည် Iwakuni  မြို့ရှိ အမေရိကန်လေတပ်အခြေစိုက်စခန်းသို့ ဇူလိုင်လ ၁၆ ရက်နေ့တွင် ရောက်ရှိခဲ့ပါသည်။ အဆိုပါလေယာဉ်များအား အောက်တိုဘာလတွင် အိုကီနာဝါစီရင်စုရှိ အမေရိကန်မရိန်းတပ်ဖွဲ့ Futenma လေတပ်စခန်းတွင်တပ်ဖြန့်ချထားမည်ဖြစ်ပါသည်။ Osprey သယ်ယူ ပို့ဆောင်ရေးလေယာဉ်တပ်ဖြန့်ချထားမှုနှင့်ပတ်သက်၍ပြည်သူများ၏ဆန္ဒကို လျစ်လျူရှုထားသော ဂျပန်အစိုးရနှင့် အမေရိကန်နိုင်ငံတို့အား ၄င်း၏အမျက်ဒေါသကိုပြသလိုနေကြောင်း မြူနီစီပယ်အဖွဲ့၏ခေါင်းဆောင်တစ်ဦးဖြစ်သူ  Mitsunori Yoshioka က ပြောကြားခဲ့ပါသည်။ Osprey လေယာဉ်တပ်ဖြန့်ချထားမှုအပေါ် ဆန့်ကျင်ကြောင်းပြသရန် အတွက် ဆန္ဒပြသူများအား ၄င်းက တိုက်တွန်းခဲ့ကြောင်းသိရှိရပါသည်။

ဂျပန်နိုင်ငံအတွင်း Osprey လေယာဉ်များ တပ်ဖြန့်ချထားမှုအစီအမံကို ပယ်ဖျက်ပေးရန် ကန့်ကွက် ဆန္ဒပြသူများမှ တောင်းဆိုခဲ့ပါသည်။ ဇူလိုင်လ ၂၃ ရက်နေ့နံနက်တွငှ်ု Iwakuni  အခြေစိုက်စခန်းပတ်လည်၌ ဆန့်ကျင်ဆန္ဒပြမှုများ ဆက်လက်လုပ်ဆောင်ကြမည်ဖြစ်ပါသည်။ ကုန်ပစ္စည်းတင်သင်္ဘောများဖြင့် သယ်ဆောင် လာသော Osprey လေယာဉ်များသည် အစီအစဉ်အတိုင်း ဆိုက်ရောက်လာမည်ဖြစ်ပါသည်။

ဆူဒန်နှင့်တောင်ဆူဒန်နိုင်ငံတို့သည် စေ့စပ်ဆွေးနွေးပွဲကာလကိုတိုးမြှင့်ရန်အတွက် အာဖရိကသမဂ္ဂနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့အား တောင်းဆိုမည်ဆိုခြင်း

