Wednesday, August 01, 2012

ဂျာနယ် ၂ စောင် ထုတ်ဝေခွင့် ပိတ်ပင်

Posted by drmyochit Wednesday, August 01, 2012, under | No comments

ရန်ကုန်မြို့မှာ အပတ်စဉ် ထုတ်ဝေနေတဲ့ The Voice ဂျာနယ်နဲ့ အင်ဗွိုင်းဂျာနယ်တွေကို အစိုးရ စာပေစိစစ်ရေး ဌာနက စည်းမျဉ်း စည်းကမ်းတွေ မလိုက်နာဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီကနေ့ ဇူလိုင်လ (၃၁) ရက်နေ့ကစလို့ အကန့်အသတ်မရှိ ထုတ်ဝေခွင့် ပိတ်ပင်လိုက်ပါတယ်။

photo: The Voice Weekly Journal

တက္ကသိုလ်ပညာရေး ဥပဒေ မူကြမ်း ပြန်လည် ရေးဆွဲရန် အတည်ပြု

Posted by drmyochit Wednesday, August 01, 2012, under | No comments

မြန်မာနိုင်ငံရဲ့ အဆင့်မြင့် ပညာရေးစနစ်ကို နိုင်ငံတကာနဲ့ အညီ ပြဋ္ဌာန်းနိုင်ရေးအတွက် ပြည်သူ့လွှတ်တော်ကို ပညာရေးမြှင့်တင်မှု ကော်မတီက လက်ရှိတင်ပြထားတဲ့ ၂၀၁၂ တက္ကသိုလ် ပညာရေး ဥပဒေမူကြမ်းကို အသစ်ပြန်လည် ရေးဆွဲပြီး လွှတ်တော်မှာ ထပ်မံဆွေးနွေးတင်ပြဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုလိုက်ပါတယ်။
၂၀၁၂ ခုနှစ် ဇူလိုင်လ ၃၁ ရက်က ကျင်းပသော လွှတ်တော် အစည်းအဝေး၌ တက္ကသိုလ် ပညာရေး ဥပဒေ မူကြမ်းအသစ် ပြန်လည် ရေးဆွဲရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးနေစဉ်။
အဲဒီ တက္ကသိုလ် ပညာရေး ဥပဒေမူကြမ်း နဲ့ ပတ်သက်ပြီး ဒီကနေ့ လွှတ်တော် အစည်းအဝေးမှာ ပါဝင်ဆွေးနွေးကြစဉ် ဒေါ်အောင်ဆန်းစုကြည်က ခုလိုပြောကြားတာ ဖြစ်ပါတယ်။
ဒီတက္ကသိုလ် ပညာရေး ဥပဒေကြမ်းဟာ လွန်ခဲ့သော နှစ်ပေါင်း ငါးဆယ်ခန့်က ပြဋ္ဌာန်းထားတဲ့ ဥပဒေကို ပြင်ဆင်မွန်းမံထားခြင်း ဖြစ်တယ်ဆိုကာ တခြားလွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ်ကြတဲ့ ဦးသိန်းညွန့်၊ သူရဦးအောင်ကိုနဲ့ ဒေါ်တင်နွယ်ဦးတို့ကလည်း ၀ိုင်းဝန်း ကန့်ကွက် ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီလို လွှတ်တော် ကိုယ်စားလှယ်တွေက ၀ိုင်းဝန်း ဆွေးနွေးခဲ့ ကြပြီးနောက်မှာ ဒီအဆိုကို အသစ်ပြန်လည်ရေးဆွဲပြီး လွှတ်တော်မှာ ထပ်မံတင်ပြ ဆွေးနွေးဖို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက အတည်ပြုခဲ့ကြောင်း သိရပါတယ်။




အစိုးရ အဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုများ သမ္မတထံ တင်ပြရမည်

Posted by drmyochit Wednesday, August 01, 2012, under | No comments

ရန်ကုန် (မဇ္ဈိမ) ။       ။ ပြည်ထောင်စု ဝန်ကြီးများ အပါအဝင်၊ သမ္မတက ခန့်အပ်ထားသော ပုဂ္ဂိုလ် ၇ မျိုး၏ ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်အတူ စာရင်းပြုစု၍ ဗုဒ္ဓဟူးနေ့တွင် သမ္မတထံ ပေးပို့ကြရန် နိုင်ငံတော်သမ္မတရုံးက ဇူလိုင်လ ၂၆ ရက်နေ့တွင် ညွှန်ကြားချက်တရပ် ထုတ်ပြန်လိုက်သည်ဟု သမ္မတရုံး အကြီးတန်း အရာရှိတဦးက မဇ္ဈိမကို ပြော သည်။

“ဟုတ်ပါတယ်။ ပြည်ထောင်စု အစိုးရအဖွဲ့ဥပဒေ ၁၀၁ အရ စာရင်းပြုစုပြီး ပေးပို့ပေးဖို့ ညွှန်ကြားတာပါ” ဟု အဆိုပါ အရာရှိက ပြောသည်။

