Wednesday, August 22, 2012

မလေးတွင် မြန်မာ အလုပ်သမားများ ၀ိုင်းရိုက်၍ အင်ဒိုနီးရှား အလုပ်သမား တစ်ဦးသေဆုံး

Posted by drmyochit Wednesday, August 22, 2012, under | No comments



 
 မလေးရှား နိုင်ငံတွင် မြန်မာ အလုပ်သမား ၃ ဦး ၀ိုင်းရိုက်၍ အင်ဒိုနီးရှား အလုပ်သမား တစ်ဦး သေဆုံး သွားကြောင်း  New Straits Times က ဖေါ်ပြသည်။ အဆိုပါ မူခင်းသည် သြဂတ်စ်လ ၂၀  က  ပီနန် Bukit Mertajam  မြို့တွင်  ဖြစ်ပွားခဲ့သည် ဟုဆိုသည်။ အင်ဒိုနီးရှား အလုပ်သမား ပူရာဝတီ (Purawadi) ၂၄ နှစ်သည် ကြက်သွန် စက်ရုံ တစ်ခုတွင် အလုပ်သမား  ပါမတ်ဖြင့်အလုပ် လုပ်ကိုင်နေသူ တစ်ဦးဖြစ်ပြီး အဆိုပါနေ့ အခင်းမဖြစ်ပွားမီ မြန်မာ အလုပ်သမားများနှင့် အတူ အနီးအနားက ဆိုင်တစ်ခုတွင် အရက် သောက်ခဲ့ကြသည်ဟု သတင်းတွင် ဖေါ်ပြသည်။ အခင်း မဖြစ်ပွားမီ  ပူရာဝတီသည် မြန်မာ အလုပ်သမားများနှင့် အငြင်းအခုံ ဖြစ်ခဲ့ကြသည်။ စကားများပြီးနောက် အင်ဒိုနီးရှား အလုပ်သမားသည်  ဆိုင်မှ မီတာ ၈၀ အကွာဝေးတွင် တည်ရှိသော သူနေထိုင်ရာ စက်ရုံ အတွင်းရှိ အလုပ်သမား အဆောင်သို့ ထွက်ပြေးခဲ့သည်ဟု ဆိုသည်။ သူသည် သူနေထိုင်ရာ အခန်းတွင်ပင် မြန်မာ အလုပ်သ မားများ၏ တိုက်ခိုက်မူကြောင်း သေဆုံးသွားခဲ့ပြီး  မြန်မာ အလုပ်သမားများသည် တိုက်ခိုက်ရာတွင် သံပိုက်လုံး၊ တုတ် ဓါးများကို အသုံးပြုခဲ့သည်ဟု ရဲအဖွဲ့က ဆိုသည်။  လူသတ်မူနှင့် ပတ်သက်ပြီး မလေးရှား ရဲအဖွဲ့က စက်ရုံ မန်နေဂျာနှင့် မြန်မာ အလုပ်သမား သုံးဦးကို ဖမ်းဆီးလိုက်ပြီး ယခုအခါ စစ်ဆေးမေး မြန်းမူများ ပြုလုပ်နေသည်ဟု ဆိုသည်။

KIA အဖွဲ့ဝင်နှစ်ဦးနှင့်အတူ အတင်းအဓမ္မ စုဆောင်းခြင်းခံရသော အရပ်သားနှစ်ဦးအား ဖမ်းဆီးရမိ

Posted by drmyochit Wednesday, August 22, 2012, under | No comments


 
 From:http://mwdmedia.net/
၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်တွင် မြန်မာတပ်မတော်မှ ဆဒုံး-စတာပါ လမ်းကြောင်း၌ ကင်းပုန်းဝပ်နေ စဉ် ဆဒုံးမြို့တွင်းမှ မောင်းနှင်လာသည့် ဆိုင်ကယ်နှစ်စီးအား မသင်္ကာ၍ စစ်ဆေးရာ ဆိုင်ကယ်ထိုင်ခုံအ တွင်း ပလတ်စတစ်ဖြင့် ထုပ်ထားသော တရုတ်လက်ပစ်ဗုံး (၂)လုံးနှင့်အတူ ၎င်းတို့ ၄ ဦးအား ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ပါသည်။

