Tuesday, July 31, 2012

အမေရိကန် ကာကွယ်ရေး ဝန်ကြီးသည် အာဖရိကမြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းသို့ အလည်အပတ်ခရီးသွားရောက်ခြင်း

Posted by drmyochit Tuesday, July 31, 2012, under | No comments


Xinhuanet.com;July-30(Mon)
အမေရိကန် ကာကွယ်ရေးဝန်ကြီး လီယွန်နယ်ပန်နက်တာသည် အာဖရိက မြောက်ပိုင်းနှင့် အရှေ့ အလယ်ပိုင်း တို့မှ ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးရန် အတွက် ဇူလိုင်လ ၂၉ ရက်နေ့တွင် ခရီးစတင် ထွက်ခွာ ခဲ့ပါသည်။ ပန်နက်တာသည် တူနီးရှား၊ အီဂျစ်၊ အစ္စရေးနှင့် ဂျော်ဒန်နိုင်ငံ တို့သို့ အလည်အပတ် ခရီးသွား ရောက်မည် ဖြစ်ပြီး ၄င်း၏ ခရီးစဉ် အတွင်းတွင် ဒေသတွင်း ထူးခြားသော ပြောင်းလဲမှုများ အပါအဝင် ဆီးရီးယား၊ အီရန်နှင့် အစွန်းရောက် အဖွဲ့များ ကြောင့်ဖြစ်ပေါ်နေသော စိန်ခေါ် မှုများနှင့် ပတ်သက်သည့် ကိစ္စရပ်များအား ဆွေးနွေးသွားမည် ဖြစ်ပါသည်။ တူနီးရှားနိုင်ငံမှ စတင်ဖြစ်ပွားခဲ့သော အာရပ် ဆူပူအုံကြမှု စတင်ဖြစ်ပွား ခဲ့စဉ်ကတည်းက နိုင်ငံအများ အပြားတွင် ကန့်ကွက် ဆန္ဒပြမှုများဖြစ်ပွားခဲ့ပါသည်။ ဆီးရီးယား နိုင်ငံတွင် ၂ဝ၁၁ ခုနှစ် မတ်လက တည်းက ဆူပူ အုံကြမှုများ စတင်ဖြစ်ပွားခဲ့ရာ အနောက်နိုင်ငံများက ပံ့ပိုး ပေးထားသော ဆီးရီးယား အတိုက်အခံတပ် ဖွဲ့ဝင်များက သမ္မတ ဘတ်ရှာအယ်လ်အာဆတ် ဦးဆောင်သောအ စိုးရအား ဖြုတ်ချရန် ကြိုးပမ်းမှု အဖြစ် နိုင်ငံ၏ နေရာအနှံ့ အပြားတွင် ဆန့်ကျင် တိုက်ခိုက်လျက်ရှိပါသည်။
တူနီးရှားတွင် ပန်နက်တာသည် တူနီးရှား ခေါင်းဆောင်များ နှင့်တွေ့ဆုံ ဆွေးနွေးမည့် အစည်းအဝေး၌ အနာဂတ်တွင် စစ်ဘက် အချင်းချင်း ဆက်ဆံရေးဆိုင်ရာ လမ်းပြ မြေပုံအား ဆွေးနွေးသွားရန် စီစဉ်ထား ပါသည်။ အီဂျစ်နိုင်ငံတွင် ပန်နက်တာသည် အီဂျစ်သမ္မတ မိုဟာမက်မော်စီ၊ ကာကွယ်ရေးဝန်ကြီး မိုဟာမက် ဟူစိန်တန်တဝီ တို့နှင့်အတူ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ပါသည်။ အစ္စရေးတွင် ပန်နက်တာသည် အစ္စရေးသမ္မတ ရှီမွန်ပီးရက်စ်၊ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ရာဟု၊ ကာကွယ်ရေးဝန်ကြီး အီဟွတ်ဘားရက် တို့နှင့် တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ပြီး အီရန်နျူကလီးယား ကိစ္စရပ်အား အလေးထား ဆွေးနွေးလိမ့်မည်ဟု မျှော်လင့်ထားပါသည်။ ဂျော်ဒန် နိုင်ငံတွင် အမေရိကန် ကာကွယ်ရေးဝန်ကြီးသည် ဂျော်ဒန်ဘုရင်အဗ္ဗဒူလာနှင့် အပြန်အလှန် ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ အပါအဝင် ဆီးရီးယား အရေးကိစ္စအား ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။


