Wednesday, August 08, 2012

ဝတပ်ဖွဲ့မှ ဖမ်းဆီးထားသူများ ပြန်လွတ်လာခြင်း မရှိသေးဟု SSA ပြော

Posted by drmyochit Wednesday, August 08, 2012, under | No comments


ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် ရှမ်းပြည်ပြန်လည် တည် ဆောက် ရေး ကောင်စီ ခေါ် ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/ SSA တပ်ဖွဲ့ဝင်များ ပြန်လည် လွတ်မြောက်လာခြင်း မရသေးကြောင်း ဒေသတွင်း သတင်းများက ဆိုသည်။
ရှမ်းပြည်တောင်ပိုင်း မိုင်းတုန် မြို့နယ် နားကောင်းမှုး ကျေးရွာအုပ်စုအတွင်း ပုံတောင်း ဒေသ တ၀ှိုက်ရှိ UWSA တပ်စခန်းဟောင်း နေရာတွင် SSA တပ်ဖွဲ့က တပ်စခန်း ဆောက်လုပ်လိုက်သည့် ကိစ္စနှင့် ပတ်သက်၍ ဇူလိုင်လ (၃၀) ရက်နေ့က UWSA တပ်ဖွဲ့က ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။  
ယင်းကိစ္စ နှစ်ဖက် ဆွေးနွေး ညှိနှိုင်းရန် သြဂုတ်လ (၁) ရက်နေ့နှင့် (၄) ရက်နေ့များက SSA ကိုယ်စားလှယ်တဖွဲ့ UWSA တပ်ဖွဲ့ထံ သွားရောက်ခဲ့သည်။ သို့သော် နှစ်ကြိမ် စလုံး တစုံတရာ ဆွေးနွေးမှု မလုပ်ခဲ့ရကြောင်း SSA တပ်ဖွဲ့မှ ရှေ့တန်း တပ်မှူး တဦးက အခုလို ပြောသည်။
“သူတို့ခေါ်လို့ ငါတို့ဖက်က လူလွတ်သွားလိုက်တယ်လေ။ အဲဒါ လုံးဝ မဆွေးနွေး ခဲ့ရဘူး။ ဘာမှကို မပြောခဲ့ရဘူး။ ဆွေးနွေးဖို့ သွားတဲ့လူတွေလည်း ဒီတိုင်းပဲ ပြန်လာခဲ့ရတယ်။ သူတို့ တခုတော့ ပြောလာတယ်။ မင်းတို့လူတွေအတွက် စိတ်အေးအေးထားပါ။ ငါတို့ ကောင်းကောင်း မွန်မွန်ထားပါတယ်။ ဘာမှ မပူပါနဲ့တဲ့။”

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်သည် အမေရိကန်-တောင်ကိုရီးယားပူးတွဲစစ်ရေး လေ့ကျင့်ခန်းမပြုလုပ်မီ မြောက်ကိုရီးယားစစ်ဘက်ဆိုင်ရာတပ်ဖွဲ့များအားစစ်ဆေးခဲ့ခြင်း

Posted by drmyochit Wednesday, August 08, 2012, under | No comments



့Yonhapnews.com;Aug-7(Tue)
တောင်ကိုရီးယား နိုင်ငံသည် အမေရိကန်နိုင်ငံနှင့် ၄င်း၏ နှစ်စဉ်စစ်ရေး လေ့ကျင့်ခန်း ပြုလုပ်ရန်အတွက် ပြင်ဆင်ဆောင်ရွက် လျက်ရှိစဉ် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်သည် စစ်ဘက်အား စစ်ဆေးခဲ့ကြောင်းKCNA သတင်းဌာနက သြဂုတ်လ ၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာ ခဲ့ပါသည်။ ကင်သည် ပြီးခဲ့သော မေလက အလားတူစစ် ဆေးမှုတစ်ခု ပြုလုပ်ခဲ့ပြီးနောက် ၂ လအကြာတွင် အထက်ပါ အတိုင်းစစ် ဆေးမှုများအား ထပ်မံပြုလုပ်ခဲ့ ခြင်းဖြစ်ပါသည်။  ထိုကဲ့သို့ စစ်ဆေးမှုပြု လုပ်ခြင်းသည် အမေရိကန်နှင့် တောင်ကိုရီးယား တပ်ဖွဲ့များ၏ သြဂုတ်လ ၂ဝ ရက်နေ့မှ ၃၁ ရက်နေ့အထိ ပြုလုပ်မည့် နှစ်စဉ်ပြုလုပ် နေကျဖြစ်သောUlji Freedom Guardian စစ်ရေး လေ့ကျင့်ခန်းအား တုံ့ပြန်သော အားဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
ထိုပူးတွဲစစ်ရေး လေ့ကျင့်ခန်းသည် မြောက်ကိုရီးယား နိုင်ငံအား ကျူးကျော်ရန် စရန်အတွက် စစ်ရေး ဆိုင်ရာဇာတ်တိုက် လေ့ကျင့်မှုတစ်ခု ပြုလုပ်နေခြင်းသာ ဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံက အခိုင်အမာပြောကြား လျက်ရှိပြီး မြောက်ကိုရီးယား နိုင်ငံအနေဖြင့် ထိုပူးတွဲ စစ်ရေးလေ့ကျင့်ခန်း ဆောင်ရွက်မှုများအား ကာလရှည်ကြာပင် အနှောင့်အယှက် များပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ တောင်ကိုရီးယား တပ်ဖွဲ့ဝင် ၅၆,ဝဝဝ ဦးနှင့် အမေရိကန် တပ်ဖွဲ့ဝင် ၃ဝ,ဝဝဝ ခန့်ပါဝင်သော အဆိုပါပူးတွဲ စစ်ရေးလေ့ကျင့်ခန်းသည် ကာကွယ်ရေးရည်မှန်း ချက်များအတွက် သာလုပ်ဆောင်ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့က တုံ့ပြန်ပြောကြားခဲ့ပါသည်။ ရက်စွဲအတိအကျ ဖော်ပြထားခြင်း မရှိသော ကာလအတွင်း စစ်ဘက်တပ်ဖွဲ့ ၏စစ်ပွဲအတွက် အဆင်သင့်ပြင်ဆင် ထားမှုအား ကင်အနေဖြင့် အဓိကထား စစ်ဆေးခဲ့ကြောင်း KCNA က ပြောကြားခဲ့ပါသည်။ ခရီးစဉ်ကာလအတွင်း ကင်နှင့်အတူ စစ်ဘက်နှင့် ပါတီတို့မှ အဆင့်မြင့်အရာရှိများ လိုက်ပါလာခဲ့ကာ စစ်သည်များအနေဖြင့် နိုင်ငံရေးဆိုင်ရာ တွေးခေါ်မျှော်မြင်မှုအား အဓိကထား ဆောင်ရွက်ရန် လိုအပ်ကြောင်း ကင်က အလေးထား ပြောကြားခဲ့ပါသည်။ တောင်ကိုရီးယား-အမေရိကန်ပူး တွဲစစ်ရေး လေ့ကျင့်ခန်းသည် ကျူးကျော်ရန်စရန် ဇာတ်တိုက် လေ့ကျင့်သောစစ်ပွဲ တစ်ခုအဖြစ် KCNA သတင်းဌာနက စွပ်စွဲပြောကြား ခဲ့ကြောင်း သိရှိရပါသည်။


