Saturday, August 04, 2012

အင်ဒိုနီးရှား မွတ်စလင်တွေ NLD ကို လာဆက်သွယ်

Posted by drmyochit Saturday, August 04, 2012, under | No comments



Photo: ယနေ့ Indonesia အခြေစိုက် တစ်ဖွဲ့ကလည်း အဘဦးဝင်းတင် ထံ ကြေငှာချက် တစ်စောင် ပေးအပ်ခဲ့သွားပါတယ်
ယနေ့ Indonesia အခြေစိုက် တစ်ဖွဲ့ကလည်း အဘဦးဝင်းတင် ထံ ကြေငှာချက် တစ်စောင် ပေးအပ်ခဲ့သွားပါတယ်

ဦးစိုးမြင့်၊ ချိုလေးမာ၊ မောင်ခင်ထွေးတို့နဲ့ မစ္စတာ ကင်တေးနား၊ ဘူးသီးတောင်က ဆန္ဒဖေါ်ထုတ်မူ

Posted by drmyochit Saturday, August 04, 2012, under | No comments



ယမန်နေ့က  (သြဂတ်စ်လ ၁ရက်နေ့) ဘူးသီးတောင်ကို လာရောက်ခဲ့တဲ့  မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ် ကင်တေးနားဟာ ဘူးသီးတောင်ထောင်ထဲက ယူအန် ၀န်ထမ်း (၃) ဦး အပါအ၀င် ရှေ့နေတွေ၊ သူ့မိသားစုတွေနဲ့ တွေ့ဆုံသွားခဲ့တယ်လို့ သိရပါတယ်။

သူဟာ နံနက် (၉) နာရီခန့်မှာ ရဟတ်ယာဉ်တွေနဲ့ အတူ စစ်တွေကနေ ဘူးသီးတောင်ကို ရောက်ရှိလာပြီး ရောက်တာနဲ့ ချက်ချင်း ဘူးသီးတောင်ထောင်ကို သွားရောက်ခဲ့ပြီး ယူအန် ၀န်ထမ်း မွတ်ဆလင် သုံးဦးဖြစ်ကြတဲ့ ဦးစိုးမြင့်၊ မချိုလေးမာနဲ့ မောင်ခင်ထွေးတို့နဲ့ တွေ့ဆုံခဲ့တယ်လို့ အမည်မဖေါ်လိုသူ ထောင်အရာရှိကြီး တစ်ဦးက နိရဉ္စရာကို ပြောပါတယ်။
“ တွေ့တာက ၉ နာရီကနေ ၁၁ နာရီခွဲထိ တွေ့ပါတယ်။ သူတို့နဲ့ သီးသန့်ဘဲ တွေ့ကြတာပါ”  လို့ဆိုပါတယ်။
ဖမ်းဆီးခံထားရတဲ့ ယူအန် ၀န်ထမ်း (၃) ဦးဟာ တခြား အန်ဂျီအို ၀န်ထမ်း ၆ ဦးနဲ့ အတူ မောင်တောမှာ ဖြစ်ပေါ်ခဲ့တဲ့ ဆူပူ အကြမ်းဖက်မူ အတွင်း ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
“ သူတို့ကို  အိမ်တွေ မီးရှို့မူ၊ ဆူပူဖြစ်အောင် စာရွက်စာတန်းတွေ ဖြန့်ဝေမူတွေနဲ့ ဖမ်းဆီးခဲ့တာ ဖြစ်တယ်” လို့ အစိုးရ တာဝန်ရှိသူတွေက ထုတ်ဖေါ် ပြောကြားပါတယ်။

