Sunday, August 19, 2012

" သွား " များ ဖြူဝင်းစေရန် နည်းလမ်းကောင်း ( ၁)

Posted by drmyochit Sunday, August 19, 2012, under | No comments


 
အခုတင်မယ့် သွားများ ဖြူဝင်းစေတဲ့ နည်းလမ်းကို တစ်ချို့ သူငယ်ချင်းများလည်း သိချင်သိမှာပါမသိတဲ့ သူငယ် ချင်း များလည်း ရှိမှာပါ ဘာပဲဖြစ်ဖြစ် အားလုံး ဗဟုသုတ ရစေတာပေါ့နော်သွားများဖြူဝင်းစေဖို့ သီးမွှေး ဌက်ပျောသီးလေးက စွမ်းဆောင်ပေးမှာပါ။

-သီးမွှေးဌက်ပျောသီးလေးတစ်လုံးကိုအခွံနွှာလိုက်ပါ
- အသားကိုတော့ စားလိုက်ပေါ့နော်။
 -အခွံကိုမပစ်လိုက်ပါနှင့်.သွားများဖြူဝင်းစေဖို့အခွံလေးကစွမ်းဆောင်ပေးမှာပါ။
-သီးမွှေးဌက်ပျောသီးအထဲကအခွံနှင့်သွားများအားလုံးကိုပွတ်တိုက်ပေးလိုက်ပါ။
-ပွတ်တိုက်ပြီးတာနှင့်တစ်ရှုးလေးနှင့်စင်ကြယ်အောင်သုတ်ပေးလိုက်တာနှင့်ဖြူဝင်းနေတဲ့သွားများကို သင်တွေ့လိုက်ရပါမယ်။

-ဒီနည်းလေးကတော့အရိုးရှင်းဆုံးနည်းလမ်းလေးတစ်ခုပါ
-ပြီးတော့သင့်အတွက်လည်းမပင်ပန်းစေမယ့်နည်းလမ်းလေးပါ
-နေ့တိုင်းမဟုတ်သည့်တိုင်တစ်ပတ်ကို(4)ရက်လောက်တိုက်ပေးနိုင်ပါတယ်
- အားလုံးအဆင်ပြေပါစေ။

ကိုသက်မင်း( Facebook )

ရိုဟင်ဂျာ ဆိုသူတွေကို စုဆောင်းနေတယ်လို့ စွပ်စွဲခံရတဲ့ စစ်သွေးကြွ ခေါင်းဆောင်ကို ဘင်္ဂလာရဲက ဖမ်းဆီး၊ ရမန်ယူ

Posted by drmyochit Sunday, August 19, 2012, under | No comments




ဘင်္ဂလာဒေခ်ျ့ ရဲအဖွဲ့က သြဂတ်စ်လ ၁၆ ရက်နေ့ က ဖမ်းဆီးလိုက်တဲ့ JeM  စစ်သွေးကြွ အဖွဲ့ခါင်းဆောင်လို့ ယူဆရသူ တစ်ဦးကို စစ်ဆေးဖို့ တရားရုံးက ရဲအဖွဲ့ကို ရမန် (၆) ရက် ပေးလိုက်တယ်လို့ သိရပါတယ်။သံသယရှိနေတဲ့ မော်လနာ မူဟာမတ် ယူနိုး (၄၈ နှစ်) ဟာ အိန္ဒိယ အခြေစိုက် ကတ်ရှ်မီးရှား စစ်သွေးကြွအဖွဲ့  Jaish –e- Mohammed (JeM) အဖွဲ့ရဲ့ ဘင်္ဂလာဒေခ်ျ့ ဆိုင်ရာ ခေါင်းဆောင် ဖြစ်တယ်လို့ ဘင်္ဂလာရဲက  စွပ်စွဲ ပြောဆိုပါတယ်။သူ့ကို ဒက္ကားမြို့တော်က ဖေါ်ကီးရာပှူုရ် အရပ်မှာ  သြဂတ်စ်လ ၁၆ ရက် နေ့လည်း ၁၂ နာရီ ၁၅ မှာ ရဲအဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ သူဟာ ကော့စ်ဘဇားကနေ ဒက္ကားမြို့ကို  လာရောက်စဉ်မှာ ဖမ်းဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။သူကို  မြန်မာနိုင်ငံက ၀င်ရောက်လာတဲ့ ရိုဟင်ဂျာ ဆိုသူတွေနဲ့ ဒေသခံ ဘင်္ဂလီတွေကို သူတို့အဖွဲ့ထဲမှာ ၀င်ဖို့ စည်းရုံး စုဆောင်းနေသူ တစ်ဦး ဖြစ်တယ်လို့လည်း  ဘင်္ဂလာဒေခ်ျ့ရဲက စွပ်စွဲ ပြောဆိုပါတယ်။မူဟာမတ် ယူနိုးဟာ ဘင်္ဂလာဒေခ်ျ့ ဆိုင်ရာ(JeM) ရဲ့ အဓိက ထိပ်ပိုင်း ခေါင်းဆောင် ဖြစ်တယ်လို့လည်း ရဲက ပြောပါတယ်။သူရဲ့ တာဝန်က ရိုဟင်ဂျာဆိုသူတွေ နဲ့ ဒေသခံတွေကို စည်းရုံး စုဆောင်းပြီး JeM ရဲ့ လှုပ်ရှားမူတွေကို ဘင်္ဂလာဒေခ်ျ့မှာ ဆောင်ရွက်ဖို့ ဖြစ်တယ်လို့ ရဲက ပြောပါတယ်။မူဟာမတ် ယူနို့ဟာ ကော့စ်ဘဇားခရိုင် ရာမူး (ပန်းဝါ) က ဖြစ်ပြီး ကောစ်ဘဇားက ဘာသာရေး ကျောင်းတစ်ခုမှာ ဆရာ ဖြစ်တယ်လို့ ပြောပါတယ်။သူဟာ အရင်ကတော့ ဘင်္ဂလာဒေခ်ျ့က မတရား အသင်း ကျေညာထားတဲ့ ဘာသာရေး အစွန်းရောက်အဖွဲ့Jamaat-ul-Mujahidee (JMB) ရဲ့ အဖွဲ့ဝင် တစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီ JMB အဖွဲ့ထဲက ဒါဇင်ဝက်နီးပါးခန့် ရှိတဲ့ ခေါင်းဆောင်တွေကိုတော့ ဘင်္ဂလာဒေခ်ျ့က အစိုးရက ၂၀၀၇ ခုနှစ်က သေဒဏ်ချမှတ်ကာ ကွပ်မျက် ပစ်ခဲ့ပါတယ်။သူ့လက်ရှိ လုပ်နေတယ်လို့ စွပ်စွဲ ပြောဆိုထားတဲ့ JeM အဖွဲ့ဟာ  ၂၀၀၁ ခုနှစ် ဒီဇင်္ဘာလက အိန္ဒိယ ပါလီမန်ကို တိုက်ခိုက်တဲ့ နေရာမှာ တခြားအဖွဲ့တွေနဲ့ အတူ ပါဝင်ခဲ့ပြီး ပါကိစ္စတန် ကရာရှိမြို့မှာ အမေရိကန် သတင်းထောက် Daniel pearl ပြန်ပေးဆွဲ သတ်ဖြတ်မူကို ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ဘင်္ဂလာဒေခ်ျ့မှာ ၁၉၉၁ ခုနှစ်စပြီး နိုင်ငံခြားက စစ်သွေးကြွ အဖွဲ့ ၁၄ ခု လူပ်ရှားလျှက်ရှိနေရာမှာ ဒီအဖွဲ့လည်း တစ်ဖွဲ့အပါအ၀င်ဖြစ်တယ်လို့ပြောပါတယ်။

