Friday, August 03, 2012

မြန်မာစစ်တပ်ကို အိန္ဒိယ ကူမည်

Posted by drmyochit Friday, August 03, 2012, under | No comments



ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗုဒ္ဓဂယာရှိ မဟာဗောဓိ ကျာင်းသို့ သွားရောက်စဉ် (ဓာတ်ပုံ- Getty Images)
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အိန္ဒိယသို့ ရောက်နေစဉ် အိန္ဒိယအစိုးရက အိမ်နီးချင်းမြန်မာနိုင်ငံကို စစ်ရေးအရ ကူညီမှုများ တိုးမြှင့်ပေးအပ်ရန်ဆုံးဖြတ်လိုက်သည်။
“မဟာဗျူဟာကျသော လှုပ်ရှားမှုတရပ်အဖြစ် မြန်မာစစ်တပ်ကို သင်တန်းများတိုးမြှင့်ပေးရန်နှင့် လက်နက်မဟုတ်သော စစ်သုံးပစ္စည်းများပေးအပ်ရန် အိန္ဒိယက ဆုံးဖြတ်လိုက်သည်” ဟု အိန္ဒိယသတင်းစာ ဟင်ဒူစတန်တိုင်းမ် ရေးသား ထားသည်။
မြန်မာစစ်တပ်တွင် အသုံးပြုရန်အတွက် တောတွင်းသုံး မြေထိုး၊ မြေကော်စက်များနှင့် အခြားအသုံးအဆောင်များကိုလည်း ပေးအပ်မည်ဟု ဆိုသည်။
အိန္ဒိယအနေဖြင့် နှစ်နိုင်ငံ နယ်စပ်ဒေသရှိ အိန္ဒိယခွဲထွက်ရေးသူပုန်အဖွဲ့များကို အပြီးတိုင် ခြေမှုန်းလိုနေရာ နယ်စပ်ဒေ သလုံခြုံရေးအတွက် နှစ်နိုင်ငံပူးပေါင်းလုပ်ဆောင်ရေးကို တိုးမြှင့်လိုကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။
အိန္ဒိယ အရှေ့မြောက်နယ်စပ် အာသံနှင့် မဏီပူရ် ပြည်နယ်များရှိ သူပုန်များ မြန်မာနယ်အတွင်း အခြေစိုက်ကြသည်ဟု အိန္ဒိ ယဘက်မှ ယုံကြည်နေသည်။
ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ သြဂုတ်လ ၁ ရက်နေ့ ညနေကရောက်ရှိနေရာ ၄င်း၏ တ ပတ်ကြာခရီးစဉ်အတွင်း အိန္ဒိယ ကာကွယ်ရေးဝန်ကြီး၊ အိန္ဒိယ ကြည်း၊ ရေ၊ လေ တပ်မှ ဦးစီးချုပ်များနှင့် တွေ့ဆုံမည်ဟု သိ ရသည်။
သူ၏ခရီးစဉ်သည် အစိုးရသစ်လက်ထက် ကာကွယ်ရေးဦးစီးချုပ်၏ ပထမဆုံးသော အိန္ဒိယခရီးစဉ်ဖြစ်သည်။
၎င်းသည် ယမန်နေ့က ဗုဒ္ဓဂယာသို့ သွားရောက်ခဲ့ပြီး ယနေ့တွင် နယူးဒေလီမြို့ရှိ အိန္ဒိယအာဇာနည်များ အထိမ်းအမှတ် မှတ်တိုင် India Gate တွင် ပန်းခွေချ ဂါရ၀ပြုခဲ့သည်။
၎င်းသည် ကာလ်ကတ္တားမြို့နှင့် ဗီဆက်ခပက်နမ် မြို့များရှိ အိန္ဒိယအရှေ့ပိုင်းဆိုင်ရာ ကြည်းတပ် ဦးစီးဌာန၊  ရေ တပ်ဦးစီးဌာနများသို့ သွားရောက်မည်ဖြစ်သည်။
ထို့အပြင် ဘန်ဂလောမြို့ရှိ အိန္ဒိယ ကာကွယ်ရေးဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (DRDO) ၏ သုတေသန ဓာတ်ခွဲခန်းများသို့ သွားရောက်လေ့လာမည်ဟု သိရသည်။
အိန္ဒိယသည် ၁၉၉၀ မှစ၍ မြန်မာနိုင်ငံနှင့် စစ်ရေးအရဆက်ဆံရေးများကို တိုးမြှင့်လုပ်ဆောင်နေရာ နှစ်နိုင်ငံ ရေတပ်များ ပူးပေါင်းစစ်ရေးလေ့ကျင့်ခြင်း၊ နယ်စပ်ဒေသ လုံခြုံရေးအတွက် ၆ လတကြိမ် နယ်စပ်ဒေသများတွင် ဆွေးနွေးပြောဆိုခြင်း၊ တောတွင်း ပြောက်ကျား စစ်ဆင်ရေးအတွက် မြန်မာစစ်သည်များကို ခေါ်ယူသင်တန်းပေးခြင်း၊ တောတွင်း သွားလာရေးသုံး ယာဉ်များ၊ မြေထိုးမြေကော် စက်များ ပေးအပ်ခြင်း၊ စစ်ဆင်ရေးသုံး စက်ပစ္စည်းများနှင့် နည်းပညာသုံးပစ္စည်းများ ပေးအပ်ခြင်း၊ ထူးချွန် မြန်မာစစ်သည်များအား အိန္ဒိယသို့ခေါ်ယူ၍ သတင်းနှင့်နည်းပညာ သင်တန်းများ သင်ကြားပို့ချပေးခြင်းများ ရှိသည်။