အစိုးရနှင့် KIO တွေ့ဆုံရန် နေရာညှိနှိုင်းလို့မရသေး

Posted by drmyochit Saturday, August 04, 2012, under | No comments

lanan kio 3011
 မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)ကြား  ငြိမ်းချမ်းရေးအတွက် ပြန်လည်တွေ့ဆုံဆွေးနွေးဖို့ နေရာရွေး ချယ်ရာတွင် ခက်ခဲမှုကြောင့် မတွေ့ဆုံနိုင်သေးကြောင်း KIO ဒု-အထွေထွေအတွင်းရေးမှူး-၂ ဦးလာနန် ပြောသည်။
တွေ့ဆုံ မည့်နေရာကို KIO ဖက်မှလည်း တရုတ်ပြည်၊ ယူနန်ပြည်နယ် ရွှေလီမြို့တွင် တွေ့ဆုံရန်ကမ်းလှမ်းထားပြီး အစိုးရဖက်မှလည်း ၄င်းတို့အုပ်ချုပ်သည့်နယ်မြေတွင် တွေ့ဆုံရန်ပြောဆိုခဲ့ခြင်းကြောင့် နှစ်ဖက်ညှိနှိုင်းမှုမအောင်မြင်သေးပဲ နေရာမသတ်မှတ်နိုင်သေးခြင်းဖြစ်ကြောင်း ဦးလာနန် ပြောသည်။“ကျွန်တော်တို့ပြောထားတဲ့ နေရာ သူတို့ဘက်က ဖြစ်နိုင်တယ်ဆိုရင် အချိန်ပြန်သတ်မှတ်ပြီး ဆွေးနွေးနိုင်တယ်။ သူတို့ပြောတဲ့ ဗန်းမော်မှာလည်း ကျွန်တော်တို့လာဖို့ မသင့် ဘူး။ မူဆယ်မြို့မှာလည်း သွားဖို့ခက်တယ်။ ကျွန်တော်တို့ပြောတဲ့ ပရန်ငေါန် (Prang Ngawn) မှာလဲ သူတို့မလာ နိုင်ဘူးလေ။ အခုလည်း ကျွန်တော်တို့က မြန်မာအစိုးရတွေနဲ့ သူတို့နဲ့တွေ့မယ်ဆိုရင် အချိန်မရွေး တွေ့လို့ရ တယ်လို့ပြော ထားလို့ ကျွန်တော်တို့ နေရာတိုင်း သွားတွေ့တယ်။”နှစ်ဖက် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံညှိနှိုင်းနိုင်ဖို့ ပြဿနာတခုဖြစ်နေချိန် ၄င်းပြဿနာသည် တွေ့ဆုံဆွေးနွေးပြီး ဖြေရှင်းနိုင်သည်ဟုခံယူကာ KIO ဘက်မှတွေ့ ဆုံဖို့ဆွေးနွေးဖို့ တံခါးဖွင့်ထားခြင်းဖြစ်သည်ဟု ပြောသည်။“သို့သော်ဒီအတောအတွင်းမှာ မြန်မာအစိုးရ ထိန်းချုပ်နယ်မြေမှာ ကျွန်တော်တို့ KIO ကို ထိုးစစ်ဆင်နေတဲ့ မြို့ထဲ သူတို့တွေ့ဆုံဖို့ပြောတော့ KIO အနေနဲ့ သွားတွေ့ဖို့မဖြစ်နိုင်ဘူး။ KIOကို စစ်အင်အားသုံးပြီး အတင်းထိုးစစ်ဆင်နိုင်ဖို့ စစ်အင်အားတွေ ဖြည့်နေတယ်။ သူတို့ အစီအစဉ်နဲ့ရှိနေတဲ့နေရာ ဗန်းမြော်မို့မှာ ကျွန်တော်တို့ သွားတွေ့ဖို့ မဖြစ်နိုင်ဘူး။ မူဆယ်မြို့မှာလည်း မန္တလေးက တက်လာတဲ့ စစ်တပ် အားလုံးက မူဆယ်ကနေ ဖြတ်တယ်။ KIA တပ်မဟာ (၄)၊ တပ်မဟာ (၃) ထဲဝင်တယ်။ ဒါကြောင့်လက်မခံနိုင်ဘူး။”
ယခုချိန်တွင်လည်း KIO ထိန်းချုပ်နယ်မြေများတွင် မြန်မာအစိုးရစစ်တပ်မှ စစ်အင်အားများကို လျှို့ဝှက်ဖြည့် နေသောကြောင့် ညအချိန်တွင် လှုပ်ရှားရန်ညွှန်ကြားထားကြောင်းသိရသည်။နေ့ခင်းအချိန်တွင် အစိုးရစစ်တပ်ဖက်မှ အရပ်သားဝတ်စုံများဖြင့် လှုပ်ရှားသွားလာနေကြောင်း သိရသည်။ပြီးခဲ့သည့် ဇူလိုင်လအတွင်း ပစ်ခတ်တိုက်ခိုက်မှု အနည်းဆုံး ၉၆ တိုက်ခိုက်ပစ်ခတ်ခဲ့ကြောင်းသိရသည်။ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့အား ကချင်လွတ်မြောက်ရေးအဖွဲ့ KIO မှ တရုတ်ပြည်၊ ယူနန်ပြည်နယ် ရွှေလီမြို့တွင် ပြန်လည်တွေ့ဆုံဆွေးနွေးရန် KIO မှ ဇူလိုင် ၁၇ ရက်နေ့တွင် စာဖြင့် ကမ်းလှမ်းထားခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေး ကော်မတီဥက္ကဋ္ဌ ဦးဌေးဦးအား မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အစီရင်ခံစာတင်သွင်းသူ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် Mr.Tomas Ojea Quintana နှင့်အဖွဲ့ လာရောက်တွေ့ဆုံစဉ်

Posted by drmyochit Saturday, August 04, 2012, under | No comments


(ပြည်သူ့လွှတ်တော်  နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေး ကော်မတီဥက္ကဋ္ဌ ဦးဌေးဦးအား  မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ  အစီရင်ခံစာတင်သွင်းသူ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် Mr.Tomas Ojea Quintana နှင့်အဖွဲ့ လာရောက်တွေ့ဆုံစဉ်) 

အစ္စလာမ်ဘာသာရေး ခေါင်းဆောင်က မြန်မာကို ခြိမ်းခြောက်

Posted by drmyochit Saturday, August 04, 2012, under | No comments


      
ပစ်ဒဏ်ကျခံနေရတဲ့ ဘာသာရေးခေါင်းဆောင် အဘူဘာရှာ
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မွတ်စလင်တွေကို ဆက်လက် ဖိနှိပ်ရင် ဂျီဟတ် ဘာသာရေး စစ်ပွဲတိုက်ခိုက်မှုနဲ့ ရင်ဆိုင်ရနိုင် တယ်လို့ အင်ဒိုနီးရှား နိုင်ငံက ထောင်ကျနေတဲ့ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ အဘူ ဘာကာ ဘာရှာကခြိမ်းခြောက်လိုက်ပါတယ်။

ဒီလိုပြောကြားတဲ့စာကို သူ့နောက်လိုက်တွေရဲ့ အင်တာနက် စာမျက်နှာမှာ ကြေညာတဲ့အပြင် အင်ဒိုနီးရှားနိုင်ငံက မြန်မာ သံရုံးကိုလည်းသောကြာနေ့နေ့စွဲနဲ့စာရေးသားပေးပို့ခဲ့ပါတယ်။

အခုလို ခြိမ်းခြောက်မှုဟာ ဘယ်လောက် လက်တွေ့ကျသလဲဆိုတာနဲ့ ပတ်သက်လို့ ဘီဘီစီ အင်ဒိုနီးရှားဌာန အယ်ဒီတာ Liston Siregar ကတော့ အဘူ ဘာကာ ဟာ ဝါဒစွဲ ပြင်းထန်တဲ့ မွတ်စလင်တခိျု့ရဲ့ ခေါင်းဆောင်ဖြစ်ပြီး အခုအခါ ထောင်ကျ နေလို့ သူရဲ့ကွန်ယက်ဟာ အရင်ကလောက် ထိရောက်မှုမရှိကြောင်း လူငယ် မွတ်စလင်တွေ ကြားမှာတော့ စိတ်ဝင်စားမှု ရှိနိုင်ကြောင်း တကယ်တမ်း လက်တွေ့ တိုက်ခိုက်ဖို့ ဆိုတာ ပြည်ပမပြောနဲ့ အင်ဒိုနီးရှား ပြည်တွင်းမှာတောင် ဖြစ်နိုင် ပါ့မလားလို့လူအများကမေးခွန်းထုတ်နိုင်တယ်လို့ပြောပါတယ်။

