Monday, August 06, 2012

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယ တပ်မတော် ကြည်းတပ် ဦးစီးချုပ် General Bikaram Singh နှင့် တွေ့ဆုံ

Posted by drmyochit Monday, August 06, 2012, under | No comments


 
(တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်  ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  အိန္ဒိယ တပ်မတော် ကြည်းတပ် ဦးစီးချုပ် General Bikaram Singh နှင့် တွေ့ဆုံဆွေးနွေးစဉ်)

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အဖွဲ့ဝင်များ သည် အိန္ဒိယ တပ်မတော် ကြည်းတပ် ဦးစီး ချုပ်ရုံးတွင် ကြည်းတပ် ဦးစီးချုပ် General Bikaram Singh နှင့် တွေ့ဆုံ ပြီး နှစ်နိုင်ငံ တပ်မတော် (ကြည်း)များ အကြား ပူးပေါင်း ဆောင်ရွက်ရန် ကိစ္စရပ်များ နှင့် ချစ်ကြည် ရင်းနှီးမှု တိုးမြှင့် ဆောင်ရွက်ရန် ကိစ္စရပ် များအား ဆွေးနွေး ခဲ့ကြသည်။

အဆင့်မြင့်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ဂယာမြို့ရှိ OFFICER TRAINING ACADEMY,အိန္ဒိယသမ္မတနိုင်ငံသို့ရောက်ရှိ GAYA အား ကြည့်ရှုလေ့လာ

Posted by drmyochit Monday, August 06, 2012, under | No comments

နေပြည်တော်  သြဂုတ်  ၅ 
 
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဝင် များအား အိန္ဒိယ နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဇင်ယော် နှင့် ဇနီး၊ စစ်သံမှူး ဗိုလ်မှူးကြီး သိန်းလွင် နှင့် ဇနီး၊  အိန္ဒိယ တပ်မတော် မှ Major General A P BAM နှင့် တာဝန်ရှိသူ တို့က လေယာဉ် လှေကား ထိပ်မှ ကြိုဆို နှုတ်ဆက် ကြသည်။

ထိုမှ တစ်ဆင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဝင် များသည် အိန္ဒိယ တပ်မတော် အထူး လေယာဉ် များဖြင့် ဆက်လက် ထွက်ခွာ ကြရာ ဂယာလေ ဆိပ်သို့ ရောက်ရှိ ကြပြီး လေဆိပ်တွင် ဂယာ တပ်နယ်မှူး Lieutenant General Jitender Sikand, VSM နှင့် တာဝန် ရှိသူများက ကြိုဆို ကြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့် အဖွဲ့ဝင် များသည် ညနေပိုင်း တွင် ဂယာမြို့ရှိ OFFICER TRAINING ACADEMY, GAYA အား သွားရောက် ကြည့်ရှု ကြရာ ကျောင်းအုပ်ကြီး နှင့်အဖွဲ့မှ ကြိုဆို ကြပြီး ရှင်းလင်း ဆောင်ခန်းမ တွင် တာဝန်ရှိသူ တစ်ဦးက ကျောင်း၏ သမိုင်းကြောင်း၊ သင်တန်းသား လက်ခံ သင်ကြား နေမှု အခြေ အနေများ၊ သင်တန်း၏ အဓိက ရည်မှန်းချက်များ၊ လေ့ကျင့်သင် ကြားပေး နေသော အခြေအနေ များ စသည့် သင်တန်း နှင့် ပတ်သက်သည့် အကြောင်း အရာ များအား ရှင်းလင်း တင်ပြသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က သိရှိလို သည်များ မေး မြန်းရာ သင်တန်း ကျောင်း ကျောင်းအုပ်ကြီး Lieutenant General Jitender Sikand, VSM နှင့် တာဝန် ရှိသူ တို့က ရှင်းလင်း ဖြေကြား ကြသည်။

ယင်းနောက် သင်တန်း ကျောင်း ကျောင်းအုပ်ကြီး က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား အမှတ် တရ လက်ဆောင် ပစ္စည်း ပေးအပ်သည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က သင်တန်းကျောင်း ကျောင်းအုပ်ကြီး အား အထိမ်း အမှတ် တံဆိပ် နှင့် အမှတ်တရ ပန်းချီကား လက်ဆောင် တို့အား ပြန်လည် ပေးအပ်သည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့် အဖွဲ့ဝင် များသည် သင်တန်း ကျောင်းရှိ ဗိုလ်လောင်း သင်တန်းဆောင် များတွင် ဗိုလ်လောင်းများ Computer Class ၌ လေ့လာ သင်ယူ နေမှု များကို လည်းကောင်း၊ သင်တန်း ကျောင်း စာကြည့်တိုက် အတွင်း စာအုပ် စာစောင်များ ထားရှိမှု ကိုလည်းကောင်း လှည့်လည် ကြည့်ရှု ကြသည်။

ထိုမှ တစ်ဆင့်  သင်တန်း ကျောင်းရှိ ဗိုလ်လောင်း အိပ်ဆောင်များ၊ ဗိုလ်လောင်း ဧည့်တွေ့ခန်း၊ အားကစား လေ့ကျင့်မှု အခန်း များအား လှည့်လည် ကြည့် ရှုကြရာ တာဝန် ရှိသူ တို့က လိုက်လံ ရှင်းလင်း ပြသ ကြသည်။

ယင်းနောက် တပ်မတော် ကာကွယ် ရေးဦးစီးချုပ် နှင့် အဖွဲ့ဝင် များသည် သင်တန်း ကျောင်းရှိ ဗိုလ်လောင်း စားရိပ်သာ သို့ သွားရောက် ကြည့်ရှု ကြရာ တာဝန်ရှိ သူတို့က ရှင်းလင်း ပြသ ခဲ့ကြောင်း သတင်း ရရှိသည်။                            


သတင်းမမှန်လို့

Posted by drmyochit Monday, August 06, 2012, under | No comments

Sunday, August 05, 2012

တူရကီနိုင်ငံသည် ဆီးရီးယားနိုင်ငံနယ်စပ်အနီး၌ စစ်အင်အားပြသလျက် ရှိသည်ဆိုခြင်း

Posted by drmyochit Sunday, August 05, 2012, under | No comments


PressTV.com;Aug-3(Fri)

