Saturday, August 25, 2012

ဆားလင်းကြီးမြို့နယ် ဒေသခံလူထု တစ်ထောင်ကျော် ဆန္ဒပြ

Posted by drmyochit Saturday, August 25, 2012, under | No comments



 
စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီ ထုတ်လုပ်ရေးစီမံကိန်း ဆက်လက် အကောင် အထည်ဖော်နေတဲ့ နေရာမှာ လယ်ယာမြေ အသိမ်းခံထားရတဲ့ ကျေးရွာပေါင်း၂၆ ရွာက ဒေသခံလူထု တစ်ထောင်ကျော် ဟာ အလံတွေ၊ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး လယ်ယာမြေ သိမ်းပိုက်ပွဲလို့ အမည်ပေးထားတဲ့ ဆန္ဒပြပွဲကို ဒီကနေ့ နေ့လည်ပိုင်းမှာ စတင်လိုက်ကြပါတယ်။ ကြေးနီစီမံကိန်း စတင်မယ့် လက်ပန်းတောင်းတောင်ရဲ့ အနောက်တောင် ဘက်ခြမ်းနားမှာ ထောင်နဲ့ချီတဲ့ ပြည်သူလူထုက စုဝေး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ဆန္ဒပြပွဲကို အာဏာပိုင် တွေဘက်က လုံခြုံရေးအင်အား တစ်ထောင်လောက် ချထားခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတွေ အနေနဲ့ ဒီစီမံကိန်း ရပ်ဆိုင်းတဲ့အထိ တောင်းဆို တိုက်ပွဲဝင်သွားမယ်လို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ တောင်သူတစ်ဦးက RFA ကို ပြောပါတယ်။ "ဒီနေ့ဟာ ကျွန်တော်တို့ တော်သူလယ် သမားတွေရဲ့ လယ်ယာမြေတွေ ပြန်လည် ရရှိဖို့အတွက် ကျွန်တော်တို့ လယ်ယာမြေ သိမ်းပိုက်ပွဲလုပ်နေတာ ဖြစ်ပါတယ်။  အဲဒီလယ်ယာမြေ လုပ်တဲ့နေရာမှာလည်း သူတို့ လုံထိန်းရဲ တပ်ဖွဲ့ဝင်တွေ တစ်ထောင်လောက် နီးပါးရှိပါတယ်။ ကျွန်တော်တို့ကို ဒိုင်းတွေ၊ တုတ်တွေနဲ့ ဝိုင်းရံစောင့်ကြည့် နေပါတယ်။ ကျွန်တော်တို့ လယ်ယာမြေ အတွင်းထဲကနေ ဥပဒေဘောင် အတွင်းထဲက နေပြီးတော့ အလုပ်လုပ်တာ ဖြစ်ပါတယ်။ ပြန်ပြီးတော့ ကျွန်တော်တို့ လယ်ယာမြေတွေ ထဲကို သိမ်းပိုက်ပွဲ ဆိုင်းဘုတ်တွေ ချိတ်တာ ဖြစ်ပါတယ်။ အလံတွေ ထူထောင်တာ ဖြစ်ပါတယ်"ဒေသခံတွေဟာ ခြံစည်းရိုး အပြင်ဘက်ကနေ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် ခဲ့ကြတာဖြစ်ပြီး အာဏာပိုင်တွေနဲ့ တစုံတရာ ပဋိပက္ခ ဖြစ်ပွားတာ မရှိခဲ့ဘူးလို့ သိရပါတယ်။  တောင်သူတွေဟာ ညနေ ၅ နာရီမှာ လူစုခွဲခဲ့ကြပြီး နောက်နေ့တွေမှာလည်း ဆက်လက် ဆန္ဒပြသွားမယ်လို့ သိရပါတယ်။ လက်ပန်းတောင်းတောင် ကြေးနီထုတ်လုပ်ရေး စီမံကိန်းကို မြန်မာယန်စီ တရုတ်ကုမ္ပဏီနဲ့ စစ်တပ်ပိုင် မြန်မာ့ စီးပွားရေးဦးပိုင် လီမိတက်တို့ ပူးပေါင်း အကောင်အထည် ဖော်နေတာ ဖြစ်ပြီး ဒီစီမံကိန်းကို ရပ်တန့်ပေးပို့ ဒေသ ခံပြည်သူတွေက နေ့စဉ်ရက်ဆက် ဆိုသလို ဆန္ဒဖော်ထုတ် နေကြတာ ဖြစ်ပါတယ်။

ထိုင်းလူမျိုး ၈ ဦး တရားမဝင် လက်နက် ကိုင်ဆောင်မှုနှင့် ထောင်ဒဏ် ၇ နှစ်စီ ချမှတ်

Posted by drmyochit Saturday, August 25, 2012, under | No comments



 
နိုင်ငံဖြတ်ကျော် ဝင်ရောက်မှုနဲ့ ထောင်ဒဏ် အပြစ်ပေး ခံထားရတဲ့ ထိုင်းလူမျိုး ၉၂ ဦးအထဲက ၈ ဦးကို တရားမဝင် လက်နက် ကိုင်ဆောင်မှု နဲ့ပါမနေ့က ထောင်ဒဏ် ၇ နှစ်စီ အသီးသီးချ မှတ်လိုက်တယ်လို့ သိရပါတယ်။တရားမဝင် လက်နက်ကိုင်ဆောင်မှု ပုဒ်မ ၁၉(က) နဲ့ တရားစွဲဆိုထားတဲ့ ဒီအမှုကို တနင်္သာရီတိုင်း ဒေသကြီး၊ ကော့သောင်းမြို့နယ် တရားရုံးက အမိန့်ချမှတ် လိုက်တာပါ။ဒါကြောင့် အဲဒီ ထိုင်းလူမျိုး ၈ ဦးဟာ တရားမ၀င် နိုင်ငံဖြတ်ကျော် ၀င်ရောက်မှုအတွက် မူလချမှတ်ခံထားတဲ့ ထောင်ဒဏ်အပြင် အခုချမှတ်လိုက်တဲ့ လက်နက် ကိုင်ဆောင်မှုအတွက် ထောင်ဒဏ်ကိုပါ ထပ်မံကျခံရမှာ ဖြစ်ကြောင်း ထိုင်းမြန်မာ နယ်ခြားကော်မတီက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"ကော့သောင်းမြို့နယ် တရားရုံးက နေပြီးတော့ ဒီ ၈ ယောက်ကို ၇ နှစ် ချလိုက်တယ်ခင်ဗျ။ ပေါင်း ၁၀ နှစ်ခွဲ ဖြစ်သွားတယ်ခင်ဗျ။ ဒါပေမဲ့ မူးယစ်ဆေးဝါးအမှုနဲ့ ၂ ယောက် ကျန်နေသေးတယ်။ မူးယစ်ဆေးဝါးထဲမှာက ဒီ ၈ ယောက်ထဲက တစ်ယောက် ပါနေသေးတယ်။ အဲတာကျတော့ တနင်္လာနေ့ကျမှ ချိန်းထားသေးတယ်။ ဒါကတော့ အများကြီးချိန်းဖို့ ရှိပါသေးတယ် "ကော့သောင်ခရိုင်၊ ခမောက်ကြီး မြို့နယ်အတွင်း ထိုင်းနိုင်ငံသား ၉၂ ဦး ဝင်ရောက်နေထိုင်ပြီး ရော်ဘာနဲ့ ဆေးခြောက် စိုက်ခင်းတွေ စိုက်ပျိုး လုပ်ကိုင်နေတာကို မြန်မာစစ်တပ် ခမရ ၄၃၁ က ဇူလိုင်လဆန်းက ဖမ်းဆီးမိခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ၉၂ ဦးကို ဇူလိုင် ၂၂ ရက်နေ့မှာ တရားရုံးက ထောင်ဒဏ် ၃ နှစ်ခွဲစီ ချမှတ်ခဲ့ပြီး အဲဒီထဲက ၉ ဦးကို လက်နက်မှု၊ မူးယစ်ဆေးဝါးမှုတို့နဲ့ ထပ်မံ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

