Saturday, August 18, 2012

‘ရွှေမြွေဟောက်’ စစ်ရေးလေ့ကျင့်မှုမှာ မြန်မာ ပါဝင်လို

Posted by drmyochit Saturday, August 18, 2012, under | No comments

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLsOgmCHXyyL-ucsDQICurUpt7tmjawwOPRVdoojLu4J7Vi1PBcXsVWbFQBd8tvrpwe9iux1kX9_z0lGOpqTZx9MuzpMGvbAXV4duMN5xhQFKMDlqpL1qRwUNVj9_kY0kbHbdQlQmCDmI/s1600/AIR_CH-53E_Cobra_Gold_2002_lg.jpg 
ထိုင်းနှင့် အမေရိကန်တို့၏ ‘ရွှေမြွေဟောက်’ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွင် မြန်မာနိုင်ငံ ပါဝင်နိုင်ရေး အမေရိကန်နှင့် ညှိနှိုင်းပေးရန် ထိုင်း ကာကွယ်ရေးဝန်ကြီးအား မြန်မာ စစ်ခေါင်းဆောင်များက ပြောကြား လိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းတရပ်တွင် ဖော်ပြပါရှိသည်။    

ကယ်တင်ရမယ့် မြို့တော်ရန်ကုန်

Posted by drmyochit Saturday, August 18, 2012, under | No comments


 
ယက်ခ် မောဒီနဲ့ ဂျီမီ ကက်စက်စ်စီယာတို့ရဲ့ လက်စွမ်းပြထားတဲ့ “ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီး” ဓာတ်ပုံ (ဓာတ်ပုံ – Jacques Maudy / Jimi Cassaccia)
တစစီပြိုကျနေတဲ့ ရန်ကုန်က ဗြိတိသျှကိုလိုနီခေတ် ဗိသုကာလက်ရာတွေကို ဓာတ်ပုံနဲ့ မှတ်တမ်းတင်ပြီး စာအုပ် ထုတ်ဝေဖို့ ဓာတ်ပုံဆရာ ၂ ယောက်က ပြင်ဆင်နေကြပါတယ်။ ရန်ကုန်ဆိုတာကလည်း ဒီလက်ရာတွေကြောင့် ထင်ရှား ကျော်ကြားနေတာကိုး။
မော်ရိုကိုနိုင်ငံဖွား သြစတြေလျနိုင်ငံသား ယက်ခ် မောဒီ (Jacques Maudy) နဲ့ အီတလီနိုင်ငံသား ဂျီမီ ကက်စက်စ်စီယာ (Jimi Cassaccia) တို့ဟာ ပုံဖျက်ခံရတဲ့ မြို့တော်ရဲ့ သရုပ်မှန်ကို ရင်သပ်ရှုမောဖွယ်ရုပ်ပုံတွေနဲ့ ရေးဆွဲပြနိုင်ကြပါတယ်။ တချိန်တည်းမှာလည်း သမိုင်းဆိုင်ရာအမွေအနှစ်တွေကို အလေးအနက် ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုတယ် ဆိုတာကို လည်း ရုပ်ပုံတွေကနေတဆင့် ပြောပြကြပါတယ်။
ထင်ရှားတဲ့ သမိုင်းပညာရှင် ဒေါက်တာ သန့်မြင့်ဦး တည်ထောင်ခဲ့တဲ့ ရန်ကုန်အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ (Rangoon Heritage Trust – RHT) ကိုယ်စား ရိုက်ကူးတဲ့ ဒီဓာတ်ပုံတွေဟာ စိတ်ကူးစိတ်သန်းကောင်းမွန်ပြီး အရောင်အသွေး စုံလင်လှတဲ့အပြင် မြို့တော်ဟောင်းရဲ့ မုတ်သုန်ရာသီ မြင်ကွင်းကိုလည်း အထူးခံစားရစေမှာ ဖြစ်ပါတယ်။
အခုလို မှတ်တမ်းတင်တာဟာ ရန်ကုန်မြို့ကြီးရဲ့ တန်ဖိုးရှိလှတဲ့ ယဉ်ကျေးမှုဆိုင်ရာ သွင်ပြင်လက္ခဏာကို ကာကွယ် စောင့်ရှောက်သွားနိုင်ရေးအတွက် ဥပဒေပြဌာန်းနိုင်ဖို့ သမိုင်းပညာရှင်တွေ ဝိုင်းဝန်းကြိုးပမ်းနေကြတာရဲ့ အစိတ်အပိုင်း တခုဖြစ်ပါတယ်။ နောင်လာမယ့် မျိုးဆက်တွေအတွက် သူတို့ ကြိုးပမ်းနေကြတာပါ။
သြစတြေလျ နိုင်ငံခြားရေးဝန်ကြီး ဘော့ဘ်ကား (Bob Carr) မြန်မာပြည်ကို အလည်လာစဉ်အခါက ဒီမှတ်တမ်းတင်တဲ့ အလုပ်ကိုလုပ်ဖို့ RHT ကို အလေးအနက် တိုက်တွန်းခဲ့ပါတယ်။ မြန်မာပြည်ရဲ့ ကြွယ်ဝလှတဲ့ ဗိသုကာ အမွေအနှစ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ သူ့အစိုးရအနေနဲ့ အထောက်အပံ့ ပေးသွားမယ်၊ ကျွမ်းကျင်သူတွေနဲ့ ကူညီသွားမယ်လို့လည်း ကတိပေးသွားခဲ့ပါတယ်။
တဖက်မှာလည်း မြန်မာနိုင်ငံအပေါ် ချမှတ်ထားခဲ့တဲ့ ဒဏ်ခတ်အရေးယူမှုတွေကို မကြာသေးခင်က လျှော့ချ လိုက်တာနဲ့အတူ သူ့ထက်ငါ အလျင်စလို ဝင်ရောက်လာကြမယ့် ဖွံ့ဖြိုးရေး စီမံကိန်းတွေက အလျှင်အမြန် ယိုယွင်း ပျက်စီးနေတဲ့ ၁၈ ရာစုပုံစံ လက်ရာမွန်တွေအပေါ် ခြိမ်းခြောက်မှုရှိနိုင်တယ်လို့ စိုးရိမ်မှုတွေ နက်နက်ရှိုင်းရှိုင်း ရှိနေကြ ပါတယ်။ နှစ်နဲ့ချီပြီး လှည့်မကြည့်ဘဲ ထားခဲ့တာမို့ အဲ့ဒီအဆောက်အအုံ အတော်များများဟာ မူလအနေ အထား ရောက်အောင် အသည်းအသန် ပြန်လုပ်ဖို့ လိုနေပါတယ်။
RHT ရဲ့ ကြိုးစားမှုရလဒ်အဖြစ် အခုဆိုရင် မြန်မာအစိုးရက ဆောက်လုပ်ခွင့် ပါမစ် အခု ၂၀ ကို ဆိုင်းငံ့ထားလိုက်ပါပြီ။ မူလအနေအထားအတိုင်း မပျက်စီးအောင် ဘယ်လိုထိန်းသိမ်းမလဲဆိုတဲ့ ကိစ္စကို ရှင်းရှင်းလင်းလင်းဖြစ်တဲ့ အချိန်အထိ ဆိုင်းငံ့ထားလိုက်တာပါ။
ယက်ခ် မောဒီနဲ့ ဂျီမီ ကက်စက်စ်စီယာ တို့ဟာ ဓာတ်ပုံရိုက်တဲ့နေရာမှာ အရိပ်ကျမှု လျော့နည်းရလေအောင်နဲ့ သမိုင်း အမွေအနှစ် အဆောက်အအုံတွေရဲ့ အသေးစိတ်ကို ညှို့ဓာတ်ပါတဲ့ အရောင်နဲ့ ဖော်ထုတ်နိုင်အောင် ရန်ကုန်မြို့ကြီးရဲ့ အေးစိမ့်စိုစွတ်တိမ်ဖုံးနေတဲ့ ရာသီဥတုကို ဖြစ်နိုင်သမျှ အကောင်းဆုံး အသုံးချခဲ့ကြပါတယ်။ ဒါ့အပြင် သူတို့ဓာတ် ပုံတွေထဲမှာ ကောင်းမွန်တဲ့ ပုံတူပန်ချီကားတွေနဲ့ ရန်ကုန်လမ်းမတွေပေါ်က မြင်ကွင်းအတော်များများလည်း ပါဝင်ပါတယ်။
ပုံတွေထဲမှာ ထင်ရှားတာကတော့ ဗြိတိသျှတွေအတွက် သီးသန့်တည်ဆောက်ခဲ့တဲ့ ကိုလိုနီခေတ် ပဲခူးကလပ် ဓာတ်ပုံ တွေပါပဲ။ အကောင်းဆုံး ကျွန်းသစ်တွေနဲ့ ၁၈၈၀ ခုနှစ်တွေနှောင်းပိုင်းမှာ တည်ဆောက်ခဲ့တဲ့ ဒီကလပ်ဟာ အခုဆိုရင် အသည်းအသန် ပျက်စီးယိုယွင်းနေပြီဆိုပေမယ့် အချိန်ရဲ့ စမ်းသပ်မှုကို အံ့သြလောက်အောင် အာခံနေဆဲဖြစ်ပါတယ်။ အဲ့ဒီ အချိန်တုန်းကဆိုရင် လူတန်းစားအရ၊ လူမျိုးရေးအရ ခွဲခြားတဲ့နေရာမှာ ဒီကလပ်ဟာ ထိပ်ဖျားမှာ ရှိနေခဲ့ပါ။ ရာထူးအမြင့်ဆုံး မြန်မာလူမျိုးတွေတောင် ဒီကလပ်ထဲ ဝင်ခွင့်မရခဲ့ကြပါဘူး။
အထင်ကရ ရန်ကုန်အတွင်းဝန်ရုံး အဆောက်အအုံကို အတွင်း၊ အပြင်ရိုက်ပြီး မီးမောင်းထိုးပြထားတဲ့ ပုံတွေကိုလည်း ယက်ခ် မောဒီနဲ့ ဂျီမီ ကက်စက်စ်စီယာ တို့ရဲ့ ဓာတ်ပုံတွေထဲမှာ တွေ့ရပါတယ်။ လက်ရှိ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖခင် မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်းဟာ သူ့ရဲ့ နိုင်ငံရေးပြိုင်ဘက် တယောက်ရဲ့လက်ချက်နဲ့  ၁၉၄၇ ခုနှစ်တုန်းက ဒီနေရာမှာ လုပ်ကြံခံခဲ့ရတာပါ။
ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရတဲ့အချိန်ကစလို့ အတွင်းဝန်ရုံး အဆောက်အအုံကို ပိတ်ထားခဲ့ပြီး အပြင်လူတွေ ဝင်ခွင့် မရခဲ့တာမို့ ဒီဓာတ်ပုံတွေက ထင်ရှားတဲ့ မြန်မာ့အမိုင်းကာလတခုကို ရှားရှားပါးပါး ဖျတ်ကနဲ မြင်ရစေပါတယ်။
ယက်ခ် မောဒီနဲ့ ဂျီမီ ကက်စက်စ်စီယာတို့ရဲ့ ဓာတ်ပုံမှတ်တမ်းစာအုပ်ဟာ အခုဆိုရင် ပုံနှိပ်နိုင်တဲ့အဆင့်ကို ချဉ်းနင်းဝင် ရောက်နေပါပြီ။ စာအုပ်အဖြစ်ထုတ်ဝေနိုင်ဖို့အတွက် သူတို့က အလှူရှင်တွေ ရှာဖွေနေကြပါတယ်။ ဓာတ်ပုံတွေနဲ့ ပတ် သက်ပြီး ထပ်မံသိရှိလိုတယ်ဆိုရင်တော့ သူတို့ရဲ့ဝက်ဘ်ဆိုဒ် (JJMC) မှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်။

ရသေ့တောင်မြို့နယ်တွင် ဘင်္ဂလာဘက်မှ ၀င်လာသော လူတစ်စုနှင့် ပစ်ခတ်မူ ဖြစ်ပွား

Posted by drmyochit Saturday, August 18, 2012, under | No comments


 
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အနောက်တောင်ပိုင်း ကုလားချောင်းကျေးရွာတွင် ဘင်္ဂ လာဒေခ်ျ့မှ ၀င် ရောက်လာ သော လက်နက်ကိုင်အဖွဲ့ တစ်ခုနှင့် ဒေသခံများ အကြား ပစ်ခတ်မူ ဖြစ်ပွား ခဲ့သည်ဟု သတင်း  ရရှိသည်။

“ ဖြစ်တာက မနေ့က နေ့လည် ၂ နာရီ ခွဲမှာ ဖြစ်တာပါ။ ကျွန်မတို့ ရွာအနီး မှာ ပြင်ချောင်းဆိုတာ ရှိပါတယ်။ အဲဒီ အထဲမှာ ဖြစ်ကြတာပါ။ သူတို့က စက်လှေ နှစ်စီးနဲ့ ၀င်လာပါတယ်။ ငါးဖမ်းနေတဲ့ ကလေးတစ်ယောက် က မြင်တော့ ရွာကို သတင်းလာပို့ပါ တယ်။ ရွာသားတွေ လိုက်သွားတဲ့ အခါ ပစ်ခတ်မူ ဖြစ်ပွားတာ ဖြစ်ပါတယ်။ သေနတ် ၈ ချက် ၉ ချက်လောက် သူတို့ပစ်ပြီး ပြန်ထွက်ပြေး ပါတယ်” ဟု ကုလားချောင်းရွာခံ အမျိုးသမီး တစ်ဦးက နိရဉ္စရာသို့ ပြောသည်။
ဘင်္ဂလာဒေခ်ျ့ဘက်မှ ၀င်လာသည်ဟု ယူဆရသော စက်လှေ နှစ်စီးပေါ်တွင် လူပေါင်း ၁၈ ဦးခန့် ပါဝင်သည်ဟု ရွာသားများက ခန့်မှန်းကြပြီး နေ့လည် ၁၂ နာရီခွဲခန့်တွင် ပြင်ချောင်းထဲသို့ စက်လှေ (၂) စီးဖြင့် ၀င်ရောက် လာခဲ့သည်ဟု ဆိုသည်။
“ သတင်းကြားတဲ့ အခါ ကျွန်မတို့ရွာက ကျွန်မအစ်ကိုတွေ အပါအ၀င် ရွာသားတွေ ဓါးတွေ၊ ဂျင်ဂလိတွေကို ကိုင်ပြီး လိုက်သွားကြပါတယ်။ ကျွန်မတို့ ဆီက ရွာသားတွေကို မြင်တော့ သူတို့က သေနတ်နဲ့ ပစ်တယ်။ နောက်တော့ စက်လှေ တစ်စီးကို ချန်ထားခဲ့ပြီး တစ်ခြား စက်လှေ တစ်စီးနဲ့ ထွက်ပြေးသွားပါတယ်” ဟု သူမက ဆက်ပြောသည်။
စက်လှေပေါ်တွင် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ဘုတ်ပိုင်ရှင်၏ ဓါတ်ပုံတစ်ပုံနှင့် အမျိုးသမီး ဖြစ်သူ ၏ ဓါတ်ပုံပါ ကဒ်ပြား တစ်ခုနှင့် အသုံးအဆောင်များ၊ ဘင်္ဂလာဒေခ်ျ့စာဖြင့် ရေးသားထားသော ဒိုင်ယာရီ တစ်အုပ်နှင့် ဦးထုပ် တစ်လုံးတို့ကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။
ယခုအခါ အဆိုပါ စက်လှေကို ရသေ့တောင်မြို့နယ် ရဲစခန်းသို့ လောင်းချောင်း စခန်းမှ တဆင့် လွဲပြောင်း ပေးလိုက်ပြီ ဖြစ်သည်ဟု သိရသည်။
ယခု ဖြစ်စဉ်မှာ မှန်ကန်ကြောင်း လောင်ချောင်းရဲ စခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားပြီး ထွက်ပြေး သွားသူများကို စစ်တပ်နှင့် ရဲက ပေါင်းပြီး လိုက်လံ ရှာဖွေ နေကြောင်း ပြောကြားသည်။
“ အခုကတော့ အခြေအနေ တည်ငြိမ်နေပါတယ်။ စစ်တပ်လည်း ရောက်နေပါတယ်။ သူတို့ ဘယ်ကို ပြေးသွားတယ်ဆိုတာကိုတော့ ကျွန်မ အတိအကျ မပြောနိုင်ပါဘူး။ ရွာက လူတွေလည်း အခု အိမ်မှာ မရှိကြပါဘူးရှင်။ ဘုန်းကြီးကျောင်းကို သွားပြီး ရွာသားတွေ ဆွေးနွေးတိုင် ပင်နေကြပါ တယ်” ဟု သူမက ပြောသည်။
ကုလားချောင်း ကျေးရွာသည် ရသေ့တောင်မြို့နယ် မေယူကမ်း အဖျားပိုင်းတွင် တည်ရှိပြီး ဘင်္ဂလာာ ပင်လယ်အော်နှင့် နီးစပ်သဖြင့်  အဆိုပါ အမည်မသိသူများသည် ဘင်္ဂလာဒေခ်ျ့ဘက်မှ အကြံအစည် တစ်ခုခုဖြင့် ၀င်ရောက်လာပုံရသည်ဟု ဒေသခံများက ခန့်မှန်း ပြောဆိုနေကြသည်ဟု သိရသည်။