ဂျပန်နစ်ဆန်း ကားစက်ရုံတည်ရန် ပဲခူးတွင်မြေရှာနေ

Posted by drmyochit Tuesday, July 31, 2012, under | No comments



ဂျပန်နစ်ဆန်းကား  ကုမ္ပဏီ မှ မြန်မာနိုင်ငံတွင်  ကားထုတ်လုပ်ရန်အတွက်  ပဲခူးတွင် မြေ ဧက  ၁ဝဝရှာဖွေလျက်ရှိကြောင်း  စက်မှုကုန်ထုတ်သူများ  အသင်း မှ သိရသည်။
”ပဲခူးမှာ မြေဧက ၁ဝဝ တောင်းထားတယ်။ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေကို လည်း ၁ဝဝ ရာခိုင် နှုန်းအစား ပြည်တွင်း လုပ်ငန်းရှင် တွေကို ထောက်ပံ့ပေးပြီး လက်တွဲ ခေါ်ဖို့ဖြစ်စေလိုတယ်”ဟု စက်မှုကုန်ထုတ်သူ အသင်းမှ တာဝန်ရှိသူ တစ် ဦးက ပြောသည်။
မလေးရှား အခြေစိုက် ပန်ချောင် ကုမ္ပဏီမှ နစ်ဆန်းကားစက်ရုံ တည်ဆောက် ရန် မြေနေရာရှာဖွေခြင်းဖြစ်ပြီး ဆောက်လုပ်နိုင်မည့် မြေနေရာအား လေ့လာ ၍ တိုင်းဒေသကြီး အစိုးရထံ တင်ပြမည် ဖြစ်ကြောင်း သိရသည်။
“CKD စနစ်နဲ့လုပ်မယ် ပြောတယ်။ ဟိုတယ်ကနေပစ္စည်းတွေ ယူလာပြီး ဒီမှာတပ်ဆင်ထုတ်လုပ်သွား မှာပါ”ဟု ကုန်သည်စက်မှု အသင်းချုပ် အလုပ်အမှုဆောင် ဦးအေးထွန်းက ပြောသည်။
မြန်မာနိုင်ငံတွင် ကားထုတ်လုပ်သည့် ကုမ္ပဏီများအပြင် ကားအပိုပစ္စည်း ထုတ်လုပ်သည့် စက်ရုံများလည်းများစွာ လိုအပ်နေသေးကြောင်း စက်မှု ကုန်ထုတ်သူများ အသင်းမှ ဦးဇော်မင်းဝင်းက ပြောသည်။
မြန်မာနိုင်ငံသို့ တင်သွင်းသည့် ကားများ အနက် ၉၈ ရာခိုင်နှုန်းမှာ ဂျပန် ကားများဖြစ်ပြီးတရုတ်ကား မှာ ၂ ရာခိုင်နှုန်းခန့်ရှိကာ ကျန် ကားများမှာ ဝ ဒသမ ၄ ရာခိုင် နှုန်းရှိကြောင်း ကုန်သည်စက်မှု အ သင်းချုပ် အတွင်းရေးမှူး ဦးမိုးကျော် ထံမှ သိရသည်။

စိုက်ပျိုးစရိတ်ချေးငွေ မမျှတမှု သမ္မတကြီးထံ တိုင်ကြား

Posted by drmyochit Tuesday, July 31, 2012, under | No comments

Radio Free Asiaပဲခူးတိုင်း အနောက်ခြမ်း ဇီးကုန်းမြို့နယ်မှာ စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးရာမှာ မမျှတမှုတွေ ညီတူညီမျှ မရှိမှုတွေကြောင့် ဆိတ်ဖူးကျင်း ကျေးရွာအုပ်စု ကန်ကြီးကျေးရွာက လယ်သမားကြီး ၄၄ ယောက်က သမ္မတကြီး အပါအဝင် ဗဟိုနဲ့ တိုင်းဒေသကြီး အာဏာပိုင်တွေကို ဒီကနေ့  တင်ပြ တိုင်ကြားလိုက်တယ်လို့ လယ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးအောင်မြတ်သူက ပြောပြပါတယ်။
"ကျွန်တော်တို့ ဇီးကုန်းမြို့ အရှေ့ဘက်မှာလေ၊ ကန်ကြီးကြိုးဝိုင်း ရှိတယ်လေ။ ကြိုးဝိုင်းပျက်သွားတဲ့ အခါကျတော့ အဲဒီမှာ ဝင်ပြီးတော့ လယ်တွေ လုပ်နေကြတာ တစ်ယောက်ကို ၁၀ ဧကတို့၊ ၅ ဧကတို့ အားလုံးပေါင်း ဧက ၅၀၀၀ နီးပါးခန့် ရှိပါတယ်။ အဲဒီ ဧက ၅၀၀၀ နီးပါးခန့်မှာ ဧက ၁၀၀ ကျော်ကျော်လောက်က စိုက်ပျိုးစရိတ်ကို မရရှိဘူးခင်ဗျ။ စိုက်ပျိုးငွေ ထုတ်မပေးတာ။ အဲတာကြောင့်မို့လို့ ဆိတ်ဖူးကျင်း ကျေးရွာအုပ်စု ကန်ကြီးကျေးရွာနေ လယ်သမားကြီး ၄၄ ဦးက သမ္မတကြီး အပါအဝင် ဌာနပေါင်း ၂၂ ဌာနကို ကျွန်တော်တို့ တိုင်ကြားပါတယ်ခင်ဗျ"
ခုလို ပြဿနာတွေ ဖြစ်ပေါ်ရမှုရဲ့ အခြေခံဟာ ကျေးရွာအဆင့် အာဏာပိုင်တွေရဲ့ လုပ်ဆောင်ချက်ကြောင့် ဖြစ်တယ်လို့ လည်း သိရပါတယ်။
"အုပ်ချုပ်ရေးမှူးတွေ၊ ဘဏ်ကော်မတီဝင်တွေ ရှိတယ်။ ရပ်ကျေးကနေပြီးတော့၊ အဲလူတွေက နေပြီးတော့ သူတို့က ဖြတ်စားလျှပ်စား လုပ်တာပေါ့။ ဘဏ်ချေးငွေ လိုချင်လို့ရှိရင် တစ်ဧကကို ၂၀၀ ပေးရမယ်လို့။ ကျွန်တော်တို့ မြို့နယ်မှာက အားလုံးပေါင်း ဧက ၅၀၀၀၀ လောက်ရှိတယ်ဆိုတော့နော်။ လယ်သမားနစ်နာတာပေါ့နော်။ နောက်တခုဖြစ်နေတာက ၁၀ ဧကရှိတဲ့သူကလည်း ၁၀ ဧက တန်ဖိုးကို မရဘူးပေါ့။ အဲဒီငွေတွေကို ဒီကျေးရွာ အုပ်ချုပ်ရေးမှူးရယ်၊ အောက်ခြေကရှိတဲ့ ဘဏ်ကော်မတီကနေပြီးတော့ သူတို့ ထုတ်သုံးတာပေါ့။ အတိုးနှုန်းက ၂ ကျပ်တိုးဆိုတော့"
ဇီးကုန်းမြို့နယ် ကန်ကလေး ကျေးရွာအုပ်စု၊ ကန်ကလေးကျေးရွာက လယ်သမားကြီး အယောက် ၂၀ က မိမိတို့ စိုက်ပျိုးစရိတ် ချေးငွေများ မရရှိတဲ့ကိစ္စနဲ့ပတ်သက်လို့ အထက် အာဏာပိုင်တွေကို ပြီးခဲ့တဲ့ ရက်သတ္တပတ် တစ်ပတ်ကျော်က တင်ပြ တိုင်ကြားခဲ့ရာမှာ မြို့ နယ် မြေစာရင်းဦးစီးဌာနက ဒီကိစ္စနဲ့ ပတ်သက်ပြီး ကနေ့ ခေါ်ယူ စစ်ဆေးနေတယ်လို့လည်း သိရှိရပါတယ်