အဆိုပါဖြစ်စဉ်၌ နှစ်ဦးမှာ ကေအိုင်အေ(ကချင်) အဖွဲ့ တပ်ရင်း (၃)မှ အမှတ် (စိစစ်ဆဲ) တပ်ကြပ်ကြီး အဆင့်ရှိ ငွားချီးနှင့် ကေ အိုင်အေ (ကချင်)အဖွဲ့ တပ်ရင်း(၅)မှ အမှတ် (အေ-၅၆၈၁၁) တပ်ကြပ်အဆင့်ရှိ ဇီတာ (ခ) မန်းဂါးတို့ဖြစ်ကြောင်း တွေ့ရှိရပါသည်။ အခြားနှစ်ဦးမှာ တပ်သားသစ်အဖြစ် အတင်းအဓမ္မ စုဆောင်းခြင်းခံရသူ များဖြစ်ပြီး မောင်ဝေါလေ (ဘ) ဦးဝေတား (၂၁)နှစ်၊ လီဆူး/ခရစ်ယာန်၊ အောင်မြေ (၁) ကျေးရွာ၊ ဝိုင်းမော်မြို့နှင့် မောင်ဟော်လူခါး (ဘ) ဦဟော်လေး (၁၇)နှစ်၊ လီဆူး/ခရစ်ယာန်၊ ရပ်ကွက် (၄)၊ ဝိုင်းမော်မြို့တို့ဖြစ်ကြောင်း သိရှိရသည်။

KIA အဖွဲ့မှ အဖွဲ့ဝင် ၂ ဦးအား ဆဒုံရဲစခန်း၌ အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပြီး တပ်သားသစ်အဖြစ် အတင်း အဓမ္မစုဆောင်းခံရသူ အရပ်သား ၂ ဦးအား ၎င်းတို့၏ အုပ်ထိန်း သူများ ထံသို့ ပြန်လည် လွှဲပြောင်း ဆောင် ရွက်သွား မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

