Thursday, August 23, 2012

Posted by drmyochit Thursday, August 23, 2012, under | No comments



ကမ္ဘာ့ စီးပွားရေး ဒုတိယ အကြီးဆုံး နိုင်ငံဖြစ်လာသည့် တရုတ်နိုင်ငံတွင် ကျေးလက်နေ ပြည်သူ များ၏ ဝင်ငွေ မညီမျှမှုမှာ အန္တရာယ် ရှိသောအ ဆင့်နီးပါးသို့ ရောက်ရှိ လာကြောင်း CNA သတင်းတွင် ဖော်ပြ ထားသည်။ တရုတ် ကျေးလက် ဒေသ တွင် နေထိုင်သူ လူသန်းပေါင်း များစွာသည် လယ်ယာ လုပ်ငန်း ကို စွန့်လွှတ်ပြီး ဝင်ငွေ ပိုရသော မြို့ပြသို့ တက်ရောက်၍ အလုပ်လုပ်ကိုင် လျက်ရှိရာ ကျေးလက်နေ လယ်ယာ လုပ်သူနှင့် မြို့တက် အလုပ်လုပ်သူ တို့၏ဝင်ငွေမှာ အလွန် ကွာခြားလျက် ရှိသည်ဟု တရုတ် ကျေးလက် လေ့လာရေး စင်တာက ပြောကြားသည်။ တရုတ်တွင် မြို့တက်၍ အလုပ်လုပ်ကိုင် သူများ၏ ဝင်ငွေသည် ကျေးလက်နေ လယ်ယာလုပ်သူ တို့၏ဝင်ငွေထက် ၂ ဆခန့်ပိုမိုရရှိလျက်ရှိသည်။
ဝင်ငွေခွဲဝေမှု အခြေအနေကို တိုင်းတာသော ဂိနီညွှန်ကိန်း(Gini Coefficient)အရ ယမန်နှစ်က တရုတ်ကျေးလက် နေလူများ ဝင်ငွေခွဲဝေမှုမှာ ၀ ဒသမ ၃၉၄၉ ရှိရာ အန္တရာယ်ပေးနိုင် သောအခြေအ နေဖြစ်သည့် ၀ ဒဿမ ၄ နီးပါးသို့ ရောက်ရှိနေပြီဖြစ်သည်။ ဂီနီညွှန်ကိန်းအရ ဝင်ငွေခွဲဝေမှု မညီမျှမှုကို တွက်ချက်ရာတွင် သုည အမှတ်တွင်ရှိပါက ဝင်ငွေခွဲဝေ မှုအပြည့်အဝ ညီမျှသည်ဟု သတ်မှတ်ပြီး၊ ၁ အမှတ်တွင်ရှိပါက ဝင်ငွေခွဲဝေ မှုအပြည့်အဝ ညီမျှမှုမရှိဟု သတ်မှတ်သည်။ ယခုကဲ့သို့ လူများ၏ ဝင်ငွေရရှိမှု အကြီးအကျယ် ကွာဟနေခြင်း တို့ကြောင့် လူထုမကျေနပ်မှု၊မတည် ငြိမ်မှုကို ဖြစ်စေနိုင်ရာ တရုတ်အစိုးရ အတွက်စိုးရိမ်ဖွယ် ရာဖြစ်သည်။ တရုတ်တွင် ဝင်ငွေခွဲဝေမှုကွာ ဟချက်ကြီးမား နေခြ င်းကို စိုးရိမ်သောကြောင့် တရုတ်အစိုးရက တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ဂိနီညွှန်ကိန်းကို မထုတ်ပြန်ခဲ့သည်မှာ ၁၀ နှစ်ကျော်ရှိသွားခဲ့ပြီဖြစ်သည်။

တရုတ်ကျေးလက်နေပြည်သူများ၏ ဝင်ငွေမညီမျှမှု အန္တရာယ်အဆင့်နီးပါးသိုရောက်ရှိ

Posted by drmyochit Thursday, August 23, 2012, under | No comments



ကမ္ဘာ့ စီးပွားရေး ဒုတိယ အကြီးဆုံး နိုင်ငံဖြစ်လာသည့် တရုတ်နိုင်ငံတွင် ကျေးလက်နေ ပြည်သူ များ၏ ဝင်ငွေ မညီမျှမှုမှာ အန္တရာယ် ရှိသောအ ဆင့်နီးပါးသို့ ရောက်ရှိ လာကြောင်း CNA သတင်းတွင် ဖော်ပြ ထားသည်။ တရုတ် ကျေးလက် ဒေသ တွင် နေထိုင်သူ လူသန်းပေါင်း များစွာသည် လယ်ယာ လုပ်ငန်း ကို စွန့်လွှတ်ပြီး ဝင်ငွေ ပိုရသော မြို့ပြသို့ တက်ရောက်၍ အလုပ်လုပ်ကိုင် လျက်ရှိရာ ကျေးလက်နေ လယ်ယာ လုပ်သူနှင့် မြို့တက် အလုပ်လုပ်သူ တို့၏ဝင်ငွေမှာ အလွန် ကွာခြားလျက် ရှိသည်ဟု တရုတ် ကျေးလက် လေ့လာရေး စင်တာက ပြောကြားသည်။ တရုတ်တွင် မြို့တက်၍ အလုပ်လုပ်ကိုင် သူများ၏ ဝင်ငွေသည် ကျေးလက်နေ လယ်ယာလုပ်သူ တို့၏ဝင်ငွေထက် ၂ ဆခန့်ပိုမိုရရှိလျက်ရှိသည်။
ဝင်ငွေခွဲဝေမှု အခြေအနေကို တိုင်းတာသော ဂိနီညွှန်ကိန်း(Gini Coefficient)အရ ယမန်နှစ်က တရုတ်ကျေးလက် နေလူများ ဝင်ငွေခွဲဝေမှုမှာ ၀ ဒသမ ၃၉၄၉ ရှိရာ အန္တရာယ်ပေးနိုင် သောအခြေအ နေဖြစ်သည့် ၀ ဒဿမ ၄ နီးပါးသို့ ရောက်ရှိနေပြီဖြစ်သည်။ ဂီနီညွှန်ကိန်းအရ ဝင်ငွေခွဲဝေမှု မညီမျှမှုကို တွက်ချက်ရာတွင် သုည အမှတ်တွင်ရှိပါက ဝင်ငွေခွဲဝေ မှုအပြည့်အဝ ညီမျှသည်ဟု သတ်မှတ်ပြီး၊ ၁ အမှတ်တွင်ရှိပါက ဝင်ငွေခွဲဝေ မှုအပြည့်အဝ ညီမျှမှုမရှိဟု သတ်မှတ်သည်။ ယခုကဲ့သို့ လူများ၏ ဝင်ငွေရရှိမှု အကြီးအကျယ် ကွာဟနေခြင်း တို့ကြောင့် လူထုမကျေနပ်မှု၊မတည် ငြိမ်မှုကို ဖြစ်စေနိုင်ရာ တရုတ်အစိုးရ အတွက်စိုးရိမ်ဖွယ် ရာဖြစ်သည်။ တရုတ်တွင် ဝင်ငွေခွဲဝေမှုကွာ ဟချက်ကြီးမား နေခြ င်းကို စိုးရိမ်သောကြောင့် တရုတ်အစိုးရက တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ဂိနီညွှန်ကိန်းကို မထုတ်ပြန်ခဲ့သည်မှာ ၁၀ နှစ်ကျော်ရှိသွားခဲ့ပြီဖြစ်သည်။

ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ စက်တင်ဘာတွင်လာရောက်မည်

Posted by drmyochit Thursday, August 23, 2012, under | No comments



ထိုင်းနိုင်ငံ ၀န်ကြီးချုပ် မစ္စယင်လပ်ရှင် နာဝပ်သည် မြန်မာနိုင်ငံသို့ ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် ပတ်သက်သော ကိစ္စများ ဆက်လက် ဆွေးနွေးရန်နှင့် နှစ်နိုင်ငံ သဘောတူထား သည့် ကတိက ၀တ်များကို ဆက်လက် ဆွေးနွေးရန် စက်တင်ဘာလ အတွင်းလာ ရောက်မည်ဟု ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက် ကိုကိုးကား ကာသည် နေရှင်းသတင်းစာ ကဖော်ပြသည်။မြန်မာနိုင်ငံ ၊နေပြည်တော် သို့နှစ်ရက်တာလာ ရောက်မည်ဖြစ်ပြီး ရက်အတိအကျကို မူပြောဆိုထား ခြင်းမရှိသေးပေ။ ဇူလိုင်လ အတွင်း ကထိုင်းနိုင်ငံသို့ လာရောက်ခဲ့သော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်အတွင်း နှစ်ဦးသဘော တူခဲ့သည့် ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် ပတ်သက်သည့် သဘော တူညီချက် ၃ရပ်၏ နောက်ဆက်တွဲ ကိစ္စရပ်များ ဆွေးနွေး သွားမည်ဟု ထိုင်းနိုင်ငံခြားရေး ၀န်ကြီး ဌာနကသတင်း ထုတ်ပြန်သည်။