၂ဝ၁ဝ ခုနှစ်၊ အောက်တိုဘာလအတွင်းက ပြဋ္ဌာန်းခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၁၀၁ တွင် “လွှတ်တော်၏ အတည်ပြုချက်ဖြင့် နိုင်ငံတော် သမ္မတက ခန့်အပ်သော ပုဂ္ဂိုလ်များသည် တစီးပွားတည်းဖြစ်သော စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော် သမ္မတထံ ပေးပို့ရမည်” ဟု ဖေါ်ပြပါရှိသည်။

သမ္မတက ခန့်အပ်သော ပုဂ္ဂိုလ်များမှာ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စု လွှတ်တော်ချုပ် တရားသူကြီး များ၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စု
ရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေချုပ်များ တရားသူကြီးချုပ်များ တရားသူကြီးများ စသည့် ပုဂ္ဂိုလ် ၇ မျိုး ပါဝင်သည်။

အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုစာရင်းကို မှတ်တမ်းတင်ထားရန် ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းမြင့်က ဇူလိုင်လ ၂၄ ရက်နေ့တွင် လွှတ်တော်သို့ တင်သွင်းခဲ့သေးသည်။

KIO မသင်္ကာမှုဖြင့် အစိုးရစစ်သားများ ဖမ်းဆီးစစ်ဆေးခံခဲ့ရသော ယိခူးရွာသားအလောင်း တွေ့ရှိ

Posted by drmyochit Wednesday, August 01, 2012, under | No comments


မန်မာအစိုးရစစ်တပ်မှ ပြန်လွတ်ပေးလိုက်ကြောင်း ပြောဆိုခဲ့သည့် ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်း (ကြူကုတ်)မြို့နယ် ယိခူးကျေးရွာမှ ကချင်လွပ်မြောက်ရေးအဖွဲ့ KIO နှင့် မသင်္ကာသူဖြင့် ဖမ်းဆီးစစ်ဆေးခံခဲ့ရသော ဦးဂလောင်းဘောမ်ယော် (Galau Bawm Yaw) သည် ရက်အတော်ကြာပျောက်ဆုံးနေရာမှ ဇူလိုင်လ ၂၂ ရက်နေ့တွင် ၄င်း၏အလောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။

အစိုးရစစ်တပ်များသည် ဦးဂလောင်းဘောမ်ယော် (Galau Bawm Yaw) အား ဖမ်းဆီးခေါ်ဆောင်သွားစဉ် ရိုက်နှက်နှိပ်စက်မှု အမျိုးမျိုးပြုလုပ်ခဲ့ခြင်းကြောင့် သေဆုံးခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ယိခူးဒေသခံတစ်ဦးပြောသည်။

“မြုပ်ထားတဲ့နေရာက အရင်က စစ်တပ်ဟောင်း နောက်ဘက်က ကဒုတ်ကျင်းအရှည်ကြီး လုပ်ထားတယ်။ အဲဒီမှာပဲ.. နည်းနည်းပြန်တူးပြီး မြုပ်ထားတာ။ သူတို့ထမ်းလာတဲ့ ၀ါးတုတ်လည်း အဲဒီမှာ ဖြတ်ထည့်ထားတယ်။ ပေါက်ပြားလည်းထားထားတယ်။ ပလပ်စတိတ်နဲ့ပဲ လိပ်ပြီးမြုပ်ထားတယ်။ ခေါင်းပိုင်းတော့ အကုန်ပျက်နေပြီ။ ကိုယ်ပိုင်းတော့ ဖောင်းနေတယ်။ ညာဘက်ပေါင်မှာလည်း ရိုက်ချိုးထားတဲ့ အရာထင်နေတယ်။ ခြေတစ်လုံးတွေမှာလည်း ရိုက်ထားတဲ့ အရာတွေထင်နေတယ်။ ကိုယ်ပေါ်တွေမှာလည်း အရာတွေ အရမ်းထင်နေတယ်။ သွေးဥတွေ မဲတူးနေတာပဲ။ ပါစပ်လည်းအရမ်းဟနေတယ်။ တချို့က အရမ်းအော်ပြီး သေသွားတာလားလို့ ယူဆတာလေနော်။ ဆရာဝန်ခွဲစိတ်ပြီးပြောတာက ဦးနှောက်မှာ သွေးကြောတစ်ကြော ပေါက်တယ်တဲ့” ဟု ပြောသည်။

ဇူလိုင် ၁ ရက်နေ့တွင် အစိုးရစစ်တပ်များနှင့် ကချင်လွပ်မြောက်ရေးအဖွဲ့ KIO တိုက်ပွဲဖြစ်ပွားခဲ့စဉ် အနီးရှိ တောင်ယာလုပ်ကိုင်နေသူ ယိခူးကျေးရွာသား ၂၆ ဦးကို KIO နှင့်ပတ်သက်ဆက်သွယ်သူများအဖြစ် စစ်ဆေးမေးမြန်းရန် ပန်ဆိုင်းရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ရွာလူကြီး၏ အာမခံချက်ကြောင့် ၂၃ ဦးကို အရင်လွတ်ပေးခဲ့သည်။

Tuesday, July 31, 2012

ဒေါ်အောင်ဆန်းစုကြည် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ အမတ်များနှင့်တွေ့ဆုံ

Posted by drmyochit Tuesday, July 31, 2012, under | No comments


ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံ နှုတ်ဆက်ကာ မှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့


ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဟာ လောလောဆယ်တွင်   ဒေါက်တာနေ၀င်းမောင် တည်ထောင်ခဲ့သော မြန်မာ အီးဂရက် အဖွဲ့ အကူအညီဖြင့်  ပါတီဝင်များကိုသင်တန်းများေ ပးနေကြောင်းသိရသည်။
http://myanmartharkaung.blogspot.com/2012/07/blog-post_3414.html

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေး ၀န်ကြီးဌာန ရခိုင်ပြည်နယ်အရေးနှင့် စပ်လျဉ်း၍ သတင်း ထုတ်ပြန်ချက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေး ၀န်ကြီးဌာန ရခိုင်ပြည်နယ်အရေးနှင့် စပ်လျဉ်း၍ သတင်း ထုတ်ပြန်ချက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေး ၀န်ကြီးဌာန ရခိုင်ပြည် နယ်အရေးနှင့် စပ်လျဉ်း၍ သတင်း ထုတ်ပြန်ချက်

Posted by drmyochit Tuesday, July 31, 2012, under | No comments

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်လျက်ရှိရာ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိသည်။
 


နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံအ၀န်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိသည့်အချိန်တွင် အေးချမ်းမှုနှင့် လုံခြုံရေးကို ထိပါးစေမည့် အဖြစ်အပျက်နှစ်ရပ် ရခိုင် ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည်။ ယင်းအဖြစ်အပျက်များမှာ မေလ ၂၈ ရက်တွင် ရမ်းဗြဲမြို့နယ်၌ အမျိုးသမီးငယ်တစ်ဦးအား လူငယ်သုံးဦးက လုယက်၊ အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့ခြင်းနှင့်ဆက်စပ်၍ ဇွန်လ ၃ ရက်တွင် တောင်ကုတ်မြို့နယ်အတွင်း ခရီးသည်တင်ဘတ်စ်ကားပေါ်မှ ခရီးသည် ၁၀ ဦးအား သတ်ဖြတ်ခဲ့မှုတို့ပင် ဖြစ်ပါသည်။

ဤဖြစ်ရပ်နှစ်ခုတွင် ပထမအမှု၌ သေဆုံးခဲ့ရသည်မှာ ဗုဒ္ဓဘာသာဝင် ရခိုင်အမျိုးသမီးတစ်ဦးဖြစ်ပြီး ဒုတိယအမှုတွင် သေဆုံးသူများမှာ မွတ်ဆလင်အမျိုးသားများ ဖြစ်ကြသည်။ ဤအဖြစ်အပျက်နှစ်ရပ် ဖြစ်ပွားပြီးနောက် စစ်တွေ၊ မောင်တောနှင့် ဘူးသီးတောင်မြို့များတွင် ဆူပူအကြမ်းဖက်မှုများ ဖြစ် ပွားခဲ့ပြီး အကြမ်းဖက်သူများက နေအိမ်များ၊ ဈေးဆိုင်များနှင့် တည်းခိုခန်းများကို မီးရှို့ဖျက်ဆီးခြင်း၊ သတ်ဖြတ်ခြင်းတို့ကို ကျူးလွန်ခဲ့ကြသည်။ အဆိုပါ အကြမ်းဖက်မှုများကြောင့် နှစ်ဘက်စလုံး မှ ၇၇ ဦး သေဆုံးပြီး ၁၀၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ စုစုပေါင်း လူနေအိမ် ၄၈၂၂ လုံး၊ ဗလီ ၁၇ လုံး၊ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း ၁၅ လုံးနှင့် စာသင်ကျောင်း ၃ ကျောင်း မီးလောင်ပျက်စီးခဲ့သည်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် သမ္မတကြီး ဦးသိန်းစိန် နှင့် Channel News Asia ရုပ်သံ သတင်းဌာနတို့ တွေ့ဆုံမေးမြန်းမှု

Posted by drmyochit Tuesday, July 31, 2012, under | No comments

နိုင်ငံတော်သမ္မတဦးသိန်းစိန် - ခင်ဗျားတို့ CNA အနေနဲ့ကတော့ နာမည်ကြီးတဲ့သတင်းဌာနတစ်ခုလဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလဲ CNAသတင်းဌာနကို လူကြည့်တော်တော်လဲများပါတယ်။ များသောအားဖြင့်ကြည့်ကြတာများပါတယ်။ ဒီလိုအင်တာဗျူးလာရောက်လုပ်တဲ့အတွက် ဘာပဲဖြစ်ဖြစ် ကျွန်တော်အနေနဲ့ ကြိုဆိုပါတယ်။ ကျေးဇူးလဲတင်ပါတယ်။