Posted by Anonymous Monday, July 23, 2012, under | No comments



Xinhuanet.com;July-၂၃
ဆူဒန်နှင့်တောင်ဆူဒန်နိုင်ငံတို့သည် သြဂုတ်လ ၂ ရက်နေ့တွင် ပြီးဆုံးမည့်စေ့စပ်ညှိနှိုင်းပွဲကာလကို ထပ်မံတိုးမြှင့်ရန်အတွက် အာဖရိကသမဂ္ဂနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့အား ပူးတွဲတောင်းဆိုရန်စီစဉ်ထား ကြောင်း Khartoum's  Al-Sudani သတင်းစာက ဇူလိုင်လ ၂၃ ရက်နေ့တွင်ဖော်ပြခဲ့ပါသည်။ နှစ်နိုင်ငံအကြားတင်းမာ မှုများနှင့် ကွဲပြားမှုများအား ၃ လအတွင်းကျေအေးရန်အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ တညီတညွတ်တည်း ချမှတ်ထားသောဆုံးဖြတ်ချက်အမှတ်၊ ၂ဝ၄၆ အား မေလ ၂ ရက်နေ့တွင် ချမှတ်ခဲ့ပါသည်။ တောင်ဆူဒန်ဧရိယာ အတွင်းဆူဒန်စစ်ဘက်မှဗံုးကြဲတိုက်ခိုက်ခဲ့သောကြောင့် အဆိုပါကိစ္စနှင့်ပတ်သက်၍ ဆူဒန်နိုင်ငံမှငြင်းဆိုခဲ့ပြီး Darfur သူပုန်များအား တောင်ဆူဒန်မှထောက်ပံ့နေကြောင်း စွပ်စွဲပြောကြားခဲ့ပါသည်။ အီသီယိုးပီးယားနိုင်ငံ Bahir Dar မြို့တွင် ဆူဒန်နိုင်ငံနှင့်စေ့စပ်ဆွေးနွေးမှုအား ဆိုင်းငံ့ထားကြောင်း တောင်ဆူဒန်စေ့စပ်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ က ဇူလိုင်လ ၂ဝ ရက်နေ့တွင် ကြေညာခဲ့ပါသည်။
နှစ်နိုင်ငံအနေဖြင့် စေ့စပ်ဆွေးနွေးမှုများအား ဆက်လက်ပြုလုပ်ရန် သဘောတူညီခဲ့ကြောင်း၊ ငြိမ်းချမ်း ရေးဆွေနွေးပွဲများမှတစ်ဆင့် တင်းမာမှုများအားဖြေရှင်းရေးနှင့် ရန်ပြုမှုအားလုံးကိုရပ်တန့်ရန် ကတိပြုခဲ့ကြကြောင်း အာဖရိကသမဂ္ဂမှ ဇူလိုင်လ ၂၁ ရက်နေ့တွင် ကြေညာခဲ့ပါသည်။ သိသာထင်ရှားသောကိစ္စရပ်များ၊ လုံခြုံရေးကိစ္စ အပါအဝင် ရေနံနှင့် အငြင်းပွားဖွယ် Abyei ရေနံမြေအပြင် နယ်စပ်ဒေသကိစ္စများနှင့်ပတ်သက်၍ အာဖရိကသမဂ္ဂ၏ ဖျန်ဖြေမှုအောက်၌ ဆူဒန်နှင့်တောင်ဆူဒန်နိုင်ငံသည် အီသီယိုးပီးယားနိုင်ငံ Addis Ababa  မြို့တွင် စေ့စပ်ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

ကိုယ်ပိုင်ကျောင်းများ စစ်ဆေးမှု ဇူလိုင်တွင် ပြီးစီးမည်



ဇူလိုင် (မဇ္ဈိမ)။   ။ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ဆရာလျှောက်ထားမှုများအား ဇူလိုင်လကုန်ပိုင်း
အတွင်း အပြီးစစ်ဆေးကာ ဖွင့်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးဌာန ၀န်ကြီး
ဒေါက်တာမြင့်သိန်း က ပြောသည်။

ပုဂ္ဂလိကကျောင်း ၅၇ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်းဆရာအဖြစ် လျှောက်ထားသူ ၉၀၀ ကျော်အား စစ်ဆေးကာ ခွင့်ပြုသွားမှာ ဖြစ်သည်။

“ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုယ်ပိုင်ကျောင်းလျှောက်ထားသူတွေနဲ့ ကျောင်းဆရာတွေကို အခုလက်ရှိမှာ သက်ဆိုင်ရာဌာနတွေက လိုက်လံစစ်ဆေးမှုတွေ ပြုလုပ်နေတာကြောင့် ဇူလိုင်လကုန်ပိုင်းမှာ အပြီးစစ်ဆေးပြီး ဖွင့်ခွင့်ပြုသွားမှာပါ” ဟု ၀န်ကြီး က ပြောသည်။ 

ကိုယ်ပိုင်ကျောင်းများကို လိုက်လံစစ်ဆေးသည့်အခါ ကျောင်းတကျောင်းတွင် ရှိသင့်သည့် အကျယ်အ၀န်းနှင့် multimedia Room (ရုပ်၊သံစုံ သင်ကြားရေးခန်းမ)စသည့် အင်္ဂါရပ်များဖြင့် ပြည့်စုံမှ ဖွင့်ခွင့်ပြုသွားမည် ဖြစ်သည်ဟု ဆိုသည်။

ထိုကျောင်းတွင် ဆရာအဖြစ် လုပ်ကိုင်ရန် လျှောက်ထားကြသူများ အနေဖြင့်လည်း Phd, MSc ဘွဲ့ရနှင့် စာသင်လုပ်သက်ရှိသူ ဆရာ/ဆရာမများကိုသာ ခန့်အပ်ခွင့် ပြုသွားမည် ဖြစ်ပြီး လုပ်သက်နုသော ဆရာ/ဆရာများကိုမူ ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်သော ဆရာအတတ်သင် ကျောင်းတွင် သင်တန်းဆင်းပြီးရန် လိုဟုဆိုသည်။

ယခင်နှစ်က ရှေ့ပြေးအဖြစ် ခွင့်ပြုခဲ့သည့် ကျောင်း ၁၀ ကျောင်းကို ဇွန်လက ဖွင့်ခွင့် ပြုခဲ့သည်။