ကင်တင်းနား ရောက်နေချိန် ရန်ကုန်မြို့ UNHCR ရုံးရှေ့တွင် သမ္မတကြီး ဦးသိန်းစိန် ကို ထောက်ခံကြောင်း ဆန္ဒပြ

Posted by drmyochit Friday, August 03, 2012, under | No comments



UNHCR မဟာမင်းကြီးပြောကြားသော ရိုဟင်ဂျာများနှင့်မြန်မာပြည်သူများအတူယှဉ်တွဲနေထိုင်မည့်အရေးကို ကန့်ကွက် သည့်အနေဖြင့် ယနေ့ သြဂုတ် ၃ ရက်တွင် နာရီဝက်ကြ
ာဆန္ဒပြမှုကို ရန်ကုန်ရှိ UNHCR ရုံးရှေ့တွင် ပြုလုပ်ခဲ့သည်။
လူ ၁၅ ဦးခန့်ရှိသော အဆိုပါ ဆန္ဒပြမှုကို နေ့လည် ၁ နာရီတွင်စတင်ခဲ့ပြီး နာရီဝက်အကြာတွင် စမ်းချောင်းရဲစခန်းမှူးက လာရောက်၍လူစုခွဲရန်ပြောဆိုခဲ့ကြောင်းသိရသည်။အဆိုပါဆန္ဒဖော်ထုတ်ရန် သက်ဆိုင်ရာသို့စာတင်ပြတောင်းဆိုခဲ့ပြီး သတ် မှတ်ရက်မရောက်မှီ တစ်ရက်အလိုတွင် ဆန္ဒထုတ်ဖော်ခြင်းဖြစ်သည်။





ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ရခိုင်သို့ ရောက်ရှိ

Posted by drmyochit Friday, August 03, 2012, under | No comments


From:TheVoice

ဆူပူ အကြမ်းဖက်မှုများဖြစ်ပွားခဲ့ခြင်းကြောင့် အရေးပေါ် အခြေအနေ ထုတ်ပြန်ထားရသည့် ရခိုင်ပြည်နယ် စစ်တွေ လေဆိပ်သို့် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ယနေ့ နံနက် ၈ နာရီခန့်တွင် ရောက်ရှိလာကြောင်း ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေးဌာနမှ ဥက္ကဋ္ဌ ဦးဦးလှသိန်း က ပြောကြားသည်။

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် စစ်တွေမြို့မှ တစ်ဆင့် နံနက် ၉နာရီ ၃၀မိနစ်ခန့်တွင် ဘူသီးတောင်မြို့နှင့် မောင်တောမြို့သို့ ထွက်ခွါသွားပြီဖြစ်ကြောင်း၊ အဆိုပါ မြို့များမှ အပြန်တွင် မြောက်ဦးမြို့သို့ သွားရောက်မည်ဖြစ်ပြီး ယနေ့ ခရီးစဉ်ရပ်နားမည်ဖြစ်ကြောင်း၊ ဒုတိယ သမ္မတနှင့် အတူ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင် မင်း၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး အပါအ၀င် ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေး ၀န်ကြီးဌာန၊ နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ အကြီးတန်း အရာရှိများ ပါဝင်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေး ဌာနမှ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောကြားသည်။


ဘင်္ဂလီများ၏ လူမျိုးဝါးမျို ကျူးကျော်သိမ်းပိုက်ခြင်းကို တားဆီးနိုင်မည့် ဗျူဟာများလိုအပ်နေ (ပထမပိုင်း)