ရုရှားခရီး သည်တ င်လေယာဉ် ဗုံးခြိ မ်ခြောက်မှုေ ကြာင့် အရေးပေါ် ဆင်းသက်ရ

Posted by drmyochit Saturday, August 18, 2012, under | No comments

 
နယူးယော့ခ်မှ မော်စကိုသို့ ဦးတည် ပျံသန်းနေသော ခရီးသည်တင် လေယာဉ် တစ်စင်းပေါ်တွင် ဗုံးပါလာသည်ဆိုသော သတင်းကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း သိရှိရသည်။ အမည်မသိ လူတစ်ဦးက ဖုန်းဆက်ကာ သတင်း ပေးမှုကြောင့် ကြာသပတေးနေ့က အဆိုပါ လေယာဉ်သည် အိုက်စ်လန် နိုင်ငံတွင် အရေးပေါ် ဆင်းသက်ခဲ့ရခြင်း ဖြစ်သည်။
နယူးယော့ခ်မှ မော်စကိုသို့ ဦးတည် ပျံသန်းနေသော ခရီးသည်တင် လေယာဉ် တစ်စင်းပေါ်တွင် ဗုံးပါလာသည်ဆိုသော သတင်းကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း သိရှိရသည်။ အမည်မသိ လူတစ်ဦးက ဖုန်းဆက်ကာ သတင်း ပေးမှုကြောင့် ကြာသပတေးနေ့က အဆိုပါ လေယာဉ်သည် အိုက်စ်လန် နိုင်ငံတွင် အရေးပေါ် ဆင်းသက်ခဲ့ရခြင်း ဖြစ်သည်။
သတင်းပေးက လေယာဉ်ပေါ်တွင် ဖောက်ခွဲရေး ကိရိယာတစ်ခု ပါရှိသွားကြောင်း အခိုင်အမာ ပြောဆို အသိပေးလာကြောင်း ရုရှားလေကြောင်းလိုင်း Aeroflotမှ တာဝန်ရှိသူ တစ်ဦးက သတင်းထောက်များအား ပြော ကြားခဲ့သည်။ “လူတစ်ယောက်က ဖုန်းခေါ်ပြီး လေယာဉ်ပေါ်မှာ ဗုံးပါသွားတယ်လို့ ပြောတယ်။ အဲဒီအချိန် လေယာဉ်က ဝေ ဟင်မှာပဲ ရှိသေးတယ်။ လေယာဉ်မှူးက အရေးပေါ်ဆင်းဖို့ ဆုံးဖြတ်ပြီးတဲ့နောက် လေယာဉ်ကို ဘေးကင်းကင်းနဲ့ ဆင်း နိုင်ခဲ့ပါတယ်။ ပြီးတော့ ရှာဖွေရေးတွေ စလုပ်ခဲ့တယ်”ဟု အဆိုပါ အရာရှိက ဆိုသည်။
အိုက်စ်လန်နိုင်ငံ၊ ကီဖလာဗစ်ခ် လေဆိပ်မှ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့ရှိ ဂျွန်အက်ဖ် ကနေဒီ လေဆိပ်မှ ထွက်ခွာလာသော လေယာဉ်ပေါ်မှ ခရီးသည် (၂၅၃)ဦးလုံး ဘေးကင်းကြောင်း ပြောကြားသွားသည်။ ရုရှား သတင်းဌာန Interfaxက အမည်မသိ ဖုန်းခေါ်ဆိုမှုသည် အမေရိကန် တရားဥပဒေ စိုးမိုးရေး အေဂျင်စီ တစ်ခုထံ ဦးတည်ကာ အသိပေးခဲ့ခြင်းဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ် တစ်ခုကို ကိုးကားပြီး ဖော်ပြသွားသည်။ ထိုသူက လေယာဉ်ပေါ်တွင် အဝတ်သေတ္တာနှင့် (၅)လုံးအပြည့် ဗုံးများ ပါသွားပြီး မော်စကို အရောက်တွင် ပေါက်ကွဲလိမ့်မည်ဟု သတင်းပေးခဲ့ကြောင်းလည်း သိရှိရသည်။

ရိုဟင်ဂျာ အရေးကို ဘယ်လို ပြတ်ပြတ် သားသားလုပ်မလဲ?

Posted by drmyochit Saturday, August 18, 2012, under | No comments


 
ရခိုင်ပြည်နယ် ဒေသအတွင်းမှာ တည်ငြိမ်မှု ရှိနေပြီလို့ အစိုးရ ဘက်က ပြောနေပေမယ့် ရသေ့တောင်မြို့နယ်က ကျေးရွာ တွေမှာ တော့ ရပ်ရွာလုံခြုံရေး အတွက် ဒေသခံတွေ ညကင်းစောင့်နေကြ ရဆဲ ဖြစ်ပါတယ်။
ရသေ့တောင်မြို့နယ်ထဲက ကျေးရွာတွေမှာ ည ၇ နာရီကနေ မနက် ၆ နာရီထိ ရပ်ရွာလုံခြုံရေးအတွက် ညကင်းစောင့်နေ ရတယ် လို့ ဒေသခံတဦးက ပြောပါတယ်။ကျနော်တို့ရွာမှာ ၃ နေရာ ခွဲပြီး စောင့်ကြရပါတယ်။ ဘာဖြစ် လို့လည်း ဆိုတော့ သူတို့အခြေအနေ က အေးအေး ဆေးဆေး တော့ မဟုတ်ပါဘူး။ တောင်ယာတွေကိုလာဖျက် ဟိုဖျက် ဒီဖျက်၊ ဖျက်ဆီးနေကြတုန်းပါ။ အရင်က နွားတွေကို တောင်မှာ လွှတ်ပြီး ကျောင်းလေ့ရှိပေမယ့် အခု ကျနော်တို့မှာ နွားတွေ ကိုတောင် လွတ်လွတ်လပ်လပ်ကျောင်းလို့မရတော့ဘူး။ ဒုက္ခရောက်နေကြရ ပါတယ်။”ရသေ့တောင်မြို့နယ်ထဲမှာ ခမရ ၅၃၆၊ ၅၃၇ နဲ့ ၅၂၈ တို့က တာဝန်ယူနေတယ် ဆိုပေမယ့် ကျောက်တန်း၊ စေတီပြင်၊ သရက်ချောင်း ကျေးရွာတွေ အားလုံးမှာ ညကင်းစောင့်နေကြရ တာပါ။ ဒေသခံစစ်တပ်အနေနဲ့ အဲ့ဒီကျေးရွာတွေကို တခါ တရံမှသာ လာ ရောက်ကြတဲ့အတွက် ကိုယ်ရွာရဲ့ လုံခြုံရေးကို ရွာသားတွေ ကိုယ်တိုင် တာဝန်ယူနေကြရတာလို့ ဆိုပါတယ်။
“အစိုး လုံခြုံရေးဆိုတာ ရှိတယ်ဆိုတာ ကြားတော့ ကြားပါတယ်။ ဒါပေမယ့် ကျနော့် ရွာမှာ မရှိဘူး။ ကျနော်တို့ကမ်းခြေမှာ ရသေ့တောင်မြို့နယ်မှာ မမြင်ဘူး။ ဘင်္ဂါလီတွေနေတဲ့ နယ်စပ်ဘက်မှာတော့ ရှိတယ်လို့ ပြောသံကြားပါတယ်။ ကျနော်တို့ ရွာတွေကိုတော့ မရောက်ဘူး။”အခုလို ကင်းစောင့်နေရတာဟာ ဒေသခံတွေရဲ့ အလုပ်အကိုင်တွေ ထိခိုက်လာနိုင် သလို ရေရှည်မှာ လည်း စားဝတ်နေရေး အခက်အခဲ ကြုံတွေ့လာနိုင်တယ်လို့ ပြောပါတယ်။ရခိုင်ပြည်နယ်ထဲက မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ သံတွဲ၊ ရမ်းဗြဲ၊ ကျောက်ဖြူ မြို့နယ်တွေမှာ ဇွန်လနဲ့ သြဂုတ်လတွေက ညမထွက်ရ အမိန့် ထုတ်ပြန်ထားပါတယ်။အခုအခါမှာတော့ မောင်တော နဲ့ ဘူးသီးတောင်မှာ ည ၆ နာရီ ကနေ မနက် ၆ နာရီ သတ်မှတ်ထားရာကနေ့ ည ၇ နာရီကနေ မနက် ၅ နာရီထိ၊ မင်းပြားနဲ့ မြောက်ဦး တို့မှာ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ပြင်ဆင်သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။

ရှီးယားမွတ်စလင် ခရီးသည် ၁၉ ဦးကို ပစ်ခတ်သတ်ဖြတ်

Posted by drmyochit Saturday, August 18, 2012, under | No comments


ပါကစ္စတန်နိုင်ငံ မြောက်ပိုင်းမှာ ကြာသပတေးနေ့က ဘတ်စ်ကားတစ်စီးကို လက်နက်ကိုင်သမားတွေက ရပ်တန့်ပစ်ခတ်ခဲ့ရာ လူအနည်းဆုံး ၁၉ ဦး သေဆုံးခဲ့တယ်လို့ ဒေသအာဏာပိုင်တွေပြောစကားအရ သိရှိရပါတယ်။ လူ နည်းစု ရှီးယားမွတ်ဆလင်များကို ပစ်မှတ်ထားတိုက်ခိုက်ပုံရတယ်လို့ ဆိုပါတယ်။
အခုတိုက်ခိုက်မှုဟာ ဆူနီမွတ်စလင်လူများစုနေထိုင်တဲ့ အစ္စလာမ်မာဘတ်မြို့ မြောက်ဘက်က တောတောင်ထူထပ်တဲ့ မန်ဆရာ ခရိုင်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ စစ်ယူနီဖောင်းဝတ်ထားတဲ့ သေနတ်ကိုင်သမား ၄၀ လောက်ဟာ ဘတ်စ် ကားပေါ်က ခရီးသည်တွေကို ဆင်းခိုင်းပြီး သူတို့ရဲ့ ID ကဒ်ကို စစ်ပြီးမှ ရှီးယားမွတ်စလင်စစ်စစ်တွေကို ရွေးချယ်ကာ သေဒဏ်ပေးသဏ္ဍန်မျိုး သတ်ဖြတ်ခဲ့တာလို့ ဒေသအာဏာပိုင်တွေက ဆိုပါတယ်။
ပါကစ္စတန်က ဆူနီအစွန်းရောက်အဖွဲ့အစည်းတွေဟာ ရှီးယားမွတ်ဆလင်များကို ၄င်းတို့နှင့် အယူဝါဒကွဲလွဲသူတွေအဖြစ် သတ်မှတ်ကာ ပုံမှန်အကြမ်းဖက်သုတ်သင်နေကြတာပါ။ သတ်ဖြတ်ခံရတဲ့ ခရီးသည်တွေ လိုက်ပါလာတဲ့ အဆိုပါ ဘတ်စ်ကားဟာ တပ်မြို့ဖြစ်တဲ့ ရာဝါပင်ဒီ ကနေ ရှီးယားမွတ်စလင် အတော်များများနေထိုင်ကြတဲ့ ကာရာကိုရမ် တောင်ခြေ ရင်းက ဂီဂျစ်ဒေသကို သွားလာနေတာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း အစ္စလာမ်မာဘတ်မြို့ကနေ မြောက်ဘက် မိုင် ၁၁၀ အကွာမှာ တည်ရှိတဲ့ ကိုဟီ စတန်ဒေသမှာ ရှီးယားမွတ်စလင် ၁၆ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့မှုတစ်ခု ဖြစ်ပွားခဲ့ပါသေးတယ်။ အဲဒီတုန်းကလည်း သေ နတ်သမားများဟာ ဘတ်စ်ကားယာဉ်တန်းပေါ်ကနေ ခရီးသည်တွေကို ဆင်းခိုင်းပြီး ရှီးယားမွတ်စလင်တွေကို ရွေးထုတ် ကာ အသေပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။

နွားထိုးကြီးတွင် တောင်ကုန်းများ ပြိုကျ၊ ငလျင်လှုပ်ရန် အရိပ်ပြသည်ဟု ဒေသခံများ ယုံကြည်နေ

