Monday, August 06, 2012

မျက်နှာဖုံးမည်းသုံး၍ ဂျာနယ်များ သတင်းလွတ်လပ်ခွင့် တောင်းဆို

Posted by drmyochit Monday, August 06, 2012, under | No comments


 
Messenger ဂျာနယ် ဖတ်နေသူတဦး (ဓာတ်ပုံ – ပိုင်စိုးဦး/ ဧရာဝတီ)
သတင်းလွတ်လပ်ခွင့် ကော်မတီ၏ လှုပ်ရှားမှု သတင်းများကို ဂျာနယ်များတွင် မဖော်ပြကြရန် စာပေစိစစ်ရေးက ပိတ်ပင် လိုက်သဖြင့် သတင်းဂျာနယ်များက ဂျာနယ်မျက်နှာဖုံးများကို အမည်းရောင် ခြယ်သ ထုတ်ဝေကြ ခြင်းဖြင့် ဆန္ဒထုတ်ဖော် လိုက်ကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့တွင် သြဂုတ်လ ၄ ရက်နေ့က စတင်သော သတင်းလွတ်လပ်ခွင့် ကော်မတီ၏ The Voice နှင့် Envoy ဂျာနယ် နှစ်စောင် ပြန်လည် ထုတ်ဝေခွင့်ရရှိရေး၊ သတင်းလွတ်လပ်ခွင့် ရရှိရေး လှုပ်ရှားမှု သတင်းများကို ဖော်ပြခွင့်အတွက် ဂျာနယ် များက စာပေစိစစ်ရေးကို တင်ပြကြသော်လည်း ယင်းသတင်းများကို ဖော်ပြခွင့်မပြုဟု စာပေစိစစ်ရေးက အသိပေး အကြောင်းကြား လာကြောင်း၊ တချို့သတင်းဂျာနယ်များက စာပေစိစစ်ရေး၏ တားမြစ်မှုကို မလိုက်နာတော့ဘဲ သတင်းများ ထည့်သွင်း ဖော်ပြကြသကဲ့သို့ တချို့ သတင်းဂျာနယ်များကလည်း ဂျာနယ်မျက်နှာဖုံးများကို အမည်းရောင်များဖြင့် ခြယ်သပြီး သတင်းလွတ်လပ်ခွင့် မရှိကြောင်း ဆန္ဒ ထုတ်ဖော်လိုက်ကြကြောင်း သိရှိရသည်။
“ဂျာနယ်တချို့ ကတော့ တိုင်ပင်မှုမရှိဘဲ သူတို့ဟာသူတို့ မျက်နှာဖုံးတွေကို အမည်းရောင်တွေနဲ့ ထွက်လာကြတယ်။ တခါမှ အဲဒီလိုမျိုး မဖြစ်ဖူးသေးဘူး။ တော်တော်ကို ထူးထူးခြားခြားပါပဲ” ဟု သတင်းလွတ်လပ်ခွင့် ကော်မတီ (ယာယီ) မှ သတင်းထောက် တဦးက ပြောသည်။

ကေအိုင်အေတပ်ဖွဲ့ဝင်များ တပ်သားသစ်များစုဆောင်းခြင်းကြောင့် လယ်သမားများအခက်တွေ့နေ

Posted by drmyochit Monday, August 06, 2012, under | No comments


From  ကချင်နေစဉ်သတင်း  

 ပြီးခဲ့တဲ့ သြဂုတ်လ (၃) ရက်နေ့က ကေအိုင်အေ မလိပါတိုက်နယ်ရုံးမှ ဘရန်ဂျာခေါင်းဆောင် တဲ့ ကေအိုင်အေ တပ်ဖွဲ့ဝင် (၁၀) ဦးဟာ မန်စီမြို့နယ်၊ မိုးခေါင်ကျေးရွာမှာရှိတဲ့ ကျေးရွာနေ ဒေသခံ ကချင်လူမျိုး ယောင်္ကျားလေး (၁၂) ဦး နဲ့ မိန်းကလေး (၃) ဦးတို့ကို တပ်သားသစ် စုဆောင်းဖို့ ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင် သွားခဲ့တယ်လို့ သိရပါတယ်။
 ကေအိုင်အေ တပ်ဖွဲ့အနေနဲ့ တပ်သားသစ်စုဆောင်းမှုတွေကို ကျေးရွာအတော်များများမှာ ပြုလုပ်နေ ခဲ့ ကြပါတယ်။ ယခုအချိန်ဟာ မိုးရာသီသို့ ရောက်ရှိနေပြီ ဖြစ်တဲ့အတွက် စပါးစိုက်ပျိုးလုပ်ကိုင်ဖို့ ဆောင် ရွက်နေ ကြတဲ့အချိန်ဖြစ်ပါတယ်။
လယ်သမားတွေအနေနဲ့ လယ်ယာလုပ်ငန်း လုပ်ကိုင်ဖို့ ကောက်စိုက်သူများနဲ့ စာရင်းငှားများ ငှားရမ်း သော်လည်း ကေအိုင်အေ တပ်ဖွဲ့ ၏ဖမ်းဆီးခြင်း၊ လူသစ်စုဆောင်းခြင်း ခံရမှာ စိုးရိမ်တဲ့အတွက် လယ်တောသို့ မလိုက်ရဲတဲ့အပြင် လယ်သမားများအနေနဲ့လည်း ယခုလို လူသစ်စုခြင်း ၊ ဆပ်ကြေးကောက် ခံခြင်းတွေကြောင့် လယ်ယာများ အချိန်မှီ မစိုက်ပျိုးနိုင်ပါက စားဝတ်နေရေးအတွက် အခက်အခဲများ ဖြစ် လာနိုင်ကြောင်း မိုးခေါင် ကျေးရွာနေ လယ်သမား ဦးဂမ်ဆိုင်းမှ ပြောသည်။