Posted by drmyochit Friday, August 03, 2012, under | No comments


နိဒါန်း
မေလနှင့် ဇွန်လ အတွင်းက ရခိုင်ပြည်တွင် ဖြစ်ပျက်ခဲ့သော စစ်သွေးကြွ ရိုဟင်ဂျာခေါ် ဘင်္ဂလားဒေ့ခ်ျမှ တရားမ၀င် ခိုးဝင်လာသည့် ဘင်္ဂလီများ ရခိုင်များကို အကြမ်းဖက်သတ်ဖြတ်ကာ ရွာများကို မီးတိုက် ဖျက်ဆီးခဲ့ခြင်းသည် သွေးရိုးသားရိုး မဟုတ်ကြောင်း အား လုံး  သိရှိပြီးဖြစ်ပါသည်။ လူ့အခွင်အရေး အရေခြုံပြီး ရခိုင်ပြည်ကို ကျုးကျော်သိမ်း ပိုက်ရန်ခေတ်သစ်လှုပ်ရှားမှုတစ်ခုဖြစ်သည်။
ပြည် တွင်း အခြေစိုက် အင်ဂျီအိုများ၊ ပြည်ပ အင်ဂျီအိုများ နှင့် ပြည်ပအခြေစိုက် ရိုဟင်ဂျာခေါ် ဘင်္ဂလီများ စနစ်တကျ လှုပ်ရှား နေကြခြင်းဖြစ်သည်။ AZG, UNHCR, WFT, အပါအ၀င် တခြား INGOs၊ NGOs အမှု့ထမ်းများကို ထိုကိစ္စနှင့် ပတ်သက်ပြီး ဖမ်းဆီး စစ်ဆေး၊ တရားခွင်တင်ထားပြီး ဖြစ်ပါသည်။ သို့ရာတွင် အမျိုးသားလုံခြုံရေးကို ထိပါး စိန်ခေါ်နေသည့် ထိုအကြမ်းဖက် သမားများနှင့် သီးခြားရိုဟင်ဂျာ နိုင်ငံ ထူထောင်ရန်ကြိုးစားနေခြင်းကို ကာကွယ်တားဆီးရန်မှာ ဤမျှနှင့် မလုံလောက်သေးပေ။ အစိုးရအနေဖြင့် တိကျခိုင်မာသည့် (proactive strategy) ဗျူဟာများချမှတ် လုပ်ဆောင်ရန် လိုအပ်ပေသည်။ ရခိုင်အဖွဲ့အစည်းများ ပြည်သူများ ညီ၏ညွတ်စွာ စနစ်တကျလုပ်ဆောင် ကာကွယ်ရန် လိုအပ်ပေသည်။


အမျိုးသားထောက်လှမ်းရေးအဖွဲ့ဝင်များကို ပင်စင်ပေးနိုင်/မနိုင် လွှတ်တော်မှာ မေး

Posted by drmyochit Friday, August 03, 2012, under | No comments

  
 http://myanmartharkaung.blogspot.com

 လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီးဖြစ်သော အရပ်ဝန်ထမ်းများ၏ တရားဝင်ခံစားခွင့်ရှိသည့် ပင်စင်နှင့် ဆုငွေ များကို ခံစားခွင့်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်းနှင့် ပတ်သက်ပြီး ဦးစိုးစိုး (ထီးချိုင့်)မှ မေးမြန်းရာ- ကျွန်တော်၏ ယခုမေးမြန်းတင်ပြချက်များ သည် ပုဂ္ဂိုလ်ရေးမပါရှိပါ စည်းလုံးညီညွတ်ခြင်းကို အဓိကထားပြီး မေးမြန်းတင်ပြခြင်းသာဖြစ်ပါ ကြောင်းကြိုတင်တင်ပြလိုပါတယ်။ မေးမြန်းလိုတဲ့အချက်ကတော့ နိုင်ငံ တော်သမ္မတကြီးက လွတ်ငြိမ်း ချမ်းသာခွင့် ပေးပြီးဖြစ်သော အမျိုးသားထောက်လှမ်းရေးတပ်ဖွဲ့က တပ်ဖွဲ့ဝင်များ၊ ၎င်းတို့နှင့်အတူ တွဲဘက်တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ အရပ်ဘက်ဆိုင်ရာဝန်ထမ်းများရဲ့ ဘဝရပ်တည်မှုအတွက် တရား ဝင်ခံစားခွင့်ရှိသော ဆုငွေနှင့် ပင်စင်ကိစ္စရပ်များ ဖြစ်ပါ တယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံတော် ကာကွယ်ရေး နှင့်လုံခြုံရေးကိစ္စရပ်များအတွက် ယခင်နိုင်ငံတော် ကောင်စီလက် ထက် တွင် အမျိုးသား ထောက်လှမ်းရေးဥပဒေကို ၁၉၈၃ ခုနှစ် ပြည်သူ့လွှတ်တော် ဥပဒေ ပုဒ်မ ၁၀ ဖြင့် အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့တယ်လို့ သိရှိ ရပါတယ်။ ယင်းသို့ ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များကို ကြိုးပမ်း ထမ်းဆောင်ခဲ့ ကြတဲ့အတွက် နိုင်ငံတော်နှင့်မိဘ ပြည်သူများအပေါ် ကျရောက်လာမယ့် အန္တရာယ် ဆိုးကြီးတွေက လွတ်မြောက်ခဲ့ကြတဲ့ သာဓကတွေ ရှိခဲ့ကြတယ်ဆိုတာ ဘယ်သူကမှ ငြင်းလို့မရတဲ့အချက်ပဲ ဖြစ်ပါတယ်။