Posted by drmyochit Saturday, August 18, 2012, under | No comments


 
နွားထိုးကြီးမြို့နယ်ရှိ မင်းစုံတောင်မှ တောင်ကုန်း ၉၉ လုံးမှ တောင်ကုန်း သုံးလုံးမှာ ဇူလိုင် ၈ ရက်က မြေကျွံပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“မင်းစုံ တောင်တန်းကနေ တောင်ပြိုကျနေတာ နွားကျောင်းသားတွေက တစ်ဆင့် ကြားနေတာတော့ ကြာပြီ။ ကျွန်တော်တို့ တစ်သက် တစ်ခါမျှ မကြုံဖူးလို့ ယုံလဲ မယုံပါဘူး။ အပြောများလို့ သွားကြည့်မှ အက်ကွဲကြောင်းကြီးတွေနဲ့ ကျောက်တုံးတွေ ပြိုဆင်းလာတာ တွေ့ရတာ” ဟု ထန်းတောရွာမှ အသက် (၄၀) ရှိ ဦးကံသိန်းက ဆိုသည်။
မင်းစုံတောင်တန်းကြီးမှာ တောင် ၉၉ လုံးရှိရာ သုံးလုံးမှာ နိမ့်ဆင်းပြိုကျခဲ့ခြင်း ဖြစ်ပြီး ဆက်လက်ပြိုကျရန် အလားအလာ ရှိနေတာကြောင့် စောင့်ကြည့်နေရပါတယ်ဟု မင်းစုံတောင် ဘေးမဲ့တော အုပ်ချုပ်ရေးမှူးက ဆိုသည်။
တောင်ပြိုကျမှုကြောင့် ဖြစ်ပေါ်လာသော အက်ကြောင်းများမှာ အရှည်ပေ ၃၀ ကျော်၊ အနက်နှစ်ပေခန့်၊ အကျယ် နှစ်ပေခန့် ရှိသည်။ နိမ့်ဝင်သွားသော မြေဧရိယာမှာ သုံးဧကနီးပါးရှိပြီး အနံ ၁၃၀ မှ အလျား ၃၅၀ ခန့်ရှိသည်ဟု ခန့်မှန်းမိသည်။
ဌေးဌေးမောင် (HHM/TSH)

ရိုဟင်ဂျာတပ်ပေါင်းစု (R.S.O) နှင့် နိုင်ငံတကာအကြမ်းဖက်အဖွဲ့ ချိတ်ဆက်မှုများ

Posted by drmyochit Saturday, August 18, 2012, under | No comments


 
မူဆလင်လက်နက်ကိုင်အဖွဲ့များ၏ မြန်မာနိုင်ငံနှင့်အစိုးရအပေါ်တွင် လက်နက်ကိုင်တော်လှန်မှုနှင့် နိုင်ငံခြား ဘာသာရေးအဖွဲ့များ၏ အကူအညီထောက်ပံ့မှုကို ရယူမှုမှာ အရေအတွက်အားဖြင့်နည်းပါးသည်။ သို့ရာတွင် မြန်မာနိုင်ငံရှိ အခြားသောလက်နက်ကိုင်အဖွဲ့အစည်းများနှင့် မတူညီသည့်အချက်မှာ မူဆလင်လက်နက်ကိုင်အဖွဲ့ အချို့သည် ကမ္ဘာလုံးဆိုင်ရာအစ္စလာမ္မစ်အဖွဲ့အစည်းများနှင့်လည်း ချိတ်ဆက်လှုပ်ရှားမှုများ ရှိခဲ့ခြင်းဖြစ်သည်။

ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization)

ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) သည် ဘင်းဂလားဒေ့ရှ် ၊ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့တွင် အခြေစိုက်သော အစွန်းရောက်မူဆလင်အကြမ်းဖက်အဖွဲ့များနှင့် သိသာစွာဆက်သွယ်မှုများရှိနေသည်ကို ဆယ်စုနှစ်အနည်းငယ်ကပင် နိုင်ငံတကာမှ သိရှိပြီးဖြစ်သည်။ ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) သည် တည်ထောင်စဉ်အချိန်မှ ရည်ရွယ်ချက်မှာ ကောက်ဘဇား (Cox’s Bazar) နှင့် စစ်တကောင်း (Chittagong) နယ်များအတွင်းရှိ ဒုက္ခသည် ရိုဟင်ဂျာ အမည်ခံ ဘင်ဂါလီများ၏ အကျိုးအတွက်ဟုဆိုသော်လည်း နောက်ပိုင်းတွင် မြန်မာနိုင်ငံနှင့် ဘင်းဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ ရိုဟင်ဂျာအမည်ခံဘင်ဂါလီများ နေထိုင်ရာဒေသများကို စုပေါင်းကာ မူဆလင်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် ထူထောင်ရေးအဖြစ် ပြောင်းလဲလာသည်။

မူးယစ်ဆေးဝါးများမှ ၀င်ငွေအများဆုံး ရရှိ
ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) ၏ အသေးစိတ်အချက်အလက်များကို ရှာဖွေရာတွင် လက်နက်ကိုင်အင်အား ရာဂဏန်းရှိသည်ဟုသာ သိရှိရသည်။ သို့ရာတွင် ယင်းတို့အနက်မှ မည်သည့်တပ်ဖွဲ့ခွဲသည် မြန်မာနိုင်ငံတစ်ဖက်ခြမ်းတွင် အခြေစိုက်၍ နိုင်ငံတကာမူဆလင်အကြမ်းဖက်များနှင့် မည်သို့ဆက်သွယ်သည် ဆိုသည်ကိုမူ အသေးစိတ်သိရှိရန် ကြိုးပမ်းဆဲဖြစ်သည်။ ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) ၏တပ်သားအများစုသည် တရုတ်နိုင်ငံလုပ် အေကေ-၄၇ အော်တိုမက်တစ်ရိုင်ဖယ်များ ၊ အပေါ့စားစက်သေနတ်များ၊ အာရ်ပီဂျီ(တူး) ဗုံးဆံလောင်ချာများ၊ မြေမြှုပ်မိုင်းနှင့် ဖောက်ခွဲရေးပစ္စည်းများ ကို လက်နက်အဖြစ်ကိုင်ဆောင်ကြသည်။ ယင်းအဖွဲ့အစည်းသည် ၁၉၉၀ခုနှစ်နောက်ပိုင်းမှစ၍ တိုက်ခိုက်ရေးပြုလုပ်ခြင်းများ အားနည်းလာခဲ့သော်လည်း မြန်မာ-ဘင်္ဂလား နှစ်နိုင်ငံဒေသအတွင်းတွင် အကြမ်းဖက်မှုနှင့် ဆက်စပ်သောလုပ်ငန်းများဖြစ်သည့် လက်နက်နှင့် မူးယစ်ဆေးဝါးများရောင်းဝယ်ခြင်းမှ ၀င်ငွေအများဆုံး ရရှိသောအဖွဲ့ဖြစ်သည်ကိုတွေ့ရှိရသည်။

ပါကစ္စတန်နိုင်ငံနှင့်ဆော်ဒီအာရေဗျနိုင်ငံမှ ရာဘိတယ်အလမ်အိုင်အစ္စလာမီ (Rabitaal-Alam-I-Islami) အဖွဲ့ ၏ ထောက်ပံ့ငွေများကို ရယူခဲ့ကြောင်းလည်းသိရှိရသည်။ ၁၉၈၀ခုနှစ် ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) ဘင်းဂလားဒေ့ရှ်နိုင်ငံရှိ ဂျမတ်-အီ-အစ္စလာမီ (Jamaat-e-Islami) အဖွဲ့နှင့် အကြမ်းဖက်ကျောင်းသားများ အဖွဲ့အစည်းဖြစ်သည့် အစ္စလာမီချတ္တရရှီဘာ (Islami Chhatra Shibir) အဖွဲ့တို့မှ အကူအညီများကို စတင်လက်ခံခဲ့ကြောင်း သိရှိရသည်။

သင်တန်း နှင့် ကွန်ယက်များ
ဘင်းဂလားဒေ့ရှ်နိုင်ငံတွင်အဖွဲ့အစည်းထူထောင်ခဲ့ချိန်မှစ၍ ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) အဖွဲ့သည် အင်အားကြီး ဆွန်နီမူဆလင်အဖွဲ့အစည်းဖြစ်သည့် ဟာရာကတ်-အာလ်-ဂျီဟတ်-အာလ်-အစ္စလာမီ (Harakat-ul-Jihad-ul-Islami) ၏လွှမ်းမိုးမှုအောက်တွင်ရှိနေခဲ့သည်။ (HuJI) ကို ၁၉၉၂ ခုနှစ်တွင် အာဖဂန်စစ်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့ကြသော ဘင်းဂလားဒေ့ရှ်လူမျိုးစစ်သားများကို ထောက်ခံရန်ထူထောင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါအဖွဲ့သည် အယ်ကေဒါနှင့်တာလီဘန်တပ်ဖွဲ့များ၏ ၀ါဟာဘီ နှင့် ဒျူရိုဘန်ဒီ (Wahabist and Deobandist) သင်တန်းနည်းလမ်းများကို မျှဝေသင်ကြားခြင်းများလည်းပြုလုပ်ရာမှ အင်အားကြီးမားကာ ကွန်ယက်များစွာလည်းဖြန့်ကျက်နိုင်ခဲ့သည်။

(HuJI) သည် ဘင်းဂလားဒေ့ရှ်နိုင်ငံအခြေစိုက် ရိုဟင်ဂျာအဖွဲ့ဝင်များကို တပ်သားအဖြစ်ခေါ်ယူခဲ့မှုပြီး ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) နှင့်အဆက်အသွယ်မပြတ် ရှိခဲ့သည်ကိုလည်း တွေ့ရှိရသည်။ အူခီယာ (Ukhia of Cox’s Bazar) ရှိ ဘင်ဂါလီရိုဟင်ဂျာအဖွဲ့၏ စခန်းတစ်ခုကို (HuJI) အဖွဲ့မှ လက်လွှဲရယူခြင်းကြောင့်လည်း ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) အဖွဲ့ပိုင်ဆိုင်မှုများကို ခြယ်လှယ်နိုင်စွမ်းရှိကြောင်း သက်သေပြနိုင်ခဲ့သည်။

လစ်ဗျားနိုင်ငံ အကြမ်းဖက်သင်တန်းများ
မြန်မာအစိုးရဘက်မှ ရိုဟင်ဂျာအမည်ခံဘင်ဂါလီအဖွဲ့သည် လစ်ဗျားသမ္မတ (ဟောင်း) မွမ်မာကဒါဖီ၏ ထောက်ပံ့မှုများ ရယူနေကြာင်း ပြောဆိုမှုများရှိခဲ့သည်။ ၁၉၉၄ခုနှစ်တွင် ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) အဖွဲ့ဝင် ၈ယောက်သည် လစ်ဗျားနိုင်ငံတွင် အကြမ်းဖက်သင်တန်းများ သွားရောက်လေ့လာခဲ့ကြောင်း သိရှိရသည်။ အထောက်အထားများအရ ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) သည် ပါကစ္စတန် ကက်ရှ်မီးယားဒေသရှိ (HuJI) ယခုအခေါ် ဟာရကတ်-အူလ်-မူဂျာဟစ်ဒင် (Harakat-ul-Mujahideen) အဖွဲ့အစည်း၏ထောက်ပံ့မှုများလည်း ရယူခဲ့သည်။

အာဖဂန် စစ်ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သော ဂါဘူဒင်ဟက်မတ်ယာ (Gulbuddin Hekmatyar) ၏ ဟဇ်-အီ-အစ္စလာမီ (Hizb-e-Islami) လှုပ်ရှားမှုများတွင် ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) အဖွဲ့ဝင်အချို့ကို ပါဝင်စေခဲ့ရာမှ ရိုဟင်ဂျာတို့၏ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့တွင် ချိတ်ဆက်မှုအား ပိုမိုကောင်းမွန်လာခဲ့သည်။


ရိုဟင်ဂျာအမည်ခံဘင်ဂါလီ ၊ တာလီဘန် အရာရှိများ
ပါကစ္စတန်နိုင်ငံတွင် ရိုဟင်ဂျာအမည်ခံဘင်ဂါလီ ၃၅၀၀၀၀ (သုံးသိန်းခွဲ) ခန့် နေထိုင်ကြပြီး အများစုသည် အစ္စလာမ်ဘာသာရေး သင်တန်းကျောင်းများကို တက်ရောက်ကြသည်။ ၁၉၉၀ ခုနှစ်များတွင် ယင်းတို့အနက်မှ အချို့သည် တာလီဘန် အရာရှိများ ဖြစ်လာခဲ့ကြသည်။ အခြားတာလီဘန်အဖွဲ့ဝင်ရိုဟင်ဂျာများသည် ဘင်းဂလားဒေ့ရှ်မှ တိုက်ရိုက်ခေါ်ယူခန့်အပ်ပြီး ပါကစ္စတန်နိုင်ငံတွင် သင်တန်းတက်ရောက်ကြကာ ဟာရကတ်-အူလ်-မူဂျာဟစ်ဒင် (Harakat-ul-Mujahideen) အဖွဲ့၏ ချိတ်ဆက်ဆောင်ရွက်ပေးမှုများ ဖြစ်နိုင်ကြောင်းကောက်ချက်ချခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံအတွင်းတွင် ဂျမားအယ်အစ္စလားမီးယား (Jamiya-I-Islami) အဖွဲ့ဥက္ကဌ ဘာဟာနူဒင် ဟာဘာနီ (Burhanuddin Rabbani) နှင့် အစ်တီဟတ်-အယ်-အစ္စလာမီးယား (Ittehad-I-Islami) အဖွဲ့ မှ အက်ဘဒါရက်ရဇူလ်ဆာယက်ဖ် (Abdur Rab Rasool Sayyaf) တို့၏ ထောက်ပံ့မှုများကို ပေါ်ပေါ်တင်တင်ရယူနေမှုများကို နိုင်ငံတကာအကြမ်းဖက်ထောက်လှမ်းရေးမှတ်တမ်းများတွင် တွေ့ရှိရသည်။


ရိုဟင်ဂျာ နှင့် အာဖဂန်နစ္စတန်
ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) အဖွဲ့ဝင် ၁၀၀ (တစ်ရာ) ခန့်သည် အာဖဂန်နစ္စတန်နိုင်ငတွင်းရှိ ခိုစ့် (Khost) မြို့ရှိ ဟဇ်ဘ်-အီ-အစ္စလာမီ (Hizb-e-Islami) အဖွဲ့ပိုင်သင်တန်းများတွင် လေ့ကျင့်ရေးသင်တန်းများ တက်ရောက်ခဲ့ပြီး အခြား ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) အင်အား ၅၀၀၀ ခန့်သည်လည်း အလားတူသင်တန်းများကို ၁၉၉၀ပြည့်နှစ်များက တက်ရာက်ခွင့်ရခဲ့ကြောင်းသိရှိရသည်။

မြန်မာ့အရေးနှင့်ဒီမိုကရေစီအရေးလေ့လာသူ ဘာတီးလ်လစ်တစ်တနာ (Bertil Lintner) ၏မှတ်တမ်းများအရ အဆိုပါ ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) လေ့ကျင့်ရေးအဖွဲ့ဝင်များသည် ဘာသာရေးဆိုင်ရာ တစ်ဖက်သတ်လမ်းညွှန်ချက်များ ကို ခံယူကြရပြီး ခြေလျင်တပ်သား ၊ မိုင်းရှင်းလင်းရေးတပ်သားများ ဖြစ်လာကြသည်။ ၎င်းတို့သည် အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်တော်လှန်ရေးတပ်ဖွဲ့များ၏ အသုံးချခံ စစ်ဖက်ပစ္စည်း အဆင့်မျှသာ သတ်မှတ်ခံကြရကြောင်း နှင့် ထိုအခြေအနေကို မနှစ်သက်ကြောင်းကိုလည်း သိရှိရသည်။