CNA - ကျွန်မတို့အနေနဲ့ အခုလိုနိုင်ငံတော် သမ္မတကြီးနဲ့ တွေ့ဆုံမေးမြန်းခွင့် ရတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ကျွန်မတို့ CNA သတင်းဌာနအနေနဲ့ မြန်မာနိုင်ငံကသတင်းများကို ရယူထုတ်လွှင့်လျက်ရှိပါတယ်။ ဒီနှစ်အတွင်းမှာ CNA တင်းဌာနအနေနဲ့ ကျွန်မအပါအ၀င် စင်ကာပူတို့၊ ဘန်ကောက်အခြေစိုက်တို့က သတင်းသမားတွေက မြန်မာနိုင်ငံသို့သွားရောက်ပြီးတော့ သတင်းရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်မတို့အနေနဲ့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်း လဲရေးလုပ် ငန်းစဉ် အထူးသဖြင့် နိုင်ငံတော် သမ္မတကြီးတို့လို ပြည်သူတွေနဲ့ တိုက်ရိုက်ထိတွေ့ပြီး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်တွေကို တိုက်ရိုက်ထိတွေ့ပြီး သတင်းရယူထုတ်လွှင့်နိုင်တဲ့အတွက်ကြောင့်မိုလို့ ကျွန်မတို့များစွာဝမ်းမြောက်ဂုဏ်ယူမိပါတယ်။

ပြည်ပမီဒီယာများနှင့်INGO များ လက်ဝါးချင်းရိုက်ပြီး ရခိုင်ပဋိပက္ခကိုပွဲဆူအောင်ပြုလုပ်ခဲ့

Posted by drmyochit Tuesday, July 31, 2012, under | No comments

    အခုတလော ရခိုင်ပြည်နယ်ဖြစ်စဉ်နဲ့ပတ်သက်လို့ ပွက်လောရိုက်အောင် ပွဲဆူခဲ့ကြတယ်။  ပါကစ္စတန် အခြေစိုက်တာလီဘန်အကြမ်းဖက်အဖွဲ့  Tehreek-e-Taliban Pakistan(TTP)က မြန်မာနိုင်ငံကို အကြမ်းဖက် တိုက်သွားမယ်လို့ AFP သတင်းဌာနကတစ်ဆင့်ကြေညာခဲ့တယ်။ မြန်မာနိုင်ငံမှာ ကျွန်တော်တို့လက်လှမ်း မီသလောက် ဒီလိုခြိမ်းခြောက်မှုမျိုးမရှိခဲ့ဖူးဘူး။ ဒါ့ကြောင့် ကျွန်တော်လည်း ဘာကိုအခြေခံပြီး ဘယ်သူတွေ ဘေးတီးပေးလို့ဒီလိုခြိမ်းခြောက်မှုဖြစ်လာလဲလို့စိတ်ဝင်စားမိပါတယ်။ ရခိုင်ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဂျာနယ်တွေမှာ၊ Facebook တွေမှာတော်တော် များများရေး ထားကြတယ်။ ပြည်တွင်းမှာတော့ အခြေအနေမှန်၊ ဖြစ်စဉ်ဖြစ်ရပ် အမှန်များကို သိရှိနားလည် ပြီးဖြစ်မယ်လို့ယူဆပါတယ်။ သမ္မတကြီး ကိုယ်တိုင်လည်း ဖြစ်စဉ်ဖြစ်ရပ်အပေါ် အချိန်မီ ကိုင်တွယ်ခဲ့တယ်လို့ ပြည်တွင်းပြည်ပကအဖွဲ့အစည်းတွေ၊ လူပုဂ်္ဂိုလ်တွေကိုယ်တိုင်က အားပေးထောက်ခံခဲ့ကြ ပါတယ်။ ရခိုင်နဲ့ဆက်စပ်ဖြစ်စဉ်များကို အစိုးရပိုင်း အနေနဲ့လည်း ကိုင်တွယ်ဆောင်ရွက်ရာမှာ တရားဥပဒေအတိုင်း ဖြစ်စေရန် လူသိရှင်ကြား သတင်းထုတ်ပြန်ပြီး အမြန်ဆုံး ကိုင်တွယ်ဆောင်ရွက်ခဲ့တာကိုတွေ့နိုင်ပါတယ်။
       အထက်မှာပြောခဲ့တဲ့ ပါကစ္စတန်အခြေစိုက် အကြမ်းဖက် TTP အဖွဲ့က မြန်မာနိုင်ငံရဲ့အထင်ကရလည်းဖြစ်၊ ဗုဒ္ဓဘာသာဝင်များရဲ့ အထွတ်အမြတ်ထားရာ လည်းဖြစ်တဲ့   ရွှေတိဂုံစေတီတော်၊   နိုင်ငံတော်သမ္မတ အိမ်တော်နဲ့                 လွှတ်တော် အဆောက်အဦများ အပါအ၀င် အထင်ကရ အဆောက်အဦများ ကိုပစ်မှတ် ထားမယ်လို့ဆိုပါတယ်။ တစ်ဆက် တည်းမှာပဲ ဘာကြောင့် ဒီပစ်မှတ်တွေကို ရွေးချယ်ရလဲလို့သုံးသပ်ကြည့်တော့ ပြည်ပမီဒီယာတွေမှာ မဟုတ်မမှန် သတင်းခြေမြစ်မခိုင်မာဘဲပြောပြထားခဲ့ မှုများကိုသွားတွေ့ရတယ်။ ရခိုင်ကိစ္စကို ဘာသာရေးအရနှိပ်ကွပ်မှု၊ လူနည်းစု ဘင်္ဂါလီအစ္စလာမ်ဘာသာဝင်တွေကို လူများစု ဖြစ်တဲ့ဗုဒ္ဓသာသာဝင်ရဟန်း တော်များ၊ ရခိုင်ပြည်သူများက လူမျိုးတုံး အနိုင်ကျင့်မှုအဖြစ် မမှန်မကန် ချဲ့ကားရေးသားမှုတွေရယ်၊ အဲ့ဒီအပြင် သမ္မတ    ကြီးက UNHCR မဟာမင်းကြီး Mr.Antonio Guterres ကို ၁၁-၇-၂၀၁၂ ရက်နေ့က လက်ခံတွေ့ဆုံစဉ်ပြောခဲ့တာတွေကို လိုသလိုဆွဲရေး ဆွဲတွေးတဲ့မီဒီယာများ၊ အထူးသဖြင့် ပြည်ပ အခြေစိုက်အသံလွှင့်ဌာနများနဲ့ မီဒီယာများရဲ့ရေးသားတင်ပြမှုများ ကြောင့်လို့ ယူဆရပါတယ်။ 