အသက် ၇၄ နှစ်အရွယ် အဘူ ဘာကာဟာ အာချေးမှာရှိတဲ့ အကြမ်းဖက်အဖွဲ့ကို ကူညီထောက်ပံ့မှုနဲ့ ထောင်ဒဏ် ၁၅ နှစ် ကျခံနေရပါတယ်။မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အစ္စလမ် သာသနာ ရေးရာ ကောင်စီ အဖွဲ့ချုပ် တွဲဘက် အတွင်းရေးမှူးချုပ် ဦးဝဏ္ဏရွှေကတော့ အစ္စလမ် ဘာသာဝင်အများစုကတော့ အကြမ်းဖက်မှုကို ရှုံ့ချကြောင်း ဥပဒေ စိုးမိုးမှုသာ လိုလား ကြောင်း ပြည်တွင်းက အစ္စလာမ်တွေနဲ့ အခုထုတ်ပြန်ချက်တွေ ဘာမှ မပတ်သက်ကြောင်း ဘီဘီစီကို ပြောကြား သွားပါ တယ်။

မြန်မာ အနောက်ဘက် နယ်စပ်ကို ကွပ်ကဲရန် နစက ကွပ်ကဲရေးမှူး အသစ် ရောက်ပြီ

Posted by drmyochit Saturday, August 04, 2012, under | No comments


ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်ကို ကွပ်ကဲရန် အတွက် နစက ကွပ်ကဲရေးမှူး အသစ် တစ်ဦး ရောက်ရှိလာပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
ရောက်ရှိလာသည့် နစက ကွပ်ကဲရေးမှူး အသစ်မှာ  ဗိုလ်မှူးကြီး မောင်မောင်ဦး (ယာယီ)ဖြစ်ပြီး တောင်ကုတ်မြို့ ဇာတဖြစ်ကြောင်း ဆိုသည်။
“မနေ့က ၂ နာရီခွဲမှာ ရောက်ပါတယ်။ သူနဲ့အတူ သစ်တောရေးရာ ပြည်နယ် မန်နေဂျာလည်း ပါတယ်။ အခု အသစ် ရောက်လာတဲ့ နစက ကွပ်ကဲရေးမှူးက ရခိုင် လူမျိုးလို့ပြောပါတယ်။ ရခိုင်လူမျိုးလို့ပြောတဲ့ အတွက် ဒေသခံ ရခိုင်တွေကတော့ ၀မ်းသာကြပါတယ်” ဟု မောင်တောမြို့ခံတဦးက ပြောသည်။
ယခင်ရှိခဲ့သော နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကြီးအား တာဝန် ပေါ့လျော့မူနှင့် လာဒ်ပေး လာဒ်ယူမူများကြောင့် နေပြည်တော်သို့ ခေါ်ယူသွားပြီးနောက် အဆိုပါ တာဝန်ကို ထမ်းဆောင်ရန် ဗိုလ်မှူးကြီး မောင်မောင်ဦး ရောက်ရှိလာခြင်း  ဖြစ်သည်။
ရက်အတန်ငယ် လစ်လပ်နေခဲ့သည့်  မောင်တောမြို့ အခြေစိုက်သည့် နယ်စပ်ဒေသလုံခြုံရေးနှင့် ကွပ်ကဲ ရေးမှူး နေရာတွင် တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာသည့် ဗိုလ်မှူးချုပ် မောင်မောင်ဦးမှာ ယခင် နစကမှူးများ ပြောင်းရွှေ့လာပုံနှင့် မတူဘဲ ထူးခြားချက်များ ရှိနေသည်ဟု သိရသည်။
“အရင်က ဗမာပြည်မဘက်က အရာရှိတွေ မောင်တောကို ပြောင်းလာရင် ဘာပစ္စည်းမှ ပါမလာဘူး။ ဒီက ပြောင်းမှဘဲ ပစ္စည်းတွေ အပြည့် နဲ့ပြန်တာ။ အခုရောက်လာတဲ့ ကွပ်ကဲရေးမှူးမှာတော့ အိမ်သုံး ပရိဘောဂတွေ အစုံ ပါလာတာ တွေ့ရတယ်။ အဲဒါ တခုကတော့ ထူးခြားတယ်။” ဟု မောင်တောမြို့မှ နစကနှင့် နီးစပ်သူ တဦးက ပြောသည်။
ဗိုလ်မှူးကြီး အောင်ကြီး အပါအ၀င် နစက အရာရှိများသည်  လာဒ်ပေး လာဒ်ယူမူ လုပ်ရာတွင် ပါဝင် ပတ်သက်မူများ အကြီးအကျယ် ရှိနေကြာင်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး ဇွန်လ ၈ ရက်နေ့က ဖြစ်ပေါ်ခဲ့သော ဆူပူမူကိုလည်း ယခင် နစက ကွပ်ကဲရေးမှူးက သိန်းပေါင်း ၃၅၀၀ ယူကာ ခွင့်ပြုခဲ့သည် ဆိုသော စွပ်စွဲချက်များလည်း အများအပြား ပေါ်ပေါက်နေသည်။
ဗိုလ်မှူးကြီး အောင်ကြီး၏ ပိုင်ဆိုင်မှုတချို့ကို ယခုအခါ နိုင်ငံတော်မှ သိမ်းဆည်း လိုက်ကြောင်း မောင်တောမြို့ တွင် သတင်းများ ထွက်ပေါ်နေသော်လည်း နိရဉ္စရာမှ သီးခြား အတည် မပြုနိုင်ခြင်း မရှိသေးပါ။
ယခင် ကွပ်ကဲရေးမှူး အောင်ကြီးကို ဇွန်လအတွင်းက မောင်တောမြို့တွင် ဘင်္ဂလီများ ဆူပူ အကြမ်း ဖက်မှု ဖြစ် ပွားနောက် နေပြည်တော်သို့ ခေါ်ယူသွားပြီး ရခိုင်ပြည်နယ် အနောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုနိုင် ကိုယ်တိုင် မောင်တောခရိုင်ရှိ နစက တပ်ဖွဲ့များကို ယာယီကွပ်ကဲ ခဲ့သည်ဟု သိရသည်။
မောင်အေး - နိရဉ္စရာ  သတင်းဌာန

နိုင်ငံတော် သမ္မတကြီးနှင့် နိုင်ငံရေးပါတီ ၁၄ခု တွေ့ဆုံမည်

Posted by drmyochit Saturday, August 04, 2012, under | No comments


 From:.TheVoice


နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်သည် နိုင်ငံရေးပါတီ ၁၄ပါတီမှ ခေါင်းဆောင်များနှင့် သြဂုတ်လ ၄ ရက်နေ့တွင် နေပြည် တော်ရှိ လယ်တောရိပ်သာ ရှင်းလင်းဆောင်၌ တွေ့ဆုံမည် ဖြစ်ကြောင်း အစိုးရ အဖွဲ့နှင့် နီးစပ်သူများထံမှ သိရှိရသည်။