ပြောင်းရွှေ့သွားသော ကချင်ဒု က္ခသည် စခန်းများကို တရုတ်အာဏာပိုင်များ ဖျက်ဆီး

Posted by drmyochit Saturday, August 25, 2012, under | No comments



တရုတ် နောင်တောင်းမှ ယန်လု ဒုက္ခသည်စခန်း

ယူနန်ပြည်နယ် နောင်တောင်းခရိုင်မှ မြန်မာပြည်ဖက် သို့အပြီးပြောင်းရွှေ့ သွားကြသော ကချင်ဒုက္ခသည် များ၏စခန်းများကို သြဂုတ် ၂၂ ယမန်နေ့ တရုတ်အာ ဏာပိုင်များက ချက်ချင်း ဖြိုချ ဖျက်ဆီးပေးလိုက် ကြောင်း စခန်းတာဝန်ခံများ ကပြောသည်။ ဒုက္ခသည်များသည် တည်ဆောက်ထားသည့် အိမ်များမှ အမိုးအကာ နေရာထိုင်ခင်း အချို့ ပြန်လည်ဖြုတ်ယူရန် အစီစဉ်ရှိသော်လည်း ထိုသို့ဖျက်ဆီးပေး ခြင်းကြောင့် ပြန်လည်သယ် ယူခွင့်မရတော့ကြောင်း ပြောသည်။ “မနေ့က ပြောင်းရွှေ့နေတဲ့ အချိန်မှာပဲ တရုတ်တွေက သွပ်မိုးတွေကို သူတို့ကြိုက်သလို အကုန် ထိုးပြီးတော့ ခွာလိုက်တယ်။ ကင်မရာတွေ ဘာတွေ အကုန်လုံး သိမ်းပေးလိုက်တယ်။ ပြီးတော့ သူတို့ကတော့ ရိုက်ယူတယ်” ဟု အမည်မဖော်လိုသူ စခန်းတာဝန်ရှိသူ တစ်ဦးကပြောသည်။
ယခုပြန်လည်နေရာ ချထားပေးသော နေရာသည် ယခင် တရုတ်လူမျိုးများ ဖဲဝိုင်းအဖြစ်
အသုံးပြုရန် ဆောက်လုပ်ထားသည့် အဆောက်အအုံနှင့် ဟိုတယ်ဟောင်း တိုက်တန်းများတွင် နေထိုင်နေရမည် ဖြစ်ပြီး အဓိက မီးဖိုချောင် နှင့် အိမ်သာများကို ဆောက်လုပ်ရန် လိုအပ်ကြောင်း ပြောင်းရွှေ့လာသော ဒုက္ခသည်တစ်ဦး က ပြောသည်။ “သူတို့ လာပြောထားတာက အားလုံးလုပ်ပေး မယ်လို့ပြောတာပဲလေ။ ဒါပေမဲ့ အခုဖြစ်လာတာနဲ့ ပြောတာနဲ့ တခြားစီဖြစ် နေတာပေါ့။ ဒါပေမဲ့ လူကြီးတွေလည်း လူများတယ်ဆိုတော့ လိုလေသေး မရှိတော့ မလုပ်ပေး နိုင်ဘူးလေနော်” ဟု ဒုက္ခသည် တစ်ဦးကပြောသည်။ အပြီးပြောင်းရွှေ့ သွားကြသော ယန်လု (Yang Lu) နှင့် လော့ဖိုင်း (Lau Hpai) စခန်းများကို ရွှေလီမြို့နယ်နှင့် နောင်တောင်း ခရိုင်မှ လူဝင်မှုကြီးကြပ်ရေး လ၀က တာဝန်ရှိသူများ၊ လုံခြုံရေးအရာရှိများ၊ ရဲများ၊ ထောက်လှန်းရေး များလာရောက် ဖြိုဖျက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ၁ နှစ်ကျော်ကြာ နေထိုင်ခဲ့သော ဒုက္ခသည်များသည် လနာ့ဇွပ်ဂျာ (Lana Zup Ja) စခန်းသို့ ပြောင်းရွှေ့ရန် ဆန္ဒမရှိသောကြောင့် အချို့သည် ယခင် မူရင်း နေအိမ်နှင့် နီးသောနေရာ မန်ဝိန်ကြီးသို့  မိသားစုများ အသီးသီး ကိုယ့်အစီအစဉ်ဖြင့် ပြောင်းရွှေ့နေကြသည်။ မန်ဝိန်းသို့ပြောင်း ရွှေ့လာသော ဒုက္ခသည် အချို့သည် စခန်းများမှ လက်မခံတော့ ခြင်းကြောင့် ၄င်းတို့ဆွေမျိုး များအိမ်နှင့် နေရာလွတ်နေသော နွားတင်းကုတ်တွင် မိုးကာများ ပြုလုပ်ကာ နေထိုင်ကြကြောင်း သိရသည်။ ဒုက္ခသည်စခန်း ၆ ခုထဲမှ ဒုက္ခသည်စခန်း ၂ ခုကို ရှေးဦးစွာ အပြီးစတင်ပြောင်းရွှေ့ ပေးနေခြင်းဖြစ်ပြီး နောက်ထပ် စခန်းများလည်း ဆက်လက်ပြောင်းရွှေ့ မည်ဖြစ်ကြောင်း သိရသည်။

ရေဖြူမြို့နယ်မြေဧကရှစ်သောင်းခန့်အား ရေတပ်ပိုင်မြေအဖြစ်သတ်မှတ်

Posted by drmyochit Saturday, August 25, 2012, under | No comments



တပ်မြေအဖြစ်သိမ်းဆည်းပြီး မှတ်တိုင်စိုက်ထားပုံ( Photo-Internet)

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် အတွင်းရှိ လယ်ယာခြံမြေ ဧကရှစ်သောင်းခန့်ကို မြေစာရင်းဌာနနှင့် ညှိနှိုင်း၍ မောရဝတီ ရေတပ်ပိုင် မြေအဖြစ် သတ်မှတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။ ရေဖြူမြို့နယ်ရှိ မိကျောင်းအိုင်၊ ပြင်ကြီး၊ ဆင်ကူး၊ လယ်ကြီး၊ မှော်ကြီး၊ မင်းသား၊ ဆင်စွယ်၊ စိန်ဘုန်း အစရှိသည့်ရွာပေါင်း ၁၅ ရွာတို့၏ လယ်ယာခြံ မြေဧကရှစ်သောင်း ဝန်းကျင်ခန့်တွင် ဒေသခံတို့၏ ဘိုးဘွားလက် ထက်ဓါးမဦးချပြီး ရာဘာ၊ ကွမ်းသီး၊ သီဟီုခြံများနှင့် လယ်ယာမြေ များတွင်စပါး စိုက်ပျိုးထား လျှက်ရှိသည်။ရေဖြူမြို့နယ်၊ ဆင်ကူးရွာသား ခြံပိုင်ရှင် တစ်ဦးက “မြို့နယ်က ကျနော်တို့ရွာ ကိုလာကောက်ခံ ထားတဲ့စာရင်းမှာ လယ်ယာခြံမြေပိုင်ရှင် ၂၀၃ ဦးရှိပြီး မြေဧကစုစုပေါင်း နှစ်ထောင်ဝန်းကျင်လောက် ရေတပ်ပိုင်မြေလို့ သတ်မှတ်ထားတယ်ဆိုပဲ၊ ဒါပေမယ့် မြေသိမ်းတာတို့၊ တားဆီးတာတို့ မလုပ်သေးဘူး” ဟု ပြောသည်။ ယခုလ ၁၅ ရက်နေ့တွင် ရေဖြူမြို့နယ် သစ်တော၊ နှစ်ရှည်၊ မြေစာရင်းဌာန မှအရာရှိများနှင့် မြို့နယ်အုပ် ချုပ်ရေးရုံးစာရေးတို့ ဆင်ကူးရွာသို့ လာရောက်ပြီး စာရင်းမှတ်ခြင်း၊ မြေနေရာအချို့ တိုင်းထွာခြင်းများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။“ခြံတစ်ခြံကို ခြံရှင်နာမည်နဲ့ မှတ်ပုံတင်နံပါတ် မြေဧကဘယ်လောက်ရှိလဲ၊ ကွမ်းသီးခြံဆို ဧကဘယ် လောက်လဲ အဲဒီလို ဆင်ကူးရွာသား လယ်ယာခြံ မြေပိုင်ရှင်စာရင်း ၂၀၃ ဦးကို မြို့နယ်ကစာရင်း ကောက်ယူခဲ့တယ်” ဟု ခြံပိုင်ရှင်တစ်ဦးက ပြောသည်။အဆိုပါမြေယာများကို ၁၉၉၇ ခုနှစ်တွင် တပ်ပိုင်မြေအဖြစ် မြေစာရင်းဌာနသို့ လျှောက်ထားခဲ့ကြောင်း မောရဝတီရေတပ် ဌာနချုပ်၊ Q-2 အဆင့်ရှိ ဗိုလ်မှူးနိုင်ဝင်းက သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူး များအား အသိပေး ပြောကြားခဲ့ သည်ဟုလည်း ဒေသခံကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။ အလားတူ ရေဖြူမြို့နယ် ကျွဲသုံးညီမကျွန်းပေါ်ရှိ မြေဧကများ လျော်ကြေးပေး ဆောင်ခြင်းမရှိပဲ သိမ်းဆည်း ခဲ့ပြီး ၎င်းကျွန်းနှင့် အနီးတဝိုက်ရှိ အခြားသော ခြံမြေဧကပေါင်း ၃,ဝ၀ဝခန့်ကိုလည်း သိမ်းဆည်း ရန်ရှိသည်ဟု ၂၀၁၁ ခုနှစ်ထုတ် HURFOM ၏ “ပြည်သူတို့၏ မြေယာများ အား အစိုးရရေတပ်မှ အဓမ္မ သိမ်းဆည်းခြင်း” (Burma’s Navy Attacks Civilians’ Livelihood)အစီရင်ခံစာတွင် ဖော်ပြထားသည်။ မွန်ဒီမိုကရေစီပါတီ၊ ဗဟိုအလုပ် အမှုဆောင် နိုင်စိုးမြင့်က “ကုလားကုတ်ကျွန်းပေါ်က လယ်ယာခြံမြေတွေ ကိုလည်း မောရဝတီ ရေတပ်မြေဆိုပြီး ၂၀ဝ၀ ခုနှစ်မတိုင်ခင်က မြေဂရမ်တွေ လုပ်ထားတယ်၊ ဒေသခံတွေက ပြေးရမလား ဆက်နေရ မလားဆိုပြီး စိုးရိမ်နေ ကြရတယ်လို့ ကျနော်တို့သတင်း ကြားမိတယ်” ဟု ပြောသည်။
ရေနက်ဆိပ်ကမ်း ပြုလုပ်ရန် ရည်ရွယ်ထားသည့် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကုလားကုတ်ကျွန်းအား ရေတပ်ပိုင်ပြုလုပ် ထားသည့်သတင်းများ ထွက်ပေါ်နေသော်လည်း သီးခြားအတည် မပြုနိုင်သေးပေ။ စစ်အစိုးရလက်ထက်က နိုင်ငံတော် အမည်တပ်၍ မြန်မာပြည်နေရာ အနှံ့အပြား၌ မြေယာသိမ်းပိုက် မှုများဖြစ် ပေါ်ခဲ့ပြီးသမ္မတဦးသိန်းစိန် အစိုးရတက်လာပြီး နောက်ပိုင်းတွင် သတင်းမီဒီယာများက ပိုမိုရေးသားဖေါ်ပြ လာကြသည်။