ရိုဟင်ဂျာပြဿနာ၊ လူ့ အခွင့်အရေးနှင့် အမျိုးသား ဂုဏ်သိက္ခာ

Posted by drmyochit Tuesday, July 31, 2012, under | No comments

အောင်ထူး (ရှေ့နေ)
(အာဘော်အမြင်)
အဓိကရုဏ်းအတွင်း စစ်တွေမြို့ရှိ လူနေရပ်ကွက်တချို့ မီးလောင်နေစဉ်(Photo: Getty Image)


ရိုဟင်ဂျာပြဿနာနှင့် ဆက်စပ်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် နိုဘယ်ဆုနဲ့ မထိုက်တန်ကြောင်း လူသိရှင်ကြား စွပ်စွဲချက် ပေါ်ထွက်လာခဲ့သည်။
ဇူလိုင်လ ၂၃ ရက် နေ့ တွင် အယ်လ်ဂျာဇီးရား နိုင်ငံတကာ ရုပ်သံလွှင့်ဌာနမှ ရိုဟင်ဂျာလူထုများ ဘ၀ပျက်နေကြသည့် ပုံများ၊ စခန်းအတွင်းနေထိုင်ရာ တွင်လည်း အကူအညီများ မရရှိ၍ စားရမဲ့သောက်ရမဲ့ ဖြစ်နေပုံများ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ လှေဖြင့်ကူးပြေးရန် ကြိုးစားသော်လည်း အဆိုပါ နိုင်ငံရှိအာဏာပိုင်များက လက်မခံပဲ ထမင်းထုပ် တယောက် တထုပ်ပေး၍ ရေထဲသို့ ပြန်မောင်းထုတ်လိုက်သဖြင့် အော်ဟစ်ငိုကြွေးကာ လှေပေါ်ပြန် တက်သွားကြရသည့် ပုံများကို အချိန်အတော်ကြာ ထုတ်လွှင့်ပြသခဲ့သည်။

တပ်သိမ်းမြေယာ ပြန်ရဖို့ ပတ်စဉ်ဆုတောင်းပွဲ ပြုလုပ်

Posted by drmyochit Tuesday, July 31, 2012, under | No comments

ကရင်နီပြည်နယ်တွင်း တပ်သိမ်းမြေယာပြန်ရဖို့ လူထုငါးရာကျော်မှ မာဖရိုရှေ့ကျေးရွာရှိ ကက်သလစ် ဘုရားရှိခိုးကျောင်းမှာ ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်ကြပါတယ်။ ယခုလိုအမှတ် ၁၄ စစ်လေ့ကျင့်ရေးကျောင်းတည်ဆောက်ဖို့ တပ်သိမ်းမြေယာတွေ ပြန်လည်ရရှိနိုင်ရေးအတွက်ကို ပြည်နယ်အစိုးရ ၊ လွှတ်တော်အမတ်နှင့် သမ္မတထံ တင်ပြတောင်းဆိုထားသော်လည်း ယခုချိန်ထိ တုန့်ပြန်မှုမရှိသေးဘူးလို့ လောဂျာမှ ကက်သလစ် သာသနာ ဆရာ ခူသဲရယ်က ပြောပါတယ်။
တပ်သိမ်းမြေယာပြန်ရဖို့အတွက်ကို မာဖရိုရှေ့ကျေးရွာ ကက်သလစ်ဘုရားရှိခိုးကျောင်းတွင် ဝတ်ပြုဆုတောင်းနေကြစဉ် (ဓါတ်ပုံ-ကေတီ)
“ကျနောတို့ စာတင်တာလဲ မထူးခြားလာဘူး အထက်က သမ္မတတွေ ဝန်းကြီးတွေလဲ ကျနော်တို့ရဲ့ ပြည်သူလူထူတွေရဲ့ တောင်းဆိုမူတွေကိုလဲ ဘာမှဂရုမစိုက်ဘူး ဆိုတော့ ကျနော်တို့ ဘာဆက်လုပ်မလဲ ဆိုတဲ့ ဆွေးနွေးမူကို အစည်းဝေးထိုင်ပြီးတော့မှ စုပေါင်းဆုတောင်းပွဲ ကိုလုပ်မယ် စုပေါင်း ဆုတောင်းပွဲကို လုပ်တယ်ဆိုတာကလဲ ကျနော်တို့ ဘုရားကိုအားကိုးတယ်”