အမျိုးသား ခေါင်းဆောင်ကြီး နှစ်ဦး

Posted by drmyochit Tuesday, July 31, 2012, under | No comments





ပြည်ပ စွက်ဖက်မှုများကြောင့် အခက်ကြုံဟု မြန်မာမွတ်စလင်များအဖွဲ့ ထုတ်ပြန်

Posted by drmyochit Tuesday, July 31, 2012, under | No comments


ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ပြဿနာများ အတွင်း ဝင်ရောက် စွက်ဖက်မှုများ ရှိလာသည့်အခါ မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော အစ္စလာမ် ဘာသာဝင်များ အတွက် ပိုမို ခက်ခဲသော အခြေအနေများကိုသာ ဖြစ်ပေါ်စေကြောင်း မြန်မာ မွတ်စလင်များအဖွဲ့က ဇူလိုင်လ ၃၀ ရက်နေ့ ရက်စွဲဖြင့် သတင်း ထုတ်ပြန်သည်။


အီရန်နိုင်ငံ အနေနှင့် မြန်မာနိုင်ငံ ကိစ္စအပေါ် ကုလသမဂ္ဂတပ်များ စေလွှတ်ရန် တိုက်တွန်းမည့်အစား အခြေအနေ ပိုမိုဆိုးရွားနေသော ဆီးရီးယားကိစ္စကို အာရုံစိုက်သင့်ပါကြောင်း၊ ထိုနည်းတူ ဟစ်ဘိုလာ အဖွဲ့သည်လည်း အီရန်နိုင်ငံ၏ နောက်မှ သံယောင် မလိုက်သင့်ကြောင်း၊ ပါကစ္စတန် နိုင်ငံ အနေနှင့်လည်း မြန်မာနိုင်ငံအပေါ် ရန်လိုသော သဘောထားများ မထားသင့်ကြောင်း၊ တာလီဘန် အဖွဲ့ အနေနှင့်လည်း မြန်မာနိုင်ငံသူ နိုင်ငံသားများ၊ မြန်မာနိုင်ငံ၏ အကျိုးစီးပွားများ၊ သံတမန်များ၊ အစိုးရအဖွဲ့ဝင်များကို ခြိမ်းခြောက်မှု လုပ်ခွင့်မရှိကြောင်း ယင်းအဖွဲ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်ရန်မှာ မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်များ၏ တာဝန်လည်း ဖြစ်ကြောင်း၊ သို့ဖြစ်၍ မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက်လာပါက အသက်ပေး ကာကွယ် တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဘင်္ဂါလီအရေးကို မီဒီယာတွေနဲ့ ဘယ်လိုတုံ့ပြန်ကြမလဲ

Posted by drmyochit Tuesday, July 31, 2012, under | No comments


အခုစာရေးသူ ပြောချင်တဲ့ အကြောင်းကတော့ မြန်မာတိုင်းရင်းသား ရခိုင်လူမျိုးတွေနဲ့ ကျူးကျော်သူ ဘင်္ဂါလီတွေနဲ့ ဖြစ်ခဲ့တဲ့၊ ဖြစ်နေဆဲဖြစ်တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ပြည်တွင်း၊ ပြည်ပ၊ အင်တာနက် မီဒီယာတွေရဲ့ အာဘော်နဲ့ ရပ်တည်ချက်တွေပါ။ စာရေးသူက နိုင်ငံရေးသမား တစ်ယောက် မဟုတ်ပါဘူး။ အစိုးရ ဘက်တော်သား မဟုတ်သလို အတိုက်အခံလည်း မဟုတ်ပါဘူး။ မြန်မာနိုင်ငံသား တစ်ယောက်အမြင်နဲ့ ရင်ဖွင့် လိုက်တာပါ။  ဒီအရေးအခင်းဟာ အစတုန်း ကတော့ သာမန်အရေးအခင်း တစ်ခုလို့ ထင်ရပေမယ့် နောက်ပိုင်း မှာတော့ ဘာသာရေး စစ်ပွဲအသွင် ဖြစ်အောင် သေချာစနစ်တကျ စီစဉ်ထားတယ်လို့ထင်လာရတယ်။

