Saturday, August 25, 2012

""နိုင်ငံတခါးများကျိုးပေါက်ခြင်းမှုကို အစိုးရအနေနှင့်လုံခြုံမှုရအောင် ထိမ်းသိမ်းဖို့လိုဟု ဦးကျော်သူပြော ပြီ""

Posted by drmyochit Saturday, August 25, 2012, under | No comments

ရခိုင်ပြည်တွင် ဇွန်လက ဖြစ်ပေါ်ခဲ့သည့် ဆူပူအကြမ်း ဖက်မှုသည် မြန်မာနိုင်ငံခြံစည်းရိုး၊ တံခါးများကျိုး ပေါက်ခြင်းကို အခြေခံကာ ဖြစ်ပေါ်ခဲ့ရာ နိုင်ငံတော် အစိုးရအနေဖြင် နိုင်ငံခြံစည်းရိုး လုံခြုံအောင် ထိန်းသိန်းရန် လိုအပ်ကြောင်း နာရေးကူညီမှုအသင်း( ရန်ကုန်) ဥက္ကဌ ဦးကျော်သူက သြဂုတ်လ ၂၄ ရက်နေ့ စစ်တွေမြို့ အင်းပေါက်ဝ ဟိုတယ်တွင် ဒေသခံနာရေး ကူညီမှုအသင်းနှင့် တွေ့ဆုံစဉ် သတင်းထောက်များကို ပြောကြားခဲ့ကြောင်း သိရသည်။" မြန်မာနိုင်ငံရဲ့ အနောက်ဘက်တံခါး ကျိုးပေါက်တယ်။ အရှေ့ဘက်ကလဲ ကျိုးပေါက်တယ်။ မြောက်ဘက်လဲ ကျိုးပေါက်နေတယ်။ နောက်ဆိုရင် မြန်မာနိုင်ငံလို့ပြောရမယ့် အနေအထား မရှိအောင်ထိ ဖြစ်လာနိုင်တယ်။ ဒီလိုဖြစ်နေတာကို နိုင်ငံတော် အစိုးရအနေနဲ့ ကိုယ့်အိမ်၊ ကိုယ့်ခြံ၊ ကိုယ့်နိုင်ငံကိုရဲ့ ခြံစည်းရိုးကို သတ်မှတ်ပြီး လုံခြုံမှု အပြည့်အ၀ ရှိအောင်လုပ်ဖို့ လိုတယ် " ဟု ဦးကျော်သူက ပြောသည်။ အိမ်ထောင်စု တစ်ခုအတွင်းသို့ အပြင်မှ ဧည့်သည်တစ်ဦး ၀င်လာကာ အိမ်တစ်ခုလုံးကို အပိုင်သိမ်းချင် သောကိစ္စကို သူ့အနေနှင့် လက်မခံနိုင်ကြောင်း၊ နိုင်ငံမှာဆိုရင်လည်း နိုင်ငံ၏စည်းကို ထိန်းသိမ်းရန် အားလုံးမှာ တာဝန်ရှိကြောင်းကို အသင်းစည်းကမ်းနှင့် ပတ်သက်၍ ဆွေးနွေးချက်တွင် အလေးထား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ မြန်မာနိုင်ငံတွင် အင်ဒိုနီးရှား၊ မလေးရှားများကဲ့သို့ ဘာသာခြားတစ်ခု လွှမ်းမိုးမှုမခံရအောင်၊ မိမိတို့ဘာသာ ပျောက်ကွယ် မသွားအောင် ရခိုင်တိုင်းရင်းသားများက တံတိုင်းကြီး တစ်ခုသဖွယ် ကြံ့ကြံ့ခံ ရပ်တည်ပေး နေကြောင်းကို နာရေးကူညီ မှုအသင်း(ရန်ကုန်) အထွေထွေအတွင်း ရေးမှူးဒေါ်ရွှေဇီးကွက်က တွေ့ဆုံပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။ အိမ်နီးချင်း နိုင်ငံများမှ လူမျိုးခြားများ မြန်မာနိုင်ငံအတွင်း စိမ့်ဝင်ရောက်ရှိနေခြင်း၊ မသမာသော နည်းလမ်းများဖြင့် နိုင်ငံသားစိစစ် ရေးကဒ်ပြားများ ကိုင်ဆောင်ထား ခြင်းများကို ဥပဒေစိုးမိုးရေး အတွက် အမျိုးသားရေး တာဝန်အဖြစ် အထူးစီမံချက် တစ်ရပ်ချမှတ် ဖော်ထုတ် အရေးယူဆောင်ရွက် ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စား လှယ် မြတ်ဉာဏစိုးက သြဂုတ်လ (၈)ရက်နေ့ ပထမအကြိမ် အမျိုးသားလွှတ်တော် စတုတ္တပုံမှန် အစည်းအဝေးတွင် (၂၂)ရက်မြောက်နေ့က တင်သွင်းခဲ့ရာ ဆွေးနွေးရန် အချိန်စော သေးကြောင်းပြောကာ အစည်းအဝေးမှ ပယ်ချခဲ့သည်။

Posted by drmyochit Saturday, August 25, 2012, under | No comments

ထင်ရှားသော ခေါင်းဆောင်မှု သီအိုရတစ်ရပ်အရ အဖြစ်အပျက် အပြောင်းအလဲ ကြီးကြီး မားမားများ နှင့်အတူ ခေါင်းဆောင်များပေါ်ထွက် လာတတ်သည့် အတိုင်း မြန်မာ့ သမိုင်းတွင် အပြောင်းအလဲ ထူးထူးခြားခြား ဖြစ်ပေါ်နေချိန် ယနေ့အခါ သမယတွင် ခေါင်းဆောင် သုံးဦး ထင်ထင်ရှားရှား ပေါ်ထွက်လာသည်။ ထိုခေါင်းဆောင် သုံးဦး၏ ဥာဏ် အမြော်အမြင်၊ လုပ်ဆောင်ချက် များနှင့် သူတို့အကြား ဆက်ဆံရေး၊ ပူးပေါင်း ဆောင်ရွက်မှုတို့သည် နိုင်ငံ၏ ပစ္စုပ္ပန် ကိုသာမက မဝေးလှသည့် အနာဂတ်၊ ခပ်ဝေးဝေး အနာဂတ်ကိုပါ ဖော်ဆောင် ပဲ့ကိုင်သွားလိမ့်မည်။
သမ္မတကြီး ဦးသိန်းစိန်
ယခင် အစိုးရလက်ထက်က ၀န်ကြီးချုပ် ဖြစ်ခဲ့သော ဦးသိန်းစိန် သမ္မတအဖြစ် တက်လာစ အချိန်တွင် စောင့်ကြည့် ရဦးမည် ဟူသော ထင်မြင်မှုများ ရှိခဲ့သော်လည်း လပိုင်းအကြာ၌ ရင်သပ် ရှုမောရသော ပြုပြင် ပြောင်းလဲရေးများ ဆက်တိုက် ပြုလုပ်ခဲ့ပြီး နိုင်ငံတွင်း သာမက တစ်ကမ္ဘာလုံးက အသိအမှတ် ပြုရသော ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင် အဖြစ် ပေါ်ထွက် လာခဲ့သည်။ယိုင်တိုင်တိုင် စီးပွားရေးကို ထောင်မတ်ရန်၊ နိုင်ငံရေး စနစ်ကို ဗဟို ဦးစီးစနစ်မှ ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းရန်၊ ပြည်တွင်း ငြိမ်းချမ်းရေးမှသည် တစ်နိုင်ငံလုံး စည်းလုံး ညီညွတ်ရန်၊ နိုင်ငံတကာတွင် မြန်မာ့ ဂုဏ်သိက္ခာ တက်အောင် ဆောင်ရွက်ရန် တို့သည် မြန်မာနိုင်ငံကို ဦးသိန်းစိန် တစ်ပြိုင်တည်း ဦးဆောင် ချီတက်ရသည့် အဓိက ပန်းတိုင်များ ဖြစ်ပြီး တစ်ခုချင်းစီပင် ဖြစ်မြောက်အောင် လုပ်ဆောင်ရန် မလွယ်လှသည့် ရည်မှန်းချက် များဖြစ်သည်။
စွမ်းရည်မြင့် လူသား အရင်းအမြစ်များ ရှားပါးမှု၊ ရိုးသားခြင်း ကြိုးစားခြင်းတို့ကို တန်ဖိုး ထားသော်လည်း လက်တွေ့ ကျင့်သ ပြောင်းလိုသူနှင့် မပြောင်းလိုသူ၊ ပြောင်းနေမှန်း မသိသူတို့အကြား လွန်ဆွဲပွဲ စသော စိန်ခေါ်မှုကြီးများ ရှိနေသည့်ကြားမှ အထက်ပါ ပန်းတိုင်များသို့ ချီတက် ရသည်မှာ ဧရာမ တာဝန်ပင် ဖြစ်သော် လည်း နိုင်ငံအရွေ့ တစ်ခုသို့ အချိန်တို အတွင်း ရောက်ခဲ့သည်မှာ သမ္မတကြီး ဦးသိန်းစိန်၏ ခေါင်းဆောင်မှုနှင့် ဇွဲနပဲ တို့ကြောင့် ဖြစ်သည်။
ရိုးသားခြင်း၊ အခြားသူတို့ အမြင်ကို နားစိုက် ထောင်ခြင်း၊ ပြုပြင် ပြောင်းလဲရေး သန္နိဋ္ဌာန် မြင့်မားခြင်း တို့မှာ အများ အသိအမှတ် ပြုရသော ဦးသိန်းစိန်၏ ထူးခြားသည့် စရိုက် လက္ခဏာများ ဖြစ်ပြီး ပြည်တွင်းတွင်လည်း ယုံကြည် ကိုးစားခံရမှု အထူးပင် မြင့်တက် နေခဲ့သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း