ရေလွှမ်းမိုးမှုဒဏ်ခံ လယ်သမားများကို နိုင်ငံတော်မှ စိုက်ပျိုးစရိတ်နှင့် အရင်းအနှီးထုတ်ပေး

Posted by drmyochit Saturday, August 25, 2012, under | No comments



 
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဟာ ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်ကို ဒီကနေ့ နေ့လည်ပိုင်းကသွားရောက်ခဲ့ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက ရေလွှမ်းမိုးမှုဒဏ် ခံခဲ့ရတဲ့ လယ်သမားများကို တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံတော် သမ္မတရဲ့ ခရီးစဉ်ဟာ ဒေသခံပြည် သူများရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ ရေနစ်မြှုပ်ခဲ့တဲ့ လယ်မြေများ ပြန်လည်ထူ ထောင်ရေးအတွက် ကူညီပံ့ပိုးဖို့ လာရောက်တာ ဖြစ်တယ်လို့ သိရကြောင်း ပုသိမ်ခရိုင် ဒါးကမြို့မှာ နေထိုင်တဲ့ ဒေသခံ ကိုကျော်သင်းအောင်က RFA ကိုပြောပါတယ်။ အဲဒီလိုတွေ့ဆုံပြီး ရေလွှမ်းမိုးမှုကြောင့် ပျက်စီးသွားတဲ့ လယ်ယာမြေတွေမှာ ပြန်စိုက်ပျိုး ဖို့စိုက်ပျိုးစရိတ် အရင်းအနှီးအဖြစ် မျိုးစပါး တင်း ၈ သောင်းကျော် ဝယ်ယူ ဖြန့်ဖြူးရေးအတွက် ငွေကျပ်သိန်းပေါင်း လေးထောင်ကျော် ပေးအပ်လှူဒါန်း သွားခဲ့တယ်လို့ သိရပါတယ်။သမ္မတ ဦးသိန်းစိန်ဟာ မနက်ဖြန်မှာ ပဲခူးမြို့နယ်ကို သွားရောက်ပြီး ပဲခူးမြို့ပတ်ဝန်းကျင်ကို  ကြည့်ရှုမယ်လို့ သိရပါတယ်။  အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

Friday, August 24, 2012

""ဒယ်အိုးဆရာတော်""ဥူးသုမင်္ဂလ တိုကျိုနာရီတာ လေဆိပ်မှာဘာတွေပြောခဲ့သလဲ

Posted by drmyochit Friday, August 24, 2012, under | No comments



 
မြန်မာနိုင်ငံအနှံ့ ဗုဒ္ဓဘာသာ ဖြစ်လာရခြင်း၊ ယခုလက်ရှိ အသုံးပြုနေသော မြန်မာစာပေ သည်ရခိုင်မှ အစပြုခဲ့ပြီး တဖြည်း ဖြည်း မြန်မာနိုင်ငံ နေရာအနှံ့တွင် ပြန့်ပွားခဲ့သည်ဟု ဒယ်အိုးဆရာတော် ဥူးသုမင်္ဂလက ဂျပန်နိုင်ငံ နာရီတာ လေဆိပ်မှာ ပြောကြား သွားခဲ့သည်ကို သိရသည်။" ဦးဇင်းတို့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ ရောက်တာဟာ ပထမဆုံး ရခိုင်ပြည်ကို ရောက်တာပါ။ ရခိုင်ကနေပြီးမှ သာသနာဟာ မြန်မာနိုင်ငံကို တဆင့်ဆင့် ပြန့်ပွားလာတာပါ။ ဦးဇင်းတို့က သမိုင်းကို ညာလို့မရဘူး။ ညာချင်လို့လည်း မရဘူး။ သီဟိုကျွန်းကို သာသနာ ရောက်လာတယ်။ သီဟိုနဲ့ ရခိုင်ဟာ တစ်ချိန်က ကူးသန်းရောင်းဝယ်မှု စီးပွားရေးအရ ဆက်နွယ် မှုရှိခဲ့ကြတယ်။ ရခိုင်ပြည်ရဲ့ မြောက်ဦးမြို့ဟာ ကမ္ဘာ့ ကုန်သွယ်ရေး မြို့တော်ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန် ကတည်းက မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ သာသနာစ ရောက်ခဲ့ပါတယ်။ အခု လက်ရှိသုံးနေတဲ့ မြန်မာစာပေ ဟာလည်း ရခိုင်စာဖြစ်တယ်။ ရခိုင်စာကို အခြေခံပြီး မြန်မာစာပြောင်း လိုက်တာဖြစ်ပါတယ်။ သမိုင်းကို ညာလို့မရဘူး။ ဒါကြောင့် ရခိုင်တိုင်း ရင်းသားတွေကို ကာကွယ် စောင့်ရှောက်ဖို့ မြန်မာတစ် နိုင်ငံလုံးမှာ တာဝန်ရှိတယ်။ သက်ဆိုင်ရာအာဏာ ပိုင်တွေသာမက မြန်မာတစ်မျိုး သားလုံးမှာ တာဝန်ရှိတယ်။ ရခိုင်လူမျိုးကို ကာကွယ် တာဟာလည်း မြန်မာတစ်မျိုး သားလုံးကို ကာကွယ်တာနဲ့ အတူတူပါပဲ။ " ဟု ဒယ်အိုးဆရာတော် ဥူးသုမင်္ဂလက ပြောသည်။ ရခိုင်ပြည်တွင်း ဖြစ်ပွားခဲ့သော ပြဿနာများမှာ လူမျိုးရေး အရလည်းမဟုတ်၊ ဘာသာရေးအရ လည်းမဟုတ်ဘဲ နယ်စပ်စည်း လုံခြုံမှုမရှိ ခြင်းကြောင့် တစ်ဖက်နိုင်ငံက ကျူးကျော်လာသော လူအုပ်စုတစ် ခုကြောင့်သာ ဖြစ်သည်ဟု ဆရာတော် ဥူးသုမင်္ဂလက ဆက်လက်ပြီး သုံးသပ်ထားသည်။ ယခုလူအများ သိနေကြသော ရခိုင်ပြည်နယ်မှာ တချိန်က ကိုယ့်ထီးကိုယ့်နန်း ကိုယ်ပိုင်အချုပ် အချာအဏာဖြင့် အုပ်ချုပ် လာသော တိုင်းပြည်နိုင်ငံ တစ်ခုဖြစ်ကြောင်းနှင့် ဆန်ရေစပါးများ ပေါကြွယ်ဝ၍ ချမ်းသာဝဖြိုးသော နိုင်ငံတစ်ခုဖြစ်ပြီး၊ ဗမာ ဘုရင်ဘိုးတော် မောင်ဝိုင်း၏ မတရားကျူးကျော် တိုက်ခိုက်ခြင်းကြောင့် အေဒီ ၁၇၈၄ ခုနှစ် ဒီဇင်ဘာလ
၃၁ ရက်နေ့တွင် ရခိုင့်အချုပ်အချာ အာဏာကျဆုံးခဲ့သည် သိရသည်။

သို့.. အာဏာရူးနေသော လွှတ်တော် အမတ်ကြီးများ... ပြည်ထောင်စု အဆင့်မဟုတ်လည်း ပြည်သူ့အကျိုးပြုလုပ်ငန်းတွေလုပ်လို့ ရပါတယ်.. လွှတ်တော်ထဲ ဝင်လာတာ ပြည်သူ့အတွက်လု