အခုဆိုရင် ရခိုင်မှာ မွတ်ဆလင်တွေ  ၂၀၀၀၀ လောက် အသတ်ခံရတယ်လို့ သတင်းအမှားတွေ ထုတ်ပြီး လူမျိုးတုံးသတ်ဖြတ် နေတယ်လို့ ကုလသမ္မဂ္ဂစောင့်ကြည့်အဖွဲ့တွေ စေလွတ်သင့်တယ်လို့ ပြည်ပမီဒီယာတွေက ဆိုလာတယ်။ ပါကစ္စတန်၊ အီရန် နဲ့ တစ်ခြား မွတ်ဆလင် နိုင်ငံတွေကလည်း မြန်မာပြည်အပေါ် ဖိအားပေးမှုတွေ ၊ ခြိမ်းခြောက်မှုတွေ ပြုလုပ်လာတယ်လို့ ဖတ်ရကြား ရပြန်တော့ မြန်မာပြည် အတွက် ရတက်မအေး ဖြစ်မိပြန်တယ်။ ဒါတွေကို ပြည်ပမီဒီယာ တွေဖြစ်တဲ့ ဧရာဝတီဘလော့၊ မဇ္ဈိမ၊ သစ်ထူးလွင်၊ DVB၊ BBC၊ VOA တို့ရဲ့ အင်တာနက်သတင်း Website တောက်လျောက် ဖော်ပြနေတာတွေ့ရတယ်။ စဉ်းစားစရာ အချက် တစ်ချက်ပါ။ တစ်ကယ်တော့  ဒီကိစ္စမှာ NGO၊ UNHCR တို့ အဓိက တရားခံ ဆိုတာ စာဖတ်သူတို့အသိပါ ။ ခုဆိုရင် အဲဒီအဖွဲ့ အစည်းတွေကို ရခိုင်ပြည်သူ ပြည်သားတွေက အ၀င်လည်း မခံ တော့ဘူး။ NGO အဖွဲ့ကလည်း ရခိုင်ပြည် အရေးတွက်ဆိုပြီး နိုင်ငံတကာမှာ ထောက်ပံ့ကြေး တောင်းပြီး အဓိက ထောက်ပံ့ ပေးတာကတော့ ဘင်္ဂါလီတွေကိုပဲ ဖြစ်ပါတယ်။
            မြန်မာ ပြည်သူပြည်သား အပေါင်းကလည်း ဘာသာရေး စစ်ပွဲမဖြစ်စေရန် အမျိုးမျိုး ကြိုးစားပြီး ဆောင်ရွက် နေကြတယ်။  တစ်ချို့ဆိုရင် ပြည်ပမီဒီယာ တွေဆီ အဖြစ်မှန်တွေကို စာရေးပြီးပို့ကြတယ်လို့ ဖတ်ခဲ့ရပါတယ်။ အရေး ကြီးတော့ သွေးနီး ဆိုတာမျိုးလိုပေါ့။ ဒါပေမဲ့လည်း ဒီကိစ္စကို မြန်မာတိုင်း၊ ကုမုဒြာ၊ Popular ၊ Weekly Eleven ၊ The Voice ၊ Hot News ၊  7 Days  ၊ ပြည်မြန်မာဆိုတဲ့ နိုင်ငံရဲ့အဓိက ဂျာနယ်ကြီးတွေနဲ့ မျက်စိပိတ်နားပိတ်ပြီး မသိချင်ယောင်ဆောင်ပြီး တုန့်ပြန်မှုမရှိတာ၊ ရေးသားမှုမရှိတာ ဒီနေ့ထိမတွေ့ရတော့ စာရေးသူ အံ့သြမိတယ်။ ရင်လည်းနာမိပါရဲ့။ တကယ်ဆိုရင် ပြည်ပမီဒီယာ တွေဆီအဖြစ်မှန်ကို တစ်နည်းနည်းနဲ့ သိအောင် လုပ်ပေးသင့်တယ်။ ပြည်သူတွေကို မျက်စိဖွင့်ပေး နားဖွင့်ပေး ရမယ်ဆိုတဲ့ ကိုယ့်ကိုကိုယ် စတုတ္ထမဏ္ဍိုင်လို့ သွေးနားထင်ရောက်နေတဲ့ ဂျာနယ်တွေဟာ စစ်အစိုးရကို ပုတ်ခတ်ပြီးရေးမှ အကျိုးအမြတ်ရလို့ ဒီကိစ္စကို မသိချင် ယောင်ဆောင် နေတာလား။ ဒါမှမဟုတ် ဘင်္ဂါလီတွေကို ကြောက်နေလို့လား။ ဒါမှမဟုတ် ဘင်္ဂါလီတွေကို မြန်မာပြည်မှာ နေထိုင်နိုင်အောင် ထောက်ပံ့ပေး နေတဲ့ အဖွဲ့အစည်းတွေက သတင်းအမှန် မထည့်အောင် ပိုက်ဆံပေးပြီး နှုတ်ပိတ်ထားလို့လားဆိုတာ စာဖတ်သူတို့ တွေးစေ ချင်ပါတယ်။ ဒီဂျာနယ်တွေအနေနဲ့ Media ကတဆင့်  ရခိုင်ပြည်နယ်က ဒေသတွင်း ပဋိပက္ခတွေ ဖြစ်စဉ်အမှန်တွေကို အမျိုးသားရေး အမြင်နဲ့ ခွန့်တုန့်ပြန် သင့်တယ်လို့ ထင်ပါတယ်။
            ဒီပဋိပက္ခနဲ့ ပတ်သက်ပြီး ထိခိုက်ဆုံးရှုံးမှုတွေကို နိုင်ငံပိုင် သတင်းစာ တွေဖြစ်တဲ့ ကြေးမုံ၊ မြန်မာ့အလင်း၊ မြ၀တီ သတင်းစာတို့မှာ ပျက်စီးမှုတွေကို တရားဝင် တိတိကျကျ ဖော်ပြခဲ့ဖူးပါတယ်။အကြုံပြုချက်ကို ဘေးဖယ်ထားလဲ စာရေးသူ နောက်ဆုံး ပြောချင် တာကတော့ အကျိုးအမြတ် တစ်ခုပဲ ကြည့်တတ်တဲ့ ပြည်တွင်း၊ ပြည်ပမီဒီယာတွေကို အားမကိုးတော့ပဲ တစ်ဦးချင်း တစ်ယောက် ချင်းစီကပဲ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်အပြည့်နဲ့ အဖြစ်မှန်ကို နိုင်ငံတကာက သိရှိသွားစေဖို့ ကြိုးပမ်း သွားကြမယ်။
မြေမျို၍ လူမျိုးမပြုတ်၊ လူမျိုမှ လူမျိုးပြုတ်မည်