တူရကီ နိုင်ငံ အနေဖြင့် နယ်စပ် ဒေသ တစ်ခု၌ တင့်လေ့ ကျင့်ခန်း တစ်ခုအား ပြုလုပ်ခဲ့ ပြီးနောက် တစ်ရက် အကြာ တွင် တူရကီ နိုင်ငံ အရှေ့ တောင်ပိုင်း ဆီးရီးယား နယ်စပ် ၌ စစ်ရေး လေ့ကျင့် ခန်းတစ် ခုအား တူရကီ စစ်ဘက် မှ ဆက်တိုက် ပြုလုပ် ခဲ့ပါသည်။ အဆိုပါ စစ်ရေး လေ့ကျင့် ခန်းအား Sanliurfa ခရိုင် Mursitpinar ဒေသ ၌ ပြုလုပ် ခဲ့ခြင်း ဖြစ်ပြီး တင့်ကား များ၊ သံချပ်ကာ လူသယ် ယာဉ်များနှင့် ဒုံးပျံ ပစ်စင်များ အပါ အဝင် အကြီးစား စစ်လက်နက် ပစ္စည်းများ အား စမ်းသပ် လေ့ကျင့် ခဲ့ကြောင်း AFP သတင်း ဌာနမှ သြဂုတ်လ ၂ ရက် နေ့တွင် ထုတ်ပြန် ခဲ့ပါသည်။ ဆီးရီးယား နယ်စပ်မှ ၂ ကီလိုမီတာအကွာခန့်ရှိ Mardin ခရိုင်Nusaybin  ဒေသ၌ တင့်လေ့ကျင့်ခန်းတစ်ခုအား တူရကီနိုင်ငံ မှ ဆောင်ရွက် ခဲ့ပြီး နောက်တစ်ရက်အ ကြာတွင်  ၄င်း စစ်ရေး လေ့ကျင့် ခန်းအား ဆက်လက် ပြုလုပ်ခဲ့ ခြင်းဖြစ် ပါသည်။

အမေရိကန် လေယာဉ်တင် သင်္ဘောအုပ်စု ဝင်ရောက်ရပ်နားရန် အဆိုပြုချက်အား သြစတြေးလျနိုင်ငံက ငြင်းဆိုခဲ့ခြင်း

Posted by drmyochit Sunday, August 05, 2012, under | No comments

Press TV.ir.com;Aug-2(Thu)

အမေရိကန် နျူကလီးယား စွမ်းအင်သုံးလေ ယာဉ်တင် တိုက်ခိုက် ရေးသင်္ဘောအုပ် စုအား နိုင်ငံ၏ အနောက်ဘက် ကမ်းရိုး တန်းတွင် လက်ခံရပ်နားခွင့်ပေးရန် အဆိုပြုချက်အား သြစတြေးလျ နိုင်ငံကငြင်းဆို ခဲ့ပါသည်။ အမေရိကန်၏ စစ်ရေး မဟာဗျူဟာအား အာရှ-ပစိဖိတ် ဒေသသို့ ရွှေ့ပြောင်းခြင်း၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် အမေရိကန် အရှေ့ဘက် ကမ်းရိုးတန်းရှိ လေယာဉ်တင်သင်္ဘော အုပ်စုအား ပတ်သ့်မြို့၏ တောင်ဘက် ရေတပ်အခြေစိုက်စခန်းသို့ နေရာ ရွှေ့ပြောင်းရန် အကြံ ပြုခဲ့ကြောင်း ပင်တဂွန် ကော်မရှင် အဖွဲ့တစ်ဖွဲ့၏ ဖော်ပြချက်အရ သိရှိရပါသည်။
အိန္ဒိယ သမုဒ္ဒရာ အတွင်းရှ HMAS Stirling ရေတပ်အခြေစိုက် စခန်းသည် အမေရိကန် စစ်အခြေ စိုက်စခန်း ဘယ်တော့မျှ ဖြစ်လာမည်မ ဟုတ်ကြောင်း၊ သို့သော် အမေရိကန် ရေတပ်အခြေစိုက် စခန်းများ တိုးမြှင့်ရန် စေ့စပ်ဆွေးနွေး မှုများအား ဆောင်ရွက် လျက်ရှိဆဲဖြစ်ကြောင်း သြစတြေးလျ ကာကွယ်ရေးဝန်ကြီး စတီဖင်စမစ်က သြဂုတ်လ ၂ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။ သြစတြေးလျ၌ အမေရိကန်စစ် အခြေစိုက် စခန်းများ ထားရှိခြင်းမပြုရန် မိမိတို့အနေဖြင့် ပြတ်သားစွာ တုံ့ပြန် ပြောကြားခဲ့ပြီး ဖြစ်ကြောင်း၊ အမေရိကန်စစ် အခြေစိုက်စခန်းများ သြစတြေးလျတွင် မမြင်တွေ့လိုဟု စတီဖင်စမစ်က ပြောကြားခဲ့ကြောင်း AP သတင်းဌာနက ဖော်ပြခဲ့ပါသည်။
သြစတြေးလျမြေပေါ်တွင် အမေရိကန် စစ်စခန်းများအား ထားရှိ ခွင့်မပြုရန် ငြင်းဆိုနေခြင်း၏ အဓိကအကြောင်း အရင်းမှာ တရုတ်နိုင်ငံ၏ ကန့်ကွက်မှုကြောင့် ဖြစ်ကြောင်း သြစတြေးလျ အမျိုးသား တက္ကသိုလ်၏ မဟာဗျူဟာနှင့် ကာကွယ်ရေး လေ့လာမှု ဗဟိုအကြီးအကဲ Hugh Whiteက ပြောကြား ခဲ့ပါသည်။

ကိုဖီအာနန်သည် ကုလသမဂ္ဂနှင့် အာရပ်အဖွဲ့ချုပ်၏ ဆီးရီးယား နိုင်ငံဆိုင်ရာ အထူး သံတမန်အဖြစ်မှ နုတ်ထွက် ခဲ့ခြင်း

Posted by drmyochit Sunday, August 05, 2012, under | No comments


PressTV.com;Aug-2(Thu)