မူဆလင်အုပ်ချုပ်မှုစနစ် (Sharia Law) ကို မြန်မာနိုင်ငံအတွင်း သွတ်သွင်းရန်
မြန်မာမူဂျာဟစ်ဒင်များသည် တာလီဘန်အဖွဲ့တို့နှင့် ပူးပေါင်းတိုက်ခိုက်မှုများမှာ ၂၀၀၁ ခုနှစ် အောက်တိုဘာလတွင် အမေရိကန်စစ်တပ်မှ အာဖဂန်အခြေစိုက်စစ်စခန်း ဖွင့်လှစ်ချိန်အထိ ရှိနေခဲ့သည်။ ယင်းတို့အနက်မှ အချို့ကို အမေရိကန်တပ်မှ လက်ရဖမ်းဆီးမိခဲ့ပြီးနောက်ပိုင်း စစ်ဆေးတွေ့ရှိချက်များအရ “မြန်မာအစိုးရကိုတိုက်ခိုက်ရန် စစ်ရေးတိုက်ခိုက်မှု အတွေ့အကြုံများ ရယူနိုင်ရန်နှင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်တိုက်ခိုက်ပြီး ကိုရမ်ကျမ်းစာကို လိုက်နာသောမူဆလင်အုပ်ချုပ်မှုစနစ် (Sharia Law) ကို မြန်မာနိုင်ငံအတွင်း သွတ်သွင်းနိုင်ရန်အတွက်” ဆိုသောထွက်ချက်များကို တွေ့ရှိခဲ့ရသည်။

အဆိုပါလက်ရဖမ်းဆီးမိခဲ့သောအဖွဲ့တွင် ပါကစ္စတန်နိုင်ငံသား အချို့သည် မြန်မာနိုင်ငံသို့မရောက်ဖူးသော စစ်သွေးကြွများဖြစ်ကြသည်။ တာလီဘန်စစ်ပွဲပြီးဆုံးသွားသော်လည်း အာဖဂန်နစ္စတန်နိုင်ငံအတွင်း တာလီဘန်တို့ဘက်မှ ကူညီတိုက်ခိုက်ပေးခဲ့သော မူဂျာဟစ်ဒင်များသည် ဘင်းဂလားဒေ့ရှ်နိုင်ငံနယ်စပ်တွင် အကြမ်းဖက်တိုက်ခိုက်ရေး လေ့ကျင့်ရေးသင်တန်းများကို ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) အပါအ၀င် အခြားတိုက်ခိုက်ရေးအဖွဲ့များအား သင်တန်းပို့ချနေမှုများကို ကမ္ဘာ့သတင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။


ABMU အဖွဲ့က မြန်မာအစိုးရကို ဘာသာရေးစစ်ပွဲဆင်နွှဲမည်ဟု ကြေငြာ
၁၉၉၀ ခုနှစ်များက မြန်မာအစိုးရကို ဘာသာရေးစစ်ပွဲဆင်နွှဲမည်ဟု (ABMU) အဖွဲ့ကကြေငြာစဉ်က အာရပ်နှင့် ပါကစ္စတန်နိုင်ငံများမှ မူဂျာဟစ်ဒင်များ အပါအ၀င် အာဖဂန်နစ္စတန်ရှိ စစ်သွေးကြွများကလည်း ပါဝင်တိုက်ခိုက်ကြရန် ကတိပြုခဲ့ကြသည်။ ထို့အတူ ကတ်ရှ်မီးယားဒေသမှ ပါကစ္စတန်အဖွဲ့တစ်ခုဖြစ်သော ဟဇ်ဘူလ်မူဂျာဟစ်ဒင် (Hizb-ul Mujahideen) ကလည်း လေ့ကျင့်ရေးသမားများကို မြန်မာနိုင်ငံအတွင်းရှိ မူဆလင်သူပုန်များကို လေ့ကျင့်မှုများပေးရန် စေလွှတ်ခဲ့သည်။ စက်တင်ဘာ၂၀၀၁အဖြစ်အပျက်မတိုင်မီအထိ ထိုကဲ့သို့သောအခြေအနေများကို မြန်မာအစိုးရနည်းတူ အမေရိကန်အစိုးရသည်လည်း အန္တရာယ်ရှိသောအခြေအနေတစ်ရပ်အနေဖြင့် များစွာလေ့လာမှုများမရှိခဲ့ပေ။


အယ်ကေဒါအဖွဲ့၏ အစိတ်အပိုင်းများအဖြစ်သိမ်းသွင်း
လက်ရှိအချိန်ထိ ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) အဖွဲ့ဝင်မူဆလင်အကြမ်းဖက်တို့၏ နိုင်ငံတွင်းအင်အားသိသာစွာကြီးမားလာခြင်း သိသာထင်ရှားသောအကြမ်းဖက်တိုက်ခိုက်မှုများ မဖြစ်ပွားအောင် မြန်မာအစိုးရမှလည်း ထိန်းသိမ်းထားနိုင်သည်ကိုတွေ့ရှိရသည်။ သို့ရာတွင် စက်တင်ဘာ ၂၀၁၁ တိုက်ခိုက်မှုများ အပြီးတွင် နိုင်ငံတကာလေ့လာမှုများအရ အကြမ်းဖက်ကွန်ယက်သည် တဖြည်းဖြည်းကြီးထွားလာကြောင်း နှင့် မြန်မာနိုင်ငံမှ အကြမ်းဖက်အဖွဲ့အစည်းများကိုလည်း အယ်ကေဒါအဖွဲ့၏ အစိတ်အပိုင်းများအဖြစ် သွယ်ဝိုက်သိမ်းသွင်းထားမှုများ ရှိကြောင်း သိရှိရသည်။

အမေရိကန်ရှိ တက္ကသိုလ်တစ်ခုတွင် “အယ်ကေဒါ၏ အရှေ့တောင်အာရှတွင် အကြီးမားဆုံးအဖွဲ့ခွဲသည် မြန်မာနိုင်ငံတွင် အခြေစိုက်သည်” ဟုပင် သတ်မှတ်သင်ကြားခြင်းခံရသည်။ သဘောတရားချင်းတူညီသော သတင်းထုတ်ပြန်ကြေငြာချက် တစ်ရပ်ကို စီအန်အန် သတင်းကွန်ယက်ဌာနမှလည်း ထုတ်လွှင့်သွားခဲ့ဖူးသည်။ ထိုကြေငြာချက်များကို အသေးစိတ် အတည်ပြုနိုင်ခြင်းမရှိသေးသော်လည်း ရိုဟင်ဂျာတပ်ပေါင်းစု (Rohingya Solidarity Organization) အဖွဲ့၏ အနည်းဆုံး တစ်စိတ်တစ်ပိုင်းသည် အယ်ကေဒါအဖွဲ့သြဇာခံဖြစ်ကြောင်းကို အမေရိကန်တပ်ဖွဲ့မှ သက်သေပြနိုင်ခဲ့သည်။


အိုစမာဘင်လာဒင် နှင့် ရိုဟင်ဂျာ
၁၉၉၀ ခုနှစ်များက ဘင်းဂလားဒေ့ရှ်နိုင်ငံရှိ တိုက်ခိုက်ရေးစိတ်ပါဝင်စားသူ ရိုဟင်ဂျာစစ်သားများ စုဆောင်းရန်အတွက် ပါကစ္စတန်နိုင်ငံမှ လာရောက်သိမ်းသွင်းသူများသည် အယ်ကေဒါ အဖွဲ့မှ စေလွှတ်ခဲ့သူများဖြစ်ကြောင်း တိကျသောသတင်းများ ရရှိခဲ့သည်။ အမေရိကန်တို့၏ အာဖဂန်စစ်ပွဲမှတ်တမ်းများအရ အိုစမာဘင်လာဒင်၏ ဗီဒီယိုတိပ်ခွေတွင်လည်း အာရပ်ဘာသာဖြင့် “မြန်မာနိုင်ငံမှ မူဆလင်တရားတော်အလိုအရ တိုက်ခိုက်နေသူများ” ကို ထည့်သွင်းပြောကြားခဲ့သည်ကို သိရှိရသည်။
Myanmar Express

2 comments:

who are those stupid ladies holding defenseless rohingya???? Rakhine people never attack those kalar with GUNS supported by those kalar societies.

Rakhine people are only defenseless!
They only have traditional catapellar,and bamboo stick, that's all.

But, rohingya kalars have many weapons
This show who are real terrorists?

Please let the world know about this, please

No need sharia law in our country!!!

http://silentsspeech.wordpress.com/2011/01/01/australian-prime-minister-does-it-again/

မလေးရှားမှာ ဓာတ်ငွေ့ဂိုဒေါင်တစ်ခု ပေါက်ကွဲ မြန်မာအလုပ်သမားများ သေဆုံး

Posted by drmyochit Saturday, August 18, 2012, under | No comments




From:ခေတ်လူငယ်

၂၀၁၂ ခုနှစ် သြဂုတ် ၄ ရက် နံနက်က မလေးရှားနိုင်ငံ ကူးလင်းမြို့ ဘာသဝက်ရပ်ကွက်တွင် တရားမဝင် ဓာတ်ငွေ့ဖြည့် ဂိုဒေါင်တစ်ခု ပေါက်ကွဲမှုဖြစ်ပွားရာ မြန်မာအလုပ်သမား ၃ ဦး ချက်ချင်းသေဆုံးသွားခဲ့ပြီး ကျန်နှစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိကြောင်း သိရသည်။ ယင်းနေ့ နံနက်ပိုင်းက ဓာတ်ငွေ့ ဖြည့်နေစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်းဂိုဒေါင်တွင် အလုပ် လုပ်ကိုင်နေသူ မြန်မာအလုပ်သမား ၅ ဦး ရှိကြောင်း ပီနန်မြို့ရှိ မြန်မာ နာရေးကူညီမှုအသင်း တာဝန်ခံက ပြောကြားကြောင်း သိရသည်။ ဒဏ်ရာပြင်းထန်စွာ ရရှိပြီး ၃ ယောက်က ချက်ချင်းသေဆုံးသွားပြီး ကျန် ၂ ယောက်ထဲက တစ်ယောက်ကို သေဆုံးပြီဆိုပြီး ရေခဲတိုက်ပို့ရာ အသက်ပြန်ရှူလာ၍ ဆေးရုံပြန်တင်ထားကြောင်း သိရသည်။ မလေးရှားနိုင်ငံရှိ ကူးလင်း၊ ပီနန်းနှင့် အလော့စတား ဆေးရုံကြီးများတွင် ဆေးရုံတင်ထားကြောင်း သိရသည်။ သေဆုံးသွားသူများမှာ မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်မှ ကိုဇော်မျိုးခိုင်၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်မှ ကိုဇော်လင်းနှင့် နောက်တစ်ဦးမှာ ကိုမိုးလွင် ဖြစ်သည်။ ၎င်းတို့အနက် ကိုဇော်မျိုးခိုင်နှင့် ကိုဇော်လင်းတို့ကိုမူ မိသားစုနှင့် အဆက်အသွယ်ရရှိပြီး သေဆုံးသူ ကိုမိုးလွင်၊ ဒဏ်ရာပြင်းထန်သည့် ကိုကရင်နှင့် ကိုထွန်းတို့မှာ နေရပ်ကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။ ထိုဓာတ်ငွေ့ဂိုဒေါင်တွင် အလုပ်လုပ်နေသူ မြန်မာနိုင်ငံသား ၅ ဦးသည် မူလက တရားဝင် နိုင်ငံကူး လက်မှတ်များနှင့် လာခဲ့ကြသော်လည်း မလေးရှား လုပ်ငန်းရှင်များက ၎င်းတို့၏ နိုင်ငံကူးလက်မှတ်ကို သိမ်းဆည်းပြီး လုပ်ခခေါင်းပုံဖြတ်မှုကြောင့် စာအုပ်အဆုံးခံကာ တရားမဝင် အလုပ်သမားအဖြစ် လုပ်ကိုင်နေကြကြောင်း သိရသည်။ ဓာတ်ငွေ့ဂိုဒေါင် ပိုင်ရှင်မှာ အခင်းဖြစ်ပြီးပြီးချင်း ထွက်ပြေးသွားသဖြင့် အရေးယူနိုင်ရန် မလေးရှား၊ ကူးလင်းမြို့နယ် အာဏာပိုင်များက စုံစမ်းနေဆဲဖြစ်ကြောင်း မလေးရှားနိုင်ငံထုတ် သတင်းစာများတွင် ဖော်ပြကြောင်း သိရသည်။ ကူးလင်းမြို့နယ် အာဏာပိုင်ရဲများက ယခုဖြစ်ရပ်တွင် သေဆုံးဒဏ်ရာရသူ အလုပ်သမားများ အရေးယူမခံရစေရန် ကူညီပေးသွားမည်ဟု ပီနန်ရှိ မြန်မာနာရေး ကူညီမှုအသင်း တာဝန်ခံက ပြောသည်။ အဆိုပါ သေဆုံးဒဏ်ရာရသူ မြန်မာနိုင်ငံသား ၅ ဦးမှာ တရားဝင်နေထိုင် လုပ်ကိုင်ခွင့် အထောက်အထား စာရွက်စာတမ်းများ မရှိသဖြင့် နစ်နာကြေးရရှိရန် မလွယ်ကူနိုင်ဟုလည်း ၎င်းတာဝန်ခံက ပြောသည်။ မြန်မာနိုင်ငံတွင် စားဝတ်နေရေးနှင့် စီးပွားရေး အကျပ်အတည်းကြောင့် မလေးရှားနိုင်ငံ စက်ရုံ၊ အလုပ်ရုံ၊ ခြံလုပ်ငန်း၊ စားသောက်ဆိုင်နှင့် ဆောက်လုပ်ရေး လုပ်ငန်းများတွင် အလုပ်သွားရောက် လုပ်ကိုင်နေရသော မြန်မာနိုင်ငံသား အလုပ်သမားပေါင်း ၅ သိန်းကျော် ရှိကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

ဦးအောင်သိန်းလင်း၏ Southern Weekend(China)တရုတ်သတင်းစာပါပြောကြားချက်များနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာ

Posted by drmyochit Saturday, August 18, 2012, under | No comments


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်(ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ) ဦးအောင်သိန်းလင်း၏Southern Weekend(China)တရုတ်သတင်းစာပါပြောကြားချက်များနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာ
ရည်ညွှန်းချက်
၁။       ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဋ္ဌာနချုပ်၏ (၂၈.၇.၂၀၁၂) ရက်စွဲပါ၊ စာအ မှတ်၊ ၁၁ /၇ /ြ ပ ည် ခိုင်ဖြိုး/၂၀၁၂(၁၀၄)
စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်များ
၂။       စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အောက်ပါပုဂ္ဂိုလ်များဖြင့်ဖွဲ့စည်းပါသည်-
          (က) ဥက္ကဋ္ဌ               ဦးတင်ထွတ်၊ ဗဟိုအတွင်းရေးမှူး
          (ခ)  အဖွဲ့ဝင်            သူရဦးအေးမြင့်၊ ဗဟိုအလုပ်အမှုဆောင်
          (ဂ) အဖွဲ့ဝင်             ဦးသိန်းဆွေ၊ ဗဟိုအလုပ်အမှုဆောင်