ယခင် အစိုးရ လက်ထက်က နံပါတ်သုံး နေရာတွင် ရှိခဲ့သော သူရဦးရွှေမန်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာသောကြောင့် ဘေးသို့ ရောက်သွားသည်ဟု ထင်မြင်သူ အချို့ ရှိခဲ့သော်လည်း ယင်းမှာ စနစ်သစ် တွင် လွှတ်တော်၏ ကြီးမားသော အခန်းကဏ္ဍကို အမှတ်တမဲ့ ဖြစ်နေသောကြောင့် ဖြစ်သည်။
အမေရိကန် ပြည်ထောင်စုတွင်လည်း ကျင့်သုံးသည့် သမ္မတ စနစ် တွင် အုပ်ချုပ်ရေး မဏ္ဍိုင်နှင့် ဥပဒေပြုရေး မဏ္ဍိုင်တို့ အပြန်အလှန် ထိန်းညှိ ခြင်းဖြင့် ဒီမိုကရေစီကို ထိန်းသိမ်း ထားသလို နိုင်ငံကိုလည်း ချောမွေ့စွာ လည်ပတ်စေသည်။
အထူးသဖြင့် ဗဟို ဦးစီးစနစ်မှ ကူးပြောင်းစ နိုင်ငံတို့တွင် အုပ်ချုပ်ရေး မဏ္ဍိုင်မှာ အားကောင်းမြဲ ဖြစ်သည့်အတွက် လွှတ်တော်ပါ လိုက်ပါ အားကောင်းလာမှ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ရည်ရွယ်သည့် အပြန်အလှန်ထိန်းညှိခြင်း ( Checks and Balance) အထ မြောက်မည်။ ထိုသို့ အထမြောက်မှသာ သမ္မတစနစ် အသက်ဝင် ကာ ဒီမိုကရေစီ ခိုင်မာ အားကောင်း လာမည်။သမ္မတ စနစ်၏ လွှတ်တော်ကဲ့သို့ လွှတ်တော်မျိုး မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးချိန်မှ စကာ မပေါ်ဖူး သေးခြင်း၊ မြန်မာနိုင်ငံ ၏ ဥပဒေ အများအပြားမှာ အိုမင်း ဟောင်းနွမ်း ခေတ်မမီခြင်းကြောင့် ပြင်ဆင် အသစ်ရေးဆွဲရန် လိုခြင်းတို့ကြောင့် လွှတ်တော် အသက်ဝင်ရန် လိုအပ်ခြင်း ဖြစ်သည်။ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ရဲရဲဝံ့ဝံ့ ဆောင်ရွက်ကြရန် အစဉ်တစိုက် ဆော်သြခဲ့ သလို အခြေအနေ ကောင်းများ ဖန်တီးပေးခဲ့သောကြောင့် လွှတ်တော် ကိုယ်စားလှယ် များ တစတစ ပြောရဲဆိုရဲ ရှိလာကာ လွှတ်တော် စတင် အသက်ဝင် လာခဲ့သည်။ယခုနောက်ပိုင်းလွှတ်တော် အရှိန် ရလာချိန် အရေးပါသော အချိုးအကွေ့များတွင်လည်း ဦးရွှေမန်း၏ ခေါင်းဆောင်မှုမှာ အရာရောက် ခဲ့သောကြောင့် သူသည်လည်း ပြုပြင်ပြောင်းလဲရေး ထိပ်တန်း ခေါင်းဆောင် ( Reformist Figure) အဖြစ် အသိအမှတ် ပြုခံလာရသည်။
ဒေါ်အောင်ဆန်းစုကြည်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေး နိုဘယ်လ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလား နောက်ပိုင်းတွင် အကျော်ကြားဆုံးသော နိုင်ငံတကာ ခေါင်းဆောင်နေရာကို ရရှိထားခဲ့သည့် ပုဂ္ဂိုလ်ဖြစ်သည်။မြန်မာ့ အရေးနှင့် ပတ်သက်သည့် သူ၏အမြင်၊ အတွေးတို့သည် နိုင်ငံတကာ အသိုက်အ၀န်း၊အထူးသဖြင့် စက်မှုအင်အားကြီး နိုင်ငံတို့ကို သြဇာ လွှမ်းမိုးသည်။
 ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တစ်နေရာမှ လွဲလျှင် နေရာ အားလုံးရရှိကာ အောင်ပွဲ ခံနိုင်ခဲ့ခြင်းမှာ ဒေါ်အောင်ဆန်းစုကြည် ၏အား အဓိက (Aung San Suu Kyi Factor) ဟု မြန်မာ့နိုင်ငံရေး သုတေသီများက အကဲဖြတ် ခဲ့သည်အထိ ပြည်တွင်း တွင်လည်း ထောက်ခံမှု အားကောင်းခဲ့သည်။မူလက အလုပ်သဘော နိုင်ငံရေး ဖြစ်စဉ် (Formal Political Process) တွင် မပါဝင်ဘဲ ရှိနေခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် သည် ရွေးကောက်ပွဲ အနိုင်ရကာ လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာ ချိန်တွင် ထိုဖြစ်စဉ် ထဲသို့ ၀င်ရောက်လာခဲ့ပြီး ယင်းဖြစ်ရပ်တစ်ခု တည်းကပင် မြန်မာ့နိုင်ငံရေး မျက်နှာစာ၏ အလှည့်အပြောင်း တစ်ရပ် ဖြစ်လာခဲ့သည်။ရွေးကောက်ပွဲ ရလဒ်အရ လွှတ်တော် အတွင်းတွင် ဒုတိယနေရာ အများဆုံးရ ပါတီ၏ ခေါင်းဆောင် ဖြစ်လာခဲ့သလို လွှတ်တော်ကော်မတီ တစ်ရပ်၏ ဥက္ကဋ္ဌလည်းဖြစ်လာ ခဲ့သည်။ လွှတ်တော်တွင်း ဒေါ်အောင်ဆန်းစုကြည် ၀င်ချိန်မှ စကာ လွှတ်တော်ကို ပြည်သူလူထု စိတ်ဝင်စားခြင်း ပိုမို မြင့်တက်လာပြီး မြန်မာ့လွှတ်တော်သည် ကမ္ဘာ့ လွှတ်တော်များ အနက် နိုင်ငံတကာ စိတ်ဝင်စားခြင်း အခံရဆုံး လွှတ်တော် တစ်ရပ်ဖြစ်လာသည်။
သုံးဦးသုံးဖလှယ်
မြန်မာနိုင်ငံတွင် Democratic Institutions(ဒီမိုကရေစီ အစဉ် အလာ၊ လုပ်ထုံးလုပ်နည်း၊ အဖွဲ့အစည်းများ) ဖြစ်တည်စ ရှိနေသေး သောကြောင့် ပုဂ္ဂိုလ် (Individual ) ကို အခြေပြု နေရသေးပေရာ မြန်မာ့ ပြုပြင် ပြောင်းလဲရေးသည် ခေါင်းဆောင်များ အပေါ်တွင်သာ မူတည်နေ ရဦးမည်။
သက်တမ်းရ လာသည် နှင့်အမျှ Institutions များ ပုံပေါ်လာသည့် အချိန်တွင်မူ မည်သူတက်တက် ထို Institutions များအတိုင်း လိုက်ပါ လုပ်ဆောင်ခြင်းဖြင့် နိုင်ငံကို ရှေ့သို့ တွန်းနိုင်မည်။
 ထို့ကြောင့် ခေါင်းဆောင်သုံးဦး တစ်ဦးနှင့်တစ်ဦး ဆက်ဆံရေး၊ ပူးပေါင်း ဆောင်ရွက်ရေးသည် Institutions များ ပုံပေါ်လာရေး၊ ထိုမှတစ်ဆင့် အနာဂတ် နိုင်ငံတော်တို့အတွက် များစွာ အဓိကကျသည်။ သမ္မတကြီး ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း၊ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ သုံးဦးလုံးသည် သူတို့၏ ဆိုင်ရာ ဆိုင်ရာ အရေးကြီး အခန်းကဏ္ဍ များကို ပါဝင်ထမ်း ဆောင်ခြင်းဖြင့် ပြုပြင် ပြောင်းလဲရေးတွင် ရှေ့ဆုံးမှ ပါဝင်နေကြသူများ ဖြစ်သည် (Role Play)။ ယင်းတို့၏ တာဝန်များသည် စနစ်သစ်၏ သဘောအရ အချို့ နေရာများတွင် အပြိုင်အဆိုင် (Competitive) ဖြစ်သကဲ့သို့ မြင်ရသော် လည်း အမှန်တကယ်တွင် စနစ် အောင်မြင်စွာ လည်ပတ်စေရန် အပြန် အလှန် အားဖြည့် ကူညီရေး (Competitive) ပင်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်တို့ ပထမဦးဆုံး အကြိမ် တွေ့ဆုံ အပြီးတွင် ပြည်တွင်း ရင်ကြားစေ့ရေး အခန်းသစ် ဖွင့်လှစ်နိုင်ခဲ့ ကာ ပြုပြင် ပြောင်းလဲရေးများ ပို အရှိန်မြန်လာသလို နိုင်ငံတကာ ပံ့ပိုးမှုများ ရောက်ရှိ လာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင် နိုင်ခဲ့ခြင်း၊ ၀င်ခဲ့ခြင်း၊ လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာခြင်း တို့မှာယင်းတို့နှစ်ဦး တွေ့ဆုံခြင်းမှ အစပျိုးခဲ့ပြီး တစ်ဦးနှင့် တစ်ဦး အပြန်အလှန် လေးစားမှု ပြသခဲ့သည်။ကျရာ တာဝန်တို့ကို ထမ်းဆောင်ရာတွင် အပြန်အလှန် ထိန်းညှိ ကြသည့် အုပ်ချုပ်ရေး မဏ္ဍိုင် အစိုးရနှင့် ဥပဒေပြုရေး မဏ္ဍိုင်တို့ကို ကိုယ်စားပြုထားသည့် လွှတ်တော်တို့အကြား ပွတ်တိုက်မှု ရှိမည်မှာ ဓမ္မတာ ဖြစ်သော်လည်း ဓမ္မတာကို ကျော်လွန် မသွားစေရန် မဏ္ဍိုင်နှစ်ရပ် ကိုယ်စားပြု သမ္မတကြီး ဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း တို့ကို ယခင် အစိုးရ လက်ထက်က လက်တွဲ လုပ်ကိုင်ခဲ့သည့် ဆက်ဆံရေး က အကူအညီ ပေးသည်။
ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သည်လည်း ယခု လွှတ်တော်တွင်းတွင် လွှတ်တော် ကိုယ်စားလှယ် များအဖြစ် အတူတကွ လက်တွဲ အလုပ်လုပ်နေပြီး ဒေါ်အောင်ဆန်းစုကြည် အားသန်သည့် တရား ဥပဒေ စိုးမိုးရေး ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ နိုင်ရန် ဦးရွှေမန်းက လမ်းခင်း ပေးခဲ့သလို ဒေါ်အောင်ဆန်းစုကြည် ကလည်း လက်ခံခဲ့သည်။
ကိုယ်တိုင် အသွင်ကူးပြောင်း
နိုင်ငံအသွင် ကူးပြောင်းရေးကို ဦးဆောင် နေသည့် ယင်းတို့ သုံးဦး ကိုယ်တိုင်သည်လည်း အသွင် ကူးပြောင်းရေး ကာလကို ဖြတ်ကျော် နေရ သည်။ ဦးသိန်းစိန်သည် ယခင် အစိုးရ လက်ထက်က ၀န်ကြီးချုပ်ဖြစ် ခဲ့ပြီး ဆုံးဖြတ်ချက်များကို အကောင်အထည် ဖော်သည့် နေရာ (Manager) မှ တာဝန် ယူခဲ့သော်လည်း ယခုအချိန်တွင် သမ္မတ အဖြစ် ပန်းတိုင် အပါအ၀င် အဓိက ဆုံးဖြတ်ချက်များကို ချမှတ်သလို အကောင်အထည် ဖော်သည့်နေရာ (Leader + Manager) ကို ယူနေရသည်။ဦးရွှေမန်း သည် ယခင် အစိုးရ လက်ထက်က အုပ်ချုပ်ရေးတွင် ထိပ်တန်း နေရာမှ ပါခဲ့ပြီး ယခုအချိန်တွင် အုပ်ချုပ်ရေး မဏ္ဍိုင်ကို ထိန်းညှိမည့် ဥပဒေပြု ရေး မဏ္ဍိုင်ကို ဦးဆောင်နေရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယခင်က မူဝါဒ ချမှတ်ရေး ဖြစ်စဉ်တွင် မပါခဲ့သော်လည်း ယခုအချိန် တွင် လွှတ်တော် ကိုယ်စားလှယ် အဖြစ်လည်းကောင်း၊ လွှတ်တော်တွင်း ဒုတိယ အင်အား အကြီးဆုံး ပါတီ၏ ခေါင်းဆောင်အဖြစ် လည်းကောင်း မူဝါဒ ချမှတ်ရေး ဖြစ်စဉ်တွင် ပါဝင် ပတ်သက်နေသည်။စနစ်သစ် တည်ဆောက်စ အရေးကြီး ကာလတွင် ထိုပုဂ္ဂိုလ်ကြီး သုံးဦး၏ အခန်းကဏ္ဍမှာ ယင်းတို့အကြား ပူးပေါင်း ဆောင်ရွက် ခြင်း၊ အပြန်အလှန် ထိန်းညှိခြင်းဖြင့် ယင်းတို့သုံးဦး မျက်နှာလွှဲ သွားချိန်၊အနားယူသွားချိန်တွင် ဆက်လက် တည်ရှိနေမည့် ကြာရှည်ခံ နိုင်ငံတော်သစ် တည်ဆောက်ရေး၊ ဒီမိုကရေစီ ယဉ်ကျေးမှု တည်ဆောက်ရေး၊ နောင်လာနောက်သားများအား အစဉ်အလာ ကောင်းများ အမွေပေးခဲ့ရေးတို့ ဖြစ်သည်။