အောက်ခြေအဆင့် အလုပ်ကြမ်းများအား ရခိုင်အခြေခံလူတန်းစားများ ဝင်ရောက်လုပ်ကိုင်

Posted by drmyochit Thursday, August 23, 2012, under | No comments


394442 149410255196684 1972175705 n

 ရခိုင်ပြည်အတွင်း ဘင်္ဂလီ-ရခိုင် အဓိကရုဏ်း ဖြစ်ပြီးနောက်တွင် အောက်ခြေ အလုပ်ကြမ်း များအား ရခိုင်အခြေခံ လူတန်းစားများ ဝင်ရောက်လုပ် ကိုင်လျှက်ကြောင်း သိရသည်။ ယခင်က ရခိုင်အခြေခံ  အလုပ်သမားများ လုပ်မည့်နေ ရာများတွင် တစ်ဖက်နိုင်ငံမှ တရားမဝင်ကျူးကျော် ဝင်ရောက်လာသည့် ဘင်္ဂလီများက အောက်ခြေအဆင့် အလုပ်များကို နေရာယူ ဝင်ရောက်လုပ်ကိုင် ခဲ့သည့်အတွက် ဒေသခံ ရခိုင်များက နိုင်ငံရပ်ခြားသို့ သွားရောက် လုပ်ကိုင်ခဲ့ ကြရကြောင်း စစ်တွေ ဒေသခံများ မှလာသော သတင်းအရ သိရသည်။
" အဓိကရုဏ်းမဖြစ်မီတော့ စစ်တွေမြို့ အောက်ခြေလုပ်ငန်းတွေကို ဘင်္ဂလီတွေက နေရာယူထားတော့ ဒေသခံ ရခိုင် အောက်ခြေ အလုပ်သမားတွေအတွက် အလုပ်မရှိတော့ဘူး။ ဒီတော့ နိုင်ငံခြားတွေကို တရားဝင်ရော တရားမဝင်ပါ ထွက်ပြီး အလုပ်လုပ်နေကြရတယ်။ အခု ဘင်္ဂလီတွေကို ဒုက္ခသည်စခန်း မှာထားပြီး နေရာကန့်သတ် ထားလိုက်တဲ့အတွက် ဒေသခံ ရခိုင်အခြေခံ အလုပ်သမားတွေ နိုင်ငံခြားကို သွားစရာမလိုတော့ဘဲ ကိုယ့်မြို့ကိုယ့်ရွာမှာ အလုပ်လုပ်လို့ရတာပေါ့ " ဟု စစ်တွေ ဒေသခံ တစ်ဦးက ပြောသည်။
ဘင်္ဂလီများ၏ ကျူးကျော်ဝင်ရောက် နေရာယူထား ခြင်းကြောင့် အလုပ်လက်မဲ့ ဖြစ်နေသည့် ရခိုင် အခြေခံ အလုပ်သမားများမှာ ဆန်ပွဲရုံတန်း၊ သင်္ဘောဆိပ်၊ လှေဆိပ်၊ ဆိပ်ကမ်း၊ စစ်တွေ မြို့မဈေး၊ ကုန်တန်း ဝါးဆိပ်၊ ပန်းရံလုပ်ငန်း၊ အနှေးယာဉ် (ဆိုက္ကား) နှင့် တခြား အလုပ်ကြမ်းများတွင် ဝင်ရောက်လုပ်ကိုင် နေကြပြီ ဖြစ်ကြောင်း သိရသည်။ အခြေခံ အလုပ်သမားများ၏ တစ်ရက်တာ ပျမ်းမျှဝင်ငွေမှာ ကျပ်ငွေ ငါးထောင်နှင့် ခုနှစ်ထောင်ကြား ရရှိပြီး မိသားစုတစ်စု၏ တစ်ရက်တာ အသုံးစရိတ်ကို လုံလောက်စွာ သုံးစွဲနိုင်ကြောင်းနှင့် နိုင်ငံခြားတွင် သွားရောက် အလုပ်လုပ်ကိုင်ရန် ပြင်ဆင်နေသူတချို့လည်း ခရီးစဉ်အား ရပ်တန့်ထားကြောင်း သိရသည်။
" ကျနော်တို့ အယင်ဆိုရင် အလုပ်မရှိဘူး။ ဒီအောက်ခြေလုပ်ငန်းတွေကို ဘင်္ဂလီတွေက နေရာယူထားတယ်။ ဒီတော့ ကျနော်တို့မှာ အလုပ်မရှိဘူး၊ အလုပ်မရှိလို့ စိတ်လေလွင့်ရင် နိုင်ငံခြား ကိုထွက်ပြီး အောက်ခြေ လုပ်ငန်းတွေကို လုပ်ကြရတယ်။ အခုတော့ ဘင်္ဂလီတွေကို ဒုက္ခသည်စခန်းမှာ ထားတယ်ဆိုတော့ ကျနော်တို့ အလုပ်လုပ်လို့ ရတာပေါ့။ " ဟု စစ်တွေမြို့မဈေးမှ အခြေခံ အလုပ်ကြမ်းသမား တစ်ယောက်က ယခုကဲ့သို့ပြောသည်။

ရဲတပ်ဖွဲ့က အကြမ်းဖက် ၀င်ရောက်စီးနင်းမှုကြောင့် ထိခိုက်ဒဏ်ရာရ

Posted by drmyochit Thursday, August 23, 2012, under | No comments



မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာ ရပ်ကွက်အတွင်း ကျူးကျော် အခြေချနေ ထိုင်သူတွေကို လုံခြုံရေးတပ်ဖွဲ့တွေ မနေ့က အဓမ္မ ဖယ်ရှားဖို့ အကြမ်းဖက် ၀င်ရောက် စီးနင်းရာမှာ ကိုချစ်မိုးဆိုသူကို ရဲတွေက လက်ထိပ်ခတ် ဖမ်းဆီးပြီးနောက် တစ်နာရီ ကြာလောက် ညှဉ်းပန်း နှိပ်စက်ခဲ့ကြတယ်လို့ သိရပါတယ်။ကာယကံရှင် ကိုချစ်မိုးက- "ကျွန်တော့်ကို လက်ထိပ်ခတ်တာ လက်ထိပ်က ၂ ခုဆိုတော့ ဒီကိုရိုက်တာ။ ကုတင်ပေါ်ကနေ ကျွန်တော့် အမေကို ဆွဲချလိုက်တော့ ကျွန်တော့်အမေ အောက်ကလဲသွားတဲ့ အချိန် ကျွန်တော်က နေပြီးတော့ အမေ့ကို မလုပ်နဲ့ ဆိုပြီးတော့ ကျွန်တော်က ဖယ်လိုက်တော့ သူကနေပြီး ကျွန်တော့်ကို ဆွဲပြီးတော့ ရိုက်နှက်ပြီးတော့ လက်ထိပ်ခတ်ပြီးတော့ မြေကြီးထဲကို ခြေဆင်းခိုင်းတယ်။ ခြေမဆင်းလို့ဆိုပြီး ခြေထောက်ကို ဖနောင့်နဲ့ ပေါက်တာ။ ကျွန်တော့် နောက်ကျောတွေရော ကန်တယ်။ နားအုံတွေလည်း ရိုက်တယ်။ ခေါင်းတွေရော၊ ဆံပင်ဆွဲဆောင့်ပြီး မြေကြီးထဲမှာ ခေါင်းကို နှိမ်ထားတယ်။ ပြူတင်းပေါက်က တိုင်နဲ့ ကျွန်တော့်ခေါင်းကို ချတယ်။ နံတွေလည်း သူ့ဘွတ်ဖိနပ်နဲ့ ကျွန်တော့်ကို ကန်တယ်" သူ့ကို ဖမ်းဆီးနှိပ် စက်နေချိန်မှာ မန္တလေးအခြေစိုက် သတင်း မီဒီယာသမားတွေ ရောက်လာတဲ့အတွက် အာဏာပိုင်တွေက လက်ထိပ်ဖြုတ်ပြီး ပြန်လွှတ်ပေး လိုက်တာကြောင့် သက်သာရာ ရသွားခဲ့တယ်လို့ ကိုချစ်မိုးက ပြောပါတယ်။
မနေ့က အဓမ္မ ၀င်ရောက် စီးနင်းပြီး ရိုက်နက်ခဲ့မှုကြောင့် ဒဏ်ရာရရှိခဲ့သူ (၇) ဦးဟာ မန္တလေး ပြည်သူ့ဆေးရုံ ပြင်ပလူနာဌာနမှာ ကုသမှု ခံယူခဲ့ကြတယ်လို့ သိရပါတယ်။ လူနာ ၆ ဦးက ညတွင်းချင်း ဆေးရုံ ဆင်းလာခဲ့ ရပေမယ့် ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးကတော့ ဆက်လက်ကုသမှု ခံယူနေရဆဲပဲလို့ သိရပါတယ်။
သေနတ်နဲ့ အရိုက်ခံရတာကြောင့် သတိမေ့မျောသွားတဲ့ နှလုံးရောဂါသည် ဒေါ်ခင်အုန်းမြင့်ဆိုသူ အမျိုးသမီးကတော့ ဆေးကုသဖို့ စရိတ် မတတ်နိုင်တာကြောင့် မနေ့က ဆေးရုံမတက်ခဲ့ရပေမယ့် ဒီကနေ့မှာတော့ ရပ်ကွက်က ကူညီလှူဒါန်းတဲ့ စရိတ်နဲ့ ဆေးရုံမှာ ကုသမှု ခံယူနေတယ်လို့ သိရပါတယ်။ မနေ့က ဖြစ်ပျက်ခဲ့တဲ့ အခြေအနေကြောင့် ရပ်ကွက်သားတွေဟာ အချိန်မတော် ၀င်ရောက် အကြမ်းဖက် စီးနင်းခံရမှာ စိုးရိမ်ထိန့်လန့် နေကြတဲ့အတွက် ညလုံးပေါက် မအိပ်ခဲ့ကြဘူးလို့ ရပ်ကွက်သူ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
"နောက်တခေါက်ဝင်မယ်။ နောက်တခေါက် ဒီလိုဖြစ်ဦးမယ် ဆိုတော့ ကျွန်တော်တို့အားလုံး တအားကို စိုးရိမ်နေကြပါတယ်။ အကုန်လုံးကလည်း မအိပ်ရဘူး။ ကလေး လူကြီးကအစ ဒီလမ်းပေါ်မှာ နေနေရတယ်။ ကိုယ့်အိမ်ထဲကို ဝင်မအိပ်ရဲလောက်အောင်ကို ဖြစ်နေရတယ်"
မြရည်နန္ဒာ ရပ်ကွက်ကို လုံခြုံရေး ရဲတပ်ဖွဲ့တွေ ဒီကနေ့ ထပ်မံ လာရောက်စီးနင်းဖို့ ရှိတယ်လို့ မန္တလေးမြို့မှာ မနက်ပိုင်းကတည်းက သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်နေပေမယ့် ညနေ (၅) နာရီအထိ လာရောက်မှု မရှိသေးဘူးလို့လည်း သိရပါတယ်။

ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းတွင် ဘင်္ဂလီများ ကျူးကျော်စစ်ဆင်နွှဲခြင်းဟု ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးပြော

Posted by drmyochit Thursday, August 23, 2012, under | No comments




images
ရခိုင်ပြည်နယ် ဒေသအတွင်း များမကြာမီက ဖြစ်ပွားခဲ့သည့် ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းတွင် ဘင်္ဂလီများက ရခိုင်ပြည် ဒေသအတွင်း ဝင်ရောက်၍ ကျူးကျော်စစ်ဆင် နွှဲခြင်းဖြစ်ကြောင်း ရခိုင်တိုင်းရင်း သားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်၏ သဘောထားအမြင်ကို ထုတ်ဖော် ပြောဆိုခဲ့ကြောင်း ရခိုင်အကြောင်း တစေ့တစောင်း စာမျက်နှာမှ ဖော်ပြချက်အရ သိရသည်။ တစ်ဖက်နိုင်ငံမှာ တရားမဝင်ကျူးကျော် ဝင်ရောက်လာသော ဘင်္ဂလီ လူမျိုးများအား မြန်မာနိုင်ငံရှိ အကျင့်ပျက် ဝန်ထမ်းတချို့က လာဘ်ငွေယူကာ နေထိုင်ခွင့်ပေးခြင်း နိုင်ငံသားမှတ်ပုံ တင်ထုတ်ပေးခြင်း၊ မြှောက်ပင့် ပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း လည်း ပြောဆိုသွားသည်။

" ကျွန်တော်ပြောချင်တာက ဒါဟာ ကျူးကျော်စစ်ပွဲတစ်ခုပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံကို ဗြိတိသျှတွေ သေနတ်နဲ့ လာရောက်တိုက်ခဲ့တာမှ ကျူးကျော်တာ မဟုတ်ဘူး။ အခု ဟိုဘက်က ဘင်္ဂလီတွေ ကျူးကျော်အခြေချ နေထိုင်လာပြီး အကျင့်ပျက်ဝန်ထမ်းတွေနဲ့ ပေါင်းပြီး မှတ်ပုံတင်တွေ ထုတ်တယ်။ အိမ်ထောင်အများကြီးပြုပြီး၊ ကလေးတွေ သောက်သောက်လဲမွေးတယ်။ ဒီတော့ လူဦးရေတွေ တိုးပွားလာတယ်။ ဒေသခံတွေကို နှင်ထုတ်တယ်။ အိမ်တွေ မီးရှို့တယ်။ သတ်တယ်။ ဒါဟာ ရခိုင်နဲ့  အစ္စလာမ်ဖြစ်တဲ့ ပြဿနာလို့  ပြောလို့ မရတော့ဘူး။ အဲ့ဒီနယ်မြေကို သူတို့ နယ်မြေလို့  ကျူးကျော်တောင်းဆိုလာတယ်။ " ဟု ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။

ယခုကဲ့သို့ ဘင်္ဂလီလူမျိုးများ ကျူးကျော်ခြင်းအား မြန်မာနိုင်ငံအတွင်း မှီတင်းနေ ထိုင်သော တိုင်းရင်း သားအားလုံး နှင့်သက်ဆိုင်ပြီး ၄င်းပြဿနာကို ပြည်သူနှင့် အစိုးရ ပူးပေါင်းပြီး ဖြေရှင်းမှ အောင်မြင်မည် ဖြစ်ကြောင်း၊ ထို့အပြင် ဘင်္ဂလီ လူမျိုးများက လူ့အခွင့်အရေး အရေခြုံပြီး ကမ္ဘာ့နိုင်ငံ တချို့တွင် သတင်းအလိမ်များဖြင့် ဝါဒဖြန့်ခြင်းအားလည်း ရှုတ်ချကြောင်း ပြောကြားခဲ့သည်။
ဦးဇော်အေးမောင်က" ဒီကျူးကျော်စစ်ပွဲဟာ မြန်မာနိုင်ငံ တိုင်းရင်းသားတွေ အားလုံးနဲ့  သက်ဆိုင် တယ်လို့  သတ်မှတ်ပြီး အစိုးရနဲ့  ပူးပေါင်း ဖြေရှင်းမှ အောင်မြင်မယ်လို့ ထင်တယ်။ ဒါ့အပြင် ကမ္ဘာ့ အချို့ နိုင်ငံများက လူ့အခွင့်အရေးကို အရေခြုံပြီး ဇာတ်နာခန်းတွေ ဖွင့်ပြပြီးတော့ ကျွန်တော်တို့ ရခိုင်တွေကပဲ နှိပ်စက်နေသလို ပြောနေတာကိုလည်း ကျွန်တော်က ရှုတ်ချတယ်။ " ဟု ယခုကဲ့သို့ ပြောသည်။
ဆက်လက်၍ ဦးဇော်အေးမောင်က " လူ့အခွင့်အရေးကို အများဆုံး ကြွေးကြော်နေတဲ့ အမေရိကန်နိုင်ငံမှာ ကျွန်တော်တို့  ရခိုင်လူမျိုးတွေ တရားမ၀င် သွားရောက် နေထိုင်ပြီးတော့ တိုင်းရင်းသားပါ၊ အမေရိကန် တိုင်းရင်းသားပါလို့ တောင်းဆိုလာရင် သူတို့က ကျွန်တော်တို့ကို ဘာလုပ်ပေးမလဲ။ အမေရိကန်မှာ ရခိုင်ပြည်နယ်ပေးပါ။ အာရိကန်ဒေသ သတ်မှတ်ပါလို့  ပြောလို့လည်း မရဘူး။ အဲ့ဒီတော့ နိုင်ငံတကာကိုလည်း မျှမျှတတ ဝေဖန်ဆုံးဖြတ်ပါလို့  ပြောချင်ပါတယ်။ " ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ အတွင်းသို့ တရားမဝင် ကျူးကျော်ဝင် ရောက်လာသည့် ဘင်္ဂလီ လူမျိုးများမှာ လွန်ခဲ့သည့် ဆယ်စုနှစ် များစွာကပင် ကျူးကျော်စစ် ပွဲဆင်နွှဲရန် အစီစဉ်တကျ ပြင်ဆင်မှုများ ရှိခဲ့ကြောင်းလည်း သတင်းများထွက် ပေါ်နေကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့ သမ္မတ အိမ်တော်တွင် တွေ့ဆုံဆွေးနွေးနေ

Posted by drmyochit Thursday, August 23, 2012, under | No comments



နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့ သမ္မတ အိမ်တော်တွင် တွေ့ဆုံဆွေးနွေး နေကြကြောင်း သတင်းရရှိပါသည်။  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့ သမ္မတအိမ်တော်တွင် တွေ့ဆုံဆွေးနွေး နေကြကြောင်း သတင်းရရှိပါသည်။ “လွှတ်တော်ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စု အဆင့်ဟု သတ်မှတ်ခြင်းသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ညီညွတ်ခြင်းမရှိ” ဟူသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ဖြေရှင်းရန် နည်းလမ်း အငြင်းပွား နေမှုအပေါ် ဆွေးနွေး နေကြခြင်း ဖြစ်သည်ဟု လွှတ်တော်ရုံး အဖွဲ့တာဝန်ရှိသူ တစ်ဦးကပြောသည်။ အဆိုပါ ဆုံးဖြတ်ချက်ကို ပယ်ပျက်နိုင်ရန် နိုင်ငံတော် သမ္မတက အခြေခံဥပဒေကို ပြင်ဆင်သည့်နည်းလမ်း သုံးစွဲစေလိုကြောင်း ပြောကြားထားပြီး ပြည်သူ့လွှတ်တော်က ခုံရုံးအဖွဲ့ကို စွပ်စွဲပြစ်တင် ခြင်းနည်းလမ်း ဖြင့်ဆောင်ရွက်မည်ဟု ပြောကြားထားသည်။

မဟာ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှု စီမံကိန်း ရေးဆွဲမှုကို ဂျပန်ကျွမ်းကျင် ပညာရှင်များဖြင့် စတင် ဆောင်ရွက်နေ

Posted by drmyochit Thursday, August 23, 2012, under | No comments




 မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးမှု စီမံကိန်း အတွက် ပြည်ပ ပညာရှင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်မှာ ဖြစ်ပြီး လက်ရှိမှာ အဆိုပါ ပညာရှင် တွေဟာ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ မြို့ပြ စီမံကိန်း ဌာနခွဲမှာ တာဝန် ထမ်းဆောင် လျက်ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဆောင်ရွက်မှုကို JICA မှပညာရှင်နဲ့ ကျွမ်းကျင် ၀န်ထမ်း ၃၀ ခန့်က သြဂုတ်လ ဒုတိယပတ်က စတင် ဆောင်ရွက် နေတာ ဖြစ်ပါတယ်။
ဒီလို စီမံကိန်း ရေးဆွဲရာမှာ အပိုင်းလိုက် သက်ဆိုင်ရာ စီမံချက်များနဲ့ရေးဆွဲ သွားမှာ ဖြစ်ပြီး ပထမအဆင့် ရေးဆွဲမှု အနေနဲ့ ကိုးလကြာ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ အဆိုပါ မဟာ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှု စီမံကိန်းနဲ့ ပတ်သက်တဲ့ ပူးပေါင်း ဆောင်ရွက်မှု MoU လက်မှတ် ရေးထိုးမှုကို မေလ ၁ ရက်နေ့က ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်နဲ့ JICA မြန်မာ ရုံးခွဲမှ ဌာနေ ကိုယ်စားလှယ် တို့မှ လက်မှတ် ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ မဟာရန်ကုန် မြို့ပြ ဖွံ့ဖြိုးမှု စီမံကိန်းကို စီမံချက် ၆ ခုနဲ့ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဆောင်ရွက်ရာ မှာတော့ ဓာတ်အား ဖြန့်ဖြူးရေး ကဏ္ဍ စီမံချက်၊ မြို့ပြ သယ်ယူ ပို့ဆောင်ရေး ကဏ္ဍ စီမံရေး၊ ရေဆိုးစနစ် ကောင်းမွန်ရေး၊ ရေစီးရေလာ ကောင်းမွန်ရေးနဲ့ သောက်သုံးရေ ပြည့်ဝစွာ ရရှိရေး အစရှိတာတွေ ပါဝင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် သီလ၀ါ စီးပွားရေး အထူးဇုန် ဖွံ့ဖြိုး တိုးတက်ရေးနဲ့ ရန်ကုန် အပြည်ပြည် ဆိုင်ရာ ပင်လယ်ကူး သင်္ဘော ဆိပ်ကမ်းများ ဖွံ့ဖြိုး တိုးတက်ရေး များကို ဆောင်ရွက်မှာ ဖြစ်ပါတယ်။