နိရဉ္စရာ

ကွန်ပျူတာ တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းပြီး

Posted by drmyochit Sunday, August 19, 2012, under | No comments




ရန်ကုန် (မဇ္ဈိမ)။   ။ အခက်အခဲများကြားမှ ကျောင်းသားများ၏ အရေးအရာကို ဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန် ကွန်ပျူတာတက္ကသိုလ် ကျောင်းသားသမဂ္ဂကို ကျောင်းသား ၃၇ ဦးဖြင့် သောကြာနေ့က ဖွဲ့စည်းလိုက်ကြကြောင်း သမဂ္ဂဖြစ်မြောက်ရေး ဦးဆောင်လှုပ်ရှားသူများက ပြောသည်။ “ဒီအဖွဲ့စည်းကို ဖွဲ့စည်းခဲ့တယ်ဆိုတာကလည်း ခက်ခက်ခဲခဲနဲ့ပါ။ သမဂ္ဂတခု ဖွဲ့စည်းဖို့ဆိုတာ အင်မတန် ခက်ပါ တယ်။ ကျောင်း သားမိဘတွေ၊ ဆရာဆရာမတွေရဲ့ အတားအဆီး အခက်အခဲတွေလည်း အများကြီး ကြုံရပါတ ယ် ” ဟု သမဂ္ဂဖြစ်မြောက်ရေးကော်မတီမှ ကိုဒီငြိမ်းလင်း က ပြောသည်။


မင်္ဂလာတောင်ညွှန့် မြို့နယ် ၉၈ လမ်းရှိ အဖွဲ့ဝင်တဦး အိမ်တွင် ဖွဲ့စည်းခဲ့သော သမဂ္ဂအနေဖြင့် ကွန်ပျူတာ
ကျောင်းသားများ၏ အခွင့်အရေးများကို အဓိကတောင်းဆိုရန်နှင့် ပညာရေးစနစ်နှင့် ပတ်သက်သည့် ကိစ္စရပ်များ
ကို ဝန်ကြီးဌာနများနှင့် တိုက်ရိုက် တွေ့ဆုံ ဆွေးနွေးနိုင်ရန် စသည့် ရည်ရွယ်ချက်များနှင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု သမ ဂ္ဂတွင်ပါဝင်သူပထမနှစ်ကျောင်းသားကိုရဲကျော်ကျော်ကပြောသည်။

နိုင်ငံအ၀ှမ်း ကျောင်းသားသမဂ္ဂများ ဖြစ်မြောက်ရေး ကော်မတီက အကြံဉာဏ်ပေးကာ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး အဆိုပါ သမဂ္ဂတွင် အဖွဲ့ဝင်အများစုက ပထမနှစ် ကျောင်းသား၊ ကျောင်းသူများ ဖြစ်ကြသော်လည်း ဒုတိယနှစ်နှင့် တတိယနှစ် ကျောင်းသား၊ ကျောင်းသူများလည်း ပါဝင်သည်။ သမဂ္ဂဖွဲ့စည်းရာတွင် အာဏာပိုင်များနှင့် ဆရာ၊ ဆရာများအား တိုင်ပင်ခဲ့ခြင်းမရှိဟုဆိုသည်။

“တကယ်က ကျနော်တို့လုပ်နေတာက နိုင်ငံရေး မဟုတ်ဘူးခင်ဗျ၊ ကျောင်းသားရေးပါ။ ဒါကို သူငယ်ချင်းတွေကို
ပြောတယ်။ ဒါပေမယ့် ခုချိန်ထိ လက်မခံနိုင်ကြဘူး။ ကျောင်းသားရေးနဲ့ နိုင်ငံရေးကို ကွဲမြင်စေချင်ပါတယ်” ဟု ကိုရဲကျော်ကျော်ကဆိုသည်။  

ရန်ကုန်မြို့တွင် တက္ကသိုလ် ၁၆ ခု ရှိပြီး ယခု ကွန်ပျူတာ တက္ကသိုလ် ကျောင်းသားများသမဂ္ဂသည်
ခြောက်ခုမြောက်သမဂ္ဂဖြစ်သည်။

ကျောင်းသား သမဂ္ဂများ ဖြစ်မြောက်ရေး ကော်မတီကို ယခုနှစ် ဇွန် ၁ ရက်က စတင်ဖွဲ့စည်းခဲ့ပြီး ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်၊ လှိုင်သာယာ နည်းပညာ တက္ကသိုလ်နှင့် အမျိုးသား စီမံခန့်ခွဲမှု ကောလိပ် တို့တွင်လည်းကျောင်း သားသမဂ္ဂများ ဖွဲ့စည်းနိုင်ရေးအတွက် ကြိုးပမ်းသွားမည် ဟု ကိုဒီငြိမ်းလင်းက မဇ္ဈိမကို ပြောကြားသွားသည်။ 

ရခိုင်ပြည်နယ် ပဋိပက္ခဖြေရှင်းရေး အင်ဒိုနီးရှားအစိုးရ အထူးကိုယ်စားလှယ် ခန့်အပ်ဖွယ်ရှိ