ဘာမှတ်နေလဲ ကျွန်မဦးလေးကလူကြီး

Posted by drmyochit Wednesday, August 22, 2012, under | No comments



 
မန္တလေးတိုင်း ဒေသကြီးချမ်း မြသာစည်မြို့နယ် မြရည်နန္ဒာ ရပ်ကွက် ကွင်းအမှတ် ၅၃၇ တွင် ကျူးကျော်နေသူများအား သက်ဆိုင်ရာမှ ဖယ်ရှားပေးခြင်းမပြုပါက ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် တွေ့ ဆုံအကူအညီ တောင်းခံသွားမည်ဟု KIO  ခွဲထွက်အဖွဲ့မှ ဗိုလ်ကြီး နန်းမြသစ် က ပြောသည်။ ”ကျွန်မတို့ ဝယ်ယူထားတဲ့ မြေပေါ်က ကျူးကျော်တွေကို သက်ဆိုင်ရာက ဖယ်ရှားမပေးဘူး ဆိုရင် ကျွန်မ ဦးကြီး ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက် ခမ်းနဲ့တွေ့ပြီး  အကူအညီ တောင်းသွားမှာပါ”ဟု ၄င်းက ပြောသည်။
ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်းနှင့် ၄င်း၏  မိခင်ဒေါ်မန်ဆိုင် ပန်ပုံသည် မောင်နှမအ ရင်းဖြစ်ပြီး ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း သည်အစ်ကိုကြီးဖြစ်ကာ ၄င်းနှင့် ဦးကြီး တော်စပ်သည်ဟု ၄င်းကပြောသည်။ ၄င်းမြေကွက် ၅၃၇ ကို ဦးတင်မောင်ဦး ဆောင်သော လယ်သမား ကြီးများထံမှ KIO အဖွဲ့က ယခုနှစ်အ တွင်း ကျပ်သိန်း ၁၈ဝဝ နှင့် ဝယ်ယူ ထားခြင်းဖြစ်ပြီး ၁၅ ဧကခန့် ကျယ်ဝန်းသည်ဟု KIO ခွဲထွက်အဖွဲ့ မှ ဒုဗိုလ်မှူးကြီး ညွန့်စိန်က ပြောသည်။ ”လယ်သမားကြီး သုံးဦးဆီက ကျပ်သိန်း ၁၈ဝဝ နဲ့ ၁၅ ဧက ဝယ်တယ်။ ခန့်မှန်းခြေ ပေ ၃ဝ x ပေ ၄ဝ အဆောက်အအုံအကွက် ၅ဝလောက် ရောင်း တယ်။ ကျန်မြေကွက်တွေကို ကျွန်တော်တို့ ပင်မစစ်ဌာနချုပ် အတွက် ရန်ပုံငွေရအောင် စိုက်ပျိုးရေးလုပ် မယ်။ ဝက်မွေးမြူမယ်။ ကြက်မွေးမြူ မယ်” ဟု ၄င်းက ပြောသည်။၎င်းတို့ စစ်ဌာနချုပ်၌ရှိသော သူများအနေနှင့်အဆိုပါ သတင်းကြား သောအခါ အားလုံးစိတ်ဆင်း ရဲနေရ ပါသည်ဟု ၄င်းက ပြောသည်။ ”မြစ်ကြီးနား၊ ဝိုင်းမော်စတဲ့ ဒေသတွေကို နိုင်ငံတော်က နယ်မြေ သတ်မှတ်ပေးထားတယ်။ ဒါကို ကျွန်တော်တို့ ဗိုလ်ချုပ်ကိုယ်တိုင် ဦးစီးပြီး သစ္စာရှိရှိလုပ်ပေးနေတယ်။ ဒါကြောင့် ရန်ပုံငွေလိုတယ်လေ။ ဒါကြောင့် စိုက်ပျိုးရေး လုပ်ရအောင် မြေကွက်ဝယ် လိုက်တာပါ”ဟု ၄င်း က ရှင်းပြသည်။ အဆိုပါ မြေကွက်တွင် ကျူးကျော် နေသူများအား မန္တလေးမြို့တော် စည်ပင်မှ သြဂုတ်လ ၁၅ ရက်နေ့ နောက်ဆုံးထား၍ အပြီးအပိုင်ဖယ် ရှားပေးရန်နှင့် အမိန့်ကြေညာချက် အားလိုက်နာ ဆောင်ရွက်ခြင်း မရှိပါက တည်ဆဲ ဥပဒေများအရ ထိရောက်စွာ အရေးယူသွားမည်ဟု သြဂုတ်လ ၁၅ရက်နေ့ထုတ် မန္တလေးနေ့စဉ် သတင်းစာတွင် ကြေညာထားသည်။ ”ဒီနေ့အထိတော့ စည်ပင်က နေပြီးတော့ တစ်စုံတစ်ရာ ပြောကြား ထားတာ မရှိပါဘူး”ဟု ၄င်းမြေကွက် တွင်နေထိုင်သော ကိုလှဋ္ဌေးက ပေါ်ပြူလာ နယူးစ်သို့ ပြောသည်။ ထို့အပြင် ၄င်းနေရာတွင် နေထိုင် သူအသက် ၅ဝ ကျော်အရွယ် အမျိုးသား ကြီးတစ်ဦးက ထိုနေရာမှ ပြောင်းရွှေ့ရ မည်ဆိုပါက မည်သည့်နေရာ သွားနေရမည် ဆိုသည်ကို စဉ်းစား၍ မရကြောင်း၊ နေစရာ မရှိပါက ကိုယ့် ကိုယ်ကိုယ် သတ်သေရုံ သာရှိသည်ဟု ပေါ်ပြူလာနယူးစ်သို့ ပြောသည်။၎င်းကျူးကျော်နေထိုင်သူများ အား မန္တလေးနေ့စဉ် ထုတ်သတင်းစာ တွင် ကြေညာထား သော်လည်း ယနေ့အချိန်ထိ ပြောင်းရွှေ့ခိုင်းခြင်း၊ နေရာ ပြန်လည်ချ ထားပေးရန် ပြော ဆိုခြင်းတို့ကို မြို့တော်စည်ပင်မှ လာ ရောက်ပြောဆိုခြင်း မရှိသေးကြောင်း၎င်းတို့ထံမှ သိရသည်။
၎င်းကျူးကျော် နေထိုင်သူများမှ မန္တလေးတိုင်း ဒေသကြီး မြို့တော် စည်ပင်မှ တရားဝင် သတင်းထုတ် ပြန်ထားသဖြင့် ၄င်းတို့အနေနှင့် နေစရာမရှိသည့် အတွက် မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်ထံ အသနား ခံစာတင် ထားသည်ဟု သိရသည်။ အဆိုပါ ကျူးကျော်မြေကွက် တွင် နေထိုင်သူ အများစုသည် ယခင်က တာဝါကျူး၊ သံလမ်းကျူး၊ ပိုင်ရှင်ရှိ ဝိုင်းကျူးများတွင် နေထိုင်သူ များဖြစ်ပြီး၊ အိမ်ထောင်စု ၅၂ဝ၊ လူဦးရေ ၂ဝ၈ဝ ရှိကာ အနယ်နယ် အရပ်ရပ်မှ လာရောက်အလုပ်လုပ် ကိုင်ရင်းနေထိုင် ကြသူများဖြစ်ကြောင်း သိရသည်။

မြန်မာပြည်သူ များအတွက် အထူးဝမ်းသာ စရာလား?

Posted by drmyochit Wednesday, August 22, 2012, under | No comments


 


မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအား ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းပြီးက ပုဂ္ဂလိက ကုမ္ပဏီ လေးခုအားဝန်ဆောင်မှု လုပ်ကိုင်ခွင့်ပေး သွားမည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မှ သိရသည်။ ယင်းသို့ ကော်ပိုရေးရှင်းပြောင်း လဲဖွဲ့စည်းရာတွင် နိုင်ငံတော် ဘတ်ဂျက်ငွေများကို မှီခိုအသုံးပြုသွား မည်မဟုတ်ဘဲ ကော်ပိုရေးရှင်း၏ ရန်ပုံငွေနှင့် နိုင်ငံတကာ အဖွဲ့အစည်း များထံမှ ချေးငွေနှင့် နည်းပညာ အထောက်အပံ့ များဖြင့်သာလည်ပတ် သွားမည် ဟုသိရသည်။ ထိုကော် ပိုရေးရှင်းဖွဲ့ စည်းခြင်းကိုတော့ မကြာ မီဆောင်ရွက် တော့မည်ဖြစ်ပြီး အချိန် အတိအကျ ကိုတော့ ဆက်သွယ် ရေးထံမှ မသိရှိရပေ။  ”လုပ်ပိုင်ခွင့်ပေး ပေမယ့် ဆက် သွယ်ရေး၊ စာတိုက်၊ ကြေးနန်းဝန်ကြီး ဌာန လက်အောက် မှာပဲရှိနေမှာပါ။ ဆက်သွယ်ရေး ကော်ပိုရေးရှင်းအနေ နဲ့ကတော့ ကုမ္ပဏီတွေကို အမြဲတမ်း ဥပဒေအရ စီမံခန့်ခွဲမှုတွေ လုပ်ကိုင် မှာပါ” ဟု ဆက်သွယ် ရေးသင်တန်း ကျောင်းအုပ်ကြီး ဦးကျော်စိုး က ပြောသည်။ ယင်းသို့ ပုဂ္ဂလိက ကုမ္ပဏီများ အားလွှဲပြောင်းလုပ်ကိုင် ခွင့်ပေးပါက ပြည်သူများ ရွေးချယ်ပိုင်ခွင့်ရှိတဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှု အသစ် တစ်ခု ပေါ်ပေါက် လာမည်ဖြစ်ပြီး ပေးဝယ်ရသည့်တန်ဖိုးနှင့် ညီမျှသည့် ဖုန်းများပေါ် ပေါက်လာမည်ဟု ၄င်း ကဆက်ပြောသည်။  ”ပြည်သူလူ ထုအနေနဲ့ ရွေး စရာမရှိတဲ့ အနေအထားကနေ အပြိုင် ဝန်ဆောင်မှု တွေပေးလာမယ့် ရွေးချယ်စရာ ရှိလာတဲ့ ဝန်ဆောင်မှု တစ်ခုကို ရစေလို့တဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ပေး ခြင်းဖြစ်ပါတယ်” ဟု ၄င်းက ဆက်လက်ပြောသည်။ ယင်းသို့ ဆက်သွယ်ရေးလုပ် ငန်းအား ကော်ပိုရေးရှင်း အဖြစ်ပြု ပြင်ပြောင်းလဲ လာခြင်းကြောင့်၊ ဆက်သွယ်ရေးလုပ်ငန်း တွင် ပြည်တွင်း၊ ပြည်ပရင်းနှီး မြှုပ်နှံမှုများ ဝင်ရောက် လာမည်ဖြစ်သလို စိန်ခေါ်မှုလည်း ဝင်လာနိုင်ကြောင်း၊ ယင်းအပြင်ဖုန်း သုံးစွဲမှုအပိုင်းမှာလည်း တိုးတက်လာ မည်ဖြစ်ကြောင်း ၄င်းကဆက်ပြော သည်။ ဆက်သွယ်ရေး လုပ်ငန်းအား ပြုပြင်ပြောင်းလဲ မှုဆောင်ရွက်ရာတွင် ပုဂ္ဂလိကနှင့် ယှဉ်ပြိုင်ဝန်ဆောင်မှု ပေးခြင်းကို မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံ မှုကော်မရှင်၊ အပြည်ပြည်ဆိုင်ရာ ညှိနှိုင်းရေးနှင့် ကျွမ်းကျင်ရေး အဖွဲ့အစည်းများ၊ လူမှုစီးပွားဖွံ့ဖြိုးရေး အကြံ ပေးကောင်စီတို့နှင့် ပူးပေါင်းညှိနှိုင်း တိုင်ပင်၍ ပြည်တွင်း၊ ပြည်ပနိုင်ငံတကာ တင်ဒါစနစ်ဖြင့် ခေါ်ယူ ဆောင် ရွက်သွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေး မှသိရသည်။