စွပ်စွဲခံရသူ
၃။       ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်(ရန်ကုန်တိုင်း ဒေသကြီးတာဝန်ခံ) ဦးအောင်သိန်းလင်း
စုံစမ်းဖေါ်ထုတ်ရန်အချက်များ
၎။       ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းနှင့် Southern Weekend(China)ဟု ဖေါ်ပြထားသော တွေ့ဆုံမေးမြန်းမှု ရေးသားဖေါ်ပြချက်များအား Internet စာမျက်နှာများနှင့် ပြည်တွင်းဂျာနယ်များတွင် ဖေါ်ပြထားမှုနှင့်ပတ်သက်၍ အောက်ပါတို့ကို စုံစမ်းစစ်ဆေးရန်ဖြစ်ပါသည်-
(က) အဆိုပါရေးသားဖေါ်ပြချက်များသည် ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်း၏ အမှန်တကယ်ပြောကြားချက်များအတိုင်း ဖေါ်ပြထားခြင်း ဟုတ်/မဟုတ်။
(ခ)     ပြောကြားချက်များတွင် ပါတီစည်းကမ်းနှင့်ငြိစွန်းနေသောအချက်များပါရှိခြင်း ရှိ/မရှိ။
စစ်ဆေးတွေ့ရှိချက်များ
၅။       စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ဦးအောင်သိန်းလင်းထံမှ ထွက်ဆိုချက်ကို လက်မှတ်ရေးထိုး စေလျှက် ရယူပြီး ပူးတွဲ(က)အတိုင်းတင်ပြပါသည်။
၆။       အဆိုပါကိစ္စနှင့်ပတ်သက်၍ ရေးသားဖေါ်ပြခဲ့သော အောက်ပါဂျာနယ်(၃)စောင်မှ တာဝန်ရှိ သူများကို ရန်ကုန်မြို့ Hotel Yangon တွင် ၂၀၁၂ ခုနှစ်၊ သြဂုတ်လ(၃)ရက်၌ တွေ့ဆုံပြီး စစ်ဆေး မေးမြန်းခဲ့ပါသည်။
          (က) Weekly Eleven ဂျာနယ်
                 (၁) Eleven Media Group CEO ဦးသန်းထွဋ်အောင်
                 (၂) Weekly Eleven အယ်ဒီတာချုပ် ဦးဝေဖြိုး
          (ခ)  မော်နီတာဂျာနယ်
                 (၁) CEO ဦးမြတ်ခိုင်
          (ဂ)  သံတော်ဆင့်ဂျာနယ်
                 (၁) ဦးဆန်းဝင်းထွန်း(တာဝန်ခံအယ်ဒီတာ)
                 (၂) ဦးပြည့်စုံထွန်း(သတင်းအယ်ဒီတာ)


၇။       Weekly Eleven ဂျာနယ်သို့ စစ်ဆေးမေးမြန်းချက်
(က) စုံစမ်းစစ်ဆေးရေးအဖွဲ့မှရှင်းလင်းပြောကြားချက်။                     ဦးအောင်သိန်းလင်းနှင့် Southern Weekend(China)တို့တွေ့ဆုံမေးမြန်းရေးသားဖေါ်ပြချက်အပေါ် ဂျာနယ်များ တွင် ဖေါ်ပြထားမှုနှင့်ပတ်သက်၍ သိရှိလို၍ ခေါ်ယူမေးမြန်းရခြင်းဖြစ်ကြောင်း၊ ပြည်ခိုင်ဖြိုး ပါတီသည် ပါတီစတင်ဖွဲ့စည်းစဉ်ကတည်းက ပါတီဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ပါတီ၏ မူဝါဒ၊ သဘောထားများဖေါ်ပြပြီးဖြစ်ကြောင်း။ ပါတီ၏နိုင်ငံခြားရေးမူဝါဒနှင့်ပတ်သက်၍ လွတ်လပ်ပြီး တက်ကြွသည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးကြောင်း၊ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ချက်နှင့်အညီ နိုင်ငံတကာနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးကို ကျင့်သုံးလျှက်ရှိကြောင်း၊ သို့သော်လည်း ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းမှ ``ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုလည်း မယုံဘူး။ ကုလသမဂ္ဂ ကိုလည်းမယုံဘူး။´´ဟု Southern Weekend(China)မှ တရုတ်လိုဖေါ်ပြချက်ကို အင်္ဂလိပ်ဘာသာပြန်ဆိုပြီး ၎င်းမှမြန်မာဘာသာဖြင့် ဂျာနယ်အချို့တွင်ဖေါ်ပြခဲ့ကြောင်း၊ အလားတူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအပေါ် ပြောဆိုခဲ့သည့်ဖေါ်ပြချက်မှာလည်း အမှန်တကယ်ပြောဆိုခဲ့ပါက ပါတီ၏မူဝါဒနှင့်ကွဲလွဲနေကြောင်း၊ ထို့ပြင် မြစ်ဆုံကိစ္စ ပြောဆိုချက်ဟုဖေါ်ပြထားခြင်းမှာလည်း အမှန်တကယ်ပြောဆိုခဲ့ပါက ပါတီ၏သဘော ထားနှင့်ကွဲလွဲနေကြောင်း၊ အဆိုးဆုံးမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် အမြင်ကို ပြောကြားရာ၌ ဒေါ်အောင်ဆန်းစုကြည်အား လူထုမှလှိုက်လှဲစွာထောက်ခံအားပေးနေကြ ခြင်းမှာ ``လူတွေက Crazy ဖြစ်နေကြတာပါ။ လူကြိုက်များရခြင်းမှာ အမျိုးသား ခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်လို့ပါ ´´ဟု ဖေါ်ပြထားကြောင်း၊ Crazy ဟူသော အင်္ဂလိပ်စကားကို အချို့ဂျာနယ်က ``လူတွေကရူးနေကြတာပါ´´ဟု ဘာသာပြန်ခဲ့ ကြောင်း၊ ဤအချက်အပေါ်တွင်လည်း လူထုမှအထင်မှားအမြင်မှား ဖြစ်စေနိုင်ကြောင်း၊ သို့ဖြစ်၍ ဦးအောင်သိန်းလင်း၏ ပြောဆိုချက်များအပေါ် Southern Weekend(China)က တရုတ်လိုဖေါ်ပြ၊ ၎င်းကို အင်္ဂလိပ်ဘာသာပြန်၊ ၎င်းကို ဂျာနယ်များက မြန်မာလိုပြန်၍ ဖေါ်ပြထားမှုများ၏ အခြေအနေမှန်ကို သိရှိလိုသဖြင့် ယခုလိုတွေ့ဆုံမေးမြန်းရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားပါသည်။
(ခ)   စုံစမ်းစစ်ဆေးရေးအဖွဲ့မှမေး။                          Weekly Eleven ဂျာနယ်တွင် အဆိုပါ ဦးအောင်သိန်းလင်း၏ ပြောကြားချက်နှင့်ပတ်သက်၍ ထည့်သွင်းဖေါ်ပြတာရှိပါသလား၊ ရှိလျှင်ဘယ်ရက်ကလဲ။
       Weekly Eleven ဂျာနယ်မှဖြေ။             ထည့်သွင်းဖေါ်ပြခဲ့ပါသည်။ ၂၅.၇.၂၀၁၂ ရက် ထုတ် ဂျာနယ်တွင်ဖြစ်ပါသည်။
မေး။    ဖေါ်ပြခဲ့သည့်သတင်းကို မည်သည့်သတင်း အခြေအမြစ်(Source)ကရ၍ ဖေါ်ပြ ခဲ့တာလဲ။
ဖြေ။    Southern China(Weekend)မှ Internet တွင် တရုတ်လိုတင်ခဲ့ပြီး အဆိုပါ အင်တာဗျူးကို www.burmanet.org တွင် Google Translation မှ အင်္ဂလိပ် ဘာသာဖြင့် ဖေါ်ပြချက်အရသိရှိရပါသည်။ အဆိုပါ အင်္ဂလိပ်ဘာသာပြန်မှ ဂျာနယ်က မြန်မာလိုဘာသာပြန်၍ ထုတ်ဝေခဲ့ခြင်းဖြစ်ပါသည်။
မေး။    မြစ်ဆုံဆည်ကိစ္စနှင့်ပတ်သက်၍ Southern Weekend(China)၏ ဖေါ်ပြချက် အပေါ် မည်သို့မြင်ပါသလဲ။
ဖြေ။    တရုတ်သတင်းစာနှင့်ဂျာနယ်များသည် တရုတ်အစိုးရ၏ဘက်တော်သားများ ဖြစ်ပါကြောင်း၊ တရုတ်အစိုးရအနေဖြင့် မြစ်ဆုံစီမံကိန်းကို အရမ်းပြန်လုပ်ချင်နေ သဖြင့် မြစ်ဆုံဘက်ကိုလမ်းကြောင်းနိုင်မည့်နည်းလမ်းများ ရှာဖွေလျှက် ရှိကြောင်း၊ တရုတ်အစိုးရအနေဖြင့် မြန်မာအစိုးရအပေါ် အနောက်နှင့်ဆက်ဆံ ပြီး သူတို့ကိုဖယ်နေသည်ဟု ထင်မြင်ရပါကြောင်း၊ သို့ဖြစ်ပါ၍ Southern Weelend(China)မှ မြစ်ဆုံကိစ္စအပေါ် ဦးအောင်သိန်းလင်းအား ဆွဲယူအသုံးချ ၍ မေးမြန်းသွားခြင်းဖြစ်သည်ဟု ယူဆပါသည်။
မေး။    ဂျာနယ်က အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ပြန်ရာတွင် တိကျမှုရှိရဲ့လား။
ဖြေ။    ကျွန်တော်တို့က ဘာသာပြန်တာ တော်တော်များများတိကျပါသည်။
မေး။    အင်္ဂလိပ်လို Crazy ဟူသောစကားကို ဂျာနယ်က မည်သို့ဘာသာပြန်ခဲ့ပါသလဲ။
ဖြေ။    ``လူတွေကရူးနေကြတာပါ´´ဟု ဘာသာပြန်ခဲ့ပါသည်။ လူတွေကအရူးတွေဟု ပြန်ခြင်းမဟုတ်ဘဲ အရူးအမူးဖြစ်သည့်သဘောဖြင့် ``ရူးနေကြတာပါ´´ဟု ဘာသာပြန်ခဲ့ခြင်းဖြစ်ပါသည်။
မေး။    ``ရူးနေကြတာပါ´´ဟု ပြောခြင်းဟာ အရူးဟု မဆိုနိုင်ဘူးလား။
ဖြေ။    ``ရူးနေကြတာ´´လို့ ဘာသာပြန်ရာမှာ ရူးသွပ်တယ်လို့ မဆိုလိုပါ။ ပြည်သူတွေ ဟာအရူးလို့ ဘာသာပြန်ရင်တော့မှားပါတယ်။ ရူးနေကြတာဆိုရင် လက်ခံနိုင် ပါတယ်။ ဥပမာ ဒီအဆိုတော်ကို အရမ်းကြိုက်လို့ရူးနေကြတာဆိုခြင်းသည် အရူးအမူးနှစ်သက်တာကို ဆိုလိုခြင်းမျိုးဖြစ်ပါသည်။
မေး။    တခြားဂျာနယ်တွေမှာရော ဘယ်လိုရေးကြသလဲ။
ဖြေ။    Envoy, Popular စတဲ့ဂျာနယ်တော်တော်များများကတော့ အရူးအမူးသဘောပဲ ရေးကြတယ်ထင်ပါသည်။
မေး။    မြစ်ဆုံကိစ္စမှာရော ဦးအောင်သိန်းလင်း၏ ပြောကြားချက်ကို ဘယ်လိုဖေါ်ပြခဲ့ပါ သလဲ။
ဖြေ။    မြစ်ဆုံကိစ္စနှင့်ပတ်သက်၍ Southern Weekend(China)၏ ဖေါ်ပြချက်ပါ ဦးအောင်သိန်းလင်းပြောခဲ့သည်ဆိုသည့်အတိုင်း နိုင်ငံတော်သမ္မတတစ်ဦးရဲ့ ဆုံးဖြတ်ချက်ပါ။ လွှတ်တော်၏ဆုံးဖြတ်ချက်မဟုတ်ပါ။ ``မြစ်ဆုံဆည်ကို မဖြစ် မနေပြန်လည်တည်ဆောက်ရမည်´´ဟု ဖေါ်ပြခဲ့ပါသည်။
မေး။    သမ္မတတစ်ဦးတည်းဆုံးဖြတ်ချက်ဟုတ်ရဲ့လား။
ဖြေ။    လွှတ်တော်မှာလည်း ကျွန်တော့အထင်တော့ အဆိုတင်သွင်းပြီး ၀ိုင်းထောက်ခံ ကြတယ်လို့ထင်ပါသည်။(ဦးသိန်းဆွေမှ အဆိုကို မိမိကအရေးပေါ်တင်သွင်းခဲ့ပြီး အများစုမှထောက်ခံခဲ့ကြောင်း ဖြည့်စွက်ပြောကြားပါသည်။)
မေး။    ဂျာနယ်တွင် နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်သည်ဆိုပြီး``သူတို့ထပ်နိုင် ရင် ဒီမြစ်ဆုံဆည်ကို မဖြစ်မနေဆောက်မယ်လို့ ဦးအောင်သိန်းလင်းကဆိုရင် ၂၀၁၅ အတွက်အဖြေကထွက်ပြီးသားပဲပေါ့။ ပြိုင်စရာတောင်မလိုတော့ပါဘူး´´ ဟု ဖေါ်ပြထားခြင်းမှာ ဘာကိုရည်ရွယ်ပါသလဲ။
ဖြေ။    အဲဒါကတော့ အမှန်အတိုင်းပြောရရင် စေတနာနဲ့ပြောတဲ့စကားပါ။ ဦးအောင်သိန်းလင်းရဲ့စကားဟာ ပါတီရဲ့အာဘော်ဆိုရင် ပါတီသိပ်နစ်နာနိုင်တဲ့ အတွက် သတိပေးဖေါ်ပြခြင်းဖြစ်ပါတယ်။
မေး။    Southern Weekend(China)အပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ။    တရုတ်စာနယ်ဇင်းထဲမှာ ဒီဂျာနယ်ဟာ အကြီးတန်းအဆင့်ထဲပါတယ်လို့ သိရပါ တယ်။ ဂျာနယ်ရဲ့သတင်းထောက်ဟာ မရိုးသားဘူးလို့မြင်ပါတယ်။ သူလိုချင် တာကိုဆွဲပြီးမေးမြန်းသွားတဲ့အပြင် မြစ်ဆုံကိစ္စကိုအခြေခံပြီး အစိုးရနဲ့ပါတီ အပေါ် သိက္ခာကျအောင်လုပ်တယ်လို့ထင်ပါတယ်။
၈။       မော်နီတာဂျာနယ်သို့စစ်ဆေးမေးမြန်းချက်
          (က)    အပိုဒ် ၇(က)ပါအတိုင်း ရှင်းလင်းပြောကြားပါသည်။
(ခ)     စုံစမ်းစစ်ဆေးရေးအဖွဲ့မှမေး။            ဂျာနယ်တွင် ဦးအောင်သိန်းလင်း၏ ပြောကြား ချက်နှင့်ပတ်သက်၍ ထည့်သွင်းဖေါ်ပြတာရှိသလား၊ ရှိလျှင်ဘယ်ရက်ကလဲ။
ဂျာနယ်မှဖြေ။  ထည့်သွင်းဖေါ်ပြခဲ့ပါသည်။(၂၉.၇.၂၀၁၂)ရက်ထုတ်ဂျာနယ်တွင် ဖြစ်ပါသည်။
မေး။    ဖေါ်ပြခဲ့သည့်သတင်းကို မည်သည့်သတင်း အခြေအမြစ်(Source)ကရ၍ ဖေါ်ပြခဲ့တာလဲ။
ဖြေ။    ဒီသတင်း Internet မှာပါလာပြီး အစောကြီးကတည်းကပြန့်နေတာဖြစ်ပါသည်။ Weekly Eleven မှာဖေါ်ပြခဲ့လို့ စာပေစိစစ်ရေးကခွင့်ပြုသည့်သဘောရှိပါသည်။ Internet ကရသည့် သတင်းအခြေအမြစ်ကတဆင့် ဖေါ်ပြခဲ့ခြင်းဖြစ်ပါသည်။
မေး။    Internet က တရုတ်ဘာသာဖေါ်ပြချက်ကိုယူပြီး ဖေါ်ပြသလား၊ အင်္ဂလိပ် ဘာသာပြန်ကတဆင့် ဖေါ်ပြတာလား။
ဖြေ။    တရုတ်ကနေ အင်္ဂလိပ်လိုပြန်ရာမှာ မှားနေသလားလို့ မိမိဂျာနယ်ရှိ တရုတ်စာ ကျွမ်းကျင်သောကလေးများကို လေ့လာခိုင်းခဲ့ပါသည်။ တရုတ်လိုရော အင်္ဂလိပ် လိုရောယူ၍ ဖေါ်ပြခဲ့ခြင်းဖြစ်ပါသည်။
မေး။    They are crazy ဆိုသောစကားနှင့်ပတ်သက်ပြီး ဂျာနယ်တွင် မည်သို့ဖေါ်ပြခဲ့ ပါသလဲ။
ဖြေ။    ဒါကတော့ ပြည်သူတွေရဲ့အရူးအမူးဖြစ်မှုကြောင့်ပါဟု ဖေါ်ပြခဲ့ပါသည်။
မေး။    အင်္ဂလိပ်ဘာသာ Crazy ရဲ့ အဓိပ္ပါယ်ကို တရုတ်ဘာသာမှာဘယ်လိုဖေါ်ပြထား ပါသလဲ။
ဖြေ။    တရုတ်လိုမှာတော့ စိတ်ခံစားမှု နဲ့ ရူးသွပ်တယ်လို့ ဆိုလိုပါတယ်။
မေး။    ဒါဆိုရင် အရူးတွေလို့ဘာသာပြန်တာမှားတာပေါ့။
ဖြေ။    ဟုတ်ပါတယ်။ အရူးတွေလို့ဘာသာပြန်ရင် ဘာသာပြန်တဲ့လူ လွဲပါတယ်။
မေး။    ဦးအောင်သိန်းလင်းအနေနဲ့ ရန်ကုန်ကို တရုတ်မျက်စိကုအဖွဲ့နဲ့ပါလာတဲ့ Southern Weekend(China)သတင်းထောက်နဲ့ စာရင်းသောက်ရင်း အလွတ် ပြောတာကို ဂျာနယ်ထဲထည့် Internet ကထုတ်တာမျိုးလုပ်ခြင်းဟာ စာနယ်ဇင်းသဘောအရလုပ်ခွင့်ရှိပါသလား။
ဖြေ။    စာနယ်ဇင်းသဘောအရ အလွတ်ပြောတာကို ရေးခွင့်၊ ထုတ်ခွင့်မရှိပါ။ တွေ့ဆုံ မေးမြန်း(Interview)လုပ်ပါမယ်လို့ ပြောပြီးမှသာ ရေးခွင့်ထုတ်ခွင့် ရှိပါတယ်။
မေး။    ယခုကိစ္စနဲ့ပတ်သက်ပြီး Southern Weekend(China)အပေါ် ဘယ်လိုမြင်ပါ သလဲ။
ဖြေ။    ဂျာနယ်သတင်းထောက်ဟာ သူလိုချင်တာဆွဲပြီး မေးမြန်းခဲ့တဲ့အပြင် အလွတ် ပြောတာကို ရေးသားထုတ်ဝေခဲ့တဲ့အတွက် ဥပဒေနဲ့မညီညွတ်ဟု ထင်မြင်ယူဆ ပါတယ်။
၉။       သံတော်ဆင့်ဂျာနယ်သို့ စစ်ဆေးမေးမြန်းချက်
          (က) စုံစမ်းစစ်ဆေးရေးအဖွဲ့မှ အပိုဒ် ၇(က)ပါအတိုင်း ရှင်းလင်းပြောကြားပါသည်။
(ခ)  စုံစမ်းစစ်ဆေးရေးအဖွဲ့မှမေး။      ဂျာနယ်တွင် ဦးအောင်သိန်းလင်း၏ ပြောကြားချက်နှင့် ပတ်သက်၍ ထည့်သွင်းဖေါ်ပြတာရှိသလား၊ ရှိလျှင်ဘယ်ရက်ကလဲ။
ဂျာနယ်မှဖြေ။     ထည့်သွင်းဖေါ်ပြခဲ့ပါသည်။(၂၈.၇.၂၀၁၂)ရက်ထုတ်ဂျာနယ်တွင် ဖြစ်ပါ သည်။
မေး။      ဖေါ်ပြခဲ့သည့်သတင်းကို မည်သည့်သတင်းအခြေအမြစ်(Source)က ရ၍ ဖေါ်ပြ ခဲ့တာလဲ။
ဖြေ။       Internet နှင့် Facebook တွေမှာစတွေ့ပြီး ဖေါ်ပြခဲ့တာဖြစ်ပါတယ်။ Eleven Media Group ကအစောဆုံး မြန်မာလိုဖေါ်ပြခဲ့တာဖြစ်ပါတယ်။
မေး။      Internet က တရုတ်ဘာသာဖေါ်ပြချက်ကို ယူသလား၊ အင်္ဂလိပ်ဘာသာပြန်က တဆင့်ယူပြီး ဖေါ်ပြတာလား။
ဖြေ။       အင်္ဂလိပ်လိုမှတဆင့် ဘာသာပြန်ဖေါ်ပြခြင်း ဖြစ်ပါသည်။
မေး။      အင်္ဂလိပ်လိုမှာ Crazy လို့သုံးနှုန်းတာလား။
ဖြေ။       They are crazy လို့သုံးထားတာတွေ့ရပါတယ်။
မေး။      Crazy ကို မြန်မာလိုဘယ်လိုဘာသာပြန်သလဲ။
ဖြေ။       အရူးအမူးနှစ်သက်ခြင်း၊ စွဲလန်းခြင်းလို့ ပြန်ပါတယ်။
မေး။      ဒီသတင်းအပေါ် ပါတီရဲ့သဘောထားကြေညာချက်ကိုရောသိပြီးပြီလား။
ဖြေ။       သိပြီးပါပြီ။ ဂျာနယ်မှာလည်းဖေါ်ပြခဲ့ပါတယ်။
စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ထင်မြင်ယူဆချက်
၁၀။     တရုတ်နိုင်ငံထုတ် Southern weekend(China)စာစောင်ပါ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းနှင့် တွေ့ဆုံမေးမြန်းမှု သတင်းနှင့်ပတ်သက်၍ ဦးအောင်သိန်းလင်းနှင့် Weekely Eleven၊ မော်နီတာ၊ သံတော်ဆင့် ဂျာနယ်များမှ တာဝန်ရှိသူများအား တွေ့ဆုံမေးမြန်းထွက်ဆိုချက်များ အရ စုံစမ်းစစ်ဆေးရေးအဖွဲ့မှ အောက်ပါအတိုင်း ထင်မြင်ယူဆပါသည်-
(က) ဦးအောင်သိန်းလင်းသည် Southern Weekend(China)စာစောင်မှ သတင်းထောက်အား အလွတ်သဘောဆွေးနွေးပြောဆိုခဲ့ခြင်းဖြစ်ပြီး သတင်းအဖြစ် ထည့်သွင်းဖေါ်ပြခြင်း ပြုမည်/မပြုမည်ကိုလည်း မသိရှိခဲ့ပါ။
(ခ)   စာစောင်တွင်ပါရှိသည့် ရေးသားဖေါ်ပြထားချက်များမှာ ဦးအောင်သိန်းလင်း၏ ပြောကြား ချက်များဖြစ်ကြောင်း ယေဘူယျအားဖြင့် မှန်ကန်သည်ကို တွေ့ရှိရပါသည်။