ထိုသုံးဦး

နည်းပညာခိုးယူမှုကြောင့် Appleကို ဒေါ်လာ သန်း ၁ ထောင်ကျော် Samsung လျော်ကြေးပေးရန် တရားရုံးအမိန့်ချ

Posted by drmyochit Saturday, August 25, 2012, under | No comments

မိုဘိုင်းဖုန်းနှင့် Tablet ကွန်ပြူတာများတွင် Apple ၏နည်းပညာအချို့ကို Samsung ကုမ္ပဏီက  ခိုးယူခဲ့ခြင်းကြောင့် Samsung ကုမ္ပဏီက Apple ကုမ္ပဏီကို အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ကျော် ပေးဆောင်ရန် အမေရိကန် တရားရုံးက အမိန့်ချမှတ် လိုက်ကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြထားသည။်...မိုဘိုင်းဖုန်း ထုတ်လုပ်သည့် ကမ္ဘာကျော် ကုမ္ပဏီကြီးများဖြစ်သော Samsung နှင့် Apple တို့သည် မူပိုင်ခွင့်ချိုး ဖောက်မှုနှင့် ပတ်သက်၍ အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဂျိုးရှိ ပြည်နယ်တရားရုံးတွင် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် တရားစွဲဆိုခဲ့ကြ ခြင်းဖြစ်သည်။ အဖွဲ့ဝင်၉ ဦးပါဝင်သော ဂျုရီလူကြီးများက Samsung က Apple ၏ နည်းပညာများကို ခိုးယူသုံးစွဲ ခဲ့ခြင်းကြောင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၅ ဘီလီယံ (စတာလင်ပေါင် ၆၆၅သန်း)ံလျော်ကြေးပေး ရန်ဆုံးဖြစ်ခဲ့ပြီး၊ Samsung ၏တရားစွဲဆိုချက်ကိုမူ ဂျုရီအဖွဲ့က ပယ်ချခဲ့သည်။Samsung ကထုတ်လုပ်သော Galaxy S 4G မော်ဒယ် အပါအဝင် မိုဘိုင်းဖုန်းများတွင် Apple ကုမ္ပဏီ၏ ဒီဇိုင်းများဖြစ်သော စာသားဖော်ပြမှုပုံစံ စသည်တို့ တွင်အသုံးပြုသော စနစ်ကို ခိုးယူခဲ့သည်ဟု အမေရိကန်တရားရုံး ဂျုရီအဖွဲ့က ဆုံးဖြတ်ခဲ့သည်။ Samsung ထုတ်မိုဘိုင်းဖုန်း များတွင် Apple ၏နည်းပညာ များဖြစ်သော ဖုန်းမျက်နှာပြင်ကို နှိပ်၍ မြင်ကွင်းချုံ့ခြင်း၊ချဲ့ခြင်းများ ပြုလုပ်ခြင်း၊ မိုဘိုင်းဖုန်းတွင် ကင်မရာ၊အီးမေးလ် များသုံးနိုင်ခြင်းစသော နည်းပညာများကို ယူသုံးခဲ့သည်ဟု ဂျုရီအဖွဲ့က ဆုံးဖြစ်ခဲ့သည်။ ထို့ပြင် Samsungက တရားစွဲဆိုသော ၎င်း၏ နည်းပညာများကို Apple က ခိုးယူသည် ဆိုသည်ကိုမူ အဆိုပါ ဂျုရီအဖွဲ့က ပယ်ချခဲ့သည်။ အဆိုပါတရားရုံး ဆုံးဖြတ်ချက်ကို အယူခံတရားရုံးသို့ အယူခံဝင်သွားမည်ဟု Samsung ကုမ္ပဏီက ထုတ်ပြန်ကြေညာသည်။