Posted by drmyochit Sunday, August 19, 2012, under | No comments

 
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ပဋိပက္ခတွေ ဖြေရှင်းရေးနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားအစိုးရက အထူးကိုယ်စားလှယ် တစ်ယောက် ခန့်အပ်ဖွယ်ရှိကြောင်း ဂျကာတာပို့စ် သတင်းစာက ဖော်ပြပါတယ်။အင်ဒိုနီးရှား ဒုတိယ သမ္မတဟောင်းလည်းဖြစ် PMI ခေါ် အင်ဒိုနီးရှား ကြက်ခြေနီအသင်း ဥက္ကဋ္ဌ လည်းဖြစ်တဲ့ မစ္စတာ Jusuf Kalla ကို အထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူဖို့ တိုက်တွန်းခဲ့ရာမှာ မစ္စတာ Kalla က သဘောတူ လက်ခံခဲ့ကြောင်း သမ္မတ ယိုဒိုယိုနိုကပြောပါတယ်။

ဒါ့အပြင် မစ္စတာ Kalla ဟာ အင်ဒိုနီးရှားမှာ အလားတူ ပဋိပက္ခတွေကို ဖြေရှင်းခဲ့တဲ့ အတွေ့အကြုံရှိခဲ့တာကြောင့် ဒီတာ ၀န်နဲ့ အသင့်တော်ဆုံး ပုဂ္ဂိုလ်ဖြစ်ကြောင်း၊ မကြာခင်ကလည်း မြန်မာပြည်ကို သွားရောက်ပြီး ပဋိပက္ခ အခြေအနေတွေကို တိုက်ရိုက် ကြည့်ရှု လေ့လာခဲ့ကြောင်းလည်း သမ္မတ ယိုဒိုယိုနိုက ပြောပါတယ်။မြန်မာအစိုးရဟာ တခြားအဖွဲ့အစည်းတွေနဲ့ အတူ မစ္စတာ Kalla ဦးဆောင်တဲ့ PMI အင်ဒိုနီးရှား ကြက်ခြေနီအသင်းကို ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက် ကူညီရေးပစ္စည်းတွေ ပေးခွင့်ပြုခဲ့ပါတယ်။ မစ္စတာ Kalla ဟာ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

မစ္စတာ Kalla ဟာ လာမယ့် စက်တင်ဘာ (၈) ရက်နေ့မှာ မြန်မာနိုင်ငံကို ထပ်မံသွားရောက်ပြီး ဒေသခံ အရေး ကြီးပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံမယ်လို့ သိရကြောင်း သမ္မတ ယိုဒိုယိုနိုက ပြောပါတယ်။ဒီအတွင်း အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေကလည်း ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်ပြီး ပေါ်ပေါက်နေတဲ့ အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေကြောင်း လက်ရှိ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားရဲ့ နိုင်ငံခြားရေးဌာနက ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ လူသားချင်း စာနာရေးဆိုင်ရာ လိုအပ်တဲ့ အကူအညီတွေကို မြန်မာအစိုးရက တောင်းခံလာမယ်ဆိုရင် မိမိတို့အနေနဲ့ ကူညီဖို့အသင့်ရှိနေကြောင်း၊ မြန်မာအစိုးရက မိမိ ပြည်တွင်းရေး ပြဿနာကို ကုလသမဂ္ဂ အပါအ၀င် တခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေတဲ့အပေါ် ကြိုဆိုကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

RFA(မြန်မာပိုင်း) 

ကမ္ဘာတစ်ပတ်ခရီးဆန့်ခဲ့သည့် ကမ္ဘာ့အသက် အကြီးဆုံး ဂျပန်အမျိုးသား

Posted by drmyochit Sunday, August 19, 2012, under | No comments


 
ဂျပန်နိုင်ငံမှ ဆာဘူရို ရှိုချီသည် ကမ္ဘာ တစ်ပတ်သို့ ခရီးဆန့်ခဲ့သည့်   ကမ္ဘာ့ အသက် အကြီးဆုံး ခရီးသွား သူအဖြစ်  ဂင်းနစ် စံချိန်တင် ခဲ့ကြောင်း ဒေသတွင်း သတင်းစာ တစ်စောင်က  သြဂုတ် ၁၇ ရက်တွင် ဖော်ပြခဲ့ ကြောင်း သိရသည်။
ရှိုချီသည် အသက် ၉၉ နှစ် အရွယ်တွင်  ၎င်း၏ ခရီးစဉ်ကို စတင်ခဲ့ပြီး နိုင်ငံခြား တိုင်းပြည် များတွင် ကလေး ကျန်းမာ ရေးနှင့် ပညာရေး သင်ခန်း စာများ ပို့ချခဲ့ပြီး မြောက်အမေရိက၊ ဥရောပနှင့် အာဖရိက တစ်လွှား သွားရောက် ခဲ့ကြောင်း  သိရသည်။ ရှိုချီသည် ဖူကူ အိုကာ ပညာရေး တက္ကသိုလ်မှ အငြိမ်းစား ပါမောက္ခ တစ်ဦးဖြစ်ပြီး သြဂုတ် ၁၆ ရက်တွင် အသက် ၁ဝ၆  နှစ်ပြည့်ခဲ့ ကြောင်းသိ ရသည်။    

ဝက်သားစား ရိုဟင်ဂျာ ကုလားလို့ ဆက်၍ ခေါ်မည်ဘိုင် ( တက္ကသိုလ်ဘုန်းနိုင်၏ သူငယ်ချင်းလိုဘဲ ဆက်၍ ခေါ်မည်ခိုင် ဆိုတဲ့  ၀တ္ထုကို နမူနာယူပြီး ) နာမည်ဖြင့် ဤ ဆောင်

Posted by drmyochit Sunday, August 19, 2012, under | No comments



From:အောင်သာနီ

၂၀၁၀ -ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ရွေးကောက်ပွဲဝင်သွားတော့ ကျွန်တော်ဆောင်း ပါးတပုဒ် ရေးခဲ့ သည် ။ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အနိုင်ရမည်မှာ သေချာသည် ။ ဒေါ် အောင်ဆန်းစုကြည်သည်လည်း လွှတ်တော်ကိုယ်စားလှယ်ဖြစ်မည် ။ ရာထူးတာဝန်အရ ၀န်ကြီး တနေရာလောက်ကို ပေး မည် ။ အတိုက်အခံခေါင်းဆောင်မရှိသော မြန်မာနိုင်ငံ ဒီမိုကရေစီလောက ဖြစ်သွားမည် ။ ပြည်ပရှိအဖွဲ့ တွေ ဥပမာ ပြည ထောင်စုမြန်မာ နိုင်ငံ အဝေးရောက် အမျိုးသားအစိုးရကို ဖျက်သိမ်းရတော့မည် ။ အခြား ( NLD-LA ) ကို ဖျက်သိမ်း ရတော့မည် ။ အခြားအဖွဲ့ အစည်းတွေ ဖျက်သိမ်းကြမည် ။ ပြည်တွင်းသို့  အတိုက်အခံ ဒီမိုကရေစီလောကမှ လူတွေ ၀င်သွားကြမည် ။ ပြည်ပရှိ မြန်မာသံရုံးတွင် ဆန္ဒပြနိုင်စရာ အကြောင်းမရှိတော့ ။ အကြောင်းမှာ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကိုယ်စားလှယ်ဖြစ်သွား၍ပင်ဖြစ်သည်ဟုဆောင်းပါးရေးသားခဲ့ဖူးပါသည်။