ဘင်္ဂါလီအရေး UNHCR ရုံးရှေ့မာ ဆန္ဒပြ (ဓါတ်ပုံ)

Posted by drmyochit Friday, August 03, 2012, under | No comments


 

ရိုဟင်ဂျာများ အကာအကွယ်အတွက် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ကို တိုက်တွန်း

Posted by drmyochit Friday, August 03, 2012, under | No comments


 From-
မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်စလင်များကို အကာအကွယ်ပေးရန် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံလုံးသို့ အမေရိကန်နိုင်ငံ ၀ါရှင် တန် အခြေစိုက် အစ္စလမ် အဖွဲ့တဖွဲ့ဖြစ်သော Council on American-Islamic Relations (CAIR) အဖွဲ့က စာရေး သားပေးပို့၍ တိုက်တွန်း လိုက် သည်။ လုံခြုံရေး တပ်ဖွဲ့ဝင်များက ကျူးလွန်နေသော လူ့အခွင့်အရေး ချိုးဖောက်မှုများ အဆုံးသတ်ရန်၊ နိုင်ငံ တကာမှ အကူ အညီ ပေးရေးအဖွဲ့များနှင့် စောင့်ကြည့်လေ့လာသူများကို ခွင့်ပြုရန် တိုက်တွန်း ထားသော စာကို မြန်မာ သမ္မတ ဦးသိန်းစိန်သို့ လည်းကောင်း၊ မြန်မာနိုင်ငံဘက်မှ ထွက်ပြေးလာသူများကို လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ ပေးရန်စာကို ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာ သို့ လည်းကောင်း ပေးပို့ကြောင်း သိရသည်။

နယ်စပ်ရေးရာ ဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေး စစ်တွေ သွားရောက်

Posted by drmyochit Friday, August 03, 2012, under | No comments



(နေပြည်တော်   သြဂုတ်  ၂)
နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် မြန်မာ့စက်မှု ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေး၊ ပြည်နယ် ဝန်ကြီးချုပ်  ဦးလှမောင်တင်၊ အနောက် ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်မှူးချုပ်ကိုကိုနိုင်၊ ဒုတိယ ဝန်ကြီးများ ဖြစ်ကြသော ဗိုလ်မှူးချုပ် ကျော်ဇံမြင့်၊ ဦးဘုန်းဆွေ နှင့်  ဦးကျော်ကျော်ဝင်း၊ မြန်မာ နိုင်ငံ ဆိုင်ရာ နိုင်ငံခြား သံရုံးများမှ  သံအမတ်ကြီး များနှင့် သံတမန်များ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အ စည်းများမှ အကြီးအကဲများ နှင့်တာ ဝန်ရှိသူများ၊ မြန်မာ နိုင်ငံလုံး ဆိုင်ရာ အစ္စလာမ် အဖွဲ့ချုပ်မှ တာဝန် ရှိသူများ နှင့် ဘာသာရေး ခေါင်းဆောင်များ၊ ဌာန ဆိုင်ရာ အကြီးအကဲ များသည် ရခိုင်ပြည် နယ် စစ်တွေမြို့၌ ဖြစ်ပွားခဲ့သည့် ပကတိ အခြေအနေမှန် များအား သြဂုတ် ၁ ရက် နံနက် ၈ နာရီက စစ်တွေမြို့ ပတ်ဝန်းကျင် တစ်လျှောက် သွားရောက် ကြည့်ရှု လေ့လာ ခဲ့ကြသည်။

ရှေးဦးစွာ စစ်တွေမြို့နယ် ဘောဒူဖ ကျေးရွာ ကယ်ဆယ်ရေး စခန်း၌ တာဝန်ခံများ နှင့်တွေ့ဆုံ၍ နိုင်ငံတော် အစိုးရက လတ်တလော ဆောင်ရွက် ပေးလျက်ရှိသည့် နယ်မြေ တည်ငြိမ် အေးချမ်း သာယာရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဆိုင်ရာများ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း များနှင့် နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်း များမှ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီများ ထောက်ပံ့ပေး အပ်မှု အခြေအနေများ   ရှင်းလင်း ပြော ကြားသည်။