အဆိုပါ ပါတီ များမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ၊ အမျိုးသား ဒီမိုကရေစီ ပါတီသစ်၊ကရင်ပြည်သူ့ပါတီ၊ မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီ၊ မွန်ဒီမိုကရေစီ ပါတီ၊ ဇိုမီး အမျိုးသားကွန်ရက် ၊အမျိုးသား နိုင်ငံရေး မဟာမိတ်အဖွဲ့၊ ခေတ်သစ် ပြည်သူ့ ပါတီ၊ မြန်မာ လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ပအိုဝ်အမျိုးသားအဖွဲ့ချုပ် စသည့် ပါတီများနှင့် တွေ့ဆုံဆွေး နွေးမည်ဖြစ်ကြောင်းအဆိုပါပါတီများထံမှစုံစမ်းသိရှိရသည်။

“ကျွန်တော်တို့ပါတီ ၊နိုင်ငံရေးပါတီ တွေနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဆက်ဆံရေး၊ အမြဲအပြန်အလှန် ဆက်သွယ်ရရှိရေး၊ မြေ ယာနဲ့ ပတ်သတ်တာတွေ ဆွေးနွေးသွားမယ်" ဟု မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေ ကပြော ကြားသည်။

အဆိုပါ နိုင်ငံရေးပါတီ ၁၄ ခုသည် ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီမှ ပြည်ထောင်စုဝန်ကြီးနှစ်ဦးနှင့်ကြိုတင်ညှိနှိုင်းခဲ့ကြခြင်းဖြစ်သည်။

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်သည် ဇွန်လ ၁၈ ရက်နေ့က ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီ၏ခေါင်း ဆောင်များ နှင့်တွေ့ ဆုံဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံက မူဆလင် ရိုဟင်ဂျာတွေ ဆက်လက်ပြီး အန္တရာယ်ပြု ခြိမ်းခြောက် ခံနေရမယ်ဆိုရင် မိမိတို့အနေနဲ့ ဘာသာ ရေးစစ်ပွဲ ဆင်နွှဲမှာဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံက အစ္စလမ်အစွန်းရောက် ဘာသာရေး ခေါင်းဆောင်တစ်ဦးက ခြိမ်း ခြောက်

Posted by drmyochit Saturday, August 04, 2012, under | No comments

မြန်မာနိုင်ငံက မူဆလင် ရိုဟင်ဂျာတွေ ဆက်လက်ပြီး အန္တရာယ်ပြုခြိမ်း ခြောက်ခံနေ ရမယ်ဆိုရင် မိမိတို့အနေနဲ့ ဘာသာရေးစစ်ပွဲ ဆင်နွှဲမှာဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံက အစ္စလမ်အစွန်းရောက် ဘာသာရေး ခေါင်းဆောင်တစ်ဦးက ခြိမ်းခြောက် ပြောဆိုလိုက်ပါတယ်။

 အာလာအရှင်ရဲ့ အခုလို တောင်းဆိုမှုကို လစ်လျှူရှု မျက်ကွယ်ပြုမယ်ဆိုရင် မိမိတို့ရဲ့ မူဂျာဟီဒင် တပ်သားတွေရဲ့ လက် ချက်နဲ့ ကျဆုံးသွားကြတဲ့ နိုင်ငံတွေကို မျက်မြင်တွေ့ရှိရမှာ ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံက ဘာသာရေးအစွန်းရောက် ခေါင်း ဆောင် Abu Bashir က မြန်မာအစိုးရထံ
တောင်းဆိုထားကြောင်း ထည့်သွင်းဖေါ်ပြထားတယ်လို့ အေအက်ဖ်ပီ သတင်းတစ်ပုဒ်က ရေးသားပါတယ်။အင်ဒိုနီး ရှားနိုင်ငံက အသက် ၇၄ နှစ် မူဆလင် ဘာသာရေးအစွန်းရောက်ခေါင်းဆောင် Abu Bakar Bashir က ဇူလိုင်လ ၂၂ ရက်နေ့ ရက်စွဲနဲ့ သမ္မတကြီး ဦးသိန်းစိန်ထံ လိပ်မူရေးသားတဲ့ စာကို voa-slam.com အင်တာနက် စာမျက်နှာ ဖေါ်ပြထားကြောင်းဖေါ်ပြထားပါတယ်။ အဲဒီ ဘာသာရေး ခေါင်းဆောင် Abu Bashir ဟာ အင်ဒိုနီးရှားနိုင်ငံက အစွန်းရောက် အစ္စလမ်ဘာသာဝင်တွေရဲ့ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုခံထားရသူ ဖြစ်ပြီး နိုင်ငံတကာ ဘာသာရေး အစွန်းရောက် လှုပ်ရှားမှုတွေကို ငွေကြေးထောက်ပံ့မှု နဲ့ အင်ဒိုနီးရှားအကျဉ်းထောင်ထဲ မှာ လက်ရှိ ထောင်ဒဏ် ၁၅ နှစ် သက်တမ်း ကျခံနေရသူ ဖြစ်ပါတယ်။ဒီစာနဲ့ပတ်သက်ပြီး ဟုတ်မှန်ကြောင်း အဲဒီ ဘာသာရေး ခေါင်းဆောင်
ငွေကြေး အထောက်အပံ့ပေးထားတဲ့ JAT အဖွဲ့က အတည်ပြုပြောတယ်လို့ ဆိုပါတယ်။ JAT အဖွဲ့ဟာလည်း နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် အမေရိကန် အစိုးရက စာရင်းသွင်းခံထားရတဲ့ အဖွဲ့ဖြစ်ပါတယ်။JAT အဖွဲ့ ရဲ့ ပြောရေးဆိုခွင့်ရှိသူ Son Hadi က ဒီစာကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့က မြန်မာသံရုံးကို ပေးပို့ပြီးဖြစ်ကြောင်း ပြောတယ်လို့ ဆိုပါတယ်။


ဒါဖာ ဒေသအတွင်း ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု မစ်ရှင်အား နောက်ထပ် တစ်နှစ် ထပ်တိုးရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်ခဲ့ခြင်း