ထိုင်းနိုင်ငံရောက် မြန်မာမ်ား သမ္မတဦးသိန်းစိန်ထံ အိပ်ဖြင့်ပေးစာ

Posted by drmyochit Tuesday, July 31, 2012, under | No comments

Myanmar






ဆီးရီးယားအစိုးရသည် ဆော်ဒီအာရေဗျ၊ ကာတာနှင့် တူရကီနိုင်ငံ တို့အား ပြစ်တင်ရှုတ်ချခဲ့ခြင်း

Posted by drmyochit Tuesday, July 31, 2012, under | No comments

Yahoo!New.com;July-29(Sun)
ဆော်ဒီအာရေဗျ၊ ကာတာနှင့် တူရကီနိုင်ငံ တို့သည် ဆီးရီးယား နိုင်ငံအား ပျက်စီးစေရန် ကြိုးပမ်းလျက် ရှိကြောင်း ဆီးရီးယား အစိုးရက စွပ်စွဲပြော ကြားခဲ့ပြီးနောက် နိုင်ငံ၏စီးပွားရေး အချက်အခြာ ဒေသဖြစ်သော Aleppo ပြည်နယ်ရှိ နေရာ အများအပြားကို သိမ်းပိုက်ထားသော သူပုန်များ  ကိုတိုက်ခိုက် နှိမ်နင်းသွားမည် ဖြစ်ကြောင်း ဇူလိုင်လ ၂၉ ရက်နေ့တွင် ကတိပြု ပြောကြားခဲ့ပါသည်။ အစိုးရတပ်ဖွဲ့ များသည် Aleppo ဒေသရှိ သူပုန်များ သိမ်းပိုက်ထား သောနေရာများကို တင့်ကားများ၊ အမြောက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သူပုန်များကလည်း အစိုးရ၏ လေကြောင်းနှင့် မြေပြင် တိုက်ခိုက်မှုများကို တွန်းလှန်ရန် ကြိုးပမ်းလျက် ရှိပါသည်။ ဆီးရီးယားနိုင်ငံ ကိုဖျက်ဆီးရန် အတွက် အစ္စရေးနိုင်ငံ ၏လျှို့ဝှက် ကြံစည်မှုကို  ကာတာ၊ ဆော်ဒီအာရေဗျနှင့် တူရကီနိုင်ငံ တို့က ထောက်ခံလျက်ရှိ ကြောင်း၊ ၄င်းတို့  ၃ နိုင်ငံသည် ဆီးရီးယားသမ္မတ ဘက်ရှာအယ်လ်အာဆတ် ဖြုတ်ချရေးအတွက် ကြိုးပမ်းနေသည့် သူပုန်များကို ထောက်ပံ့ ကူညီပေးလျက်ရှိကြောင်း အီရန်နိုင်ငံတွင် အလည်အပတ် ရောက်ရှိနေသော ဆီးရီးယား နိုင်ငံခြား ရေးဝန်ကြီးWalid al- Moallem က ပြောကြားခဲ့ပါသည်။
အစ္စရေးနိုင်ငံသည် အဆိုပါ ပဋိပက္ခအားလုံး ၏နောက်ကွယ်မှ ကြိုးကိုင်သူဖြစ်ကြောင်း၊ ကာတာ၊ ဆော်ဒီအာရေဗျနှင့် တူရကီနိုင်ငံ တို့သည်လည်း ဆီးရီးယားနိုင်ငံကို အလားတူ ထိုးနှက်တိုက်ခိုက် လျက်ရှိကြောင်း  တီဟီရန်မြို့ ၌အီရန်နိုင်ငံ ခြားရေးဝန်ကြီး Ali  Akbar Salehi  နှင့်ပြုလုပ်သည့် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတွင်  Walid al- Moallem က ပြောကြားခဲ့ပါသည်။  ဆီးရီးယားလက်နက် ကိုင်အကြမ်းဖက် သမားများသည် သီတင်းပတ်တစ်ပတ် အတွင်း ဒမတ်စကတ်ကို သိမ်းပိုက်ရန် ကြိုးပမ်းခဲ့ကြောင်း Moallem က ပြောကြားခဲ့ပါသည်။  သူပုန်များသည်  Aleppo  ကို မတိုက်ခိုက်မီ ဒမတ်စကတ်ရှိ ဆီးရီးယားအစိုးရအား စိန်ခေါ်မှုများ ပြုလုပ်ခဲ့သော်လည်း ၄င်းတို့သည် ရှုံးနိမ့်ခဲ့ကြောင်း Moallem က ပြောကြားခဲ့ပါသည်။
အီရန်နိုင်ငံသည် အရှေ့အလယ် ပိုင်းဒေသတွင် ဆီးရီးယားနိုင်ငံ၏ တစ်ခုတည်း သောမဟာမိတ်နိုင်ငံ အဖြစ်ရှိနေပြီး ၂ဝ၁၁ ခုနှစ် မတ်လအတွင်း ဆူပူအုံကြွမှု များစတင်ခဲ့ချိန်မှစ၍ ဆီးရီးယား အစိုးရအတွက် ခိုင်မာသော  ထောက်ခံမှုများ ပေးခဲ့ကြောင်း၊ အာဆတ်အစိုးရအား နှစ်ပေါင်းများစွာ နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ ထောက်ပံ့မှုများ ပေးခဲ့ကြောင်း သိရှိရပါသည်။