ယမန်နေ့ တနေင်္ဂနွေနေ့ မနက်မှာ မာဖရိုရှေ့ကျေးရွာ အုပ်စုများရှိ ဒေသခံလူထုများတွေနဲ့ ဆုတောင်းပွဲအပြီးမှာ ပြောသွားတာဖြစ်ပါတယ်။ ပတ်စဉ်ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်နေကြတာ ယခုကြိမ်ဆိုလျှင် ငါးကြိမ်မြောက်ရှိပြီး ဖြစ်ပါတယ်။
တောင်ယာဧက ၁၆ ဧကပါသိမ်းခံရတဲ့ လောဂျာ ကျေးရွာမှ ခူဦးရယ်က ယခုလိုပြောပါတယ်။
“ကျနော်တို့ ဒီမြေကွက်တွေက ဆန် စပါးတွေရလာတယ်ဆိုတာက ဒီမြေကွက်တွေနဲပဲလေး။ အခုလို သူတို့ လာလုပ်သွားတာက ကျနော်တို့ ဒေသခံလူထုတွေကို လာပြီးသတ်တာနဲ့ အတူတူပဲလေး ကျနော်တို့ ငတ်ပြတ်ပြီး သေသွားအောင် လာလုပ်နေတာနဲ့ တူတူပဲပေါ့”
ယမန်နေ့ မာဖရိုရှေ့ရွာမှ ကက်သလစ်ဘုရားရှိခိုးကျောင်းမှာ ဝတ်ပြုဆုတောင်းပွဲအပြီးမှာ ပြောသွားတာဖြစ်ပါတယ်။
အမှတ် ၁၄ စစ်လေ့ကျင့်ရေးကျောင်းကိစ္စနဲ့ ပတ်သက်ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အဖွဲ့ခေါင်းဆောင်တွေကလည်း လူထုအတွက်အကျိုးရှိစေမည့် အဆောက်အဦး တခုတခုအဖြစ်သော်လည်းကောင်း ပြန်လည်ရရှိနိုင်ဖို့ မြန်မာအစိုးရနဲ့ ဆွေးနွေးတဲ့အခါ မတ်လ ၇ ရက်နေ့ ပဏာမတွေ့ဆုံဆွေးနွေးချိန်မှာ တကြိမ် ၊ ဇွန်လ ၉ ရက်နေ့ ပြည်ထောင်စုအဆင့်တွေ့ဆုံဆွေးနွေးစဉ်မှာ တကြိမ် ဆွေးနွေးခဲ့ကြပေမဲ့လည်း  ဆုံးဖြတ်ချက်မချ နိုင်ကြသေးပါဘူး။

ရခိုင်ပြည်နယ်အနှံ့ နိုင်ငံတော်အလံ လွှင့်ထူ၍ သမ္မတကို ဂုဏ်ပြု

Posted by drmyochit Tuesday, July 31, 2012, under | No comments

ခိုင်ပြည်နယ် တ၀န်း၌ သမ္မတ ဦးသိန်းစိန်ကို ထောက်ခံသည့် အထိမ်းအမှတ်အဖြစ် နိုင်ငံတော်အလံကို ဂုဏ်ပြု လွှင့်ထူ ကြိုဆို နေကြကြောင်း သိရသည်။
ရခိုင်ပြည်နယ် တောင်ကုတ်မြို့ ကိုင်းရှည်ရပ်ကွက်အတွင်း နိုင်ငံတော်အလံများ လွှင့်ထူထားစဉ် (ဓာတ်ပုံ – သွေးသစ္စာ facebook မှ)
မြန်မာနိုင်ငံတော်အလံကို စစ်တွေ၊ မြောက်ဦး၊ မင်းပြား၊ မောင်တော၊ ဘူးသီးတောင်၊ ပေါက်တော စသည့် မြို့နယ်များတွင် ဇူလိုင် ၂၁ ရက်နေ့မှ စတင် လွှင့်ထူခဲ့ပြီး တောင်ကုတ်မြို့တွင် ပြီးခဲ့သည့် နှစ်ရက် ခန့်က စတင် လွှင့်ထူထားကြောင်း၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင် စသည့် မြို့နယ်များ တွင်လည်း လွှင့်ထူရန် ပြင်ဆင်နေကြကြောင်း ရခိုင်ဒေသခံများက ပြောသည်။
သမ္မတ ဦးသိန်းစိန်သည် ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterres  နှင့် ဇူလိုင်လ ၁၁ ရက်နေ့ က တွေ့ဆုံစဉ် ရိုဟင်ဂျာ အမည်ခံ ဘင်္ဂါလီလူမျိုးများသည် မြန်မာတိုင်းရင်းသားများ မဟုတ်ဘဲ ခိုးဝင်လာသူများ ဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့အား လက်ခံရန် မဖြစ်နိုင်ကြောင်း၊ UNHCR သို့ အပ်နှံ၍ ဒုက္ခသည် စခန်းများ ဆောက်ပေးပြီး တတိယ နိုင်ငံ က လက်ခံလျင် ပို့ဆောင်ပေး မည်ဖြစ်ကြောင်း ပြောခဲ့သည်။