၂၀၁၂-၂၀၁၃ ပညာသင်နှစ် ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် ဥပဒေများနှင့်အညီ မေလ နှောင်းပိုင်းမှ စတင်ကာ ဇွန်လ ၁၂ ရက်နေ့ထိ သက်ဆိုင်ရာ ပြည်နယ်/တိုင်းနှင့်မြို့နယ် ပညာရေးမှူးရုံးသို့ တိုက်ရိုက် လျှောက်ထားခွင့် ပြုခဲ့သည်။

အဆိုပါ ကိုယ်ပိုင်ကျောင်းများအတွက် သင်ရိုးညွှန်းတန်းမှာ အစိုးရ ပညာရေးဝန်ကြီးဌာနမှ ပြဋ္ဌာန်းထားသည့်အတိုင်း
ဖြစ်ပြီး အစိုးရ ကြီးမှူးစစ်ဆေးသော စာမေးပွဲများကိုသာ ဖြေဆိုခွင့်ပြုမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမွတ်စလင်လူမျိုးစုများအား သတ်ဖြတ်မှုကို ပါလက်စတိုင်းလူမျိုးများက ကန့်ကွက်လျက်ရှိခြင်း



PressTV.ir;July-23(Mon)

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမွတ်စလင်လူမျိုးစုများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းနှင့် ပတ်သက် ၍ ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းမွတ်စလင်များက လမ်းမများပေါ်ချီတက်ဆန္ဒပြမှုပြုလုပ်ခဲ့ကြောင်း PressTV  သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ¤င်းဆန္ဒပြမှုအား ဂါဇာထောက်ပံ့ကူညီရေးဝန်ကြီးဌာနနှင့် ပါလက်စတိုင်း မွတ်စလင်ဘာသာရေးအဖွဲ့က ဖွဲ့စည်းဆောင်ရွက်ခြင်းဖြစ်ပါသည်။ မွတ်စလင်များအား လူမျိုးတုံးသတ်ဖြတ် နေခြင်းအားရပ်တန့်ရန်နှင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ရေငုံနှုတ်ပိတ်နေခြင်းမပြုရန် တောင်းဆိုမှုပြုလုပ် ခဲ့ပါသည်။ ကမ္ဘာတစ်ဝန်းရှိမွတ်စလင်များအနေဖြင့် နိုးကြားမှုရှိရန်နှင့် ရိုဟင်ဂျာမွတ်စလင်များကို သတ်ဖြတ်နေခြင်း အားရပ်တန့်ရန် မွတ်စလင်ဘာသာရေးအဖွဲ့မှ Salem Salameh က ပြောကြားခဲ့ပါသည်။ 

မကြာသေးမီကဖော်ပြခဲ့သော သတင်းများတွင် မြန်မာနိုင်ငံရှိ မွတ်စလင်များမှာ အတိဒုက္ခရောက်နေ ကြောင်း ဖော်ပြပါရှိပါသည်။ ရခိုင်ပြည်နယ်တွင် ဇွန်လ ၂၈ ရက်နေ့မှစ၍ ရိုဟင်ဂျာမွတ်စလင် ၆၅ဝ ခန့် အသတ် ခံရကြောင်း သတင်းများတွင် ဖော်ပြပါရှိပါသည်။ ထို့ပြင် အခြား ၁,၂ဝဝ မှာ ပျောက်ဆုံးနေပြီး ၉ဝ,ဝဝဝ ခန့်မှာ ရွှေ့ပြောင်းနေထိုင်ရလျက်ရှိကြောင်း သိရှိရပါသည်။ ရိုဟင်ဂျာမွတ်စလင်အသိုက်အဝန်းသည် အာရှ ပါလက်စတိုင်း များဖြစ်ကြောင်းနှင့် ကမ္ဘာပေါ်တွင် အဖိနှိပ်ခံရဆုံးလူနည်းစုဖြစ်ကြောင်း ကုလသမဂ္ဂက ဖော်ပြထားပါသည်။ ရိုဟင်ဂျာများအား မြန်မာအစိုးရက နိုင်ငံသားအဖြစ် အသိအမှတ်ပြုရန်ငြင်းဆိုခဲ့ပြီး တရားမဝင်နေထိုင်သူများဟု သတ်မှတ်ထားပါသည်။

ဓာတုလက်နက်များအသုံးပြုမည့်ကိစ္စတွင်ပါဝင်သူ ဆီးရီးယားအရာရှိများအား ဖမ်းဆီးထိန်းသိမ်းမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံက သတိပေးပြောကြားခဲ့ခြင်း