Posted by drmyochit Friday, August 24, 2012, under | No comments



သို့.. အာဏာရူးနေသော လွှတ်တော် အမတ်ကြီးများ... ပြည်ထောင်စု အဆင့်မဟုတ်လည်း ပြည်သူ့အကျိုးပြု လုပ်ငန်းတွေလုပ်လို့ ရပါတယ်.. လွှတ်တော်ထဲ ဝင်လာတာ ပြည်သူ့အတွက် လုပ်ဖို့လား၊ ပြည်ထောင်စုအဆင့် လိုချင်လို့လား ဆိုတာ ပြန်သုံးသပ်ကြပါ...။ ကော်မရှင်တွေ၊ ကော်မတီတွေ ပြည်ထောင်စု အဆင့် မဟုတ်လည်း ပြည်သူ့အကျိုး ပြုလုပ်ငန်းတွေ အများကြီး လုပ်လို့ရပါတယ်။ အခု နိုင်ငံတစ် နိုင်ငံလုံးမှာ ရေတွေကြီး နေပါတယ်..၊ လူတွေသေ နေပါတယ်...။ ပြည်သူတွေ အိုးမဲ့ အိမ်မဲ့ ဖြစ်နေပါတယ်။ ပြည်သူတွေက ရွေးချယ်ထားတဲ့ လွှတ်တော် အမတ်များက နေပြည်တော်က အဲကွန်းခန်းထဲမှာ ပြည်ထောင်စု အဆင့် ရဖို့ လုံးပန်းနေ ကြပါတယ်။ အာဏာ မက်မော နေကြပါတယ်၊ ကန့်ကွက်နေကြပါတယ်၊ ပြည်သူတွေက ရွေးထားတဲ့ လွှတ်တော် အမတ်တွေကို ပြည်သူတွေက စိတ်ပျက်လှပါပြီ။ လွှတ်တော် ကိုယ်စားလှယ်လောင်း ဘဝ တုန်းက လွှတ်တော် အမတ်ဖြစ်ဖို့ မဲဆွယ်ခဲ့ ကြတယ်မဟုတ်လား.. အမတ်ဖြစ်ရင် ပြည်သူအတွေအတွက် ဘာဥပဒေ တွေ ပြန်ဌာန်းမယ် ပြောခဲ့တယ် မဟုတ်လား... အခု အမတ်ဖြစ်ပြီ။ လွှတ်တော် ဆိုတာ ဥပဒေ ပြုရေး မဏ္ဍိုင် မဟုတ်ဘူးလား.. ဥပဒေ ပြုပေးရုံနဲ့ မကျေနပ်နိုင်ပဲ ပြည်ထောင်စု အဆင့် အာဏာလို ချင်တယ်ဆိုတော့ လွှတ်တော်အမတ်တွေက အာဏာ ရူးနေတယ်လို့ သက်သေပြ နေသလို ဖြစ်မနေဘူးလား...။ အခု ဖြစ်နေတဲ့ ထဲမှာ ဘယ်ပါတီ အများဆုံးလဲ... အဲဒီပါတီက အာဏာ အရူးဆုံး ဆိုတာ ထင်သာ မြင်သာ တာပဲ...။ လွှတ်တော် ဥက္ကဌကြီးများနဲ့ လွှတ်တော်အမတ် ကြီးများခင်များ... လွှတ်တော် တစ်ရပ်ကျင်းပရင် လွှတ်တော်အမတ်ပေါင်း ၇၀၀ အတွက် ကုန်ကျစရိတ် များလှပါတယ်.... တစ်နှစ်ကို နှစ်လ လောက်ပဲ လွှတ်တော် ကျင်းပကြပါ... အထူးသဖြင့် အခုလို ပြည်သူတွေ သဘာဝ ဘေးအန္တရာယ် ကြုံနေရချိန်မှာ လွှတ်တော် မကျင်းပသင့်ပါ...။ လွှတ်တော် အမတ်မင်းများ အနေနဲ့လည်း ကိုယ့်ကိုယ်ကို ပြည်ထောင်စု အဆင့် ဝင်ဖို့ ကြိုးစားနေတာတွေ ရပ်ပါ။ ပြည်ထောင်စု အဆင့် သတ်မှတ်ခံရလည်း အဲဒီ ကော်မတီ၊ ကော်မရှင် ဥက္ကဌတွေနဲ့ အဖွဲ့ဝင်တွေကို ပြည်ထောင်စု အဆင့်ပါဆိုပြီး ဘယ်သူက မှ အထင်မကြီး ပါဘူး။ လွှတ်တော် အမတ်ကို လွှတ်တော် အမတ်တစ်ယောက်လို့ပဲ မြင်ပါတယ်။ လွှတ်တော် အသံ ပြည်သူ့ အသံ လို့ ဆိုင်းဘုတ် ကပ်ထားပေမယ့်... လွှတ်တော် ထဲက ကော်မတီ ကော်မရှင်တွေကို ပြည်ထောင်စု အဆင့် သတ်မှတ်ဖို့ ဘယ်ပြည်သူက မှ မတောင်းဆိုပါဘူး။ လွှတ်တော် အမတ်တွေလည်း မီဒီယာ သမားတွေနဲ့ မထူးပါဘူး။ မီဒီယာသမားတွေက ပြည်သူ့အသံ ဆိုပြီး ကိုယ့်စိတ်ထဲ ရှိတာရေးတယ်၊ လွှတ်တော်အ မတ်တွေကလည်း ပြည်သူ့ဆန္ဒဆိုပြီး ကိုယ်ဖြစ်ချင်တာ နဲ့ ကိုယ်အာဏာ ရဖို့ လုံးပန်းတယ်။ ဒီမိုကရေစီ လမ်းကြောင်းပေါ် ဦးတည်ပြီး သူများနိုင်ငံတွေ အထင်ကြီးနေချိန်မှာ လွှတ်တော် အမတ်တွေ အာဏာ လုနေတာ အလွန်အင်မတန် စိတ်ပျက်ဖို့ ကောင်းပါတယ်။ အာဏာမလုကြပါနဲ့၊ အဲကွန်းခန်းထဲကထွက်ပြီး ဧရာဝတီ မြစ်ကြောင်း အတိုင်း သဘောင်္စီးလာခဲ့ပါ အမတ်မင်းတို့ ပြောတဲ့ ပြည်သူတွေရဲ့ ဆန္ဒ အမှန်တွေကို မြင်တွေ့ရပါလိမ့်မယ်....။

ခံစားရသူဘက်က တနင့်တပိုးကြီးပါအတွက် ပြန်လည်ဖြေရှင်းချက်

Posted by drmyochit Friday, August 24, 2012, under | No comments


 