ရေကြီးရေလျှံ အဖျက်ခံရသော လယ်မြေများအရေး သဘာဝဘေးရန်ပုံငွေမှ သမ္မတ သုံးစွဲခွင့်ပြု

Posted by drmyochit Thursday, August 23, 2012, under | No comments



ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံး သွားခဲ့သည့် လယ်ယာမြေများ ပြန်လည် စိုက်ပျိုးနိုင်ရန် သမ္မတက သဘာဝ ဘေးအန္တရာယ် ရန်ပုံငွေထဲမှ ထုတ်ယူသုံးစွဲ ခွင့်ပြုလိုက်ကြောင်း သိရသည်။ ခရိုင် ၆ ခုအနက် ၅ ခု ရေလွှမ်းမိုးမှုဒဏ် ခံခဲ့ရပြီး စိုက်ဧက သုံးသိန်းနီးပါးခန့် ရေနစ်ခြင်း ခံခဲ့ရသော ဧရာဝတီတိုင်း ဒေသကြီးအတွက် လိုအပ်သော မျိုးစပါးများ ပံ့ပိုးပေး သွားနိုင်ရန် နိုင်ငံတော်သမ္မတက ထိုသို့ ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်ဟု ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်က စီးပွားရေး လုပ်ငန်းရှင်တို့နှင့် တွေ့ဆုံစဉ် ထည့်သွင်း ပြောကြားလိုက်ကြောင်း သိရသည်။ “ဝန်ကြီးချုပ်က တောင်သူ တွေကိုလည်း ပြောပါတယ်။ ဘာမှမပူနဲ့ပေါ့။ ဒီကိစ္စ အတွက်ကို သမ္မတကြီးက ကူညီပေးမယ်ပေါ့။ ဒီလိုပါ” ဟု မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင် အသင်းချုပ်မှ ဗဟိုအလုပ် အမှုဆောင် ဒေါက်တာစိုးထွန်းက ပြောသည်။ လက်ရှိ ခိုင်မာသော စာရင်းဇယားများအရ ဧရာဝတီတိုင်း ဒေသကြီးတွင် မဖြစ်မနေ ပြန်လည်စိုက်ပျိုး ရန်လိုသည့် စိုက်ဧကမှာ တစ်သိန်းနီး ပါးခန့်သာရှိပြီး အခြားသော လယ်ဧက တစ်သိန်း ခုနှစ်သောင်းတို့မှာ အခြေအနေ ကောင်းမွန် နိုင်သေးသည်ဟု ၄င်းက ဆက်ပြောသည်။ “ရေနစ်တိုင်း ပျက်စီးတာမျိုးမှ မဟုတ်တာဘဲ၊ ရက်ရှည်မှ ပျက်စီးတာ၊ ဒါတွေကို အပိုင်းသုံးပိုင်းခွဲပြီး လုပ်ဖို့ရှိတယ်။ အဓိက လိုမှာကတော့ မျိုးပါပဲ” ဟု ဒေါက်တာစိုးထွန်းက ဆိုသည်။ သဘာဝဘေး အန္တရာယ် ရန်ပုံငွေထဲမှ မည်ရွေ့မည်မျှ ထုတ်သုံးမည် ဆိုခြင်းအပေါ် အတည်ပြုထုတ်ဖော် ပြောဆိုခြင်း မရှိဟု ဧရာဝတီ ဝန်ကြီးချုပ်၏ အပြောကို ကိုးကား၍ ဒေါက်တာစိုးထွန်းက ထပ်မံပြောသည်။ စားနပ်ရိက္ခာ ဖူလုံရေးအဖွဲ့မှ စိုက်ပျိုး ရေးဆိုင်ရာ ဒေါက်တာဘွဲ့ရ အမျိုးသမီး အရာရှိက “အခုရသလောက် ဒေတာတွေ ကောက်ယူ နေပါတယ်။ စာရင်းက မငြိမ်သေးတော့ ပြောဖို့ ခက်နေသေးတယ်။ အခုကတော့ ကယ်ဆယ်ရေး စခန်းတွေအတွက် လိုတာတွေပဲ လှူနေပါတယ်။ ရှေ့ဆက်ပြီး လှူမှာကတော့ မျိုးပါပဲ။ ဒေသနဲ့ကိုက်ညီပြီး စိုက်ပျိုးလို့ရမယ့် မျိုးပါ” ဟု ပြောသည်။ ဆန်စပါးလုပ်ငန်းရှင် အသင်းချုပ်မှ ရရှိသော သတင်းများအရ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့တွင် ဆုံးရှုံးမှုများနေပြီး ခန့်မှန်းဧက လေးသိန်းနီးပါးခန့် ရေမြုပ်ခြင်း ခံခဲ့ရကြောင်း ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီး တို့တွင်မူ ဧကတစ်သောင်း အောက်တွင်သာ ရှိသည်ဟု သိရသည်။ လက်ရှိတွင် ပြန်လည်စိုက် ပျိုးရန်လိုသော မိုးစပါး စိုက်ဧကမှာ တစ်နိုင်ငံလုံးတွင် နှစ်သိန်းမကျော်ဟု ပညာရှင် အများစုက သုံးသပ်ကြကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

ဝန်ကြီးဌာနများ၏ ဆိုက်ဘာလုံခြုံရေး တိုးမြှင့်ရန် အမျိုးသားဆိုက်ဘာ ကော်မတီ အကြောင်းကြားထား

Posted by drmyochit Thursday, August 23, 2012, under | No comments




ပြည်ပဟက်ကာ အဖွဲ့များ၏ ဆိုက်ဘာ တိုက်ခိုက်မှုများ ထပ်မံမခံရ စေရေးအတွက် အစိုးရဝန်ကြီး ဌာနများအား အင်တာနက် ကွန်ရက်လိုင်းများအား လုံခြုံရေးစနစ် တိုးမြှင့်ထားရန်နှင့် တိုက်ခိုက်ခံရမှုမှ ကာကွယ်နိုင်မည့် နည်းလမ်းများအား မြန်မာနိုင်ငံ အမျိုးသားဆိုက်ဘာ လုံခြုံရေး ကော်မတီမှ ဝန်ကြီးဌာန အသီးသီးသို့ အသိပေး အကြောင်းကြား ထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနမှ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက် အတိုက်ခံရပြီး ကတည်းက အမျိုးသားဆိုက်ဘာ လုံခြုံရေး ကော်မတီက အစည်းအဝေးလုပ်ပြီး ဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွေ ဒီလိုမျိုးထပ်ပြီး မတိုက်ခံရဖို့ကို ဘယ်လိုကာကွယ် ရမယ်ဆိုတာနဲ့ ပြည်ပက ဘယ်အဖွဲ့အစည်းတွေက မြန်မာနိုင်ငံရဲ့ အင်တာနက် ကွန်ရက်တွေကို ဝင်တိုက်နေတယ် ဆိုတာကို ပြောသွားတယ်။ အဲဒီနောက် ဝန်ကြီးဌာန အသီးသီးကို အင်တာနက် ကွန်ရက်စနစ်တွေရဲ့ လုံခြုံရေးကို စနစ်တကျ တိုးမြှင့်ထားဖို့နဲ့ ၂၄ နာရီပတ်လုံး ကွန်ရက်တွေကို စောင့်ကြည့်ဖို့ အကြောင်းကြားစာ ပို့လာတယ်” ဟု ၄င်းကဆိုသည်။ ထို့အတူ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိ သူတစ်ဦးက အမျိုးသားဆိုက်ဘာ လုံခြုံရေး ကော်မတီမှ ပေးပို့သော အကြောင်းကြားစာအရ ဝန်ကြီးဌာန တစ်ခုချင်းစီအလိုက် အရေးကြီးသော Data များအား ပြည်ပဟက်ကာများ၏ ခိုးယူဖျက်ဆီးခြင်း မပြုလုပ်နိုင် ရန်အတွက် Data လုံခြုံရေးကို တိကျစွာ လိုက်နာဆောင် ရွက်သွားရန်၊ ISP များအလိုက် တာဝန်ကျသူများက Data စီးဆင်းမှုအား ၂၄ နာရီ စောင့်ကြည့်ရန်နှင့် တိုက်ခိုက်ခံရပါက Data များ ဆုံးရှုံးမှုမရှိစေရန် ဌာနအလိုက် ကွန်ပျူတာ ကျွမ်းကျင် ပညာရှင်များအား အသိပေး အကြောင်းကြား၍ အမြန်ဆုံး ပြန်လည်ပြင် ဆင်ရမည်ဟု ပါရှိကြောင်း ပြောသည်။ “ဆိုက်ဘာလုံခြုံရေး ကော်မတီကပို့တဲ့ အကြောင်း ကြားစာကတော့ ဝန်ကြီးဌာနအလိုက် အင်တာနက်ကွန်ရက် လုံခြုံရေးကို တိုးမြှင့်ဖို့ပဲ” ဟု ၄င်းက ဆိုသည်။ အင်တာနက် ကွန်ရက်များအား ဝင်ရောက် တိုက်ခိုက်နေ မှုများအား ကာကွယ်နိုင်ရန်အတွက် ပြည်ပရောက် မြန်မာအိုင်တီ ပညာရှင်များနှင့် ပြည်တွင်းရှိ မြန်မာအိုင်တီ ပညာရှင်များအား အမျိုးသားဆိုက်ဘာ လုံခြုံရေး ကော်မတီမှ အလွတ်သဘောဖြစ်စေ၊ တရားဝင်ဖြစ်စေ ပူးပေါင်းကာကွယ် ရန်အတွက် ဖိတ်ခေါ်ထားကြောင်း သိရသည်။ ယင်းကဲ့သို့ ပြည်ပ ဟက်ကာများ၏ အလွယ်တကူ ဝင်ရောက် တိုက်ခိုက်မှုကို ခံခဲ့ရခြင်းမှာ လုံခြုံရေးစနစ်များ ချို့တဲ့မှုကြောင့်လည်း ပါဝင်ကြောင်း၊ ထိုလုံခြုံရေးစနစ်များ ကောင်းမွန်စေရန် ဆက်သွယ်ရေး ဝန်ကြီးဌာနအား အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းစေကာ ဝန်ကြီးဌာန ဝက်ဘ်ဆိုက်အား အချိန်ပြည့် စောင့်ကြည့်စေရန် အမျိုးသား ဆိုက်ဘာလုံခြုံရေး ကော်မတီမှ တာဝန်ပေးအပ်ထားကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