တာလီဘန် ခြိမ်းခြောက်မှု မြန်မာ မွတ်စလင်များ ဆန့်ကျင်

Posted by drmyochit Tuesday, July 31, 2012, under | No comments

ရခိုင်ဒေသ ပဋိပက္ခအပြီး စစ်တွေမြို့မြင်ကွင်း (ဓာတ်ပုံ – ခင်သြ/ ဧရာဝတီ)
မြန်မာနိုင်ငံကို ပါကစ္စတန် နိုင်ငံအခြေစိုက် တာလီဘန် အကြမ်းဖက်အဖွဲ့ Tehreek-e – Taliban (TTP) က ခြိမ်းခြောက်မှု အပေါ် နိုင်ငံအတွင်း နေထိုင်သူ အစ္စလမ် ဘာသာရေး ခေါင်းဆောင်များနှင့် နိုင်ငံရေး ပါတီ ခေါင်းဆောင်များက ဆန့်ကျင်ကြောင်း ပြောဆိုသည်။
TTP အဖွဲ့က ပါကစ္စတန်နိုင်ငံ အနေဖြင့် အစ္စလမ်မာဘတ် မြို့ရှိ မြန်မာသံရုံးကို ပိတ်ပစ်၍ မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ဖြတ်တောက်ရမည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့မှုများနှင့် ပတ်သက်၍လည်း “သွေးနှင့် လက်စားချေမည်” ဖြစ်ကြောင်း ဇူလိုင် ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းကို မြန်မာ ပြည်တွင်းနေ အစ္စလမ် ဘာသာဝင်များက တုံ့ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“အဲဒီ တာလီဘန်ဆိုတဲ့ အကြမ်းဖက် အုပ်စုတွေကို ကျနော်တို့ လက်မခံဘူး။ သူတို့ကြောင့် သူတို့ရဲ့ လုပ်ဆောင်မှုအပေါ် ဒီမှာ ဖြစ်မယ့် ကိစ္စတွေကိုလည်း အဖြစ်မခံနိုင်ဘူး။ ဒီမှာရှိတဲ့ မွတ်စလင်တွေ ကလည်း သူတို့နဲ့ ဘာမှ မပတ်သက်ဘူး” ဟု မြန်မာ နိုင်ငံလုံး ဆိုင်ရာ အစ္စလမ် ဘာသာရေး အဖွဲ့ကြီး၏ အတွင်းရေးမှူးချုပ် ဦးကျော်စိုးက ပြောသည်။

ဘင်္ဂါလီ ၁၂၀၀ ကျော် မြန်မာဘက် ပြန်ပို့ဟု ဘင်္ဂလားဒေ့ရှ် ပြော

Posted by drmyochit Tuesday, July 31, 2012, under | No comments

ဘင်္ဂါလီ ဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ၀င်မလာစေရန် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့မှ စောင့်ကြည့်နေစဉ် (ဓာတ်ပုံ – Reuters)
ရခိုင်ပြည်နယ်အတွင်း မကြာသေးခင်က ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ၀င်ရောက်လာ၍ မြန်မာနိုင်ငံဘက် ပြန်ပို့ခဲ့ရာ ဘင်္ဂါလီ ဒုက္ခသည် ယနေ့အထိ ၁၂၀၀ ကျော်ရှိပြီး ဆက်လက် ၀င်ရောက် လာနေဆဲလည်း ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များ၏ ပြောကြားချက်အရ သိရှိရသည်။
ယင်းဘင်္ဂါလီများကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်၊ ကမ်းခြေစောင့်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ပြန်လည်ပို့ဆောင်ခြင်းဖြစ်ရာ ပြီး ခဲ့သည့် ဇူလိုင်လ ၂၆ ရက်ကလည်း ဘင်္ဂါလီ ၁၁ ဦးကို ပြန်ပို့ခဲ့သေးသည်ဟု တာခ်နာ အခြေစိုက် အမှတ် ၄၂ နယ်ခြားစောင့် တပ် (BGB) က ဗိုလ်မှူး ဇျာဟိဒ် ဟာဆန်းက ပြောကြားကြောင်း ကောက်စ်ဘဇားမြို့ သတင်းစာများက ဖော်ပြသည်။
“စုစုပေါင်း ၁၁ ဦးကို BGB ကင်းလှည့် တပ်ဖွဲ့က နေ့လယ် ၂ နာရီမှာ ဖမ်းဆီးခဲ့ပြီး ၃ နာရီမှာတော့ လူသားချင်း စာနာ ထောက်ထား မှုနဲ့ အစားအသောက်တွေ ပေးပြီး နေရပ်ပြန်လွှတ် လိုက်တယ်”ဟု ဗိုလ်မှူး ဇျာဟိဒ် ဟာဆန်းက ပြောဆိုသည်။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမရှိလို့ ဝန်ကြီး ဦးခင်ရီပြောကြား

Posted by drmyochit Tuesday, July 31, 2012, under | No comments

Radio Free Asiaမန်မာနိုင်ငံက တိုင်းရင်းသား (၁၃၅) မျိုးထဲမှာ ရိုဟင်ဂျာဟာ ဘယ်တုန်းကမှ မပါဝင်ခဲ့ဘူးသလို မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုး ဆိုတာလည်း မရှိဘူးလို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူအင်အား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇူလိုင်လ ၃၀ ရက်က ရန်ကုန်မြို့ နိုင်ငံခြားရေး ၀န်ကြီးဌာန အဆောက်အဦးဟောင်းတွင် ကျင်းပသည့် ရခိုင်ဒေသ အရေးနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
ကိုလိုနီ အင်္ဂလိပ်အစိုးရ လက်ထက်ကစလို့ ၁၉၇၃ ခုနှစ်နဲ့ ၁၉၈၃ ခုနှစ်တွေမှာ ကောက်ယူခဲ့တဲ့ သန်းခေါင်း စာရင်းတွေအရ ရိုဟင်ဂျာလူမျိုးဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူးလို့ ရန်ကုန်မြို့ နိုင်ငံခြားရေး ၀န်ကြီးဌာန အဆောက်အဦးဟောင်းမှာ ဒီကနေ့ ကျင်းပတဲ့ ရခိုင်ဒေသ အရေးနဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ၀န်ကြီး ဦးခင်ရီက အခုလို ပြောကြားခဲ့တာပါ။

ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် ရခိုင်ပြည်နယ် သွားမည်

Posted by drmyochit Tuesday, July 31, 2012, under | No comments

မူဆလင် နိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက မြန်မာနိုင်ငံအား ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ မူဆလင်များအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်တန့်ရန် တောင်းဆိုခဲ့ကြ ပြီးနောက် မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမ္မဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်သည် တနင်္ဂနွေနေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်စ် ကွင်တားနား သည် ယခုအပတ်အတွင်း အစိုးရ အရာရှိများနှင့် တွေ့ဆုံ ကာ ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တောနှင့် ကချင် ပြည်နယ်သို့ သွားရောက်မည်ဟု ကုလသမဂ္ဂ အရာရှိများက ဆိုကြသည်။

ကုလသမဂ္ဂက မြန်မာနိုင်ငံအား ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများနှင့် ပတ်သတ်သည့် လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှု ကို ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းထားသည်။
Tomas-Ojea-Quintana-arrives-in-Rangoon
မြန်မာနိုင်ငံဆိုင်ရာ ကုလသမ္မဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ကွင်တားနား သည် တနင်္ဂနွေနေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိ Photo: AFP

မန်မာ့စီးပွါးရေး ပြုပြင်ပြောင်းလဲရေး၏ နိုင်ငံရေး အကြောင်း အစီရင်ခံစာ

Posted by drmyochit Tuesday, July 31, 2012, under | No comments


(နိုင်ငံတကာ ပဋိပက္ခ ဖြေရှင်းရေးအဖွဲ့ ICG)

မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းရေး လုပ်ငန်းနှင့် စီးပွါးရေး ပြန်လည်တည်ဆောက်မှု လုပ်ငန်းတို့မှာ နက်နက်ရှိုင်းရှိုင်း ဆက်နွယ်နေသည်။ လက်ရှိ လုပ်ဆောင်လျက်ရှိသော မြန်ဆန်လှသည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ အောင်မြင် ရန်မှာ အစိုးရ၊ နိုင်ငံတွင်းမှ ရေပေါ်ဆီ လူ့မလိုင် လူတန်းစားနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းတို့ လက်တွဲ လုပ်ဆောင်မှ သာ ဖြစ်မည်ဟု နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအဖွဲ့ကြီး (ICG) မှ ထုတ်ပြန်လိုက်သော အစီရင်ခံစာ တစောင်တွင်
ဖော်ပြထားသည်။

ယခင် သီတင်းပတ်က ထုတ်ပြန်လိုက်သော “မြန်မာနိုင်ငံမှ စီးပွါးရေးပြုပြင်ပြောင်းလဲမှု၏ နိုင်ငံရေး” ဆိုသည့် အစီရင်ခံစာတွင် သမ္မတ ဦးသိန်းစိန်နှင့် သူ့အစိုးရအဖွဲ့က ဆောင်ရွက်လျက်ရှိသော ရည်မှန်းချက် ကြီးမားလှသည့် စီးပွါးရေး ပြောင်းလဲမှု လုပ်ငန်းများ၏ စိန်ခေါ်မှုများနှင့် အကျိုးကျေးဇူးများကို စေ့ငုလေ့လာ တင်ပြထားသည်။

အိမ်နီးချင်း နိုင်ငံများကို အမီလိုက်၍ လျင်မြန်စွာ ကြီးထွားလာသော စီးပွါးရေးတရပ်ကို တည်ဆောက်ရန်အတွက် အစိုးရသည် ယခင် စီးပွါးရေး စနစ်ဟောင်းက တည်ရှိခဲ့သော ကန့်သတ် တားဆီးထားမှုများနှင့် အခွင့်ထူးခံမှုများကို ဖယ်ရှားလိုသည်ဟု အစီရင်ခံစာက သူတို့၏ တွေ့ရှိချက် အကျဉ်းတွင် ရေးသားဖော်ပြထားသည်။ စီးပွါးရေး စနစ်ဟောင်းက စစ်တပ်၊ ပါတီအထက်လွှာနှင့် လက်ရင်းတပည့် ခရိုနီ စီးပွါးရေးသမားများကိုသာ အကျိုးဖြစ်ထွန်း
စေခဲ့သည်။

ရိုဟင်ဂျာကိစ္စ ဖြေရှင်းပြီးမှ ရွေးကောက်ပွဲစနစ်သစ် စဉ်းစားသင့်ဟု ရခိုင်ပါတီဆို

Posted by drmyochit Tuesday, July 31, 2012, under | No comments

လာမည့် ရွေးကောက်ပွဲများတွင် အချိုးကျ ကိုယ်စားပြုစနစ် (Proportional Representation – PR စနစ်) ပြောင်းလဲ ကျင့်သုံးပါက ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ မူဆလင်အရေး ပိုမိုရှုပ်ထွေးလာဖွယ် ရှိသည့်အတွက် ၎င်းစနစ်ကို အချိန်ယူ လေ့လာ ဆန်းစစ်ရန် လိုကြောင်း ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ RNDP က ပြောသည်။