ဆော်ဒီဘုရင်က အီရန်သမ္မတအား ဆီးရီးယားအရေးနှင့် ပတ်သက်၍ ဆွေးနွေးရန်ဖိတ်ခေါ်ခဲ့ခြင်း

Posted by drmyochit Wednesday, August 08, 2012, under | No comments



RIA Novosti.com;Aug-6(Mon)
ဆော်ဒီအာရေဗျနိုင်ငံ မက္ကာ၌ ကျင်းပပြု လုပ်မည့် အဖွဲ့ဝင် ၅၇ ဦးပါဝင်သော အစ္စလာမ္မစ်ပူးပေါင်း ဆောင်ရွက်ရေး မွတ်စလင် အဖွဲ့အစည်း ညီလာခံသို့ အီရန်သမ္မတ မာမွတ်အာမက်ဒီနီဂျက် တက်ရောက်မည် ဖြစ်ပြီး  ၄င်းညီလာခံတွင် အခြားသော အကြောင်းအရာများ အပါအဝင် ဆီးရီးယားပဋိပက္ခအား အလေးထား ဆွေးနွေးမည်ဖြစ် ကြောင်း အီရန် မားသတင်းဌာနက သြဂုတ်လ ၆ ရက်နေ့တွင် ဖော်ပြခဲ့ပါသည်။ ဆော်ဒီဘုရင်က အီရန်သမ္မတအား အစ္စလာမ်နိုင်ငံများတွေ့ဆုံဆွေးနွေးပွဲတွင်ပါဝင်ရန် ဖိတ်ကြားပြီးနောက် အီရန်သမ္မတသည် မက္ကာ၌ကျင်းပမည့် ညီလာခံသို့ တက်ရောက်မည် ဖြစ်ကြောင်း အီရန်အစိုးရ၏ နိုင်ငံတကာ ရေးရာအကြီးအက Mohammad Reza Forqani က မားသတင်းဌာနသို့ ပြောကြားခဲ့ပါသည်။ ဆီးရီးယား အရေးအပေါ် အီရန်နှင့် ဆော်ဒီအာရေဗျ နိုင်ငံတို့၏ ရပ်တည်ချက်ကွဲပြားမှုကြောင့် နှစ်နိုင်ငံမှာသဘောထားကွဲလွဲမှုဖြစ်ပေါ်နေဆဲဖြစ်ပါသည်။ အီရန်က ဆီးရီးယား သမ္မတအာဆတ်အား ထောက်ခံကြောင်း ပြောကြားလျက်ရှိစဉ် ဆော်ဒီအာရေဗျကလည်း အတိုက်အခံများအား လက်နက်တပ် ဆင်ပေးရန် တောင်းဆိုလျက် ရှိပါသည်။
နှစ်နိုင်ငံ သဘောထား တင်းမာမှုများ မြင့်မားနေ သော်လည်း ဆော်ဒီဘုရင် Abdullah  က သြဂုတ်လ ၁၅-၁၆ ရက်နေ့များ တွင်ကျင်းပမည့် ညီလာခံသို့ အီရန်သမ္မတအား တက်ရောက်ရန် ဖိတ်ကြားခဲ့ကြောင်း ဆော်ဒီ သတင်းထုတ် ပြန်ရေးဌာန (SPA) က ထုတ်ပြန်ခဲ့ပါသည်။ ဆီးရီးယားနိုင်ငံ ဒမက်စကတ် မြို့အစွန်ရ Hazrat Zainab ဘုရားကျောင်း သို့သွားရောက်မည့် အီရန်ဘုရားဖူး ၄၈ဦးအား သြဂုတ်လ ၄ ရက်နေ့တွင် ဆီးရီးယား လက်နက်ကိုင် သောင်းကျန်းသူများမှ ဆီးရီးယားအ ပြည်ပြည်ဆိုင်ရာ လေဆိပ်အနီးတွင် ပြန်ပေးဆွဲခဲ့ပါသည်။ အီရန်နိုင်ငံ ခြားရေး ဝန်ကြီး Ali Akbar Salehi က ပြန်ပေးဆွဲခံရသော အီရန်နိုင်ငံသား များလွတ်မြောက်နိုင်ရန် တူရကီနှင့် ကာတာနိုင်ငံတို့ မှကူညီရန် တောင်းဆို ထားပါသည်။ ဆီးရီးယားနိုင်ငံ တွင်ဖြစ်ပွားခဲ့သော အရေးအခင်းများ၌ ၂ဝ၁၁ ခုနှစ်မတ်လ မှစ၍ လူပေါင်း ၁၄,ဝဝဝ မှ ၂ဝ,ဝဝဝ ကြား သေကျေပျက် စီးခဲ့ကြောင်း ကုလသမဂ္ဂနှင့် အတိုက်အခံ အဖွဲ့အစည်းများ၏ ခန့်မှန်းချက် များအရ သိရှိရပါသည်။