ပိုင်ဆိုင်မှုစာရင်းများ သမ္မတထံ ချိတ်ပိတ်တင်ပြ

Posted by drmyochit Wednesday, August 22, 2012, under | No comments




အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုနှင့် အကျိုးစီးပွား ထုတ်ဖော်ရေး အဆိုသည် လွှတ်တော်တွင် အရေးနိမ့်ခဲ့သော်လည်း အစိုးရ၀န်ကြီးများ၊ တရားသူကြီး ချုပ်များနှင့် အစိုးရ ထိပ်တန်း တာဝန်ရှိသူများ၏ ပိုင်ဆိုင်မှုများ အားလုံးကို စာရင်းပြုစုပြီး သမ္မတဦးသိန်းစိန်ထံသို့ လျှို့ဝှက် ချိတ်ပိတ် တင်ပြရကြောင်း သတင်းရရှိသည်။“သြဂုတ်လ ၂၀ ရက်နေ့မှာ ရန်ကုန်တိုင်း ၀န်ကြီးချုပ်ဦးမြင့်ဆွေ၊ တိုင်းဝန်ကြီးတွေ၊ တိုင်းတရားသူကြီးချုပ်၊ ဥပဒေချုပ်၊တိုင်းတရား သူကြီးတွေရဲ့ ပိုင်ဆိုင်မှုတွေ အားလုံးကို သမ္မတရုံးဆီ တင်လိုက်ပါပြီ။ အစိုးရအဖွဲ့ဝင် အားလုံးရဲ့ ပိုင်ဆိုင်မှုတွေကို တင်ခိုင်း ထားတာပါ။ ပြည်ထောင်စု အဆင့်နဲ့ ပြည်နယ်/ တိုင်း အဆင့်တွေအားလုံး သြဂုတ်လ ၂၀ ရက်နေ့ နောက်ဆုံးထား တင်ရတာပါ” ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ တာဝန်ရှိ သူတဦးက အတည်ပြု ပြောဆိုသည်။NLD ပါတီမှ ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် က ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ် အစိုးရ အဖွဲ့ ၀င်များအဖြစ် တာဝန်ထမ်းဆောင် သူများသည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော် ကြေညာရန် အဆိုကို ဇူလိုင်လ ၂၅ ရက်နေ့တွင် တင်သွင်းပြီးနောက် သမ္မတ ဦးသိန်းစိန်က ဇူလိုင်လ ၂၆ ရက်နေ့တွင် အစိုးရအဖွဲ့ ၀င်အားလုံး၏ ပိုင်ဆိုင်မှုနှင့် အကျိုးစီးပွားများကို သြဂုတ်လ ၁ ရက်နေ့ နောက်ဆုံးထား တင်ပြကြရန် အမိန့်ထုတ် ပြန်ခဲ့ကြောင်း၊ သို့ရာတွင် အချိန် နည်းပါးလွန်းသည့်အတွက် ပိုင်ဆိုင်မှုနှင့် အကျိုးစီးပွား တင်ပြသည့် အမိန့်ကို ရွှေ့ဆိုင်းပြီး သြဂုတ်လ ၂၀ ရက်နေ့ နောက်ဆုံးထား တင်ပြရန် ထပ်မံ အမိန့်ထုတ် ပြန်ခဲ့ကြောင်း သိရှိရသည်။“ပထမ ထွက်လာတဲ့ ညွှန်ကြားချက်က ငါးရက်အတွင်း ပိုင်ဆိုင်မှု တင်ခိုင်း တာမျိုးပေါ့။ နောက်တော့ အဲဒီ နောက်ဆုံးရက် သတ်မှတ်ထားတဲ့ သြဂုတ်လ ၁ ရက်နေ့ကို ထပ်ပြီးတော့ ရွှေ့ဆိုင်းပေးတယ်၊ အမိန့် ထပ် ထွက်လာတယ်။ အခုတော့ အားလုံး တင်လိုက်ပါပြီ။ ပိုင်ဆိုင်မှု စာရင်းတွေ တရားဝင် ကြေညာဖို့ ဆိုတာထက် သမ္မတရုံးမှာ မှတ်တမ်း တင်ထားဖို့လို့ပဲ ထင်ပါတယ်” ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်က ရှင်းပြသည်။ NLD ပါတီမှ ဦးဝင်းမြင့် တင်သွင်းသည့် အစိုးရအဖွဲ့ဝင်များ အကျိုးစီးပွားနှင့် ပိုင်ဆိုင်မှုများ တရားဝင် ကြေညာရေး အဆိုမှာ လွှတ်တော်တွင် မဲအပြတ် အသတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ သမ္မတထံ ပိုင်ဆိုင်မှုနှင့် အကျိုးစီးပွား တင်ပြရသော အစိုးရအဖွဲ့ဝင်များတွင် ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု လွှတ်တော် တရားသူကြီးများ၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စု ၀န်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ၀န်ကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေချုပ်များ၊ တရားသူကြီးချုပ်များ၊ တရားသူကြီးများ ပါဝင်သည်။ သမ္မတထံ တင်ပြရသော ပိုင်ဆိုင်မှုနှင့် အကျိုးစီးပွားများတွင် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများ၊ ရွှေ့ပြောင်းနိုင်သော ပစ္စည်းများပါဝင်ပြီး ရွှေ့ပြောင်းနိုင်သော ပစ္စည်းများတွင် စီးပွားရေးလုပ်ငန်း၊ စုဆောင်းထားရှိသော ငွေကြေး၊ မော်တော်ယာဉ်၊ စိန်၊ ရွှေ၊ ငွေ၊ ကျောက်သံ ပတ္တမြားနှင့် ၀တ်ဆင်ရန် ရတနာများ၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများတွင် မြေ၊ အိမ်၊ အဆောက်အအုံတို့ ပါဝင်ကြောင်း သိရှိရသည်။