လှော်ကား - အင်းစိန် လော်ကယ်ရထား တိုက်မိ၍ တစ်ဦးသေဆုံး

Posted by drmyochit Saturday, August 25, 2012, under | No comments

မီးရထား တိုက်မိ၍ မတော်တဆ လူသေဆုံးမှုများ ဖြစ်ပွားနေဆဲ မြန်မာနိုင်ငံတွင် ရန်ကုန်တိုင်း၊ အင်းစိန်မြို့ နယ် အင်းစိန်ဘူတာ၌ ဆဒ္ဒန် ( ၅ )အမည်ရှိ လှော်ကား- အင်းစိန် လော်ကယ် ရထားတစ်စီး ဝင်ရောက်လာစဉ် ရထားလမ်း ဖြတ်ကူးခဲ့ သူတစ်ဦး ပွဲချင်းပြီး သေဆုံးမှု သြဂုတ်လ ၂၀ ရက်နေ့ နံနက် ၁၁ နာရီ မိနစ် ၄၀ ခန့်က ဖြစ်ပွားခဲ့ကြောင်း  အင်းစိန် ဘူတာရုံပိုင်က ပြောကြားသည်။ သေဆုံးသွားသူမှာ အသက် ၃၀ ကျော်ခန့်ရှိ အမျိုးသား တစ်ဦး ဖြစ်ပြီး ရထား ဝင်လာစဉ် ရုတ်တရက် ဖြတ်ကူးလိုက်သဖြင့် တိုက်မိခြင်း ဖြစ်ကြောင်း မျက်မြင် ခရီးသည်တစ်ဦးက ဆိုသည်။ ယင်းအပြင် ကြည့်မြင်တိုင် ဘူတာလည်း သြဂုတ် ၁ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က အသက် ကိုးနှစ်အရွယ်ရှိ မျက်မမြင် ကလေးငယ် တစ်ဦး ရထားတိုက်မိသဖြင့် သေဆုံးသွားခဲ့ကြောင်း လှော်ကား - ရန်ကုန် ရထားထိန်း တစ်ဦးက ပြောကြားသည်။

""နိုင်ငံတခါးများကျိုးပေါက်ခြင်းမှုကို အစိုးရအနေနှင့်လုံခြုံမှုရအောင် ထိမ်းသိမ်းဖို့လိုဟု ဦးကျော်သူပြော ပြီ""

Posted by drmyochit Saturday, August 25, 2012, under | No comments

ခိုင်ပြည်တွင် ဇွန်လက ဖြစ်ပေါ်ခဲ့သည့် ဆူပူအကြမ်း ဖက်မှုသည် မြန်မာနိုင်ငံ ခြံစည်းရိုး၊ တံခါးများကျိုး ပေါက်ခြင်းကို အခြေခံကာ ဖြစ်ပေါ်ခဲ့ရာ နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံခြံစည်းရိုး လုံခြုံအောင် ထိန်းသိန်းရန် လိုအပ်ကြောင်း နာရေးကူညီမှု အသင်း (ရန်ကုန်) ဥက္ကဌ ဦးကျော်သူက သြဂုတ်လ ၂၄ ရက်နေ့ စစ်တွေမြို့ အင်းပေါက်ဝ ဟိုတယ်တွင် ဒေသခံနာရေး ကူညီမှုအသင်းနှင့် တွေ့ဆုံစဉ် သတင်းထောက်များကို ပြောကြားခဲ့ကြောင်း သိရသည်။" မြန်မာနိုင်ငံရဲ့ အနောက်ဘက် တံခါးကျိုးပေါက်တယ်။ အရှေ့ဘက်ကလဲ ကျိုးပေါက်တယ်။ မြောက်ဘက်လဲ ကျိုးပေါက်နေတယ်။ နောက်ဆိုရင် မြန်မာနိုင်ငံ လို့ပြောရမယ့် အနေအထား မရှိအောင်ထိ ဖြစ်လာနိုင်တယ်။ ဒီလိုဖြစ်နေတာကို နိုင်ငံတော် အစိုးရအနေနဲ့ ကိုယ့်အိမ်၊ ကိုယ့်ခြံ၊ ကိုယ့်နိုင်ငံကိုရဲ့ ခြံစည်းရိုးကို သတ်မှတ်ပြီး လုံခြုံမှုအ ပြည့်အ၀ ရှိအောင် လုပ်ဖို့လိုတယ် " ဟု ဦးကျော်သူက ပြောသည်။ အိမ်ထောင်စု တစ်ခုအတွင်းသို့ အပြင်မှ ဧည့်သည်တစ်ဦး ၀င်လာကာ အိမ်တစ်ခုလုံးကို အပိုင်သိမ်းချင်သောကိစ္စကို သူ့အနေနှင့် လက်မခံနိုင်ကြောင်း၊ နိုင်ငံမှာဆိုရင်လည်း နိုင်ငံ၏စည်းကို ထိန်းသိမ်းရန် အားလုံးမှာ တာဝန်ရှိကြောင်းကို အသင်းစည်းကမ်းနှင့် ပတ်သက်၍ ဆွေးနွေးချက်တွင် အလေးထား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ မြန်မာနိုင်ငံတွင် အင်ဒိုနီးရှား၊ မလေးရှားများကဲ့သို့ ဘာသာခြားတစ်ခု လွှမ်းမိုးမှုမခံရအောင်၊ မိမိတို့ဘာသာ ပျောက်ကွယ် မသွားအောင် ရခိုင်တိုင် ရင်းသားများက တံတိုင်းကြီး တစ်ခုသဖွယ် ကြံ့ကြံ့ခံ ရပ်တည်ပေး နေကြောင်းကို နာရေးကူညီမှုအသင်း (ရန်ကုန်) အထွေထွေ အတွင်း ရေးမှူး ဒေါ်ရွှေဇီးကွက်က တွေ့ဆုံပွဲတွင် ပြောကြား ခဲ့ကြောင်း သိရသည်။ အိမ်နီးချင်း နိုင်ငံများမှ လူမျိုးခြားများ မြန်မာနိုင်ငံအတွင်း စိမ့်ဝင်ရောက် ရှိနေခြင်း၊ မသမာသော နည်းလမ်းများဖြင့် နိုင်ငံသားစိစစ် ရေးကဒ်ပြားများ ကိုင်ဆောင်ထား ခြင်းများကို ဥပဒေစိုးမိုးရေးအတွက် အမျိုးသားရေး တာဝန်အဖြစ် အထူးစီမံချက် တစ်ရပ်ချမှတ် ဖော်ထုတ် အရေးယူဆောင် ရွက်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စား၏  လှယ် မြတ်ဉာဏစိုးက သြဂုတ်လ (၈)ရက်နေ့ ပထမအကြိမ် အမျိုးသားလွှတ်တော် စတုတ္တပုံမှန် အစည်းအဝေးတွင် (၂၂) ရက်မြောက်နေ့က တင်သွင်းခဲ့ရာ ဆွေးနွေးရန် အချိန်စောသေး ကြောင်းပြောကာ အစည်းအဝေးမှ ပယ်ချခဲ့သည်။

ဒု-ကင်းချောင်း ကျေးရွာအနီးတွင် ရခိုင်တိုင်းရင်း သားတစ်ဦးအလောင်းအား ကင်းလှည့်တပ်သားတစ်ဦးတွေ့ရှိ