Hot News ဂျာနယ် Vol-3, No- 102, 9-15 Aug 2012 မှာပါတဲ့ “ခံစားရ သူဘက်က တစ်နင့်တစ်ပိုးကြီးပါ” ဆိုသော သတင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဆရာဝန်ကြီး တစ်ဦးအနေဖြင့် စိတ်မကောင်း ဖြစ်မိပါသည်။ သတင်းနှင့် ပတ်သက်၍ အချို့အချက်အလက် များဖော်ပြမှုမှာမှား ယွင်းနေပါသဖြင့် စာဖတ်သူအများသိရှိ နိုင်ရန်တင်ပြလိုပါသည်။
ဇူလိုင်လ (၂၁)ရက်နေ့ နေ့လည် ၁၂း၀၀ နာရီ ၀န်းကျင်တွင် ထိုလူနာ အသက် (၈၈)နှစ် အား ဆီးကျိတ်ခြစ်ကု သမှု(TURP) ကို ခါးမှ ထုံဆေးထိုး၍ ပြုလုပ်ခဲ့ပါသည်။ ခွဲစိတ် ကုသရာတွင် နှလုံး၊ အဆုတ်၊ ဗိုက် စသောကျန်းမာရေး အခြေအနေများကို မေ့ဆေးဆရာဝန်ကြီး ၏ စစ်ဆေးချက် အရကောင်းမွန်၍ ခွဲစိတ် ကုခဲ့ခြင်းဖြစ်ပါသည်။
ခွဲခန်းအတွင်း၌ စုစုပေါင်းအချိန် ၁ နာရီ ၁၅ မိနစ် ခန့်ကြာမြင့်ခဲ့ပါသည်။ လူနာအားခွဲစိတ်ပြီး နေ့လည် ၂ နာရီခန့် တွင် ခွဲခန်းမှI.C.U သို့ပို့ခဲ့ပါသည်။ လူနာကို ခွဲအပြီးအခြား လူနာများ ကိုခွဲစိတ်ပြီး နောက် ခွဲခန်းမှထွက်ထွက်ချင်း ညနေ ၄ နာရီခန့်တွင်I.C.Uသို့ဝင်၍ ထိုလူနာအား စစ်ဆေးပြီး Input,Output အကြောင်းကို လည်း ရှင်းပြခဲ့ပါသည်။ Output နဲ့နေခြင်း မှာ အပြင်သို့ အရည်များ ထွက်ကျနေသော ကြောင့်ဖြစ်ကြောင်းနှင့် ဗိုက်မတင်းလာလျှင်၊ ဗိုက်နှင့် ပတ်သက်ပြီး အစာအိမ်မှ အလုပ်လုပ်ကြောင်း အသံကြား နေရလျှင် လူနာနှင့် ဆက်ထားသော Monitor တွင် လည်း ပုံမှန်ပြနေလျှင်၊ ပြဿနာ မရှိကြောင်း ပြောကြားခဲ့ပါသည်။ လူနာမှာ ထိုအချိန်တွင်ပင် စကား ပြောနေနိုင်ပြီဖြစ်၍ ယခုပင် အရည် သောက်နိုင်ပြီး၊ မနက်ဖြန်တွင် အစာနည်း နည်းစားနိုင်ကြောင်း ပြောခဲ့ပါသည်။ ထို့နေ့ညနေတွင် အန်ခြင်းမှာ ခွဲထားသော လူနာမှာ ထုံဆေးနှင့် အခြားဆေးများ ပေးထား၍ သော်လည်းကောင်း၊ အစာမရှိ ၍သော်လည်း ကောင်းအန်တတ်ကြောင်း ရှင်းပြခဲ့ပြီး ၎င်းအတွက် လည်းဆေးကို ညွှန်ကြားခဲ့ပါသည်။ ခွဲစိတ်ပြီး နောက်တစ် နေ့ဖြစ်သော ဇူလိုင်လ (၂၂) ရက်နေ့ မနက် (၉း၀၀) နာရီ ၀န်းကျင်တွင် ဒုတိယအကြိမ်သွား ရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
လူနာမှာ မနက်စာ ကော်ဖီနှင့်မုန့် စားသောက် ထားပြီးကြောင်း သိရ၍ အားပေးသော အနေဖြင့်ဘေးတွင် ခိုင်ခိုင် ကျော်ထမင်းဆိုင်နှင့် ရှမ်းဆိုင်ရှိကြောင်း ပြုံး၍ အားပေးစကား ပြောကြားခဲ့ပါသည်။ ထိုအချိန် စစ်ဆေးစဉ် ဆီးအိမ်အတွင်း လှည့်ထားသော Inlet Clean Water ပိုက်ကို လူနာ၏ ခွဲထားသော အခြေအနေ ကောင်းမွန်သောကြောင့် ကိုယ်တိုင်ရပ်ပေး ခဲ့ပြီး မိမိ၏နှုတ်မှလည်း Irrigationကို ရပ်ရန်မှာကြားခဲ့ပါသည်။ သို့သော်လူနာ၏ အသက်ရှူပုံကို မကြိုက်၍ မိမိနောက် တစ်ခေါက်ပြန်လာ ကြည့်ရှုပြီးမှ I.C.U မှ ရိုးရိုးအခန်းသို့ပြောင်း ပေးမည်ဟု မှာကြားခဲ့ပါသည်။ ထို့နေ့ နေ့လယ် (၂း၃၀)နာရီခန့်တွင် ဆေးရုံမှ ဖုန်းဆက်လာပြီး လူနာအားI.C.U ထဲမှ သာမန်လူနာခန်း ထဲသို့ပို့ပေး လိုက်ကြောင်း ဆေးရုံမှတာဝန်ကျ M.O မှ ဆက်သွယ် အကြောင်းကြား လာခဲ့ပါသည်။ မိမိနောက် တစ်ကြိမ်လာမှ I.C.U ထဲမှထုတ်ရန် ပြောကြားထား တာဘဲဟုပြောရာ၊ လူနာ ရှင်မှ I.C.U ထဲမှ ထွက်ခွင့်တောင်း၍ ထုတ်ပေးပါ သည်ဟုပြန်ပြောပါသည်။  ကျွန်တော်သည် လူနာမှာ ကောင်းမွန် ၍အပြင်ထွက်ခွင့် တောင်းသောကြောင့် ထုတ်ပေးလိုက် သည်ထင်၍ စိတ်အေးလိုက် ပါသည်။
ကွယ်လွန်ပြီးနောက် ၎င်းဆေးရုံတွင် ဆေးရုံမှ ဒါရိုက်တာ၊ ဆေးရုံအုပ်၊ လက်ထောက်ဆေးရုံအုပ်၊ မိမိ၊ လူနာရှင် ၏ သမီးနှင့် သူ၏မောင် ဆိုသူတို့နှင့် တွေ့ဆုံ ဆွေးနွေးကြရာ လူနာရှင်၏ သမီးကိုယ် တိုင်နှုတ်မှ ခြင်ကိုက်၍ မနေနိုင်သဖြင့် I.C.U ထဲမှ သာမန်လူနာ ခန်းထဲပြောင်း ရွှေ့လိုကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းနောက် ထိုနေ့ ၂၂ ရက်နေ့ နေ့လည်နောက် ပိုင်းမှစ၍ ၂၃ ရက်နေ့ မနက် (၁၀း၀၀) နာရီဝန်းကျင် အထိဆေး ရုံမှ လုံးဝဆက်သွယ် အကြောင်းကြားလာ ခဲ့ခြင်းမရှိပါ။
ဇူလိုင်လ (၂၃) ရက် မနက် ၁၀း၃၀ တွင် ဆေးရုံမှတာဝန်ကျ M.Oမှ ဖုန်းဖြင့် ဆက်သွယ်လာပြီး ထိုလူနာမှာ အသက် ရှူကြပ်နေသောကြောင့် ဆရာကြီးကို ဖုန်းဆက်မရ၍ ပါမောက္ခ သမားတော်ကြီး တစ်ဦးကို ကိုခေါ်ပြပြီးI.C.U ထဲသို့ပြန်ပို့ ထားပြီးဖြစ်ကြောင်း အကြောင်းကြားလာ ပါသည်။ မှတ်ချက်- ဖုန်းဆက်၍ မရသည်ဆိုခြင်း မှာ ဆေးရုံဖုန်း မှတ်တမ်းအရ ၂၃ ရက်နေ့ မနက်ပိုင်းတွင် ၈း၂၂ မှ ၉း၄၅ (၁ နာရီ ကျော်) အတွင်း၌သာ ခေါ်ဆို၍ မရရှိခဲ့ ကြောင်း သိရှိရပါသည်။ ထိုသမားတော် ကြီးကြည့်ပြီးI.C.U ထဲသို့ ပြန်သွင်းထားကြောင်း သိရ၍ ကျွန်တော်လည်း လာကြည့်မည် ဖြစ်ကြောင်း ဖုန်းဖြင့်ပြောကြားခဲ့ပြီး နေ့လည် (၁း၀၀) ခန့်တွင် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါ သည်။
လူနာမှာ ချွဲကြပ်ပြီး။ အသက်ရှူမမှန် ကြောင်း တွေ့ရပြီးI.C.U ထဲမှာဖြစ်၍ မိမိ ကိုယ်တိုင်ချွဲစုပ်ပေးရန် ချွဲစုပ်စက်မေး သောအခါ စုပ်ထားပြီး ဖြစ်ကြောင်းပြော၍ ထပ်မစုပ်ပေးခဲ့ရပါ။ ရင်ခေါင်းထဲတွင်ချွဲ များခဲမနေစေရန်Position ကို နည်းနည်း စီပြောင်းရွှေ့ ပေးရန်ကိုလည်းမှာကြားခဲ့ပါ သည်။ အဆုတ်အအေး မိထားကြောင်း ဓာတ်မှန်ဆရာဝန်ကြီး ၏မှတ်ချက်နှင့် တကွတွေ့ရှိခဲ့ပါသည်။
ထိုရောဂါအတွက် သမားတော်ကြီး မှ မည်သည့် ဆေးများပေး ထားသည်ကို တောင်းကြည့်ရာ Antibiotic ပိုးသတ်ဆေး ကောင်းများနှင့်တကွ လိုအပ်သောဆေး များကိုပေးထားကြောင်း သိရှိရပါသည်။ တစ်ချိန်တည်းမှာပင် ဆီးအိမ်ကို ဆေးကျောရာ ဆီးအိမ်၏ အခြေအနေ မှာ ကောင်းမွန်ပြီး သွေးထွက်ခြင်း၊ သွေး ခဲနေခြင်းများ ကိုမတွေ့ရှိရပါ။ ထို့ကြောင့် ခွဲစိတ်ထား သောရောဂါ အနေဖြင့် ကောင်းမွန်ကြောင်းပြောပြခဲ့ ပါသည်။
နေ့လယ် (၃း၀၀) နာရီခန့်တွင် အခြားလူနာများ ကြည့်ရှုနေစဉ် လူနာရှင် ၏ သမီးမှ သူမ၏အဖေ အခြေအနေကို လိုက်ကြည့်ပေးရန် ကိုယ်တိုင်လာရောက် ခေါ်ဆိုသဖြင့် စစ်ဆေးနေ သောလူနာများ ကိုထားခဲ့ပြီး ချက်ချင်း လိုက်သွား၍ ထိုလူနာအား သွားရောက်ကြည့် ရှုရာစောစော က တွေ့ရှိရ သည့်အတိုင်း ဆီးအိမ်အပိုင်းမှ ကောင်းကောင်း အလုပ်လုပ် နေပြီးအသက် ရှူကြပ်သည့် ဝေဒနာခံစား နေရကြောင်း တွေ့ရှိရပါသည်။
ထို့ကြောင့် ထိုသမားတော်ကြီးမှ ဆက်လက်ကြည့် ပေးမည်ဖြစ်၍ ကျွန်တော် မှလည်း ဆက်လက်ကြည့်ရှု ပေးမည်ဖြစ် ကြောင်းပြော ကြားခဲ့ပါသည်။ ထိုနေ့ ညနေ (၅း၀၀) နာရီခန့် အထိ ထိုဆေးရုံတွင်ရှိပြီး ပြန်လာခဲ့ပါသည်။ လူနာသည် ဇူလိုင်လ (၂၃) ရက်နေ့ တနင်္လာနေ့ ညနေပိုင်း ၆း၄၅ တွင် ဆီး ကျိတ်ရောဂါ ကြောင့်မဟုတ်ဘဲ၊ အခြား အဆုတ် အအေးမိရောဂါဖြင့် ဆုံးပါးသွား ရသည့်အတွက်များစွာ စိတ်မကောင်းဖြစ် ခဲ့ရပါသည်။
ကျွန်တော်သည် ယခု အသက်အရွယ် အချိန်အထိ အလုပ်လုပ် နေခြင်းမှာလည်း နိုင်ငံတော်မှ သင်ကြားပေးထားသော ပညာဖြင့် မိမိလုပ်နိုင်စွမ်းသမျှ လုပ်မည် ဟူသောခံယူချက်ဖြင့် ရဟန်းရှင်၊ လူ၊ ပြည်သူအများ ရောဂါဝေဒနာ သက်သာပါ စေခြင်း အကျိုးငှာစိတ်ကောင်း၊ စေတနာ ကောင်းဖြင့် ကုသပေးနေသည်ကို ကျွန်တော်၏ ကုသမှုခံယူ ရရှိခဲ့ကြသော ပုဂ်္ဂိုလ်များ အသိပင်ဖြစ်ပါသည်။