နော်ဝေးကို ကူးစက်သွားတဲ့ ဘင်္ဂါလီမီး

Posted by drmyochit Wednesday, August 22, 2012, under | No comments


 


  နော်ဝေးနိုင်ငံ အခြေဆိုက် အစ္စလာမ္မစ် အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ အန်ဆာ-အယ်-ဆွန်နားအဖွဲ့ က သူတို့လို ပြည်တွင်းနေ မုတ်စ်လင် တွေအနေဖြင့် ရှားရီးယား ဥပဒေနဲ့ အညီ လွတ်လပ်စွာ နေထိုင်နိုင် ရန်အတွက် မြို့တော် အော်စလို ကို အပိုင်းခွဲပြီး သူတို့အတွက်သီးခြား နိုင်ငံသတ် မှတ်ပေးဖို့နဲ့ မလိုက်လျှောပါက အမေရိကန်နိုင်ငံ မှာလူပေါင်း သုံးထောင်နီးပါး သေဆုံးခဲ့ရတဲ့ နိုင်းအီလဲဗင်း အကြမ်းဖက်မှု လိုမျိုး နော်ဝေးနိုင်ငံကို လက်စားချေ တိုက်ခိုက် သွားမယ်လို့ နော်ဝေအစိုးရကို ငြိမ်းချမ်းစွာ တောင်းဆို လိုက်ပါတယ်။

ဗုဒ္ဓ ရုပ်ထု တော်အား အနမ်းချွေခဲ့သည့် ပြင်သစ်အမျိုးသမီးအား ထောင် ၆ လချမှတ်

Posted by drmyochit Wednesday, August 22, 2012, under | No comments


သီရိလင်္ကာနိုင်ငံတွင် အားလပ်ရက် အလည်အပတ် လာကြသော ပြင်သစ်ကမ္ဘာလှည့် ခရီးသွားအုပ်စုထဲမှ အမျိုးသမီးတစ်ဦးဟာ ဗုဒ္ဓ၏ရုပ်တုတော် အားနှုတ်ခမ်းချင်း နမ်း နေဟန် ဓါတ်ပုံရိုက်ခဲ့ သည့်အတွက်သီရိလင်္ကာတွင် ထောင်ဒဏ်ခြောက် လကျခံစေရန် အင်္ဂါနေ့က ပြစ်ဒဏ်ချ မှတ်ခဲ့ကြောင်း သိရသည်။ပြစ်မှုကျူး လွန်ရာ၌ ပူးပေါင်း ပါဝင် ခဲ့သည့် ၎င်းအပြင် နောက်ထပ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး တို့အားလည်း ဒဏ်ငွေအဖြစ် တစ်ယောက်လျှင် ရူပီးတစ်ထောင့်ငါးရာစီ ပေးဆောင်ရန်လည်း ဆုံးဖြတ် ခဲ့သည်ဟု သိရသည်။

ကာတွန်းများ

Posted by drmyochit Wednesday, August 22, 2012, under | No comments



လားရှိုးမြို့ရေကြီးမှုမှ ကယ်ဆယ်ရေးမှတ်တမ်းဓါတ်ပုံများ

Posted by drmyochit Wednesday, August 22, 2012, under | No comments

From:http://www.mwdmedia.net
လားရှိုးမြို့တွင် သြဂုတ်လ (၁၉)ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး နမ့်လောင်းေ ချာင်းရေ ရေကြီး မှု ဖြစ်ပွားရာမှ ရေကြီးမှု ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပါသည်။ လားရှိုးမြို့အ၀င် ပြည်ထောင်စု လမ်းမကြီးပေါ်နှင့် မြေနိမ့် ပိုင်းကျသော ရပ် ကွက်များသို့ ရေ၀င်ရောက်မှုများရှိခဲ့ရာ နယ်မြေခံပြည်သူများနှင့် တပ်မတော်သားများမှ ကယ်ဆယ်ရေး လုပ်ငန်း များ ဆောင်ရွက်ခဲ့ပါသည်။