ဆီးရီးယား မငြိမ် သက်မှု များသည် စစ်ပွဲ အသွင် ဆောင်မှုများ ပိုမို များပြား လာခဲ့ ခြင်းနှင့် ၄င်း၏ ငြိမ်းချမ်း ရေး လုပ်ငန်း စဉ်အပေါ် ထောက်ခံ မှုအ ပြည့်အဝ မရ ရှိခြင်းကို အကြောင်း ပြု၍ ကိုဖီ အာနန်သည် ကုလ သမဂ္ဂ - အာရပ် အဖွဲ့ ချုပ်၏ ဆီးရီးယား နိုင်ငံ ဆိုင်ရာ အထူး သံတ မန်အဖြစ် တာဝန် ထမ်းဆောင် နေရာမှ နုတ်ထွက် ရန်ဆုံး ဖြတ်ခဲ့ ပါသည်။ မိမိသည် လုံလောက် သောထောက် ခံမှု မရ ရှိခဲ့ကြောင်း ကိုဖီ အာနန်က သြဂုတ်လ ၂ ရက် နေ့၌ ဂျီနီ ဗာမြို့တွင် ပြုလုပ် သည့် သတင်း စာရှင်း လင်းပွဲ တစ်ရပ်တွင် ပြောကြား ခဲ့ပါသည်။
ကိုဖီ အာနန် ၏ နုတ်ထွက် မှုကြောင့် အလွန် စိတ်မ သက်မသာ ဖြစ်ရ ကြောင်း၊ ဆီးရီးယား နိုင်ငံ အတွက် အထူး သံတမန် အဖြစ် တာဝန်ယူ ဆောင်ရွက်စဉ် ၄င်း၏ ခိုင်မာ ရဲဝံ့သော ကြိုးစား အားထုတ် မှုများ အတွက် ကျေးဇူးတင် အသိ အမှတ် ပြုပါကြောင်း ကုလ သမဂ္ဂ အထွေထွေ အတွင်းရေး မှူးချုပ် ဘန်ကီ မွန်းက ပြောကြား ခဲ့ပါသည်။

RIMPAC စစ်ရေးလေ့ကျင့်ခန်းအား အလွန်အလေးထားကြောင်း နယူးဇီလန် စစ်ဘက်က ပြောကြားခဲ့ခြင်း

Posted by drmyochit Sunday, August 05, 2012, under | No comments

Xinhuanet.com;Aug-2(Thu)

ကမ္ဘာ့ အကြီးဆုံး ရေတပ် စစ်ရေး လေ့ကျင့် ခန်း၌ ၂၈ နှစ်တာ ကာလ အတွင်းတွင် ပထမ ဆုံးအကြိမ် ပါဝင် ဆောင်ရွက် လျက်ရှိသော နယူး ဇီလန် နိုင်ငံသည် အဆိုပါ စစ်ရေး လေ့ကျင့်ခန်း အပေါ် အလွန် အလေး ထားကြောင်း နယူး ဇီလန် စစ်ဘက်က သြဂုတ်လ ၂ ရက် နေ့တွင် အခိုင် အမာ ပြောကြား   ခဲ့ပါသည်။

အာဖဂန်နစ္စတန်တွင် နေတိုးတပ်ဖွဲ့၏ စစ်ရေးလုပ်ငန်းများကို ဆက်လက် ထောက်ပံ့ကူညီမည် ဖြစ်ကြောင်း ရုရှားသမ္မတပူတင်က ပြောကြားခဲ့ခြင်း

Posted by drmyochit Sunday, August 05, 2012, under | No comments

RIA Novosti.com;Aug-2(Thu)

ရုရှား နိုင်ငံ အနေဖြင့် ဒုက္ခ မျိုးစုံ ကြုံတွေ့ နေရသည့် အာဖဂန် နစ္စတန် နိုင်ငံ အတွက် နေတိုး အဖွဲ့၏ လုံခြုံမှု စစ်ဆင် ရေး လုပ်ငန်း များအပေါ် ဆက်လက် ထောက်ပံ့ ကူညီ သွားမည် ဖြစ်ကြောင်း ရုရှား သမ္မတ ဗလာ ဒီမာ ပူတင်က သြဂုတ်လ ၂ ရက်နေ့တွင် ထပ်လောင်း ပြောကြား ခဲ့ပါသည်။

ရုရှားနိုင်ငံသည် ခေတ်မီ Mi-8 ရဟတ်ယာဉ် ၄ဝဝ ကျော် ထပ်မံဖြည့်တင်း သွားမည်ဆိုခြင်း

Posted by drmyochit Sunday, August 05, 2012, under | No comments

RIA Novosti.com;Aug-2(Thu)

ရုရှား လေတပ်မ တော်သည် ၂ဝ၂ဝ ပြည့် နှစ်တွင် ခေတ်မီ  Mi-8 စစ်မြေ ပြင်ထောက် ပံ့ပို့ ဆောင်ရေး ရဟတ် ယာဉ်အစီး ရေ ၄ဝဝ ကျော် ထပ်မံ ဖြည့်တင်း သွားမည် ဖြစ်ကြောင်း ဗိုလ်မှူးကြီး ဗလာဒီမာ ဒရစ်က သြဂုတ်လ ၂ ရက်နေ့ တွင် ပြောကြား ခဲ့ပါသည်။ ၂ဝ၁၂ ခုနှစ်၊ နှစ်ကုန် ပိုင်းတွင် အဆိုပါ ရဟတ် ယာဉ် ၅ဝ ကျော်ကို စတင် တာဝန် ထမ်းဆောင် စေမည် ဖြစ်ပြီး လာမည့် ၂ဝ၂ဝ ပြည့် နှစ်တွင် ရုရှား လေတပ်သည် အဆိုပါ Mi-8 အမျိုး အစားသစ် ရဟတ် ယာဉ်အ စီးရေ ၄ဝဝ ကျော် ရရှိ နိုင်အောင် စီမံ ဆောင်ရွက် ထားကြောင်း ၄င်းက ဆက်လက် ပြောကြားခဲ့ ပါသည်။ နောက်ဆုံး ပေါ်  Mi-8 AMTSh ESifh  Mi-8 MTV5-1 ရဟတ်ယာဉ် တို့အား ရုရှား နိုင်ငံ အရှေ့တောင်ပိုင်း  Zhukovsky ပြည်နယ် ၌ သြဂုတ်လ ၁၂ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့်  '' Common Sky ''  အမည် ရသော ရုရှား လေတပ်၏ နှစ် ၁ဝဝ ပြည့် အခမ်း အနား၌ ပြသ သွားမည် ဖြစ်ပါသည်။ Mi-8 အမျိုး အစား ရဟတ်ယာဉ် များသည် လေတပ်တွင် အများဆုံး အသုံးပြု ခဲ့သော ရဟတ် ယာဉ်များ ဖြစ်ပြီး အခြား သောရ ဟတ်ယာဉ် များထက် လည်းအ ရေအတွက် ပိုမို ထုတ်လုပ် ထားကြောင်း သိရှိ ရပါသည်။ နှစ်ပေါင်း ၅ဝ ကာလ အတွင်း ရုရှား ကာကွယ်ရေး ဝန်ကြီး ဌာနသည် ရဟတ်ယာဉ် အမျိုး အစားပေါင်း ၃ဝ ကျော်ကို တိုက်ခိုက် ရေး၊ သယ်ယူ ပို့ဆောင် ရေး၊ ရေဒါ ရှောင်ကွင်း နိုင်ရေး၊ ကွပ်ကဲမှု၊ ဆက်သွယ် ရေး၊ ရှာဖွေ ရေးနှင့် ကယ်ဆယ်ရေး ကဏ္ဍ စုံတွင် အသုံး ပြုနိုင် စေရန် အဆင့် မြှင့်တင် ဆောင်ရွက် ခဲ့ရကြောင်း သိရှိရ ပါသည်။

အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက် ခြင်းသည် အပြန်အလှန် ယုံကြည်မှု ပေါ်တွင် အခြေခံရမည် ဖြစ်ကြောင်း ပါကစ္စတန် ကြည်းတပ် အကြီးအကဲက ပြောကြားခဲ့ခြင်း

Posted by drmyochit Sunday, August 05, 2012, under | No comments

Xinhuanet.com;Aug-3(Fri)

ပါကစ္စတန်-အမေရိကန် ဆက်ဆံ ရေးသည် အပြန်အလှန် ယုံကြည်မှု၊ အလေး ထားမှုနှင့် ပွင့်လင်း မြင်သာ ရှိမှုတို့ အပေါ်တွင် အခြေခံ သင့်ကြောင်း ပါကစ္စတန် ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Ashfaq Parvez Kayani က ပါကစ္စ တန်နိုင် ငံတွင် အလည် အပတ် ခရီး ရောက်ရှိ နေသော အာဖဂန် နစ္စတန်ရှိ အမေ ရိကန် ထိပ်တန်း တပ်မှူး ဗိုလ်ချုပ်ကြီး  John Allen အား သြဂုတ်လ ၂ ရက်နေ့တွင် ပြောကြား ခဲ့သည်ဟု စစ်ဘက်က ပြောကြား ခဲ့ပါသည်။

ဂျပန် နိုင်ငံ၏ ၂ဝ၁၂ ခုနှစ် ကာကွယ်ရေး စက္ကူဖြူစာတမ်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံက ပြစ်တင်ရှုတ်ချခဲ့ခြင်း

Posted by drmyochit Sunday, August 05, 2012, under | No comments

NHK.or.jp.com;Aug-1(Wed)
တရုတ် နိုင်ငံ၏ ကာကွယ် ရေးဆိုင်ရာ ဆောင်ရွက် ချက်များနှင့် ပတ်သက်၍ ဂျပန် အစိုးရ၏ ဝေဖန် ပြောဆို မှုသည် အခြေအမြစ် မရှိကြောင်း တရုတ် နိုင်ငံက ပြောကြား ခဲ့ပါသည်။ တရုတ် နိုင်ငံ၏ ကာကွယ် ရေးအသုံး စရိတ်သည် ၂၄ နှစ် တာကာလ အတွင်း အဆ ၃ဝ ခန့် တိုးမြှင့် သုံးစွဲ ခဲ့ကြောင်း ဂျပန် နိုင်ငံ၏ ၂ဝ၁၂ ခုနှစ် ကာကွယ်ရေး စက္ကူဖြူ စာတမ်း၌ ဇူလိုင်လ ၃၁ ရက် နေ့က ဖော်ပြ ထားပါသည်။ ၄င်းအပြင် တရုတ် နိုင်ငံသည် ပင်လယ် ရေကြောင်း ဆိုင်ရာ လှုပ်ရှား ဆောင်ရွက် မှုများ ကိုလည်း တိုးချဲ့ ဆောင်ရွက် လျက်ရှိကြောင်း ၄င်းစာ တမ်း၌ ဖော်ပြထား ပါသည်။

စင်ကာပူ ကုမ္ပဏီကြီး တစ်ခုထံမှ မြန်မာနိုင်ငံမှ Max အုပ်စုက ဒေါ်လာ သန်း ၇၀ တန် လုပ်ငန်းအချို့ လွှဲပြောင်းရယူ

Posted by drmyochit Sunday, August 05, 2012, under | No comments


From : Pyi Myanmar Journal
 
မြန်မာနိုင်ငံမှ အင်အားကြီး ကုမ္ပဏီကြီး တစ်ခုဖြစ်သော Max Myanmar စီးပွားရေး လုပ်ငန်းစုက စင်ကာပူ အခြေစိုက် လုပ်ငန်းစုတစ်ခုဖြစ်သော Aussino Group ထံမှ အမေရိကန်ဒေါ်လာ သန်း ၇၀ တန် လုပ်ငန်းတစ်ခုကို လွှဲပြောင်း ရယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း ၂၆-၇-၂၀၁၂ ရက်က သိရသည်။ စင်ကာပူ မှတ်ပုံတင် ကုမ္ပဏီကြီး တစ်ခုဖြစ်သော Aussino Group အနေဖြင့် မြန်မာနိုင်ငံတွင်ရှိသော ၎င်းတို့၏ စီးပွားရေး လုပ်ငန်းအချို့ကို နောက်ပြန်ဆုတ်လာနေသည့် အနေအထားဖြစ်နေပြီး Max အုပ်စုနှင့် ပူးတွဲ လုပ်ဆောင်နေသည့် လုပ်ငန်းအချို့ကို ရှယ်ယာ လွှဲပြောင်းခြင်းများ ပြုလုပ်လာနေသည်ဟု သိရသည်။
“မက်စ် စီးပွားရေး ရင်းနှီးမြှုပ်နှံမှု အုပ်စုရဲ့ လုပ်ငန်း ချဲ့ထွင်မှုတွေကို ကျွန်တော်တို့ လက်ခံယုံကြည်မှု ရှိနေပါပြီ။ စက်သုံးဆီ အရောင်းဆိုင်နဲ့ စွမ်းအင်ကဏ္ဍတွေမှာ Max ရဲ့ ရှေ့ကို တိုးထွက်လာမှုတွေက ကျွန်တော်တို့ကို ရှယ်ယာလျော့ကျစေပါတယ်။ အဲဒီကုမ္ပဏီရဲ့ အမြတ်အစွန်း တန်ဖိုးတွေက ပိုပြီး ကြီးထွားလာလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်” ဟု မက်စ်အုပ်စုနှင့် ပတ်သက်၍ Aussino ၏ ဥက္ကဋ္ဌ Anthong Lim က ပြောကြားသည်။ မက်စ်အုပ်စု အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာတွင် စက်သုံးဆီ အရောင်းဆိုင်ပေါင်း ၂၁ ဆိုင်အထိ ဖွင့်လှစ်ထားပြီးဖြစ်ကာ ထပ်မံ၍ တိုးချဲ့မှုများ ပြုလုပ်နေဦးမည် ဖြစ်ကြောင်းလည်း သိရသည်။ စင်ကာပူနိုင်ငံ၏ စတော့ရှယ်ယာတွင် Max Strategic Investments အမည်ဖြင့် စတော့ဈေးကွက် ဝင်ထားသော မက်စ်အုပ်စု အနေဖြင့် ၂၀၁၂ မတ်လ ၃၁ ရက်တွင် စတော့မှ စုစုပေါင်းဝင်ငွေ ဒေါ်လာ ၉၃ ဒသမ ၂ သန်းမှ အမြတ်ငွေ ဒေါ်လာ ၅ ဒသမ ၂ သန်း ရရှိခဲ့သည်ဟု သိရသည်။ “စင်ကာပူက သူရဲ့ စာရင်းဝင် စီးပွားရေးအရ ဦးဇော်ဇော်ဟာ စွမ်းဆောင်မှုကောင်းတဲ့သူ တစ်ယောက်ပါပဲ” ဟု Aussino မှ မန်နေဂျင်း ဒါရိုက်တာဖြစ်သူ Mark Liew ပြောကြားသည်။


