Thursday, August 02, 2012

ထုတ်ဝေခွင့် ယာ ယီ ရပ် ဆိုင်း ခဲ့သော လျှပ် တစ်ပြက် ဂျာနယ်ကို ပြန်လည် ထုတ်ဝေခွင့်ပြု

Posted by drmyochit Thursday, August 02, 2012, under | No comments

” သြဂုတ်၊ ၂၀၁၂ ညနေပိုင်းတွင် စာပေ စိစစ် ရေးမှူး ဒုတိယ ညွှန်ကြား ရေးမှူးချုပ်၊ ညွှန်ကြား ရေးမှူးတို့မှ ၂လ ပိတ်ပင် တားမြစ် ရပ်ဆိုင်း ခဲ့သော လျှပ်တစ်ပြက် သတင်း ဂျာနယ်အား ၉၊ သြဂုတ်၊ ၂၀၁၂ရက် နေ့တွင် ပြန်လည် ထုတ်ဝေခွင့် ပြုလိုက်ကြောင်း အသိပေး ပြောကြား ခဲ့သည်။ သည့်အတွက် လျှပ်တစ်ပြက် သတင်း ဂျာနယ်နှင့် ပတ်သက်၍ ကူညီခဲ့ ကြသူများ၊ ၀ိုင်းဝန်း ခဲ့ကြသူများ၊ စောင့်ရှောက်ခဲ့ ကြသူများ၊ ဖေးမပေးခဲ့ ကြသူများ၊ ရပ်တည် ပေးခဲ့ကြသူများ၊ အားပေးခဲ့ကြသူများ အားလုံး အားလုံးကို အထူး ကျေးဇူးတင် ဂါရ၀ ပြုပါကြောင်း မှတ်တမ်း တင်အပ်ပါသည်”ဟု ဦးမြတ်ခိုင်က ၎င်း၏ facebook စာမျက် နှာတွင် ရေးသားခဲ့သည်။လျှပ်တစ်ပြက် ဂျာနယ်အတွဲ ၃ အမှတ် ၉၁ စာမျက်နှာ ၈ တွင် ဖော်ပြ ပါရှိသော မသီတာထွေး၏ ဓာတ်ပုံ နှင့်ပတ်သက်၍ အယ်ဒီ တာချုပ် ဦးမြတ်ခိုင်အား ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅ (ခ)(ဂ)တို့ဖြင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ ကိုယ်စား ပုဇွန်တောင် မြို့နယ် အုပ်ချုပ်ရေး မှူးက တရားစွဲ ဆိုခဲ့ကာ တရားစွဲ ဆိုမှု နှင့်အတူ ဂျာနယ် ထုတ်ဝေ ဖြန့်ချိခွင့် ကိုလည်း ယာယီ ရပ်ဆိုင်း ခဲ့ခြင်း ဖြစ် ပါသည်။
ဇွန်လ ၈ ရက်နေ့က နောက် ဆုံးထုတ်ဝေဖြန့်ချိခွင့် ရရှိခဲ့သော လျှပ်တစ်ပြက် ဂျာနယ်ကို ထုတ်ဝေ ဖြန့်ချိခွင့် ယာယီ  ပိတ်ပင်မှုမှာ တစ်လ ခန့် ကြာမြင့်မည်ဟု မူလက သိရှိ ရသော်လည်း တစ်လပြည့်ပြီး နောက်ပိုင်း တွင်လည်း ထုတ်ဝေဖြန့် ချိခွင့်မှာ မရရှိဘဲ ရပ်ဆိုင်းခံ ခဲ့ရပြီးနောက် ရက်သတ္တပတ် ခုနှစ်ပတ် အကြာ တွင်ပြန်လည် ထုတ်ဝေခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။
ဂျာနယ်ပြန် လည်ထုတ်ဝေခွင့် ရရှိ ခဲ့သော်လည်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုယ်စား ပုဇွန်တောင် မြို့နယ် အုပ်ချုပ်ရေးမှူးက တရားစွဲ ဆိုခဲ့သော အမှုကိုမူ ဆက်လက် ရင်ဆိုင်နေ ရဆဲ ဖြစ်ကာ ထိုအမှု အတွက် ငါးကြိမ်မြောက် ကြားနာမှု ရုံးချိန်းကို သြဂုတ်လ ၃ ရက်နေ့သို့ ချိန်းဆို ထားပါသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်နေ့ ကလည်းပြန် ကြားရေး ၀န်ကြီးဌာန၊ လက်အောက်ရှိ စာပေစိစစ်နှင့် မှတ်ပုံတင် ဌာနက The Voice Weekly ဂျာနယ်နှင့် Envoy News Journal တို့ အား သတ်မှတ် ထားသော စည်းကမ်း ချက်များကို ချိုးဖောက် သည်ဟုသော စွပ်စွဲချက်ဖြင့် ထုတ်ဝေခွင့် ယာယီ ရပ်နား ခဲ့ပါသည်။
ထိုကဲ့သို့ ယာယီရပ် နားခဲ့မှုနှင့် ပတ်သက်ပြီး သတင်း မီဒီယာသမား အများအပြား ပါဝင်သည့် ဆွေးနွေး ပွဲတစ်ရပ်ကို သြဂုတ်လ ၁ ရက်နေ့ မွန်းလွဲပိုင်း ကတော်ဝင်နှင်းဆီ စားသောက်ဆိုင်၌ လုပ်ခဲ့ကာ တက်ရောက်ခဲ့သော သတင်းသမား များစုစည်း၍ သတင်း လွတ်လပ် ခွင့်ကော်မတီ(ယာယီ)ကို ဖွဲ့စည်းခဲ့ပါသည်။ ထိုကော်မတီမှ သတင်း မီဒီယာများ အပေါ် ထုတ်ဝေခွင့် ပိတ်ပင်ခြင်း၊ ချုပ်ချယ်ခြင်းများ လုပ်ခြင်းများနှင့် ပတ်သက်၍ သတင်း ထုတ်ပြန် ကြေညာချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါသည်အဆိုပါ ထုတ်ပြန် ချက်၌ အချက် (၇)ချက် ပါဝင်ခဲ့ပြီး ထိုအချက်များမှာ-
(၁) ပိတ်ပင်ခံ ထားရသော The Voice Weekly ဂျာနယ်နှင့် Envoy ဂျာနယ်၊ လျှပ်တစ်ပြက် တို့ကို ချက်ချင်း ထုတ်ဝေခွင့်ပေးရန် ( မှတ်ချက်။ လျှပ်တစ်ပြက် ဂျာနယ်ကို သြဂုတ်လ ၉ ရက်နေ့မှ စတင်ပြီး ပြန်လည်ထုတ်ဝေခွင့် ပြုလိုက်ကြောင်း စာပေစိစစ်ရေးမှ သြဂုတ်လ ၁ ရက်နေ့ ညနေပိုင်းက အကြောင်းကြားခဲ့)
(၂)ပြုပြင်ပြောင်း လဲမှုများကို ထိခိုက်စေ သည့်နောက်ပြန် ဆွဲသော မည်သည့်ပုဂ္ဂိုလ်၊ မည်သည့် လုပ်ရပ်မျိုး ကိုမဆို အရေးယူ ဖယ်ရှားပေးရန်
(၃) ၁၉၆၂ ခုနှစ် ပုံနှိပ် အက်ဥပဒေနှင့် မီဒီယာ များကို ဖိနှိပ် ကန့်သတ် ထားသော ဥပဒေများကို ချက်ချင်း ဖျက်သိမ်းပေးရန်
(၄) သတင်း မီဒီယာ များအပေါ် အရေးယူ မှုများကို ထပ်မံ လုပ်ဆောင်ခြင်း မပြုရန်
(၅) ကျင့်ဝတ်နှင့်အညီ ရေးသားဖော် ထုတ်သော မည်သည့်ရေးသား မှုများကို အစိုးရက ဥပဒေကြောင်း အရ တရားစွဲ မှုများကို ချက်ချင်း ရပ်ဆိုင်းရန်
(၆) မီဒီယာ သမားများ သဘော ဆန္ဒ မပါဝင်ဘဲရေး ဆွဲထားသည့် မည်သည့် မီဒီယာ ဥပဒေ ကိုမဆို လက်မခံပါ။
(၇) လက်တလောဖြစ် ပွားနေသော စာပေ လွတ်လပ်ခွင့် ဆုံးရှုံးမှုများ အတွက် မီဒီယာ များအား နိုင်ငံတော်၏ တာဝန် အရှိဆုံး ပုဂ္ဂိုလ်က အမြန်ဆုံး တွေ့ဆုံဖြေရှင်း