Posted by drmyochit Saturday, August 04, 2012, under | No comments



Xinhuanet.com;Aug-1(Wed)
ဆူဒန် နိုင်ငံ ဒါဖာ ဒေသတွင် ကုလ သမဂ္ဂ - အာဖ ရိက သမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ပူးပေါင်း တပ်ဖွဲ့ ထားရှိ မှုအား ၂ဝ၁၃ ခုနှစ် ဇူလိုင် လ ၃၁ ရက် အထိ တိုင်အောင် နောက်ထပ် တစ်နှစ် ထပ်တိုး ရန်ဆုံး ဖြတ်ချက် တစ်ရပ်အား ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီက ဇူလိုင် လ ၃၁ ရက် နေ့တွင် ချမှတ် ခဲ့ပါသည်။ ထိုဆုံးဖြတ် ချက်အား ထောက် ခံမဲ ၁၄ မဲ၊ ကြားနေ မဲ ၁ မဲဖြင့် မဲခွဲ ဆုံးဖြတ် ခဲ့ခြင်း ဖြစ်ပြီး ကြားနေ မဲအား လုံခြုံ ရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် မဟုတ်သော အဇာ ဘိုင်ဂျန် နိုင်ငံမှ ပေးခဲ့ ခြင်းဖြစ် ပါသည်။ အာဖရိက သမဂ္ဂနှင့် ညှိနှိုင်းမှု ပြုလုပ်ပြီး နောက်တွင် လုံခြုံရေး ကောင်စီ အနေဖြင့် အထက်ပါ အတိုင်း ဆုံးဖြတ် ချက်အား ချမှတ် ခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ မစ်ရှင်တွင် စစ်သည် ၁၆,၂ဝဝ ဦးနှင့် ရဲတပ် ဖွဲ့ဝင် ၂,၃၁ဝ ဦးပါ ဝင်မည် ဖြစ်ကြောင်း သိရှိ ရပါသည်။

ဒါဖာရှိ ကုလ သမဂ္ဂ - အာဖရိက သမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ပူးပေါင်း တပ်ဖွဲ့အား ၂ဝဝ၇ ခုနှစ် တွင် စတင် တည်ထောင် ခဲ့ခြင်း ဖြစ်ပြီး ဒါဖာ ဒေသ အတွင်း ငြိမ်း ချမ်းရေး လုပ်ငန်း စဉ်များတွင် အထောက် အကူ ပေးရန်၊ ဒေသ အတွင်း နေထိုင်သော အရပ်သား များအား ကာကွယ်ရန်၊ လုံခြုံ ရေးနှင့် တရား ဥပဒေ စိုးမိုးရေး တို့တွင် အထောက် အကူ ပေးရန် ရည်ရွယ် ခဲ့ကြောင်း သိရှိ ရပါသည်။ ဒိုဟာ စာချုပ် ပြီးမြောက် အောင်မြင် စေရန် အတွက်  လွတ်လပ် မှုနှင့် တရား မျှတ ရေးလှုပ် ရှားမှု အဖွဲ့နှင့် ဆူဒန် အစိုးရ နှစ်ဖက် စလုံးတွင် တာဝန် ရှိကြောင်း လုံခြုံရေး ကောင်စီက တိုက်တွန်း ပြောကြား ခဲ့ပါသည်။ ၂ဝဝ၃ ခုနှစ် ကစ တင်ခဲ့သော ဆူဒန် အစိုး ရနှင့် သူပုန်များ အကြား ဒါဖာ ဒေသတွင်း တိုက်ခိုက် မှုသည် ဆက်လက် ဖြစ်ပွား နေဆဲ ဖြစ်ပါသည်။ ဒေသ အတွင်း အမြဲတမ်း တည်ငြိမ် အေးချမ်း မှုရ ရှိရန်နှင့် အားလုံး ပူးပေါင်း ပါဝင်သော ငြိမ်းချမ်း မှုထိန်း သိမ်းရေး လုပ်ငန်းစဉ် ပြီးပြည့် စုံမှု ရရှိရန် အတွက် ဒိုဟာ စာချုပ်၏ အခြေခံ ဖြစ်သော တည်ငြိမ် ရေးနှင့် ရေရှည် အပစ် အခတ် ရပ်စဲ ရေးအပေါ် အခြေ ခံ၍ ဆောင်ရွက် သွားကြရန် ပဋိ ပက္ခ ဖြစ်ပွား နေသော အဖွဲ့ အားလုံး အား ထိုဆုံး ဖြတ်ချက်က တောင်းဆို ခဲ့ကြောင်း သိရှိ ရပါသည်။

နေတိုး တပ်ဖွဲ့ ထောက်ပံ့ရေး ယာဉ်တန်းများ အာဖဂန်နစ္စတန် နိုင်ငံသို့ သွားလာနိုင်ရေး သဘောတူညီချက်ကို ပါကစ္စတန်နှင့် အမေရိကန်နိုင်ငံတို့ လက်မှတ် ရေးထိုးခဲ့ခြင်း

Posted by drmyochit Saturday, August 04, 2012, under | No comments



Yahoo!News(AFP).com;Aug-1(Wed)
နေတိုး တပ်ဖွဲ့ ယာဉ်တန်း များအ နေဖြင့် ၂ဝ၁၅ ခုနှစ် ကုန်ဆုံး သည်အထိ ပါက စ္စတန် နိုင်ငံ အားဖြတ်၍ အာဖဂန် နစ္စတန် နိုင်ငံသို့ သွားလာ ခွင့်ပြုသည့် သဘော တူညီ ချက်တစ် ရပ်ကို ပါက စ္စတန် နိုင်ငံက အမေ ရိကန် နိုင်ငံနှင့် ဇူလိုင်လ ၃၁ ရက် နေ့တွင် လက်မှတ် ရေးထိုး ပေးခဲ့ ပါသည်။ ၄င်း ပါကစ္စတန် နှင့် အာဖဂန် နစ္စတန် နယ်ခြား ဖြတ်ကျော် ခွင့်ကို ပါကစ္စတန် နိုင်ငံက ၇ လ ကြာခန့် ပိတ်ပင် ထားခဲ့ ပါသည်။ အမေ ရိကန် ၏ လေကြောင်း တိုက်ခိုက်မှု များကြောင့် ပါကစ္စတန် စစ်သည် ၂၄ ဦး သေဆုံး ခဲ့မှုနှင့် ပတ်သက်၍ တုံ့ပြန် ကန့်ကွက် မှုအဖြစ် ပါကစ္စတန် - အာဖဂန် နယ်စပ်ရှိ ထောက်ပံ့ရေး လမ်းကြောင်း အား ကာလ ကြာရှည်စွာ ပိတ်ဆို့ ထားခဲ့ ပြီးနောက်တွင် ပါကစ္စတန် အစိုး ရက နေတိုး တပ်ဖွဲ့ကုန် ပစ္စည်း များပေး ပို့ရေး အတွက် ဇူလိုင် လ ၃ ရက် နေ့တွင် မြေပြင် လမ်းကြောင်း များကို ပြန်လည် ဖွင့်လှစ် ပေးရန် သဘော တူညီ ခဲ့ခြင်း ဖြစ်ပါသည်။