ပြန်ပေးဆွဲခံထားရသူတွေ အတွက် အမေရိကန် တာဝန်ရှိလို့ အီရန်ပြော

Posted by drmyochit Wednesday, August 08, 2012, under | No comments



အမေရိကန် ပြည်ထောင်စုဟာ ဆီးရီးယားက အကြမ်းဖက် အုပ်စုတွကေို ကူညီနေတဲ့ လက်နက်တွေ တင်ပို့ပေး နေတဲ့ အတွက်
်ကြောင့် ဖြစ်လို့ ဆိုပြီး အီရန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဟော့စိန် အမီယာ အဗ်ဗဒိုလာဟင်းက ဝါရှင်တန်ကို အပြစ် တင်လိုက် ပါတယ်။
ဒီ ပြန်ပေးဆွဲ ခံထား ရသူတွဟော ဒမတ်စကတ်စ် မြို့တော်မှာ ရှိတဲ့ ရှီယာ မွတ်စလင် တွရေဲ့ ဘာသာရေး အထူးအမြတ် နေရာတွကေို သွားရောက် ဖူးမျှော် နေခဲ့ကြတာ ဖြစ်တယ်လို့ အီရန်က ဆိုပါတယ်။
ဆီးရီးယား သူပုန်တွဘေက်ကတော့ အဲဒီလူတွေ အထဲမှာ ဆီးရီးယား စစ်တပ်အတွက် ထောက်လှမ်းရေး လာလုပ်ပေးတဲ့ အီရန်ရဲ့ တော်လှန်ရေး အစောင့် တပ်ဖွဲ့ဝင်တွေ ပါဝင် နေတယ်လို့ ဆိုပါတယ်။
အီရန် နိုင်ငံဟာ ဆီးရီးယား သမ်မတ အာဆတ်ဒ်ရဲ့ အဓိက မဟာမိတ်ဖြစ်ပါတယ်။
ဒီ အီရန် လူမျိုးတွကေို ဖမ်းဆီးထားတဲ့ ဆီးရီးယား လွတ်မြောက်ရေး တပ်မတော်က တပ်မှုး တဦးဖြစ်တဲ့ ရီယတ်ဇ် အာဆတ်ဒ်က ဆီးရီးယား မှာ ဖြစ်ခဲ့တဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွမှော ဒီလူတွေ ပါဝင် ပတ်သက်မှု ရှိမရှိကို မေးမြန်း ရဦးမယ်လို့ ဘီဘီစီ ကို ပြောပါတယ်။
သူက ဒီလူတွကေို ဆီးရီးယား အစိုးရဘက်ကလည်း ပစ်မှတ်ထားပြီး လိုက်သတ်ဖြတ် နေတယ်လို့လည်း ပြောပါတယ်။
သူက ပြောကြားရာမှာ ဒီလူတွဟော ဒမတ်စကတ်စ်က သူပုန်တပ်ဖွဲ့ တခုထဲမှာ ရှိနေတာ ဖြစ်ပြီး အစိုးရ တပ်တွကေ ပစ်ခတ်ခဲ့တဲ့ အတွက် အဲဒီ ထဲက ၃ ဦးသေဆုံး သွားခဲ့တဲ့ အကြောင်း၊ ဘာကြောင့် ဒီလိုလုပ်မှန်း မသိရကြောင်းနဲ့ ဒီ အီရန်လူမျိုး တွကေို နေရာပြောင်း ထားကြောင်း၊ အခုတော့ သူတို့ ဒမတ်စကတ်စ် မြို့မှာ ဘာလာလုပ် နေသလဲ ဆိုတာကို စစ်ဆေး မေးမြန်း နေတဲ့ အကြောင်း တွကေို ပြောသွား ခဲ့ပါတယ်။

၈ လေးလုံး ၂၄ နှစ်ပြည့်လှုပ်ရှားမှုအတွက် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ဦးစိုးသိန်း မှ အလှူငွေထည့်

Posted by drmyochit Wednesday, August 08, 2012, under | No comments



မနက်ဖြန် သြဂုတ် ၈ မှာ မန္တလေးမြို့တွင် ကျင်းပမယ့် ၂၄ နှစ် နိုင်ငံတော် အုံကြွမှု နှစ်ပတ်လည်နေ့ အခမ်းအနားအတွက် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ဦးစိုးသိန်းတို့က အလှူငွေများ သွားရောက် ထည့်ဝင်လှူတန်းခဲ့ကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၈၈၈၈ အခမ်းအနားကို ပြည်ထောင်စုအဆင့် သတ်မှတ်ကျင်းပခွင့်ပြုလိုက်

Posted by drmyochit Wednesday, August 08, 2012, under | No comments

From - ၈၈ မျိုးဆက်ကျောင်းသားများ Facebook






အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦးပျောက်ဆုံးနေသဖြင့် နှစ်နိုင်ငံနယ်စပ်တွင် အခြေအနေတင်းမာလျက်ရှိခြင်း

Posted by drmyochit Wednesday, August 08, 2012, under | No comments

Xinhuanet.com;Aug-5(Sun)
အိန္ဒိယ နယ်ခြားစောင့် လုံခြုံရေး တပ်ဖွဲ့ဝင် တစ်ဦး ပျောက်ဆုံး လျက်ရှိသဖြင့် အိန္ဒိယ နိုင်ငံအ ရှေ့ပိုင်းရှိ အနောက် ဘန်ဂေါလ် ပြည်နယ်ရှိ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ် လျှောက်တွင် သြဂုတ်လ ၅ ရက်နေ့က တင်းမာမှုများ ဖြစ်ပွား ခဲ့ကြောင်း အိန္ဒိယ ရဲတပ်ဖွဲ့က ပြောကြား ခဲ့ပါသည်။ အိန္ဒိယနယ် ခြားစောင့်လုံ ခြုံရေးတပ်ဖွဲ့ (Border Security Force-BSF) တပ်ဖွဲ့ဝင်၏ ညီဖြစ်သူ S.Venkatesh သည် ပြည်နယ် မြို့တော်မှ ၂၇၄ ကီလိုမီတာ အကွာ ဘင်္ဂလား ဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေသော Malda တာဝန်ထမ်း ဆောင်နေစဉ် ပျောက်ဆုံးသွား ခဲ့ခြင်း ဖြစ်ပါသည်။ ၄င်းစစ်သည် ပျောက်ဆုံး နေမှုကို အခြားစစ် သည်များက သြဂုတ်လ ၅ ရက်နေ့ အစောပိုင်းတွင် သိရှိခဲ့ပြီး အထက် အရာရှိများ ထံသို့ ချက်ချင်း သတင်းပို့ခဲ့ ကြောင်းသိရှိ ရပါသည်။
အိန္ဒိယမှ နယ်ခြား စောင့်လုံခြုံ ရေးတပ်ဖွဲ့နှင့် ဘင်္ဂလား ဒေ့ရှ် သေနတ်ကိုင် တပ်ရင်းမှ အရာရှိများ တွေ့ဆုံ ဆွေးနွေး၍ ပျောက်ဆုံး နေသော အဆိုပါစစ် သည်နောက်သို့ သဲလွန်စ ရှာဖွေ၍ ခြေရာခံ လိုက်ရန် အစီအစဉ်များ ပြုလုပ်ခဲ့ကြပြီး စစ်သည်  S.Venkatesh ပျောက်ဆုံး ရခြင်းအတွက် ကျွဲ၊ နွား မှောင်ခိုသမား များအပေါ် နှစ်ဖက်စလုံးက သံသယ ဖြစ်ပွားလျက် ရှိပါသည်။ ယခုနှစ်အ တွင်း အိန္ဒိယမှ ကျွဲ၊ နွားများ ဘင်္ဂလားဒေ့ရှ်သို့ မှောင်ခိုပြု လုပ်လျက်ရှိပြီး   သြဂုတ်လ ၁၉ ရက်နေ့ တွင်ကျရောက်မည့်  အစ္စလာမ်တို့ အထွတ်အမြတ် ဖြစ်သော မွတ်စလင်အစ်နေ့ အတွက် သယ်ယူပို့ ဆောင်နေကြခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

