Thursday, August 09, 2012

ကုန်းလမ်းပို့ဆောင်ရေးကဏ္ဍအဆင်ပြေချောမွေ့ရန်အတွက် ဂျပန်နိုင်ငံမှ City Bus အစီးရေ ၃၀၀၀ နိုဝင်ဘာလတွင် ရောက်ရှိမည်

Posted by drmyochit Thursday, August 09, 2012, under | No comments



မြန်မာနိုင်ငံသည် လွတ်လပ် ပွင့်လင်းမြင်သာမှုရှိလာသည့်နှင့် အမျှ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ သည် အဆက် မပြတ်ဝင်လာတော့ မည်ဖြစ်ပြီး ယခုတွင်လည်း ဂျပန် နိုင်ငံ ICE Group Japan Car Co., Ltd. မှ မြန်မာနိုင်ငံ ကုန်းလမ်း ပို့ဆောင်ရေးကဏ္ဍအား အဆင် ပြေချောမွေ့ရန် City Bus အစီး ရေ ၃၀၀၀ အား ရထားပို့ဆောင် ရေးဝန်ကြီးဌာနနှင့် အ ကျိုး တူပူး ပေါင်းကာ ကူညီထောက်ပံပေး သွားမည်ဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ် သြဂုတ်လ ၆ရက်နေ့က Chatrium Hotel တွင် ပြုလုပ်ခဲ့သော ဂျပန် နိုင်ငံ ICE Group နှင့် မြန်မာနိုင်ငံ ကုန်းလမ်းပို့ရေး (ကပရ)၏ သတင်းစာရှင်းလင်းပွဲမှ သိရ သည်။

အဆိုပါကားများအား ၃လ အတွင်း မြန်မာနိုင်ငံသို့ အစီးရေ သုံးထောင်ပို့ပေးသွားမည်ဖြစ် ကြောင်း ICE Group Japan Car Co.,Ltd မှ ဒါရိုက်တာ ဦးတင် အောင်မြင့်မှ ပြောကြားသည်။

““အခုကစပြီး ကျွန်တော်တို့ ဂျပန်နိုင်ငံကနေပြီး ပို့တော့မှာပါ။ ဒီကားအစီးရေ ၃၀၀၀ကို ကျွန်တော် တို့ သုံးလအတွင်း ပို့ပေး မှာပါ။ ပို့ပြီးလို့ သုံးတဲ့နေရာမှာဆိုလည်း ရန်ကုန်မြို့တွင်းရယ်၊ နယ်ဝေးရယ် ဆိုပြီး သုံးစွဲသွားမှာပါ”” ဟု အဆိုပါ ကားကု မ္ပဏီ၏ ဒါရိုက်တာဦးတင် အောင်မြင့်မှ ပြောကြားခဲ့သည်။

ယခု ရန်ကုန်မြို့တော်အတွင်း တွင် လက်ရှိပြေးဆွဲနေသော ယာဉ်အများစုမှာ သက်တမ်းကြာ မြင့်နေပြီဖြစ်ပြီး ယာဉ် ကျန်း မာရေး အခြေအနေသည်လည်း လုံခြုံမှု မရှိသောကြောင့် ရန်ကုန်မြို့တွင် သွားလာလျက်ရှိသော ပြည်သူ များနှင့် ခရီး ဝေးသွားနေကျသော ပြည်သူများ လွယ်ကူချောမွေ့စေ ရန် ပို့ဆောင်ရေးကဏ္ဍ ပိုမိုခေတ်မီ တိုးတက်လာရေးအတွက် ပူး ပေါင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရ သည်။

ကျောက်တော်တွင် ပုဒ်မ ၁၄၄ ထုတ်ပြီ

Posted by drmyochit Thursday, August 09, 2012, under | No comments



ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် ယနေ့ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။“ မြို့မိ မြို့ဖတွေကို ခရိုင်တာ ၀န်ရှိသူတွေက ခေါ်ယူပြီး ပုဒ်မ ၁၄၄ ထုတ်လိုက်ပြီ ဆိုတာကို ပြောပါတယ်။ ညနေ ၇ နာရီကနေ နံနက် ၅ နာရီထိ ညဉ့်မထွက်ရဘူးလို့ ပြောပါတယ်။ ဒေသဆိုင်ရာ အာဏာပိုင်တွေက အထက်အမိန့်အရ ထုတ်ရတာ ပါလို့ ပြော ပါတယ်” ဟု ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အမတ် ဦးစောငြိမ်းက ပြောသည်။ယနေ့ နေ့လည်ပိုင်းက မြို့လူကြီးများကို ခေါ်ယူပြီး ပုဒ်မ ၁၄၄ ထုတ်လိုက်ပြီ ဖြစ်ကြောင်း အာဏာပိုင်များက ပြောဆိုခဲ့သည်ဟု ဆိုသည်။“ ပုဒ်မ ၁၄၄ ထုတ်လိုက်တဲ့ အတွက် မြို့လုံခြုံရေး အတွက် ကင်းစောင့်လို့ မရတော့ဘူး။ ဂျင်ဂလိ၊ တုတ်ဓါးတွေ  ကိုင်ဆောင်လို့ မရတော့ဘူး။
 ကျောက်တော်မြို့ပေါ်မှာတော့ အေးအေးဆေးဆေးပါ။ ဒါပေမယ့် ကင်းမရှိရင် လုံခြုံပါ့မလား။ နယ်တွေမှာတော့ ပြဿနာ ဖြစ်နေကြတာတွေတော့ ရှိပါတယ်” ဟု ဦးစောငြိမ်းက ပြောသည်။ကျောက်တော်မြို့တွင် မီးရှို့မူများ ဖြစ်ပေါ်နေပြီး ဂုတ်ပီ ထောင့်၊ ရွှေလိုင်၊ ရိုညာရွာ၊ အပေါက်ဝနှင့် အင်ဘာရီ မွတ်ဆလင်ရွာများ မီးရှို့ခံခဲ့ရကြောင်းနှင့် အနည်းဆုံး အိမ်ခြေ ၅၀၀ ကျော် မီးလောင် ဆုံးရှုံးသွားသည်ဟု  သိရသည်။ရခိုင်အမျိုးသားပိုင် တောင်ပေါက်ကျေးရွာရှိ ဆန်စက်ကြီး တစ်လုံးလည်း မီးရှို့ခံခဲ့ရသည်ဟု ဆိုသည်။ အသေအပျောက် စာရင်းနှင့် ပတ်သက်ပြီး တိတိကျကျ မသိရသေးကြောင်း သူက ဆိုသည်။
ဝါဆိုလပြည့်နေ့ သြဂတ်စ်လ ၂ ရက်နေ့ ညဥ့် ၁ နာရီကျော်တွင် အသစ်တည်ဆောက်ထားသော ကျောက်တော်ကားဂိတ်ကို အကြမ်းဖက်သူများက တိုက်ခိုက်ပြီးနောက် ယခုကဲ့သို့ ဆူပူ အကြမ်းဖက်မူများ ပြန်လည် ဖြစ်ပွားလာကြောင်း ဦးစောငြိမ်းက ပြောသည်။တစ်ချို့ ရခိုင်သားများကို မေးမြန်းရာ မွတ်ဆလင်များ ကိုယ်အိမ်ကိုကိုယ် မီးရှို့၍ ထွက်ပြေးနေကြောင်း ပြောဆိုသည်။ သို့သော်လည်း မွတ်ဆလင်များကမူ ရခိုင်သားများ လာရောက်မီးရှို့တိုက်ခိုက်သည်ဟုပြောဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သိရှိနိုင်ရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေး တာဝန်ခံဦးဝင်းမြိုင်ကိမေးမြန်းရာတောင်ကုတ်မြို့နယ်သို့ ခရီးထွက်နေသဖြင့် လမ်းခရီးတွင် ဖြစ်နေ၍ မပြောဆိုနိုင်ကြောင်း ပြောဆိုသည်။