အခွေဆိုင်များဖမ်း၍ နိုင်ငံခြားရုပ်ရှင်ပရိသတ်များပါ အခက်တွေ့

Posted by drmyochit Thursday, August 23, 2012, under | No comments



 
ရန်ကုန်မြို့တွင်းရှိ နိုင်ငံခြားဇာတ် လမ်းတွဲများ၊ ဇာတ်ကားများကို ကြည့်ရှုသူ အများစု အားထား နေရသော လက်လီရောင်းချသည့် လမ်းဘေးခွေ ဆိုင်များမှာ ခိုးကူး နှိမ်နင်းရေး စီမံချက်ကြောင့် ရောင်းချ နိုင်ခြင်းမရှိသည့် အတွက်ပြည် ပဇာတ် ကားများ၊ ဇာတ်လမ်းတွဲများ ကြည့်ရှုလို သည့်ပရိသတ်များ အခက်တွေ့နေသည်။ ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးကျော်ဆန်းက မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၏ အမှုဆောင်သစ်အဖွဲ့နှင့် ယခုနှစ် မေလဆန်းပိုင်းက တွေ့ဆုံပွဲတွင် တစ်ပိုင်တစ်နိုင် ရောင်းချနေသည့်  နိုင်ငံခြားခွေ ရောင်းချသူများကို ညစ်ညမ်းခွေ များမှလွဲ၍ ဖမ်းဆီးခြင်းမပြုရန် ပြောကြားထားခဲ့ သော်လည်း ရုပ်ရှင်အစည်းအရုံး အမှုဆောင် သစ်များက ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ခိုးကူးနှိမ် နင်းရေးစီမံ ချက်များဖြင့် ဆက်တိုက်ဖမ်း ဆီးနေမှုများကြောင့် လမ်းဘေးခွေ ရောင်းဆိုင်များမှာ ဇူလိုင်လမှ စ၍ရောင်း ချခြင်းမရှိတော့ပေ။ ''ကျွန်တော်တို့က အင်္ဂလိပ် ဇာတ်လမ်း တွဲခွေတွေ၊ အင်္ဂလိပ် ကားတွေကိုပဲ ၀ယ်ကြည့်တာ။ ဒီဆိုင်လေးတွေကို အားထားနေ ရတာ။ အင်္ဂလိပ်ကားသစ် သုံးခွေ တစ်ထောင်၊ ဇာတ်လမ်းတွဲဆို သုံး ချပ်တစ်ထောင်နဲ့ ပုံမှန် ၀ယ်ကြည့် နေကျပဲ။ အခု အဖမ်းအဆီး ရှိတယ်ဆိုတော့ ဘယ်ဆိုင်မှ မရောင်းတော့ဘူး။ ခွေအဆက် ပြတ်လို့ ၀ယ်ချင်တာတောင် ဘယ်သွားဝယ်ရ မလဲမသိဘူး။ အရင်လို စီမံချက်ရှိတုန်း ခဏလည်း မဟုတ်ဘူး။ တောက်လျှောက်ကို မတွေ့ရတော့ ခွေ ကြည့်ချင်တာ ဘယ်ဝယ်ရမှန်းမသိဘူး"ဟု ရန်ကုန်မြို့နေ ဂရပ်ဖစ်ဒီဇိုင်နာ တစ်ဦးကပြောသည်။ အဆိုပါ လမ်းဘေးခွေဆိုင် များမှာ နိုင်ငံခြား ဇာတ်လမ်းတွဲ များ၊ အင်္ဂလိပ်ဇာတ် ကားသစ်များ ကို အဓိကအားထား ရောင်းချကြ ခြင်းဖြစ်ပြီး၊ ၀ယ်ယူကြည့်ရှုသူအ နည်းစုကသာ မြန်မာဗီဒီယို ဇာတ်ကားများကို ၀ယ်ယူသည်။ ထို့ကြောင့် နိုင်ငံခြား ဇာတ်ကားများ ရောင်းချခြင်းကိုမူ ဖမ်းဆီးခြင်း မပြုသင့်ကြောင်း ဝေဖန်ပြောမှု များ ပေါ်ထွက်နေသည်။
''ကားသစ်တွေ ထွက်တာသိ ပြီး အရင်လို ချက်ချင်း မကြည့်ရ တော့ဘူး။ ခွေရှာရတာလည်း ရှား လာတယ်။ နီးစပ်ရာလေး ရှာဝယ် တော့လည်း ခွေအရည်အသွေး ကောင်း၊ မကောင်း အရင်လို စိတ် ကြိုက်မရွေးရဘူး။ ရတာယူပဲ။ အရင်ကဆို ခွေက မဲမှောင်နေ တာတို့၊ မကြည်တာတို့ ပြန်လဲလို့ ရသေးတယ်။ အခု ရတာယူရတဲ့ အပြင် ဈေးလည်း နည်းနည်း တက်တယ်။ အင်္ဂလိပ်ကားတွေ၊ ကိုရီးယားဇာတ်လမ်းတွဲတွေတော့ ပေးရောင်းသင့်ပါတယ်"ဟု နိုင်ငံ ခြားဇာတ်ကားများ ပုံမှန်ကြည့်ရှု သူ ပရိသတ်တစ်ဦးကပြောသည်။ လမ်းဘေး ပလက်ဖောင်း တွင် ဖွင့်လှစ်ရောင်းချသည့် ခွေ ဆိုင်အများစုမှာ နိုင်ငံခြားဇာတ် ကားများ၊ ဇာတ်လမ်းတွဲများ သီး သန့်ရောင်းချခြင်းများ ရှိသကဲ့သို့ မြန်မာသီချင်းခွေဗီစီဒီ၊ ဒီဗီဒီချပ် များကို ပူးတွဲရောင်းချသည့်ဆိုင် အချို့လည်း ရှိသည်။
  ဖမ်းဆီးရာ တွင် မြန်မာဗီစီဒီ ခိုးကူးချပ်များ တွေ့ပါက တစ်ဆိုင်လုံးရှိ ခွေများကို သိမ်းဆည်း အရေးယူခြင်းတို့ ကြောင့် ခွေဆိုင် များဘက်မှလည်း စွန့်စားရောင်းချခြင်း မရှိတော့ ပေ။  မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံး အမှုဆောင် သစ်လက်ထက် လေးလနီးပါးအတွင်း ခိုးကူးဖမ်း ဆီးမှုပေါင်း ၁၇၆ မှုရှိခဲ့ပြီး ယခု ကာလကဲ့သို့ လမ်းဘေးခွေဆိုင် များ ကာလရှည်ကြာစွာ မရောင်းချ ရခြင်းမျိုး မရှိခဲ့ပေ။ ''တကယ်ဖမ်းမယ်ဆိုလည်း လက်ကြီးသမား ကို ရအောင်ဖမ်းပေါ့။ 
 ခုကျတော့ အလွယ်တွေ့ရတဲ့ လမ်းဘေးဆိုင် တွေကိုလိုက်ဖမ်းတယ်။ မြန်မာသီ ချင်းခိုးကူးတွေ တင်တဲ့ဆိုင်တွေလည်းရှိပါတယ်။  ဒါပေမဲ့ တကယ် ထိထိရောက်ရောက် နှိမ်နင်းမယ် ဆိုရင်တော့ တွေ့သမျှ လမ်းဘေး  ဆိုင်ဖမ်းရုံနဲ့မရဘူး။ ဒိုင်တွေကိုပါ မိအောင်လုပ်ရမှာ}}ဟု ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခု၌ ခွေ ရောင်းချသူတစ်ဦးကပြောသည်။ နိုင်ငံခြားဇာတ်လမ်းတွဲများ၊ ဇာတ်ကားများကို အဓိကရောင်း ချသော လမ်းဘေးဆိုင်များကိုသာ ဦးတည်ဖမ်းဆီးနေခြင်းကြောင့် အင်္ဂလိပ်ဇာတ်ကားနှင့် အခြား နိုင်ငံခြားဇာတ်ကားများ၊ ဇာတ် လမ်းတွဲများ ကြည့်ရှုလိုသည့်ပရိ သတ်များ အခက်ကြုံနေရသည်။ ရုပ်ရှင်ကြည့်သည်ကို ၀ါသ နာပါသော လုပ်ငန်းရှင်တစ်ဦးက ၎င်း၏သားသမီးများကို မြန်မာ ဇာတ်ကားနှင့် အငြိမ့်ခွေများ ကြည့်ရှုခွင့်မ ပြုကြောင်းပြောသည်။ အ ကြောင်းမှာ မြန်မာဇာတ်ကားများ မှာ အားထုတ်မှု နည်းပါးပြီး ပရိ သတ်အတွက် ယူစရာဘာမျှမရှိ သည့်အပြင် အချို့ဇာတ်လမ်းများ မှာ ကြည့်ရှုသူ Óဏ်ရည်ကိုပါ နိမ့်စေနိုင်သည့် အတွက်ဟုဆိုသည်။  အငြိမ့်ခွေများမှာလည်း အောက်ပိုင်းပြက် လုံးများလွန်း၍ ကလေးငယ်များ အကျင့်မပျက်စေရန် ကြည့်ရှု ခွင့်မပြုခြင်းဟု ၎င်းကရှင်းပြသည်။ ''ခုဟာက အရင်လို ခွေပြန် ရောင်းချင်ရင် မြန်မာသီချင်းခွေ ကို လုံးဝ တင်မရောင်းရတော့ မလိုဖြစ်နေတယ်။ ၀န်ကြီးက လည်း နိုင်ငံခြားကားတော့ မဖမ်း ပါနဲ့လို့ ပြောထားတော့ စီးပွား မပျက်ချင်ရင်  မြန်မာသီချင်းဗီစီဒီ တွေမရောင်းဘဲ နိုင်ငံခြားခွေ လေးတွေတော့ ပြန်ရောင်းခွင့် ရချင်ပါတယ်"ဟု အခွေရောင်းချသူတစ်ဦးကပြောသည်။