ရခိုင်ပြည်နယ် ပဋိပက္ခများတွင် အိုင်အင်န်ဂျီအိုဝန်ထမ်းကိုးဦး ပါဝင်ပတ်သက်ခဲ့

Posted by drmyochit Thursday, August 02, 2012, under | No comments

From : 7 day
အသိုင်းအ၀ိုင်းအချို့က ဘာသာရေးပြဿနာ အဖြစ် နိုင် ငံရေးနှင့် နိုင်ငံ တကာ ကိစ္စရပ် အသွင် ဖြစ်ပေါ်စေရန်ကြိုးပမ်းမှုကို မြန်မာ နိုင်ငံက လုံးဝပယ်ချ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့်ပတ်သက်၍ အစိုးရက တရားဝင် သတင်း ထုတ်ပြန်လိုက်ပြီဖြစ်ရာ ပဋိပက္ခများ ၌ အိုင်အင်န်ဂျီအိုသုံးခုမှ ၀န်ထမ်းကိုးဦးပါဝင်ပတ်သက်မှုရှိခဲ့ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးက ပြောကြားသည်။
ယခုနှစ် ဇွန်လကဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် ပါဝင်ပတ်သက်ခဲ့သော နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်း(INGO) သုံးခုမှ ၀န်ထမ်း ၁၀ ဦးအား ဖမ်းဆီးစစ်ဆေးခဲ့ရာ တစ်ဦးမှာ အပြစ်မရှိသည့်အတွက် ဇူလိုင် ၃ ရက်တွင် ပြန်လွှတ်ပေးခဲ့သည်။ ဖမ်း ဆီး ၍ ရုံး တင်တရားစွဲခံနေရသောဝန်ထမ်းကိုးဦးမှာ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့နှစ်ခု ဖြစ်သော UNHCR မှ ငါးဦး၊ WFP မှ တစ်ဦး ဖြစ်ပြီး AZG မှလည်း သုံးဦးပါဝင်သည်။
၎င်းတို့မှာ ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများ ဖြစ်ပွား နေစဉ် နေအိမ်မီးရှို့မှုများ၊ လှုံ့ဆော်သော လက်ကမ်းစာရွက်များ ဖြန့် ဝေခြင်းစသည့် ဥပဒေပ လုပ်ဆောင်မှုများတွင် ပါဝင်ပတ်သက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ INGO ၀န်ထမ်းများက အဖွဲ့အ စည်းအ ဓိကတာဝန်ကို မဆောင်ရွက်ဘဲ ၎င်းတို့ပြစ်မှုကျူးလွန်ခဲ့ ခြင်းကို ခိုင်လုံသော အထောက်အထားများ၊ သက်သေများ အခိုင်အ မာရှိကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။ ၎င်းတို့အား တရားစွဲဆိုရာတွင် ဥပဒေနှင့်အညီ သက်သေငှားရမ်းခွင့်လည်း ပြုထားပြီး၊ တရားရုံး၏ ဆုံးဖြတ်ချက်အတိုင်းခံယူရမည်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက ပြောကြားခဲ့သည်။ အပြစ်မရှိ၍ ပြန်လွတ်ပေးလိုက်သူတစ်ဦးမှာ AZG မှ ၀န်ထမ်းဖြစ်သည်။