ယခင်က ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်နှင့် ကျောက်ဖြူမြို့နယ်တွင် ပုဒ်မ ၁၄၄ ထုတ် ထားပြီး ယခု ကျောက်တော်မြို့နယ်တွင် ထပ်ပြီး ပုဒ်မ ၁၄၄ ထုတ်ပြန် လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ 

KIA တပ်ဖွဲ့ဝင်များ အရပ်သားအယောင်ဆောင်ကာ လူသစ်များထပ်မံစုဆောင်းလျက်ရှိ

Posted by drmyochit Thursday, August 09, 2012, under | No comments



ပြီးခဲ့တဲ့ သြဂုတ်လ (၅)ရက်နေ့က မိုးမောက်မြို့၊ မြို့သစ်ကျေးရွာရှိ ဘုန်းကြီးကျောင်း မှာ ခေတ္တနေထိုင်နေ တဲ့ မောင်ချစ်ဦးနဲ့ မောင်ငယ်ထွေးတို့ (၂)ယောက်သည် ဒေါ့ဖုန်ယန်းမြို့နယ်ခွဲကို န၀မတန်းအောင်လက်မှတ် သွားယူစဉ် အူတန်ယန်ကျေးရွာအနီးမှာ KIA တပ်ဖွဲ့ဝင်တွေနဲ့တွေ့ပြီး ဖမ်းဆီးသွားတယ်လို့ အူတန် ယန် ကျေးရွာအနီးပြောင်းဖူးခင်းမှာ အလုပ်လုပ်နေတဲ့ ဦးလရန်က ပြောပါတယ်။

          ယခုအတောအတွင်း KIA နဲ့ မြန်မာတပ်မတော်တို့ တိုက်ပွဲများ မကြာခဏဖြစ်ပေါ်နေပြီး KIA တပ်ဖွဲ့တွေအနေနဲ့ အကျအဆုံးများပြားစွာရှိတာကြောင့် လူအင်အားထပ်မဖြည့်တင်းဖို့အတွက် မန်စီမြို့နယ် အတွင်းမှာရှိတဲ့ ကျေးရွာ(၉)ရွာမှာ ပြီးခဲ့တဲ့ သြဂုတ်လ (၄)ရက်နေ့ကစပြီး KIA တပ်ဖွဲ့ဝင်အချို့ဟာ အရပ်သား ယောင်ဆောင်ပြီး လူပျို၊ လူလွတ်တွေ၊ ကျောင်းမနေတဲ့ လူငယ်တွေကို စုဆောင်းနေတယ်လို့ သိရပါတယ်။
     KIA အဖွဲ့တွေရဲ့ လူသစ်စုဆောင်းမှုတွေကြောင့် ဒေသခံရွာသားတွေအနေနဲ့ ညအချိန်မှာ တောင်ရွာထဲမှမအိပ်တော့ဘဲ တောင်ယာတောထဲမှာ သွားရောက်အိပ်စက်ခြင်း၊ မြို့ပေါ်ပြောင်းရွှေုနေထိုင် လုပ်ကိုင်ကြ ခြင်းတို့ကြောင့် ယခုလိုအရပ်သားယောင်ဆောင်ပြီး ရွာတွေမှာရှိတဲ့ သူတို့ရဲ့အမာခံ ပြည်သူ့စစ် အကူအညီနဲ့ လူသစ်စုဆောင်း နေကြရတာပဲဖြစ်ပါတယ်။
           မြန်မာစစ်တပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားတဲ့အချိန်မှာလည်း အဓမ္မလူသစ်စုဆောင်းခြင်းခံထားရတဲ့ တပ်သားသစ်တွေဟာ အခြေခံစစ်သင်တန်းကိုကောင်းစွာ မတက်မြောက်ကြခြင်း၊ စစ်တိုက်လိုစိတ် မရှိကြခြင်း တို့အပြင် ထောက်ပံ့ပေးကမ်းမှုတွေလည်း မရှိတာကြောင့် အကျအဆုံးများပြားလျက်ရှိနေ ကြပါတယ်။
           KIA ခေါင်းဆောင်ပိုးတွေအနေနဲ့ကတော့ ယခုလို လူသစ်စုဆောင်းကာ ၊ အင်အားဖြည့် တင်း နေတာကတော့ ဒေသခံလူမျိုးများ ဆင်းရဲဒုက္ခခံစားနေရမှုတွေကို လျစ်လျူရှု့ထားပြီး လက်နက်နဲ့ ငြိမ်း ချမ်းရေး လဲလှယ်လိုစိတ် မရှိတဲ့အတွက် ကချင်ပြည်နယ်အတွင်းမှာ သေနတ်သံ၊ ဗုံးသံ၊ အမြောက်သံတွေ ဆက်လက် ဆူညံနေစေတာဘဲ ဖြစ်ပါတယ်။