Tuesday, August 07, 2012

ဗြိတိန်နိုင်ငံသည်အပျင်းရိဆုံးနိုင်ငံတွင်ပါဝင်ခြင်း

Posted by drmyochit Tuesday, August 07, 2012, under | No comments


Press TV.com;Aug-6(Mon)
            ကမ္ဘာလုံး ဆိုင်ရာလေ့ လာမှုအရ နိုင်ငံပေါင်း ၁၂၂ နိုင်ငံအား စစ်တမ်း ကောက်ယူ ခဲ့ရာတွင် ဗြိတိန်၊ ဆော်ဒီအာ ရေးဗီးယား၊ UAE နှင့် တောင်အာဖ ရိကနိုင် ငံသား များသည် ကမ္ဘာ ပေါ်တွင် အပျင်းရိ ဆုံးအဖြစ် တွေ့ရသည်။ Lancet Journal ၏လေ့လာ တွေ့ရှိချက် ဖော်ပြ မှုအရ ဗြိတိန် နိုင်ငံသည် အပျင်းရိ ဆုံးစာ ရင်းတွင် ပါဝင်ပြီး နိုင်ငံ လူဦး ရေ၏ ၆၃.၃ ရာခိုင် နှုန်းမှာလှုပ်ရှား မှုမရှိသူများ ဖြစ်ကြောင်း တွေ့ရသည်။ ဂရိနိုင် ငံသည် ပူနွေး သောမြေထဲ ပင်လယ် နိုင်ငံတစ်ခု ကဲ့သို့ဖြစ်ပြီး နေ့စဉ်အစီ ရင်ခံစာ များအရ ကျန်းမာရေး နှင့်အညီ ညွတ်ဆုံး အစား အစာများ ကို စားသုံး သည့်နိုင်ငံ ဖြစ်၍ ပျင်းရိမှု အနည်းဆုံး နိုင်ငံဖြစ်ပါသည်။ လှုပ်ရှား မှုမရှိ သူမှာ တစ်နိုင်ငံ လုံးလူဦးရေ၏         ၁၅ ရာ ခိုင်နှုန်း ခန့်သာ ရှိသည်။
            ဆော်ဒီအာ ရေးဗီး ယားနှင့် UAE နိုင်ငံများရှိ အမျိုး သမီးများသည် လူမှုရေး ကန့်သတ် ချက်များနှင့် ကြုံတွေ့ နေရပြီး အမျိုးသား များထက် အမျိုးသ မီးများမှာ လှုပ်ရှား မှုနည်း သူများဖြစ်သည်။ ဆော်ဒီအာ ရေးဗီးယား နိုင်ငံသည် တတိယ အပျင်းရိ ဆုံးနိုင်ငံ ဖြစ်ပြီး လှုပ်ရှား မှုမရှိသူ ၆၈.၈ ရာခိုင်နှုန်း ရှိသည်။ တောင်အာဖရိ ကနိုင်ငံ သည် လှုပ်ရှားမှု မရှိသူ ၅၂.၄ ရာ ခိုင်နှုန်း၊ ဘူတန် နိုင်ငံသည် လှုပ်ရှား မှုမရှိသူ ၅၂.၃ ရာခိုင် နှုန်းရှိပြီး အပျင်းဆုံး နိုင်ငံ ၂ဝ တွင် ပါဝင်သည်။ သုတေသန ပြုချက် များအရ ကမ္ဘာ့လူဦး ရေ၏သုံး ပုံတစ်ပုံ ခန့်သည် အနည်း ငယ်မျှသော ကိုယ်လက် လှုပ်ရှား မှုကိုပင် မတွေ့ ရကြောင်း၊ လေ့ကျင့် ခန်းပြုလုပ် မှုနည်းခြင်းသည် ကျန်းမာရေး ချူချာမှုနှင့် သေဆုံးမှု ကို ပိုမိုတွန်း အားပေးလျက် ရှိကြောင်း၊ လူတစ်ဦးသည် တစ်ပတ်လျှင် ၂.၅ နာရီခန့် ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်း ဆောင်ရွက် သင့်ကြောင်း တွေ့ရသည်။

အီရန်နိုင်ငံ ၏စစ်ရေးကြီး ထွားလာမှုကို ဗြိတိန်မှ စိုးရိမ်လာခြင်း

Posted by drmyochit Tuesday, August 07, 2012, under | No comments

Press TV.com;Aug-6(Mon)