Posted by drmyochit Saturday, August 25, 2012, under | No comments

ခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကင်းချောင်းကျေးရွာအုပ်စု၊ ဒု-ကင်းချောင်း ကျေးရွာအနီးဥယျဉ်ခြံ တစ်ခုတွင် အလောင်း တစ်လောင်းအား လုံခြုံရေးချ ထားသော ခလရ (၂၃၃)မှ တပ်သားတစ်ဦးကင်းလှည့်စဉ် သြဂုတ်လ ၂၄  ရက် နေ့ညနေ ၅ နာရီတွင် တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။ အလောင်းမှာ ဦးထွန်းရွှေလှိုင် အသက် (၄၀) နှစ် (ဘ) ဦးလှအောင် ဖြစ်ပြီး ဘူးသီးတောင်မြို့ အေးစေတီဘုန်းတော်ကြီး ကျောင်းအနီး အမှတ်(၅) ရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း ဘူးသီတောင်မြို့မှ ဒေသခံတစ်ဦး ကပြောသည်။ " ဦးကျော်လှိုင်က ဘူးသီးတောင်မှာနေတာ၊ သူက သူ့မိဘပိုင် ဒု-ကင်းချောင်းကျေးရွာ အနီးနှစ်ဖာလုံခန့် အကွာမှာရှိတဲ့ ဥယျဉ်ခြံကို လုပ်ကိုင်စား သောက်နေတာ၊ အလောင်းမှာက ဦးခေါင်းထက်ခြမ်းကွဲ ဓါးဒဏ်ရာတစ်ချက်၊ ညာဘက် လက်မောင်းအောက်မှ ၀မ်းဗိုက်ထိ ထက်ခြမ်းကွဲ ဓါးဒဏ်ရာ တစ်ချက်၊ ၀ဲဘက်လက်မောင်း ဓါးဒဏ်ရာတစ်ချက်၊ ကျောကုန်းတွင် ဓါးဒက်ရာတစ်ချက်၊ လက်ဝဲဘက်ပေါင် ဓါးဒဏ်ရာတစ်ချက်၊ ခန္ဓာကိုယ်အနှံ့ ရိုက်နှက်ဒဏ်ရာ မြောက်းများစွာ ဖြင့်ရက်ရက်စက်စက် သတ်ဖြတ်ခံထားရတာ တွေ့ရတယ်။ " ဟု အဆိုပါဒေသခံက ပြောသည်။ အဆိုပါ အလောင်းအား (၂၅-၈-၁၂) နံနက်တွင် ဘူးသီးတောင် ဆေးရုံးသို့ သယ်ယူစစ် ဆေးခဲ့ပြီး မွန်းလွဲ (၁)နာရီတွင် သေဆုံးသူ၏ မိသားစုဝင်များနှင့် မြို့သူမြို့သားများက လိုက်ပါ သင်္ဂြိုလ် ခဲ့ကြကြောင်း သိရသည်။ ဘူးသီးတောင်မြို့နယ်၊ ကင်းချောင်းကျေး ရွာအုပ်စုတွင် ကင်းချောင်း၊ ဒု-ကင်းချောင်း၊ သဘောက်ချောင်း၊ လက်ပံကိုင်း၊ အာကာပျံ၊ စသောကျေးရွာငါးရွာတွင် လုံခြုံရေးအတွက် ခလရ (၂၃၃) မှ တပ်သားအင်အား ၈ ယောက် တာဝန်ယူလျက်ရှိပြီး အမှုမှန်ပေါ်အောင် ဘူးသီးတောင်မြို့နယ် ရဲတပ်ဖွဲ့မှ ဆက်လက် စုံစမ်းစစ် ဆေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်ကြောင်း ဒုကင်းချောင်းကျေးရွာနေ ဒေသခံဒိုင်းနက် တိုင်းရင်းသားများမှာ အသက်အန္တာရာယ် အတွက်လုံခြုံရေးစိတ်ချရသည့် အခြေအနေမရှိသောကြောင့် နီးစပ်ရာလုံခြုံ သောနေရာများသို့ ထွက်ပြေးတိမ်းရှောင် နေကြကြောင်း သတင်းရရှိသည်။ ယခုကဲ့သို့ ရခိုင်ပြည်အနှံ့တွင် ဘင်္ဂလီကုလားများ၏ ငြိမ်းခြောက် သတ်ဖြတ်နေမှုကြောင်း ဒေသခံတိုင်းရင်း သားများမှာ မိမိတို့၏ နေ့စဉ်ပုံမှန် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို မလုပ်ကိုင်နိုင် ကြသဖြင့် စားဝတ်နေ ရေးအတွက် အလွန်အခက် အခဲရောက်လျက် ရှိသည် ။ ရခိုင်ဒေသတွင် အေးအေးချမ်းချမ်း ပြန်လည်တည်ငြိမ်နေပြီဟု အစိုးရအဏာပိုင်များမှ ထုတ်ပြန်ကြေငြာ ထားသော်လည်း ရခိုင်လူမျိုး များမှာလူများစု ဘင်္ဂလီကုလားများ၏ သတ်ဖြတ် ခြိမ်းခြောက် မှုများကို ခံနေရဆဲ ဖြစ်ကြောင်းသိရသည်။

""ဆရာမစောမြရာဇာလင်း ပြည်တော်ပြန်တော့မယ်""

Posted by drmyochit Saturday, August 25, 2012, under | No comments

ရခိုင်ပြည်လွတ် မြောက်ရေးပါတီ ခေါင်းဆောင် တစ်ဦးလည်းဖြစ် ရခိုင်အမျိုးသမီး များအစဉ်းအရုံး ဥက္ကဌ လည်းဖြစ်သူ ဆရာမ စောမြရာဇာလင်းသည် ၁၉၈၈ ခုနှစ်မှ ယနေ့ထိ ၂၄ နှစ်တိတိ နိုင်ငံရပ်ခြား၌နေ ပြီး နောက် ဦးသိန်းစိန် အစိုးရ၏-ငြိမ်းချမ်းရေးခေါ်ဆောင် မှုအစီအစဉ်ဖြင့် ဇာတိရပ်ထံပြန်မည် သတင်းရရှိသည်။ ဆရာမသည် ၁၉၈၈  ခုမြန်မာဒီမိုက ရေစီအရေး အခင်းတွင် ရခိုင်ပြည်၌ ခေါင်းဆောင်ခဲ့ပြီး ဘင်္ဂလား ဒေ့ခ်ျ နပ်စပ်၌ခိုလှုံခဲ့သည်။
ဆရာမစောမြရာဇာလင်း နှင့်အဖွဲ့ကို ဗိုလ်မှူးကြီး ထိန်လင်းဗိုလ်မှူးကြီး အောင် နိုင်ဦးတို့၏ အစီအစဉ်ဖြင့် ကြိုမည်ဖြစ်ကြောင်း သတင်းရရှိသည်။ သတင်းအပြည့်အစုံကို ဆရာမနှင့်ဆက်သွယ်ရန်။ ဖုန်း ၀၀ ၈၈ ၁၈၃၀၈၇၉၄၇၃ ဖုန်း ၀၀၈၈၀၁၇၃၂၆၄၉၀၀၇ လေးစားစွာဖြင့် စောစန္ဒာဌေး ခိုင်မင်းထက်ဝေ အလုပ်ချုပ်ရေးမှူး စောမြရာဇာလင်း (ကိုယ်ရေးအရာရှိ) လောင်းချိပ်ရုံး ဘင်္ဂလားဒေခ်ျ ဌာနခွဲရခိုင်အမျို သမီးမျးအစည်းအရုံး ရခိုင်ပြည်လွတ် မြောက်ရေးပါတီ။

ဗီယက်နမ်မှာ ဘဏ်ကနေ အလုအယက် ငွေထုတ်ယူနေ

Posted by drmyochit Saturday, August 25, 2012, under | No comments

ဗီယက်နမ် နိုင်ငံမှာ အဂတိ လိုက်စားမှု စွပ်စွဲချက်နဲ့ တနင်္လာ နေ့က ဖမ်းဆီး ခံနေရတဲ့ ဘဏ် လုပ်ငန်းရှင် ငုယင် ဒု ကီယန် Nguyen Duc Kien နဲ့ ပတ်သက် တဲ့ ထိပ်တန်း ဘဏ်ကြီး မှာ ငွေကြေး စုဆောင်း ထားကြသူတွေက စိုးရိမ်ပူပန်ပြီး သူတို့ ငွေတွေကို သန်းနဲ့ ချီ ပြန်လည် ထုတ်ယူနေကြပါတယ်။
ဗီယက်နမ် ဗဟိုဘဏ်က သူတို့ ငွေတွေ စိတ်ချ ရပါတယ်လို့ အာမခံ နေတဲ့ ကြားက ဟနွိုင်းနဲ့ ဟိုချီမင်း မြို့တို့မှာ ရှိတဲ့ Asia Commercial Bank ရဲ့ ဘဏ်ခွဲတွေ ရှေ့မှာ လူတွေ အမြောက် အများ တန်းစီ နေကြပါတယ်။ ဘဏ် လုပ်ငန်းရှင် ကြီး ကို ဖမ်းဆီးခဲ့ပြီးတဲ့ နောက်ပိုင်းမှာ အစုရှယ်ယာ ဈေးတွေလည်း သိသိသာသာ ထိုးကျ သွားခဲ့ပါတယ်။ သူဟာ ဗီယက်နမ် ကွန်မြူနစ် ပါတီ ခေါင်းဆောင်ပိုင်းနဲ့ နီးစပ်သူလို့ လူတွေက သိထားကြတာ ဖြစ်ပြီး သူ့ကို ဖမ်းဆီးမှုကြောင့် နိုင်ငံရဲ့ ဘဏ္ဍညရေး ကဏ္ဍ အပေါ် ယုံကြည်မှု နည်းပါး လာတာ ဖြစ်ပါတယ်။