ရွာတော်မြို့ ဗိုလ်မင်း အောင်ရွှေဖြူ ကွယ်လွန်

Posted by drmyochit Thursday, August 09, 2012, under | No comments


ထွန်းထွန်း

ဘင်္ဂလားဒေ့ခ်ျနိုင်ငံ စစ်တကောင်း တောင်တန်းနယ် ဘင်ဒရိုဘင်မြို့မှ  ၁၅ ဆက်မြှောက် ဗိုလ်မင်း အောင်ရွှေဖြူသည် လူကြီး ရောဂါဖြင့် ယနေ့ (သြဂုတ် ၈)ရက်နေ့တွင် ကွယ်လွန် အနိစ္စ ရောက်သွားကြောင်း သတင်းရရှိသည်။

ဗိုလ်မင်း အောင်ရွှေဖြူမှာ ကွယ်လွန်ချိန်တွင် အသက် ၉၉နှစ် ရှိပြီ ဖြစ်ကြောင်းနှင့် လူကြီးရောဂါဖြင့် ကွယ်လွန်သွားခြင်း ဖြစ်သည်။
ယနေ့နံနက် ပိုင်းတွင် အသက်ဆုံးသွားကြောင်းနှင့် သူ့ရုပ်အလောင်းကို ၇ရက်တိတိထားပြီးမှ ပွဲလမ်းသဘင်များပြုလုပ်ကာ သဂြိုလ် မည် ဖြစ်ကြောင်း ဘင်ဒရိုဘင် (ရွာတော်)မှ  ဦးခိုင်အောင်ကျော်နှင့် ကိုစောဘထွီးက နိရဉ္စရာသို့ ပြောသည်။
“မနက် ၉နာရီခွဲက နိစ္စရောက်သွားတာပါ။ အသက်ကြီးပြီး လူကြီးရောဂါနဲ့ ကိုယ့်အိမ်မှာဘဲ ဆုံးသွားတာပါ” ဟုပြောသည်။
ဗိုလ်မင်း အောင်ရွှေဖြူမှာ ဇနီးအိမ်ရှင်မနှင့် အတူသား ၆ ယောက်နှင့် သမီး ၂ယောက်ကျန်ရစ် ခဲသည်ဟုသိရ သည်။
လက်ရှိ ဗိုလ် မင်းထောင်တွင် နေထိုင်သည့် ဗိုလ်မင်းနှင့် သူ၏ ဆွေမျိုးများသည်  ဟံသာဝတီဘုရင် တပင် ရွှေထီး သားတော် မောင်စောပျံနှင့် နောက်လိုက်များဖြစ်ကြောင်း ယနေ့တိုင် ခံယူလျှက်ရှိသည်ဟု သိရသည်။ သူတို့ အဆက် အနွယ်များအား ရခိုင်ဘုရင် မင်းရာဇာကြီးမှ ဟံသာဝတီကို အောင်မြင်ပြီး နောက် ယူဆောင်လာသည်ဟု ဆိုသည်။ ဗိုလ်မင်းထောင်ကို အပိုင်စားပေး ခဲ့ပြီး စစ်တကောင်း တောင်တန်းဒေသ ဗိုလ်မင်းထောင်ကို ၁၆၁၄ ခုနှစ် မောင်စောပျံ လက်ထက်မှ ယနေ့တိုင် အဆက်ဆက် အုပ်ချုပ်လျက်ရှိကြောင်း သူတို့ကပြောသည်။
 အဆိုပါ ဒေသကို အုပ်ချုပ်ခဲ့သော အင်္ဂလိပ်များ လက်ထက်တွင်လည်း သူတို့အား  စည်းမျဉ်းခံ အုပ်ချုပ်ရေးပုံစံ စနစ်ဖြင့်ထားရှိခဲ့ရာ ထိုစနစ်မှာ ယခုထက်တိုင် တည်တံ့လျှက်ရှိသည်။ ဗိုလ်မင်းသည် ၎င်းကို၎င်း ဗိုလ်မင်းထောင် (ဘင်ဒရိုင်ဘင် ခရိုင်)အား အပိုင် စားရသူ နယ်စား တစ်ဦးအဖြစ်သာ သဘောထားပြီး အခွန်ဘဏ္ဍာများကို နှစ်စဉ် အခွန်ဘဏ္ဍာ ဆက်သပွဲ ပြုလုပ်ကာ လက်ခံသည်။
အဆိုပါ ဘဏ္ဍာ ဆက်သပွဲကို ဒေသခံများက ပိုင်စရာပွဲဟု ခေါ်သည်။
 ပိုင်စရာပွဲဟု ခေါ်သည်။
၎င်းပွဲကို  နှစ်စဉ် ဆောင်းရာသီတွင် ကျင်းပလေ့ရှိသည်။ ပိုင်စရာပွဲတော်ကို ပျော်ပွဲ၊ ရွှင်ပွဲ မြောက်များစွာနှင့် ပြုလုပ်လေ့ရှိပြီး ထိုပွဲအတွင်း ဗိုလ်မင်းအုပ်ချုပ်သည့် နယ်အသီးသီးမှ လာရောက်သော ကာလာဘာရီ၊ ဟေရ်မန်နှင့် ရွာစားများ တို့၏  အခွန်ဘဏ္ဍာများကို လက်ခံယူသည်။

ရခိုင်ပြည်နယ်တွင် လုံခြုံရေးကြောင့် အခြေခံပညာ (၃၄၉)ကျောင်း မဖွင့်လှစ်နိုင်သေး

Posted by drmyochit Thursday, August 09, 2012, under | No comments



ပဋိပက္ခဖြစ်ပွားမှု တစ်လကျော်ကြာနေပြီဖြစ်သော်လည်း ရခိုင်ပြည်နယ်တွင် အခြေခံပညာရေး ကျောင်းပေါင်း (၃၄၉) ကျောင်းမှာ လုံခြုံရေးအရ မဖွင့်နိုင်သေးကြောင်း ပြည်နယ်ပညာရေးဌာနမှ သိရှိရသည်။ စစ်တွေ၊မောင်တော၊ ဘူးသီး တောင်၊ကျောက်တော်၊ရသေ့တောင်မြို့နယ်တို့တွင် အခြေခံပညာကျောင်း အချို့မှာ ယနေ့(သြဂုတ်လ-၈ရက်နေ့)အထိ မဖွင့်နိုင်သေးကြောင်းပြည်နယ်ပညာရေးမှူးရုံးမှအရာထမ်းတစ်ဦးကပြောသည်။