ဤသို့  ဝေဖန်တွက်ချက်ခဲ့ ရာ၌ ဒေါ်အောင်ဆန်းစုကြည်အား ၀န်ကြီးတနေရာလောက်ကို ပေးမည်ဆိုသော အချက်မှလွဲ၍ အခြားသောအချက်များမှာ တိုက်ဆိုင်စွာ တူညီနေခဲ့ သည် ။ သို့ သော် ဒေါ်အောင်ဆန်းစုကြည်အား ရာထူး တာဝန်တခုအနေဖြင့် တရားဥပဒေစိုးမိုးရေးကော်မီတီတွင် ဥက္ကဋ္ဌအဖြစ် ခန့် အပ်တာဝန်ပေးလိုက်သည် ။ သမ္မတကြီး ဦးသိန်းစိန်၏ အစိုးရတွင် သမ္မတ အကြံပေးကော်မီတီလည်း နှစ်ခုရှိနေသည် ။ ဥပဒေပြုကော်မီတီဆိုသည်မှာလည်း ဖွဲ့ ထားသေးသည် ။ တရားဥပဒေစိုးမိုးရေး မရှိလို ပါဟု ပြောဖန်များသောကြောင့် ဒေါ်အောင်ဆန်းစုကြည်အတွက် တရားဥ ပဒေစိုးမိုးရေး ကော်မီတီဆိုပြီး ဖွဲ့ ထားလိုက်သည်လား မပြောတတ်ချေ ။အစိုးရ၏ ဖွဲ့ စည်းသမျှ ကော်မီတီများကို စာရင်းပြုစုပြီး သုတေသန ပြုလုပ်လျှင် စာအုပ်ကောင်း တအုပ် ထွက်လာမည်ဖြစ်သည် ။ ယခုတဖန် စုံစမ်းစစ်ဆေးရေးကော်မီတီ ဖွဲ့ လိုက်ပြီဟု ကြားရပြန်သည် ။ အစိုးရမှ တရားဝင် ဖွဲ့ စည်းလိုက်သော ကော်မီတီများကား ပြည်ပက ပြည်တော်ပြန်များ၏ အတတ်ပညာများကို အမွေခံရရှိသွား၍သာ ဖြစ်မည် ။ သမ္မတကို အကြံပေးရန်အတွက် ဖေးမစေဖို့  အကြံပေးနေပြီ ဆိုကတည်းက လွှတ်တော်ညီလာခံကို ကျင်းပစရာမလို ။ စင်စစ်အားဖြင့် သမ္မတ အကြံပေးကော်မီတီဆိုသည်မှာ လွှတ်တော်ထက်ပင် အာဏာလက်စောင်း ထက်လေသလား မပြောတတ် ။ တခုတော့ရှိသည် ။ သူတို့ ပေးသောအကြံမှာ နိုင်ငံအတွက် အကောင်းဆုံး အကြံများ ပေးကြမည်ဆိုသည်ကို တထစ်ချ ယုံကြည်သည်။

ပြည်သူ့ လွှတ်တော်ညီလာခံ ဆိုသည်မှာ သမ္မတနှင့် ဥပဒေပြုရေး ၊ တရားဥပဒေစိုးမိုးရေး ၊ အချုပ်အချာ အာဏာ တည်တန့် ခိုင်မြဲရေး ဆိုသည်တို့ ကို တက်ညီလာက်ညီ ဆောင်ရွက်နေကြသောကြောင့် သမ္မတအကြံပေး ကော်မီတီမှာ -တခုထက်ပို၍ ကော်မီတီအများကြီး ဖွဲ့ စရာမလိုအပ်ဟု ထင်သည် ။ ဒေါ်အောင်ဆန်းစုကြည်ကို ဥက္ကဋ္ဌထားပြီး တရားဥပဒေစိုးမိုးရေး ကော်မီတီ လုပ်ထားပြန်လျှင် စုံစမ်းစစ်ဆေးရေးကော်မီတီကို နောက်ထပ်တခါ ဖွဲ့ စည်းရန်လည်း မလိုအပ်တော့ ။ စုံစမ်းစစ်ဆေးရေးဆိုသည်မှာ မြန်မာနိုင်ငံပြည်သူ့ ရဲအလုပ်သာဖြစ်သည် ။ အကယ်၍ ရခိုင်ပြည်နယ်မှ ရခိုင်လူမျိုးနှင့် ဘင်္ဂလီမွတ်ဆလင် ကုလားလူမျိုးတို့ ၏ အဓိကရုဏ်း အဖြစ်အပျက်အမှန်များကို မြန်မာနိုင်ငံ ပြည်သူ့ ရဲထံမှသာ အစီရင်ခံစာ တောင်းယူရန်နှင့် ကွင်းဆင်းစစ်ဆေးရန် အတွက် ဒေါ်အောင်ဆန်းစုကြည်တို့  ကော်မီတီမှ သွားရုံသာရှိသည်။