မြန်မာနိုင်ငံကို အကူအညီ ပြန်လည်ပေးရေး ကမ္ဘာ့ဘဏ် နည်းဗျူဟာ မူကြမ်းထုတ်ပြန်

Posted by drmyochit Wednesday, August 22, 2012, under | No comments



 
ရှေ့လာမယ့် တစ်နှစ်ခွဲ ကာလအတွင်း မြန်မာနိုင်ငံ ကိုအကူအညီ ပြန်လည် ပေးရေးနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘဏ်အဖွဲ့ကြီးက နည်းဗျူဟာ အစီအစဉ် မူကြမ်းကို မနေ့က ထုတ်ပြန်လိုက်ပါတယ်။ ကြားကာလ နည်းဗျူဟာ အချောတစ်စောင်ကို လာမယ့် အောက်တိုဘာလ အကုန်မှာ ထုတ်ပြန်မယ်လို့လည်း ဆိုပါတယ်။  ကမ္ဘာ့ဘဏ်အဖွဲ့ကြီးက အာရှဘဏ်အဖွဲ့နဲ့အတူ အခုလဆန်းပိုင်းက ရန်ကုန်မြို့မှာ ရုံးခန်းတွေ ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေး အကူအညီအဖြစ် ချေးငွေ အမေရိကန် ဒေါ်လာ ၈၅ သန်း ထုတ်ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။

နေပြည်တော်မှာ Mitsubishi ရုံးဖွင့်မည်

Posted by drmyochit Wednesday, August 22, 2012, under | No comments

ဂျပန်နိုင်ငံရဲ့ နံမည်ကြီး ကုမ္ပဏီကြီး တခုဖြစ်တဲ့ မစ်ဆုဘိရှီ ( Mitsubishi) ကော်ပိုရေးရှင်းကြီးဟာ ဟာ မြန်မာနိုင်ငံ မြို့တော်သစ် နေပြည်တော်မှာ လာမယ့် စက်တင်ဘာလ ၁ ရက်နေ့မှာ ရုံးခန်းသစ် တခု တည်ထောင် ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ သဘာဝ အရင်းအမြစ်တွေ ပေါကြွယ်ဝတဲ့ နိုင်ငံဖြစ်တဲ့အပြင် တရုတ်နိုင်ငံ၊ အန္ဒိယနိုင်ငံနဲ့ အခြား အာဆီယံ နိုင်ငံတွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး ပထ၀ီ သဘောအရ အားသာချက်တွေ ရှိတဲ့ နိုင်ငံလည်းဖြစ် ပါတယ်။ လူဦးရေကလည်း ၆၂ သန်းလောက်ရှိပြီး နောက်ထပ် စက်မှု ဖွံ့ဖြိုးတိုးတက်မှု အလားလားကောင်းတွေ ရှိနေတာ၊ စတာတွေကြောင့် ဈေးကွက်ကောင်း တခုအဖြစ်လက်ခံပြီးအခုလို ကော်ပိုရေးရှင်းကြီး အခြေလာချတာလည်းဖြစ်ပါတယ်။ နိုင်ငံတော်တော် များများက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်လာပြီးနောက် ပိတ်ဆို့ထားတဲ့ စီးပွားရေး ဒဏ်ခတ်မှုတွေကို ဖြေလျှော့ ဖယ်ရှားမှုတွေ လုပ်လာပြီးနောက်ပိုင်း ပြုပြင်ပြောင်းလဲရေး အရှိန်လည်း ရလာခဲ့ ပါတယ်။ တဆက်တည်းမှာဘဲ မြန်မြန်ဆန်ဆန်ဘဲ အစိုးရက ဦးဆောင်ပြီး စွမ်းအင်ကဏ္ဍ၊ တီလီဆက်သွယ်ရေး ၀န်ဆောင်မှု၊ လေဆိပ်နဲ့ လမ်းဆောက်လုပ်ရေး အစရှိတဲ့ အခြေခံ အဆောက်အဦ တိုးတက်ဖွံ့ဖြိုးရေးတွေ ကို နိုင်ငံတကာရဲ့ အားပေးမှုတွေ အပေါ် အခြေခံပြီး ဖော်ဆောင်သွားဖို့လည်း မျှော်လင့်ထားတာပါ။

မုဒိမ်းကျင့်ခံရသော ချင်းအမျိုးသမီး ကျပ် ၅ သိန်းနှင့် ကျေအေးလိုက်ရ

Posted by drmyochit Wednesday, August 22, 2012, under | No comments


ဇူလိုင်လ ၂၈ ရက်နေ့က ကျောက်တော် အခြေစိုက် စစ်တပ် တပ်ရင်း တစ်ခုမှ စစ်သား တစ်ဦး၏ မုဒိမ်း ပြုကျင့်မူကို ခံလိုက်ရသော အသက် ၂၃ နှစ် အရွယ် ချင်းအမျိုးသမီး တစ်ဦး၏ အမူကို ကျပ်ငွေ ၅ သိန်းဖြင့် ကျေအေးလိုက် ရသည်ဟု Chinland Guardian သတင်းတွင် ဖေါ်ပြသည်။ ၎င်းအမျိုးသမီးငယ်မှာ ချင်းပြည်နယ် မင်းတပ်မြို့မှ ဖြစ်သည်။ သူမသည် သူမ၏ ယောင်္ကျား ဖြစ်သူအား  စစ်တပ်က တပ်သား သစ်အဖြစ် စုဆောင်းသွားသည်ဟု ထင်မြင် ယူဆ၍  ရှာဖွေရန် လိုက်လာစဉ် ကျောက်တော်တွင် စစ်သား တစ်ဦး၏ မုဒိမ်းကျင့်ခြင်းကို ခံခဲ့ရသည်ဟု ဆိုသည်။