သင်္ကြန်ရုံးပိတ်ရက် လျှော့ရန်မေးခွန်းကို လက်ရှိအတိုင်း ၁၀ရက်သာ ပိတ်မည်ဟု တာဝန်ရှိသူဖြေကြား

Posted by drmyochit Monday, August 06, 2012, under | No comments


   From -7DayNewsJournal

နေပြည်တော်၊ သြဂုတ်-၅
လသာမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြီးမြင့်က မဟာသင်္ကြန်ရုံးပိတ်ရက်ကို လေးရက် သို့မဟုတ် အကြတ်နှစ်ရက်ဖြစ်ပါက ၅ ရက်သာ ပြန်လည် သတ်မှတ်ပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်းကို ယနေ့(သြဂုတ်လ၆ရက်)ကျင်းပသည့် ပြည်သူ့လွှတ်တော် ၂၀ ရက်မြောက်နေ့တွင် မေးမြန်းခဲ့ရာ သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က လက်ရှိကောင်းမွန်တဲ့ အစဉ်အလာကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြန်လည်ဖြေကြားခဲ့သည်။

ဦးကြီးမြင့်က မြန်မာနိုင်ငံသည် အစစအရာရာ နိမ့်ကျနေသေးသည့် နိုင်ငံဖြစ်သည့်အတွက် ကုန်ထုတ်စွမ်းအားများ ပိုမိုတိုးတက်နိုင်ရန် အတွက် အကြောင်းပြကာ အထက်ပါမေးခွန်းကို မေးမြန်းခြင်းဖြစ်သည်။

သင်္ကြန်တွင်း ၁၀ ရက် ရုံးပိတ်ရက်ဖြစ်သည့်အတွက် ဧပြီလအတွင်းတွင် လုပ်ကိုင်ရသည့် အလုပ်များ တွင်ကျယ်မှုမရှိကြောင်း နှင့် ဧပြီလအတွက်အလုပ်ကိုကြိုတင်ရှောင်ထားရကြောင်း ကျိုးကြောင်းပြ မေးမြန်းသွားသည်။

အလားတူ ပြည်သူ့ဝန်ထမ်းများအနေဖြင့်လည်း ရုံးပိတ်ရက် ၁၀ ရက်ဖြစ်သည့်အတွက် အကျိုးကျေးဇူး ထူးထူးခြားခြားမရဘဲ ရုံးစောင့်ရသည့် အလုပ်သာ တိုးလာခဲ့ကြောင်း ဦးကြီးမြင့်ကဆိုသည်။

သင်္ကြန်ရုံးပိတ်ရက် ၁၀ ရက်သတ်မှတ်ခြင်းအား နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရက ၂၀၀၇ ခုနှစ် သြဂုတ် ၁၆ ရက်က ကြေငြာချက်အမှတ် ၁/၂၀၀၇ ဖြင့် ကြေညာခဲ့ခြင်းဖြစ်သည်။

အီရန်နိုင်ငံ၏ အကြီးဆုံး ရေနံဓာတုပစ္စည်း စက်ရုံ မီးလောင်မှုဖြစ်ပွား

Posted by drmyochit Monday, August 06, 2012, under | No comments


 
 (တီဟီရန်    သြဂုတ်   ၅
အီရန် နိုင်ငံ အနောက် တောင်ပိုင်း မာရှာမြို့တော် ရှိ နိုင်ငံ၏ အကြီးဆုံး ရေနံဓာတု ပစ္စည်း စက်ရုံ တွင်  ဓာတ်ငွေ့ ယိုစိမ့်မှု ကြောင့် ပေါက်ကွဲမှု ဖြစ်ပွားပြီး မီးလောင် ခဲ့ရာ တစ်ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာ ရရှိ ခဲ့သည်ဟု  ပြည်နယ် အုပ်ချုပ် ရေးမှူး မန်အူချာဟာ ယာတီ က ပြောကြား ခဲ့ကြောင်း သြဂုတ် ၄ ရက်က အင်တာနက် သတင်း တစ်ပုဒ်တွင် ဖော်ပြ ထားသည်။
သို့ရာတွင် အဆိုပါ မီးလောင် ကျွမ်းမှု ကြောင့် စက်ရုံ လည်ပတ်မှု များမှာ အနှောင့် အယှက် ဖြစ်ပွား ခဲ့ခြင်း မရှိကြောင်း ဟာယာတီ ၏ ပြောကြား ချက်ကို ကိုးကား၍ င်္မျေ သတင်း အေဂျင်စီ က ထုတ်ပြန် ကြေညာ ခဲ့သည်။
အီရန်နိုင်ငံရှိ   ရေနံ ဓာတု ပစ္စည်း စက်ရုံ များသည် မကြာမီ လများ အတွင်းက တိုက်ခိုက်မှု ခံခဲ့ ရခြင်း ကြောင့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်ခြင်း လုပ်ငန်း များကို များစွာ ထိခိုက် စေခဲ့ ကြောင်း သိရသည်။  

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ကင်ညာသို့ ရောက်ရှိ

Posted by drmyochit Monday, August 06, 2012, under | No comments


 
 (နိုင်ရိုဘီ  သြဂုတ်   ၅)
 အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး  ဟီလာရီ ကလင်တန်  သည် သြဂုတ် ၄ ရက်တွင်  ၄င်း၏ ၁၁ ရက် ကြာ အာဖရိကခရီးစဉ်၏ စတုတ္ထမြောက် နေ့အဖြစ် ကင်ညာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး  အဆိုပါနိုင်ငံမှ  ခေါင်းဆောင်များအား ဒီမိုကရေစီ နည်းလမ်းကျ ရွေးကောက် ပွဲများ၏ အရေး ပါပုံကို  တိုက်တွန်း ပြောကြား ခဲ့ကြောင်း သိရသည်။