ဒုတိယသမ္မတ အဖြစ် ဗိုလ်ချုပ်ကြီးဥာဏ်ထွန်းအား အမည်စာရင်းတင်သွင်းထားဟု လွှတ်တော်တွင်းသတင်းများထွက်ပေါ်

Posted by drmyochit Thursday, August 02, 2012, under | No comments

From : messenger
ဒုတိယသမ္မတ အဖြစ် ဗိုလ်ချုပ်ကြီးဥာဏ်ထွန်းအား အမည်စာရင်းတင်သွင်းထားဟု လွှတ်တော်တွင်းသတင်းများထွက်ပေါ်နေပြီး ယင်းကိစ္စနှင့် ပတ်သက်၍ ဒုတိယသမ္မတ စီစစ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဌေးဦးက " ကျွန်တော့အနေနဲ့က သိလည်း ပြောခွင့်မရှိပါဘူး ဦးခင်အောင်မြင့်က ပြောခွင့်ရှိပါတယ် ကျွန်တော့်အနေနဲ့ပြောနိုင်တာက သိပ်မကြာခင်မှာ ဒုတိယသမ္မကို ပြည် ထောင်စုလွှတ်တော်မှာတင်သွင်းနိုင်မှာပါ ကျွန်တော့်အနေနဲ့ကျော်ပြောလို့မကောင်းပါဘူး ၊ သေချာတာက ဒုတိယသမ္မတ အမည် စာရင်း ကျွန်တော်တို့ စီစစ်ရေးကော်မတီကိုမရောက်လာသေးပါဘူး " ဟု ပြောကြားခဲ့သည်။


ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခိုင်မောင်ရည် ကလည်း“ကျွန်တော်တို့သိသလောက်တော့ ဒုသမ္မ တစာ ရင်းက ပြောင်းသွားပြီးလောက်ပြီ အခုပြောနေတာတွေကတော့ နောက်တစ်ပတ် တနလာင်္နေ့မှာ အဖြေတစ်ခုသိရမယ်လို့တော့ ကြား ပါ တယ်” ဟု ပြောကြားသည်။

ဒုတိယ ဗိုလ်ချုပ်ကြီးဥာဏ်ထွန်း သည် လက်ရှိတွင် မြန်မာ့တပ်မတော်(ရေ)တွင်ကာကွယ်ရေးဦးစီးချုပ်တာဝန် ယူထားသူဖြစ်သည်.။

ကျန်းမာရေးအခြေနေ စိုးရိမ်ရသဖြင့် ဒေါ်စု လွှတ်တော် ခွင့်ယူ

Posted by drmyochit Thursday, August 02, 2012, under | 1 comment

အခြေအနေ တော်တော်ဆိုးတာကြောင့် အနီးအနား ပြုစုရန် အခြား လွှတ်တော် အမတ် နှစ်ဦး ဖြစ်တဲ့ ဒေါ်ဖြူဖြူသင်း နှင့် ဦးအုန်းကြိုင် တို့ ပါ ခွင့်ယူလိုက်ရကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လတွင်း ဥရောပ ခရီးစဉ်မှာလည်း သတင်းစာရှင်းလင်းပွဲလုပ်နေစဉ် အော့အန်လာတာကြောင့် သတင်းစာရှင်းလင်းပွဲ ရပ်လိုက်ရပြီး အားလုံးကို လိုက်တောင်းပန်လိုက်ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် ၆၈ နှစ်ထဲ ဝင်လာပြီ ဖြစ်ပြီး သားအိမ်ခေါင်းကင်ဆာ အပြင် အခြား အမျိုးသမီးရောဂါများ ရှိကြောင်း သိရပါတယ်။

Myanmar Express

မြန်မာအစိုးရကို အတုယူကြရန် အမေရိကန် ပြောကြား

Posted by drmyochit Thursday, August 02, 2012, under | No comments

 မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုတွေအပေါ် အခြား အထီးကျန် အာဏာရှင်နိုင်ငံတွေအနေနဲ့ အတုယူသင့်ပြီး ဒီအတွက် နိုင် ငံတကာဘက်ကလည်း တုံ့ပြန်မှုကောင်းတွေ ရှိလာလိမ့်မယ်လို့ အမေရိကန် လက်ထောက် နိုင်ငံခြား ရေးဝန်ကြီး Michael A.Hammer က ပြောလိုက်ပါတယ်။


မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေအပေါ်မှာ တချက်ခြင်း တုံ့ပြန်သွားမယ်ဆိုပြီး ကတိပြုခဲ့အတိုင်း အမေရိကန် ပြည်ထောင်စုဟာ မြန်မာအပေါ် အရေးယူမှုအချို့ကို လျှော့ပေါ့ပေးလာခဲ့ပါတယ်။ မြန်မာ အစိုးရဘက်က အခု ပြုလုပ်လာတဲ့ ပြုပြင် ပြောင်းလဲရေးခြေလှမ်းတွေဟာ အစ ဆိုပေမဲ့ အားရကျေနပ် စရာရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန လက်ထောက် နိုင်ငံ ခြားရေးဝန်ကြီး Michael A.Hammer က ဇူလိုင်လ ၂၆ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။


“မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုတွေလုပ်နေတာ၊ ပွင့်လင်းလာတဲ့ အခြေအနေတွေကို ကြည့် ရတာတော့ အတော်လေး အားရကျေနပ်စရာကောင်းပါတယ်။ နိုင်ငံတကာအနေနဲ့ နှစ်ပေါင်းများစွာ ကတည်းက မျှော်လင့် နေတဲ့ လမ်းကြောင်းပေါ် ရောက်နေတဲ့ပုံပါ။ ဒါတွေဟာ အစပျိုးမှုသာ ဖြစ်နေပေမဲ့ မြန်မာအစိုးရရဲ့ အခု ခြေလှမ်းတွေဟာ အားရကျေနပ်စရာရှိပါတယ်။”