ရခိုင်ပြည်နယ် ဖြစ်ရပ်များအတွက် သီးခြားလွတ်လပ်သော "စုံစမ်းစစ်ဆေးရေး ကော်မရှင်" ကို နိုင်ငံတော်သမ္မတ ဖွဲ့စည်းလိုက်ပြီ

Posted by drmyochit Saturday, August 18, 2012, under | No comments



၂၀၁၂ မေလနှင့် ဇွန်လများတွင် ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ဖြစ်စဉ်များ၊ ပဋိပက္ခများနှင့်စပ် လျဉ်း၍ ဖြစ်စဉ်ဖြစ်ရပ်အမှန် ပေါ်ပေါက်ရေးအတွက် သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းသည့် အမိန့်ကြော်ငြာစာ အမှတ် (၅၈/၂၀၁၂) ကိုနိုင်ငံတော်သမ္မတရုံးမှ ယနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်ပါသ ည်။ယင်း "စုံစမ်းစစ်ဆေးရေးကော်မရှင်" တွင် သမိုင်းပညာရှင်၊ ညွှန်ချုပ်(အငြိ မ်းစား) ဒေါက် တာမျိုးမြင့် ဥက္ကဌ ဖြစ်ပြီး ဂျပ်ဆင်ဘုရားကျောင်းမှ သိက္ခာတော်ရ ဆရာ တော် ဦးကျော် ညွန့်၊ မြန်မာ ဘက်(ပ်)တစ်(စ်)ကွန်ဗင်းရှင်းမှ သိက္ခာတော်ရ ဆရာတော် ဦးစောမာဂေကြီး၊ စီးပွားရေးလုပ် ငန်း ရှင် ဦးသိန်းထွန်း၊ စာနယ်ဇင်းဆရာ မောင်ဝံသ၊ အနုပညာရှင် ဇာဂနာ၊ SNLD ဥက္ကဌ ဦးခွန်ထွန်းဦး၊
ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဒေါ်သန်းသန်းနု၊ NDF ဥက္ကဌ ဦးခင်မောင်ဆွေ၊ ရခိုင်တိုင်းရင်း သားများဒီမိုကရက်တစ်ပါတီမှ ဒေါက်တာ အေးမောင်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအေးသာအောင်၊ (၈၈)မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ဦးကို ကိုကြီး၊ UMFCCI မှ ဒေါက်တာ ရင်ရင်နွယ်၊ နို င်ငံတာဥပဒေကျွမ်းကျင်သူ ဒေါကတာဆလိုင်းမူးကျုံးလျန်၊ သဘာဝ ပတ်ဝန်းကျင်ပညာရှင် ဦးတင်အောင်မိုး၊ ဗဟုဖွံ့ဖြိုးရေးအဖွဲ့မှ ဦးအောင်နိုင်ဦး၊ မြန်မာအမျိုး သမီးစွမ်း ဆောင်ရှင် များအသင်းမှ ဒေါ်ဝါ၀ါထွန်း၊
ငြိမ်းဖောင်ဒေးရှ င်းမှ ဒေါ်ဂျာနန်၊ြ မန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ ဦးထွန်းအောင်ချိန်၊ အစ္စလာမ်သာ သနာရေးရာကောင်စီဌာနချုပ်မှ ဟာဂျီ ဦးညွန့်မောင်သျှိန်၊ အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်မှ ဟာဂျီ ဦးတင်မောင်သန်း၊ မြန်မာမွတ်စလင်အမျိုးသားရေးရာ အဖွဲ့ချုပ် မှ ဟာဂျီ ဦးလှဝင်း၊ မြန်မာမွတ်စလင်အမျိုးသားရေးရာ အဖွဲ့ချုပ် မှ ဦးကျော်ခင်၊ မြန်မာမွတ်စလင်လူငယ်များ(ဘာသာရေး)အဖွဲ့ချုပ်မှ ဟာဂျီ ဦးမြင့်ထွန်း၊ မြန်မာမွတ်စလ င်လူ ငယ်များ(ဘာသာရေး)အဖွဲ့ချုပ်မှ ဦးလှဝင်း၊ သနန္တရဓမ္မပါလ က(ဟိန္ဒူ)အဖွဲ့ချုပ်မှ ဒေါက်တာလှထွန်း တို့မှာ အဖွဲ့ဝင် များအဖြစ် ပါရှိကာ Myanmar Egress မှ ဒေါက်တာကျော်ရင်လှိုင်မှာ အတွင်းရေးမှူး ဖြစ်သည်။


နိုင်ငံတော်သမ္မတရုံးနှင့် ရခိုင်ပြည်နယ်အစိုးရတို့အနေဖြင့် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ လုံခြုံရေး၊ အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက်များကို ဆောင်ရွက်ပေးမည် ဖြစ်သည်။


စုံစမ်းစစ်ဆေးမှုများကို ကော်မ ရှင်အနေဖြင့် လွတ်လွတ်လပ်လပ် ဆောင်ရွက်သွားမည် ဖြစ်သည်။


အစီရင်ခံစာကို နိုင် ငံတော်သမ္မတထံသို့ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ အရောက် တိုက်ရိုက်အစီရင်ခံ တင်ပြရမည် ဖြစ်သည်။


အမိန့်ကြော်ငြာစာ အပြည့်အစုံအား နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်မှ အောက်ပါ လင့်တွင် ကြည့်ရှုနိုင်ပါပြီ။



From -မှူးဇော်Facebook 

Friday, August 17, 2012

မဟာချိုင်တွင် မြန်မာငွေ ငါးထောင်ကျပ်တန်အမြောက်အများဖမ်းမိ”