            အီရန်နိုင်ငံ ၏တာတို ပစ်ပဲ့ထိန်းဒုံးအား ထပ်မံမွမ်းမံ ၍အောင်မြင် စွာစမ်းသပ် မှုပြုလုပ်ပြီး နောက် ဗြိတိန် နိုင်ငံအ နေဖြင့် အီရန်နိုင်ငံ ၏စစ်ရေး ကြီးထွား လာမှုကို စိုးရိမ်ပူ ပန်ကြောင်း ဖော်ပြခဲ့ပါသည်။ အီရန်နိုင်ငံသည် သြဂုတ်လ ၄ ရက်နေ့တွင် ပြည်တွင်းလုပ် စတုတ္ထမျိုး ဆက်သစ် Fateh 110  တိကျသည့် ပဲ့ထိန်းဒုံးအား အောင်မြင် စွာစမ်းသပ် ပစ်ခတ် နိုင်ခဲ့သည်။ အီရန်နိုင်ငံ ၏စစ်ရေး စွမ်းရည်တိုး မြှင့်မှုတစ်စိတ် တစ်ပိုင်းအ ဖြစ်အီရန် ကျွမ်းကျင်ပ ညာရှင် များက အကွာအ ဝေးကီလိုမီတာ ၃ဝဝ ပစ်ခတ် နိုင်သည့် နောက်ဆုံးပေါ် Surface to Surface Missile ကိုတည်ဆောက် ထုတ်လုပ်နိုင် ခဲ့သည်။ ၄င်းဒုံး ကျည်အား ကာကွယ် ရေးဝန် ကြီးဌာန ဒုံးကျည် တည်ဆောက် မှု စက်မှုနည်း ပညာအ စီအစဉ်မှ အောင်မြင်စွာ စမ်းသပ် ထုတ်လုပ်ခဲ့ ခြင်းဖြစ်ကြောင်း ကာကွယ် ရေးဝန်ကြီး Ahmad Vahid  က ပြောကြားခဲ့ပါသည်။

ဆိုမာလီယာနိုင်ငံ၌ အမေရိကန်မောင်းသူမဲ့လေယာဉ်တစ်စီးပျက်ကျခဲ့ခြင်း

Posted by drmyochit Tuesday, August 07, 2012, under | No comments

Press TV.com;Aug-5(Sun)
ဆိုမာလီယာ နိုင်ငံမြောက်ပိုင်း Bosaso မြို့အနီး Galgala တောင်တန်း အနီး၌ အမေရိကန် မောင်းသူမဲ့ လေယာဉ် တစ်စီးပျက်ကျ ခဲ့ကြောင်း Press TV  သတင်း ဌာနမှ ထုတ်ပြန် ခဲ့ပါသည်။ အဆိုပါ မောင်းသူမဲ့ လေယာဉ် သည် သြဂုတ်လ ၄ ရက်နေ့တွင် ပျက်ကျ ခဲ့ခြင်း ဖြစ်ကြောင်း ဆိုမာလီယာ အဆင့်မြင့် အရာရှိတစ် ဦးဖြစ်သူ Sheikh Muhammad Talal Daahir က Press TV သတင်း ဌာနသို့ ပြောကြား ခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ မောင်းသူမဲ့ လေယာဉ် ပျက်ကျပြီးနောက် အခြားမောင်း သူမဲ့လေယာဉ် တစ်စီးသည် ဒုံးပျံအချို့ ဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့ ခြင်းကြောင့် ဒေသတွင်းရှိ အယ်လ်ရှာ ဘတ်တပ်ဖွဲ့ဝင် ၁၃ ဦးသေ ဆုံးခဲ့ကြောင်း Daahir က ဆက်လက် ပြောကြား ခဲ့ပါသည်။ အမေရိကန် နိုင်ငံသည် ဆိုမာလီ ယာနိုင်ငံ၌ Kamikaze အမည်ရှိ မောင်းသူမဲ့ လေယာဉ် သစ်တစ် မျိုးအား အသုံးပြု လျက်ရှိပြီး ၄င်းလေယာဉ် များ၌ ဒုံးပျံများ တပ်ဆင်ထားကာ ထောက်လှမ်းရေးနှင့် ကင်းထောက် လေယာဉ်များ အဖြစ် အသုံးပြု လျက်ရှိပါသည်။
အမေရိကန် နိုင်ငံသည် ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ ယီမင်နှင့် ဆိုမာလီယာ နိုင်ငံတို့ ကဲ့သို့သော နိုင်ငံများ၌ လျှို့ဝှက် စစ်ဆင်မှု များတွင် မောင်းသူမဲ့ လေယာဉ် များအား တိုးမြှင့် အသုံးပြု လျက်ရှိကြောင်း သိရှိရ ပါသည်။ စစ်သွေး ကြများကိုသာ လေကြောင်းမှ အဓိကထား တိုက်ခိုက်ခြင်း ဖြစ်ကြောင်း အမေရိကန် နိုင်ငံမှ အခိုင်အမာ ပြောကြား လျက်ရှိသော်လည်း အရပ်သား များသည် ထိုသို့ လေကြောင်းမှ တိုက်ခိုက်မှု၏ အဓိက သားကောင်များ အဖြစ်ရောက်ရှိ လျက်ရှိကြောင်း ဒေသတွင်း သတင်းအရင်း အမြစ်များမှ ပြောကြား လျက်ရှိပါသည်။ အမေရိကန် နိုင်ငံအနေဖြင့် ပါကစ္စတန် နိုင်ငံနှင့် အခြားနိုင်ငံ များတွင် မောင်းသူမဲ့ လေယာဉ်များ ကိုအသုံးပြုလျက် ရှိကြောင်း အမေရိကန် သမ္မတ ဘားရက်အိုဘားမားက ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အတည်ပြု ပြောကြား ခဲ့ပါသည်။ 

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် တာဝန် ယူမည့် တရားဥပဒေ စိုးမိုးရေ ကော်မတီ ဖွဲ့စည်း

Posted by drmyochit Tuesday, August 07, 2012, under | No comments


From - TheVoiceWeekly 
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ 
အဆိုပါ ကော်မတီ၏ အဓိကတာဝန်မှာ လွှတ်တော် ကိုယ်စားလှယ်များ၊ တရားရေး အဖွဲ့အစည်းများ၊ အစိုးရ၀န်ထမ်းများ၊ မီဒီ ယာများကြား တရားဥပဒေနှင့်အညီ ကျင့်သုံးနေထိုင်မှု ရှိမရှိကို ကြပ်မတ် ထိန်းကျောင်း ရမည်ဖြစ်ပြီး ပြည်ထောင်စု အဆင့် အဖွဲ့ အစည်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးနန္ဒကျော်စွာက ပြောကြားခဲ့သည်။ ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး ၂၁ ရက်မြောက်နေ့တွင် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် တာဝန် ယူမည့် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ တစ်ရပ်ကို အဖွဲ့ဝင် (၁၅) ဦးဖြင့် ဖွဲ့စည်းခဲ့သည်။