“တကယ်လို့သာ ဒီစနစ်ကို ကျင့်သုံးမယ်ဆိုရင် ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီးတော့ သမိုင်းကိစ္စကို ရှင်းရှင်းလင်းလင်း
ဖြစ်အောင် အရင်လုပ်ရမယ်။ ဒီလို မဟုတ်ဘူးဆိုရင် အဲဒီ PR စနစ်ကို အသုံးချပြီးတော့ ရခိုင်ပြည်နယ် နိုင်ငံရေး ဇာတ်ခုံကို မသမာတဲ့ နည်းတွေနဲ့ တက်လာမှာလည်း စိုးရိမ်စရာ ရှိတယ်” ဟု RNDP အထွေထွေ အတွင်းရေးမှူး ဦးဦးလှစော က မဇ္ဈိမကို ပြောသည်။

ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်း လဲရေး တိုင်းရင်းပါတီတချို့ လက်မခံ

Posted by drmyochit Tuesday, July 31, 2012, under | No comments

ရွေးကောက်ပွဲစနစ်ပြုပြင်ပြောင်းလဲရေးကို ဒီမိုကရေစီမိတ်ဆွေပါတီများက ကြေညာချက် ထုတ်ပြန်ခဲ့မှုနှင့် ပတ်သက်၍ တိုင်းရင်းသားပါတီ အချို့က လက်မခံနိုင်ကြောင်း ပါတီခေါင်းဆောင်များက ပြောသည်။
ဇူလိုင်လ ၂၈ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ထိုကြေညာချက်တွင် Proportional Representation စနစ်ကို ပြောင်းလဲခြင်းအားဖြင့် တစ်ပါတီ ကြီးစိုးမှုပုံစံကို အကာအကွယ်ပေးနိုင်သလို ၎င်းစနစ်ကို ကျင့်သုံးခြင်းအားဖြင့် မဲဆန္ဒရှင်တို့၏ မဲများ အလဟဿ မဖြစ်စေ ကြောင်း ပါရှိသည်။
ဒီမိုကရေစီမိတ်ဆွေပါတီများ၏ ရွေးကောက်ပွဲစနစ်ပြုပြင်ပြောင်းလဲရေးသည် မြန်မာနိုင်ငံတွင် ကျင့်သုံးခဲ့ခြင်း မရှိသေးသည့်အတွက် ကောင်းကျိုး ဆိုးကျိုးများကို အချိန်ယူ သုံးသပ်သင့်ကြောင်း ရခိုင်အမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးလှစောက ယခုလို ပြောသည်။
“အဲဒီစနစ်ကို ကျနော်တို့ လေ့လာသင့်တာပေါ့လေ။ ကောင်းတာရှိသလို ဆိုးတာတွေလဲရှိတယ်။ နိုင်ငံတိုင်းမှာ ကျင့်သုံးနေတာလည်း မဟုတ်ဘူး။ အားသာချက် အားနည်းချက်တွေကို လေ့လာပြီး သင့်တော်လား မသင့်တော်ဘူးလားဆိုတာ အများကြီး လုပ်ရဦးမယ်။ တစ်ထိုင်တည်းနဲ့ ဆုံးဖြတ်လို့မရဘူး”ဟု ဦးလှစောက ပြောသည်။

Monday, July 30, 2012

အမေရိကန်ရေတပ် ဆေးရုံသင်္ဘောသည် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအတွက် ကမ္ဘောဒီးယားနိုင်ငံဆိပ်ကမ်းသို့ ရောက်ရှိမည်ဆိုခြင်း