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံသို့ နှစ် ၂၀ ကျော်အတွင်း ထောက်ပံ့ငွေ ဒေါ်လာ ၈၅ သန်းပေးမည်

Posted by drmyochit Thursday, August 02, 2012, under | No comments

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံသို့ ၁၉၈၇ နောက်ပိုင်းချေးငွေအသစ်ထုတ်ပေးမှုကို ရပ်ဆိုင်းထားခဲ့သောကြောင့် ယခုထောက်ပံ့ငွေမှာ နှစ် ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ်ပြန်လည်ပေးအပ်ခြင်းဖြစ်သည်။
အဆိုပါထောက်ပံ့ကြေးကို မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေး၊ လူထုဖွံ့ဖြိုးရေးအတွက်ဖြစ်ပြီး အထူး သဖြင့် ပဋိပက္ခဖြစ်ပွားနေသော ဒေသများ၏ အခြေခံအဆောက်အဦးများဖွံ့ဖြိုးရေးအတွက် ဦးစားပေး ကူညီမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ မြန်မာနိုင်ငံမှ ကမ္ဘာ့ဘဏ်သို့ ပြန်လည်ပေးဆပ်ရမည့် အကြွေးများကို လာမည့် ၂၀၁၃ နှစ်ဆန်းပိုင်းတွင် ပြန်လည်ပေးဆပ်ရန် မျှော်လင့်ကြောင်း ၎င်းကပြောသည်။ မြန်မာနိုင်ငံက ကမ္ဘာ့ဘဏ်သို့ ပေးဆပ်ရမည့်အကြွေးမှာ အမေ ရိကန်ဒေါ်လာ သန်း ၄၀၀ ခန့်ရှိပြီး ယခုအခါ ယင်းအကြွေးကိစ္စသည် သဘောတူညီမှု ရရှိထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။

အသက် ၁၆ နှစ်ပြည့်ပြီး သူတိုင်း စက်စွမ်းအား ၁၁၀ စီစီနှင့် အောက်ဆိုင်ကယ် မောင်းနှင်ခွင့် လိုင်စင်ရမည်

Posted by drmyochit Thursday, August 02, 2012, under | No comments


ရထား ပို့ဆောင်ရေး ၀န်ကြီးဌာနမှ ထုန်ပြန်ချက်များ အရ အသက် ၁၆ နှစ်ပြည့်ပြီး သူများဟာ စက်စွမ်းအား ၁၁၀ စီစီနဲ့ အောက်ဆိုင်ကယ် မောင်းနှင်ခွင့် လိုင်စင်များ ရယူနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဆောင်ရွက်မှု ကိုတော့ လာမယ့် သြဂုတ်လ ၁ ရက်နေ့မှ စတင်ကာ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးရှိ က.ည.န ရုံးများမှာ ဆောင်ရွက် ပေးမှာ ဖြစ်ပါတယ်။ အဲ့ဒီလို အသက် ၁၆ နှစ်ပြည့်ပြီး စက်စွမ်းအား ၁၁၀ စီစီနဲ့ အောက်ဆိုင်ကယ် မောင်းနှင်ခွင့် ရယူလို သူများဟာ သတ်မှတ် ယာဉ်မောင်း သင်တန်းများ တက်ရောက်ကာ အမောင်းသင် လိုင်စင် ရယူပြီး စစ်ဆေးမှုများ ဖြေဆိုအောင်မြင် ပါက ဆိုင်ကယ် မောင်းနှင်ခွင့် အတွက် လိုင်စင်ထုတ် ပေးမှာ ဖြစ်ပါတယ်။

ဒီလို အသက် ၁၆ နှစ်ပြည့်သူများ အတွက် ထုတ်ပေး သွားမယ့် ဆိုင်ကယ် မောင်းနှင်ခွင့် လိုင်စင် တွေဟာ အသက် ၁၈ နှစ်ကျော်တဲ့ အခါ မှာတော့ စက်စွမ်းအား ၁၁၀ စီစီအထက် ဆိုင်ကယ် မောင်းနှင်ခွင့် လိုင်စင်နဲ့ လဲလှယ်ခွင့် ရှိတယ်လို့ သိရပါတယ်။ အရင်က ယာဉ်မောင်း လိုင်စင်ရရှိဖို့ အတွက် စတင် သင်ကြား မောင်းနှင်ဖို့ ကနဦး ရယူရတဲ့ အမောင်းသင် လိုင်စင်ကို အသက် ၁၇ နှစ်ပြည့်ပြီးမှ ထုတ်ပေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ ဆိုင်ကယ်ကို မြို့ပြနဲ့ ကျေးရွာ အနှံ့အပြားမှာ တွင်ကျယ်စွာ အသုံးပြု လာတာကြောင့် အခုလို ဆောင်ရွက် ပေးရတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် တချို့ဒေသများ မှာရှိတဲ့ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများဟာ ဆိုင်ကယ်ကို ကျောင်းတက်၊ ကျောင်းဆင်း အဓိက ဆောင်ရွက် နေရတာ ဖြစ်ပြီး အဆိုပါ ကျောင်းသား၊ ကျောင်းသူများဟာ အသက် ၁၇ နှစ်မပြည့်သေး သူများ ဖြစ်နေခြင်းနဲ့ ယာဉ်မောင်း လိုင်စင် မရှိပဲ မောင်းနှင် သွားလာနေခြင်း များကို စိစစ်တွေ့ရှိ ရတဲ့အတွက် အခုလို ဆောင်ရွက် ရတာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်မှု ကိုတော့ နိုင်ငံတကာနဲ့ အာဆီယံ နိုင်ငံများရဲ့ ကန့်သတ်ချက် များကို ကိုးကားပြီး အခုလို အမောင်းသင် လိုင်စင် လျှောက်ထားခွင့်နဲ့ ဆိုင်ကယ် မောင်းနှင်ခွင့်ကို လျှော့ပေါ့ သတ်မှတ် လိုက်တာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။