Posted by drmyochit Friday, August 17, 2012, under | No comments



ထိုင်းနိုင်ငံဘန်ကောက်မြို့ အနီး မဟာချိုင် တလာမွန်းမိုင်ေ ဈးအနီးတွင် ဖွင့်လှစ်ထားသော ကုမ္ပဏီ တစ်ခုတွင်ယမန်နေ့ က   မြန်မာကျပ်ငွေ ၅၀၀၀ တန် အတုများအား မဟာချိုင် ရဲများက ဖမ်းဆီးမိခဲ့သော် လည်း ပတ်သက်သူများအား ဘတ် ငွေ ၂သိန်း ယူကာ ပြန်လွှတ်ပေး လိုက်ေ ကြာင်း  ဒေသခံမျက်မြင် တစ်ဦး က ပြောသည် ။ ငွေစက္ကူများ အားမည် သို့မည်ပုံ ဖြေရှင်းလိုက်သည် ကိုမူ အသေးစိတ်မသိ ရသော်လည်း အဆိုပါ ကျပ်ငွေ ၅၀၀၀ တန် အတု များကို တရုတ်လူမျိုးတစ်ဦး၊ မွန်လူမျိုးတစ်ဦးနှင့် ကရင်လူမျိုး တစ်ဦးတို့ အတူတကွ လုပ်ဆောင်ကြကြောင်း၊ ကျပ်ငွေ ၅၀၀၀ တန်တစ်ရွက်အား ဘတ် ငွေ ၁၂၀ နုန်းဖြင့် အလှဲအလှယ်လုပ်ေ ကြာင်း၊ ငွေရောင်းဝယ်လုပ်ရန် စည်းရုံးခံခဲ့ရသူတစ်ဦးက ပြောသည်။အဆိုပါငွေစက္ကူ တွင် စာလုံးများပြတ် သားမှုမရှိခြင်း၊ စက္ကူပါးခြင်း၊ နံပါတ်များမကြည်လင်ခြင်းနှင့် ရေးစာများ လည်း အရောင်မထွက်ချေ။

    မြန်မာနိုင်ငံနှင့် နယ်စပ်ဒေသတို့ တွင် မြန် မာငွေ စက္ကူ အတုများ အကြာခဏ ဖမ်းဆီးရကြောင်း သတင်းများတွင် တွေ့ရှိ ရသော်လည်း ထိုင်းနိုင်ငံ အတွင်းပိုင်းမဟာချိုင်မြို့တွင် ထုထည် ပမာဏ ကြီးမားစွာဖြင့် ငွေစက္ကူ အတုများဖမ်းမိခြင်းမှာ ပထမ ဦးဆုံးဖြစ်ကြောင်းသိရှိရသည်။ 

From -ရွှေလုပ်သား ဘလော့ 

အမတ်တွေကို လွှတ်တော်ထဲက ဆွဲထုတ်နိုင်ပြီ

Posted by drmyochit Friday, August 17, 2012, under | No comments




အမတ်တွေ အလုပ်ကောင်းကောင်းမလုပ်ရင် လွှတ်တော်ထဲက ဆွဲထုတ်နိုင်ပါတယ် လို့ ဒီကနေ့ အစိုးရသတင်းစာများမှာ ပါဝင်တဲ့ ဆောင်းပါးရှည်တစောင်မှာ ဥပဒေပညာရှင်တယောက်က ထောက်ပြ ထားပါတယ်။" လွှတ်တော် ကိုယ်စားလှယ်များမိမိတို့အကျိုးကိုလုပ်ဆောင်ခြင်းမရှိလျှင် ပြန်လည် ခေါ်ယူ ဖြုတ်ချနိုင်သော (မူလမဲဆန္ဒရှင် စုစုပေါင်း၏ တစ်ရာခိုင်နှုန်းသာလိုသည်) အခွင့်အာဏာရှိသည်" လို့ မောင်အေးချမ်း(ဟား ဗတ်)က ရေးလိုက်ပါတယ်။

ဒီလိုလုပ်နိုင်တယ် ဆိုတာကို မြန်မာပြည်သူတွေ မသိကြသေးဘူး လို့လည်း သူက မှတ်ချက်ချထားပါတယ်။
ဆောင်းပါးမှာ ရေးသားချက်များအရ သူဟာ အမေရိကန်နိုင်ငံရောက် ပညာရှင်တဦး ဖြစ်ပါတယ်။
ဆောင်းပါးေ ရးရခြင်း ရည်ရွယ်ချက်က အခုတလော နေပြည်တော်မှာ ပြောနေကြတဲ့ "လွှတ်တော်ကော်မတီတွေဟာပြည်ထောင်စုအဆင့်မဟုတ်ဘူး"ဆိုတဲ့အချက်ကိုသက်သေပြချင်လို့ ဖြစ်ပုံရပါတယ်။
ဒီအကြောင်းအရာကြောင့် ပြည်သူ့လွှတ်ေ တာ် နဲ့ အခြေခံဥပဒေခုံရုံးတို့ ပြဿနာ တက်နေကြတာပါ။
ဆရာမောင်အေးချမ်း(ဟားဗတ်)က ခုံရုံးဘက်က ရာနှုန်းပြည့်မှန်တယ်လို့ ထောက်ပြပါတယ်။
ကော်မတီတွေ ပြည်ထောင်စုအဆင့် မရှိဘူး တဲ့။
ဖွဲ့စည်းထားသော ၄ဝ ကျော်၌ ကော်မတီဝင်/ကော်မရှင် အဖွဲ့ဝင် စုစုပေါင်း ၆ဝဝ ကျော် ရှိနေကြောင်း တွေ့ရှိရသည်။ ဤအချက်အရ ပြည်ထောင်စုဝန်ကြီးအဆင့်ရှိ လွှတ်တော် အမတ်ပေါင်း ၆ဝဝ ကျော် ရှိလာမည် ဆိုသည့် သဘောကို ဆောင်နေခြင်းဖြစ်သည် လို့ သူက ထောက်ပြပါတယ်။
ခုံရုံးအဖွဲ့ကို ဖျက်သိမ်းချင်နေတဲ့ လွှတ်တော်အမတ်များကိုလည်း သူက အကြံကောင်းတခုလည်း ပေးထားပါတယ်။ ဒီလိုပါ ~
"ခုံရုံးအဖွဲ့ဝင်များကို စွပ်စွဲပြစ်တင်မှုပြုလုပ်ရန် သုံးပုံနှစ်ပုံကို ကျော်လွန်သော လွှတ်တော် ကိုယ်စားလှယ်(၃ဝ၁)ဦးက လက်မှတ် ရေးထိုး ထောက်ခံထားသည်ဟု သိရှိရသည်။ သို့ဆိုလျှင် ယင်းတို့လိုလားသော ပြည်ထောင်စုအဆင့် ရရှိရေး ရည်မှန်းချက်ကို ရရှိထားသော ကိုယ်စားလှယ် အင်အားဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ခြင်း သို့မဟုတ် ဖြည့်စွက်ခြင်းများ ဆောင်ရွက်လျှင်ကော မရနိုင်ဘူးလား"
လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ခုံရုံးအပေါ် ဆောင်ရွက်ချက်များနဲ့ ပတ်သက်ပြီး မြန်မာ့နွေဦးပျက် သွားဖွယ်ရှိတယ် ဆိုတာ အပါအ၀င် သူ့သုံးသပ်ချက် ၅ ခုကိုလည်း တွေ့ရပါတယ်။
"ပြည်သူ့လွှတ်တော်၏ ဤကြိုးပမ်းဆောင်ရွက်ချက်သည်-
(၁) အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသော ခုံရုံး၏ လုပ်ပိုင်ခွင့်နှင့် တာဝန်ကို လျစ်လျူရှုရာ ရောက်သွားစေပြီး ခုံရုံး၏ အခန်းကဏ္ဍကို နိဂုံးချုပ်စေလိုက်ခြင်းဖြစ်သည်။

(၂) ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသော ဒီမိုကရေစီ အနှစ် သာရ သဘောများ၊ တရားစီရင်ရေးမဏ္ဍိုင်၏ သီးခြားလွတ်လပ်စွာ တည်ရှိမှုတို့ကို ပျက်သုဉ်းစေပြီး အခြေခံဥပဒေဆိုင်ရာ အမြင့်ဆုံး တရားရုံးဖြစ်သော နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအား Rubber Stamp အမည်ခံတံဆိပ်တုံးထုသည့် အခြေအနေသို့ ရောက်ရှိစေခြင်းဖြစ်သည်။

(၃) ဖွဲ့စည်းပုံအခြေခံဥပဒေ၏ မူလကိုယ်ထည် အနှစ်သာရဖြစ်သော အပြန်အလှန် ထိန်းကျောင်းမှုယန္တရားနှင့် ညီမျှစေသော ချိန်ခွင်လျှာကို ပျက်စီးစေခြင်းဖြစ်သည်။

(၄) သမိုင်းတွင်မည့် လုပ်ဆောင်ချက်တစ်ရပ်ဖြစ်လာမည်ဖြစ်သလို နှောင်းလူတို့မှ စံနမူနာယူဖွယ်ရာ သမိုင်းအမှားတစ်ရပ် အမွေထားရစ်ခဲ့ခြင်းဖြစ်သည်။

(၅) မြန်မာ့ဒီမိုကရေစီ၏ အနာဂတ်သည် ခြိမ်းခြောက်မှုအဆင့်သာ မဟုတ်တော့ဘဲ အန္တရာယ်ကျရောက် သည့်အဆင့်သို့ ကူးပြောင်း ရောက်ရှိစေခြင်းဖြစ်၍ နိုင်ငံတကာအသိုင်းအဝိုင်း၏ ယုံကြည် လေးစားမှု၊ အထူးသဖြင့် ဒီမိုကရေစီ ကူးပြောင်းရေး ဖတ်စာအ သစ် ဖြစ်သော မြန်မာ့နွေဦး၏အနာဂတ်ကို ဖျက်ဆီးလိုက်ခြင်းဖြစ်သည်"
အခြေခံဥပဒေ ပြဋ္ဌာန်းချက်တွေကို ကိုးကားပြီး ဆရာမောင်အေးချမ်း(ဟားဗတ်)က ဒီဆောင်းပါးကို ရေး ထားတာ ဖြစ်ပါတယ်။
သူရေးသားထားချက်အရ ဆိုရင်တော့ လွှတ်တော်အမတ်များ နာဂစ်အခြေခံဥပဒေကို မဖတ်ကြဘူး သို့မဟုတ် သေချာ မဖတ်ကြဘူးလို့ ယူဆရပါတယ်။
ဆိုခဲ့သလိုပဲ ဥပဒေပညာရှင် ဆရာမောင်အေးချမ်း(ဟားဗတ်)ကတော့ အမတ်တွေကို လွှတ်တော်ထဲကနေ "ပြန်လည် ခေါ်ယူ ဖြုတ်ချနိုင်သော" အာဏာဟာ မဲဆန္ဒရှင်တွေဆီမှာ ရှိနေတယ်လို့ သတင်းစာဆောင်းပါးမှာ ထောက်ပြထားကြောင်း ညွှန်းလိုက်ပါတယ်။

ရိုဟင်ဂျာအရေး ကုလသမဂ္ဂကို တင်ပြဖို့ OIC ဆုံးဖြတ်

Posted by drmyochit Friday, August 17, 2012, under | No comments


 

မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာအရေးကိစ္စနဲ့ပတ်သက်လို့ ကုလသမဂ္ဂ အထွေ ထွေညီလာခံကို တင်ပြဆွေးနွေးသွားဖို့ OIC အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ညီလာခံကနေ ဆုံးဖြတ် လိုက် ပါတယ်။ ကုလသမဂ္ဂဘက်ကတော့ ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီး အကောင်းဆုံး ဖြေရှင်းနိုင်ဖို့ မြန်မာအာ ဏာပိုင်တွေနဲ့ ညှိနှိုင်းနေတယ်လို့ ပြောပါတယ်။ အကြောင်းစုံ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။မွတ်ဆလင်နိုင်ငံပေါင်း ၅၇ နိုင်ငံပါဝင်တဲ့ OIC အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ညီလာခံ မှာ နိုင်ငံတကာအရေးနဲ့ ပတ်သက်လို့ အဓိက လွှမ်းမိုးခဲ့တဲ့ အထဲ ဆီးရီယားကိစ္စအပြင် မြန်မာနိုင်ငံက ရိုဟင်ဂျာ အရေးလည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံတွင်း ရိုဟင်ဂျာ မွတ်ဆလင်အပေါ် အကြမ်းဘက် မှုတွေနဲ့ ပတ်သက်လို့ ဆော်ဒီအာရေဗီးယားနိုင်ငံ မကာမှာကျင်းပတဲ့ OIC ညီလာခံ ကနေ ပြစ်တင် ရှုတ်ချသွားပါတယ်။ ဒါ့အပြင် ဒီကိစ္စကို ကုလသမဂ္ဂအထိ တင်ပြ ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်တယ် လို့ ဆော်ဒီအာရေဗီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Nizar Bin Obaid Madani က ပြောသွားပါ တယ်။