ဟီလာရီ ကလင်တန် သည်  ကင်ညာ အစိုးရ ထိပ်တန်း အရာရှိကြီး များနှင့် တွေ့ဆုံခဲ့ပြီး လာမည့် နှစ်တွင် ကျင်းပမည့် ရွေးကောက် ပွဲများ အတွက် ၂ဝဝ၇ ခုနှစ် သမ္မတ ရွေးကောက်ပွဲ ကဲ့သို့ အဓိက ရုဏ်းနှင့် ဆူပူမှု များထပ်မံ      မဖြစ်ပွား စေရန် တိုက်တွန်း ပြောကြား ခဲ့ကြောင်း သိရသည်။

ထို့ပြင်  သူမသည်   ဆိုမာလီ   အသွင် ကူးပြောင်းရေး အစိုးရ အဖွဲ့ဝင် များ၊ ဒေသ တွင်းရှိ ခေါင်းဆောင် များနှင့် လည်း  တွေ့ဆုံ သွားမည် ဖြစ်ကြောင်း သိရသည်။ သူမ၏ ခရီးစဉ် သည် ဆီနီဂေါ နိုင်ငံတွင်  စတင်ခဲ့ပြီး မာလာဝီ နှင့် တောင် အာဖရိက နိုင်ငံ များသို့  ဆက်လက်သွား ရောက်မည် ဖြစ်ကြောင်း သိရ သည်။

တောင်ကိုရီးယားနိုင်ငံသည် ၄ှင်း၏ပဲ့ထိန်းဒုံးပျံများ ပစ်ခတ်နိုင်မှု အကွာအဝေးကိုတိုးမြှင့်နိုင်ရေး နီးစပ်လာပြီဟုဆို

Posted by drmyochit Monday, August 06, 2012, under | No comments


တောင်ကို ရီးယားနှင့် အမေရိကန် နိုင်ငံတို့သည် မြောက်ကို ရီးယားမှ ခြိမ်းခြောက် မှုများကို အကောင်းဆုံး တုံ့ပြန် နိုင်ရန်အတွက် တောင်ကို ရီးယား နိုင်ငံ၏ ပဲ့ထိန်းဒုံး ပျံများရောက် ရှိပစ်ခတ် နိုင်မှုအကွာ အဝေးကို တိုးမြှင့်ရေး သဘောတူ ညီချက်ရ ရှိရန်နီးစပ် လာပြီဖြစ်ကြောင်း သြဂုတ်လ ၂ ရက်နေ့ Newsnow သတင်း တစ်ရပ် အရသိရှိရ ပါသည်။ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီး ကင်ကွမ်ဂျင်းက ၂ဝ၁၂ ခုနှစ် ကုန်ပိုင်းတွင် နိုင်ငံတွင် လက်ရှိရ ရှိထားသော ၃ဝဝ ကီလိုမီတာ(၁၆၈ မိုင်)အထိ သာရောက်ရှိ ပစ်ခတ်နိုင်သော ပဲ့ထိန်း ဒုံးပျံများ သာထုတ် လုပ်ရေး ကန့်သတ်ချက် ကိုပြင်ဆင်ပြီး လက်ရှိ ထက်ပိုမိုဝေးကွာသော အကွာ အဝေးအထိ ပစ်ခတ် ရောက်ရှိ စေနိုင်သောဒုံး ပျံများထုတ် လုပ်ရေးသ ဘောတူညီ မှုရရှိရန် ကြိုးပမ်း သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။ အမေရိ ကန်နိုင် ငံသည် တောင်ကိုရီး ယားနိုင်ငံတွင် တပ်ဖွဲ့ဝင် ၂၈,၅ဝဝ အခြေစိုက် ထားရှိပြီး တောင်ကို ရီးယားနိုင် ငံကို နျူကလီး ယားလက်နက် တစ်စုံတစ်ရာ ပစ်ခတ် တိုက်ခိုက် လာမှုမှ အကာအကွယ် ပေးသွား မည်ဟု အာမခံထား သည့်အတွက် ကြောင့် တောင်ကိုရီး ယားနိုင်ငံက နိုင်ငံ၏ပဲ့ ထိန်းဒုံး ပျံများပစ် ခတ်နိုင် မှုအကွာ အဝေးကို ကန့်သတ်မှု အားလက် ခံထားကြောင်း သိရှိရပါသည်။ မြောက်ကို ရီးယား၏ ပဲ့ထိန်းဒုံး ပျံများသည် နှစ်နိုင်ငံ နယ်စပ်မှ ၄ဝဝ ကီလိုမီတာ(၂၄၈.၅ မိုင်)ကျော် ကွာဝေးသော တောင်ကို ရီးယား နိုင်ငံ၏ ဂျေ ဂျူးကျွန်း အထိရောက် ရှိပစ်ခတ်နိုင် စွမ်းရှိကြောင်း၊ မြောက်ကိုရီး ယားနိုင်ငံတွင် အမျိုးမျိုး သောဒုံးပျံ အစင်းပေါင်း ၁ဝဝဝ ကျော်ရှိပြီး ၄ှင်းတို့ အနက် အများစုမှာ တောင်ကိုရီးယား နိုင်ငံကိုချိန် ရွယ်ထား သည်ဟု တောင်ကို ရီးယား နိုင်ငံကယူဆ လျက်ရှိ ကြောင်းသိရှိ ရပါသည်။