ဆင်ဘိုတွင် ကြွက်ကျ၊ ပြောင်းခင်းများ ဖျက်ဆီးခံရ

Posted by drmyochit Wednesday, August 22, 2012, under | No comments



 ကချင်ပြည်နယ်၊ ဆင်ဘိုမြို့နယ်အတွင်း ဧရာဝတီမြစ်ထဲမှ တဆင့် ကြွက်အုပ်များ ညအချိန်တွင် အများအပြား ဝင်ရောက်လာကာ ပြောင်းခင်းများအား ဖျက်ဆီးနေကြောင်း ဒေသခံ များ အပြော အရ သိရသည်။ဆင်ဘိုမြို့နယ်ခွဲနှင့် မြင်သာ၊ ရေနားပင်လုံ ရွာများတွင် ကြွက်အုပ်များ သောင်းနှင့်ချီ၍ ဝင်ရောက်နေပြီး မှောင်ရီပျိုးချိန်မှ မနက်အလင်းရောင် မလာမီ အချိန်အတွင်း မြစ်အား ဖြတ်ကူးဝင်ရောက် နေကြောင်း ဆင်ဘိုမြို့နေ ကိုကြည်စိုး က ပြောသည်။

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးနှင့် ၊ ဒေါက်တာအေးမောင်အား အယုံအကြည် မရှိသဖြင့် စုံစမ်းရေး ကော်မရှင်မှ ထုတ်ပယ်ရေး ကန့်ကွက်မည်

Posted by drmyochit Wednesday, August 22, 2012, under | No comments


 


 
ရခိုင်ပြည်နယ်တွင်း ပဋိပက္ခများအား စုံစမ်းရန်နိုင်ငံတော် သမ္မတကဖွဲ့စည်းပေး လိုက်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ပါအဖွဲ့ဝင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးနှင့် ၊ ဒေါက်တာအေးမောင်အား အယုံအကြည် မရှိသဖြင့် စုံစမ်းရေး ကော်မရှင်မှ ထုတ်ပယ်ရေး ကို စစ်တွေ ဒေသခံအချို့က လက်မှတ်ရေးထိုး ကန့်ကွက်ရန် စီစဉ်နေသည်ဟု စစ်တွေဒေသခံ တစ်ဦးကပြောသည်။ ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ဇွန်လအတွင်း လူစုလူဝေးနှင့် အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ဖြစ်ရပ်မှန် ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရန် အစိုးရ၀န်ထမ်း မဟုတ်သည့် ပုဂ္ဂိုလ် ၂၇ ဦးပါဝင်သည့် ကော်မရှင် တရပ်ကို နိုင်ငံတော် သမ္မတ အမိန့်ဖြင့် သြဂုတ်လ ၁၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့ရာ ယင်းကော်မရှင်တွင် ပါဝင်သည့် ရခိုင်အမျိုးသား တိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးတို့ နှစ်ဦးအားကန့်ကွက်ရန် စီစဉ်နေကြခြင်း ဖြစ်သည်။

အောင်စိန်ချည်မျှင်နဲ့ ဆေးဆိုးစက်ရုံ အလုပ်သမား ၁၀၀ ကျော် ဆန္ဒပြ

Posted by drmyochit Wednesday, August 22, 2012, under | No comments



မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ရန်ကုန် မန္တလေး ကားလမ်းနံဘေးက ရတနာပုံ တက္ကသိုလ်လမ်း မှာရှိတဲ့ အောင်စိန်ချည်မျှင်နဲ့ ဆေးဆိုးစက်ရုံ အလုပ်သမား (၁၀၀) ကျော်ဟာ အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ခေါင်းဆောင် ၁၀ ဦးကို အလုပ်ပြန်ခန့်ပြီး စက်ရုံမှာ  အရင်လို နေထိုင်စားသောက် ခွင့်ပေးဖို့ ဒီကနေ့ တောင်းဆို ဆန္ဒပြခဲ့ကြတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူ ကိုတိုးက RFA ကိုပြောပါတယ်။ "သူတို့ရဲ့ အလုပ်ခေါင်းဆောင်တွေ ၁၀ ယောက်ထုတ်ထားတာ မကျေနပ်တဲ့အတွက် သူတို့ကို အလုပ်ခန့်ဖို့  ရာအတွက် ပြောဆိုကြတာပေါ့။ ဆန္ဒပြကြတာပေါ့။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်