ဂျာမနီနိုင်ငံသည် ယူရိုဇုန်မှ နုတ်ထွက်ရန် ပြည်သူအများစုကထောက်ခံခြင်း

Posted by drmyochit Tuesday, July 31, 2012, under | No comments


Presstv.com;July-29(Sun)
ဂျာမနီနိုင်ငံသည် အဖွဲ့ဝင် ၁၇ နိုင်ငံပါ ယူရိုဇုန်မှ ခွဲထွက်ပါက ဂျာမနီ၏ စီးပွားရေး အခြေအနေများသည် တိုးတက် ကောင်းမွန်လာမည်ဟု ဂျာမနီ ပြည်သူအများစုက ထင်မြင်ယူဆကြောင်း အပတ်စဉ် လူထုသဘောထား စစ်တမ်း ကောက်ယူမှုများအရ သိရှိရပါသည်။ ၄င်းသဘောထား စစ်တမ်း ကောက်ယူမှုတွင် ဂျာမနီပြည်သူ၏ ၅၁ ရာခိုင်နှုန်းက ဥရောပ၏ ယူရိုငွေကြေးကို အသုံးမပြုလျှင် ဂျာမနီနိုင်ငံသည် စီးပွားရေး အခြေအနေ ပိုမိုကောင်းမွန် လာမည်ဟု ယုံကြည်ကြောင်း AFP သတင်းဌာနက ဇူလိုင်လ ၂၉ ရက်နေ့တွင် ဖော်ပြခဲ့ပါသည်။ ယူရိုဇုန်မှ ခွဲထွက်ရာတွင် ဂျာမနီနိုင်ငံ အနေဖြင့် သိသာ ထင်ရှားသော စီးပွားရေး ကျဆင်းမှုနှင့် ရင်ဆိုင် ရဖွယ်ရှိသည်ကို စိုးရိမ် ပူပန်ကြောင်း ဂျာမနီဘဏ္ဍာရေး ဝန်ကြီးဌာနက ဇွန်လတွင် ထုတ်ဖော် ပြောကြားခဲ့ပါသည်။
ဇွန်လ ၂၄ ရက်နေ့ထုတ် Spiegel  အပတ်စဉ် သတင်းစာတွင် ဂျာမနီနိုင်ငံ၏ စီးပွားရေးသည် ယူရိုဇုန်မှ ခွဲထွက်ပြီး ပထမဦးဆုံး နှစ်တွင် ၁ဝ ရာခိုင်နှုန်း အထိကျ ဆင်းသွားဖွယ်ရှိပြီး အလုပ်လက်မဲ့ ၅ သန်းကျော်အထိ မြင့်တက်လာ နိုင်ကြောင်း ခန့်မှန်းဖော်ပြခဲ့ပါသည်။ ယူရိုဇုန် အဖွဲ့ဝင် နိုင်ငံများအနေဖြင့် လွန်ခဲ့သော ၅ နှစ်ကတည်းက စီးပွားရေး အကျပ်အတည်းများကို ဆိုးရွားစွာ ရင်ဆိုင်ခဲ့ရပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ရပ်တန့်လျက် ရှိသောကြောင့်  ကြိုးစားရုန်း ကန်ခဲ့ရကြောင်း သိရှိရပါသည်။ ဂျာမနီနိုင်ငံသည် ဥရောပတွင် စီးပွားရေး အတောင့်တင်း ဆုံးဖြစ်သော် လည်း ယူရိုဇုန် စီးပွားရေး အကျပ်အတည်းကို ခံနိုင်ရည်မရှိကြောင်း၊ ဂျာမနီနိုင်ငံ တွင်လည်း ထူးခြားစွာ အလုပ်လက်မဲ့ ဖြစ်မှုများ တိုးပွားလျက်ရှိကြောင်း၊ စီးပွားရေး တိုးတက်မှုကို ကျားကန် ထားသော်လည်း စိတ်ချရသော အခြေအနေ မရှိကြောင်း သိရှိရပါသည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်