ထိုင်းနိုင်ငံတောင်ပိုင်းစွန်းဒေသတွင် လုံခြုံရေးတိုးမြှင့်ခဲ့ခြင်း

Posted by drmyochit Monday, August 06, 2012, under | No comments

ထိုင်းနိုင်ငံ တောင်ပိုင်း ပတ္တနီ ပြည်နယ်တွင် သြဂုတ်လ ၁ ရက်နေ့က အကြမ်း ဖက်တိုက် ခိုက်မှု ၂ ရပ် ကြောင့်လူ ၃ ဦးသေ ဆုံး၍ ၁ဝ ဦးခန့် ဒဏ်ရာရ ရှိခဲ့ကြောင်း Xinhua သတင်း တစ်ရပ် အရသိရှိ ရပါသည်။ ၄င်းအပြင် Runda Kumpulan Kecil အကြမ်း ဖက်အဖွဲ့က ဟတ်ယိုင် ခရိုင်ကို ပစ်မှတ် ထားထပ်မံ တိုက်ခိုက် လာနိုင်ခြေ ရှိသည် ဟူသော ထောက်လှမ်း ရေးသတင်း များထွက်ပေါ် လာပြီးနောက် ထိုင်းအ စိုးရသည် နိုင်ငံတောင် ပိုင်းစွန်း ဒေသတွင် လုံခြုံရေး အစီအမံများ ကိုတိုး မြှင့်ခဲ့ပြီး စစ်နည်း ဗျူဟာ သစ်များ ချထားရေး စဉ်းစား လျက်ရှိကြောင်း ထိုင်းအ စိုးရ အဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောကြား ခဲ့သည်ဟု သိရှိ ရပါသည်။ ကာကွယ် ရေးဝန်ကြီး ဆူကန်ပို ဆူဝမ် နာသက်က နိုင်ငံ တောင်ပိုင်း စွန်းဒေ သတွင် လက်နက် တပ်ဆင် ထားသော ဝေဟင် ကင်းထောက် လေယာဉ် များအပါ အဝင် စစ်ဗျူဟာ သစ်များနှင့် တိုးမြှင့် ထားသော လုံခြုံရေး အစီအ မံများချ ထားရေး အဆိုပြု ထားပါသည်။ ထိုင်းအစိုး ရအဖွဲ့သည် တောင်ပိုင်း စွန်းရှိစစ် မှုထမ်း များကို အုပ်ချုပ် ထောက်ပံ့မှုပေးရေးအတွက် အသုံးစရိတ်အဖြစ် ဘတ်ငွေ ၃၉၁ သန်း(အမေရိကန်ဒေါ်လာ ၁၂.၄ သန်း)ပေးအပ်ရေး ဇူလိုင်လ ၃၁ ရက် နေ့တွင် အတည်ပြု ပေးခဲ့ ပါသည်။ တောင်ပိုင်း စွန်းဒေ သတွင် အကြမ်း ဖက်သမား ပေါင်း ၈ဝဝဝ မှ ၁ဝ,ဝဝဝ ထိရှိ ကြောင်း သိရှိ ရပါသည်။

မြာက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်သည် တရုတ်အဆင့်မြင့်ခေါင်းဆောင်များနှင့် တွေ့ဆုံ၍နှစ်နိုင်ငံဆက်ဆံရေးကိစိစ္စရပ်များကိုဆွေးနွေးခဲ့ခြင်း

Posted by drmyochit Monday, August 06, 2012, under | No comments


မြာက်ကိုရီး ယားခေါင်းဆောင် ကင်ဂျုံအန်သည် အလည် အပတ် ရောက်ရှိ နေသော တရုတ် ကွန်မြူ နစ်ပါတီ(CPC) ဗဟို ကော်မတီ၏ နိုင်ငံတကာ ရေးရာဌာ နအကြီး အကဲWang Jiarui နှင့်သြဂုတ်လ ၂ ရက်နေ့တွင် နှစ်နိုင် ငံဆက်ဆံ ရေးကိစ္စ ရပ်များကို ဆွေးနွေးခဲ့ ကြကြောင်း Xinhua  သတင်း တစ်ရပ် အရ သိရှိရ ပါသည်။
CPC နှင့် တရုတ် အစိုးရတို့ အနေဖြင့် တရုတ်-မြောက်ကိုရီးယား ဆက်ဆံ ရေးများအား မဟာ ဗျူဟာ မြောက်နှင့် ရေရှည်မျှော် မှန်းချက် တစ်ရပ် အဖြစ်ရှု မြင်ထား ကြောင်းနှင့် အဆိုပါ ရှုမြင်ချက်သည်  နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးစွာပူး ပေါင်းဆောင် ရွက်ရေး ခိုင်မာပြီး ဖွံ့ဖြိုးတိုး တက်စေမည့် ခိုင်မာသော မူဝါဒ တစ်ရပ်ပင် ဖြစ်ကြောင်း Wang ကပြော ကြားခဲ့ပါသည်။ နှစ်နိုင် ငံအနေဖြင့် အဓိက ကျသောနိုင် ငံတကာ ရေးရာနှင့် ဒေသတွင်း ဆိုင်ရာကိ စ္စရပ်များတွင် မဟာဗျူဟာ မြောက်ဆက် သွယ်ပြီး ပေါင်းစပ် ညှိနှိုင်း မှုကိုတိုးချဲ့ လုပ်ဆောင် သင့်ကြောင်းနှင့် ကိုရီးယား ကျွန်းဆွယ် ပေါ်တွင် ငြိမ်းချမ်းရေး နှင့်တည်ငြိမ်ရေး၊ လုံခြုံစိတ် ချမှုရှိ စေရန်နှင့် အရှေ့မြောက် အာရှဒေသ များတွင် ကြာရှည် တည်တံ့သော ငြိမ်းချမ်း ရေးရရှိ စေရန် မနားမနေ ကြိုးပမ်းလုပ် ဆောင်သင့်ကြောင်း Wang က ထပ်လောင်း ပြောကြား ခဲ့ပါသည်။ မြောက်ကိုရီး ယားနိုင်ငံ အနေဖြင့် ကိုရီးယား ကျွန်းဆွယ်တွင် ငြိမ်းချမ်းရေး နှင့်တည်ငြိမ် မှုရှိရေး အတွက် အမြဲတမ်း တက်ကြစွာ ကြိုးပမ်း လုပ်ဆောင် လျက်ရှိကြောင်း ကင်ဂျုံအန် ကပြောကြား ခဲ့ပါသည်။ Wang ဦးဆောင်သော တရုတ် ကိုယ်စားလှယ် အဖွဲ့သည် ဇူလိုင်လ ၃ဝ ရက် နေ့မှစ၍ မြောက်ကိုရီး ယားနိုင်ငံသို့ အလည် အပတ်ရောက်ရှိ နေခြဲ့ကပြီး အဆို ပါခရီး စဉ်တွင်မြောက် ကိုရီးယား အလုပ်သ မားပါတီ (WPK) နိုင်ငံတကာ ရေးရာဌာန အကြီးအကဲ Kim Yong Il နှင့်တွေ့ဆုံပြီး နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေး ကိစ္စရပ် များကို ဆွေးနွေး ခဲ့ကြကြောင်း သိရှိခဲ့ ရပါသည်။
ကင်ဂျုံအမ်နှင့်တရုတ်ကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံစဉ် 