CNA.com;July-23(Mon)

ဆီးရီးယားနိုင်ငံ၏ ဓာတုလက်နက်များဖြန့်ဖြူးခြင်း၊ သို့မဟုတ် အသုံးပြုခြင်းကိစ္စရပ်များတွင် ပါဝင် ပတ်သက်သည့် မည်သည့်ဆီးရီးယားအရာရှိကိုမဆို ဖမ်းဆီးထိန်းသိမ်းသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံက ဇူလိုင်လ ၂၂ ရက်နေ့တွင် ကြေညာခဲ့ပါသည်။ ဆီးရီးယားသမ္မတ ဘက်ရှာအယ်လ်အာဆတ်အနေဖြင့် ၄င်း၏ အစိုးရအဖွဲ့ကို အကာအကွယ်ပေးရန်အတွက် ဓာတုလက်နက်များကို အသုံးပြုရန်ပြင်ဆင်လာနိုင်ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်လာခဲ့ပြီးနောက်တွင် အနောက်အုပ်စုအတွင်း စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိပါသည်။ 

ဓာတုလက်နက်များ၏ လုံခြုံရေး၊ ၄င်းဓာတုလက်နက်များကို လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဆီးရီးယားအစိုးရ၏တာဝန်ဝတ္တရား စသည်တို့နှင့်ပတ်သက်၍ မိမိတို့အားလုံး၏စိုးရိမ်ပူပန်မှုကို ပြသနိုင်ရန်အတွက် အမေရိကန်နိုင်ငံသည် နိုင်ငံတကာအသိုက်အဝန်းမှ မိတ်ဖက်နိုင်ငံများ၊ ဆီးရီးယားနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့် တက်ကြွစွာဆွေးနွေးတိုင်ပင်လျက်ရှိကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ James Carney   က ပြောကြားခဲ့ ပါသည်။ ဓာတုလက်နက်များကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖြန့်ဖြူးခြင်း၊ သို့မဟုတ် အသုံးပြုခြင်းများ ဖြစ်လာနိုင်စေမည့် ဆောင်ရွက်ချက်အတွက် တာဝန်ရှိသော အစိုးရအဖွဲ့၊ သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းကို ဖမ်းဆီး ထိန်းသိမ်းနိုင်သောနည်းလမ်းပေါင်းများစွာရှိကြောင်း Carney က ပြောကြားခဲ့ပါသည်။

မည်သည့်နည်းလမ်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုမူ ထင်ကြေးပေးပြောဆိုလိုခြင်းမရှိ ကြောင်း Carney  က ပြောကြားခဲ့ပါသည်။ အီရတ်နိုင်ငံသို့ တိမ်းရှောင်ခိုလှုံသွားသည့် ဆီးရီးယားသံအမတ်ကြီး Nawaf Fares က ဇူလိုင်လ ၁၆ ရက်နေ့တွင် ဘီဘီစီသတင်းဌာနနှင့်ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်း၌ အာဆတ် အနေဖြင့် ချောင်ပိတ်မိသည့် အခြေအနေသို့ကျရောက်ပါက ဓာတုလက်နက်များကို ထုတ်ယူသုံးစွဲဖွယ်ရှိသည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။ Fares ၏ မှတ်ချက်စကားကိ Syrian Free Army  သူပုန်အဖွဲ့ဝင်များက လည်း ထောက်ခံခဲ့ကြပါသည်။

အစ္စရေးနိုင်ငံသည် ဆီးရီးယားနိုင်ငံ၏ အခြေအနေများအား စောင့်ကြည့်လျက်ရှိသည်ဆိုခြင်း



Xinhuanet.com;July-22(Sun)

အစ္စရေးနိုင်ငံအနေဖြင့် ဆီးရီးယား၏ပြည်တွင်းစစ်ဆီသို့ ဦးတည်နေသောအခြေအနေများအား စောင့်ကြည့်လျက်ရှိပြီး ဆီးရီးယားအစိုးရ၏ ဓာတု၊ သို့မဟုတ် ဇီဝလက်နက်များသည် ဆီးရီးယားသူပုန်များ၊ သို့မဟုတ်   လက်ဘနွန်ရှိ ဟဇ်ဘိုလာများလက်ထဲသို့ ရောက်ရှိခဲ့မည်ဆိုလျှင် တုံ့ပြန်ရန်အတွက် ကြိုတင်ပြင်ဆင်ထားပြီးဖြစ် ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့် ကာကွယ်ရေးဝန်ကြီး အီဟွတ်ဘားရက်တို့က ဇူလိုင်လ ၂၂ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