"တရားမဝင် မြန်မာလုပ်သား ဖမ်းဆီးရေး စတင် မဲဆောက်၌ ၆ဝ ဦးကျော် အဖမ်းခံရ"

Posted by drmyochit Thursday, August 02, 2012, under | No comments

From : ပေါ်ပြူလာ

တရားမဝင် မြန်မာအလုပ် သမားများ ဖမ်းဆီးသည့် စစ်ဆင်ရေးကို ဇူလိုင် ၃၁ ရက်နေ့တွင် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်တွင် စတင် လိုက်သည်။

မဲဆောက်မြို့ပြင်ရှိ မဲ့ကဆာ ရွာအမှတ် ၂၆၁ ရပ်ကွက် ၁ဝတွင် တည်ရှိသည့် စိုင်းမွန်းအမှတ်တံဆိပ် ဖိနပ်စက်ရုံကို ဇူလိုင် ၃၁ ရက် မွန်းလွဲပိုင်းက မဲဆောက်အာဏာပိုင် များက ရှောင်တခင် ဝင်ရောက်စစ် ဆေးခဲ့ပြီး တရားမဝင်အလုပ်လုပ် ကိုင်နေသည့် မြန်မာအလုပ်သမား ၆၈ ဦးကို ထိုင်းရဲက ဖမ်းဆီး လိုက်ခြင်း ဖြစ်သည်။
ရှောင်တခင်ဖမ်းဆီးမှုတွင် အဖမ်းခံရသည့် မြန်မာများကို မြန်မာနိုင်ငံ မြဝတီဘက်သို့ နယ်နှင်ဒဏ်ပေးမည်ဖြစ်ပြီး အလုပ်ရှင်ကို ဥပဒေအရ အရေးယူမှုများ ဆောင် ရွက်သွားမည်ဟု ထိုင်းလူဝင်မှုကြီးကြပ်ရေး အရာရှိတစ်ဦးက သတင်း ထောက်များကို ပြောသည်။

အဖမ်းခံရသူများကို မဲဆောက် ရှိ ထိုင်းလဝကအချုပ်တွင် ချုပ်နှောင်ထားပြီး အမျိုးသမီး ၄၈ ဦးနှင့် အမျိုးသား ၂ဝ ဦးဖြစ်ကာ ၄င်းတို့ အမှုအတွက် လိုက်ပါဆောင်ရွက်ပေး မည့် အဖွဲ့အစည်းများ မရှိသေးဟု အလုပ်သမား များက ပြောသည်။

အဆိုပါ ဖမ်းဆီးမှုသတင်း ကြောင့် မဲဆောက်ရှိ စက်ရုံ၊ အလုပ် ရုံများက ၄င်းတို့၏ အလုပ်သမား များကို ခေတ္တတိမ်းရှောင်မှုများ ပြု လုပ်စေပြီး အချို့စက်ရုံများ လုပ်ငန်းလည်ပတ်မှု ရပ်နားထားသည်ဟု မြန်မာအလုပ် သမားအရေး ဆောင် ရွက်နေကြသည့် အဖွဲ့များက ပြောသည်။

ဝါဆိုလပြည့်နေ့တွင် ဘုရားဖူး၊ သိလစောင့် အနားယူသူ များပြား သော်လည်း အခါအားလျှော်စွာ စုတောင်းပွဲ လုပ်ခဲ့သူများ နဲ့ လမ်းပေါ်ထွက် မေတ္တာပို့ခဲ့သူများ မတွေ့ရ

Posted by drmyochit Thursday, August 02, 2012, under | No comments





တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယသမ္မတ

Posted by drmyochit Thursday, August 02, 2012, under | No comments

From : မြဝတီ

(နေပြည်တော် သြဂုတ် ၁)
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် အဆင့်မြင့် ချစ်ကြည် ရေး ကိုယ်စားလှယ် အဖွဲ့သည် အိန္ဒိယ သမ္မတနိုင်ငံ တပ်မတော် (ကြည်း၊ ရေ၊ လေ) ပူးတွဲ ဦးစီးချုပ် နှင့် အိန္ဒိယ ရေတပ် ဦးစီးချုပ် Admiral Nirmal Verma (PVSM, AVSM, ADC) ၏ ဖိတ်ကြားချက် အရ အိန္ဒိယ သမ္မတ နိုင်ငံသို့ ယနေ့ နေ့လယ် ပိုင်းတွင် မြန်မာ့ တပ်မတော် အထူး လေယာဉ်ဖြင့် ထွက်ခွာ ကြရာ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် ဇနီး ဒေါ်မာမာဝေ၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းနှင့် ဇနီး ဒေါ်ခင်အေးမြင့်၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မြတ်ဟိန်း နှင့်ဇနီး ဒေါ်ထွေးထွေးညွန့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီး များနှင့် နေပြည်တော် တိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့က နေပြည်တော် လေဆိပ်တွင် ပို့ဆောင် နှုတ်ဆက် ကြသည်။



(တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယသမ္မတ နိုင်ငံသို့ ချစ်ကြည်ရေးခရီး ထွက်ခွာရာ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်းနှင့် တာဝန်ရှိသူများ နေပြည်တော် လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက် ကြစဉ်။)

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့တွင် အဖွဲ့ဝင်များ အဖြစ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူ ကြူလှနှင့် ကာ ကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ အရာရှိကြီးများ၊ တာဝန်ရှိသူ များနှင့် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ ဆိုင်ရာ အိန္ဒိယ နိုင်ငံ စစ် သံမှူး Colonel Rajesh Kumar တို့ လိုက်ပါ သွားကြကြောင်း သတင်း ရရှိသည်။