အဆိုပါ ရေးရာ ကော်မတီတွင် ပါဝင်မည့် လွှတ်တော်ကိုယ်စားလှယ်များမှာ

(၁) ဒေါ်အောင်ဆန်းစုကြည် ကော့မှူး မဲဆန္ဒနယ်၊ ဥက္ကဋ္ဌ
(၂) ဦးမန်းမောင်မောင်ဥာဏ် ပန်းတနော် မဲဆန္ဒနယ်၊ အဖွဲ့ဝင်
(၃) ဦးမင်းဆွေ၊ ဒိုက်ဦးမဲဆန္ဒနယ်၊ အဖွဲ့ဝင်
(၄) ဒေါ်ဒွဲဘူ၊ အင်န်ဂျန်းယန် မဲဆန္ဒနယ်၊ အဖွဲ့ဝင်
(၅) ဦးစိုင်းထွန်းစိန် မိုင်းပြင်း မဲဆန္ဒနယ်၊အဖွဲ့ဝင်
(၆) ဒေါက်တာရိုအုပ် မတူပီ၊ မဲဆန္ဒနယ်၊ အဖွဲ့ဝင်
(၇) ဦးခင်မောင်မြင့် ဇီးကုန်းမဲဆန္ဒနယ်၊ အဖွဲ့ဝင်
(၈) ဒေါ်မိယဉ်ချမ်း၊ ကျိုက်မရော မဲဆန္ဒနယ်၊ အဖွဲ့ဝင်
(၉) ဒေါ်လဲ့လဲ့ဝင်းဆွေ၊ တာမွေ၊ မဲဆန္ဒနယ်၊ အဖွဲ့ဝင်
(၁၀) ဦးစိုးရယ်၊ ဒီမောဆို၊ မဲဆန္ဒနယ်၊ အဖွဲ့ဝင်
(၁၁) ဒေါ်ခင်စောဝေ၊ ရသေ့တောင် မဲဆန္ဒနယ်၊ အဖွဲ့ဝင်
(၁၂) ဦးနယ်လ်ဆင် (ခ) ဦးဆောင်ဆီ ၊ ကျောက်မဲ မဲဆန္ဒနယ်၊ အဖွဲ့ဝင်
(၁၃) ဦးသိန်းညွန့်၊ သင်္ဃန်းကျွန်းမဲဆန္ဒနယ်၊ အဖွဲ့ဝင်
(၁၄) ဒေါက်တာဇော်မြင့်မောင်၊ ကျောက်ပန်းတောင်းမဲဆန္ဒနယ် အဖွဲ့ဝင်
(၁၅) ဦးဝင်းမြင့်၊ ပုသိမ်မဲဆန္ဒနယ်၊ အတွင်းရေးမှူး

တို့ဖြင့် ဖွဲ့စည်းခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကော်မတီဥက္ကဌဖြစ်လာမည်

Posted by drmyochit Tuesday, August 07, 2012, under | No comments



ယနေ့ ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး ၂၁ ရက်မြောက်နေ့တွင် တရားဥပဒေ စိုးမိုးရေးနှင့် သက်ဆိုင်သော ကော်မတီ တရပ်ကို ဖွဲ့စည်းရန် အစီစဉ်ရှိကြော သိရသည်။ ယင်းကော်မတီတွင် ဒီချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစု ကြည်မှ ဥက္ကဌ အဖြစ် တာဝန် ယူရမည် ဖြစ်ကြောင်း သတင်းရရှိ သည်။

“အဖြေမရှိတဲ့ ပုစ္ဆာများ”

Posted by drmyochit Tuesday, August 07, 2012, under | No comments


From -ဧရာဝတီ 
 မနေ့က CNN သတင်း ဌာနက ထုတ်လွှင့်တဲ့ Samuel Burke ရဲ့ သတင်း ဆောင်း ပါးလေး မြင်ရ ကြည့်ရတော့ ရင် ထဲ မချိအောင် ခံစား ရ တယ်။ အာ ဖဂ န် ကျေး လက် တခုမှာ အသက် ၁၁ သမီးအရွယ် မိန်းကလေးငယ်နဲ့ အသက် ၄၀ အရွယ် အမျိုး သားတို့ မင်္ဂလာ ပွဲ အကြောင်းပါ။အဲဒီ မိန်းကလေး ငယ်လေးက ဓာတ်ပုံရိုက်တဲ့ သူကို ပြောပြာတာ မှာတော့ သူ က ကျောင်းဆရာမဖြစ်ဖို့ ရည်မှန်း ထားတာ ကြောင့် အခု လို စေ့စပ်လိုက် တာကို ၀မ်းနည်း တယ် တဲ့။
မိန်းကလေးငယ်လေးက လက်ထပ်ဖို့ ထွက်မလာခင်မှာ သူတို့ အာဖဂန် ဒေသ စကားဖြစ်တဲ့ ဒါရီ ဘာသာစကား အတန်း မှာ တက်ရောက်သင်ကြားနေတာပါတဲ့။

တကယ်တော့ အဲဒီ မိန်းကလေးဟာ ဒီကနေ့ ကမ္ဘာကြီးမှာ ရှိတဲ့ ၅၁ သန်းကျော်တဲ့ ကလေး သတို့သမီးတွေထဲ က တဦးပဲ ဖြစ်ပါတယ်။ အခုလို ဖြစ်တာ မွတ်ဆလင်တွေမှ မဟုတ်ပါဘူးတဲ့။

ကမ္ဘာတလွှား ဒေသတော်တော်များများက ယဉ်ကျေးမှု တော်တော်များများမှာ ဒီလိုပဲ ကလေးငယ် သတို့ သမီးနဲ့ ထိမ်းမြားလက်ထပ်ကြတာရှိတယ်လို့ သတင်းဆောင်းပါးရေးသူက ဆိုပါတယ်။





ဓာတ်ပုံပညာရှင် Stephanie Sinclair က အခုနက အာဖဂန်က စုံတွဲလို မှတ်တမ်းတင်ရန်အတွက် ကမ္ဘာတလွှား ဓာတ်ပုံလိုက်ရိုက် နေတာပါ။
သူ့ဓာတ်ပုံတွေကို “အဖြေမရှိတဲ့ ပုစ္ဆာများ” လို့ အမည်ပေးထားပါတယ်။
၂၀၀၅ ခုနှစ်က လက်ထပ်ခဲ့တဲ့ အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်ကို အခုလို ငယ်ငယ်ရွယ်ရွယ်နဲ့ လက်ထပ် ထိမ်း မြား ရတာကို မေးခဲ့သလို အခြားသူတွေကိုလည်း မေးခဲ့ပါသေးတယ်တဲ့။ ဘယ်လိုမှ မငြင်းသာပါဘူးတဲ့။ ဒီလို မြက်နုကြိုက် တဲ့ အာဖဂန် အမျိုးသားတွေ ကိစ္စက ထုံးစံ တခုလိုပါပဲတဲ့။ အပျိုကြီးဖားဖား ဖြစ်အောင်တောင် ထိုမောင်တွေက မ စောင့် ကြတာပါတဲ့။