မိမိတို့အနေဖြင့် ဖြစ်ပေါ်လာနိုင်သော မည်သည့်အခြေအနေမျိုးအတွက်မဆို အသင့်ရှိကြောင်းနှင့် ဆီးရီးယားနိုင်ငံအတွင်း ဖြစ်ပွားနေမှုများကိုလည်း အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း အပတ်စဉ်အစိုးရအဖွဲ့ အစည်းအဝေးမိန့်ခွန်းတွင် နေတန်ယာဟုက ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းဌာနသို့ပေးပို့သော ဝန်ကြီးချုပ် ရုံး၏ကြေညာချက်အရ သိရှိရပါသည်။ ဆီးရီးယားသမ္မတ အာဆတ်အစိုးရ၏ ပြုပြင်ပြောင်းလဲမည့်  မည်သည့် အရိပ်လက္ခဏာကိုမဆို အစ္စရေးတပ်မတော်အနေဖြင့် စောင့်ကြည့်လျက်ရှိကြောင်း Tel Aviv  အနီးရှိ လုပ်ငန်းဝင် သင်တန်းဌာနသို့ တပ်သားသစ်များနှင့်အတူ သွားရောက်စဉ် ကာကွယ်ရေးဝန်ကြီး အီဟွတ်ဘားရက်က ပြောကြား ခဲ့ပါသည်။

 အစ္စရေးစစ်ဘက်၏ စစ်ရေးကြိုတင်ပြင်ဆင်မှုများကို တိုးမြှင့်လုပ်ဆောင်ရန် မိမိအနေဖြင့် အစ္စရေး တပ်မတော်အား ညွှန်ကြားထားပြီးဖြစ်ကြောင်း အီဟွတ်ဘားရက်က ဇူလိုင်လ ၂ဝ ရက်နေ့တွင် အစ္စရေးရုပ်/သံ သို့ ပြောကြားခဲ့ပါသည်။

အမေရိကန် F -16 တိုက်လေယာဉ်တစ်စင်း ဟော့ကိုင်းဒိုးကျွန်းတွင် ပျက်ကျခဲ့ခြင်း



NHK.or.jp;July-22(Sun)

အမေရိကန် F-16 တိုက်လေယာဉ်တစ်စင်းသည် ဟော့ကိုင်းဒိုးကျွန်းတွင် ပျက်ကျခဲ့ကြောင်း သိရှိရ ပါသည်။ လေယာဉ်မှ ခုန်ထွက်ခဲ့သူလေယာဉ်မှူးအား ၄င်းနှင့်အတူ ပျံသန်းနေသော လေယာဉ်တစ်စီးမှ ကယ်ဆယ် ရန် ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ F-16  တိုက်ခိုက်ရေးဂျက်လေယာဉ်သည် ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးကျွန်း ၏ အရှေ့မြောက်ဘက် ၈၇ဝ ကီလိုမီတာအကွာ Kurile ကျွန်းများအနီးရှိ သမုဒ္ဒရာအတွင်းသို့ ဂျပန်စံတော်ချိန် နံနက် ၁၁ နာရီ ၃ဝ မိနစ်အချိန်ခန့်တွင် ပျက်ကျသွားခဲ့ခြင်းဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြား ခဲ့ပါသည်။ 

¤င်းလေယာဉ်သည် အလက်စကားသို့ပျံသန်းရန် ဂျပန်နိုင်ငံမြောက်ပိုင်း မီဆာဝါအခြေစိုက်စခန်းမှ နံနက် ၉ နာရီအချိန်တွင် ထွက်ခွာသွားခဲ့ကြောင်း သိရှိရပါသည်။ F-16 တိုက်လေယာဉ် ၃ စင်းသည် ကီလိုမီတာ ၄,ဝဝဝ ခရီးအား အတူတကွပျံသန်းခဲ့ကြသော်လည်း ၂ စင်းသာ မီဆာဝါအခြေစိုက်စခန်းသို့ ပြန်လည်ရောက်ရှိ ခဲ့ပါသည်။ လေယာဉ်မှူးအား ကယ်ဆယ်ရာတွင် အကူအညီပေးရန် အဆိုပါပျက်ကျသွားခဲ့သောနေရာသို့ P3C  လေယာဉ်တစ်စင်း စေလွှတ်ထားကြောင်း ဂျပန်ရေကြောင်းကာကွယ်ရေးတပ်ဖွဲ့က ပြောကြားခဲ့ပါသည်။ မီဆာဝါ အခြေစိုက်စခန်း၌ အမေရိကန် F-16 တိုက်လေယာဉ်များသည် ၂ဝဝ၁ ခုနှစ်နှင့် ၂ဝဝ၂ ခုနှစ်အတွင်းကလည်း ဂျပန်ပင်လယ်ကမ်းရိုးတန်းတွင် ပျက်ကျမှုများဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