အာဖဂန်နစ္စတန်ပါလီမန်က ပြည်ထဲရေးနှင့်ကာကွယ်ရေးဝန်ကြီးတို့အားဖြုတ်ချရန် မဲခွဲဆုံးဖြတ်ခြင်း

Posted by drmyochit Monday, August 06, 2012, under | No comments


အာဖဂန် နစ္စတန် ပါလီမန်သည် ကာကွယ် ရေးနှင့်ပြည်ထဲ ရေးဝန်ကြီး တို့ကို အယုံအကြည် မရှိမဲခွဲ ဆုံးဖြတ်မှုအား သြဂုတ်လ ၄ ရက်နေ့ တွင်ပြုလုပ် ခဲ့ကြကြောင်းနှင့် အဆိုပါ မဲခွဲဆုံးဖြတ် မှုသည် နိုင်ငံတကာ တပ်ဖွဲ့များရုပ် သိမ်းနေစဉ် ကာလအတွင်း သမ္မတ ကာဇိုင်းအ စိုးရ၏နိုင် ငံတည်ငြိမ် ရေးကြိုး ပမ်းမှုများကို ထိုးနှက် မှုတစ်ရပ် ဖြစ်စေကြောင်း Newsnow သတင်းတစ် ရပ်အရ သိရှိရ ပါသည်။ အာဖဂန် ဥပဒေပြု အမတ်များက အစိုးရ အနေဖြင့်ပါ ကစ္စတန် နိုင်ငံမှ နယ်စပ်ဖြတ် ကျော်တိုက်ခိုက် မှုများကို တုံ့ပြန်နိုင်ခြင်း မရှိသောကြောင့် ထိုကဲ့သို့ မဲခွဲဆုံး ဖြတ်မှုပြု လုပ်ပြီး ကာကွယ် ရေးဝန်ကြီး အဗ္ဗဒူလ် ရာဟင် ဝါဒတ်နှင့် ပြည်ထဲ ရေးဝန်ကြီး ဘစ်မူလာ မိုဟမ်မာ ဒီတို့ကို ထုတ်ပယ်ရန် တောင်းဆိုခဲ့ ကြခြင်း ဖြစ်ပါသည်။ အာဖဂန်ပါလီမန်က ဝါဒတ်အား ထုတ်ပယ် ရန်မဲခွဲဆုံး ဖြတ်ရာ၌ ထောက်ခံမဲ ၁၄၆ မဲ၊ ကန့်ကွက်မဲ ၇၂ မဲရရှိခဲ့ပြီး မိုဟမ် မာဒီအတွက် ထောက်ခံမဲ ၁၂၆ မဲ၊ ကန့်ကွက်မဲ ၉ဝ ဖြင့်အတည်ပြု ပေးခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ ဝန်ကြီး ၂ ဦးစလုံးသည် ၄င်းတို့၏ ရာထူး နေရာအတွက် အရည်အချင်း မပြည့်မီ ကြောင်းနှင့် သမ္မတကာ ဇိုင်းအား အဆိုပါ ဝန်ကြီးနေ ရာများအတွက် ဝန်ကြီးအသစ် များခန့်အပ် ရန်တောင်းဆို ထားကြောင်း ပါလီမန် အောက်လွှတ်တော် ဥက္ကဋ္ဌ အဗ္ဗဒူလ် ရောဖ်အေဘရာ ဟီမီက ပြောကြားခဲ့ပါသည်။ သမ္မတ ရုံးအဖွဲ့မှ ထုတ်ပြန်သော ကြေညာ ချက်တစ် စောင်တွင် အာဖဂန် ဖွဲ့စည်းပုံ အခြေခံဥပ ဒေပုဒ်မ ၉၂အရ ပါလီမန်တွင် ဝန်ကြီးများ အားထုတ်ပယ်ခွင့် အာဏာ ပေးထားကြောင်း ဖော်ပြခဲ့ပြီး သမ္မတ အနေဖြင့် ပါလီမန် ၏အယုံအ ကြည်မရှိ မဲခွဲဆုံး ဖြတ်မှုအား ထောက်ခံကြောင်း၊ သို့မဟုတ် ဆန့်ကျင် ပယ်ချကြောင်း တစ်စုံတစ် ရာဖော်ပြ ခဲ့ခြင်းမရှိ သော်လည်း သမ္မတ အနေဖြင့် သြဂုတ်လ ၅ ရက်နေ့ လုံခြုံရေး အဖွဲ့အစည်း အဝေးပြီးမှ သာလျှင် အဆိုပါဝန်ကြီး များထုတ်ပယ်ခြင်း နှင့်ပတ်သက်၍ ဆုံးဖြတ် မည်ဖြစ်ကြောင်း သိရှိရပါသည်။