“ တစ်ချို့ကျောင်းတွေက လုံခြုံရေးအရ မဖွင့်သေးတာပါ၊ မဖွင့်ပဲကျန်နေတာက မောင်တောမှ ၁၅၉ကျောင်း၊ ဘူးသီး တောင်မှာ ၁၄၃ ကျောင်း၊ စစ်တွေမှာ ၂၂ ကျောင်း၊ ရသေ့တောင်မှာ ၁၀ကျောင်း၊ ကျောက်တော်မှာ ၁၅ ၊ စုစုပေါင်း ၃၄၉ ကျောင်းရှိပါတယ်”ဟုပြည်နယ်ပညာရေးမှူးရုံးမှတာဝန်ရှိသူတစ်ဦးကပြောသည်။

မောင်တောမြို့နယ်တွင် ကျောင်းပေါင်း ၁၅၉ ကျောင်းရှိရာ ယနေ့ထိ မဖွင့်နိုင်သေးကြောင်းကိုလည်း  ၄င်းက ဆိုသည်။

“မောင်တောတစ်မြို့နယ်လုံးက မဖွင့်သေးပါ။ အဲဒီမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာ၊ဆရာမတွေကိုလည်း မိမိတို့နီး စပ်ရာ ကျောင်းတွေမှာ စီစဉ်ထားပါတယ်၊ နောက်တဖြည်းဖြည်းကျောင်းတွေ ဖွင့်ဖို့စီစဉ်ထားပါတယ်၊ ကျောင်းတွေပြန်ဖွင့်နိုင်ဖို့က လုံခြုံရေးအဓိကပါ’’ဟု၎င်းကဆက်ပြောသည်။ပဋိပက္ခကြောင့်လုံခြုံရေးအရ တက္ကသိုလ်၊ကောလိပ်နှင့် အခြေခံပညာရေး ကျောင်းအချို့ကိုဇွန်လကတည်းကတစ်လနီးပါးကိုပိတ်ထားခဲ့ရသည်။

“ကျွန်တော်တို့ မင်းပြားဘက်မှာတော့ ဖွင့်ပါတယ်၊ ဒါပေမဲ့ ဘင်္ဂလီတွေနဲ့နီးတဲ့ရွာတွေမှာတော့ မဖွင့်သေးတာ ရှိပါတယ်”ဟု မင်းပြားမြို့နယ်ဖေသာပြင်ကျေးရွာမှမူလတန်းကျောင်းအုပ်ကပြောသည်။ အလားတူ စစ်တွေတက္ကသိုလ်ကိုလည်း ယခုလ (၆)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ထားသော်လည်း  ကျောင်းတတ်ရောက်နှုန်းမှာ နည်းပါးနေသေးကြောင်း  ဒေသခံများက ဆိုသည်။


 





မိုးဝေ ရခိုင်ပြည်နယ် (မြစ်မခ)

ရခိုင် တိုင်းရင်းသားဒုက္ခသည်များဘဝလည်း စစ်တပ်မှ တပါး အခြား အားကိုးစရာမရှိ

Posted by drmyochit Thursday, August 09, 2012, under | No comments

From : မြဝတီ
ရခိုင် ပြည်နယ်တွင် ဖြစ်ပေါ် ခဲ့သော အခြေအနေ အရပ်ရပ် ကြောင့် ဒေသခံ ပြည်သူ များ၏ နေအိမ်များ၊ ပစ္စည်း ဥစ္စာများ ပျက်စီး ဆုံးရှုံး ခဲ့ရသဖြင့် ပြည်သူများ လတ်တလော ရပ်တည် နိုင်ရေး အတွက် အလှူငွေ နှင့် ထောက်ပံ့ ပစ္စည်းများကို သက်ဆိုင်ရာ တာဝန်ရှိ သူများ နှင့် တပ်မတော် သားများမှ ပို့ဆောင်ပေး ခဲ့ပါသည်။

(မှတ်တမ်းဓါတ်ပုံများ)






၈၈၈၈အရေးတော်ပုံ ငွေရတုအကြို ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနား( သြဂုတ်လ ၈ ရက်)နံနက် ၇း၀၀ နာရီက(ဓါတ်ပုံ)

Posted by drmyochit Thursday, August 09, 2012, under | No comments

From -၈၈ မျိုးဆက်များFacebook






မောင်းတော်မှာ ဗုံးခွဲမည်ဟု သတင်းထွက်

Posted by drmyochit Thursday, August 09, 2012, under | No comments


 From - ElevenMediaGroup

 မောင်တောမြို့တွင် လက်ရှိအချိန်၌ လုံခြုံရေးအင်အား တိုးမြှင့်ထားကြောင်း သိ ရပါသည်။ လုံခြုံရေး တာဝန်ယူမှုကို ရဲတပ်ဖွဲ့ဝင်များ သာမက မူလက မြို့ပြင်တွင် တာ ၀န်ယူထားသော တပ်မတော်သား အင်အားကိုပါ အသုံးပြု ထားကြောင်း သိရသည်။ မောင်တောမြို့တွင်း၌ ဗုံးဖောက်ခွဲမည်ဟူသည့် သတင်းများ မြို့ခံများအကြား ပျံ့ နှံလျက်ရှိနေပြီး လူစုလူဝေး မဖြစ်စေရန် လုပ်ဆောင်နေကြောင်း သိရှိရပါသည်။ နံနက် ပိုင်း အချိန်က ဖွင့်လှစ်ခဲ့သော ဈေးဆိုင် အချို့မှာလည်း နံနက် ၁၀ နာရီကျော်ခန့် အချိန် တွင် ပြန်ပိတ် သွားခဲ့ကြောင်း သိရပါသည်။