ကျွန်တော်တို့  လိုချင်သည်မှာ အဖြစ်အပျက်အမှန်သာ ဖြစ်သည် ။ အစိုးရကလည်း အဖြစ်အပျက်မှန်သာ လိုချင်သည်ဟု ယုံကြည်သည် ။ ယခုဖြစ်ပျက်နေသော ရခိုင်ပြည်နယ်မှ ပဋိပက္ခများ၏ အကြောင်းအရာကို တိကျစွာ စစ်ဆေးရန်သာလိုပြီး ထိရောက်သောပြစ်ဒဏ်များကို ပေးစေလိုသည် ။ ရခိုင်ပြည်နယ်တွင် ဗုဒ္ဒဘာသာကိုးကွယ်သော ရခိုင်လူမျိုးနှင့် မွတ်ဆလင် ဘာသာကိုးကွယ်သော ဘင်္ဂလီကုလားများမှာ ယခုအချိန်တွင် ပြသနာဖြစ်နေသည်ကို ကမ္ဘာကပါ သိနေသည် ။ ကျွန်တော်တို့ မှာ မွေးကတည်းက ရခိုင်လူမျိုးဖြစ်ပြီး မွတ်ဆလင်ဘာသာကိုးကွယ်သော ဘင်္ဂလီကုလားများနှင့် အတူတူပင် နေခဲ့ ကြသူများဖြစ်သည် ။ တယောက်အကြောင်းကို တယောက် သိကြပြီးဖြစ်သည် ။ ရခိုင်ပြည်နယ်မှာ ရိုဟင် ဂျာဟုခေါ်သော ယင်းလူမျိုးကို မည်သည့်အခါမျှ နာမည်တပ်၍ မခေါ်ဖူးခဲ့  ။ ကြားလည်းမကြားဖူး ၊ ရှိလည်းမရှိ ၊ သိလည်း မသိ ။ ကျွန်တော်တို့  မသိသော ယင်းလူမျိုးကို ရခိုင်ပြည်နယ်မှာ မနေဖူးဖူးသော မီဒီယာများ -မှ အသံလွှင့်နေသူများ -စာ ရေးသားနေသူများကို ကျွန်တော်အံ့သြမိသည် ။ သူတို့  ဘာကြောင့် ယခုလို အသည်းအသန် ရေးသား ပြောဆိုနေကြရပါသနည်း။

ကျွန်တော်တို့ ရခိုင်လူမျိုးများမှာ သမိုင်းအမှန်ကို ပြောနိုင်သည် ။ ထို့ ကြောင့် သမိုင်းအမှန်ကို ချပြနေခြင်းဖြစ်သည် ။ သူတို့ အား တိုင်းရင်းသားအဖြစ် သတ်မှတ်ဖို့ - မြန်မာနိုင်ငံသားသတ်မှတ်ဖို့ ဆိုသည်မှာ ရခိုင်လူမျိုးတို့ အဖို့  အာဏာမရှိ၍ မည်သို့ မျှ လုပ်ပိုင်ခွင့်မရှိ ။ ဘင်္ဂလီကုလားတို့ က သူတို့ အား တိုင်းရင်းသားအဖြစ် သတ်မှတ်ရန် အစိုးရက မည်သို့ မျှ မဖြစ်နိုင်သောကြောင့် ရခိုင်လူမျိုးတို့ အား ရန်ပြုသတ်ဖြတ် လည်ပင်းလှီးနေသည်မှာ အဓိပ္ပါယ် မရှိချေ ။ ကျွန်တော် ပြောနေသည်မှာ ရှင်းနေပါသည် ။ ရခိုင်လူမျိုးတို့ မှာ အာဏာမရှိ ။ သို့ သော် ကုလားတို့ က သူတို့ အား တိုင်းရင်းသားလူမျိုးအဖြစ် အသိအမှတ် မပြု၍ ရခိုင်လူမျိုးတို့ အား ရန်ပြုသတ်ဖြတ်လာသောအခါ ရခိုင်လူမျိုးအဖို့  ကုလားများနေထိုင်ရန် သူတို့  ရခိုင်ပြည်နယ်ကို လက်လွှတ်စွန့် လွှတ်ရန် စိတ်ဆန္ဒ ရှိလိမ့်မည် မဟုတ် ။ ရခိုင်လူမျိုးတို့ ၏ သတ္တိကိုကုလားတို့ကကောင်းစွာသိကြပြီးဖြစ်သည်။

အစိုးရအနေဖြင့် ဥပဒေအတိုင်း အတိအကျ ရခိုင်လူမျိုးနှင့် ဘင်္ဂလီကုလားတို့ ၏ ပြသနာကို ဖြေရှင်းခြင်းဖြစ်သည် ။ ရိုဟင်ဂျာ ဆိုသော နာမည်မျိုးကို မသုံးစွဲရဘဲ စုံစမ်းစစ်ဆေး အရေး ယူခြင်းမျိုးသာ ဖြစ်ရမည် ။ သို့ အတူ နိုင်ငံ တကာတွင်လည်း ရခိုင်လူမျိုးနှင့် ဘင်္ဂလီလူမျိုးဟုသာ သုံးနုံးရမည်ဖြစ်သည် ။ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ လူမျိုးဆိုသည်မှာ တိုင်းရင်းသားမဟုတ်ပါဟု သမ္မတကော သက်ဆိုင်သူ တာဝန်ရှိ ၀န်ကြီးများက ပြောဆိုထားပြီးဖြစ်၍ ၄င်းအသုံးအနုံးများကို လက်မခံကြောင်း အတိအလင်း ကြေညာထားရမည်ဖြစ်သည် ။ ကုလသမ္မဂတွင် သူတို့ က အဖိနှိပ်ခံ နှိပ်စက်ခံ ၊ သတ်ဖြတ်ခံနေရသည် ၊ မုဒိမ်းကျင့်ခံနေရပါသည်ဟု ပြောပြီး ရာဇ၀တ်မှုမြောက်သော လူသားချင်းစာနာမှုကို ထိခိုက် စေသည့်ပြစ်မှုဆိုင်ရာဥပဒေအတိုင်းအရေးယူပါဟုပြောလို့ကတော့ဂရုစိုက်စရာမလို။