“မြန်မာနိုင်ငံမှာ နိုင်ငံသားဖြစ်ပိုင်ခွင့် ငြင်းပယ်ခံရတာနဲ့ အကြမ်းဘက်မှုတွေ ဆက်ဖြစ်နေတာတွေ အပေါ် မြန်မာ ခေါင်းဆောင်တွေကို အပြင်းအထန် ရှုတ်ချကြောင်း ညီလာခံကနေ ထုတ်ပြန်ပါတယ်။ ဒီ ရိုဟင်ဂျာပြဿနာကို ကုလသမဂ္ဂ အထွေထွေညီလာခံအထိ တင်ပြဖို့အတွက် ညီလာခံကနေ ဆုံးဖြတ်လိုက်ပါတယ်။”OIC အဖွဲ့ဝင်တွေထဲမှာ မြန်မာ အိမ်နီးချင်း အာဆီယံနိုင်ငံတွေထဲက အင်ဒိုနီးရှား၊ မလေးရှား၊ ဘရူနိုင်းနိုင်ငံတွေလည်း  ပါဝင်ပါတယ်။ ကုလသမဂ္ဂ ဘက်ကတော့ အခြေအနေတွေအပေါ်မှာ အကောင်းဆုံးဖြစ်အောင် မြန်မာအာဏာပို်င် တွေနဲ့ညှိနှိုင်းဆောင်ရွက် နေပါတယ်လို့ အတွင်းရေး မှူးချုပ်ရုံး ပြောခွင့်ရသူ Eduardo Del Buey က ပြောပါတယ်။“မြန်မာနိုင်ငံအခြေအနေက ဖြည်းဖြည်းချင်း သွားနေတဲ့သဘောပါ။ တိုးတက်လာမှုတွေ ရှိသလို နောက်ပြန်ဆုတ်တာတွေလည်း ရှိပါတယ်။ အခြေအနေက ငြိမ်မနေတာကို လက်ခံပါတယ်။ ရိုဟင်ဂျာကိစ္စကို အကောင်းဆုံး ဘယ်လို ဖြေရှင်းနိုင်မလဲဆိုတာကို မြန်မာအာဏာပိုင်တွေနဲ့ တိုင်ပင်နေပါတယ်။ ဆက်ပြီးတော့လည်း ညှိနှိုင်းနေပါတယ်။ အခြေအနေတွေကို အတွင်းရေးမှူး ချုပ်ရော အတွင်းရေးမှူးချုပ် အထူးကိုယ်စားလှယ် မစ္စတာနမ်ဗီယားကပါ စိုးရိမ်ပူပင်နေပါတယ်။” နိုင်ငံတကာ အနေနဲ့ ကတော့ ရခိုင်ပြည်နယ်အတွင်း အကြမ်းဘက်မှုတွေကို သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ တိုက်တွန်းနေ တာပါ။ ဒါပေမဲ့လည်း ဒီကိစ္စဟာ ရခိုင်ပြည်နယ်ထဲက ကိစ္စရပ်တခုသာဖြစ်ပြီး နိုင်ငံတကာ စုံစမ်းရေးအဆင့်လုပ်ဖို့ မသင့်တော်ပါဘူးလို့ မြန်မာအာဏာ ပိုင်တွေ ဘက်က တုံ့ပြန်ခဲ့ပါတယ်။အကဲခတ်တွေကတော့ မြန်မာအာဏာ ပိုင်တွေအနေနဲ့ အရင်းအမြစ်ကျတဲ့ နောက်ကွယ်က အကြောင်းရပ်ကို ပထမဆုံး ဖြေရှင်းသင့်တယ်ဆိုပြီး အကြံပြုမှု တွေလည်း ရှိပါတယ်။ နိုင်ငံတကာ ပဋိပက္ခတွေကို လေ့လာတဲ့ International Crisis Group ရဲ့ သုတေသီ Jim Della-Giacoma ကတော့ OIC က အခုလို ဆုံးဖြတ်လိုက်တာကိုကြည့်ရင် ရိုဟင်ဂျာအရေး ကိစ္စဟာ နိုင်ငံ တကာ ပြဿနာ ရပ်တခုလို ဖြစ်လာတယ်လို့ ထောက်ပြပါတယ်။ မြန်မာအစိုးရအနေနဲ့ ပထမဆုံး ဖြေရှင်းသင့်တာကတော့ နိုင်ငံသား ပြဿနာဖြစ်တယ်လို့ သူက မြင်ပါတယ်။“ဒီကိစ္စရဲ့ နောက်ကွယ်မှာရှိနေတဲ့ အခြေခံကျတဲ့ပြဿနာရပ်ကို မြင်ကြည့်နိုင်ဖို့ မြန်မာ အစိုးရ ကို ဖျောင့်ဖျ တွန်းအားပေးရမယ်ထင်ပါတယ်။ ဒါကတော့ ရိုဟင်ဂျာတွေရဲ့ နိုင်ငံမဲ့ဖြစ်နေတဲ့ကိစ္စပါ။ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအရ အစိုးရရဲ့မူဝါဒကြောင့် ဒီလူတွေ နိုင်ငံသားဖြစ်နေကြရတာပါ။ ဒီ အခြေအနေကို ပြောင်းပစ်ဖို့က အရေးအကြီးဆုံး ပထမ အဆင့်ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းအရ နိုင်ငံသားဖြစ်ခွင့် အချက်ကို လက်ခံ အသိအမှတ်ပြုလိုက်ခြင်း အားဖြင့်သာ မြန်မာနိုင်ငံဟာ လူမျိုးစုံ၊ ဘာသာစုံ နိုင်ငံဖြစ်တယ်၊  ဒီမိုကရေစီ မြန်မာနိုင်ငံတော်မှာ လူနည်းစုတွေ အတွက်လည်း နေရာရှိတယ်ဆိုတဲ့အချက်ကို မြန်မာအစိုးရက လက်ခံ ပြသရာရောက် မှာပါ။”ဗွီအိုအေ မြန်မာပိုင်း မြန်မာသမ္မတဦးသိန်းစိန်တို့ သီးခြားတွေ့ ဆုံမေးမြန်းခန်းမှာတော့ ရိုဟင်ဂျာအရေး ကိစ္စကို ဖြေရှင်းတဲ့နေရာမှာ ဒီလူမှုအသိုင်းအ၀ိုင်းရဲ့ ပညာရေးကို မြှင့်တင်ပေးဖို့လိုမယ်လို့ သူ့ သဘောထားကို ပြောခဲ့ပါတယ်။ ရိုဟင်ဂျာတွေမှာ ဘာသာရေးအခြေခံတဲ့ကျောင်းတွေပဲ ရှိတယ် လို့ ထောက်ပြပါ တယ်။ ICG သုတေသီ Giacoma ကတော့ ပညာရေးဟာ ဖြေရှင်းရမယ့် အစိတ် အပိုင်းတခုဖြစ်တယ်လို့ လက်ခံပါတယ်။ ရိုဟင်ဂျာတွေဟာ ဟိုးအရင် ကတည်းက အဆင့်မြင့်ပညာ တက်ခွင့်မရတာမို့ ပညာရေးအရ ပိတ်ပင်ခံရတာတွေရှိခဲ့တယ်လို့ ထောက်ပြပါတယ်။ ဒါပေမယ့် အရင်ဆုံး ဖြေရှင်းသင့်တာကတော့ နိုင်ငံသားဖြစ်မှုကိစ္စပဲဖြစ်တယ်လို့ပဲထပ်ပြောပါတယ်။

ရိုဟင်ဂျာကိစ္စဟာ မြန်မာနိုင်ငံအတွက်တင်မဟုတ်ဘူး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ပါ ဆက်စပ်နေပါတယ်။ ဒီလူတွေဟာ ဘင်္ဂလားဒေ့ရှ်ဘက်က တရားမ၀င် ၀င်ရောက်လာသူတွေဖြစ်တယ်လို့ မြန်မာ ဘက်က ပြောပါတယ်။ ဒါပေမယ့် ဘင်္ဂလား ဒေ့ရှ်ဘက်ကတော့ ဒီလူတွေကို လက်ခံဖို့ ငြင်းပယ်နေ တာကြောင့် ရိုဟင်ဂျာတွေဟာ လက်ရှိအထိ နိုင်ငံမဲ့ဖြစ်နေသူတွေလို့ ဆိုရမှာပါ။ 

စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းခြင်း

Posted by drmyochit Friday, August 17, 2012, under | No comments


ပြည်ထောင်စုသမ်မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ်မတရုံး
အမိန့်ကြော်ငြာစာ
(အမှတ်၊  ၅၈  /၂၀၁၂)
၁၃၇၄ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော်      ရက်
(၂၀၁၂ ခုနှစ်၊ သြဂုတ်လ   ၁၇  ရက်)
စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းခြင်း
၁။ ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် မေလနှင့် ဇွန်လအတွင်း၌ တည်ငြိမ်အေးချမ်းရေးနှင့် ဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေသည့် လူစုလူဝေးဖြင့် ဥပဒေမဲ့ ဆောင်ရွက်မှုများ၊ တိုက်ခိုက် သတ်ဖြတ်မှုများ ဖြစ်ပေါ်ခဲ့ပါသည်။ အဆိုပါ ပဋိပက်ခဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ ဖြစ်စဉ်ဖြစ်ရပ်အမှန် ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရန်နှင့် အမျိုးသားအကျိုးစီးပွား တိုးတက်ရေး အကြံပြုရန် အတွက် အောက်ဖော်ပြပါပုဂ်ဂိုလ်များ ပါဝင်သော  စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းတာဝန် ပေးအပ်သည်-
            (က)      ဒေါက်တာမျိုးမြင့် 
ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)၊ သာသနာရေးဝန်ကြီးဌာန      ဥက်ကဋ်ဌ
            (ခ)        သိက်ခာတော်ရဆရာတော် ဦးကျော်ညွန့်         
ဂျပ်ဆင်ဘုရားကျောင်း၊ ရန်ကုန်မြို့      အဖွဲ့ဝင်
            (ဂ)        သိက်ခာတော်ရဆရာတော် ဦးစောမာဂေကြီး        
အတွင်းရေးမှူး၊ မြန်မာဘက်(ပ်)တစ်(စ်)ကွန်ဗင်းရှင်း        အဖွဲ့ဝင်
            (ဃ)      ဦးသိန်းထွန်း        
စီးပွားရေးလုပ်ငန်းရှင်         အဖွဲ့ဝင်
            (င)        ဦးစိုးသိန်း(ခ)မောင်ဝံသ                                                  
စာရေးဆရာ         အဖွဲ့ဝင်
            (စ)        ဦးသူရ(ခ)ဦးဇာဂနာ                                                        
အနုပညာရှင်        အဖွဲ့ဝင်
            (ဆ)      ဦးခွန်ထွန်းဦး       
ဥက်ကဌ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်        အဖွဲ့ဝင်
            (ဇ)        ဒေါ်သန်းသန်းနု   
ဒီမိုကရက်တစ်ပါတီ(မြန်မာ) အဖွဲ့ဝင်
            (စ်)       ဦးခင္ေမာင္ဆြေ    
ဥက်ကဌ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ  အဖွဲ့ဝင်
            (ည)      ဒေါက်တာအေးမောင်                                                       
ဥက်ကဋ်ဌ၊ ရခိုင်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ   အဖွဲ့ဝင်
            (ဋ)        ဦးအေးသာအောင် 
ဥက်ကဌ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်      အဖွဲ့ဝင်
            (ဌ)        ဦးကိုကိုကြီး         
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့      အဖွဲ့ဝင်
            (ဍ)        ဒေါက်တာဒေါ်ယဉ်ယဉ်နွယ်                                             
UNICEF အကြီးတန်းအရာရှိ(ငြိမ်း)    အဖွဲ့ဝင်

            (ဎ)        ဒေါက်တာဆလိုင်းမူးကျုံးလျံ                                            
နိုင်ငံတကာ ဥပဒေကျွမ်းကျင်သူ        အဖွဲ့ဝင်
            (ဏ)      ဦးတင်အောင်မိုး   
သဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာရှင် အဖွဲ့ဝင်
            (တ)      ဦးအောင်နိုင်ဦး     
အမှုဆောင်အဖွဲ့ဝင်၊ ဗဟုဖွံ့ဖြိုးရေးအဖွဲ့  အဖွဲ့ဝင်
            (ထ)      ဒေါ်ဝါဝါထွန်း       
ဥက်ကဌ၊ မြန်မာအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်း    အဖွဲ့ဝင်
            (ဒ)        ဒေါ်ဂျာနန်           
အမှုဆောင်ညွှန်ကြားရေးမှူး၊ ငြိမ်းဖောင်ဒေးရှင်း အဖွဲ့ဝင်
            (ဓ)        ဦးထွန်းအောင်ချိန်
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်
            (န)        ဟာဂျီ ဦးညွန့်မောင်သျှိန်                                                  
ဥက်ကဌ၊ အစ်စလာမ်သာသနာရေးရာကောင်စီဌာနချုပ်    အဖွဲ့ဝင်
            (ပ)        ဟာဂျီ ဦးတင်မောင်သန်း                                                 
အတွင်းရေးမှူး၊ အစ်စလာမ်သာသနာရေးရာကောင်စီဌာနချုပ်         အဖွဲ့ဝင်
            (ဖ)        ဟာဂျီ ဦးလှဝင်း   
ဥက်ကဌ၊မြန်မာမူဆလင်အမျိုးသားရေးရာအဖွဲ့ချုပ်(မအဖ) ဌာနချုပ်  အဖွဲ့ဝင်
            (ဗ)        ဦးကျော်ခင်          
အထွထွေအေတွင်းရေးမှူး၊ မြန်မာမူဆလင်အမျိုးသားရေးရာအဖွဲ့ချုပ်            အဖွဲ့ဝင်
            (ဘ)      ဟာဂျီ ဦးမြင့်ထွန်း
ဥက်ကဌ၊ မြန်မာမူဆလင်လူငယ်များ(ဘာသာရေး)အဖွဲ့ချုပ်၊
မ-မ-လ ဌာနချုပ်   အဖွဲ့ဝင်
            (မ)        ဦးလှဝင်း
အတွင်းရေးမှူး၊ မြန်မာမူဆလင်လူငယ်များ(ဘာသာရေး)အဖွဲ့ချုပ်၊
မ-မ-လ ဌာနချုပ်   အဖွဲ့ဝင်
            (ယ)      ဒေါက်တာလှထွန်း
အကျိုးတော်ဆောင်၊ သနန်တရဓမ်မပါလက(ဟိန်ဒူ)အဖွဲ့ချုပ်          အဖွဲ့ဝင်
            (ရ)        ဒေါက်တာကျော်ရင်လှိုင်                                                   
Myanmar Egress            အတွင်းရေးမှူး
     
၂။ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် အောက်ဖော်ပြပါကိစ်စရပ်များအပေါ် ဖြစ်စဉ်ဖြစ်ရပ်အမှန် ပေါ်ပေါက်စေရေး စုံစမ်းစစ်ဆေးရန်နှင့် အမျိုးသားအကျိုးစီးပွား တိုးတက်ရန်အတွက် သုံးသပ်ချက်နှင့်တကွ အကြံပြုတင်ပြရမည်-
            (က)      တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေသော ပဋိပက်ခဖြစ်ပွားရသည့် အကြောင်းရင်းများ၊
            (ခ)        ပဋိပက်ခဖြစ်ပွားမှုကြောင့် သေဆုံးဒဏ်ရာရမှုများ၊ ပျက်စီးဆုံးရှုံးမှုများနှင့် အခြား ထိခိုက်မှုများ၊
            (ဂ)        တည်ငြိမ်အေးချမ်းမှု ရရှိရေးအတွက် ဥပဒေစိုးမိုးရေး ဆောင်ရွက်မှု၊
            (ဃ)      ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှု၊
            (င)        ပဋိပက်ခချုပ်ငြိမ်းရေးအတွက် ရေတို၊ ရေရှည်ဆောင်ရွက်သင့်သည့် အချက်များ၊
            (စ)        ကွဲပြားသော ဘာသာအယူဝါဒရှိသူ မတူညီသည့် လူမျိုးစုများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်မည့် နည်းလမ်းများ၊  
            (ဆ)      ဥပဒေစိုးမိုးရေး အကြံပြုချက်များ၊
            (ဇ)        စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကြံပြုချက်များ။

၃။ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ တာဝန်ထမ်းဆောင်စဉ် လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက်များကို နိုင်ငံတော်သမ်မတရုံးနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့မှ စီမံဆောင်ရွက် ပေးရမည်။

၎။ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ၊ သက်သေခံဥပဒေတို့နှင့်အညီ စုံစမ်းစစ်ဆေးနိုင်သည့်အပြင် သက်သေများ ဆင့်ခေါ်ခြင်း၊ စာရွက် စာတမ်းများ တောင်းခေါ်ခြင်းနှင့် လိုအပ်သည့်နေရာသို့ သွားရောက် စစ်ဆေးခြင်းတို့ ဆောင်ရွက်ခွင့်ရှိသည်။ စုံစမ်းစစ်ဆေးမှုအစီရင်ခံစာကို နိုင်ငံတော်သမ်မတထံသို့ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ (၁၇)ရက်နေ့အရောက် တိုက်ရိုက်အစီရင်ခံ တင်ပြရမည်။


                                                                                                                                                                            (ပုံ) သိန်းစိန်
                                                                                                                                                                           နိုင်ငံတော်သမ်မတ
                                                                                                                                                               ပြည်ထောင်စုသမ်မတမြန်မာနိုင်ငံတော်

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်