ဧရာဝတီ၏ ပရိသတ်တစ်ဦး၏ ရင်ဖွင့်ခြင်း (သို့) လိမ်လည်မှုတစ်ခုအား ဖော်ထုတ်ခြင်း

Posted by drmyochit Thursday, August 02, 2012, under | No comments

ကျနော် အင်တာနက်သတင်းတွေကို အမြဲတမ်း ဖတ်ရှုတဲ့သူတစ်ယောက်ပါ။ အထူးသဖြင့် ဧရာဝတီ၊ မဇ္ဈိမ၊ DVB တို့ရဲ့ ပရိသတ်ဆိုရင်တော့ မှန်ပါလိမ့်မယ်။ သတင်းတွေက တိကျမှန်ကန်တယ်ဆိုပြီးတော့လည်း  အားပေးခဲ့ပါတယ်။ သတင်းတစ်ခုကို တွေ့လိုက်ရတဲ့အခါမှာတော့ အလွန်ကို အံ့အားသင့်မိပါတယ်။ အဲဒီ သတင်းကတော့   " ပေါင်းလောင်းဆည် ဖောက်ချမှုကြောင့် ကျေးရွာတစ်ချို့ ရေကြီး" ဆိုပြီး ဖြစ်ပါတယ်။

ကျနော်ပျဉ်းမနားသား တစ်ယောက်ပါ။ အခြေ အနေ တစ်ရပ်ကြောင့်သာ အခြားမြို့မှာ နေနေတာ။ ပျဉ်းမနား အကြောင်းအကုန်သိပြီး ဆွေမျိုးတွေလည်း အများကြီးပါ။ တစ်နေ့ ပျဉ်းမနားမှာ ရေကြီးတဲ့ အကြောင်းကို ဖတ်ရှုလိုက်ရပါတယ်။ နောက်တော့ မြ၀တီ facebook မှာရေကြီးတဲ့ ပုံတွေ၊ စစ်တပ်နဲ့ ကြက်ခြေနီက ကယ်ဆယ်ရေး လုပ်နေတဲ့ပုံတွေကို တွေ့လိုက် ရတယ်။


နောက်တော့ဧရာဝတီကနေ" ပေါင်းလောင်းဆည် ဖောက်ချမှုကြောင့် ကျေးရွာတစ်ချို့ ရေကြီး" ဆိုပြီး အင်တာနက်မှာ တွေ့လိုက်ရတယ်။ ဓာတ်ပုံကိုကျတော့ မြ၀တီ facebook က ယူတယ်ဆိုပြီး ရေးသားထားတာ တွေ့ရတယ်။ ပျက်ဆီးမှုစာရင်းတွေက မြ၀တီ facebook ကယူထားတာ၊ ကယ်ဆယ်ရေးတွေလည်း ပါပါတယ်။ မြို့နယ် မီးသတ်ဦးစီးအရာရှိတစ်ဦးလို့ ပြောထားတယ်။ အတိအကျလည်း မဟုတ်ဘူး။ ပါတဲ့ စာသားတွေ အားလုံးကလည်း ရေကြီးသမျှ သတင်းစာက သတင်းတွေကို စုထားတာပါ။


ဒါနဲ့ ကျနော် ပျဉ်းမနားကို ဖုန်းဆက်ကြည့်ပါတယ်။ ရေကြီးတာက မှန်ပါတယ်။ ဒါပေမဲ့ ပေါင်းလောင်း ဆည် ဖောက်ချလို့တော့ မဟုတ်ပါဘူး။ ပေါင်းလောင်းဆည်က သတ်မှတ်တဲ့ ရေအမှတ် မရောက်လို့တောင် အခက်တွေ့နေပါတယ်လို့ ပြောပါတယ်။ ဒီမှာ ကျနော် အယုံကြည်ဆုံး သတင်းဌာနက သတင်းတွေကို ဘယ်လို ယုံရမလဲဆိုသာ စဉ်းစားသွားရပါပြီ။ စိတ်လည်း မကောင်းပါဘူး။ အခုလိုမျိုး သတင်းတွေလိုလည်း မလုပ်သင့် ဘူးလို့ ထင်ပါတယ်။ ဘာရည်ရွယ်ချက်နဲ့ ဒီလိုမျိုး သတင်းတွေကို တင်တာလို့ မေးစရာဖြစ်လာပါပြီ။ သေချာ သိချင်ရင် www.facebook.com/mwdmedia မှာ သွားကြည့်နိုင်ပါတယ်။
                                                                             ဧရာဝတီ၏ ပရိသတ်တစ်ဦး





ဒေါ်အောင်ဆန်းစုကြည် ဥရောပ ခရီးစဉ် တွင် သားကြီးအရင်းခေါက်ခေါက် မြင့်ဆန်းအောင်က လုံးဝ လာမတွေ့ခဲ့

Posted by drmyochit Thursday, August 02, 2012, under | No comments

 ပြီးခဲ့တဲ့ ဇွန်လတွင်း ဒေါ်အောင်ဆန်းစုကြည် ဥရောပ ခရီးစဉ်တုန်းက ရက်ပေါင်း ၂၀ ခန့် ကြာသော်လည်း သားကြီး ဖြစ်သူ အလက်စန္ဒား အဲရစ် က လုံးဝ လာရောက်တွေ့ဆုံခြင်း မရှိဘူးလို့ သိရပါတယ်။