""လူမှုကွန်ယက်တွေကို အိန္ဒိယအစိုးရသတိပေးပြီ""

Posted by drmyochit Friday, August 24, 2012, under | No comments



 
လူမှုဆက်ဆံ ရေးကွန်ယက် အင်တာနက် စာမျက်နှာ တခုဖြစ်တဲ့ Twitter အနေနဲ့ လူမျိုးစုတင်းမာမှုတွေကို နောက်ထပ် မီးထိုးပေး နိုင်တယ်လို့ တာဝန်ရှိသူတွေက စိုးရိမ်တဲ့ ဖော်ပြချက်တွေကို မဖြုတ်ပစ်ဘူးဆိုရင် အရေးယူလုပ် ဆောင်မယ်လို့ အိန္ဒိယ အစိုးရက ခြိမ်းခြောက် လိုက်ပါတယ်။ အိန္ဒိယနိုင်ငံ မြောက်ပိုင်း အာသမ်ပြည်နယ် မှာဖြစ်ခဲ့တဲ့ လူမျိုးရေး အဓိကရုဏ်း တွေကိုလက်စား ချေတဲ့အနေနဲ့ မူစလင်တွေက တိုက်ခိုက်မယ်ဆိုတဲ့ ကောလာဟလတွေ အင်တာနက်ပေါ်မှာ ပြန့်နေခဲ့ပြီး တဲ့နောက် အခု ညွှန်ကြားချက် ထွက်လာတာပါ။ အာသံပြည်နယ်က အဓိကရုဏ်းကြောင့် ဇူလိုင်လ ကတည်းကဆိုရင် လူ အယောက် ၈၀ သေဆုံးခဲ့ ရပြီဖြစ်ပြီး လူဦးရေ သုံးသိန်း အိုးအိမ်စွန့် ထွက်ပြေး နေရပါတယ်။ သတင်းမှားတွေကြောင့် အိန္ဒိယနိုင်ငံ တ၀န်းမြို့တွေက ထောင်ပေါင်း များစွာသော လူတွေဟာ သူတို့မြို့ တွေကနေ အာသံပြည်နယ် ကအိမ်တွေဆီ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပြန်သွားခဲ့ကြပါတယ်။ လှုံ့ဆော်နှိုးဆွပြီး အန္တရာယ်ဖြစ်စေတဲ့ ဖော်ပြချက်တွေကို ချက်ခြင်း ဖြုတ်ပေးဖို့ အိန္ဒိယအစိုးရက Twitter ကို ကြာသပတေးနေ့ မှာ တောင်းဆိုခဲ့ပါတယ်။ အိန္ဒိယမှာ သုံးစွဲသူ ၁၆ သန်းလောက်ရှိတဲ့ Twitter အင်တာနက် စာမျက်နှာဘက် ကတုန့်ပြန်ချက် တခုခုတော့ ချက်ခြင်းထွက် မလာသေးပါဘူး။

တတိယနိုင်ငံထွက်နိုင်ရန် မယ်လဒုက္ခသည်အချို့ကို UNHCR စတင်လုပ်ဆောင်ပေး

Posted by drmyochit Friday, August 24, 2012, under | No comments



 
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ထမ်းဆောင်ယန်းမြို့နယ် အခြေစိုက် မယ်လဒုက္ခ သည်စခန်းမှ တတိယနိုင်ငံ ရောက်နှင့်ပြီးဖြစ် သောဒုက္ခသည် များအတွက် စခန်းတွင် ကျန်ရစ်နေသော မိသားစုများကို ပြန်ခေါ်နိုင်ရန် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR မှ ယမန်နေ့ ကစတင် လုပ်ဆောင် ပေးနေပြီဖြစ်သည်။ တတိယနိုင်ငံရှိ ဒုက္ခသည်များသည် စခန်းတွင် ကျန်ရှိသော သားသမီးနှင့် ဇနီးခင်ပွန်းတို့၏ နာမည်စာရင်းများအား UNHCR ကိုယ်စား လှယ်အချို့မှ လာရောက်စစ်ဆေး ပေးနေပြီဖြစ် ကြောင်းကို မယ်လစခန်း ကော်မတီဝင် တစ်ဦးဖြစ်သူ နော်တေးတေးက ကေအိုင်စီသို့ ပြော သည်။ နော်တေးတေးက “တတိယနိုင်ငံမှာ ရောက်နေတဲ့ မိဘတွေက စခန်းမှာ ကျန်ရှိနေတဲ့ သူတို့ရဲ့ သားသမီးတွေကို ပြန်ခေါ်နိုင်အောင် ဆိုပြီး တော့ လာလုပ်ပေးတာပါ။ ဒုတိယအဆင့် မှာကျတော့ လင်မယား တွေအတွက် ဆက်လက် လုပ်ဆောင်ပေးမယ်”ဟု ပြောဆိုသည်။
ယခု လုပ်ဆောင်မှုတွင် UNCHR မှ တရားဝင် ဒုက္ခသည်အဖြစ် အသိအမှတ်ပြု မခံရသေးသည့် PAB လက်မှတ်ကိုင် ဆောင်ထား သူများနှင့် စားနပ်ရိက္ခာ လက်မှတ်အဆင့်သာ ရှိသေးသူများကိုပါ လုပ်ဆောင် စစ်ဆေးပေး နေခြင်းဖြစ်သည်ဟု သူမက ဆက်ပြောသည်။ သို့သော် တတိယနိုင်ငံတွင် မိသားစု မရှိသူများနှင့် စခန်း၌ အသစ်ရောက် ရှိလာသော လူသစ်များအတွက် UNHCR မှတ်ပုံတင်ကဒ် ရိုက် ပေးမည်၊ မရိုက်ပေးမည်ကို မသိရှိရ သေးကြောင်းနှင့် ယင်းကဲ့သို့ လုပ်ပေးရန် လက်ရှိတွင် အစီအစဉ် မရှိသေးကြောင်း မယ်လစခန်းတာ ၀န်ရှိသူများက ပြောသည်။ မယ်လဒုက္ခ သည်စခန်းရှိ ဒုက္ခသည်များမှာ ၂၀၀၆ခုနှစ်မှစ၍ ယခုအချိန်ထိ တတိယနိုင်ငံသို့ သွားရောက် အခြေချခဲ့ပြီး အမေရိကန်၊ သြစတြေးလျား၊ ကနေဒါ၊ အင်္ဂလန်၊ နော်ဝေ၊ ဆွီဒင်၊ နယ်သာလန်၊ ဖင်လန်၊ နယူးဇီလန်၊ ဘယ်လ်ဂျီယံနှင့် ဂျပန်နိုင်ငံတို့၌ ရောက်ရှိနေကြသည်။ ထိုင်း-မြန်မာနယ်စပ် တလျှောက် ကရင်ဒုက္ခသည်စခန်း ၇ခုရှိသည့်အနက် ၁၉၈၄ခုနှစ်တွင်စတင် တည်ထောင်ခဲ့သည့် မယ်လစခန်းသည် အကြီးဆုံးဖြစ်ပြီး လက်ရှိ လူဦးရေ ၅၂,၀၀၀(ငါးသောင်း နှစ်ထောင်)ကျော် ရှိသည်ဟု ကရင်ဒုက္ခ သည်များကော်မတီ -KRC ၏ ၂၀၁၂ခုနှစ်၊ ဇူလိုင်လထုတ် လူဦးရေ မှတ်တမ်းအရ သိရသည်။