UNHCR ၀န်ထမ်း မောင်တောတွင် ထောင် ၆ နှစ် ချမှတ်ခံရ

Posted by drmyochit Saturday, August 25, 2012, under | No comments

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ဇွန်လ ၈ ရက်နေ့က ဖြစ်ပေါ်ခဲ့သည့် ဆူပူအကြမ်း ဖက်မှုကြောင့် ဖမ်းဆီးခံ ထားရသည့် ယူအန်အိပ်စီအာရ် ၀န်ထမ်း တဦးဖြစ်သူ ဒေါ်ချိုလေးမာခါတုန်နှင့် တခြား ၂ ဦးတို့ကို မောင်တော ခရိုင် တရားရုံးမှ ယနေ့တွင် စီရင်ချက် ချမှတ်လိုက်ကြောင်း သိရှိရသည်။ တရားခံ ၃ ဦးထဲမှ ဒေါ်ချိုလေးမာခါတုန်အား ထောင် (၆) နှစ်နှင့် ဘူးသီးတောင်မြို့မှ ဘင်္ဂလီ အမျိုး သားများ ဖြစ်သည့် ဦးမောင်ခင်ရွှေနှင့် ဦးမောင်ခင်ဇော်တို့အား (၃) နှစ် တစ်ဦး (၂) နှစ် တစ်ဦးစီ ချမှတ်လိုက်သည်ဟု ဆိုသည်။ “ ချိုလေးမာခါတုန်ကို ၂ နှစ်နဲ့ တစ်မှု၊ ၆ နှစ်နဲ့ တစ်မှု စုစုပေါင်း အမူ ၂ ခုနဲ့ (၈) နှစ်ဖြစ်ပါတယ်။ ဒါပေမဲ့ စုစုပေါင်း ကျခံမဲ့ နေရာမှာ ၆ နှစ်ဆိုပြီး တရားသူကြီးက အမိန့်ချလိုက်ပါတယ်။ ဘူးသီးတောင်က ဖမ်း ထားတဲ့ ဘင်္ဂလီမွတ်ဆလင် ၂ဦးဖြစ်တဲ့ မောင်ခင်ရွှေနဲ့ မောင်ခင်ဇော်ကိုတော့ ၃ နှစ်တယောက်၊ ၂ နှစ် တယောက် ချလိုက်ပါ တယ် ” ဟု မောင်တော တရားရုံးနှင့် နီးစပ်သူတဦးက ပြောသည်။ အမိန့်ကို မောင်တောခရိုင် တရားသူကြီး ဦးခင်ဇော်မှ ယနေ့ နေ့လည်ပိုင်းတွင် စီရင် ချမှတ် လိုက်ခြင်း ဖြစ်သည်။ သူတို့အား စွဲဆိုထားသည့် ပုဒ်မနှင့် စီရင်ချက် ချမှတ်သည့် ပုဒ်မများကိုလည်း သူကယခုကဲ့သို့ ဆက် ပြောသည်။ “ သူတို့ကို စွဲတာက ၁၄၈ ပုဒ်မ၊ ၅၀၅ (ဂ)၊ ၁၃၅ (က) နဲ့စွဲပါတယ်။ ချတာက ၄၃၆ ပုဒ်မ၊ (၁၀၉)၊ ၅၀၅ (ဂ) ပါ။ အမှန်တကယ်ဆိုရင် ၄၃၆ ပုဒ်မ၊(၁၀၉)က ၅ နှစ်ရှိပါတယ်။ ၅၀၅ (ဂ)က ၂ နှစ်ပါ။ နိုင်ငံခြားငွေ အလွဲသုံးစားမှု ၂၁ လည်း ၁ နှစ်ရှိပါတယ်။ အားလုံး ၈ နှစ်ရှိပါတယ်။ အခုက တရားသူကြီးက ၆ နှစ် ဆိုပြီး အမိန့်ချပါတယ်။ ဘူးသီးတောင်က နှစ်ယောက်တော့ စွဲတာက အတူတူ ပါ ။ ချတာက မတူပါ ဘူး။ ၁၄၅ (က) ၂ နှစ်ပါ၊ ၂၄ က ၁ နှစ်ပါ။ နောက်တယောက်က ၁၃၅ (က) ၅၀၅ (ဂ)ပါ ” ဟု ပြော သည်။
သူတို့အား ဇွန်လအတွင်းက မောင်တောမြို့တွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်း ဖက်မှုတွင် ပါဝင်ပတ် သက်သည်ဟုဆိုကာ ပုဒ်မ ၁၅၃-က၊ ၄၃၆၊ ၁၄၈၊ ၅၀၅ (ဂ)၊ အရေးပေါ် စီမံမှုအက်ဥပဒေ ပုဒ်မ (၅) ည တို့ဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သည့် ကြာသားပတေးနေ့က ပြည်ထဲရေး ၀န်ကြီးဌာန အမိန့်ဖြင့် ဖမ်းဆီးထားသည့် နိုင်ငံတကာ အန်ဂျီအို ၀န်အထမ်းနှင့် ယူအန်အိပ်စီအာရ် ၀န်ထမ်း ၅ ဦးကို ဘူးသီးတောင်နှင့် စစ်တွေ အကျဉ်းတို့မှ လွတ်ပေးခဲ့သည်။

ရေကြီးနစ်မြုပ် နေသည့် ဒေသ အချို့သို့ သွားရောက် လှူဒါန်းမှုများ ပြုလုပ်

Posted by drmyochit Saturday, August 25, 2012, under | No comments

ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ ရေလွှမ်းမိုးခြင်း ခံရသော ဒေသများရှိ ရေဘေးသင့် ပြည်သူများနဲ့ တောင်သူ လယ်သမား များကို မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်း အသင်းချုပ်က သြဂုတ်လ ၂၂ ရက် နေ့က သွားရောက် လှူဒါန်းမှုများ ပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။ ဒီလို လှူဒါန်းရာ မှာတော့ ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ တာဝန်ရှိ သူများကို မျိုးစပါးများ၊ ဆန်အိတ်များနဲ့ အလှူငွေ များကို သွားရောက် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ လှူဒါန်းမှု မှာတော့ မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်း အသင်းချုပ်မှ မျိုးစပါး တင်း ၁၀၀၀ နဲ့ ဆန်အိတ် ၅၀၀ နဲ့ လှူဒါန်းငွေ သိန်း ၁၀၀ တို့ကို သွားရောက် လှူဒါန်း ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ရေကြီးနစ်မြုပ်ရာ မှာတော့ ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ် ၂၈ မြို့နယ်အနက် ပဲခူးတိုင်း ဒေသကြီး အရှေ့ပိုင်းမှ မြို့နယ် ၁၄ မြို့နယ်သာ ရေလွှမ်းမိုးခံ ခဲ့ရတာ ဖြစ်ပါတယ်။ ဒီလို ရေလွှမ်းမိုး ခံရမှုကြောင့် ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ လယ်မြေဧက ၃ သိန်းကျော် ရေလွှမ်းမိုး ခြင်းခံခဲ့ရ တာဖြစ်ပြီး မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်း အသင်းချုပ် အနေနဲ့ ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ ရေကြီး နစ်မြုပ် ပျက်စီး သွားတဲ့ နေရာများမှာ အချိန်မီ ပြန်လည် အစားထိုး စိုက်ပျိုး နိုင်ရန်အတွက် အခုလို မျိုးစပါးများ၊ ဆန်အိတ်များနဲ့ အလှူငွေ များကို သွားရောက် လှူဒါန်း ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်း အသင်းချုပ် အနေနဲ့ နိုင်ငံ အတွင်းရှိ ဒေသ အသီးသီးရှိ ရေလွှမ်းမိုးခြင်း ခံရတဲ့ တောင်သူ လယ်သမားများကို ကူညီ ထောက်ပံ့ နိုင်ရန် အတွက် အရေးပေါ် ကူညီမှု အဖွဲ့ EERTကို ဖွဲ့စည်းပြီး မျိုးစပါးများကို လုပ်ငန်းရှင်များ ထဲမှ ၀ယ်ယူလျက် ရှိတယ်လို့ သိရပါတယ်။

မြန်မာအစိုးရနှင့် NGOs ကွန်ယက်တို့ NGOs မှတ်ပုံတင်ခြင်း ဥပဒေဆိုင်ရာ တွေ့ဆုံဆွေးနွေး