လူအများစုက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာနိုင်ငံသားတွေကို ချစ်လွန်းလို့ သား တွေနဲ့ ခွဲပြီးနေတယ်လို့ ထင်ကြပေမယ့် အလက်စန္ဒားအဲရစ်ကတော့ အမေဖြစ်သူ ဒေါ်အောင်ဆန်း စုကြည်ကို တွေ့ချင်စိတ်ကုန်ခန်းနေပြီး မြန်မာနိုင်ငံ က အမျိုးသား ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မြေး လို့ ပြောရမှာ တွန့်တိုနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံသို့ ဒေါ်အောင်ဆန်းစုကြည် နဲ့ မိုက်ကယ်အဲရစ်တို့ ရဲ့ သားအငယ် ကမ်အဲရစ် နှစ်ကြိမ်တိုင်တိုင် လာရောက်ကာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့ပေမယ့် အလက်စန္ဒားအဲရစ်ကတော့ လုံးဝ လာရောက်ခဲ့ခြင်း မရှိသေးပါဘူး။ ကမ်အဲရစ် ရဲ့ မိသားစု နေထိုင်ရာ လန်ဒန်မြို့မှာ ၅ ရက်ကြာ ရောက်နေတဲ့ အချိန်တုန်းကလည်း အလက်စန္ဒားအဲရစ်က လုံးဝ လာရောက်တွေ့ဆုံခြင်း မရှိခဲ့ပေ။

ဗြိတိန်နိုင်ငံသား မိုက်ကယ်အဲရစ်ရဲ့မျိုးဆက်များကို ဆက်လက်ထိန်းသိန်းရန်အတွက် အာရှနိုင်ငံအများအပြား ရှိနေတဲ့အထဲကပင် ဒေါ်အောင်ဆန်းစုကြည်ဟာ အင်္ဂလန်နိုင်ငံကို ခရီးအရင်ထွက်ခဲ့ပြီး မြန်မာစကား မပြောတတ်တဲ့ ချွေးမ၊ မြေးများ နှင့် တွေ့ဆုံခဲ့ပါတယ်။ အခု တခါ စက်တင်ဘာလအတွင်း မှာတော့ သားအကြီး ဖြစ်သူ ရဲ့ မိသားစုများကို သွားတွေ့မယ်လို့ သိရပါတယ်။

အလက်စန္ဒားအဲရစ် ဟာ မထင်မရှား နေထိုင်သူ တစ်ဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ယောင်္ကျား မိုက်ကယ်အဲရစ်ကဲ့သို့ပင် ဂွေးစေ့ကင်ဆာရှိသူ ဖြစ်ကြောင်း သိရပါတယ်။

မိုက်ကယ်အဲရစ် နှင့် ကမ်င်အဲရစ် တို့ဟာ ထူးချွန်ပြောင်မြောက်လှသော မြန်မာ့ အမျိုးသား ဖခင်ကြီးရဲ့ မြေးအရင်းများ ဖြစ်ကြပေမယ့် ကမ္ဘာတဝှမ်းမှ လူအားလုံးက ၎င်း တို့ နှစ်ယောက်ကို မသိကြပေ။

အမျိုးသားဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ မျိုးရိုးစဉ်ဆက် ဟာ ရှေးကတည်းက ထင်ရှားကြော်ကြားခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျိုးမစောင့်မှုကြောင့် ယခုဆိုလျှင် မြန်မာတွင်သာ မက ကမ္ဘာတွင် ပါ မထင်မရှား ပျောက်ကွယ်တော့မှာ ဖြစ်ပါတယ်။

ကေအိုင်အေ တပ်ဖွဲ့များ ညအချိန်မှာ ၀င်ရောက်ပြီးလူသစ်စု

Posted by drmyochit Thursday, August 02, 2012, under | No comments


ကချင်ပြည်နယ်မှာ ဇူလိုင်လကုန်ပိုင်းလောက်အထိ မြန်မာစစ်တပ်နဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေ ဖြစ်ပွား လျက်ရှိပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လ ၁၁ ရက်နေ့က ကေအိုင်အေတပ်ရင်း (၁၂၁) နဲ့ တပ်ရင်း(၂၇)မှ တန်ဂွန်းနဲ့ လော်ဆန်းခေါင်းဆောင်တဲ့ ကေအိုင်အေ(၃၀)ဦးခန့်ဟာ ကေအိုင်အေ နယ်ဘက်အုပ်ချုပ်ရေး တာဝန်ခံတွေနဲ့ ပူးပေါင်းပြီး အဖွဲ့ငယ်တွေဖွဲ့စည်းကာ လောင်လွင်ကျေးရွာ၊ မိုင်းနောင်၊ နမ့်လင်းပါရွာတွေမှာ ညအချိန် တိတ်တဆိတ် ၀င်ရောက်လူသစ်စုခဲ့တယ်လို့ သိရပါတယ်။ အဆိုပါလူသစ်စုဆောင်းမှုကြောင့် ကျေးရွာနေ တောင်ယာလုပ်ကိုင်သူ ယောင်္ကျားလေး(၉)ဦးနဲ့ မိန်းကလေး(၂)ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရပါတယ်။


ကေအိုင်အေ(ကချင်တပ်ဖွဲ့)များအနေနဲ့ မြန်မာ့တပ်မတော်စစ်ကြောင်းများနဲ့ဝေးကွာတဲ့ ကျေးရွာတွေမှာ ညအချိန်ဝင်ရောက်လူသစ်စုခြင်း၊ ကေအိုင်အေတပ်ဖွဲ့ဝင်လူဟောင်းတွေကို ပြန်လည်ခေါ်ဆောင်ခြင်းဖြင့် အင်အား ဖြည့်တင်းလာတယ်လို့ သိရှိရပါတယ်။
“အခုလို ညအချိန်မှာ ၀င်ရောက်ပြီးလူသစ်စုလို့ ကျေးရွာမှာနေတဲ့ ယောင်္ကျားလေးတွေ ရွာထဲမှာမအိပ်ရဲ တော့လို့ တောင်ယာတဲတွေမှာ သွားအိပ်ရတယ်။ တစ်ချို့ဆို ဒီမှာတောင် မနေတော့ဘူး၊ မြို့ပေါ်မှာ သွားရှောင်နေ ကြတယ်။ ကချင်ပြည်နယ်ကောင်းစားရေးဆိုပြီး ကချင်လူမျိုးတွေကို ဒုက္ခပေးတာတော့ မကောင်းပါဘူး။ အလုပ်ပျက်၊ အကိုင်ပျက်နဲ့ စားဝတ်နေရေးတွေလည်း အဆင်မပြေကြဘူး။ အဖမ်းခံရတဲ့ မိန်းကလေး နှစ်ယောက်ရဲ့ မိဘတွေဆို တော်တော်လေး စိတ်ပူနေကြရတယ်။ ရင်တမမနဲ့ပဲ သူတို့ကလေးတွေ ပြန်လာတာကို စောင့်နေကြ ရတယ်လို့ လောင်လွင်ကျေးရွာခံ ဒေါ်မရစ်ဂျာဆိုင်းမှ ပြောကြားခဲ့ပါတယ်။