 “ကျမ သူ့ကို မြင်တိုင်း ပုန်းခဲ့တယ်။ သူ့ကို မကြည့်ချင်လောက်အောင် မုန်းတယ်” လို့ Tehani ဆိုတဲ့ အမျိုးသမီး က ပြန် ပြောင်း ပြောပြတယ်။ Tehani လက်ထပ်တုန်းက သူ့ အသက်က ၆ နှစ်၊ ခင်ပွန်းသည် Majed ရဲ့ အသက်က ၂၅ နှစ် ပါတဲ့။ သူက တကယ်တော့ ယီမင်နိုင်ငံက တောင်တန်းဒေသက မိန်းကလေးပါ။
သူ့ ညီအမတော်စပ်တဲ့ Ghada ကလည်း ကလေး သတို့သမီးဖြစ်ရတဲ့အကြောင်းတွေ လည်း ပြန်ပြောပြခဲ့ ပါတယ်။
ဒီလို ကလေးသတို့ သမီးတွေနဲ့ ပတ်သက်လို့ ကလဲယားက အီသီယိုပီးယား၊ အိန္ဒိယ နိုင်ငံမြောက်ပိုင်း၊ နီပေါလ် စတဲ့ ဒေသ တွေကိုလည်း သွားပြီးမှတ်တမ်း ဓာတ်ပုံတွေ ရိုက်ခဲ့ပါသေးတယ်တဲ့။
တချို့ အသက် ၁၃ နှစ် အရွယ် မိန်းကလေး တ ယောက် ဆိုရင် လက်မထပ်ရသေးပဲ ကိုယ်ဝန်ဆောင်သည်
ဖြစ်နေ တာ၊ တချို့ လက်ထပ်ရမှာ ကြောက်လို့ ထွက်ပြေးကြရတာတွေလည်း သူက ပြန်ပြီးဖောက်သည်ချ ထားပါတယ်။
ယီမင်နိုင်ငံက Nujood Ali ဆိုတဲ့ မိန်းကလေးဆိုရင် အသက် ၁၀ နှစ်အရွယ်မှာ ခင်ပွန်သည်နဲ့ ကွားရှင်းခဲ့တယ်။ အခုဆိုရင် သူ့ အသက်က ၁၂ ပဲ ရှိသေးတဲ့ အကြောင်းတွေ စုံစုံလင်လင် သူက မှတ်တမ်းတင် ရေးသား ထားပါတယ်။
အခုလို အရွယ်မရောက်သေးတဲ့ ကလေးအရွယ် လက်ထပ်ထိမ်းမြားနေတဲ့ ကမ္ဘာတလွှားက ဖြစ်ရပ်ကိုတော့ သူက အဖြေ မရှိသေးဘူးလားလို့ မေးခွန်းထုတ်ထားပါတယ်။
အန္တရာယ်များတဲ့ ဒီ ဓလေ့ကို ဘယ်လို ပြောင်းလဲ ယူရလိမ့်မလဲ၊ ဘယ်လောက်ကြာအောင် ကမ္ဘာကြီး က စောင့်နေရမှာလဲ တဲ့။

မဟာဗျူဟာမြောက်အရေးပါသော မြန်မာအပေါ် ရိုဟင်ဂျာကို ခုတုံးလုပ်လေသလား

Posted by drmyochit Tuesday, August 07, 2012, under | No comments


From -မောင်ကိုသက် facebook
   
အမေရိကန် သမ္မတ အိုဘားမား၏ ပေါ်လစီအသစ်သည် အာရှပစိဖိတ် စိုးမိုး ရေးဖြစ် သည်။ အာရှပစီဖိတ် စိုးမိုးရေး အတွက် အမေရိကန် အနေဖြင့် နိုင်ငံရေး၊ စစ်ရေးအရ လွှမ်းမိုးချုပ်ကိုင်နိုင်ရန်လိုလာသည်။ သို့အတွက် မဟာ မိတ်နိုင်စာချုပ်နိုင်ငံများ ကို ပြုလုပ်ခဲ့သည်။ သို့သော်ငြားလည်း စစ်အေးခေတ် ကာလအ တွင်းနှင့် စစ်အေးခေတ် လွန်ဆယ်စုနှစ် အတွင်းတွင်အမေရိကန်သည် အာရှ-ပစိဖိတ် ဆိုင်ရာ မဟာဗျူဟာကို အကောင်အထည် မဖော်နိုင်ခဲ့။ သူ့အတွက် မမျှော်လင့်ဘဲ လက်သီးချက်ပြင်းပြင်း မိသွားခဲ့သည်။ ထိုလက်သီးချက်မှာ 9/11 အရေး အခင်းဖြစ်လေသည်။ ထို့ကြောင့် War on Terror ဟုကြေငြာကာ အရှေ့အလယ်ပိုင်းနှင့် အာဖဂန်သို့ အာရုံလှည့်သွားခဲ့သည်။ ထိုဆယ်စုနှစ် နှစ်စုနီးပါး အတွင်းတွင် တိန့်ရှောင် ပင်၏ ပေါ်လစီနှင့်အတူ နိုးထလာခဲ့သော တရုတ် နဂါးကြီးက တဖြည်းဖြည်း ကြီးထွား လာခဲ့ပေသည်။
 အိန္ဒိယနှင့် Strategic Partnership ကို ထူထောင်ထားနိုင်သော်လည်း အာရှပစိဖိတ်စိုးမိုးရေးအတွက် အဓိက ကျသော နေရာဖြစ်သည့် ဘင်္ဂလားပင်လယ်အော်နှင့် ကမ်းရိုးတန်းဒေသကို အမေရိကန် ဝင်မစွက်နိုင်သေးဘဲ ဖြစ်နေသည်။ ထိုအတွက် အမေရိကန်သမ္မတ အိုဘားမား တက်လာချိန်တွင် မဟာဗျူဟာမြောက် မျဉ်းကြောင်းဖြစ်သည့် အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်-မြန်မာ တို့အတွက် နိုင်ငံရေးအရ ချဉ်းကပ်မှု ပြောင်းလဲ ရန်ကြိုးစားလာပါသည်။ တရုတ်အပေါ် ကြွေးမှီတင်မှု များပြားနေသော ဘင်္ဂလားဒေ့ရှ်နှင့် ပိုမိုထိတွေ့ဆက်ဆံလာခဲ့သည်။ ဘင်္ဂလားဒေ့ရှ်မှာ အိန္ဒိယ၊ ပါကစ္စတန်တို့ရန်မှ တွန်းလှန်ရန် တရုတ်ကို စစ်ရေး၊ စီးပွားရေးအရများစွာ မှီခိုအားထားနေရသည်။ ထိုကိစ္စကို အမေရိကန်က မနှစ်မြို့လှချေ။ အဘယ်ကြောင့်ဆိုသော် အမေရိကန် ရေတပ် ကျက်စားလျှင် များစွာ စစ်ရေးအရ အသာစီးရနိုင်သည့် ဘင်္ဂလားပင်လယ်အော်ကို စိုးမိုးရန်မှာ ဘင်္ဂလားဒေ့ရှ်-မြန်မာတို့နှင့် ပိုမို နီးကပ်ထိစပ်သော ဆက်ဆံရေးရှိမှ သာဖြစ်လာနိုင်ပေမည်။ထိုအချိန်တွင် ဘင်္ဂလားဒေ့ရှ်တွင် ဘာသာရေးအစွန်းမေ၇ာက်သော ရှိတ်ဟာစီနာ၏ အစိုးရအဖွဲ့တက်လာသည်။ ထိုအချက်သည် အမေရိကန်အတွက် လမ်းစများကို ပွင့်သွားစေသည်။ သို့၇ာတွင် လိပ်ခဲတည်းလဲ ဖြစ်နေသော ကိစ္စရပ်မှာကား မြန်မာ၏ ခေါင်းမာသော စစ်ဗိုလ်ချုပ်များပင်တည်း။