Posted by drmyochit Saturday, August 25, 2012, under | No comments

မြန်မာနိုင်ငံ၏ ပြည်တွင်း အစိုးရ မဟုတ်သော အဖွဲ့အစည်း-NGOs မှတ်ပုံတင်ခြင်း ဥပဒေအသစ် ပြန်လည် ရေးဆွဲရေး ကိစ္စကို NGOs ကွန်ယက် အဖွဲ့များနှင့် အစိုးရဌာန ဥပဒေရေးရာ တာဝန်ရှိသူများ ယမန်နေ့က တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။ ဆွေးနွေးပွဲကို နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်တွင် ညနေ ၆နာရီမှ ၈နာရီခွဲအထိ ပြုလုပ်ခဲ့ရာ ၎င်းတွေ့ဆုံပွဲ၌ ၁၉၈၈ခုနှစ်က အတည်ပြု ထားခဲ့သည့် NGOs မှတ်ပုံတင်ခြင်း ဥပဒေကို NGOs ကွန်ယက် အဖွဲ့များက လက်မခံ နိုင်သဖြင့် ထိုသို့ ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း မြန်မာ အမျိုးသမီးများ ကွန်ယက်အဖွဲ့ ဥက္ကဌ နော်စူစဲနာလှလှစိုး က ကေအိုင်စီသို့ ပြောသည်။
“နဂိုရှိပြီးသား NGOs ဥပဒေက အခုခေတ်နဲ့ မသင့်တော်ဘူး။ အဲ့ဒါ ၈၈(အရေးတော်ပုံ) တုန်းကနေပြီးတော့ အသင်းအဖွဲ့တွေကို နှိပ်ကွပ်ဖို့ ထုတ်ပြန်ထားတဲ့ အမိန့်ဥပဒေဖြစ်လို့ လက်မခံနိုင်ဘူး”ဟု ပြောသည်။ ပြီးခဲ့သည့် အပတ်က ပြည်သူ့လွှတ်တော် ထဲတွင် သင်္ကန်းကျွန်း မဲဆန္ဒနယ်မှ အမျိုးသား ဒီမိုကရက် တစ်တပ်ဦး -NDF ပြည်သူ့လွှတ်တော် ဦးသိန်းညွန့်က ခေတ်နှင့်လျှော်ညီသည့် NGOs မှတ်ပုံတင်ခြင်း ဥပဒေတစ်ရပ်ကို ပြဌာန်းနိုင်ရေးကို အဆိုတင်သွင်းခဲ့ရာ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဥပဒေရှိပြီး သားဖြစ်၍ အသစ်ပြန်လည် ရေးဆွဲရန် မလိုအပ်ကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။ တွေ့ဆုံပွဲတွင် အစိုးရဘက်မှ လူမှုဖွံ့ဖြိုးရေး ကော်မတီဥက္ကဌ ဦးမောင်မောင်ရွှေ၊ ဥပဒေကြမ်း ရေးဆွဲရေးကော် မတီ၊ ဥပဒေရေးရာနှင့် အထူး ကိစ္စများ လေ့လာသုံးသပ်ရေး ကော်မရှင်ဥက္ကဌ တို့ပါဝင်ပြီး NGOs ကွန်ယက် အဖွဲ့များဘက်မှ မြန်မာအမျိုးသမီး များကွန်ယက်၊ မြန်မာNGO ကွန်ယက်မှ ဦးမြင့်ဆွေ၊ နာရေးကူညီ မှုအသင်းမှ ဆရာမသန်းမြင့်အောင်၊ HIV positive ကွန်ယက် အဖွဲ့တို့အပြင် ၈၈မျိုးဆက် ကျောင်းသား အဖွဲ့ခေါင်းဆောင် ဦးကိုကိုကြီး၊ မျိုးဆက်သစ် လူငယ်များအစည်းအရုံး (GW)စသည်ဖြင့် စုစုပေါင်း လူ ၈၀ဦးခန့် တက်ရောက်ခဲ့ကြသည်။ အစီအစဉ်အရ တွေ့ဆုံဆွေး နွေးပွဲသို့ လွှတ်တော်ဥက္ကဌ ဦးသူရရွှေမန်း တက်ရောက် မည်ဖြစ်သော် လည်း နောက်ပိုင်းတွင် အရေးပေါ် အစည်းအဝေးကြောင့် မတက်ရောက် နိုင်တော့ကြောင်းလည်း သိရသည်။
ထို့အပြင် ပြည်တွင်း NGOs ကွန်ယက်အဖွဲ့များမှ တင်ပြဆွေးနွေး ချက်များကို ဥပဒေပြုရေး လွှတ်တွေကိုယ် စားလှယ်များနှင့် သက်ဆိုင်ရာ ကော်မရှင်များဘက်မှ နားထောင်ပေးခဲ့ပြီး နောက်ဆုံးအနေဖြင့် NGOs ဘက်မှ တောင်ဆိုထားသည့်အတိုင်း ဖြစ်ရပါစေ မည်ဟုလည်း မှတ်ချက် ပေးခဲ့ကြောင်း သိရသည်။ နော်စူစဲနာလှလှစိုးက “လွှတ်တော်ဥက္ကဌက NGOs Law ရှိပြီးသားပဲ။ ဆက်ပြီးတော့ ပြဌာန်းစရာ မလိုဘူး။ နည်းဥပဒေတွေပဲ လိုတယ်ဆို ပြီး ပြောတယ်။ အဲ့ဒါကိုပဲ ကျမတို့က စိုးရိမ်ပါတယ်။ အခုက NGOs Law နဲ့ပတ်သတ်ပြီးတော့ သူတို့ကဆွဲမယ်။ ပြင်မယ်ဆိုတော့ ဒီ NGOs တွေရဲ့အသံကိုလည်းကြားဖို့ လူထုနဲ့ဖလှယ်မှုလုပ်တာပါပဲ”ဟု ပြောသည်။
ယခု လက်ရှိ ဥပဒေထဲတွင် NGOs မှတ်ပုံတင် သည့်အခါ အစိုးရထံ မြန်မာ ငွေကျပ်ငါးသိန်း ပေးရမည့်အချက် ပါဝင်နေသဖြင့် ကိုယ်ထူကိုယ် ထ ရပ်တည်နေသည့် NGOs အဖွဲ့လေးများအနေဖြင့် မပေးဆောင်နိုင် သည်များကို ထည့်သွင်းဆွေးနွေး နိုင်ခဲ့သဖြင့် ယင်းတွေ့ဆုံ ဆွေးနွေး ပွဲအပေါ် NGOs ကွန်ယက်များဘက်မှ အားရကျေနပ် မှုရှိကြောင်း သိရသည်။

လူငယ်များ၏ စကားလက်ဆောင်။

Posted by drmyochit Saturday, August 25, 2012, under | No comments

ကျနော်က ဖာပွန်မြို့နယ်၊ ကွီးတမာ့ (မိချောင်းဝင်း) ရွာမှာ နေပါ တယ်။ မောင်နှမ လေးယောက်ရှိပြီး ကျနော်က ၂ယောက်မြောက် သားပါ။ မိဘတွေ ကတော့ ရွာမှာပဲ နေကြပြီး လယ်နဲ့ တောင်ယာပဲ လုပ်ပါတယ်။ ကျနော် ရွာမှာ သူငယ်တန်းကနေ ၃တန်းအောင် အထိ ကျောင်းနေ ခဲ့ပါတယ်။ မိဘတွေ အလုပ်က ပင်ပမ်းတဲ့အတွက် သူတို့ကို ကူညီချင်တာနဲ့ ၃တန်းအောင် တဲ့နှစ်မှာ ပဲ ကျောင်းဆက် မတက်တော့ဘဲ တနှစ် နွားကျောင်းတယ်။ ဒါပေမယ့် ကျောင်းကလည်း တက်ချင်သေး တယ်ဆိုတော့ နွားကျောင်းပြီး ကျောင်းဆက်နေဖို့ ဆုံးဖြတ်ခဲ့တယ်။
ရွာမှာ ကျောင်းဆက် တက်မယ်ဆိုရင် ကျောင်းစရိတ် ကလည်း ရှိသေးတယ်လေ။ အလုပ်လုပ် နေရတဲ့ မိဘကိုလည်း စာနာတယ်။ ဒါကြောင့် ကျောင်းစရိတ် မလိုတဲ့ ထိုင်း-မြန်မာနယ်စပ်က မဲခေါင်ခါး(ယခု မယ်လအူး) ဒုက္ခသည် စခန်းကို တော်လှန်ရေးအဖွဲ့ အကူအညီနဲ့ ၁၉၉၉ ခုနှစ်မှာ တက်လာပြီး ကျောင်းဆက်နေတယ်။ ဒုက္ခသည် စခန်းမှာ ကျောင်းတက်တာ ဆယ်တန်းအောင် တဲ့အထိပါပဲ။ ဆယ်တန်း အောင်ပြီး ၂၀၀၇မှာ KNU က တပ်မဟာ(၅)မှာ ဖွင့်လှစ်တဲ့ မျိုးဆက်သစ် ကရင်လူငယ် သင်တန်းကျောင်းကို ၂နှစ် တက်တယ်။ အဲဒီ ကျောင်းကစပြီး ကရင့်သမိုင်းနဲ့ တော်လှန်ရေးသမိုင်း ကို တော်တော် သိလာခဲ့တယ်။ ပြီးတော့ KNU တပ်မဟာ(၅) ကဖွင့်တဲ့ ဒေးဖိုးနို အထက်တန်းကျောင်း မှာ ကျောင်းဆရာ တနှစ် ပြန်လုပ်တယ်။ အဲဒီနောက်ပိုင်း KNU ထဲမှာ စ၀င် အလုပ်လုပ်တာ အခုထိပါပဲ။ လက်ရှိ ၂၀၁၂ခုနှစ်၊ KNU တပ်မဟာ(၇)၊ လှိုင်းဘွဲမြို့နယ် မှာဖွင့်တဲ့ မျိုးဆက်သစ် ကရင်လူငယ် သင်တန်းကျောင်းကို တက်ရောက်မှာ ဖြစ်ပါတယ်။ ကျနော ငယ်ငယ်တုန်းက စစ်ဗိုလ် အရမ်းဖြစ်ချင်တာ။ ဒါပေမယ့် လူမှုအသိုင်း အ၀ိုင်းထဲမှာ အလုပ်လုပ်ရင်း နိုင်ငံရေးဘက်ကို စိတ်ပြန်ဝင်စား လာတယ်။ ဒီလိုမျိုး နိုင်ငံရေးသင်တန်း ကျောင်းအရင်က တက်ထား ဖူးပေမယ့် အခုဒီကျောင်းမှာ ဒီနှစ်သင်မယ့် ဘာသာရပ်တွေ အရမ်းစိတ် ၀င်စားတယ်။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဘာသာရပ် ကတော့ အဓိကပေါ့။ အခြေခံစစ် သင်တန်းလည်း ပါတယ်လေ။ ကျနော် ရည်ရွယ်ထား တဲ့အရာတွေကို တတ်စွမ်းသမျှ ကြိုးစားပြီး လုပ်သွားမယ်လို့ ဆန္ဒပြုထားပါတယ်။ နောက်ဆုံးအနေနဲ့ ကရင်လူငယ်တွေကို ကျနော်ပြော ချင်တာက ကိုယ့်ကရင့်သမိုင်းကို သိရှိနားလည်အောင် လေ့လာပါ။ ကိုယ့်ကရင် အမျိုးသား အတွက်လည်း တတ်နိုင်တဲ့ဘက်က အလုပ် လုပ်ကြဖို့ တိုက်တွန်းချင်ပါတယ်။

ရခိုင်ပြည်နယ်ကိစ္စကြောင့် ဝါရှင်တန်၏ မြန်မာ့ရေးရာမူဝါဒ အပေါ်ထိခိုက်မှုမရှိဟု သံအမတ်ကြီးပြောကြား