ဆက်လက်၍ ရခိုင်ပြည်နယ် ဝန်ကြီး ချုပ်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးတို့က ဘောဒူဖ ကျေးရွာ ကယ်ဆယ်ရေး စခန်း၌ စားနပ် ရိက္ခာ များ ထောက်ပံ့ ပေးနေမှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ မိသားစု နေထိုင် နိုင်သည့် ယာယီ တဲများ ဆောက်လုပ် ပြီးစီးမှုနှင့် ပြည်တွင်း ပြည်ပ အကူအညီ အထောက် အပံ့များ ခွဲဝေဖြန့်ဖြူးမှု အခြေ အနေများ ကို ရှင်းလင်း ပြောကြားသည်။

သမ္မတနှင့် ရှမ်းခေါင်းဆောင် ခွန်ထွန်းဦး တွေ့ဆုံမည်

Posted by drmyochit Friday, August 03, 2012, under | No comments



ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ) ရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ခွန်ထွန်းဦးနဲ့ စိုင်းညွန့်လွင်တို့ အခု ရက်ပိုင်းမှာ နိုင်ငံတော် သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံဖို့ ရှိပြီး အဓိက အချက် သုံးချက်ကို တင်ပြတောင်းဆိုသွားမယ်လို့ ပါတီပြောခွင့် ရသူ ဦးစိုင်းလိတ်က ပြောပါတယ်။
အစောပိုင်းက ပြီးခဲ့တဲ့ အင်္ဂါနေ့က တွေ့ဆုံဖို့စီစဉ်ခဲ့ပေမယ့် သမ္မတက  မအားလပ်တဲ့အတွက် အစီအစဉ်ကိုဖျက်ခဲ့ရပါတယ်။ အခု ရုံးပိတ်ရက်တွေမှာ တွေ့ဖို့ရှိတယ်လို့လည်း (အက်စ်အန်အယ်လ်ဒီ) ဖေ့ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
 ဦးခွန်ထွန်းဦးတို့ဟာ သမ္မတနဲ့ တွေ့ဆုံတဲ့အခါ အဓိက အချက် ၃ ချက်ကို ဆွေးနွေးသွားမယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။ 

“နိုင်ငံရပ်ခြားကိုရောက်နေတဲ့ တိုင်းရင်းသားတွေ ပြည်တွင်းကို လွတ်လွတ်လပ်လပ် ၀င်ရောက်ခွင့်ပြုပြီးတော့မှ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းလုပ်တဲ့အခါ လွယ်လွယ်ကူကူလုပ်နိုင်ဖို့။ နိုင်ငံသားမဟုတ်တဲ့သူတွေက သန်းခေါင်စာရင်းမှာပါပြီးတော့မှ တိုင်းရင်းသားစစ်စစ်တွေက သန်းခေါင်စာရင်းမှာမပါဘဲ ကျန်နေခဲ့ရင် နိုင်ငံအတွက်ရော၊ တိုင်းရင်းသားတွေအတွက်ရော အရမ်းနစ်နာတယ်။ ဒါကြောင့် ပြန်ဝင်လာပြီး မှတ်ပုံတင်လုပ်ဖို့ပဲဖြစ်ဖြစ်၊ သန်းခေါင်စာရင်းမှာ နာမည်စာရင်း ပေးသွင်းရင်ပဲဖြစ်ဖြစ် လွယ်လွယ်ကူကူနဲ့ သက်သက်သာသာ ဆောင်ရွက်ပေးနိုင်ဖို့” ကို ပထမအချက်အနေဲ့ ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