OIC ထိပ်သီး အစည်းအဝေး တွင် ရခိုင်ပြည်နယ်ပဋိပက္ခ ဆွေးနွေးမည်

Posted by drmyochit Thursday, August 02, 2012, under | No comments

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားတဲ့ ရခိုင်  ဗုဒ္ဓဘာသာဝင်များနဲ့ ရိုဟင်ဂျာ  မွတ်စလင် ဘာသာဝင်များကြား  အကြမ်းဖက်မှုတွေကို  ဆော်ဒီအာရေး
ဗီးယားနိုင်ငံ မက္ကာမြို့ မှာ သြဂုတ်လအတွင်း ကျင်းပမဲ့ OIC ခေါ် အစ္စလာမ် ဘာသာဝင်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေး
မှာ ဆွေးနွေး သွားမယ်လို့ အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါက ပြောဆိုလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ အနေနဲ့ လူမျိုးရေးကိုဖြစ်စေ၊ ဘာသာရေးကိုဖြစ်စေ တခြားဘာအကြောင်းကိုပဲ ဖြစ်စေ အခြေခံပြီး ခွဲခြားဆက်ဆံမှုကို ဆန့်ကျင်ကြောင်း ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေနဲ့ ပတ်သက်
လို့လည်း မိမိတို့ရဲ့ ရပ်တည်ချက်ဟာ တစ်သဘောတည်းရှိကြောင်း သူက သတင်းထောက်တွေကို ပြောပါတယ်။ ဒါ့အပြင် အင်ဒိုနီးရှားနိုင်ငံဟာ ၂၀၁၀ ခုနှစ်တုန်းက ဘင်္ဂလားဒေ့ရှ်နဲ့
မြန်မာနိုင်ငံတို့ကို အထူး သံကိုယ်စားလှယ် စေလွှတ်ပြီး ရခိုင်ပြည်နယ်ရှိ ပဋိပက္ခနဲ့ ပတ်သက်လို့  စုံစမ်းလေ့လာခဲ့ကြောင်း၊ မိမိတို့ ဟာ ဒီကိစ္စနဲ့
ပတ်သက်ပြီး မြန်မာနိုင်ငံနဲ့ တစ်နိုင်ငံချင်း အနေနဲ့လည်းကောင်း၊ နိုင်ငံ
အများနဲ့ သော်လည်းကောင်း ဆွေးနွေးခဲ့ကြောင်းနဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ အရေးကိစ္စနဲ့ ပတ်သက်ပြီး ဂရုမစိုက်ဘူး ဆိုတာ မဟုတ်ပါကြောင်း စသဖြင့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက
ပြောဆိုတယ်လို့ ဇူလိုင် ၃၁ ရက်နေ့စွဲနဲ့ အင်ဒိုနီးရှားနိုင်ငံထုတ် The Jakarta Post သတင်းစာမှာ ဖော်ပြထားပါတယ်။


ဘာသာခြားတွေကို တော့ ရစရာ မရှိအောင် လူ့အခွင့်အရေး၊ ဘာသာရေးလွတ်လပ်ခွင့် နှိပ်ကွပ်ထား၊ လူမျိုးတုန်းသတ်

Posted by drmyochit Thursday, August 02, 2012, under | No comments


မွတ်ဆလင်တွေက သူတို့ ဖြစ်ချင်တာတွေ စိတ်ကူးယဉ်နေတာလဲ မဟုတ်ပါဘူး။
လက်တွေ့ မွတ်ဆလင်တွေ islamization လုပ်နေတာ ဘယ်လောက်ပေါက်မြောက်အောင်မြင်ေ
နသလဲ၊ဘယ်ဘာသာတွေကို ရစရာမရှိအောင် နာလန်မထူနိုင်အောင် ဖျက်ဆီးပြီးပြီလဲ

မွတ်ဆလင်တွေ ဘယ်နိုင်ငံတွေကို islamized လုပ်ခဲ့ပြီးပြီလဲဘယ်နိုင်ငံတွေကို islamize လုပ်ဖို့ ကျန်နေသေးသလဲကျန်နေသေးတဲ့ မြန်မာ၊ ထိုင်း အပါအ၀င် ဘယ်နိုင်ငံတွေကို မွတ်ဆလင်တွေ
ဘယ်လိုပရိယာယ်တွေနဲ့ဘယ်လို ခေါင်းစဉ်တွေ အောက်မှာ မွတ်ဆလင်တွေ အလုံးအရင်းလိုက် သွင်းနေပြီး
ဗလီတွေ ဘယ်လောက်တောင်ဆောက်နေကြသလဲ၊တခြားမကြည့်ပါနဲ့အမေရိကန်၊ တရုတ်၊ အင်္ဂလန်၊ အိန္ဒိယ ၄ နိုင်ငံမှာ ဆောက်ထားတဲ့ဗလီအရေအတွက်ကို ပဲတွက်ကြည့်လိုက်ပါ။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်