ပါကစ္စ တန်နှင့် အမေ ရိကန် နိုင်ငံ တို့အ နေဖြင့် ၄င်း တို့၏ ဆိုးရွား နေသော ဆက်ဆံ ရေးကို ပြုပြင်ရန် ကြိုးပမ်း မှုများစွာ ပြုလုပ် ခဲ့ခြင်း ရလဒ်၏ တစ်စိတ် တစ်ပိုင်း အဖြစ် အဆိုပါ သဘော တူညီ ချက်ကို လက်မှတ် ရေးထိုး နိုင်ခဲ့ ကြခြင်း လည်းဖြစ် ပါသည်။ ပါကစ္စတန် နိုင်ငံတွင် ပုန်းအောင်း နေသော အိုစ မာဘင် လာဒင် ကို အမေ ရိကန် နိုင်ငံက စီးနင်း တိုက်ခိုက် သုတ်သင် ခဲ့ခြင်း၊ ပါကစ္စတန် နိုင်ငံ အတွင်း လေကြောင်း တိုက်ခိုက် မှုများ ပြုလုပ်ခြင်း စသည် တို့နှင့် ပတ်သက်၍ ၂ဝ၁၁ ခုနှစ် တွင် ပါကစ္စတန် နှင့် အမေ ရိကန် နိုင်ငံ တို့၏ ဆက်ဆံ ရေးမှာ အဆိုး ရွားဆုံး အခြေ အနေသို့ ကူးပြောင်း ရောက်ရှိ ခဲ့ပါသည်။ ပါကစ္စတန် ထောက် လှမ်းရေး အကြီး အကဲ ဒုတိ ယဗိုလ် ချုပ်ကြီး Zaheer ul-Islam သည် CIA အကြီး အကဲနှင့် ဆွေးနွေး ပွဲပြု လုပ်ရန် ဝါရှင် တန်မြို့ သို့ ၃ ရက် ကြာအလည် အပတ် ခရီး မစ တင်မီ တစ်ရက် အလိုတွင် အဆိုပါ သဘော တူညီ ချက်ကို လက်မှတ် ရေးထိုး ခဲ့ခြင်း လည်းဖြစ် ပါသည်။

ပါကစ္စတန် နိုင်ငံ ရာဝါ ပင်ဒီ မြို့တွင် လက်မှတ် ရေးထိုး ခဲ့သော သဘော တူညီ ချက်အရ ပါကစ္စတန် နိုင်ငံ အနေဖြင့် နယ်စပ် ဒေသ အတွင်းရှိ စစ်သွေး ကြွများကို တိုက်ခိုက် ရေးအတွက် မဟာ မိတ် တပ်ဖွဲ့ ထောက်ပံ့ ရေးရန် ပုံငွေ အစီ အစဉ်မှ ပါကစ္စတန် နိုင်ငံကို အမေ ရိကန် ဒေါ်လာ ၁.၁ ဘီလီ ယံအား အမေ ရိကန်၏ ကမ ကထ ပြုမှုဖြင့် ထောက်ပံ့ ပေးမည် ဖြစ်ပါသည်။ ၄င်း သဘော တူညီ ချက်၏ သက်တမ်း သည် အာဖဂန် နစ္စတန် နိုင်ငံမှ နေတိုး တပ်ဖွဲ့ဝင် ၁၃ဝ,ဝဝဝ ဦးထွက် ခွာမည့် ၂ဝ၁၄ ခုနှစ် ထက်ကျော် လွန်ကာ ၂ဝ၁၅ ခုနှစ် ကုန်ဆုံး ချိန်အထိ ကြာမြင့် မည်ဖြစ်ပြီး သက်တမ်း မကုန် မီတွင် နောက်ထပ် တစ်နှစ် ကာလ သက်တမ်း တိုးနိုင် သေးကြောင်း အမေ ရိကန် အရာရှိ တစ်ဦးက ပြောကြား ခဲ့ပါသည်။

လာအိုနှင့် ဗီယက်နမ် ကိုယ်စားလှယ်များ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးခြင်း