ပည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စရင်လတ်ရှင်နာဝပ်၏ ဖိတ်ကြား ချက်အရ ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေး ခရီးထွက်ခွာ



  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စရင်လတ်ရှင်နာဝပ်၏ ဖိတ်ကြားချက်အရ အဖွဲ့ဝင်များလိုက်ပါလျက် ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်မှထိုင်းနိုင်ငံသို့ အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း အထူးလေယာဉ်ဖြင့် ထွက်ခွာသွားသည်။


နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စရင် လတ်ရှင်နာဝပ်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ချစ်ကြည်ရေး ခရီးထွက်ခွာရာ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်   ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တာဝန်ရှိသူများက နေပြည်တော်လေဆိပ်၌ ပို့ဆောင်နှုတ်ဆက် ကြစဉ်။

 နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သောမြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များအား  ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်  ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်   ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးစိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးလှမင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး၊ သမ ဝါယမဝန်ကြီးဌာနနှင့်မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့်၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နေပြည် တော်မြို့တော်ဝန် ဦးသိန်းညွန့်၊  ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး  ဦးခင်မောင်မြင့်၊ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်း၊ 
 ပို့ဆောင်ရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဦးဥာဏ်ထွန်းအောင်၊ နေပြည် တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်အေး၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲမှူးချုပ်ဇော်ဝင်း၊ ဌာန ဆိုင်ရာအကြီးအကဲများ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ထိုင်း နိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Kallayana  Vipattipumiprates  နှင့်  သံရုံးမှတာဝန်ရှိသူများက  နေပြည် တော်လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြ သည်။

 နိုင်ငံတော်သမ္မတ  ဦးသိန်းစိန်နှင့် အတူ အဖွဲ့ဝင်များအဖြစ် နိုင်ငံခြားရေး ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊
 လယ်ယာစိုက်ပျိုးရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးမြင့်လှိုင်၊ အမျိုးသားစီမံကိန်း နှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊ အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးအောင်ကြည်၊ စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်း၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊
 ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ စစ်ရေးချုပ်ဒုတိယဗိုလ်ချုပ် ကြီးခင်ဇော်ဦး၊ စက်မှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမျိုးအောင်၊ ရထားပို့ဆောင် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး သူရ ဦးသောင်းလွင်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်နှင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါ သွားကြသည်။               
(နေပြည်တော်      ဇူလိုင်    ၂၂)

ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုလုံးအား ပြင်ဆင်ရေးဆွဲခြင်းမပြုသင့်ကြောင်း လူထုစစ်တမ်း ကောက်ယူမှုများအရ သိရှိရခြင်း



Bangkokpost.com;July-21(Sat)

ထိုင်းနိုင်ငံတွင် မကြာသေးမီကပြုလုပ်ခဲ့သော လူထုစစ်တမ်းကောက်ယူမှုအရ ၂ဝဝ၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခုလုံးအား ပြန်မရေးသင့်ကြောင်း စစ်တမ်းကောက်ယူမှုတွင်ပါဝင်သူ ၃ ပုံ ၂ ပုံက ပြောကြား ခဲ့သည်ဟု ဘန်ကောက်လူထုစစ်တမ်းကောက်ယူမှုအဖွဲ့က ဇူလိုင်လ ၂၁ ရက်နေ့တွင် ဖော်ပြခဲ့ပါသည်။