စီးပွားရေးပြုပြင်ပြောင်းလဲမှု အလုပ်ရုံဆွေးနွေးပွဲ သမ္မတ ဦးဆောင်ကျင်းပမည်

Posted by drmyochit Friday, August 03, 2012, under | No comments


From:ခေတ်လူငယ်

စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်ရန် အမျိုးသားအဆင့် တွေ့ဆုံဆွေးနွေးပွဲကို နိုင်ငံတော် သမ္မတ ဦးစီး၍ နေပြည်တော်၌ ကျင်းပရန် စီစဉ်ထားကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြောကြားသည်။ ယင်းအစည်းအဝေးပွဲ ကျင်းပနိုင်ရန် အတွက် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူလူထု၏ တင်ပြချက် အကြံဥာဏ်များကို ရယူနိုင်ရန် ကဏ္ဍအလိုက် တာဝန်ယူထားသည့် ဝန်ကြီးများက ပြည်နယ်နှင့် တိုင်းဒေသကြီး (၁၄) ခုတွင် တွေ့ဆုံပွဲများ ကျင်းပရန် စီစဉ်ထားသည်။ ယင်းတွေ့ဆုံပွဲများမှ ရရှိလာသည့် ရလဒ်ကို နေပြည်တော် တွေ့ဆုံပွဲတွင် ထပ်မံ ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ “ပြည်သူတွေရဲ့ အသံ၊ ပြည်သူတွေရဲ့ ထင်မြင်ချက်တွေရဖို့ သမ္မတကြီးက ဝန်ကြီးတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အနှံ့သွားဖို့ လမ်းညွှန်ထားခဲ့တယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ဆိုသည်။ လက်ရှိ နိုင်ငံတော်အစိုးရကို လွှတ်တော်၊ မီဒီယာ၊ ပညာရှင်များ၊ ပြည်ပမှ ရောက်ရှိလာသည့် အဖွဲ့များ စသဖြင့် အဖွဲ့အစည်း အသီးသီးမှ အကြံပြုချက်များ ပေးလျက်ရှိသည်။ ယင်းအကြံပြုချက်များကို အကောင်အထည်ဖော်ဖို့ရာတွင် ငါးပွက်ရာ ငါးစာချသကဲ့သို့ ဖြစ်မည်ကို စိုးရိမ်နေသည်။ ယင်းကြောင့် ယခုကဲ့သို့ အခြေအနေမှန်ကို သိရှိရန် တွေ့ဆုံပွဲများ ပြုလုပ်ရခြင်း ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ် ၂ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

တရုတ် နိုင်ငံ အနောက် တောင်ပိုင်းတွင် ပေါက်ကွဲမှု ဖြစ်ပွား ၁ ဦးသေဆုံး ၂၅ ဦး ဒဏ်ရာရရှိ

Posted by drmyochit Friday, August 03, 2012, under | No comments



(ချန်ဒူး သြဂုတ် ၂)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ် ပြည်နယ်ရှိ အဆောက် အအုံ တစ်ခုတွင် သြဂုတ် ၂ ရက် ဒေသ စံတော်ချိန် မွန်းလွဲ ၂ နာရီ မိနစ် ရုံးတစ်ရုံး၏မြေအောက် ခန်းတွင်ပေါက်ကွဲ ခဲ့ခြင်း ဖြစ်သည်။ ပေါက်ကွဲမှု ကြောင့် ပထမဆုံး ထပ်မှာ ဆိုးရွားစွာ ပျက်စီးခဲ့ပြီး လေးထပ်မှ ရှစ်ထပ်အထိ ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။
ထိုသို့ ပေါက်ကွဲမှု ကြောင့် အနည်းဆုံး လူတစ်ဦး သေဆုံး ခဲ့ပြီး ၂၅ ဦး ဒဏ်ရာ ရရှိခဲ့ ကြောင်း သိရသည်။ အခင်း ဖြစ်ပွားရာသို့ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် အတွက် မီးသတ် သမား များနှင့် ရဲဝန် ထမ်းများ စေလွှတ် ထားကြောင်း သိရသည်။   

ဝါဆိုလပြည့်နေ့ ရွှေတိဂုံစေတီတော်သို့ ဘုရားဖူး သုံးသိန်းခန့် ဖူးမြော်

Posted by drmyochit Friday, August 03, 2012, under | No comments


ရန်ကုန် (မဇ္ဈိမ) ။       ။ မြန်မာ သက္ကရဇ် ၁၃၇၄ ခုနှစ်၊ ဒုတိယ ဝါဆိုလပြည့်နေ့ဖြစ်သော သြဂုတ်လ ၂ ရက်နေ့တွင်ရွှေတိဂုံ စေတီတော်သို့ ဘုရားဖူး သုံးသိန်း ဝန်းကျင် တက်ရောက် ဖူးမျှော်ကြည်ညိုခဲ့ကြရာ ပုံမှန်ထက် ၁ဝ ဆ နီးပါး တက်ရောက် မှုရှိကြောင်းရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့မှတာဝန်ရှိသူများကပြောသည်။
“ပုံမှန်ဆိုရင်တော့ ရွှေတိဂုံစေတီတော်ကို တရက်ကို ဘုရားဖူး နှစ်သောင်းခွဲကနေ သုံးသောင်းကျော်အထိ လာဖူးတာ ရှိပါတယ်၊ အခု ဒီနေ့ ဝါဆိုလပြည့်နေ့မှာ ဘုရားဖူး သုံးသိန်း ဝန်းကျင်လာဖူးပါတယ်။ ပုံမှန်ထက် ၁ဝ များတယ်လို့ပြောရမှာပေါ့” ဟု ဂေါပက ရုံးအဖွဲ့မှူး ဦးဝင်းကြိုင် က ပြောသည်။ နိုင်ငံခြားသား ဘုရားဖူး ဧည့်သည်များလည်း ယခုနှစ် ပိုမို လာရောက်ကြသည်ဟုဆိုသည်။