အမေရိကန် ပိတ်ဆို့မှု သက်တမ်းတိုးခြင်းကို USCB ကြိုဆို

Posted by drmyochit Sunday, August 05, 2012, under | No comments


မြန်မာ့သွင်းကုန် ပိတ်ပင်တားမြစ်မှု အပါအဝင် အခြား အရေးယူ ပိတ်ဆို့မှုများကို သုံးနှစ် ထပ်မံ သက်တမ်းတိုးရန် အမေရိကန် အောက်လွှတ်တော်က ကြာသပတေးနေ့က မဲခွဲဆုံးဖြတ်ခဲ့သည့်အပေါ် မြန်မာ့အရေး လှုပ်ရှားနေသည့် အမေရိကန်အခြေစိုက် US Campaign for Burma (USCB) က ကြိုဆိုလိုက်သည်။

တရားဥပဒေ စိုးမိုးမှု မရှိသည့် စနစ်အောက်တွင် လူ့အဖွဲ့အစည်းနှင့် တိုင်းရင်းသား လူနည်းစုများအပေါ် ရာဇဝတ်မှုများ ဆက်လက် ကျူးလွန်နေကြသော အုပ်ချုပ်သူ အပေါ်ယံအလွှာ၊ စစ်ဘက်နှင့် အာဏာပိုင်များနှင့် ပူးပေါင်းလုပ်ကိုင်နေ သည့် စီးပွါးရေးသမားများအပေါ် ဒဏ်ခတ်အရေးယူမှုများအား သက်တမ်းတိုးလိုက်သည့် အမေရိကန်၏ ဆောင်ရွက် ချက်ကို USCB က ကြိုဆိုလိုက်ခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံက အုပ်ချုပ်သူ အစိုးရ အပေါ် ရှင်းလင်းပြတ်သားပြီး ပြင်းထန်တဲ့ သတိပေးမှုတရပ် ပြုလုပ်လိုက်တာပါပဲ။
နိုင်ငံရေး အကျဉ်းသားတွေဟာ သံတိုင်တွေရဲ့ နောက်မှာ ကျန်နေသေးသရွေ့ ၊ တိုင်းရင်းသား လူနည်းစု အရပ်သားတွေ အပေါ် စစ်ရေးတိုက်ခိုက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပြုလုပ်နေသရွေ့၊ စစ်မှန်တဲ့ အမျိုးသား ပြန်လည် စည်းလုံးရေး၊ မျှတတဲ့ တရားစီရင်မှု စနစ်နဲ့ တာဝန်ယူနိုင်မှုတွေ မရှိသေးသရွေ့ ဒီလိုပိတ်ဆို့ ဒဏ်ခတ်မှုတွေဟာ ရှိနေဦးမှာပဲ ဆိုတာကို သတိပေးလိုက်ခြင်းပါပဲ” ဟု အဖွဲ့ အကြံပေး ဒါရိုက်တာ Jennifer Quigley က ဆိုသည်။

“သမ္မတ ဦးသိန်းစိန် အနေနဲ့ ပြုပြင်ပြောင်းလဲမှု တချို့တွေကို လုပ်ကိုင်နေပေမယ့် ဒီ့ထက် ပိုအများကြီးလုပ်ဖို့ ကျန်နေ
သေးတယ် ဆိုတာကို ကွန်ဂရက်က အသိအမှတ် ပြုလိုက်ခြင်းပါပဲ။ ဒီ အက်ဥပဒေကို သက်တမ်းတိုးလိုက်ခြင်းဟာ တိုင်းရင်းသား လူနည်းစုတွေ လူ့အခွင့်အရေးရရှိရေးကို အာရုံထားဆောင်ရွက်ဖို့နဲ့ ဒီမိုကရေစီနည်းကျ ပြုပြင်ပြောင်းလဲ မှုတွေနဲ့ လွတ်လပ်ခွင့်တွေအပေါ် အာရုံထား လုပ်ဆောင်လာဖို့ လိုအပ်နေတယ်ဆိုတာကို ပြသလိုက်တာပါပဲ” ဟု သူကဆိုသည်။