ယခုဖွဲ့ စည်းပေးလိုက်သော စုံစမ်းစစ်ဆေးရေးကော်မီတီကလည်း ရခိုင်ပြည်နယ်မှ ဗုဒ္ဒဘာသာဝင်လူမျိုးနှင့် မွတ်ဆလင် ဘင်္ဂလီလူမျိုးတို့ ၏ ပဋိပက္ခများကို အဖြစ်အပျက်အမှန်အတိုင်း စုံစမ်းစစ်ဆေးရန် လိုသည် ။ မီဒီယာများမှ အင်တာဗျူးများ ပြုလုပ်သည့်အချိန်တိုင်းတွင်လည်း ယင်းကဲ့ သို့ သာ ဖြေကြားကြစေလိုသည် ။ နုတ်မစောင့် စည်းမစောင့် လူပျက် ဇါဂ နာသည်လည်း ပါနေပြန်ရာ သူ့ ကြောင့် ရခိုင်လူမျိုးတွေနှင့် ပြသနာ မကြီးထွားစေလို ။ ရိုဟင်ဂျာဆိုသော ၄င်းနာမည်ကို ပြည်တွင်းမှာ လွန်ခဲ့ သော နှစ်ပေါင်းများစွာက ခေါ်ဝေါ်သုံးစွဲ နေကြသည်ဆိုလျှင် ရခိုင်လူမျိုးတို့ မှာ ယင်းနာမည်ကို လက်မခံနိုင်စရာ အကြောင်းမရှိ ။ ရခိုင်ပြည်နယ်မှာ ရင်းနှီးသော မွတ်ဆလင် ကုလားလူမျိုးကို ၀က်သားစားကုလား ဟု ချစ်စနိုး ခေါ်ကြသည် ။ အကယ်၍ သူတို့ ၏ ရိုဟင်ဂျာဆိုသော နာမည်ကို ရခိုင်လူမျိုးတို့ က ယခင်က ကြားဖူး သိဖူး ရင်းနှီး ဖူးကြလျှင် ဤသို့ ခေါ်ဝေါ်ကြပါလိမ့်ည် ။ ၀က်သားစားရိုဟင်ဂျာကုလားဟု ချစ်စနိုး ခေါ်ဝေါ်ကြမည်မှာ သေချာလှပါသည် ။ ထို့ ကြောင့် ၀က်သားစားရိုဟင်ဂျာ ကုလားအကြောင်းကို နကန်းတလုံးမှ မသိဘဲ သူတို့ ဟာလဲ လူပါဘဲ ဟု ပြောနေလို့ ဖြင့် ရခိုင်လူမျိုးများမှာလဲ ပြောစရာ ရှိလာမည်ဖြစ်သည် ။ ယင်းရခိုင်လူမျိုးတို့ ၏ လူ့ အခွင့်အရေးကား နယ်မြေဆုံးရှုံးခြင်းနှင့် လူမျို၍ နိုင်ငံပျေက်သွားမည့် ပြသနာ အကြီးစားဖြစ်သည် ။ အကယ်၍ ဘင်္ဂလီမွတ်ဆလင် ၀က်သားစားရိုဟင်ဂျာ ( ချစ်စနိုး ခေါ်သော နာမည် ) တို့ အား လူ့ အခွင့်အရေးသမားတို့ က စုံစမ်းစစ်ဆေးရေးကော်မီတီ ၊ သမ္မတ အကြံပေးကော်မီတီ ၊ ဥပဒေပြုကော်မီတီ ၊ နောက်ထပ်ပေါ်ပေါက်လာအုံးမည့် ကော်မီတီ နှင့် ပြည်သူ့ လွှတ်တော်တို့ သို့  အကြံပြုစာများ ပေးပို့  လိုလျှင် သူတို့ အား ခရီးသွားလာခွင့်များပေးပြီး သူတို့  နေထိုင်ရာ အခြားပြည်နယ်များနှင့် နိုင်ငံခြားများသို့သွားရောက်ခွင့်ကိုသာပေးလိုက်ကြပါဟုပြောချင်သည်။


( တက္ကသိုလ်ဘုန်းနိုင်၏ သူငယ်ချင်းလိုဘဲ ဆက်၍ ခေါ်မည်ခိုင် ဆိုတဲ့  ၀တ္ထုကို နမူနာယူပြီး ) ဤ ဆောင်းပါးကို ရေးပါတယ်

ရခိုင်အရေး ကော်မရှင် ဖွဲ့စည်းမှု ဘန်ကီမွန်းကြိုဆို

Posted by drmyochit Sunday, August 19, 2012, under | No comments

 
သမ္မတဦးသိန်းစိန်က ရခိုင်ပြည်နယ် ပဋိပက္ခအရေး  အဖွဲ့ဝင် ၂၇ ဦးပါ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်း တာဝန် ပေးအပ်လိုက်တဲ့အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကြိုဆိုလိုက်ပါ တယ်။အဲဒီကော်မရှင်မှာ မြန်မာ့နိုင်ငံရေးနဲ့ လူမှုရေးနယ်ပယ် အသီးသီးက တတ်/သိပညာရှင်တွေ၊ ပရဟိတ စေတနာ့ ၀န်ထမ်း အကျိုးဆောင်တွေ၊ ၈၈ ကျောင်းသားခေါင်းဆောင်တွေ အစရှိတဲ့ တက်ကြွလှုပ်ရှားသူတွေ ပါဝင်ကြ ပါတယ်။ဒီကော်မရှင် အနေနဲ့ ရခိုင် ပြည်နယ် သဟဇာတမျှတစွာ တည်ငြိမ်ရေးအတွက် ရခိုင်ပြည်နယ်ကမူဆလင် အသိုင်းအ၀ိုင်းရဲ့ အခြေအနေ အပါအ၀င် အကြမ်းဘက် ရုန်းရင်ဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့တဲ့ အကြောင်းရင်းတွေကို စုံစမ်းစစ်ဆေးနိုင်လိမ့်မယ်လို့ ယူဆပါကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ သောကြာနေ့က ကြေညာချက်မှာဖော်ပြထားပါတယ်။ဒီလို ကော်မရှင်မျိုး ဖွဲ့စည်း နိုင်တာဟာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် သိပ်အရေးကြီးတယ်လို့ လည်း ဆိုပါတယ်။ကုလသမဂ္ဂအနေနဲ့ မြန်မာ့ ပြုပြင်ပြောင်းလဲရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ စိန်ခေါ်နေတဲ့ ပြဿနာတွေ ဖြေရှင်းမှာ ကုလသမဂ္ဂက အပြုသဘောနဲ့ အထောက်အကူပေးဖို့ အဆင်သင့် ရပ်တည်နေပါကြောင်းလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးက ကြေညာချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

VOA(မြန်မာပိုင်း)