 အာဏာရ ဖြူထိုင်းပါတီမှ ကမကထပြုဆောင်ရွက်သော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖြည့်စွက်ရေးမူကြမ်းနှင့်ပတ်သက် ၍ ပြည်နယ် ၂၂ ခုမှ လူပေါင်း ၁,၂၆၅ ဦးအား မေးမြန်းစစ်တမ်းကောက်ယူသွားခြင်းဖြစ်ပါသည်။ လူထု စစ်တမ်းကောက်ယူမှုအရ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုလုံးအား ပြင်ဆင်ရေးဆွဲခြင်းအား ၆၃.၅ ရာခိုင်နှုန်းက ကန့်ကွက်ခဲ့ပြီး ၁၉.၅ ရာခိုင်နှုန်းက ထောက်ခံကာ ၁၇ ရာခိုင်နှုန်းက ထင်မြင်ချက်ပေးခြင်းမရှိပေ။
သို့သော် ထိုင်းနိုင်ငံတွင် ဒီမိုကရေစီစနစ်အတွက် အချို့သောဖွဲ့စည်းပုံအခြေခံဥပဒေပါအပိုဒ်များသည် ပြဿနာများဖြစ်ပေါ်စေသည့်အတွက် ဒီမိုကရေစီစနစ်ပိုမိုပီပြင်လာစေရန် အချို့သောအပိုဒ်များအား ပြင်ဆင် သင့်ကြောင်း စစ်တမ်းကောက်ယူမှုတွင်ပါဝင်သူ ၄၅.၄ ရာခိုင်နှုန်းက ပြောကြားခဲ့ပါသည်။

 ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အချို့သောပုဒ်မများအား ပြောင်းလဲခြင်းကို ၂၅.၂ ရာခိုင်နှုန်းက သဘောတူခြင်းမရှိသော ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခုလုံးအား ပြင်ဆင်သင့်ကြောင်းကို စစ်တမ်းကောက်ယူမှုတွင်ပါဝင်သူ ၉.၃ ရာခိုင်နှုန်းကသာ ထောက်ခံမှုပြုလုပ်ခဲ့ပါသည်။

ရိုဟင်ဂျာမဟုတ်-ဘင်ဂါလီ ဘားမားမဟုတ်-မြန်မာ


အခုတစ်လော နိုင်ငံခြားသတင်းမီဒီယာတွေ၊ အချို့သော ပြည်တွင်းမီဒီယာတွေနဲ့ အင်တာနက်ပေါ်က ဘလော့တွေမှာ ရိုဟင်ဂျာဆိုပြီး အသုံးအနှုန်းကို တွေ့နေရပါတယ်။  မြန်မာပြည်မှာရှိတဲ့ လူမျိုးစုတွေထဲမှာ ရိုဟင်ဂျာဆိုတာမပါပါဘူး။ အစိုးရအဆက်ဆက်နဲ့ ပြည်သူလူထုများက အသိအမှတ်မပြုခဲ့ကြပါ။ ဖိုးရှင်းတို့ အမျိုးလည်းမဟုတ်ပါ။ အဲဒါကို ဒီဘင်ဂါလီတွေကပဲ အခွင့်အရေးရှိသယောင်ယောင် ပြည်ပသတင်းမီဒီယာ တွေက ဘေးတီးပေးနေကြတယ်။  ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းဟာ စာရွက်ပေါ်မှာတောင် မဖော်ပြသင့်ဘူးလို့ ထင်တယ်။ နိုင်ငံပိုင်သတင်းမီဒီယာတွေမှာ ဖော်ပြထားတာ လုံးဝမတွေ့ရပါ။ နိုင်ငံတော်သမ္မတကြီး ပြောသွားတဲ့ မိန့်ခွန်းထဲမှာလည်း ရိုဟင်ဂျာဆိုတာ တစ်လုံးမှ မပါပါဘူး။ ဒီတော့ သမ္မတကြီးရဲ့ မိန့်ခွန်းအတိုင်းပဲ ဒီရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မသုံးဖို့လိုတယ်။ ဒီအသုံးအနှုန်းကို သုံးလိုက်မယ်ဆိုရင် သူတို့ကို အသိအမှတ် ပြုနေတယ်လို့ ထင်သွားစရာဖြစ်နိုင်တယ်။

    လက်ရှိ ဖြစ်ပေါ်နေတဲ့ ရခိုင်ပြည်နယ်က ဘင်ဂါလီကိစ္စဟာ  မြန်မာပြည်မှာမှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားအားလုံးရဲ့ အရေးကိစ္စလို့ပဲ ထင်တယ်။ ဒီဘင်ဂါလီတွေကို နိုင်ငံတကာအစိုးရနဲ့ အဖွဲ့အစည်း တွေကစိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုနေတာဟာ ဘင်ဂါလီတွေအတွက် အကွက်ဖြစ်နေတယ်။ ဒီဘင်ဂါလီ တွေနဲ့ပတ်သက်လို့ ဖိုးရှင်းတို့ တစ်နိုင်ငံတည်းမှာပြဿနာရှိနေတာ မဟုတ်ပါဘူး။ မလေးရှားတို့၊ ထိုင်းတို့ မှာလည်း ဘင်ဂါလီပြဿနာတွေ ဖြေရှင်းနေရတာပဲ။