ပြည်သူ့ယုံကြည်မှုတည်ဆောက်မည်ဆိုလျှင် ပြည်သူကို ရိုသေစိတ်ရှိဖို့လိုမည်

Posted by drmyochit Sunday, August 05, 2012, under | No comments


by ပြည်သူ့ခေတ် ·

ကားကြီးတစ်စီး ၀ူးခနဲဖြတ်မောင်းသွားသည်။ လမ်းစည်းကမ်းကို ကိုယ်စွမ်းရှိသမျှ ဉာဏ်စွမ်း ရှိသမျှ အစွမ်းကုန် ကြိုးစား ဖောက်ဖျက်ပြီး မောင်းနှင်သွားတာ ဖြစ်သည်။ ကုန်တင်ကားတစ်စီးအဖို့ သည်လောက် မြန်မြန် မောင်းစရာ အကြောင်းမရှိ၊ ပြီးတော့ ကုန်တင်ကားတစ်စီးအဖို့ အခြားတစ်ဖက်
မျက်နှာချင်းဆိုင်က မ၀င်ရသည့် ယဉ်ကြောကို အဓမ္မ ၀င်လုစရာ အရေးတကြီးအကြောင်းမရှိ၊ ပြီးတော့၊ ကုန်တင်ကား တစ်စီးအဖို့ မီးပွိုင့်မှာ ရပ်စောင့်နေကြသော ကားတန်းရှည်ကြီးကို အတင်း ကျော်တက်စရာ အကြောင်းလည်းမရှိဟု မြင်သူတိုင်းက ထင်သည်။ မြန်မြန် မောင်းသည်။ အတင်းကျော်တက်သည်။ စည်းကမ်းဖောက်သည်။ လမ်းပေါ်ရှိ လူများရော၊ နံဘေးမှာ သူ့နည်းတူ စည်းကမ်းဖောက်ဖို့ ကြိုးစားပါလျက်နှင့် ကျန်ခဲ့ရသော ဘတ်စကားပေါ်မှ ခရီးသည်များပါ အလန့်တကြား လိုက်ကြည့်ကြသည်။ ကားက ကွန်တိန်နာကားဟု ခေါ်သော အမျိုးအစား။ ကားဘေးနံရံနှင့် အနောက် နံရံတို့မှာ မြန်မာနိုင်ငံတွင် နာမည်ကျော်နေသည့် ပေါင်မုန့်အမည်နှင့် ရုပ်ပုံကားကြီး။ ရုပ်မြင်သံကြားကြော်ငြာတွေမှာ ငွေကုန်ကြေးကျခံကာ ကြော်ငြာနေသော ပေါင်မုန့် အမျိုးအစား။
          ဘတ်စကားပေါ်ပါ ခရီးသည်တစ်ဦးက တော်ပြီ၊ ဒီပေါင်မုန့် ဘယ်တော့မှ ၀ယ်မစားဘူးဟု ရေရွတ်လိုက်တာ ကြားရသည်။ သည်လို အဖြစ်အပျက်များက ရန်ကုန်မြို့မှာနေသူများအဖို့ နိစ္စဓူဝ တွေ့ကြုံနေရသော အဖြစ်အပျက်များ ဖြစ်သည်။ ယခုနှစ်ပိုင်းမှာ ကားများကလည်း သိသိသာသာ များလာသည်။ မောင်းသူများကလည်း သိသိသာသာ ကြမ်းလာသည်ဟု ထင်ရသည်။ တစ်ခါကလည်း နံပါတ်ပြားအဖြူနှင့် သံရုံးကားတစ်စီး။ နောက် “ဖွဲ့”ဟု အမည်တပ်ထားသော ကုလသမဂ္ဂ၏ အဖွဲ့အစည်းများထဲမှ ကားတစ်စီး။ စည်းကမ်းကို အပြိုင်အဆိုင် ချိုးဖောက်နေကြ တာကို တွေ့ရသည်။ မြင်သူတိုင်းက ထိုသံရုံး၊ ထိုအဖွဲ့အစည်းကို ဆဲရေးတိုင်းထွာ လိုက်ကြသည်။ အမှန်ကတော့ သည်လို မဟုတ်တာလုပ်မှုက ကားမောင်းသူများ၊ ယဉ်မောင်းများ၏ စည်းကမ်းချိုးဖောက်မှုသာဖြစ်ပါသည်။ သို့ရာတွင် အဆိုပါသံရုံးများ၊ အဖွဲ့အစည်းများ၊ ကုန်ပစ္စည်းများ၏ ပုံရိပ်၊ ဂုဏ်သိက္ခာများကိုပါ ထိခိုက်သွားတာ ဖြစ်လေသည်။
          ယဉ်မောင်းလုပ်သူက မြန်မြန်ရောက်အောင် မောင်းတာ၊ ယဉ်စည်းကမ်းကို ချိုးဖောက်သွားတာတို့က သံရုံး၏ ပေါ်လစီအရတော့ မဖြစ်နိုင်ပါ။ ပေါင်မုန့်ထုတ်လုပ် ရောင်းချနေသူများက ယာဉ်စည်းကမ်းချိုးဖောက်နိုင်သော ၎င်းတို့၏ ယဉ်မောင်းများကို ဆုကြေး များများပေးမည်ဟု သတ်မှတ်ထားစရာအကြောင်းမရှိပါ။ သို့သော်လည်း သည်လိုယဉ်မောင်းမျိုးကို အပြစ်ပေးခြင်း၊ ထိထိရောက်ရောက် အရေးယူခြင်း မလုပ်နိုင်တာ၊ ကြပ်ကြပ်မတ်မတ် ထိန်းကျောင်းခြင်း မလုပ်နိုင်တာတို့သည် ထိုအဖွဲ့အစည်း၊ ကုမ်္ပဏီ၊ ထိုကုန်ပစ္စည်းတို့၏ ပုံရိပ်ကို ထိခိုက်စေသည်။ ယဉ်မောင်းတွေကို လမ်းမတွေပေါ်မှာ မှန်မှန်ကန်ကန်သဘောထားနဲ့ မောင်းနှင်အောင် မလုပ်နိုင်တာက ထိုအဖွဲ့အစည်းများအတွက် နစ်နာစရာများသာ ဖြစ်ပါသည်။ ထို့အတူပင် စည်းကမ်းလိုက်နာသော ယဉ်မောင်းများကို မြှောက်စားခြင်း၊ ရာထူး လစာတိုးပေးခြင်း စသည်ကဲ့သို့ အားပေးခြင်းနည်းဖြင့် မိမိ၏ အဖွဲ့အစည်း ဂုဏ်တက်နိုင်မည် ဆိုတာကို သတိပြုသင့်ပါသည်။
          နိုင်ငံရေးမှာတော့ သည့်ထက်ပို၍ အရေးကြီးမည်ဟု ထင်ပါသည်။ အစိုးရ အဖွဲ့ခေါင်းဆောင်များက ဘယ်လိုပဲ ပေါ်လစီတွေ ရေးဆွဲထုတ်ပြန်နေသည်ဖြစ်စေ၊ အဆင့်ဆင့်မှ အကောင်အထည်ဖော်ရသူများက တစ်လွဲလုပ်နေလို့မရ။ ယဉ်မောင်း၏ ပြုမူပုံကအစ မိမိ၏ ပုံရိပ်နှင့် ဂုဏ်သိက္ခာကို ထိခိုက်စေတာကို သိဖို့လိုတာအမှန်။
          နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အစိုးရအဖွဲ့၏ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ မူဝါဒများ ဖော်ထုတ်ပြောဆိုလိုက်သည့်အခါ ပြည်သူလူထု၏ တပ်မတော်အစိုးရပေါ်မှာ မြင်သည့် အမြင်အချို့ ပြောင်းလဲသွားခဲ့သည်။ ပြည်တွင်း ပြည်ပ အလယ်မှာ မြန်မာအစိုးရအဖွဲ့၏ ပုံရိပ် ပြောင်းလဲလာခဲ့သည်။ အဆိုပါ အစိုးရ၏ ပုံရိပ် ကောင်းကောင်း ရေရှည် တည်ရှိနေဖို့ အစိုးရ၏ ဂုဏ်သိက်္ခာတိုးမြင့်လာဖို့ဆိုလျှင် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေကြသည့် အစိတ်အပိုင်း အသီးသီးမှ အဆင့်ဆင့်ကို မထိန်းချုပ်နိုင်လို့ မဖြစ်။