ကမ္ဘောဒီးယားနိုင်ငံက (၄၄)ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီး များအစည်းအဝေးကို ယခုလအတွင်း အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဟုဆို

Posted by drmyochit Monday, August 06, 2012, under | No comments

(၄၄)ကြိမ် မြောက်အာဆီ ယံစီးပွားရေး ဝန်ကြီးများအ စည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများအား ကမ္ဘောဒီးယား နိုင်ငSiem Reap ပြည်နယ်တွင် သြဂုတ်လ ၂၅ ရက်မှ စက်တင် ဘာလ ၁ ရက်နေ့ အထိ ကျင်းပ ပြုလုပ် မည်ဖြစ် ကြောင်း ကမ္ဘောဒီး ယား ကုန် သွယ်ရေး ဝန်ကြီး ဌာနက သြဂုတ်လ ၄ ရက်နေ့ တွင်ထုတ် ပြန်ခဲ့ သည်ဟုXinhua သတင်း တစ်ရပ် အရ သိရှိ ရပါသည်။ ကမ္ဘော ဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်သည် အဆိုပါ အစည်း အဝေးကို သြဂုတ်လ ၂၇ ရက်နေ့တွင် ဖွင့်လှစ် ပေးမည် ဖြစ်ပါသည်။ အဆို ပါအစည်း အဝေးတွင် အာဆီ ယံအဖွဲ့ ဝင်နိုင်ငံ များနှင့် တရုတ်၊ တောင်ကို ရီးယား၊ ဂျပန်၊ သြစတြေးလျ၊ နယူးဇီလန်၊ အိန္ဒိယ၊ အမေရိကန်၊ ကနေဒါနှင့် ရုရှား နိုင်ငံ တို့အပါ အဝင် ဆွေးနွေး ဖက်နိုင်ငံများ အကြား ကုန်သွယ် ရေးနှင့် စီးပွားရေး ဆိုင်ရာပူး ပေါင်းဆောင် ရွက်မှုကို အလေးထား ဆွေးနွေးကြ မည်ဖြစ်ပါသည်။ အာဆီယံ စီးပွားရေး ဝန်ကြီးများသည် (၂၆)ကြိမ် မြောက် အာဆီယံ လွတ်လပ် သောကုန် သွယ်ရေး ဒေသ(AFTA) ဆိုင် ရာကောင် စီနှင့် (၁၅)ကြိမ်  မြောက်အာဆီ ယံရင်းနှီး မြှုပ် နှံမှု ဒေသ(AIA) ဆိုင်ရာ ကောင်စီတို့ နှင့်အတူ ပူးတွဲ အစည်းအဝေး များပြုလုပ် မည်ဖြစ် ပါသည်။ ထို့အပြင် အဆိုပါ (၄၄) ကြိမ် မြောက် အစည်းအဝေး သည် အာဆီယံ စီးပွားရေး ဝန်ကြီးများနှင့် ကမ္ဘာ့ မူပိုင်ခွင့် ဆိုင်ရာ အဖွဲ့အစည်း အကြီးအကဲ တို့အကြား ဆွေး နွေး ညှိနှိုင်းမှု အစည်းအ ဝေးတစ်ရပ် လည်းဖြစ်ကြောင်း သိရှိ ရပါသည်။

အမေရိကန် ဒေါ်လာသန်း ၁၈ဝ ကျော်တန်ဖိုးရှိ ဆေးဝါးအတုများ တရုတ်ရဲတပ်ဖွဲ့ သိမ်းဆည်းရမိ

Posted by drmyochit Monday, August 06, 2012, under | No comments

 

(ပေကျင်း   သြဂုတ်   ၅)
တရုတ်ရဲတပ်ဖွဲ့ သည် နိုင်ငံ တစ်ဝန်း  အမေရိကန် ဒေါ်လာသန်း ၁၈ဝ ကျော် တန်ဖိုးရှိ ဆေးဝါး အတုများကို ဖမ်းဆီး ခဲ့ပြီး ၄င်းကိစ္စ နှင့် ဆက်စပ် သည့် လူ ၂ဝဝဝ ခန့်ကို ထိန်းသိမ်း ထား ကြောင်း နှင့် ဆေးဝါး အတု ထုတ်သည့်  ဆက်စပ် ပစ္စည်း ၁ဝဝဝ ခန့်ကို  ဖျက်ဆီး ခဲ့ကြောင်း   ပြည်သူ့ ရေးရာ လုံခြုံရေး ဝန်ကြီး ဌာနက  သြဂုတ် ၅ ရက်တွင် ပြော ကြား ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆေးဝါး အတု စစ်ဆေး ဖော်ထုတ်မှု တွင် ရဲအရာရှိ ၁၈ဝဝဝ ခန့် ပါဝင် ကြောင်း၊ ဆီးချို၊  သွေးတိုး၊ ခွေး ရူးရောဂါ စသည် တို့အတွက် ထုတ်လုပ် သော ဆေးဝါး အတု မျိုးစုံကို သိမ်းဆည်း ရမိခဲ့ ကြောင်း နှင့် ၄င်း ဆေးဝါး များသည်   သုံးစွဲသူတို့၏ အသည်း၊  ကျောက်ကပ် နှင့် နှလုံးတို့ကိုပါ  ထိခိုက် ပျက်စီးစေနိုင် ကြောင်း သိရသည်။