    လက်ရှိ အခြေအနေမှာတော့ စစ်တပ်အနေနဲ့လည်း အမိန့်နာခံပြီး တစ်ဆင့်ချင်းဖြေရှင်းနေတာတွေ့ရ တယ်။ ကပ်လျက်နိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယနိုင်ငံဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သံဆူးကြိုးတွေနဲ့ အထပ်ထပ်ကာ ထားတာ လေ့လာခဲ့ဖူးတယ်။ အိန္ဒိယနယ်ခြားစောင့်တပ်များဟာ ဘယ်လိုအကြောင်းမျိုးနဲ့ပဲဖြစ်ဖြစ် အိန္ဒိယနိုင်ငံ ထဲဝင်လာတဲ့ ဘင်ဂါလီတွေကို အပြတ်ရှင်းတာပါပဲ။ ဖိုးရှင်းတို့နိုင်ငံက လူသားချင်းစာနာထောက်ထားလို့ လက်ခံထားတာကို အိမ်ပေါ်တက်ပြီး စော်ကားတဲ့ ဒီဘင်ဂါလီတွေကို အကြမ်းနည်းနဲ့မဖြေရှင်းပဲ အစိုးရရဲ့ ဦးဆောင်မှုနဲ့ တစ်မျိုးသားလုံးဝိုင်းပြီး ဖြေရှင်းရမယ်လို့ ပြောပါရစေ။

    နောက်တစ်ခုကအမေစု ILO  မှာ ပြောခဲ့တဲ့မိန့်ခွန်းနဲ့ပတ်သက်ပြီး ဘားမားဆိုပြီး အတော်များများ ထည့်သုံးသွားတာတွေ့ရတယ်။ အခုဆိုရင် အမေစုဟာ လွှတ်တော်ထဲမှာ တရားဝင်ပြောခွင့်၊ဆိုခွင့်ရှိတဲ့ အမတ်တစ်ယောက် ဖြစ်နေပြီလေ။  နောက်ပြီး ILO Governing Body သတင်းကြေညာသူအကုန်လုံးက မြန်မာလို့သုံးနှုန်းနေတာ အမေစုမကြားလို့လား။

အခြေခံဥပဒေထဲမှာ မြန်မာလို့ပဲပါတယ်။ ဗမာနဲ့ တိုင်းရင်းသားတွေကို ခွဲခြားဆက်ဆံချင်တာလား။ ဘာလို့မပြောင်းနိုင်တာလဲ။ ဒါကိုပြန်သုံးသပ်ဖို့ လိုတယ်လို့ ထင်တယ်။ အပေါ်ယံပဲကြည့်ကြည့် သေချာပဲ ကြည့်ကြည့် အမေစုက ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံတဲ့ လူတစ်ယောက်ဖြစ်မယ်လို့ ခန့်မှန်းလို့ရ ပါတယ်။ လွှတ်တော်အမတ်တစ်ယောက်ဟာ ဥပဒေကို အထူး လေးစားလိုက်နာဖို့တော့ လိုမယ်လို့ ဖိုးရှင်း ထင်တယ်။ အမေစု နိုင်ငံခြားသွားတာနဲ့ ဒီမိုသမားတွေရဲ့ ဘလော့တွေမှာ ပလူပျံနေအောင် အမေစုပုံတွေ တွေ့ရတော့ တာပါပဲ။ တချို့ပုံတွေဆိုရင် တော်တော်လေးကို ရုပ်ပျက်ဆင်းပျက်နိုင်တယ်။ နိုင်ငံခြားသားကို ကိုးကွယ်တာ အရမ်းသိသာပါတယ်။ ဒါ့ကြောင့်လည်း ဒီမိုတွေရဲ့ ဘလော့ အတော်များများမှာ အမေစုကို ဝေဖန်တိုက်ခိုက်တဲ့ စကားလုံးတွေ ပေါ်လာတာပဲဖြစ်ပါတယ်။

    ဒါ့ကြောင့် ကျွန်တော်တို့ ပြည်သူပြည်သားတွေအနေနဲ့ ရိုဟင်ဂျာလို့ မသုံးပါနဲ့။ ဘင်ဂါလီလို့ဘဲ သုံးပါလို့  တိုက်တွန်းပါရစေ။ အမေစုကိုလည်း အမေစုကိုလည်း ဘားမားလို့ပြောပြီး တိုင်းရင်းသားအချင်းချင်း  သွေးမခွဲဖို့ပြောလိုက်ပါရစေ။


                                ဖိုးရှင်း

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်