          သမ်္မတ၏ဂုဏ်သိက္ခာာကသမ္မတပြောစကားတစ်ခုတည်းပေါ်မှာတည်မှီနေတာ မဟုတ်။ သမ္မတ လုပ်ဆောင်ချက် တစ်ခုတည်းမှာ တည်မှီနေတာမဟုတ်။ အဖွဲ့အစည်း တစ်ခုလုံး၏ ဦးတည် ရွေ့လျားနေပုံပေါ်မှာပါ တည်မှီနေတာ ဖြစ်သည်။ အဖွဲ့အစည်းဝင်များ၏ အမူအကျင့်၊ အလုပ်အကိုင်၊ အပြောအဆိုများပေါ်မှာလည်း တည်နေတာ ဖြစ်သည်။ ၀န်ကြီးတစ်ဦး စကားမှားသွားသည့်အခါ သမ္မတက သူနဲ့ မဆိုင်ပါဟု ရှောင်လို့မရ။ အစိုးရအဖွဲ့ဝင်တစ်ဦး၏ အမှားသည် အစိုးရအဖွဲ့တစ်ခုလုံး၏ ပုံရိပ်ကို ပြောင်းလဲသွားစေနိုင်တာဖြစ်သည်။ ထို့ကြောင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးအားလုံး ထိန်းသိမ်းနိုင်ပါမှ တော်ကာကျသည့် ကိစ္စမျိုးဖြစ်သည်။ ထို့ပြင်တ၀၊ အုပ်ချုပ်ရေး ယန္တရား တစ်ခုလုံးရှိ အကောင်အထည်ဖော် လုပ်ဆောင်နေသူ အားလုံးကို မိမိ၏ ပေါ်လစီနှင့်အညီဖြစ်အောင် ထူထောင်ဖို့ လိုတာဖြစ်သည်။ အဖွဲ့အစည်း၏ ပုံရိပ်ကို အဆင့်တိုင်းမှာ ထိန်းသိမ်းဖို့ လိုတာဖြစ်သည်။
          ဒါအတွက် လိုအပ်သလောက် ကြပ်မတ်ဖို့လည်း လိုပါလိမ့်မည်၊ မှန်ကန်အောင် ထိန်းကျောင်းဖို့လည်း လိုပါလိမ့်မည်၊ ပညာပေးဖို့လည်း လိုပါလိမ့်မည်၊ စည်းရုံး သိမ်းသွင်းဖို့လည်း လိုပါလိမ့်မည်၊ အရေးယူစရာရှိလျှင် အရေးယူ အပြစ်ပေးဖို့လည်း လိုမှာ အမှန်ဖြစ်ပါသည်။ အရေးပါသော အဖွဲ့ဝင်တစ်ဦးက ခပ်ပေါ့ပေါ့စကားများနှင့် ပြည်သူလူထုကို ဆက်ဆံလို့မရ။ လျှပ်စစ်မီးမရှိလျှင် ဖယောင်းတိုင်နှင့်နေပေါ့လို့ အလွယ်တကူ ပြောလိုက်လို့မရ။ ဖယောင်းတိုင်မီးနဲ့ ရေတင်လို့မရတာလောက်ကိုတော့ သိဦးမှဖြစ်မည် (သည်လိုပြောတော့ အ၀ီစိတွင်းရေကို ခြေနင်းတုံကင်တွေနဲ့ တင်ကြလို့ ပြောလာမှာ စိုးရသေးသည်)။ လက်တွေ့မှာ ဒါက ရယ်စရာမဟုတ်၊ ရယ်ပွဲဖွဲ့စရာ မဟုတ်။ ဖယောင်းတိုင်မီးနှင့် စာစီစာရိုက်လုပ်လို့မရ။ စာပုံနှိပ်စက်လည်လို့မရ။ ရုပ်မြင်သံကြား ကြည့်လို့မရ။ ဖယောင်းတိုင်မီးနှင့် လွှတ်တော် အဆောက်အအုံကြီးကို လေအေးပေးစက်ဖွင့်လို့မရ၊ ဖယောင်းတိုင်မီးနှင့် လွှတ်တော်ထဲက စကားပြော အသံချဲ့စက်များဖွင့်လို့မရ။ လျှပ်စစ်မီးမရှိဘဲ လုပ်ငန်းတော်တော်များများ လုပ်လို့မရ။
          ပြောချင်းပြောလျှင် “ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်တွေရဲ့ အိမ်တွေမှာလည်း အလှည့်ကျ မီးဖြတ်ပါမယ်။ ပြည်သူလူထု မီးဖြတ်ချိန် လေးနာရီဆိုရင် သမ္မတကြီး အိမ်ကိုလည်း လေးနာရီဖြတ်ပါမယ်၊ လောလောဆယ်မှာ လျှပ်စစ်မီး ဘယ်လိုမှ မလောက်လို့ပါ၊ အဲဒီအချိန်ကိုတော့ နည်းနည်းသည်းခံပြီးကျော်ဖြတ်ကြပါစို့” ဟု ပြောလျှင် တော်ပါသေးသည်။
          နိုင်ငံရေးပါတီများတွင်လည်း သည်လို သဘောပဲဖြစ်သည်။ အများပြည်သူနှင့် ဆက်ဆံနေရသော နိုင်ငံရေးသမားများအတွက် စောင့်ထိန်းရတာများ အလွန် များပြားပါလိမ့်မည်။ အပြုအမူ၊ အပြောအဆို၊ အနေအထိုင်၊ အားလုံးကို လေးလေးနက်နက် သဘောထားဖို့ လိုပါလိမ့်မည်။ အမှားပြောမိသွားသည့်အခါ ဒါဟာ ပါတီရဲ့ သဘောထားမဟုတ်၊ သူ့ရဲ့ ပုဂ္ဂိုလ်ရေးအမြင်ပါဟု ဥပဒေစကားပြောလို့ ရချင် ရပါလိမ့်မည်။ သည်လိုငြင်းလို့ ရကောင်းရမည်။ သို့ပေမယ့် အများပြည်သူ၏ အမြင်ကို လိုက်လံခြေဖျက်ဖို့ကတော့ ခက်ပါလိမ့်မည်။ ပြည်သူလူထုကတော့ သည်လိုပြောလိုက် သည်နှင့်၊ သည်လို မြင်လိုက်ပြီးဖြစ်သည်။ သည်လိုဆိုလိုလိုက်သည်နှင့် အဆိုပါပုံရိပ်က ပေါ်လွင်သွားပြီးဖြစ်သည်။ သည်လို အချိုးချိုးလိုက်သည်နှင့် တစ်ခါတည်း စိတ်ကုန် သွားပြီးသား ဖြစ်သည်။ အထူးသဖြင့်၊ ပုံရိပ်ကို တည်ဆောက် ထုဆစ်နေသူများအဖို့ ပိုပြီး ဂရုစိုက်ရပါလိမ့်မည်။
          ယနေ့ကာလ၏ နည်းပညာတိုးတက်မှုများက အံ့မခန်းဖြစ်နေသည့်အတွက် လွှတ်တော်ထဲမှာ မဲ့ကာရွဲ့ကာ ပြောနေလျှင်၊ ရုပ်မြင်သံကြားပေါ်မှာ ထင်းထင်းကြီး ပေါ်နေတာကို သတိပြုဖို့လိုသည်။ စာနယ်ဇင်းသမားများက မေးလိုက်တာကိုဖြေလျှင် ရုပ်ရောအသံပါမှတ်တမ်းတင်ပြီးသား ဖြစ်နေတာကို မမေ့လိုက်ဖို့ လိုသည်။ ယနေ့ခေတ်က မြင်ကွင်းတိုင်း၊ အဖြစ်အပျက်တိုင်း၊ ပြောစကားတိုင်းကို မှတ်တမ်းတင် နေသောခေတ်။ မတော်တဆ မှားယွင်းမှုများဆိုတာ ဘယ်မှာမဆို ရှိနိုင်ပါသည်။ သည်အခါမှာ ရိုးရိုးသားသားဝန်ခံပြီး အမှားပြင်ဖို့ လိုသည်။
          ပြည်သူလူထုနှင့် ပတ်သက်နေရသူများဆိုတာ၊ ပြည်သူလူထုအမြင် သဘောထားကို အမြဲ ဂရုစိုက်နေဖို့ လိုပါလိမ့်မည်။ ပြီးတော့ ပြည်သူလူထုကို ရိုသေစိတ် အမြဲရှိနေဖို့ လိုပါလိမ့်မည်။