မာလီနိုင်ငံအတွင်း အာဖရိကတပ်ဖွဲ့များ ကြားဝင်ဆောင်ရွက်မှုကို ပြင်သစ်နိုင်ငံမှထောက်ခံခြင်း

Posted by drmyochit Tuesday, August 07, 2012, under | No comments


Xinhuanet.com;Aug-6(Mon)
မာလီနိုင်ငံ အတွင်းရှိ အစ္စလာမ်စစ် သွေးကြွသောင်း ကျန်းသူများကို ထိထိရောက်ရောက် ဖြိုခွင်းနိုင်ရန် အာဖရိက တပ်ဖွဲ့များ၏ ကြားဝင် ဆောင်ရွက်မှုကို ပြင်သစ်နိုင်ငံမှ ထောက်ခံကြောင်းနှင့် ပြင်သစ်တပ်ဖွဲ့ များကိုမူ စေလွှတ်သွား မည်မဟုတ်ကြောင်း ပြင်သစ်ကာကွယ် ရေးဝန်ကြီး Jean-Yves Le Drian က သြဂုတ်လ ၅ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ အာဖရိက တပ်ဖွဲ့များ၏ ဝင်ရောက် ဆောင်ရွက်မှုသည် ရှောင်လွှဲ၍ မရသော လိုအပ်ချက် တစ်ရပ်ဖြစ်ကြောင်း Le Drian က ပြောကြား ခဲ့ပါသည်။ အာဖရိက တပ်ဖွဲ့များသည် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်မူ ဘောင်အတွင်းမှ မာလီနိုင်ငံတွင် ပထမဆုံးအရေး ယူဆောင်ရွက် မှုကို လုပ်ဆောင်မည်ဟု ပြင်သစ် နိုင်ငံမှ မျှော်လင့်ကြောင်း ၄င်းက ထပ်လောင်း ပြောကြား ခဲ့ပါသည်။ အစ္စလာမ်အစွန်း ရောက်အုပ်စု များ၏ ထိန်းချုပ်မှု အောက်သို့ ၅ လနီးပါးရောက် ရှိနေခဲ့သော မာလီတောင်ပိုင်း ဒေသတွင်း အခြေအနေ နှင့်ပတ်သက်၍ စိုးရိမ်ပူပန်မိ ကြောင်းလည်း ၄င်းက ဖော်ပြခဲ့ပါသည်။ ပြင်သစ်နိုင်ငံ အနေဖြင့် မာလီနိုင်ငံသို့ တပ်ဖွဲ့များ စေလွှတ်မည် မဟုတ်သော် လည်း မာလီ နိုင်ငံတွင် အာဖရိက တပ်အင်အား အသုံးပြုမှုအား နိုင်ငံတကာ အသိုက်အဝန်း ထံမှ သဘောတူညီမှု ရရှိရေးအတွက် အနောက် အာဖရိကနိုင်ငံ များအားကူညီမည် ဖြစ်ကြောင်း ပြင်သစ်နိုင်ငံခြား ရေးဝန်ကြီး Laurent Fabius က ဆက်လက် ပြောကြားခဲ့ပြီး ဖြစ်ပါသည်။
မာလီနိုင်ငံတွင် ယခုနှစ်မတ် လအတွင်းက စစ်အာဏာ သိမ်းမှုဖြစ်ပွား ခဲ့ပြီးနောက်ပိုင်းတွင် လွတ်လပ်သော  ကိုယ်ပိုင်နယ် မြေထူထောင်ရန် ကြိုးစား လျက်ရှိသည့် အစွန်းရောက် အစ္စလာမ္မစ် အုပ်စုများနှင့် Tuareg သူပုန်တပ်ဖွဲ့ များသည် မငြိမ်သက် မှုများကို အခွင့်ကောင်း ယူ၍ နိုင်ငံ၏ မြောက်ပိုင်းကို ထိန်းချုပ်ခဲ့သဖြင့် ပြည်ထောင်စု နိုင်ငံ တစ်နိုင် ငံအဖြစ် ဆက်လက်ရပ် တည်နိုင်ရန် အတွက် ရုန်းကန်ရ လျက်ရှိပါသည်။ မာလီတောင်ပိုင်း တွင်ဖြစ်ပွားလျက် ရှိသော လက်နက်ကိုင် ပဋိပက္ခ များကြောင့် ပြည်သူ ၂၆ဝ,ဝဝဝ ကျော်မှာ အိမ်နီးချင်း နိုင်ငံများသို့ ထွက်ပြေးခဲ့ ရကြောင်း ကုလသ မဂ္ဂဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီး ရုံး၏ထုတ်ပြန် ချက်အရ သိရှိရပါသည်။ 

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်