Posted by drmyochit Saturday, August 04, 2012, under | No comments



            လာအို နိုင်ငံ ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက် ရေးနှင့် ဆင်းရဲ မှုလျှော့ ချရေး ဆိုင်ရာ အမျိုးသား ကော်မတီ ဥက္ကဋ္ဌ Bounheuang Douangphachanh ဦးဆောင် သော လာအို ကိုယ်စား လှယ်အဖွဲ့သည် အလည် အပတ် ရောက်ရှိ နေသော ဗိုလ်ချုပ် Trieu Xuan Hoa  ဦးဆောင် သည့် ဗီယက် နမ် နိုင်ငံ Tay Nguyen ဖွံ့ဖြိုး တိုးတက် ရေးဒေ သကော် မတီ အဖွဲ့နှင့် ဇူလိုင် လ ၃၁ ရက် နေ့က လာအို နိုင်ငံ ဗီယင် ကျန်းမြို့ တွင်တွေ့ ဆုံပြီး နှစ် နိုင်ငံ နယ်စပ် ဒေသ တစ်လျှောက် ဖွံ့ဖြိုး တိုးတက် ရေး အတွက် အနာ ဂတ်ပူး ပေါင်းဆောင် ရွက်မှုများ တိုးမြှင့် လုပ်ဆောင် မည့်နည်း လမ်းများ ကိုဆွေး နွေးခဲ့ ကြကြောင်း သြဂုတ် လ ၁ ရက်နေ့ Newsnow သတင်း တစ်ရပ် အရ သိရှိ ရပါသည်။ နှစ် နိုင်ငံ ကိုယ်စား လှယ် အဖွဲ့ သည် နယ်စပ် ဒေသ များတွင် နေထိုင် သည့် ပြည်သူ လူထု တို့၏ လူနေ မှုအ ဆင့်အ တန်းများ တိုးမြှင့် ရန်အ တွက် နိုင်ငံ ရေးတည် ငြိမ်မှု ရှိစေ ရေးနှင့် ကုန်သွယ် မှုနှင့် ကုန်ထုတ် လုပ်မှု တိုးမြှင့် ရေးဆိုင် ရာ နှစ် နိုင်ငံ ပူးပေါင်း ဆောင်ရွက် မှုအ တွက်လို အပ်ချက် တို့ကို ဆွေးနွေး ခဲ့ကြ ပါသည်။ ထို့ အပြင် နှစ် နိုင်ငံ ကိုယ်စားလှယ် အဖွဲ့ များအ နေဖြင့် နှစ် နိုင်ငံ နယ်စပ် ဒေသ ဖွံ့ဖြိုး တိုးတက် ရေးအ တွက် ဆက်လက် လုပ်ဆောင် လျက်ရှိ သောပူး ပေါင်းဆောင် ရွက်ရေး စီမံ ကိန်း များအား အကောင် အထည် ဖော်ဆောင် ရွက်မှု အခြေ အနေ တို့ကို လည်း ပြန်လည် သုံးသပ် ခဲ့ကြ ပါသည်။ အဆို ပါစီ မံကိန်း ၃၂ဝ ကျော် အတွက်  အမေ ရိကန် ဒေါ်လာ ၆၅ သန်း သုံးစွဲ ခဲ့ကြောင်း Bounheaung က ပြောကြား ခဲ့ပါသည်။ အဆို ပါတွေ့ ဆုံဆွေး နွေးပွဲ သို့ လာအို ကာကွယ် ရေး ဝန်ကြီး ဌာနမှ ကိုယ်စား လှယ်များ တက်ရောက် ပြီး လူမှု စီးပွားရေး ဖွံ့ဖြိုး တိုးတက် မှုနှင့် ဆက်စပ် လျက်ရှိ သောအ မျိုးသား ကာကွယ် ရေးနှင့် လုံခြုံရေး ကိစ္စရပ် များတွင် ရှေ့ဆက် ပူးပေါင်း ဆောင်ရွက် ရန်ဆွေး နွေးခဲ့ ကြပါသည်။ ဗီယက် နမ် ကိုယ်စား လှယ်အ ဖွဲ့သည် ဇူလိုင် လ ၂၉ ရက် နေ့မှ သြဂုတ် လ ၁ ရက်နေ့ အထိ လာအို နိုင်ငံ သို့အလည် အပတ် ရောက်ရှိ နေခဲ့ ခြင်းဖြစ် ကြောင်းသိ ရှိရ ပါသည်။ 

တောင်ပိုင်းဒေသ အထူးစစ်ဆင်ရေးဌာန တစ်ခု ထူထောင်သွားရန် ထိုင်းဝန်ကြီးချုပ်က ညွှန်ကြားခဲ့ခြင်း

Posted by drmyochit Saturday, August 04, 2012, under | No comments



            ထိုင်း နိုင်ငံ တောင်ပိုင်း စွန်း ဒေသ ငြိမ်းချမ်း ရေးဖော် ဆောင်ရာ တွင် ကြိုးပမ်း ဆောင်ရွက် နေမှု များအား ပေါင်းစပ် ညှိနှိုင်း ရန်နှင့် ကြီးကြပ် ဆောင် ရွက်ရန် အတွက် အထူး စစ်ဆင် ရေး ဌာန တစ်ခု ထူထောင် သွားရန် ဝန်ကြီး ချုပ် ယင်လပ်က ညွှန်ကြား ခဲ့သည်ဟု ဇူလိုင် လ ၃၁ ရက်နေ့ Bangkokpost  သတင်း တစ်ရပ် အရ သိရှိ ရပါသည်။ ယင်လပ် သည် တောင် ပိုင်းစွန်း ဒေသ အခြေ အနေအား အထူး အလေး ထားကိုင် တွယ်ဖြေ ရှင်းသွား ရန်အတွက် စစ်ဆင် ရေးဌာ နတစ်ခု ထူထောင် သွားရန် ဆန္ဒရှိ နေကြောင်း ဒုတိယ ဝန်ကြီး ချုပ် ဗိုလ် ချုပ်ကြီး ယူသာ ဆက်ဆာ ဆီပ ရာပါက ဇူလိုင် လ ၃၁ ရက်နေ့ တွင်ပြော ကြားခဲ့ ပါသည်။ အဆိုပါ အထူး စစ်ဆင် ရေးဌာန တစ်ခု ထူထောင် ရေးနှင့် ပတ်သက်၍ ဇူလိုင် လ ၃၁ ရက်နေ့ က ပြုလုပ် သော လုံခြုံ ရေးအေ ဂျင်စီ များအ စည်းအ ဝေးတွင် ယင်လပ် ကညွှန် ကြားခဲ့ ခြင်းဖြစ် ကြောင်း လုံခြုံရေး ကိစ္စများ ကိုတာ ဝန်ယူ ဆောင်ရွက် နေသော ဗိုလ် ချုပ်ကြီး ယူသာ ဆက်က ပြောကြား ခဲ့ပါသည်။ အဆိုပါ အစည်း အဝေးသို့ ဗိုလ် ချုပ်ကြီး ယူသာ ဆက်၊ ဒုတိယ ဝန်ကြီး ချုပ် Chalerm Yubamrung ၊ ကြည်း တပ် ဒုတိယ ဦးစီး ချုပ် Daopong Rattanasuban နှင့် အမျိုး သားလုံ ခြုံရေး ကောင်စီ Wichean Potephosree တို့ တက်ရောက် ခဲ့ကြ ပါသည်။ အဆို ပါစစ် ဆင်ရေး ဌာန သည် အမြဲ တမ်းထား ရှိမည့် ဌာန တစ်ခု ဖြစ်လာ မည်ဖြစ်ပြီး ပိုမို ထိရောက် အောင်မြင် စေရန် ပြဿ နာရပ် ဖြေရှင်း ရာတွင် ပါဝင် သည့် အေဂျင် စီများနှင့် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ တောင်ပိုင်း စွန်း နယ်စပ် ဒေသ ပြည်နယ်များ ဖြစ်သော နရာ ထီဝပ်၊ ပတ္တ နီနှင့် ယာလာ ပြည်နယ် တို့တွင် သောင်း ကျန်းသူ များက ပြောက်ကျား နည်း ဗျူဟာ သစ်များကို အသုံး ပြု၍ အကြမ်း ဖက်တိုက် ခိုက်မှု အရှိန်ကို တိုးမြှင့် လုပ်ဆောင် လာနေ သည့်အ တွက်ကြောင့် လက်ရှိ ထောက် လှမ်းရေး လုပ်ငန်း များသည် ထိရောက် မှုမရှိ ဖြစ်နေ ကြောင်း ဗိုလ် ချုပ်ကြီး ယူသာ ဆက်က ပြောကြား  ခဲ့သည် ဟုသိ ရှိရ ပါသည်။ 

ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် ဓာတ်ငွေ့ကြောသစ် တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ခြင်း

Posted by drmyochit Saturday, August 04, 2012, under | No comments



            ဘင်္ဂ လားဒေ့ရှ် နိုင်ငံ ပိုင် Bangladesh Petroleum Exploration(BAPEX) ကုမ္ပ ဏီသည် မြို့တော် ဒါကာ၏ အရှေ့ဘက် ၉၆ ကီလို မီတာ ခန့်အ ကွာတွင်တည် ရှိသည့် Comilla ခရိုင် ရှိဓာတ် ငွေ့တွင်း တစ်ခု တွင် ဓာတ်ငွေ့ ကြောသစ် တစ်ခုကို ရှာဖွေ တွေ့ရှိ ခဲ့ကြောင်း အဆိုပါ ကုမ္ပဏီမှ တာဝန် ရှိသူ များက ဇူလိုင် လ ၃၁ ရက် နေ့တွင် ပြောကြား ခဲ့သည်ဟု Xinhua သတင်း တစ်ရပ် အရ သိရှိ ရပါသည်။ ဓာတ်ငွေ့ ကြောသစ် တစ်ခုအား ဇူလိုင် လ ၃ဝ ရက် နေ့ ညက Comilla ခရိုင် ရှိ  Srikail ဓာတ်ငွေ့ တွင်း တစ်ခု၌ စမ်းသပ် တူးဖော် နေစဉ် အတွင်း ရှာဖွေ တွေ့ရှိ ခဲ့ခြင်း ဖြစ်ကြောင်း ဇူလိုင် လ ၃၁ ရက် နေ့က အဆိုပါ ဓာတ်ငွေ့ တွင်းသို့ သွားရောက် ခဲ့သည့် BAPEX ညွှန်ကြား ရေးမှူး Mortuza Ahmad Faruque  က ပြောကြား ခဲ့ပါသည်။ ၄င်း ဓာတ်ငွေ့ ကြောသစ်မှ ဓာတ်ငွေ့ မည်မျှ ထွက်ရှိမ ည်ကို ချက်ချင်း လေ့လာ စိစစ် မှုမ ပြုလုပ် ရသေး ကြောင်းနှင့် Srikail ဓာတ်ငွေ့ တွင်း၏ အမှတ် (၂) လုပ် ကွက်တွင် ဇူလိုင် လ ၁၃ ရက်နေ့ ကရှာ ဖွေတွေ့ ရှိခဲ့ သည့် ဓာတ်ငွေ့ ကြောနီး ပါးရှိ နိုင်ကြောင်း  Foruque က ပြောကြား ခဲ့ပါသည်။ လွန်ခဲ့ သောနှစ် များက BAPEX ကုမ္ပ ဏီသည် အသေး စားနှင့် အလယ် အလတ် ရှိသည့် ဓာတ် ငွေ့တွင်း ၁ဝ ခုကို ရှာဖွေ တွေ့ရှိ ခဲ့ကြောင်း သိရှိ ရပါသည်။    

၈.၈.၈၈ အခမ်းအနားကျင်းပရေး ဆွေးနွေး

Posted by drmyochit Saturday, August 04, 2012, under | No comments



၂၄နှစ်မြောက် ၈.၈.၈၈ ဒီမိုကရေစီ အရေးတော်ပုံနှစ်ပတ်လည်အခမ်းအနား ကျင်းပရေးအတွက် အခမ်းအနားကျင်းပရေး ကော်မတီအဖွဲ့များ ပွဲကျင်းပရေးအစီအစဉ်များကို တော်ဝင်နှင်းဆီ ခန်းမတွင် ဒီကနေ့ သြဂုတ်လ ၃ ရက်နေ့ နံနက် ၁၁း၀၀ မှ ၁း၀၀ အချိန်ထိ ဆွေးနွေးခဲ့ကြပါသည်။ 
 

ရိုဟင်ဂျာများ နိုင်ငံတွင်း ဉ် အကူအညီ ပေးခြင်းမလုပ်ရန် ဘင်္ဂလားဒေရှ် အစိုးရ က NGO များ ကို ညွှန်ကြား

Posted by drmyochit Saturday, August 04, 2012, under | No comments


 မူရင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံဘက်မှ ထွက်ပြေးလာသော ရိုဟင်ဂျာများကိုကူညီရန် စီစဉ်နေသည့် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများကို အကူအညီမပေးရန် ဘင်္ဂလားဒေရှ် အစိုးရက တားမြစ်လိုက်သည်။

ပြင်သစ်အခြေစိုက် နယ်စည်းမခြား ဆရာဝန်များအဖွဲ့  Doctors without Borders (MSF)၊ Action  Against Hunger  (ACF)  နှင့်  Britain’s Muslim Aid UK တို့ကို  မြန်မာနိုင်ငံနှင့် နယ်နမိတ်ခြင်း  ထိစပ်နေသည့်ကော့ဘဇားတွင် အကူပေးမှု လုပ်ငန်းများကို ဘင်္ဂလားဒေရှ်အစိုးရ၏ အစိုးရမဟုတ်သော အဖွဲ့အစည်းများရေးရာ ဗျူရိုမှတားမြစ် လိုက်သည်။ ကော့ဘဇား ဒေသန္တရအုပ်ချုပ်ရေးမှု Joynul Bari က အကူအညီပေးရေး ဧဂျင်စီများကို ဆက်လက်လုပ်ဆောင်ခြင်း မပြု ရန် ယနေ့မနက် အစောပိုင်းက တားမြစ် လိုက်ခြင်းဖြစ်သည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်