ကျွန်တော်တို့ ဒီကနေ့ အစည်းအဝေး
ကတော့ ပြီးခဲ့တဲ့ အစည်းအဝေးမှာ ကျွန်တော်တို့ ချမှတ်ခဲ့ကြတဲ့ Reform Stretegy နဲ့ပတ်သက်ပြီး
မြို့ပြနဲ့ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြရန်
အခြေခံ လိုအပ်ချက်ဖြစ်တဲ့ City Plan ၊ Town Plan နဲ့ Village Plan တို့ ရေးဆွဲရေးနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့နဲ့ မန္တလေးမြို့တို့ရဲ့ City Plan များကို
လေ့လာ ဆွေးနွေး အကောင် အထည်ဖော် ဆောင်ရွက်ကြဖို့ဖြစ်ပါတယ်။
မြို့ပြနဲ့ကျေးလက် စီမံကိန်းများ ရေးဆွဲရာမှာ ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုး တက်ရေးအတွက်
ပြည်သူများရဲ့ အဆင့် အတန်းရှိစွာ နေထိုင်နိုင်ရေး၊ လျှပ်စစ်မီး လုံလောက်စွာရရှိရေး၊
သန့်ရှင်းတဲ့ သောက်သုံးရေရရှိရေး၊ သွားလာမှု အဆင်ပြေစေရေး၊ ပတ်ဝန်း ကျင်သန့်ရှင်းရေးနဲ့
အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးစတဲ့ ပြည်သူတို့ရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်း ဆောင်ရွက်
ပေးနိုင်ရန် ဘက်ပေါင်းစုံမှ ထည့်သွင်းစဉ်းစားပြီး ရေးဆွဲအကောင် အထည်ဖော် ဆောင်ရွက်ကြရမှာ
ဖြစ်ပါတယ်။ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဟာ အခြေခံလိုအပ်ချက် ဖြစ်သကဲ့သို့ အနာဂတ်မှာ မြို့ပြများရဲ့
စနစ်ကျနမှုနဲ့ ဖွံ့ဖြိုးတိုးတက် ရေးဟာလည်း များစွာအရေး ပါလာမှာ ဖြစ်ပါတယ်။ ဒီကနေ့ ကမ္ဘာ့လူဦးရေရဲ့
၅၂.၁ ရာခိုင်နှုန်းဟာ မြို့ပြမှာနေထိုင်သူတွေ ဖြစ်ပါတယ်။ အာရှနဲ့ အရှေ့တောင် အာရှမှာတော့
လူဦးရေ သန်း (၆၀၀) ရှိတဲ့အနက် မြို့ပြမှာ နေထိုင်သူဟာ ၄၄.၇ ရာခိုင်နှုန်း ရှိတယ်လို့
သိရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ မြို့ပြမှာ နေထိုင်သူဟာ ၃၂.၆ ရာခိုင်နှုန်းခန့်ရှိတယ်လို့သုံးသပ်ထားကြပါတယ်။
ရန်ကုန်မြို့ဟာ တစ်နိုင်ငံလုံး လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းခန့်ရှိပြီး အပြည်ပြည်ဆိုင်ရာလေဆိပ်၊
ရေဆိပ်၊ အထက်အောက် ထွက်ကုန်ဆုံတဲ့ မြို့ဖြစ်တဲ့အတွက် မြန်မာနိုင်ငံ စီးပွားရေးရဲ့ အရေးကြီးတဲ့
မောင်းနှင် အားတစ်ရပ် ဖြစ်ပါတယ်။ အနာဂတ်မှာ အာရှဒေသရဲ့ အဆင့်အတန်းမီ မြို့ကြီးတစ်မြို့
ဖြစ်လာနိုင်တဲ့ အလားအလာများစွာ ရှိပါတယ်။ တစ်ချိန်ကဆိုရင် အာရှမှာ စံထားရတဲ့မြို့ တစ်မြို့
ဖြစ်ပါတယ်။