ဒီနေ့ ကျင်းပမည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် မေးမြန်းမည့် မေးခွန်းများ

Posted by drmyochit Monday, August 06, 2012, under | No comments


ယနေ့(သြဂုတ်လ၆ရက်နေ့)တွင်ကျင်းပမည့်အမျိုးသားလွှတ်တော်အစည်းအဝေး၌

(၁) တစ်ဦးချင်း ကုန်သွယ်ကတ် ထုတ်ပေးရေး ကန့်သတ်ထားသော ပစ္စည်းများ တင်သွင်းခွင့်ကို ဖြေလျော့ပေးရေး ကုန်ပစ္စည်းကို ကန့်သတ်မည့်အစား တင်သွင်းခွင့် ပေးပြီး အခွန်စနစ်ဖြင့် ထိန်းချုပ်ရေး အများပြည်သူ စားသုံးရန် မသင့် သော ကုန်ပစ္စည်းများကို နယ်စပ်နေ ပြည်သူများ သိရှိလိုက်နာရန် စစ်ဆေးထုတ်ပြန်ရေးနှင့် စပ်လျဉ်းသည့် မေးခွန်း


(၂) မော်တော်ယာဉ် တင်သွင်းခွင့် ပြုခြင်းနှင့် တရားမ၀င် မော်တော် ဆိုင်ကယ် တင်သွင်းခြင်းကို တရားဝင်လိုင်စင် ထုတ်ပေးခြင်း ကိစ္စမျိုး၌ ရေရှည် အကျိုးသက်ရောက်မည့် မူဝါဒမျိုးကို ချမှတ်၍ ဥပဒေ၊ နည်းဥပဒေ အမိန့် ညွှန်ကြား ချက်များထုတ်ပြန်သွားရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း

(၃) တောင်သူ လယ်သမားများအား စိုက်ပျိုး စရိတ် ချေးငွေ အတိုးမဲ့ ချေးပေးခြင်းနှင့် လက်လုပ်လက်စား ပြည်သူများကို အတိုးမဲ့ချေးငွေထုတ်ချေးပေးနိုင်ခြင်းရှိ၊မရှိမေးခွန်း

(၄) လယ်ယာ လုပ်ငန်း ခွင်များတွင် အသုံး ပြုလျက်ရှိသည့် ရွက်ဖြန်း ပိုးသတ်ဆေးများသည် အန္တရယ် အလွန် ကြီးမားသဖြင့်ပိုးသတ်ဆေအန္တရာယ်ပညာပေးရန်အစီအစဉ်ရှိ၊မရှိမေးခွန်း

(၅) လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်းမြောင်းဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနနှင့် စက်မှုလက်မှု ကုန်သည်များ အသင်းတို့ ပူးပေါင်းပြီး ဆီထွက်သီးနှံ လုံလောက်စွာ ထွက်ရှိနိုင်ရေး အစီအမံ ပြုလုပ်နိုင်သော စွမ်းအားရှိ၊မရှိမေးခွန်း အစရှိသည့် မေးခွန်းများကို အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းကြမည် ဖြစ်ပြီး

(၁) အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ ဥက္ကဋ္ဌ သို့မဟုတ် ယင်းက တာဝန်ပေးအပ်သည့် ပုဂ္ဂိုလ်က သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားခြင်းကိုအမျိုးသားလွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း၊အတည်ပြုခြင်း။

(၂) ကောက်ပဲသီးနှံ ရောင်းဝယ်ရေးအဖွဲ့ အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

(၃) နိုင်ငံတော်၏ ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှု အစီအစဉ်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းကြီးများသည် ဘက်ပေါင်းစုံမှ ရေရှည်ထိရောက် အကျိုးပြုစေရန် သီးခြားလွတ်လပ်သော အတိုင်ပင်ခံ အင်ဂျင်နီယာ အဖွဲ့များ ငှားရမ်းဆောင်ရွက်ရေး ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော် ကိုယ်စားလှယ် ခုနှစ်ဦးက ဆွေးနွေးခြင်း၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည် ဖြေရှင်း ဆွေးနွေးခြင်းနှင့် အမျိုးသားလွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

အစရှိသည့် အစီအစဉ်များကိုလည်း ပြုလုပ်မည် ဖြစ်ပါသည်။

ပြည်ထောင်စုအဆင့် တက်နိုင်ရန် အပစ်ရပ် ခိုင်မာဖို့လိုဟု KNU ပြော

Posted by drmyochit Monday, August 06, 2012, under | No comments


by Mizzima
 
စံခလပူရီ (မဇ္ဈိမ)။   ။ ကရင်အမျိုးသား အစည်းအရုံး KNU အနေနှင့် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲများသို့ လှမ်းနိုင်ရန်အတွက် အပစ်အခတ် ရပ်စဲရေး ခိုင်မာစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့နှင့် တွေ့ဆုံပွဲ အပြီး၌ KNU ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ နော်မေဦး က မဇ္ဈိမကို ပြောကြားလိုက်သည်။


“ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ရဖို့ ကျမတို့ လုပ်နေတာပါ။ ပြည်ထောင်စု အဆင့်ကို ခြေလှမ်းနိုင်ဖို့အတွက် အပစ်အခတ် ရပ်စဲရေး ခိုင်မာဖို့ လိုတယ်” ဟု သည်။ပြည်ထောင်စု ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့နှင့် KNU တို့၏ တွေ့ဆုံပွဲကို သြဂုတ်လ ၅ ရက်နေ့က ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့၌ နံနက် ၁၀ နာရီခန့်မှ နေ့လည် ၂ နာရီ ခွဲအထိ ကျင်းပခဲ့သည်။မြန်မာ အစိုးရ၏ ကိုယ်စားလှယ်များအဖြစ် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ ရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်၍ စက်မှုဝန်ကြီး ဦးစိုးသိန်း၊ လ၀က ၀န်ကြီး ဦးခင်ရီ၊ ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းတို့ ပါဝင် တက်ရောက် ခဲ့ကြသည်။ KNU ဘက်မှ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်၍ နော်မေဦး၊ ပဒို သောသီဘွဲ၊ စောအောင်ဝင်းရွှေတို့ တက်ရောက်ခဲ့ကြသည်။KNU ဘက်မှ ပြည်ထောင်စုအဆင့် ဆွေးနွေးနိုင်ရန်အတွက် ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲကပင် ၁၁ ချက် ပါဝင်သည့် တောင်းဆိုချက်ကို ပေးအပ်ထားခဲ့ပြီး ဦးအောင်မင်း မှလည်း အချက်အားလုံးကို မူအားဖြင့် သဘောတူသည်ဟု ပြောကြားထားသည်။

လွှတ်တော်မှာ လုံခြုံရေး တိုးမြှင့်စစ်ဆေးနေ

Posted by drmyochit Monday, August 06, 2012, under | No comments


  From - ပေါ်ပြူလာ

ယနေ့ကျင်းပသော လွှတ်တော် အစည်းအဝေးမှ စ၍ လွှတ်တော် ကိုယ်စားလှယ်တော် ကြီးများ၏ လုံခြုံရေး အတွက် လွှတ်တော် အ၀င်တွင်သာ မက လွှတ်တော် အစည်းအဝေး အဆောက်အအုံ အတွင်းပိုင်းတွင်ပါ မီဒီယာ သမားများ အပါအ၀င် လွှတ်တော် ကိုယ်စားလှယ် များကိုပါ လုံခြုံရေး တိုးမြင့် စစ်ဆေးနေ ကြောင်းသိရသည်။ ယင်းကိစ္စအား မီဒီယာ များ၏တွင် ရေးသားဖော်ပြကြသည့်သတင်းအချို့ကြောင့်ဖြစ်နိုင်ကြာင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တို့က ထင်ကြေးပေးကြသည်။

ကူတောင် လူသတ်မှုနှင့်ပတ်သက်သည့်သူ ၁၇၀ဦးကို ဖမ်းဆီးစစ်ဆေးနေ

Posted by drmyochit Monday, August 06, 2012, under | No comments


From Yangon Media Group
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကူတောင် ကျေးရွာရှိရွာသား၉ယောက် အသတ်ခံရမှုနှင့် ပက်သက်ပြီး လူမျိုးခြား ၁၇ဝ ခန့်ကိုဖမ်းဆီး စစ်ဆေးနေ ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ မှတာဝန် ရှိသူ တစ်ဦး ကပြော သည်။

''အကြမ်းဖက်မှုနဲ့ပက်သက်တဲ့သူ မှန်သမျှကိုရုံးတင်စစ်ဆေးနေတယ်။ ဥပဒေအရ အရေးယူ ဆောင်ရွက် သွားမယ်။ စစ်တွေနဲ့မောင်တော အကြမ်းဖက်မှုမှာ ပါဝင်ပက်သက်တဲ့ သူတွေကို လည်း တက်နိုင် သမျှ စုံစမ်း ဖော်ထုတ် ထားပြီးပြီ။ တချို့ ကိုပြစ်ဒဏ်ချမှတ် ထားပြီးသား ဖြစ်သလိုတချို့ ကိုလည်း ဆက်လက် စစ်ဆေး နေပါ တယ်။ ပြည်သူတွေအနေနဲ့ လည်းအကြမ်းဖက်မှုမှာ ပါဝင်တဲ့ သူတွေ ကို သက်ဆိုင်ရာ တာဝန် ရှိသူတွေနဲ့ပေါင်းပြီးဖော်ထုတ်ဖို့လို ပါတယ်။''ဟုအဆိုပါတာဝန်ရှိသူက ဆက်လက် ပြောသည်။

ယခုအခါရခိုင်ပဋိပက္ခ အကြမ်းဖက်မှု များတွင် ပါဝင်ခဲ့ကြသူများ ကိုတရား ဥပဒေအရအပြစ်ပေး နိုင်ရန် မျက်မြင် သက်သေများနှင့် စတင်ကာစစ်ဆေးနေ ပြီဖြစ်ကြောင်းသိရသည်။

'ကျွန်တော့်က မောင်တော အလိုတော် ပြည့်ကျောင်း မှာနေတာ။ ကျွန်တော့်ကို အကြမ်းဖက်မှုတွေမှာ ပါဝင်ခဲ့တာ ဘယ်သူတွေလဲ သက်ဆိုင်ရာ ကမေးတယ်။ ကျွန်တော်မြင်ခဲ့ကြားခဲ့ တာတွေကို အကုန် ပြောတယ်။ အကြမ်းဖက်မှုမှာ ပါတဲ့ သူတွေကိုမှတ်မိသမျှ ကျွန်တော်ပြောတယ်။''ဟုမောင်တော အလိုတော် ပြည့်ကျောင်း တိုက်မှ ရခိုင်အမျိုးသား တစ်ဦးကပြောသည်။
မောင်တောမြို့နယ် မောရဝတီ ကျေးရွာတွင်လည်း ရခိုင်အမျိုးသား တစ်ဦးက အကြမ်းဖက်မှုတွင်ပါဝင် ခဲ့ သည့်လူမျိုးခြား ၇၄ ဦးကိုစာရင်းပြု စုကာသက်ဆိုင်ရာသို့တင်ပြနိုင်ရန်စီ စဉ်နေကြောင်းသိရသည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်