နိုင်ငံကူးလက်မှတ်လုပ်သူများ အပိုငွေ ပေးဆောင်နေရ

Posted by drmyochit Thursday, August 23, 2012, under | No comments




 ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးသောရုံးတွင် သတ်မှတ်ထားသော ကုန်ကျငွေ များအပြင် အပိုဆောင်ငွေများ ပေးသွင်း နေရသေးကြောင်း နိုင်ငံကူး လက်မှတ်သွား ရောက်လုပ်သူများ၏ ပြောပြချက်များအရ သိရသည်။
နိုင်ငံကူးလက်မှတ် ထုတ်ပေးရာတွင် သတ်မှတ်ထားသော စာအုပ်ဖိုး ၁၉,၀၀၀ကျပ်၊ အွန်လိုင်း ၀န်ဆောင်ခ ၁၀၀၀ကျပ်၊ နိုင်ငံကူး လက်မှတ် ဆေးဖိုး၊ မင်ဘိုးနှင့် စက်ပစ္စည်း ပြုပြင်ထိန်းသိမ်းခ ၁၀၀၀ကျပ်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်(နရခ)သို့ ပေးသွင်းရန် ချလံဖိုး ၂၀၀ကျပ်၊ ဓာတ်ပုံ ၁၂ပုံဖိုးအတွက် ၃၅၀၀ကျပ်ဟု ဆိုသည်။ သို့သော် ပုံစံစီသည့် စားပွဲတွင် ၁၀၀၀ကျပ် စာအုပ်ထုတ်ရာတွင် စလစ်စာရွက် ပြားထုတ်ပေးသော ကောင်တာတွင် ၁၀၀၀ကျပ်၊ မှတ်ပုံတင် နှင့် သန်းခေါင်စာရင်း စစ်မှန်ကြောင်း တံဆိပ်တုံးထုရာတွင် ၁,၀၀၀ကျပ်များ ပေးဆောင်နေရခြင်း ဖြစ်သည်။
“ကျနော်တို့မှာ အစိုးရဌာနတွေနဲ့ အလုပ်လုပ်ရင် အပိုငွေယူသွား နေရတုန်းပဲလေ။ပိုက်ဆံ ၁၀၀၀ဆိုတာ နယ်ကနေလာတဲ့ ကလေးတွေအ တွက်တော့ ထမင်းတစ်နှပ်ရတယ်။ ပုံစံစီတဲ့ စားပွဲဆိုဗျာ၊ ဘယ်လိုလုပ် ရမယ်ဆိုတာကို နံရံမှာ ကပ်ထားပေးရင် ကိုယ့်ဖာသာစီလို့ ရပါ တယ်။ဘာမှ မခက်တာကို ၁၀၀၀ ပေးနေရတယ်”ဟု ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှ နိုင်ငံကူးလက်မှတ် လာရောက်ထုတ်ယူသူ သင်္ဘောအရာရှိ မန်းစိုးအောင်က ပြောသည်။ မြန်မာ့အမျိုးသမီး ကွန်ယက်ကို ဦးဆောင်နေသူ နော်အုန်းလှကလည်း နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် ထောက်လှမ်းရေးမှ အိမ် သို့ လာရောက် အချက်အလက် ကောက်ယူကြောင်း ပြောသည်။ “အန်တီကတော့ တာဝန်ရှိလို့ လုပ်တာကို လက်ခံပါတယ်။ မေးတာတွေ ကောင်းကောင်း ဖြေပေးပါတယ်။ ရုံးမှာလည်း မလိုအပ်တဲ့ငွေကို မပေးပါဘူး။ အန်တီ့ကိုလည်း မတောင်းဘူး။ ဘယ်သူ့ကိုမှ ပြန်အမ်းတာ မတွေ့တဲ့ငွေကို အန်တီကို ပြန်အမ်းတယ်။ လာဘ်ပေး လာဘ်ယူ တို့ရန်သူလေ။ သတ်မှတ်ထားတာပဲ ပေးမှာပါ”ဟု ဆိုသည်။ ထို့အပြင် နိုင်ငံသားကတ်နှင့် အိမ်ထောင်စု စာရင်းအား အစစ်၊ အတု ခွဲခြားစစ်ဆေး သောကောင်တာတွင် သုံးနာရီကျော်မျှ တန်းစီတိုးနေရ ကြောင်းလည်း သိရသည်။
စစ်ကိုင်းတိုင်း အရာတော်မှ နိုင်ငံကူးလက်မှတ် လာရောက်လျှောက် ထားသူတစ်ဦးက “အချိန်တွေမ လိုအပ်ဘဲနဲ့ ကုန်တယ်ဗျာ။ စစ်ဆေး ရေးကောင်တာတွေမှာ ၀န်ထမ်း ၂ဦး၊ ၃ဦး တိုးခန့်ဖို့ ကောင်းတယ်။ နိုင်ငံကူးလက်မှတ် လုပ်ရတာ အရင်ကထက် နည်းနည်းလေးပဲ အဆင် ပြေတာပါ။ စားပွဲတစ်ခုကို ၁၀၀၀ပေးရတာနဲ့ တန်းစီတိုးရတာ အရင် စစ်အစိုးရ လက်ထက်က တည်းကပေးနေ၊ တိုးနေရတဲ့ဟာပါ”ဟု ပြော သည်။ထိုကဲ့သို့ သတ်မှတ်ငွေ မဟုတ်ဘဲ ပေးဆောင်နေ ရခြင်းအပေါ် နေပြည်တော်ရှိ ကွပ်ကဲရေးမှူးရုံးသို့ ကေအိုင်စီမှ ဖုန်းဆက်မေးမြန်းရာ ကိုင်တွယ် ဖြေဆိုမည့်သူ မရှိပေ။