သမ္မတ ဦးသိန်းစိန်နဲ့ ပါတီ ၁၄ ခု တွေ့ဆုံ

Posted by drmyochit Sunday, August 05, 2012, under | No comments

 


သမ္မတ ဦးသိန်းစိန်ဟာ တိုင်းရင်းသားနဲ့ နိုင်ငံရေးပါတီ (၁၄) ခုက ကိုယ်စားလှယ်တွေနဲ့ ဒီကနေ့ ပျဉ်းမနား နေပြည်တော်မှာ တွေ့ဆုံပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အခက်အခဲတချို့ ရှိနေမှု အပါအဝင် မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီလိုတွေ့ဆုံခဲ့ရာမှာ မိမိတို့အနေနဲ့ တိုင်းရင်းသား ဒေသတွေမှာ ငြိမ်းချမ်းမှု ရရှိရေး ပြဿနာကနေ သတင်း မီဒီယာ လွတ်လပ်ခွင့်တွေအထိ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ပွင့်ပွင့်လင်းလင်း တင်ပြ ဆွေးနွေး နိုင်ခဲ့ကြတယ်လို့ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ရှမ်းအမျိုးသားများ ဒီမိုကရေစီပါတီ ကိုယ်စားလှယ် ဦးစိုင်းညွန့်လွင်က RFA ကို ပြောပါတယ်။
"သမ္မတက သူလုပ်တာ ကိုင်တာ သူ့သဘောထားတွေ သူ့အခက်အခဲတွေကအစ ရှင်းရှင်းလင်းလင်းနဲ့  ပွင့်ပွင့်လင်းလင်း ပြောပါတယ်။ ကျွန်တော်တို့ နိုင်ငံရေးလုပ်တဲ့ ၂၅ နှစ် ပတ်ဝန်းကျင်မှာပေါ့နော်။ အဲဒီလိုမျိုး ရှင်းပြတာ တခါမှ မကြုံဖူးသေးပါဘူး။ ဒါက ပထမဦးဆုံးအကြိမ် သူကိုယ်တိုင် တိုက်ရိုက်ရှင်းပြတယ်။ ဒါဟာ တော်တော်လေးကောင်းတဲ့ အလားအလာပါ။"
ဒါ့အပြင် ပင်လုံစိတ်ဓာတ် အခြေခံနဲ့ တိုင်းရင်းသား အားလုံး ပါဝင်တဲ့ ညီလာခံတရပ် ခေါ်ယူနိုင်ရေး အတွက် ကြိုးပမ်းနေကြောင်း သမ္မတ ဦးသိန်းစိန်က ပြောပြခဲ့တယ်လို့ ဦးစိုင်းညွန့်လွင်က ဆိုပါတယ်။
ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ပတ်သက်လို့တော့  သတင်းအချက်အလက် အမှားတွေအပေါ် အခြေခံပြီး အစွန်းရောက် အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းတွေ ပါဝင်ပတ်သက် လာမှာကို ကြိုတင် ကာကွယ်နိုင်ဖို့ သိမ်သိမ်မွေ့မွေ့ ဆောင်ရွက်ရန် လိုကြောင်း သမ္မတက ပြောဆိုခဲ့တယ်လို့ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဦးအေးသာအောင်က ပြောပါတယ်။
သတင်း မီဒီယာ စာနယ်ဇင်း လွတ်လပ်ခွင့်တွေကို ဆွေးနွေးရာမှာတော့ တိုင်းပြည်ရဲ့ စတုတ္ထ မဏ္ဍိုင်အဖြစ် အသိအမှတ်ပြုပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတိုင်း ဆောင်ရွက်ကြဖို့ လိုကြောင်း သမ္မတက တုံ့ပြန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်