Posted by drmyochit Saturday, August 25, 2012, under | No comments

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော ဆူပူအုံကြွ မှုများကြောင့် မြန်မာနိုင်ငံ အပေါ်ထား ရှိသော အမေရိကန် ပြည်ထောင်စု၏ ပိတ်ဆို့အရေး ယူမှုလျှော့ချပေး ရေးဆိုင်ရာ မူဝါဒအပေါ် ထိခိုက်နစ်နာ မှုမရှိကြောင်း မြန်မာဆိုင်ရာ အမေရိကန် သံအမတ်ကြီး  ဒဲရစ်မစ်ချဲလ်က ပြောကြားကြောင်း The Wall Street Journal က သြဂုတ်လ ၂၄ ရက်နေ့တွင် ရေးသားဖော်ပြသည်။ "ဆူပူအကြမ်း ဖက်မှုတွေ အင်မတန် လျင်မြန်စွာ ဖြစ်ပေါ်သွားတယ်၊ ကြောက်မက်ဖွယ် ကောင်းလောက်အောင် ကူးဆက်ပြန့်နှံ့ ခဲ့တယ်ဆိုတဲ့ ကိစ္စတွေက ကျွန်တော်တို့ကို အံ့အားသင့်လောက် အောင်ဖြစ်စေခဲ့တယ် ဆိုတာကိုတော့ ကျွန်တော့်အနေနဲ့ ပြောလိုပါတယ်။ ဒါပေမဲ့ အဲဒီကိစ္စက ပိတ်ဆို့အရေး ယူမှုအပေါ် ထားရှိတဲ့ ကျွန်တော်တို့ရဲ့ သဘောထားကို ထိခိုက်မှုရှိမယ်လို့ မထင်မိပါဘူး။  ကျွန်တော်တို့အတွက် မြန်မာနိုင်ငံမှာ ပိုပြီးရှုပ်ထွေးတဲ့ စိန်ခေါ်မှု တွေရှေ့မှာ ရှိနေပြီဆို တဲ့သဘော မျှသာဖြစ်ပါတယ်" ဟု နှစ်ပေါင်း ၂၂ နှစ်တာကာလ အတွင်း ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံ အမတ်ကြီးဖြစ်လာသူ ဒဲရစ်မစ်ချဲကဆိုသည်။ ရိုဟင်ဂျာ ပဋိပက္ခ အများစုမှာ ၎င်းတို့အား နိုင်ငံတွင်းနေ ထိုင်ခွင့်ပြုရန် ငြင်းဆန်ကြသူ မြန်မာနိုင်ငံသား များထံမှ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။ 
"နိုင်ငံသားတွေအကြား သည်းညဉ်း မခံနိုင်မှုနဲ့ ခွဲခြားဆက်ဆံမှု သဘောထားကို အနက်ရှိုင်းဆုံး အနေအထားနဲ့ တွေ့မြင်ရတာဟာ ကြမ္မာငင်မှုတစ်ခုပါ" ဆူပူအုံ ကြွမှုများသည် လူ့အဖွဲ့ အစည်းတွင်း နက်ရှိုင်းစွာ အမြစ်တွယ် နေသည့် သည်းညဉ်း မခံတတ်သော သဘောတရားများ နှင့်အတူထွက် ပေါ်လာကြောင်း၊ အဆိုပါ သည်းညဉ်းမခံ တတ်သည့် သဘောတရားမှာလည်း လူ့အဖွဲ့ အစည်းအတွင်း ကြီးမားထင်ရှားသော သာဓကတစ်ခု သဖွယ်ရှိ နေပုံရကြောင်း ၎င်းကပြောကြားသည်။
ထို့ပြင် သံအမတ်ကြီး ဒဲရစ်မစ်ချဲလ်က ရခိုင်ပြည် နယ်တွင်းရှိ ဗုဒ္ဓဘာသာဝင် များအကြား ဖြစ်ပေါ်နေသည့် စိတ်ခံစားချက်ကို အမေရိကန်ပြည် ထောင်စုကနား လည်ပါကြောင်း၊ နိုင်ငံတကာအဖွဲ့ အစည်းများက ရိုဟင်ဂျာအရေး ကိစ္စအပေါ်အလွန် အမင်အသားပေး ပြောဆိုခဲ့သည် ဟူသောအချက် ကိုလည်း မိမိတို့က သိရှိနားလည် ထားပါကြောင်း ပြောကြားသည်။

ရန်ကုန် သတင်းထောက်များ ဆန္ဒပြခွင့် မရ

Posted by drmyochit Saturday, August 25, 2012, under | No comments

သတင်းလွတ်လပ်ခွင့် ရရှိရေးအတွက် ပြည်တွင်း သတင်းသမားများ စုပေါင်းပြီး ရန်ကုန်မြို့တော် ခန်းမရှေ့တွင် ဆန္ဒပြရန် တရားဝင် လျှောက်ထားခဲ့ရာ ခွင့်ပြုချက်မရဘဲ ဆန္ဒပြလျှင် အရေးယူခံ ရမည်ဟု ရဲက သတိပေးလိုက်သည်။ “ဒီလ ၂၁ ရက်နေ့မှာ တရားဝင် ဆန္ဒပြခွင့် လျှောက်ထားတယ်။ ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးယုကြည်က လျှောက်လွှာ လက်ခံတယ်။ ဒီနေ့ ၂၄ ရက်နေ့မှာ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြမယ့် ကိစ္စကို သက်ဆိုင်ရာက ခွင့်မပြုနိုင်ဘူး။ ငြင်းပယ် တယ်ဆိုပြီး အမိန့်ထုတ်တယ်။ အဲဒီအမိန့်ကို အယူခံခွင့်ရှိတယ်၊ ဒါပေမဲ့ ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြရင်တော့ ဥပဒေအရ အရေးယူမယ်လို့ ပြောတယ်” ဟု သတင်းလွတ်လပ်ခွင့် ကော်မတီ၏ ပြန်ကြားရေး တာဝန်ခံ ကိုဇော်သက်ထွေးက ပြောသည်။ ဆန္ဒပြခွင့်ကို ငြင်းပယ်ရခြင်းမှာ သတင်းသမားများ ဆန္ဒပြမည့် ရန်ကုန်မြို့တော် ခန်းမရှေ့သည် အများပြည်သူ များသွားလာ နေသော နေရာဖြစ်ပြီး ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့် လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂(ဂ)တွင် “ယာဉ်များနှင့် လမ်းသွား လမ်းလာများ၊ ပြည်သူများကို အနှောင့်အယှက် ဖြစ်စေသော တားဆီး ပိတ်ဆို့ခြင်းမပြုရ” ဆိုသော ပြဋ္ဌာန်းထားသဖြင့် ခွင့်မပြုခြင်း ဖြစ်သည်ဟု အမိန့်စာတွင် ဖော်ပြသည်။ ရန်ကုန်မြို့တွင် လူသွားလူလာ ကင်းရှင်းသည့် နေရာဟူ၍ နည်းပါးပြီး လူရှင်းသော နေရာကို မည်သို့မည်ပုံ သတ်မှတ်သနည်း၊ လူရှင်းသော နေရာများတွင် ဆန္ဒပြလျှင် ခွင့်ပြုနိုင် မည်လောဟု သတင်း သမားများက ရဲစခန်း တာဝန်ရှိ သူများကို မေးမြန်းရာတွင်မူ အမိန့်စာကို အယူခံဝင် နိုင်သည်ဟု တာဝန်ကျ ရဲအရာရှိက ပြောဆိုကြောင်း သိရှိရသည်။ သတင်းလွတ်လပ် ခွင့်မရရှိခြင်း၊ သတင်းဂျာနယ်များကို အစိုးရ တရားစွဲဆိုနေခြင်း၊ မီဒီယာဥပဒေကို မီဒီယာသမားများ ကိုအသိမပေးဘဲ ရေးဆွဲခြင်းများကို ကန့်ကွက်ရန် တရားဝင်ဆန္ဒပြခွင့် လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ ဆန္ဒပြခွင့် ငြင်းပယ်ခံ လိုက်ရသော်လည်း သတင်း လွတ်လပ်ခွင့် ရရှိရေးအတွက် ဆက်လက်ကြိုးပမ်းသွား မည်ဖြစ်ကြောင်း သိရှိရသည်။ “သတင်းလွတ် လပ်ခွင့်ရဖို့တော့ လုပ်စရာရှိတာတွေ ဆက်လုပ်သွားမယ်” ဟု ကိုဇော်သက်ထွေးက ပြောသည်။ယနေ့ ပုဇွန်တောင်မြို့နယ်တရားရုံးတွင် လျှပ်တပြက်ဂျာနယ်အမှုကို ကြားနာခဲ့ပြီး စက်တင်ဘာလ ၇ ရက်နေ့တွင် လျှပ်တပြက် ဂျာနယ်ကို ပုဇွန်တောင်မြို့နယ်အုပ်ချုပ်ရေးမှူးက ဆူပူအုံကြွအောင် လှုံ့ဆော်ေ ရးသားမှုဖြင့် တရားစွဲဆိုမှုအပေါ် စွဲချက်တင်သင့်၊ မတင်သင့် ဆုံးဖြတ်မည်ဖြစ်သည်။ သတ္တုတွင်း ၀န်ကြီးဌာနနှင့် The Voice ဂျာနယ်အမှုကိုလည်း စက်တင်ဘာလ ၆ ရက်နေ့တွင် စွဲချက်တင်သင့်၊ မတင်သင့် ဆုံးဖြတ်ရန်ရှိသည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်