ဘင်္ဂါလီတွေကို မွတ်စလင်နိုင်ငံတွေက ခွဲဝေလက်ခံဖို့ တင်ပြမည်ဆို

Posted by drmyochit Thursday, August 09, 2012, under | No comments


From - BoonMyoMyo  Facebook

သတင်းကောင်း !!!! ဘင်္ဂလီ-ရိုဟင်ဂျာတွေ မနေ့က ဘင်္ဂလားဒေ့ရှ် ဘက် ဝင် ပြေးသွားတာ အခု ဘင်္ဂလား စစ်သားတွေ မမောင်းထုတ်ေ တာ့ဘူး တဲ့....လက်ခံနေပြီတဲ့....ဒီထက်ကောင်းတဲ့ သတင်းတ ခု က  ရှေ့လမှာ OIC ဋ္ဌာန ချုပ်ဆော်ဒီမှာ မူဆလင်နီုင်ငံများ ညီလာခံ လုပ်မယ်.....အဲဒီညီလာခံမှာ ထိုင်း တောင်ပိုင်းက အရေးရယ်....မြန်မာပြည်က ရိုဟင်ဂျာအရေးရယ် အဓိကဆွေးနွေးမယ် တဲ့....အဲဒီဆွေးနွေးပွဲမှာ ရိုဟင်ဂျာဆိုတဲ့ ရေမြောကမ်းတင် ဘင်္ဂလီတွေကို မူဆ လင် နိုင်ငံများက တတ်နီုင်သလောက် ခွဲဝေလက်ခံဖို့ အချက် ကို တင်ပြ သွားမယ်ဆိုပဲ့....ကျေးဇူးကမ္ဘာ အဘိုင် တို့.....မာမူတို့ရေ. .....မြန်မြန်နိုင် သလောက်  မြန်မြန်သာ ခေါ်သွားကြပါ....ကျေးဇူးမေ့ပါဘူး.....(နေ့လည်ဘက် Thai PBS-ထိုင်းသတင်းမှ)

ဘယ်တော့မှ မွတ်စ်လင်နိုင်ငံမဖြစ်စေရ

Posted by drmyochit Thursday, August 09, 2012, under | No comments



ဒီဓာတ်ပုံဟာ ရန်ကုန်မြို့လယ်ခေါင်က အ.ထ.က (၁) ဒဂုံရှေ့မှာ ရိုက်ထားတာပါ။ကျနော့်ညီမလေး အပြင်သွားရင်း တွေ့လာပြီး ရိုက်ခဲ့တာပေါ့။ ကျနော့်ကိုလည်းပြောတယ် ကိုကိုရေ နောင် နှစ်ပေါင်းများစွာကြာတဲ့အခါ ညီမလေးတို့
တိုင်းပြည်မှာ မြန်မာမိန်းကလေးတွေ ဒီလိုဖြစ်လာရင် မခက်ပေဘူးလားနော်တဲ့။ကျနော်က တိကျတဲ့စကား တစ်ခွန်း ပြောခဲ့တယ်။ မြန်မာမတွေကိုယ်ကျင့်တရားစောင့်ထိန်းနေသမျှ ဘယ်တော့မှ ဒီလိုမဖြစ်လာဘူးလို့။ ကျနော်
မြင်နေရတာက ကုလားတွေ လူပါးဝတာဟာ ကိုယ့်မြန်မာမိန်းကလေးတွေအနေအထိုင်မတတ် တာကြောင့်လည်းပါတယ်။
ကျနော့်ကိုယ်တွေ့ပေါ့ဗျာ...ကျနော်မြန်မာပြည်ခဏပြန်တော့..ဘားတစ်ခုကိုသွားခဲ့တယ်။
ရည်ရွယ်ချက်ကတော့ နည်းနည်းပါးပါးသောက်ရုံသက်သက်ပါ။ အဲဒီ့မှာ မိန်းကလေးသုံးယောက်လောက် ကျနော့်နား ကပ်လာပြီး အင်္ဂလိပ်လို မေးတယ်။ သူတို့နဲ့ ဘာညာကိစ္စပေါ့ဗျာ။ ကျနော်ကပြည်ပမှာ အနေကြာတာရယ် ..မျက်နှာပေါက် ကလည်း မြန်မာနဲ့သိပ်မတူတာရယ်ကြောင့်ဖြစ်မယ်ထင်တယ် ... ကျနော့်ကို ဂျပန်လား၊ တရုတ်လားတဲ့။ ကျနော်က မသိချင်ယောင်ဆောင်ပြီး ဆက်သောက်နေတော့ ကောင်မလေးတစ်ကောင်က ကျနော့်ဘေးကိုပူးပူးကပ်ကပ်ဝင်ထိုင်တယ်။ သူတို့ချင်းလည်း ကျနော့်အကြောင်းပြောနေကြတယ်။ အောက်တန်းစား စကားတွေပေါ့ဗျာ။ ကျနော်လည်း သည်းမခံ နိုင်တော့ တာနဲ့ မြန်မာလိုပဲ ...မယ်မင်းကြီးမတို့မြန်းပေတော့ ငါ အရက်အေးအေးဆေးဆေးသောက်ချင်တယ်လို့ပြောတော့ ... မျက်လုံးလေးတွေပြူးပြီးခိုးခိုးခစ်ခစ်နဲ့ ထသွားကြတယ်။ လှည့်ကြည့်လှည့်ကြည့်နဲ့။ ခဏနေတော့ ကျနော့် ဘေးဝိုင်း ကိုကုလားတွေလာထိုင်တယ်။ ခုနက ကောင်မတွေကိုလည်းမြင်ရော တစ်ကောင်က ထသွားပြီးအီတော့တာပဲ။ ဈေးညှိ တယ်ပေါ့။ အဲဒီ့အချိန် ကျနော့်စိတ်ထဲတစ်မျိုးဖြစ်လာတယ်။ သူတို့ဖာသည်ဆိုပေမယ့် ငါတို့မြန်မာမတွေပဲဆိုတာမျိုး။ အဲဒါ ကြောင့် ကျနော်က သူတို့ထဲက တစ်ယောက်ကို လက်ယပ်လှမ်းခေါ်ပြီးမင်းတို့ပြန်ပါတော့လား။ ဒါမှမဟုတ်လည်း တခြား သူနဲ့သွားပါကုလားနဲ့မသွားပါနဲ့လို့ တိုးတိုးတိတ်တိတ်ခေါ်ပြောတယ်။ ဒါ ကျနော့်စေတနာစကားပါ။ ကျနော့်ညီမလေးတွေ ရှိပါတယ်။ ပညာသင်ကြတယ်။ ချစ်စရာကောင်းကြတယ်။ လှလှပပလေးတွေ။ မိဘစကားလည်းနားထောင်ကြတယ်။ သူတို့ ကို ကျနော့်ညီမလေးတွေနေရာမှာထားပြီး တွေးမိလို့ ကျနော်က ခေါ်ပြောမိတာ။ အဲဒီ့အချိန်မှာမထင်မှတ်တဲ့တုံ့ပြန်မှုက အဲဒီ့ အမျိုးသမီးက ကျနော့်ကို ဆဲတော့တာပဲ။နင့်ကို ခေါ်ခိုင်းတုန်းက အိုက်တင်ခံနေပြီး ... အခုကိုယ်မစား ရတော့မှ သူများ လက်ထဲက လာလုနေတယ် ...စသဖြင့်ပေါ့ဗျာ၊ ထပြီး ဟော့တ်ပါလေရော။ကုလားတွေကပါ ကျနော့်ကို မင်းက ဘာကောင်လဲ ဘာညာနဲ့ဖြဲမယ့်အဆင်ပေါ့ဗျာ။ကျနော်လည်း ... စေတနာက ဝေဒနာဖြစ်ရတဲ့အပြင်စောက်ကုလားနဲ့ မလိုက် ပါနဲ့ပြောတာတောင် လာဆဲတော့ပွဲကြမ်းလေသတည်းပေါ့။ လက်ကလည်း ယဉ်တယ်ဆိုတော့ ကုလား ၂ကောင်ရော ကောင်မတွေရော ကောင်းကောင်းသယ်ပေးလိုက်တယ်။ ပါးစပ်ကလည်း စောက်ကောင်မတွေ မင်းတို့ ဖာခံတာငါတို့တိုင်းပြည်သိက္ခာမကျစေနဲ့ လို့၊ အကြိမ်ကြိမ်ဆဲမိတယ်။ ၀ိတ်တာတွေဝင်ပြီးရှင်း ပေးတော့မှရန်ပွဲလည်း ငြိမ်းသွားတယ်။ ကျနော်က အာခီဒိုကစားဖူးတယ်။ ကာရာတေးရောပေါ့။ကြုံတုန်းတော့ ကုလားတွေကို ဗျင်းရတာ အတော်လက်တွေ့တယ်။ ကောင်မတွေကိုတော့စောက်ခွက်ကို တစ်ယောက် နှစ်ချက်လောက်ဆီဖြတ်ရိုက်ပေးလိုက်တယ်။ ကျနော်ကမလိုအပ်ရင် ဘယ်သူ့ကိုမှ ရန်မပြုဘဲ ကိုယ်ချင်းစာတရားအပြည့်နဲ့ကူညီတတ်သူပါ။ ကျနော့်သွေးထဲမှာ ဆရာဝန်တစ်ယောက်ရဲ့စိတ်စေတနာတွေလည်းအပြည့်ပါပဲ။
ဒါပေမယ့် အမျိုးဘာသာသာသနာကို ဖျက်ဆီးနေသူညစ်ညမ်းအောင် လုပ်နေသူတွေတွေ့ ရင်တော့ ဘယ်လို မှမနေနိုင်ဘူး။ကျနော့်ညီမလေးမေးတဲ့မေးခွန်းကို ကျနော်ပြတ်ပြတ်သားသားဖြေချင်လိုက်တာဗျာ။ငါတို့နိုင်ငံဘယ်တော့မှ မွတ်စ်လင်နိုင်ငံမဖြစ်စေရဘူးလို့။ ဒါပေမယ့် စောက်သုံးမကျတဲ့အချို့သော ဖာသည်အစ ဆွေကောင်းမျိုးကောင်းမတွေ အဆုံး၊ စောက်ဖုတ်သရမ်းပြီးလူ့တိရိစ္ဆာန်တွေနဲ့မျိုးပွားမယ်ဆိုရင်တော့ ရင်လေးစရာပေါ့။ ကျနော်ကတော့ ဗုဒ္ဓဘာ သာထွန်းကားရာနယ်မြေအဖြစ် မြန်မာပြည်ကို ကမ္ဘာပျက်တဲ့အထိ ရှိနေစေချင်သေးတယ်။ ကျနော့်မိတ်ဆွေ အပေါင်း အသင်းတွေလည်းကိုယ့်ညီမ ကိုယ့်သမီးကို ခေါင်းမြီးခြုံကုလားမအဖြစ် မမြင်စေချင်ကြဘူးလို့ကျနော် ယုံကြည်ပါတယ်။ ကျနော်တို့ရတတ်သမျှတော့တားဆီးရမှာအမှန်ပဲဗျာ.....။