အိဒ်ပွဲတော်အတွင်း ဘင်္ဂလားဒေ့ခ်ျတွင် လူ ၄၂ဦးသေ၊ ၁၈၀ ဒဏ်ရာရ

Posted by drmyochit Friday, August 24, 2012, under | No comments


ရာမန်ဒန် ဥပုသ်လ အပြီး အိဒ် ပွဲတော်အတွင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် ယာဉ်တိုက်မူကြောင့် လူပေါင်း ၄၂ ဦး သေဆုံးပြီး ၁၈၀ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ အိဒ်ပွဲတော် ဆင်နွဲရန် ဘင်္ဂလီ အမျိုးသားများ အိမ်ပြန်နေကြစဉ်။ သြဂတ်စ်လ ၂၀ နေ့က ပြီးဆုံးခဲ့သော တစ်လကြာ ရာမန်ဒန် ဥပုသ်လ ပြီးဆုံး ပြီးနောက် မူဆလင် ဘာသာဝင် တို့၏ ထုံးတန်း စဉ်လာအရ တရွာနှင့်တရွာ တမြို့နှင့်တမြို့ အလည်အပတ် သွားကြရာတွင် ၅ ရက်အတွင်း ယာဉ်မတော်တဆ တိုက်မူကြောင့် သေဆုံးခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါ မတော်တဆမူများမှာ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံအတွင်း မြို့နယ် ၁၃ ခုတွင် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ ဘတ်စကား တိမ်းမှောက်၍ သေဆုံးသူ များရှိသလို ကားများ တစ်စီးနှင့် တစ်စီး ခေါင်းချင်းဆိုင် တိုက်ရာမှ သေဆုံးမူ များလည်း ရှိကြောင်း၊ ဆိုင်ကယ်နှင့် ကားတိုက်ရာမှလည်း သေဆုံးခဲ့သူများ ရှိကြောင်း ဘင်္ဂလာဒေခ်ျ့ ထုတ် သတင်းစာများက ဆိုသည်။ သန်းနှင့် ချီသော ဘင်္ဂလာဒေခ်ျ့ ပြည်သူများမှာ ရမန်ဒန် ကာလ အပြီး အိဒ် ပွဲတော်အတွင်း ပါဝင် ဆင်နွဲနေကြပြီး ဒက္ကားမြို့တော်တွင်လည်း နယ်မှ အလုပ်လာလုပ်သူများ မိမိနေရပ်သို့ ပြန်သွားကြသဖြင့် ကားအသွား အလာ ရှင်းကာ တိတ်ဆိတ်ငြိမ် သက်နေကြောင်း သိရသည်။ အစိုးရရုံးများကို ယမန်နေ့ကတည်းက ပြန်လည် ဖွင့်လှစ်ခဲ့သော အများစု ၀န်ထမ်းများမှာ အိဒ်ပွဲတော်တွင် ပါဝင် ဆင်နွဲနေကြသဖြင့် ရုံးများမှာ ပြန်လည် လည်ပတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

မုံရွာတက္ကသိုလ် ရူပဗေဒဌာနမှ ပါမောက္ခဌာနမှူး လာဘ်စားမှုအပေါ် ကျောင်းသားများ မကျေမနပ်ဖြစ်နေ

Posted by drmyochit Friday, August 24, 2012, under | No comments



စစ်ကိုင်းတိုင်း မုံရွာတက္ကသိုလ်တွင် ရူပဗေဒဌာနရှိ ပါမောက္ခဌာနမှူးမှာ ကထိကဆရာမ တစ်ဦးနှင့်ပေါင်း၍ ကျောင်းသားများထံမှ မတရားငွေ ကြေးတောင်းခံ လာဘ်စားမှုအပေါ် ကျောင်းသားများက မကျေမနပ် ဖြစ်နေကြကြောင်း တက္ကသိုလ် ကျောင်းသားတစ်ဦး၏ သတင်းပေး ပို့ချက်အရ သိရသည်။
အဆိုပါ ဆရာနှစ်ဦးပူးပေါင်း၍ ကျောင်းသားများအား ပုံနှိပ်စာအုပ်များကို ဈေးမြှင့်ကာ မဝယ်မနေရ စနစ်ဖြင့်ရောင်းပြီး၊ Term Paper လက်မှတ်ထိုး ခများနှင့် မဟာတန်း ကျောင်းသားတစ်ဦးလျှင် ကျပ်ငွေ ၂ သိန်းစီ တောင်းခံနေကြောင်း သတင်းရရှိသည်။ " အဲဒီ ဆရာနှစ်ဦး ပေါင်းပြီးတော့ ပုံနှိပ်စာအုပ်တွေကို မတရား ဈေးမြှင့်ပြီးတော့ မဝယ်မနေရ စနစ်နဲ့ ရောင်းတယ်။ ပြီးတော့ Term Paper လက်မှတ်ထိုးခနဲ့ မဟာတန်း ကျောင်းသားတစ်ဦးစီကို ကျပ်ငွေ ၂ သိန်းစီ ကောက်ခံတယ်။ သိတဲ့အတိုင်းပဲ ကျောင်းသားတစ်ဦးအတွက် ငွေ ၂ သိန်းဆိုတာ နည်းတဲ့ဟာ မဟုတ်ဘူး။ ငွေ ၂ သိန်းမပေးနိုင်တဲ့ ကျောင်းသားတွေ အများကြီးဘဲ။ ငွေ ၂ သိန်း မပေးနိုင်တော့ လက်မှတ်ထိုး မပေးဘူးလေ။ " ဟု အဆိုပါကျောင်းသားက ယခုကဲ့သို့ ပြောသည်။ ထို့အပြင် ရူပဗေဒဌာနမှ ဆရာတချို့က အတန်းထဲတွင် ကောင်းမွန်စွာ ပညာသင်ကြား ပေးမှုမရှိဘဲ အပြင်ကျူရှင်များ ဖွင့်လှစ်ကာ အကျိုးစီးပွားရှာနေကြောင်း၊ ယခုကဲ့သို့ တက္ကသိုလ် ဆရာ/မများ လာဘ်စားမှုများ ဖြစ်ပေါ်နေခြင်းမှာ လုံလောက်သည့် လစာ မရရှိသည့်အတွက်ဖြစ်ကြောင်း ဆရာများနှင့် နီးစပ်သည့် အသိုင်းအဝိုင်း မှလာသော သတင်းအရ သိရသည်။ ယခုကဲ့သို့ လာဘ်စားမှုများ ပပျောက်အောင် နိုင်ငံတော် အစိုးရအနေဖြင့်လည်း လျှင်မြန်စွာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပေးစေလိုကြောင်း အဆိုပါ တက္ကသိုလ်ကျောင်းသားက သူ၏ဆန္ဒကို ထုတ်ဖော်ပြောဆိုခဲ့သည်။

သာပေါင်း ရေဘေး အခြေအနေ

Posted by drmyochit Friday, August 24, 2012, under | No comments



 
သာပေါင်း မြို့နယ်မှာ ရွာလေးရာ လောက်ရှိတဲ့ အနက် ၃ဝ၅ ရွာမှာ ဝါးတပြန်လောက် ရေမြုပ် နေတာ တလ ရှိနေပြီလို့ သွားရောက်ကူညီသူ တွေက ဆိုပါတယ်။ ဖြစ်ရိုး ဖြစ်စဉ် ရေကြီးမှုလို့ အစိုးရ ဘက်က ဆိုပေမယ့် အခြေအနေ ဆိုးတယ်လို့ မြန်မာ့ လူမှု ဘဝ ဖွံ့ဖြိုး တိုးတက်ရေး ကွန်ယက်က ကိုနေမျိုးဇင်က ပြောပါတယ်။
မျိုးစပါးနဲ့ ဝမ်းစာ စပါးတွေ ရေစို ပျက်စီး ကုန်လို့ အခြေခံ လူတန်းစား တွေ အခက်ကြုံ နေပြီး ဆန်ပြုတ်သောက် ငါးမျှားစား နေရတယ်လို့ သိရပါတယ်။ အိမ်ခေါင်မိုး တွေပေါ်မှာ ကလေးတွေကို လင့်စင်ထိုး တင်ထားရ တာမို့ ချိနဲ့ နေတာ တွေ့ရပါတယ်။ ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့က သင်္ဘာနဲ့ သာပေါင်းထိ ရိက္ခာ လာချပေမယ့် အစိုးရ အကူအညီတော့ မမြင်ရ သေးဘူးလို့ ကိုနေမျိုးဇင်က ပြောပါတယ်။