အကျင့်ပျက်ခြစားမှု ၂ ခုအား အရေးယူရန် ဧရာဝတီတိုင်းလွှတ်တော် ဆုံးဖြတ်

Posted by drmyochit Thursday, August 23, 2012, under | No comments



ဧရာဝတီတိုင်း အစိုးရအဖွဲ့အနေဖြင့် အကျင့်ပျက်ခြစားမှု ၂ ခုအား ၂ လအတွင်း အရေးယူ ဆောင်ရွက်ပေးရန် ဧရာဝတီတိုင်း လွှတ်တော် အထူးအစည်း အဝေးက သြဂုတ်လ ၂၀ ရက်နေ့က အတည်ပြု ဆုံးဖြတ်ခဲ့သည်။ ပုသိမ်မြို့ ဧရာမင်း ဈေးပိုင် စည်ပင်မြေကွက်အား ဌာနဆိုင်ရာများက အိမ်ခြံမြေ အကွက်ဖော် ရောင်းစားခဲ့မှုနှင့် ပုသိမ်မြို့နယ် သစ်ပုတ်ကုန်းကျေးရွာ ဘောလုံးကွင်းအား ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများက ရောင်းစားခဲ့သည့် အမှု ၂ ခုကို ထိရောက်စွာ အရေးယူရန် တိုင်းလွှတ်တော်က တိုင်းအစိုးရ အဖွဲ့အား တာဝန်ပေး အပ်ခဲ့ခြင်း ဖြစ်သည်။ “ပုသိမ်မြို့ အမှတ် ၈ ရပ်ကွက် ဧရာမင်း ဈေးပိုင်မြေကွက်ကို အိမ်မြေကွက် ၈ ကွက်ပြုလုပ်ပြီး လူနေအိမ်များ ဆောက်လုပ် နေထိုင်မှု အစီရင်ခံစာအပေါ် သုံးသပ်ချက်၊ တိုက်တွန်းချက်များကို အစိုးရအဖွဲ့က ၂ လအတွင်း ပြီးပြတ်အောင် ဆောင်ရွက်ပေးရန် လွှတ်တော်က ဆုံးဖြတ်ကြောင်း ကြေညာပါတယ်” ဟု တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့်က လွှတ်တော် အစည်းအဝေးတွင် ပြောသည်။ ၁၉၉၆ ခုနှစ်က တည်ဆောက်ခဲ့သည့် ဧရာမင်းဈေးကို ၂၀၀၁ ခုနှစ်တွင် ပြန်လည် တည်ဆောက်ခဲ့ရာ ဈေးအိမ်သာနှင့် မီးသတ်ရေကန် တည်ဆောက်ရန် မြေနေရာ ချန်ထားခဲ့သည်။ ယင်းမြေနေရာများအား သက်ဆိုင်ရာ အစိုးရဌာနများက အိမ်ခြံမြေကွက် ၈ ကွက် ဖော်ထုတ်ကာ ဂရန်ကျစေပြီး ပုဂ္ဂလိကအဆင့်ဆင့် ရောင်းစား ခဲ့ခြင်းဖြစ်သည်။ ယခုအခါ ဧရာမင်း ဈေးသူဈေး သားများက ယင်းမြေနေရာများကို ပြန်လည်ရလိုကြောင်း လွှတ်တော်သို့ တင်ပြတိုင်ကြားခဲ့ရာ တိုင်းလွှတ်တော်  ဥပဒေစိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ထိန်ဝင်း ဦးဆောင်သည့်အဖွဲ့က ကွင်းဆင်းစစ် ဆေးပြီးနောက် လွှတ်တော်သို့ အစီရင်ခံစာ ပြန်လည်တင် သွင်းခဲ့သည်။ အစီရင်ခံစာတွင် “အချင်းဖြစ်မြေမှာ စည်ပင်သာယာပိုင်မြေ ဖြစ်သည်ကို သိလျက်နှင့် တင်ပြရန် ပျက်ကွက်ခဲ့သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြေစာရင်း ဦးစီးဌာနမှ တာဝန်ရှိသူများကို လိုအပ်သလို အရေးယူသင့်ကြောင်း” ဖော်ပြပါရှိသည်။ အစီရင်ခံစာပါ အကြောင်းအရာများကို မြောင်းမြအမတ် ဦးပြုံးချို၊ လပွတ္တာအမတ် ဦးထိန်လင်းနှင့် ဖျာပုံအမတ် ဦးလှဝင်းဗိုလ်တို့က လွှတ်တော်တွင် ထောက်ခံ ဆွေးနွေးခဲ့ကြသည်။
“စည်ပင်သာယာပိုင်မြေ ဖြစ်သည်ကို သိလျက်နဲ့ လက်ခံရယူသူ၊ ဆောက်ရွက် ပေးသူများဟာ ဥပဒေချိုး ဖောက်သူများ ဖြစ်တဲ့အတွက် စီမံခန့်ခွဲရေး နည်းလမ်းများအရ လိုအပ်သလို အရေးယူသင့်ပါတယ်” ဟု ဖျာပုံမြို့နယ် တိုင်းလွှတ်တော်အမတ် ဦးလှဝင်းဗိုလ်က လွှတ်တော်တွင် ဆွေးနွေးသည်။ ထို့ပြင် သစ်ပုတ်ကုန်းကျေးရွာ ဘောလုံးကွင်းအား ကျေးရွာအုပ်ချုပ် ရေးမှူး ဦးဇော်ဝင်း၊ ရာအိမ်မှူးနှင့် နယ်မြေခွဲခေါင်း ဆောင်တို့က ငွေ ၂၆ သိန်းဖြင့် အငြိမ်းစား မြေတိုင်းစာရေး ဦးစိုးမြင့်အား ရောင်းချခဲ့သည့်ကိစ္စကို လွှတ်တော်အမတ် ၄ ဦးက ဆက်လက် ဆွေးနွေးခဲ့သည်။
ဘောလုံးကွင်း ရောင်းချသည့်ကိစ္စအား ကျေးရွာလူထုက မကျေနပ် သည့်အတွက် တိုင်ကြားမှုများ ပြုလုပ်ခဲ့ရာ ရာအိမ်မှူးနှင့် နယ်မြေခွဲ ခေါင်းဆောင်တို့က ယူထားသည့်ငွေများ ပြန်ပေးခဲ့သော်လည်း ကျေးရွာအုပ်ချုပ် ရေးမှူးက ပြန်မပေးဘဲ “တိုင်ချင်ရာ တိုင်နိုင်တယ်” ဟု စိန်ခေါ်ခဲ့ သည့်အတွက် တိုင်ကြား တောင်းဆိုမှုများ ပိုမို ပြင်းထန်လာကြောင်း လပွတ္တာအမတ် ဦးဇော်ဝင်းက ပြောသည်။ “အုပ်ချုပ်သူရဲ့ ငါတကောကောတဲ့ လုပ်ရပ်တွေကို ဟန့်တားနိုင်အောင် နမူနာစံပြအဖြစ် အရေးယူဖို့ အမှန်တကယ် လိုအပ်နေပါပြီ။ ဒါကြောင့် ထိရောက်စွာ အရေးယူ ဆောင်ရွက်သွား သင့်ပါကြောင်း ထောက်ခံ တင်ပြအပ်ပါတယ်”ဟု ၎င်းက ပြောသည်။ လွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့်က သစ်ပုတ်ကုန်းရွာ ဘောလုံးကွင်းကိစ္စအပေါ် အစိုးရအဖွဲ့၏ သဘောထားကို မေးမြန်းခဲ့ရာ တိုင်းအစိုးရ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မောင်မောင်ဝင်းက ယင်းဖြစ်ရပ်အတွက် တာဝန်ရှိသူ အဆင့်ဆင့်ကို ဖော်ထုတ်ပြီး အရေးယူသင့်ပါကြောင်း လွှတ်တော်တွင် ထောက်ခံ ပြောဆိုသွားသည်။ တိုင်းလွှတ်တော် သက်တမ်းတလျှောက် ပထမဆုံး ခေါ်ယူကျင်းပခဲ့သည့် ဧရာဝတီတိုင်း လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၂) ကို သြဂုတ်လ ၁၅ ရက်နေ့မှ ၂၀ ရက်နေ့အထိ ပုသိမ်မြို့ လွှတ်တော်ခန်းမတွင် ကျင်းပခဲ့သည်။ ယမန်နေ့ လွှတ်တော်အစည်းအဝေးသို့ တိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်နှင့် တပ်မတော်သား ကိုယ်စားလှယ် ၂ ဦး အပါအ၀င် ကိုယ်စားလှယ် ၅ ဦး တက်ရောက်ရန် ပျက်ကွက်ခဲ့ပြီး စုစုပေါင်း အမတ် ၆၇ ဦး တက်ရောက်သည်။