ဓမ္မစကြာ အခါတော်နေ့ နံနက် ၅ နာရီ၌ ဆွမ်းတော်ကြီး ကပ်လှူခြင်း၊ နံနက် ၆ နာရီ ၃ဝ မိနစ်တွင် ဘာသာရေး အသင်းအဖွဲ့များက ရွှေကြာသင်္ကန်း ကပ်လှူပွဲ၊ အခမ်းအနား အဆောင်အယောင်များဖြင့် ဘုရားတပတ် လှည့်လည် ပူ ဇော် ခဲ့ကြသည်။

ထို့နောက် အရှေ့ဘက်မုခ်ရှိ ကကုဿန် မြတ်စွာဘုရား၊ တောင်ဘက်မုခ်ရှိ ကောဏဂုံ မြတ်စွာဘုရား၊ အနောက်ဘက် မုခ်ရှိ က ဿပ မြတ်စွာဘုရား၊ မြောက်ဘက်မုခ်ရှိ ဂေါတမ မြတ်စွာဘုရား၊ အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင် ဘုရား တို့အား ရွှေသ င်္ကန်းကပ် လှူပူဇော်မှုပြုလုပ်ကြသည်။
“ဘာသာရေး အသင်းအဖွဲ့တွေ၊ လူမှုရေး အသင်းအဖွဲ့တွေကလည်း စတုဒီသာ လှူဒါန်းတာတို့၊ သောက်ရေသန့် ဗူးတွေ လှူဒါန်း တာတို့၊အဖွဲ့လိုက်ဓမ္မစကြရွတ်ဆိုတာတို့တွေလာလုပ်ကြတယ်”ဟုဦးဝင်းကြိုင်ကပြောသည်။

ထို့အပြင် နေ့လည် ၁ နာရီတွင် ရွှေတိဂုံ စေတီတော် သြဝါဒ ဆရာတော်မှ ဘုရားဖူးများအား ဓမ္မစကြာတရား ဟောကြားပေးသည့် အ ပြင် ရှေးဟောင်း ရုပ်ပွားတော် တန်ဆောင်း၌ ဂေါပကအဖွဲ့မှ ကြီးမှူးကာ ဓမ္မစကြာ အခါတော်နေ့ အခမ်းအနားနှင့် ဟောပြောပွဲတရပ် ကျင်းပပေးသည်။

ကုသိုလ်ဖြစ်အဖွဲ့အစည်း အကူအညီရပ်ဆိုင်းဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရ အမိန့်ချ

Posted by drmyochit Friday, August 03, 2012, under | No comments


မြန်မာနိုင်ငံဘက်က နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာတဲ့ Rohingya မူဆလင် ဒုက္ခသည်တွေကို ကူညီထောက်ပံ့နေတဲ့ နိုင်ငံတကာ ကုသိုလ်ဖြစ် အဖွဲ့အစည်း သုံးခုကို အကူအညီတွေ ရပ်ဆိုင်းဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက အမိန့်ချမှတ် လိုက်ပါ တယ်။

                                                                      AFP
၂၀၁၂ ခုနှစ် ဇွန်လ ၁၇ ရက်က ဘင်္ဂလားဒေ့ခ်ျနိုင်ငံ Teknaf ခရိုင်အတွင်းရှိ ရိုဟင်ဂျာ ဒုက္ခသည် နေအိမ်များကို တွေ့ရစဉ်။အဲဒီအဖွဲ့ တွေကတော့ ပြင်သစ်အခြေစိုက် MSF နယ်စည်းမခြား ဆရာဝန်များအဖွဲ့၊ ACF ခေါ် ငတ်မွတ်ခေါင်းပါးမှု ကယ် ဆယ်ရေးအဖွဲ့နဲ့ ဗြိတိန်အခြေစိုက် Muslim AID UK အဖွဲ့တို့ ဖြစ်ပါတယ်။
ဒီအဖွဲ့တွေဟာ မြန်မာနယ်စပ်အနီး Cox's Bazaar ခရိုင်တွင်းက ဒုက္ခသည်တွေကို အကူအညီ ပေးနေတာကို ဆိုင်းငံ့ဖို့ အစိုးရက ပြောတာလို့ ဒေသ အုပ်ချုပ်ရေးမှူး Joymul Bari က AFP သတင်းဌာနကို ပြောသွားပါတယ်။အကူအညီပေးရေး အဖွဲ့တွေဟာ စာ ရွက်စာတမ်း အထောက်အထားမရှိတဲ့ ရိုဟင်ဂျာ မူဆလင် ဒုက္ခသည်တွေကို တရား မ၀င် ပံ့ပိုးကူညီ ပေးနေကြတာ ဖြစ်တယ် လို့လည်း Mr. Bari ကပြောပါတယ်။

ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်စက်ရုံ(ချောက်) မီးလောင် (ဓါတ်ပုံ)

Posted by drmyochit Friday, August 03, 2012, under | No comments



Photo 


ထိုင်းနိုင်ငံ တောင်ပိုင်းအရေးနှင့် ပတ်သက်၍ လုံခြုံရေး ဆွေးနွေးပွဲအား ပြုလုပ်ခဲ့ခြင်း

Posted by drmyochit Friday, August 03, 2012, under | No comments


angkokpost.com;July-31(Tue)
ထိုင်းနိုင်ငံ တောင်ပိုင်းတွင် အကြမ်း ဖက်မှု များမြင့် တက်နေ ခြင်းနှင့် ပတ်သက်၍ ဆွေးနွေး ရန်အတွက် ထိုင်း ဝန်ကြီးချုပ် ရင်လပ် ရှင်နာ ဝပ်ထ ရာသည် ဇူလိုင် လ ၃၁ ရက်နေ့ နံနက် ပိုင်းက လုံခြုံ ရေးအ စည်းအဝေး တစ်ရပ် ခေါ်ယူ ခဲ့ကြောင်း သတင်း ထုတ်ပြန် ချက်များ အရ သိရှိရ ပါသည်။ အဆိုပါ အစည်း အဝေးသို့ တက်ရောက် ကြသူ များတွင် လုံခြုံရေး ဆိုင်ရာ တာဝန် ယူရသော ဒုတိယ ဝန်ကြီးချုပ် Yutthasak Sasiprapa ၊ တောင်ပိုင်း ဒေသကြီး ကြပ်ရေး အတွက် တာဝန် ပေးအပ် ထားသူ ဒုတိယ ဝန်ကြီးချုပ် Chalerm Yubamrung ၊ ထိုင်း တပ်မတော် ဒုတိယ အကြီး အကဲ Daopong  Rattanasuban နှင့် အမျိုးသား လုံခြုံရေး ကောင်စီ အကြီး အကဲ Wichean Potephosree   တို့ပါ ဝင်ပြီး အစည်း အဝေးတွင်  တောင်ပိုင်း ဒေသ လုံခြုံရေး အကြီး အကဲ မစ္စတာ Chalerm  က ဦးဆောင် ဆွေးနွေး ခဲ့ကြောင်း သိရှိ ရပါသည်။

အတိုက် အခံ များသည် တောင်ပိုင်း အခြေ အနေနှင့် ပတ်သက်၍ အခြေ အတင် ဆွေးနွေးရန် အောက် လွှတ် တော်သို့ အဆို တင်သွင်း မှုပြု လုပ်မည် ဖြစ်ကြောင်း ဒီမို ကရက် ပါတီ အမတ် Jurin Laksanavisit  က ပြောကြား ခဲ့ပါသည်။ ထိုင်း နိုင်ငံ တောင်ပိုင်း အခြေ အနေမှာ တစ်နေ့ ထက်တစ် နေ့ဆိုး ရွားလာ ခဲ့ကြောင်း၊ ဇူလိုင်လ တစ်လ တည်းတွင် ဖြစ်စဉ် ၈ဝ ခု ဖြစ်ပွား ခဲ့ပြီး အစိုးရ အမှုထမ်း ၁၅ ဦး၊ အရပ်သား ၃၁ ဦးနှင့် စစ်သွေးကြွ ၁ ဦး၊ စုစု ပေါင်း ၄၇ ဦး သေဆုံး ခဲ့ကြောင်း မစ္စတာ Chalerm  က ပြောကြား ခဲ့ပါသည်။ တောင်ပိုင်း အခြေ အနေမှာ ဆိုးရွား လျက်ရှိ သော်လည်း ဝန်ကြီး ချုပ်သည် ၄င်း ဒေသသို့ တစ်ကြိမ် တစ်ခါမျှ သွားရောက် ခဲ့ခြင်း မရှိကြောင်း အတိုက် အခံ အမတ်  Jurin  က  စွပ်စွဲ ပြောကြား ခဲ့ကြောင်း လည်း သိရှိရ ပါသည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်