FEC ကို လာမည့်နှစ် မတ်လအတွင်း ဖျက်သိမ်းဖွယ်ရှိ

Posted by drmyochit Thursday, August 09, 2012, under | No comments



ရန်ကုန် (မဇ္ဈိမ) ။       ။ နှစ်ပေါင်း ၂ဝ ကြာ အသုံးပြုလာခဲ့သည့် နိုင်ငံခြားငွေ လဲလှယ်ခွင့် လက်မှတ် ဖြစ်သည့် Foreign Exchange Certificate - FEC ကို ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ် ကုန်မည့် ၂ဝ၁၃ ခုနှစ်၊ မတ်လအတွင်း ဖျက်သိမ်း သွားရန်ရှိသည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်း က မဇ္ဈိမကို ပြောသည်။

“မြန်နိုင်သမျှ မြန်မြန်လုပ်မယ်။ ဒီဘဏ္ဍာရေးနှစ် မတ်လလောက်လည်း ဖြစ်ချင် ဖြစ်မှာပေါ့လေ။ အရင်တုန်းက ပြည်တွင်း မှာ ဒေါ်လာနဲ့ သုံးဖို့ အခက်ခဲ ရှိတဲ့အတွက် ဒေါ်လာနဲ့ တန်းတူ ဆိုပြီး ပြည်တွင်းသုံး ငွေကြေးအမျိုးစားတခု အဖြစ်နဲ့ တီထွင် သုံးစွဲ ခွင့်ပြုထားတာပါ”ဟုဦးမောင်မောင်ဝင်းကပြောသည်။

နိုင်ငံခြားငွေ လဲလှယ်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံအတွင်း ဒေါ်လာ၊ FEC တို့ သုံးစွဲနေခြင်းကြောင့် ငွေလဲလှယ်ရာတွင် လဲလှယ်မှုနှုန်း အမျိုးမျိုးဖြစ်နေပြီး ယခု FEC ကို ဖျက်သိမ်းကာ ငွေလဲလှယ်မှုနှုန်းကို ပြန်လည်ထိန်းချုပ် လုပ်ဆောင်ခြင်း သည် ကောင်းမွန်သည့် လုပ်ဆောင်မှုဟု ဘဏ်လုပ်ငန်းပညာရှင်တဦးဖြစ်သူ ဦးစံသိန်း က သုံးသပ်သည်။