ဘင်္ဂါလီ၊ ရိုဟင်ဂျာ ဒုက္ခသည်တွေအိမ်ယာ အင်ဒိုနီးရှားကူမည်

Posted by drmyochit Thursday, August 23, 2012, under | No comments



 
 အင်ဒိုနီးရှား အစိုးရက ရခိုင်ပြည်နယ် အတွင်းမှာ ရှိတဲ့ဘင်္ဂါလီ၊ ရိုဟင်ဂျာ ဒုက္ခသည်တွေကို အကူအညီပေးဖို့ လိုအပ်တဲ့ သတင်းအချက်အလက် စုဆောင်းမှုတွေ ပြုလုပ်နေတယ်လို့ ပြောပါတယ်။ အခုလို အကူအညီ တွေပေးမယ့် အစီအစဉ်တွေကို ဦးဆောင် လုပ်ကိုင်ဖို့ မကြာခင်က မြန်မာပြည်ကို သွားရောက်ခဲ့တဲ့ အင်ဒိုနီရှား ဒု-သမ္မတဟောင်း Jusuf Kalla ကို အထူးသံ တမန်အဖြစ် အင်ဒိုနီးရှား သမ္မတက ခန့်အပ်လိုက်ပြီး တခြား အင်ဒိုနီးရှား ကိုယ်စားလှယ် အဖွဲ့တွေလည်း ရခိုင်ပြည်နယ်ဖက်ကို စေလွှတ်ထားပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းနိုင်ငံ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။  မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ဇွန်လတုန်းက ပဋိပက္ခတွေ ဖြစ်ပွားပြီးနောက် ဘင်္ဂါလီ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ စိတ်ဝင်စားမှု များပြားလာတာမှာ ကမ္ဘာမှာ အစ္စလာမ်ဘာ သာဝင်အများဆုံး တိုင်းပြည်ဖြစ်တဲ့ အင်ဒိုနီးရှား နိုင်ငံကလည်း ရခိုင်အဓိက ရုဏ်းအတွင်း ဒုက္ခရောက်နေကြတဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေအရေးနဲ့ ပတ်သက်လို့ တရားဝင် ထုတ်ဖော် ပြောဆိုမှုတွေ ပြုလုပ်လာ ခဲ့ပြီးနောက် ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေအတွက် အကူအညီပေး ဖို့အတွက်ပါ လိုအပ်တဲ့ ပြင်ဆင် လေ့လာမှုတွေကို ပြုလုပ်နေတာပါ။ အင်ဒိုနီးရှား အစိုးရဖက်က လက်ရှိလုပ်ဆောင်နေတဲ့ အခြေအနေတွေ ကိုတော့ နိုင်ငံခြားရေး ၀န်ကြီးဌာန အာရှ ပစိဖိတ်နဲ့ အာဖရိကရေးရာ ညွှန်ကြားရေးမှူး Yuri Thamrin က ဗွီအိုအေကို ပြောပြပါတယ်။ “ရခိုင်ပြည်နယ်အတွင်း ဒုက္ခရောက်နေကြတဲ့ ရိုဟင်ဂျာတွေကို အကူအညီပေးဖို့အတွက် အင်ဒိုနီးရှား အစိုးရအနေနဲ့ရော NGO အဖွဲ့အစည်းတွေဖက်ကပါ ပြင်းပြတဲ့ ဆန္ဒရှိကြပါတယ်တဲ့။ အခုဆိုရင် ဒုသမ္မတဟောင်း Jusuf Kalla အပါအ၀င် NGO အဖွဲ့အစည်းတွေ၊လွှတ်တော် ကိုယ်စားလှယ်အဖွဲ့တွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီးတို့ကို ရခိုင်ပြည်နယ်အတွင်းက အခြေအနေတွေကို ကိုယ်တိုင် သွားလေ့လာ ခွင့်ပြုလိုက်တဲ့အတွက် အခြေအနေ အဖြစ်မှန်တွေကို လက်တွေ့ မြင်တွေ့ရပြီး တဖြည်းဖြည်းနဲ့ ဘယ်လို အကူအညီမျိုး ပေးရမယ်ဆိုတာ သူတို့အနေနဲ့ ရုပ်လုံး ပေါ်လာပါပြီလို့ ပြောသွားတာပါ။ ”အင်ဒိုနီးရှား နိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းမှာ ဒုက္ခရောက်နေကြတဲ့ ဘင်္ဂါလီ ရိုဟင်ဂျာ တွေသာမကပဲ ရခိုင်တိုင်းရင်း သားတွေကိုပါ အကူအညီပေးဖို့ အစီအစဉ်ရှိတယ်လို့ ယူရီ သမ်မရင်းက ပြောပါတယ်။ ဒါပေမယ့် ကန့်သတ်မှုတွေ ရှိနေတဲ့အတွက် အင်ဒိုနီးရှားနိုင်ငံအနေနဲ့ အကူအညီပေးချင်တိုင်း ပေးလို့မရနိုင်တဲ့ အခက်အခဲတချို့တော့ ရှိပါတယ်လို့ သူက ပြောပါတယ်။ ဘယ်လို အကူအညီမျိုးပဲဖြစ်ဖြစ် အင်ဒိုနီးရှားနိုင်ငံ အနေနဲ့တော့ မြန်မာအစိုးရနဲ့ တိုင်ပင်ညှိနှိုင်းပြီးမှသာ ကူညီလုပ်ဆောင် ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ် အတွင်းမှာရှိနေတဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေ အရေးနဲ့ပတ်သက်လို့ အထူးသံတမန်အဖြစ် သမ္မတ ဆူဆီလိုး ဘမ်ဘန်း ယူဒိုယိုနိုး (Susilo Bambang Yudhoyono) က ခန့်အပ်လိုက်တဲ့ မစ္စတာ ကာလားဟာ အရည်အချင်း ပြည့်ဝသူတဦး ဖြစ်တယ်လို့ ယူရီ သမ်ရင်းက ပြောပါတယ်။
 “ မစ္စတာကာလားဟာ အင်ဒိုနီးရှားနိုင်ငံမှာ အရေးပါတဲ့ ပုဂ္ဂိုလ်တဦးပါတဲ့၊ သူဟာ ဒုသမ္မတဟောင်းတဦး ဖြစ်တဲ့အပြင် အာချေး ပဋိပက္ခမှာလည်း ကြားဝင်စေ့စပ်ပေးတဲ့ အတွေ့အကြုံရှိဘူးသလို အင်ဒိုနီးရှားနိုင်ငံရဲ့ ကြက်ခြေနီအသင်း ဥက္ကဌလည်း ဖြစ်တာကြောင့် သူမြန်မာပြည် သွားခဲ့တုန်းကလည်း လူသားချင်း စာနာ ထောက်ထားတဲ့ အကူအညီပေးဖို့အတွက် လာတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောကြားခဲ့တယ်လို့ သူ့အနေနဲ့ ယုံကြည် တဲ့အကြောင်း ပြောသွားတာပါ။”
 ဒု-သမ္မတဟောင်း ကာလားက သူ့အနေနဲ့ မြန်မာနိုင်ငံကိုလာပြီး ရခိုင်ပြည်နယ် အတွင်းက အခြေအနေတွေကို ကိုယ်တိုင် လေ့လာချင်တယ်လို့ ခွင့်တောင်း လာတဲ့အတွက် နဂိုကလည်း ပြည်ပခရီး စဉ်တွေမှာ တွေ့ဆုံ ခင်မင်ထားရင်း ရှိတာကြောင့် မြန်မာနိုင်ငံကို လာရောက် လေ့လာခွင့် ပြုခဲ့သလို သူနဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သမ္မတ ဦးသိန်းစိန်က ဗွီအိုအေ မြန်မာပိုင်း ဌာနမှူး ဦးသန်းလွင်ထွန်းနဲ့ ပြုလုပ်တဲ့ သီးခြား တွေ့ဆုံ မေးမြန်းခန်းအတွင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
 ဒုသမ္မတဟောင်း ကာလားနဲ့အဖွဲ့ဟာ ပြည်ထောင်စု နယ်စပ်ရေးရာဝန်ကြီးဌာနနဲ့ မြန်မာ့စက်မှုဖွံ့ဖြိုးရေး ၀န်ကြီးဌာန ၀န်ကြီး ဦးသိန်းဌေးနဲ့အတူ သြဂုတ်လ ၁၁ ရက်နေ့က ရခိုင်ပြည်နယ်အတွင်းက အခြေအနေတွေကို ကိုယ်တိုင် သွားရောက် လေ့လာခဲ့ပါတယ်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို ဒေသတွင်းနိုင်ငံတွေပါဝင်တဲ့ စုံစမ်းရေး ကော်မရှင်ဖွဲ့စည်းဖို့ အင်ဒိုနီးရှားသမ္မတ ယူဒိုယိုနိုက သမ္မတ ဦးသိန်းစိန်ကို တောင်းဆိုခဲ့ပါတယ်။
 ရခိုင်ပြည်နယ်အတွင်းက အခြေအနေတွေကို လာရောက် လေ့လာခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana ကလည်း အလားတူ နိုင်ငံတကာ စုံစမ်းရေး ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးဖို့ မြန်မာနိုင်ငံက မပြန်ခင်မှာ တောင်းဆိုခဲ့ပါတယ်။ဒါပေမယ့် အဲဒီ တောင်းဆိုချက်တွေကို သမ္မတ ဦးသိန်းစိန်အစိုးရက ပယ်ချလိုက်သလို နိုင်ငံရေးပါတီ အတော်များများကလည်း လက်မခံကြပါဘူး။သြဂုတ်လ ၁၅ ရက်နေ့မှာတော့ အဖွဲ့ဝင် ၂၇ ဦးပါဝင်တဲ့ မြန်မာနိုင်ငံသားတွေနဲ့ ဖွဲ့စည်းထားတဲ့ စုံစမ်းရေး ကော်မရှင်တရပ်ကို သမ္မတ ဦးသိန်းစိန်က ဖွဲ့စည်းပေးခဲ့ပါတယ်။

အမေရိကန်နိုင်ငံသည် အီရတ်နှင့်စစ်ရေးဆိုင်ရာဆက်ဆံမှုများခိုင်မာလာစေရေး မျှော်လင့်သည်ဟုဆို

Posted by drmyochit Thursday, August 23, 2012, under | No comments



အမေရိကန်တပ်ဖွဲ့များ အီရတ်မှ ဆုတ်ခွာသွားပြီးနောက် ၈ လအကြာတွင် အီရတ်နိုင်ငံသည် အမေရိကန် နှင့်စစ်ရေး ဆိုင်ရာဆက်ဆံ မှုများတိုးမြှင့်ရန် အသင့်ရှိနေသည့် အရိပ်လက္ခဏာ ပြသခဲ့ကြောင်း အမေရိကန်ပူးတွဲ စစ်ဦးစီးချုပ်များ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မာတင်ဒမ်ဆေးက အီရတ်နိုင်ငံ သို့အလည်အပတ် ခရီးမသွားရောက်မီ သြဂုတ်လ ၁၉ ရက်နေ့က ပြောကြားခဲ့သည်ဟု Newsnow သတင်းတစ်ရပ်အရ သိရှိရပါသည်။ ဗိုလ်ချုပ်ကြီးဒမ်ဆေးသည် အာဖဂန်နစ္စတန် တွင်ဆွေးနွေးမှု များပြုလုပ်ပြီးနောက် ယခုရက် သတ္တပတ်အတွင်း အီရတ်နိုင်ငံသို့ အလည်အပတ် ခရီးသွားရောက်မည်ဖြစ်ပြီး ၄င်း၏အလည်အပတ် ခရီးစဉ်သည် အီရတ်မှ အမေရိကန် တပ်ဖွဲ့ဝင်များ ရုပ်သိမ်းပြီးနောက် အီရတ်သို့ အလည်အပတ် ခရီးသွားရောက်မည့် အမေရိကန် စစ်ဘက်အဆင့်မြင့် ဆုံးအရာရှိကြီး တစ်ဦး၏ အလည်အပတ် ခရီးစဉ်လည်းဖြစ်ကြောင်း သိရှိရပါသည်။ အီရန်နိုင်ငံသည် အီရတ်နိုင်ငံတွင် ၄င်း၏သြဇာ လွှမ်းမိုးရန် ကြိုးပမ်းခဲ့သော်လည်း အီရတ်ခေါင်းဆောင်ပိုင်းသည် အမေရိကန် စစ်ဘက်နှင့် ဆက်ဆံရေးများ တိုးမြှင့်ရန် လိုလားခဲ့ကြောင်း၊ အီရတ်ကာကွယ်ရေး ဝန်ကြီးနှင့် စစ်ဘက်အကြီးအကဲတို့သည် အမေရိကန် စစ်ဘက်နှင့် စစ်ရေးလေ့ကျင့်မှု၊ အီရတ်စစ်ဘက် အရာရှိများအား လေ့ကျင့်ပေးရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး တို့ကိုလေ့လာ ခဲ့ကြကြောင်း ဗိုလ်ချုပ်ကြီး ဒမ်ဆေးက ပြောကြားခဲ့ပါသည်။ ဗိုလ်ချုပ်ကြီးဒမ်ဆေး၏ အဆိုပါ အလည်အပတ် ခရီးစဉ်သည် အီရန်နိုင်ငံက ဆီးရီးယား အစိုးရအား အီရတ်မှတစ်ဆင့် လျှို့ဝှက် ဘဏ်စာရင်းမှ ငွေကြေးထောက်ပံ့ ပေးနိုင်ဖွယ်ရှိသည်ဟု အမေရိကန်နိုင်ငံ တွင်သတင်းထွက် ပေါ်နေစဉ် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါသည်။ ဗိုလ်ချုပ်ကြီးဒမ်ဆေးက အဆိုပါသတင်းများ နှင့်ပတ်သက်၍ တိုက်ရိုက်မှတ် ချက်ပြုပြောကြား ခဲ့ခြင်းမရှိသော်လည်း အီရန်နိုင်ငံက ဆီးရီးယားနိုင်ငံ အပေါ်လွှမ်းမိုးမှုရှိ လာမည်ကိုစိုးရိမ် ပူပန်ကြောင်း ပြောကြားခဲ့ပါသည်။ အီရန်နိုင်ငံသည် ဆီးရီးယားရှိ ၄င်း၏မဟာမိတ် အစိုးရပြုတ်ကျခဲ့ပါက အီရတ်တွင် ၄င်း၏သြဇာ လွှမ်းမိုးမှုခိုင်မာစေ ရန်ကြိုးပမ်းလာနိုင်ကြောင်း ဗိုလ်ချုပ်ကြီးဒမ်ဆေးက ကြိုတင်ခန့်မှန်း ပြောကြားခဲ့သည် ဟုသိရှိရပါသည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်