Posted by drmyochit Monday, July 30, 2012, under | No comments


Xinhuanet.com;July-26(Thu)
          အမေရိကန် ရေတပ်မှ ဆေးရုံသင်္ဘော USNS Mercy (T-AH19) သည် ကမ္ဘောဒီးယား နိုင်ငံတစ်ဝန်းလုံး ရှိအဖွဲ့အစည်း များအား ဆေးဘက် ဆိုင်ရာကုသမှု၊ သွားဘက် ဆိုင်ရာကုသမှု၊ တိရစ္ဆာန် ဆေးကုသမှု နှင့် အင်ဂျင်နီယာ ဆိုင်ရာ အကူအညီများ အခမဲ့ ထောက်ပံ့ ကူညီရန် အတွက် ယခု သီတင်းပတ် အကုန် ဇူလိုင်လ ၂၉ ရက်နေ့တွင် ကမ္ဘောဒီးယား နိုင်ငံ Sihanoukville Autonomous ဆိပ်ကမ်း၌ ကျောက်ချ ရပ်နားရန် စီစဉ်ထားကြောင်း အမေရိကန် သံရုံးမှ ဇူလိုင်လ ၂၆ ရက်နေ့က ထုတ်ပြန်သော သတင်းတစ်ရပ် အရ သိရှိရ ပါသည်။ အဆိုပါ သင်္ဘောခရီး စဉ်သည် ပစိဖိတ် မိတ်ဖက် အစီအစဉ် -၂ဝ၁၂ (Pacific Partnership Program-2012) အောက်ရှိ အစီအစဉ် တစ်ရပ်ဖြစ်လာ မည်ဖြစ်ပါသည်။ သင်္ဘောပေါ်တွင် နိုင်ငံပေါင်းစုံမှ စစ်ဘက် အမှုထမ်းများနှင့် အရပ်သား ၁,၂ဝဝ ကျော်ပါဝင်ကြောင်း အမေရိကန် သံရုံးမှ ထုတ်ပြန်သော သတင်းတွင် ဖော်ပြထားပါသည်။
          ပစိဖိတ် မိတ်ဖက် အစီအစဉ်သည် အာရှ-ပစိဖိတ် ဒေသတွင် အမေရိကန်-ပစိဖိတ် ရေယာဉ်စု၏ နှစ်စဉ် ပြုလုပ်သော အကြီးဆုံး လူသားချင်း စာနာ ထောက်ထားမှု အကူအညီ ပေးရေး မစ်ရှင် ဖြစ်ပါသည်။ ၄င်းအစီ အစဉ်တွင် အိမ်ရှင် နိုင်ငံနှင့် မိတ်ဖက် နိုင်ငံများ အကြား ပူးပေါင်း ဆောင်ရွက်မှုများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ (NGOs) နှင့် အခြားသော နိုင်ငံတကာ အဖွဲ့အစည်း များပါဝင် ကြပါသည်။ အဆိုပါ ဆေးရုံ သင်္ဘောသည် သြဂုတ်လ ၁၁ ရက်နေ့အထိ ကမ္ဘောဒီးယား နိုင်ငံဆိပ်ကမ်းတွင် ကျောက်ချရပ်နား သွားမည် ဖြစ်ပါသည်။
          ဆေးရုံ သင်္ဘောကျောက်ချ ရပ်နားစဉ် အတွင်း သင်္ဘော ဝန်ထမ်းများသည် ဆေးဘက် ဆိုင်ရာ အခမဲ့ကုသ စောင့်ရှောက် မှုများအပြင် အမေရိကန်-ပစိဖိတ် ရေယာဉ်စု ခေတ်ပေါ် တေးဂီတ အဖွဲ့သည် ၂ ရက်ကြာ ဖျော်ဖြေမှု များပြုလုပ် ပေးသွားမည် ဖြစ်ပါသည်။ ကမ္ဘောဒီးယား နိုင်ငံသည် ၂ဝ၁ဝ ပြည့်နှစ် ပစိဖိတ် မိတ်ဖက် အစီအစဉ်တွင် လူပေါင်း ၁၄,ဝဝဝ ကျော်အား လက်ခံ၍ အခမဲ့ ဆေးကုသမှု များအား အိမ်ရှင်အဖြစ် လက်ခံဆောင်ရွက် ပေးခဲ့သော ပထမဆုံး နိုင်ငံဖြစ်ပါသည်။


၂ဝ၁၃ ခုနှစ်တွင် ပိုလန်၌ အမေရိကန်တပ်များ စတင်တပ်စွဲထားရန်ရှိခြင်း

Posted by drmyochit Monday, July 30, 2012, under | No comments

Press TV.com;July-26(Thu)
          အမေရိကန် နိုင်ငံသည် ပိုလန်နိုင်ငံအား တိုက်လေယာဉ် နှင့်ပို့ဆောင်ရေး လေယာဉ်များ ထောက်ပံ့ရန် ပထမဆုံး အကြိမ်အဖြစ် အမေရိကန်တပ်ဖွဲ့တစ်ဖွဲ့အား စေလွှတ်ရန် ရှိကြောင်း သိရှိရပါသည်။ ၂ဝ၁ဝ ပြည့်နှစ် တွင်  F-၁၆ နှင့် C-၁၃ဝ လေယာဉ်များအား ၃ လတစ်ကြိမ် အလှည့်ကျ တပ်ဖြန့်ရန် ပိုလန်နိုင်ငံ၏ သဘော တူညီမှုအရ ၂ဝ၁၃ခုနှစ အစောပိုင်းတွင် အမေရိကန် ၏ပထမဆုံး လေတပ်ဆွယ်သည် ပိုလန်မြေပေါ်၌ တပ်စွဲထား ရှိမည်ဖြစ်ကြောင်း ပင်တဂွန်၏ ပြောရေးဆိုခွင့်ရ ဂျော့လစ်တယ်က ပြောကြားခဲ့ပါသည်။
          ပိုလန်သို့ အမေရိကန် လေတပ် တပ်ဆွယ် တစ်ခုရောက်ရှိ ခြင်းသည် နှစ်နိုင်ငံ ဆက်ဆံရေး၏ ခြေလှမ်း တစ်ခုဖြစ်လာ မည်ဖြစ်ပြီး နှစ်နိုင်ငံစစ်ရေး ဆက်ဆံမှုကို ပိုမိုအားကောင်း စေမည်ဖြစ်ကြောင်း ဂျော့လစ်တယ်က ထပ်လောင်း ပြောကြားခဲ့ပါသည် Fင်္-၁၆ တိုက်လေယာဉ် များအား အီတလီ မှပိုလန်သို့ ရွှေ့ပြောင်းခြင်းဖြင့် အမေရိကန် နှင့်နေတိုး အဖွဲ့၏ အကျိုးစီးပွားအား အကောင်းဆုံး ထိန်းသိမ်း နိုင်မည်ဟု အမေရိကန် စစ်ဘက်က အစောပိုင်းတွင် ပြောကြားခဲ့ပါသည်။ ၂ဝ၁၈ ခုနှစ်တွင် နေတိုး ဒုံးပျံကာကွယ်ရေး စနစ်တစ်ခုအား လက်ခံ ထားရှိရန် ပိုလန်က မျှော်လင့်ထားပါသည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်