သြစတြေးလျက ဒုက္ခသည် ၄၅ ရာနှုန်း တိုးမြှင့် လက်ခံမယ်

Posted by drmyochit Friday, August 24, 2012, under | No comments



 
ဩစတေးလျ နိုင်ငံက သူတို့ နိုင်ငံတွင်း မှာဒုက္ခသည် အရေအတွက်ကို တိုးပြီး ခိုလှုံခွင့် ပေးမယ်လို့ ဝန်ကြီးချုပ်က ကြေညာ ပါတယ်။ ဩစတေးလျ နိုင်ငံက ကျွမ်းကျင်သူ တွေနဲ့ဖွဲ့စည်း ထားတဲ့ အဖွဲ့ရဲ့ အကြံပြုချက် အရ ဒုက္ခသည်အရေ အတွက်ကို လက်ရှိ ၁၃၇၅၀ ကနေ ၂၀ဝ၀ဝ လောက် အထိ တိုးပြီး လက်ခံသွားမယ်လို့ ဆိုပါတယ်။ ဒါဟာ နှစ်ပေါင်း ၃၀ လောက် အတွင်းမှာ၄၅ ရာခိုင်နှူန်း အထိ တိုးပြီး လက်ခံတာ ဖြစ်တယ်လို့ ဩစတေးလျ ဝန်ကြီးချုပ် ဂျူလီယာ ဂေးလာ့ဒ်က ပြော ပါတယ်။ မကြာသေးခင် ကလည်း နိုရူးနဲ့ ပီလန်ဂျီက ခိုလှုံခွင့် တောင်းခံလာသူ တွေအတွက် ကမ်းလွန်က ကျွန်းတွေ ပေါ်မှာ ရှိတဲ့ စိစစ်ရေး စခန်းတွေကို ပြန်ဖွင့် ပေးဖို့ ဥပဒေပြု အမတ်တွေက အတည်ပြု ပေးလိုက်ကြ ပါတယ်။ ဒါတွေဟာ ဩစတေးလျ နိုင်ငံမှာ ခိုလှုံခွင့် ရနိုင်ဖို့ ကြိုးစားသူတွေ အနေနဲ့ အန္တရာယ် များလှတဲ့ ပင်လယ်ပြင်ကို လှေနဲ့ဖြတ်ပြီး လာနေ ကြတာတွေ လျော့ကျ သွားနိုင်ဖို့ ဖြစ်ပါတယ်။ ခိုလှုံခွင့် လိုချင်သူတွေကို တရားဝင် လမ်းကြောင်းတွေက နေသွားကြဖို့ ကို တွန်းအားပေးသလို ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ ဆိုလိုတာက လှေနဲ့ကူးပြီး လာကြလည်း ဘာမှ ပိုပြီးအခွင့် အရေးမရ နိုင်ဘူးလို့ သိအောင်လုပ်တဲ့ သဘောပါ။အခုလို လူသားချင်း စာနာတဲ့ အနေနဲ့ ခိုလှုံဖို့ လာကြသူ တွေကို ပိုလက်ခံတာနဲ့ စိစစ်ရေး စခန်း တွေ ပြန်ဖွင့် ပေးကြတာ ကတော့ လွတ်လပ်တဲ့ အကြံပေး အဖွဲ့က ဒီလ အစောပိုင်းက တင်ပြခဲ့တဲ့ အကြံပြုချက် ၂ ၂ချက်ထဲက တစ်ခု ဖြစ်ပါတယ်။
ဩစတေးလျ နိုင်ငံကို ခိုလှုံဖို့ လာကြသူ တွေဟာ ဩစတေးလျ အနောက် မြောက်ဘက် ကမ်းရိုးတန်းက ခရစ္စမတ်စ် ကျွန်းဆီကို ဦးတည် ကြတာ များပါတယ်။ လူတွေ အပြည့် မတန်တဆ တင်ထားတဲ့ ခနော်နီ ခနော်နဲ့ လှေတွေနဲ့ ပင်လယ်ကူးပြီး အန္တရာယ်တွေကြားက လာကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ တုန်းကဆိုရင် လူ ၂၀ဝ လောက် တင်လာတဲ့ လှေတစင်း ကျွန်းနား ရောက်ကာနီးမှ နစ်မြုပ် သွားခဲ့ ပါတယ်။ အဲဒီနစ်မြုပ်မှုက သတင်းတစ်ပတ် အတွင်း ဒုတိယ အကြိမ်မြောက် ဖြစ်ခဲ့တာကြောင့် ခိုလှုံခွင့်နဲ့ ပတ်သက်လို့ ပါလီမန် အတွင်းမှာပါ ပြန်လည် ဆွေးနွေး ကြရတဲ့ အထိ ဖြစ်သွား ပါတယ်။နိုရူး စခန်း မှာ စက်တင်ဘာ လကုန်ပိုင်းက စပြီး လူ ၅၀ဝ လောက်အထိ လက်ခံသွားမယ်၊
ပါပူဝါ နယူးဂီနီ စခန်းမှာ လိုအပ်မှုနဲ့ ပတ်သက်လို့ အခု သီတင်းပတ်မှာ ညှိုနှိုင်းမှုတွေ စပြီလို့ သြစတေးလျ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ခရစ္စ ဘိုဝင်က ပြောပါတယ်။အခုကိစ္စအတွက် ဩစတေးလျ အစိုးရဟာ UNHCR နဲ့လည်း ညှိုနှိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပြီး ဂျော်ဒန်၊ တူရကီ နဲ့ လက်ဘနွန်တို့ က ဒုက္ခသည် စခန်း တွေမှာ ရှိနေတဲ့ ဆီးရီးယား နဲ့ အီရတ် ဒုက္ခသည်တွေကို အခု ပိုမို လက်ခံမယ့် သူတွေ အထဲမှာ ထည့်သွင်းမယ်လို့ လည်း ခရစ္စဘိုဝင် က ပြောပါတယ်။ သီရိလင်္ကာ က ဒုက္ခသည်တွေ ကိုလည်း ဆက်ပြီး လက်ခံသွားမယ့် အပြင် မြန်မာ မလေးရှား၊ ထိုင်းနဲ့ အိန္ဒိယ နိုင်ငံ တို့က ဒုက္ခသည် တွေကိုလည်း ဆက် ပြီး လက်ခံသွား မယ်လို့သူက ပြောပါတယ်။

မလေးရှားရောက် မြန်မာ နှင့် ချင်း ဒုက္ခသည်များအကြား ကလဲ့စားလူသတ် မှုဖြစ်ပွား

Posted by drmyochit Friday, August 24, 2012, under | No comments



သြဂုတ်လ ၂၄ ရက်နေ့က မလေးရှားရောက် မြန်မာလူ မျိုးများနှင့် ချင်းလူမျိုး ဒုက္ခသည် အချင်းချင်း အကြား ကလဲ့စား လူသတ်မှု ဖြစ်ပွားသည်ဟု သိရသည်။ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ Kudu Area ဗမာစား သောက်ဆိုင်တွင် သြဂုတ်လ ၁၇ ရက်နေ့ညတွင် ချင်းပြည်နယ် မင်းတပ်မြို့နယ်မှ ချင်းလူမျိုး ငါးဦးနှင့် စားသောက်ဆိုင် ၀န်ထမ်းများ ရိုက်နှက်မှု ဖြစ်ပွားရာမှ ချင်းလူမျိုးနှစ်ဦး ပွဲချင်းပြီး သေဆုံးကာ သုံးဦး ဆေးရုံ ရောက်သွားကြောင်း ချင်းဘာသာ ထုတ် one star Journal တွင်လည်း ဖော်ပြထားသည်။ ဖြစ်စဉ်မှာ ယခု အမှု မဖြစ်ခင် အမှုတွင်ပါဝင်သူ ချင်းလူငယ်အား ဆိုင်ဝန်ထမ်းတွေက အပြင်းအထန် ရိုက်နှက်ခဲ့ရာမှ မလေးရှား ရိန်းကစ် ၃၀၀၀ ဖြင့် ကျေအေး ခဲ့သော်လည်း ချင်းလူငယ်တွေ က ပြန်လည်တုံ့ ပြန်ခဲ့ဘူးကြောင်း၊ ထို့ကြောင့်  ယခုကဲ့ သို့ ပြန်လည်ရိုက် နှက်မှုဖြစ်ပွားပြီး  လူသတ်မှု အထိ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု မျက်မြင်တွေက ပြောကြသည်။
“ တရားလို ဆိုင်ဝန်ထမ်းတွေက အနည်းဆုံး ၁၅ ဦးလောက်နဲ့ ၀ိုင်းရိုက်တာပါ၊ ဗမာတွေက မဟာစားသောက်ဆိုင်က ဖြစ်ပြီးတော့ အသတ်ခံ သူတွေဟာ အဆိုပါ စားသောက် ဆိုင်ဘေးနားမှာ အရက်သောက် နေတာကို တွေ့ရှိပြီး ဆိုင်အောက် အမှိုက်ပုံနားမှာ ရပ်စောင့်ပြီး ၀ိုင်းသတ်တာဖြစ် တယ်” ဟု မျက်မြင် တဦးက ပြောသည်။ အဆိုပါ ၁၅ ဦးထဲက အဓိက တရားခံ နှစ်ဦးကို ရဲတွေက ဖမ်းဆီးထားကြောင်း၊ အဆိုပါ ဖြစ်ရပ်ကြောင့် Pudu Area တွင် လုံခြုံရေးတင်းကျပ် မှာဖြစ်ကြောင်း လည်းသိရသည်။ အဆိုပါ အရပ်တွင် ဗမာစား သောက်ဆိုင် အနည်းဆုံး ၇ ဆိုင်ရှိပြီး အရက်ကို အဓိက သောက်သုံးသူမှာ ချင်းလူမျိုး တွေဖြစ်ကြောင်းလည်း the one star Journal တွင် ဆက်လက် ဖော်ပြထားသည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်