သီလဝါ အထူးစီးပွားရေးဇုန်ကို အများပိုင်ကုမ္ပဏီဖြင့် အကောင်အထည်ဖော်မည်

Posted by drmyochit Sunday, August 19, 2012, under | No comments


From:ခေတ်လူငယ်

ရန်ကုန်မြို့တစ်ဖက်ကမ်း သန်လျင်မြို့နယ်၌ တည်ထောင်မည့် သီလဝါ အထူးစီးပွားရေးဇုန်ကို ပြည်သူများ၏ ထည့်ဝင်ငွေဖြင့် အများပိုင်ကုမ္ပဏီ ဖွဲ့စည်းဖော်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UNFCCI) ဥက္ကဋ္ဌ ဦးဝင်းအောင်က သြဂုတ်လ ၁၃ ရက်နေ့က ပြောသည်။ ဂျပန်နှင့် မြန်မာဖက်စပ် အကောင်အထည်ဖော်မည့် အဆိုပါဇုန်အတွက် မြန်မာဘက်မှ အများပိုင်ကုမ္ပဏီအနေဖြင့် ပါဝင်မည်ဖြစ်ပြီး ဂျပန်နိုင်ငံဘက်မှလည်း ကုမ္ပဏီအများ ဖက် စပ်အကောင်အထည် ဖော်မည် ဖြစ်ကြောင်း ၄င်းကပြောသည်။ “သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်း စတုရန်းဟက်တာ ၂၄၀၀ လုံးကို အကောင်အထည်ဖော်မှာပါ။ ဂျပန်နဲ့ မြန်မာနိုင်ငံ အစိုးရတို့ရဲ့ နှစ်ဦးနှစ်ဖက် သဘောတူညီချက်အရ ဂျပန်ဘက်ကလည်း ကုမ္ပဏီအများစုစည်း၍ လုပ်ငန်းအကောင်အထည်ဖော်မှာဖြစ်ပြီး မြန်မာနိုင်ငံဘက်ကလည်း အများပိုင်ကုမ္ပဏီ ဖွဲ့စည်းပြီး အ များရဲ့ထည့်ဝင်မှုနဲ့ ဆောင်ရွက်မယ်” ဟု ၄င်းကပြောသည်။ သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ဂျပန်၊ စင်ကာပူနဲ့ မလေးရှားကုမ္ပဏီများက အစီအစဉ် အဆိုပြုချက်များ တင်ပြကာ မြေများဝယ်ယူထားသည် ဆိုသည်မှာ မဟုတ်မှန်ကြောင်းနှင့် မြေပိုင်ဆိုင်မှုမှာ နိုင်ငံတော်၏ လက်ထဲတွင် ရှိကြောင်းလည်း ဦးဝင်းအောင်က ပြောသည်။ “အခု ဘယ်လိုလုပ်မယ်ဆိုတာတွေ အစပျိုး အကောင် အထည်ဖော်နေပါပြီ။ အများပြည်သူကို ရှယ်ယာခေါ်ဖို့အတွက် project plan တို့ feasibility study တို့လုပ်ဖို့ လိုတဲ့အတွက် အဲဒါတွေ စလုပ်နေပါပြီ။ ဒီနှစ်ကုန်လောက်မှာ ရှယ်ယာစခေါ်နိုင်ဖို့ မှန်းထားတယ်” ဟု ၄င်းက ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြ ထားပါသည်။

ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်ကို၂၀၁၆ခုနှစ် ဒီဇင်ဘာတွင် အပြီးတည်ဆောက်မည်

Posted by drmyochit Sunday, August 19, 2012, under | No comments


 
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို လက်တွဲတည်ဆောက် နိုင်မည့် ဟံသာဝတီအပြည်ပြည် ဆိုင်ရာ လေဆိပ်ကို ၂၀၁၆ခုနှစ် ဒီဇင်ဘာတွင် အပြီးတည်ဆောက် မည်ဖြစ်ကြောင်းလေကြောင်းဦးစီး ဌာန လက်ထောက်ညွှန်ကြားရေး မှူး ဒေါ် နွယ်နီဝင်းကျော်မှ ပြောသည်။

““အပြည်ပြည်ဆိုင်ရာ လေဆိပ် သစ်တစ်ခု တည်ဆောက်ဖို့ ၁၉၉၀ ခုနှစ် လောက်ကတည်းက ဆန္ဒ ရှိခဲ့တာ ပါ။ရန်ကုန်မြို့ကနေ မိုင် (၅၀)လောက်ကွာဝေးတဲ့နေရာမှာ နေရာကိုးခုလောက်ရွေးပြီး မြေပြင် ဒဏ်ခံနိုင်အား ဧရိယာ ကျယ်ဝန်း မှုစတာတွေကို ရွေးချယ်ပြီး ဟံသာ ၀တီအပြည်ပြည်ဆိုင်ရာလေဆိပ် နေရာကိုရွေးလိုက်တာပါ၊ဒီလေဆိပ် စီမံကိန်းကို ၂၀၁၆ခုနှစ် ဒီဇင်ဘာ မှာ အပြီးတည်ဆောက်မယ်လို့ မှန်းထားတယ်””ဟု လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နွယ် နီဝင်း ကျော်မှHot Newsသို့ပြောသည်။

ယင်းကဲ့သို့ဆောက်လုပ်ရာ တွင် ဗိသုကာကဏ္ဍ၊လျှပ်စစ်စက် မှုကဏ္ဍ၊လေကြောင်းဆက်သွယ် ရေးကဏ္ဍ၊ စက်ကိရိယာ ပိုင်းကဏ္ဍ စသည့် ကဏ္ဍများစွာပါဝင်သည့် အတွက်ကြောင့် ပြည်တွင်းပြည်ပ မှ ရင်းနှီးမြှုပ်နှံမှုများ ခေါ်ယူကာ ဆောင်ရွက် မည်ဖြစ်သည်။

လက်ရှိတွင် လေဆိပ်စီမံကိန်း အတွက် ပြည်တွင်းပြည်ပရင်းနှီး မြှုပ်နှံမှုအပေါ် ပြည်ပနိုင်ငံများ မှလည်း စိတ်ဝင်စားမှု များစွာရှိ သည့်အတွက် ဌာနသို့ လာရောက် လျှောက်ထားမှုများရှိကြောင်းသိရသည်။

စတုတ္ထမြောက် ကေအဲန်ယူ ဆက်ဆံရေးရုံး ဖွင့်ပွဲ လူပရိဿတ် ၆၀၀နီးပါး တက်ရောက်

Posted by drmyochit Sunday, August 19, 2012, under | No comments


 
ကရင်ပြည်နယ်၊ မြ၀တီမြို့ အမှတ်(၃)ရပ်ကွက်၊ သီရိမင်္ဂလာလမ်းတွင် ကရင်အမျိုးသားအစည်းအရုံး (KNU)မှ ကရင် အမျိုးသားလွတ် မြောက်ရေး-KNLA တပ်မဟာ(၆)နှင့် တပ်မဟာ(၇) ဆက်ဆံရေးရုံးကို ယနေ့မနက်ပိုင်းက ဖွင့်လှစ်ခဲ့ရာ လူပရိဿတ် ၆၀၀နီးပါး တက် ရောက်ခဲ့ကြသည်။