“အရင်က Multiple Exchange Rate ငွေလဲလှယ်နှုန်းက အမျိုးမျိုးဖြစ်နေတယ်။ တရားဝင် ငွေလဲလှယ်နှုန်းက တမျိုး၊ဒေါ်လာက တမျိုး၊ FEC က တမျိုး ဖြစ်နေတယ်။ အဲဒါကို တမျိုးတည်း ဖြစ်အောင် လုပ်ရမှာ။ FEC ကို ရုပ်သိမ်းမယ် ဆိုရင် ဖြည်းဖြည်း ချင်းရုပ်သိမ်းသွားမယ်ဆိုရင်ပြင်ပဈေးကွက်ပျောက်သွားမယ်”ဟုမဇ္ဈိမကိုပြောသည်။

အစိုးရအနေဖြင့်လည်း နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေအသစ် မူကြမ်းကို ရေးဆွဲနေပြီး ချေးငွေ လုပ်ငန်းများအပြင်နိုင်ငံငွေများကို လွတ်လပ်စွာ ရောင်းဝယ်နိုင်တော့မည်ဟု ရန်ကုန် စီးပွားရေးတက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ်၊ အစိုးရ၏ ဘဏ္ဍာရေးဆိုင်ရာ အကြံပေး ဦးမော်သန်းက ဇူလိုင်လအတွင်းက ပြုလုပ်ခဲ့သည့် ‘၁၉၉၄၊ ၁၉၉၅ စီးပွားရေး တက္ကသိုလ် ကျောင်းသား ဟောင်းများ နှင့်တွေ့ဆုံပွဲ’တွင်ပြောကြားခဲ့သည်။ဖျက်သိမ်းရန် ပြင်ဆင်နေသည့် FEC ကို ၁၉၉၃ ခုနှစ်မှ စတင်၍မြန် မာနိုင်ငံ အတွင်း စတင်သုံးစွဲခဲ့သည်။ဗုဒ္ဓဟူးနေ့ FEC ဝယ်ဈေးမှာ ၈၆၆ ကျပ်ဖြစ်ပြီး ရောင်းဈေးမှာ ၈၇၆ ကျပ် ရှိနေသည်။

မြန်မာနိုင်ငံဗဟိုဘဏ်မှ နှစ်ပေါင်း ၂၀ ကျော် သတ်မှတ်ထားသည့် တဒေါ်လာ ၆ ကျပ်နှုန်း ကိုလည်း ယခုနှစ် ဧပြီလမှ စတင်၍ တဒေါ်လာ ၈၀၀ ကျပ်ကျော်ဖြင့် ပြင်ဆင်သတ်မှတ်ခဲ့သည်။

ကိုယ့်ဒုက္ခ ကိုယ်ရှာတဲ့ မြန်မာအစိုးရ?

Posted by drmyochit Thursday, August 09, 2012, under | No comments

From -ဧရာဝတီ

မြန်မာအစိုးရဟာ ရခိုင်ဒေသ မငြိမ်မသက်မှုနဲ့ ပတ်သက်ပြီး သံတမန်ရေးဆိုင်ရာ အကျပ်အတည်း ဆိုက်အောင် ကိုယ်တိုင် လုပ်ဆောင်နေ တယ်၊ ဒီလို လုပ်မိနေမှန်း အစိုးရက သတိထားမိချင်မှ ထားမိလိမ့်မယ် လို့ ဒီကနေ့ ဘန်ကောက်ပို့စ် သတင်းစာ အယ်ဒီတာ့ အာဘော်မှာ ရေးထားပါတယ်။ မငြိမ်မသက်မှုတွေ အကြောင်းကို မြန်မာအစိုးရက တဖြည်းဖြည်း ထိန်ချန် လျှို့ဝှက်လာတယ်၊ ဆင်ဆာဖြတ်တယ်၊ ဆန့်ကျင်တိုက်ခိုက်အငြင်းပွားချင်လာတယ် တဲ့။တိုတိုပြောရရင် ရခိုင်ဒေ သပဋိပက္ခကို ကိုင်တွယ်တာ လုံးဝ မှားယွင်းနေတယ်လို့ အယ်ဒီတာ့အာဘော်မှာ ရေးထားပါတယ်။ရခိုင်ဒေ  သတည် ငြိမ်ရေးကြိုးပမ်းနေတဲ့မြန်မာအစိုးရရဲ့ လက်ရှိ အခက်အခဲတခုက နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှုနဲ့ အမျက်ဒေါသကို ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲဆိုတာပါပဲတဲ့။



မြန်မာအစိုးရဆီကလာတဲ့ အလိုအလျောက် တုံ့ပြန်ချက်တွေဟာ ဘာနဲ့တူသလဲဆိုရင် နိုင်ငံတကာ စိုးရိမ်မှုကို ဂရုမစိုက်၊ လျစ်လျူပြု ထားဖို့ကြိုးစားနေတာနဲ့တူတယ်လို့ဆိုပါတယ်။



ပဋိပက္ခတွေ တားဆီးနိုင်မယ့် နည်းလမ်းတွေ ရရှိဖို့၊ ဖြစ်ခဲ့တဲ့ ပဋိပက္ခရဲ့ အကြောင်းရင်း နဲ့ သက်ရောက်မှုကို လေ့လာ ရှာဖွေ နိုင်ဖို့အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးအရာရှိ ကင်တားနားက အကြံပေးထားတာ ရှိတယ်၊အဲဒါကတော့ အမှန် တရား ပေါ်ပေါက်ရေးကော်မရှင် တည်ထောင်ဖို့ပါ။ သို့သော်လည်း မြန်မာနိုင်ငံခြားရေးဝန်ကြီးက သူ့အကြံပြုချက်ကို လက်မခံပါဘူး၊ ရခိုင် ဒေသမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို အင်အားတိုးချဲ့ ချထားမယ်လို့ ပြန်တုံ့ပြန်ခဲ့ပါတယ် တဲ့။



ကိုယ့်ဒုက္ခ ကိုယ်ရှာတဲ့ မြန်မာအစိုးရ ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးထားတဲ့ ဘန်ကောက်ပို့စ် အယ်ဒီတာ့အာဘော်ကို ကူးယူ ဖော်ပြ လိုက်ပါတယ်။

လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင် ဖွဲ့တော့မည်

Posted by drmyochit Thursday, August 09, 2012, under | No comments


 From -ဧရာဝတီ 

 
အစိုးရအဆက်ဆက်ကျူးလွန်ခဲ့သည့် အကျင့်ပျက်ခြ စားမှုများကို အရေးယူရန် အဖွဲ့ဝင် ၁၅ ဦးပါဝင်သော လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေး ကော်မရှင် တရပ်ကို သမ္မတ ဦးသိန်း စိန်က ဖွဲ့စည်းသွား ရန်ရှိကြောင်း သိရသည်။ အမျိုးသား လွှတ်တော်တွင် အတည်ပြုလိုက်ပြီဖြစ်သော လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်တွင် မကြာမီ ဆွေးနွေး အတည်ပြုသွားမည် ဖြစ်ပြီး သြဂုတ်လကုန်တွင် ဥပဒေအဖြစ် ထွက်ရှိမည်ဖြစ်ကြောင်း၊ ယင်းဥပဒေအရ
အဖွဲ့ဝင် ၁၅ ဦးပါဝင်သော လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင် တရပ်ကို သမ္မတက တာဝန်ယူ ဖွဲ့စည်း ရမည်ဖြစ်ကာ သမ္မတက အဆိုပြုသူ ၅ ဦး၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက အဆိုပြုသူ ၅ ဦး၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက အဆိုပြုသူ ၅ ဦးတို့ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။
ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက လာဘ်ပေးလာဘ်ယူ ကော်မရှင်အတွက် ကိုယ်စားလှယ် ၅ ဦး အဆိုပြု ပေးရ မည်ဖြစ်ရာ ပြည်သူ့လွှတ်တော် အမတ် ဒေါ်အောင်ဆန်းစုကြည်ကို အဆိုပြုနိုင်ခြေ များပြီး ၎င်းအနေဖြင့် ယင်း ကော်မရှင်တွင် ဦးဆောင်နေရာမှ ပါဝင်ဖွယ်ရှိကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြသည်။
“လွှတ်တော် ဥက္ကဋ္ဌတွေက လာဘ်ပေးလာဘ်ယူ ပပျောက်ရေး ကော်မရှင်အတွက် ကိုယ်စားလှယ် ၅ ဦးစီ အဆိုပြုရမယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကတော့ အဲဒီကော်မရှင်မှာ ပါဝင်ဖို့ အလားအလာ အများဆုံးနဲ့
ဦးဆောင်တဲ့ နေရာမှာ နေရမယ့် အခြေအနေ တွေ့နေရပါတယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးက ဆို သည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ဥပဒေ အတည် ပြုပြီး လျှင် ဥပဒေအသက်ဝင်ရေး အလေးထား ဆောင်ရွက်ရမည်ဟု ပြောသည်။
“ဥပဒေ အသက်ဝင်ဖို့ ဆိုတာကလည်း တကယ် အသက်ဝင်အောင် လုပ်နိုင်တဲ့သူတွေ ပါမှဖြစ်တာ။ နောက်ပြီး လာဘ်ပေး လာဘ်ယူ တိုက်ဖျက်မယ့် ကော်မရှင်မှာ ပါမယ့်သူတွေ ကိုယ်တိုင်ကလည်း အရင်က နာမည်ပျက် မရှိမှ ဒီကော်မရှင်က အဓိပ္ပာယ်ရှိမှာ။ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မျိုး ဒီကော်မရှင်မှာ ဦးဆောင်မယ်ဆိုရင် အင်မတန်မှ အလား အလာ ကောင်းတယ်။ တိုင်းပြည်အတွက် အဂတိ လိုက်စားမှုတွေ ပပျောက်သွားနိုင်ဖို့ လမ်းစ မြင်နိုင်တာပေါ့” ဟု နိုင်ငံရေး သမား တဦးဖြစ်သူ ဒေါက်တာစောနိုင်က ဆိုသည်။

တပ်မတော်ခေါင်းဆောင်များ၏ ပိုင်ဆိုင်မှု့ပါ ထည့်သွင်းသင့်ကြောင်း NLDလွှတ်တော်အမတ်ပြော

Posted by drmyochit Thursday, August 09, 2012, under | No comments


 From -ပြည်သူ့ခေတ်


 “သမ္မတကြီး၏ ပိုင်ဆိုင်မှု စာရင်း ထုတ်ပြန်ကြေညာရန် ညွှန်ကြားချက် တွင်  တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များနှင့် ပ တ်သ က် ၍  မပါ ရှိကြောင်း ၊ အုပ်ချုပ်ရေး ပိုင်းတွင် တာဝန် ယူထားကြ သူများဖြစ် သဖြင့် ထည့်သွင်းသင့်ကြောင်း”
ဒေါ်ဖြူဖြူသင်း(မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ်၊ NLD)

ဆိုဒီ အစိုးရမှ လူမျိုးတုန်း သတ်ဖြတ်မူမျာ လုပ်နေကြောင်း စွပ်စွဲ

Posted by drmyochit Thursday, August 09, 2012, under | No comments



ဆိုဒီအာရေးဗီးယား အစိုးရမှ ဗုဒ္ဓဘာသာ မြန်မာ အစိုးရသည် ရိုဟင်ဂျာ ဆိုသူများ အပေါ် လူမျိုးတုန်း သတ်ဖြတ်မူများ ပြု လုပ်နေကြောင်း တနင်္လာနေ့က စွပ်စွဲ ပြောကြားလိုက်သည်ဟု ဘင်္ဂလာဒေခ်ျ့ မှ ထုတ်ဝေသော The Daily Star သတင်း စာ အပါအ၀င် သတင်းစာ အများအပြားက ယနေ့ ဖေါ်ပြသည်။

အိန္ဒိယကို တရုတ်သမ္မတ လာရောက်လည်ပတ်စဉ် မိမိကိုယ်ကို မီးရှို့၍ ဆန္ဒပြသူ အသက် ၂၇ နှစ်အရွယ် တိဗက် လူငယ် တစ်ဦး၏ ပုံကို ရိုဟင်ဂျာ တစ်ဦး၏ ပုံဖြစ်သည်ဟု ဆိုကာ ပုံမှားရိုက်ပြီး  နိုင်ငံတကာ တွင် လိမ်လည်ပြီး ဖေါ်ပြခဲ့ကြသည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်