ယနေ့ မြန်မာစံတော်ချိန် ၁၀နာရီကျော်မှစတင်၍ စက်ခလုတ်နှိပ်ကာ တစ်နာရီကျော်ကြာ ပြုလုပ်ခဲ့သည့် အဆိုပါ ဆက်ဆံရေးရုံးဖွင့်ပွဲတွင် ၀န်ကြီး ဦးအောင်မင်းက အစိုးရနှင့် KNU ကြား ဆက်သွယ်ရေး ပုံမှန်လုပ်ဆောင်သွားနိုင်ရန် ယုံကြည်မျှော်လင့်ကြောင်း ပြောကြားသွားခဲ့ သလို KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက “ကျနော်တို့ အခုလို ဆက်ဆံရေးရုံးတွေ လိုက်လံဖွင့်လှစ်ရတာက တစ်တချက် နားလည်မှု ရရှိစေဖို့နဲ့ နှစ်အချက်က ပူးပေါင်းဆောင်ရွက်လာဖို့ပဲ ဖြစ်ပါတယ်”ဟု ပြောဆိုခဲ့သည်။
အခမ်းအနားသို့ KNU ဘက်မှ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်စောဂျော်နီ၊ ဖားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော် အေး၊ ဘိတ်-ထားဝယ်ခရိုင် ဥက္ကဌစောကွယ်ထူးဝင်း၊ ညောင်လေးပင်ခရိုင် ဥက္ကဌ ပဒိုစောလေးလော် ဆောနှင့် အခြားတပ်ဖက်၊ အရပ်ဖက် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဖားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော်အေးက အပြောလွယ်၊ အလုပ်ခက်သည့် ငြိမ်းချမ်းရေးလုပ်ငန်းကို ဒီမိုကရေစီ နည်းကျကျက အများသဘောဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယခုလို ပြောဆိုသည်။
“အများဆုံးဖြတ်ချက်ဟာ ရာနှုန်းပြည့်မမှန်ဘူး ဆိုသော်လည်းပဲ အကောင်းဆုံးစနစ်ဆိုတာကို ခံယူတယ်။ ဒါကြောင့်မို့ အလုပ်တခုလုပ်ပြီ ဆိုရင် အများဆုံးဖြတ်ချက်အပေါ်မှာ ရဲရဲဝံ့ဝံ့နဲ့ ခိုင်ခိုင်မာမာ သံဓိဌာန်ချပြီးတော့ လုပ်သွားဖို့ အရေးကြီး တယ်။ ကေအဲန်ယူ ဗဟိုရှေ့ဆောင် မှုအောက်မှာ ကွန်ဂရက်က ချမှတ်ထားတဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းသွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်အပေါ်မှာ တစိုက် မတ်မတ် လုပ်ဆောင်သွားမယ်”ဟု ၎င်းက ဆိုသည်။
ယခုဖွင့်ပွဲတွင် အစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌဖြစ်သူ မီးရ ထားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးခင်ရီ၊ ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်း၊ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်၊ မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးအုန်းမြင့်၊ အရှေ့တောင် တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်တင်မောင်ဝင်း အပါအ၀င် ပြည်နယ် ၀န်ကြီးအချို့၊ လွှတ်တော်ကော်မရှင်များ တက်ရောက်ခဲ့ကြသည်။
ထို့အပြင် ကလို့ထူးဘော DKBA မှ ဗိုလ်မှူးဆန်းအောင်၊ ဗိုလ်မှူးကျော်သက်၊ ငြိမ်းချမ်းရေးကောင်စီမှ စောနေစိုးမြ၊ နယ်ခြား စောင့်တပ် အမှတ်(၃) တိုက်နယ်မှူး ဗိုလ်မှူးကြီးချစ်သူ၊ ဗိုလ်မှူးမုတ်သုန်တို့အပြင် မြ၀တီခရိုင်အတွင်းရှိ ဌာနဆိုင်ရာ တာဝန် ခံများ၊ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်-NLD နှင့် ဖလုံ-စဝေါ်ပါတီ အပါအ၀င် နိုင်ငံရေးအဖွဲ့အစည်းများမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။
“ကျနော်တို့နိုင်ငံဟာ လွတ်လပ်ရေးရပြီးကတည်းက ခုချိန်ထိ ပြည်တွင်းစစ်မီးကို အဆုံးသတ်ပြီး ငြိမ်းချမ်းရေးကို ရစေ ချင်ပြီ။ အားလုံးက လည်း ဒီလိုပဲ ပူးပေါင်းဆောင်ရွက်ကြလိမ့်မယ်လို့ ကျနော်က မျှော်လင့်ပါတယ်။ မြ၀တီမြို့နယ် NLD အနေနဲ့ကလည်း ငြိမ်းချမ်းရေး မရရ အောင်တော့ ပူးပေါင်းဆောင်ရွက်ဖို့ကို အဆင်သင့်ပါပဲ”ဟု မြ၀တီခရိုင် NLD ဥက္ကဌ ဦးစိန်ဗိုလ်က ကေအိုင်စီသို့ ပြောဆိုခဲ့သည်။
ယခုကဲ့သို့ ဆက်ဆံရေးရုံး ဖွင့်လှစ်သည့်အပေါ် မြ၀တီမြို့ခံ စောကျော်ကျော်က “ဒီလိုရုံးဖွင့်လိုက်ခြင်းအားဖြင့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်။ တဆက်တည်းမှာပဲ ဖွံ့ဖြိုးရေးနဲ့ စီးပွားရေးလည်း တိုးတက်ဖို့ လူထုတစ်ဦးအနေနဲ့ လိုလားချက် ရှိပါ တယ်လို့ ပြောလိုပါတယ်”ဟု ပြောသည်။
KNLA ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက ကျန်ရှိသည့် ကေအဲန်ယူ ဆက်ဆံရေးရုံးများကိုလည်း ဆက်လက် ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း ယနေ့ ပြုလုပ်သည့် ဖွင့်ပွဲအခမ်းအနားတွင် တက်ရောက်လာသူများအား ပြောကြားသွားခဲ့သည်။
မြ၀တီ ဆက်ဆံရေးရုံးတွင် တာဝန်ခံအဖြစ် တပ်မဟာ(၇)မှ တပ်ရင်း(၁၀၁)မှူး ဗိုလ်မှူးကြီးဖောဒိုနှင့် ဒုတာဝန်ခံအဖြစ် တပ်မဟာ(၆)မှ အထူးစစ်ကြောင်းမှူး ဗိုလ်ကြီးလမင်းကို တာဝန်ပေးထားကြောင်း KNU အသိုင်းအ၀ိုင်း၏ ပြောဆိုချက်များအရ သိရသည်။
ပြီးခဲ့သည့် ဧပြီလနှင့် မေလများတွင် ပဲခူးတိုင်း ကျောက်ကြီးမြို့၊ တနင်္သာရီတိုင်း ထားဝယ်မြို့နှင့် ကရင်ပြည်နယ် ဘုရား သုံးဆူမြို့များတွင် KNU ဆက်ဆံရေးရုံးများကို ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။

from-ကေအိုင်စီ 

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်