Sunday, August 26, 2012

ရှေ့မရောက်သေးပါ

Posted by drmyochit Sunday, August 26, 2012, under | No comments

Photo

သိမ်းပြီးပေါ့

Posted by drmyochit Sunday, August 26, 2012, under | No comments

Photo

ပြည်သူ့အသံ

Posted by drmyochit Sunday, August 26, 2012, under | No comments

Photo

နိုင်ငံခြားမှာ အသက် ၄၀ ထိ နေတုန်းကတောင် မြန်မာနိုင်ငံထဲက အကြောင်း အကုန်သိပါတယ်ဆိုတဲ့ ဒေါ်စု က တနိုင်ငံထဲ၊ တပါတီထဲမှာနေပြီး မြောင်းမြ NLD ကိစ္စ မသိ ဟုဆို

Posted by drmyochit Sunday, August 26, 2012, under | No comments

နိုင်ငံခြားမှာ အသက် ၄၀ ထိ နေတုန်းကတောင် မြန်မာနိုင်ငံထဲက အကြောင်း အကုန်သိပါ တယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခု တစ်နိုင်ငံထဲ၊ တစ်ပါတီ ထဲမှာနေပြီး ဧရာဝတီ တိုင်းဒေသကြီး ရှိ ပုသိမ်ခရိုင်မှ (၇)မြို့နယ်အပါအ၀င်၊ ဟင်္သာတ၊ ဓနုဖြူ၊ မြောင်းမြမြို့နယ် များမှ NLD မြို့နယ်ဥက္ကဌများ နှင့်ပါတီဝင်များ အချင်းချင်း သဘောထားကွဲ စားခွက်လုကာ ချနေကြတာကို ဒေါ်အောင်ဆန်းစုကြည် မသိသေး ဘူးဆိုတဲ့ ထူးဆန်းတဲ့ သတင်း တစ်ခုကို ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ၊NLD ဥက္ကဌ ဦးတင်ဦး ကထုတ်ဖော်ပြောကြား လိုက်သည်။
အဆိုပါကိစ္စနှင့် စပ်လျှဉ်း၍ သြဂုတ်လ ၂၅ ရက်နေ့တွင် ပုသိမ်ခရိုင်မှ (၇)မြို့နယ်အပါအ၀င်၊ ဟင်္သာတ၊ ဓနုဖြူ၊ မြောင်းမြမြို့နယ် များမှ NLD မြို့နယ်ဥက္ကဌများ နှင့်ပါတီဝင်များ သည်ပုသိမ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ပါတီဝင်များ တွေ့ဆုံကြပြီး မြို့နယ်အလိုက် ပါတီတွင်းဖြစ်စဉ်များ ကို တင်ပြ ဆွေးနွေးကြသည်။
“ဒီလိုမှညှိနှိုင်း မဆွေးနွေးရင် ပါတီဝင် လူငယ်တွေ လမ်းပေါ်ထွက် လာလိမ့်မယ်။ ပါတီတွင်းမှာ တပည့်မွေး ဆရာမွေး ကိစ္စတွေဖြစ်နေတယ်။ ဒါကို ဥက္ကဌသိအောင် ၊ပြည်သူတွေသိ အောင်လုပ်သွားမှာပါ။ အဓိကတော့ ဒီမိုကရေစီနည်းလမ်း မကျပဲ ဗဟိုဦးစီးစနစ် ချုပ်ကိုင်မှုရှိနေတယ်”ဟု ဦးတင်ဦးကဆိုသည်။ ပါတီ၏မြို့နယ် ကော်မရှင်ရွေးချယ် မှုနှင့်ပက်သက်၍ နိုင်ငံရေးအတွေ့ ရှိသောပါတီဝင် များထက်ကြားဖြတ် ရွေးကောက် ပွဲကာလ အတွင်းဝင်ရောက် လာသည့် ပါတီဝင်များအား ရွေးချယ်ခဲ့ခြင်းမှာလက်ရှိ အခြေအနေ တွင် ပါတီဝင် အချင်းချင်း တင်းမာမှုများ ရှိနေကြောင်းလည်း ၁၉၉၀ ခုနှစ်တွင် သာပေါင်းမြို့နယ် NLD လွှတ်တော် ကိုယ်စားလှယ်ဦးသန်းဝင်း ကသုံးသပ်ပြောကြားသည်။
ယင်းကပင်“လူရွေးချယ်မှုမှာ ပုဂ္ဂိုလ်ရေး တွေပါတယ်၊၈၈ တုန်းကလုပ်နေတဲ့ လူတွေထက်လော လော ဆယ် ၂၀၁၂ မှာ ၀င်လာတဲ့သူတွေ ကို ရွေးချယ်တယ်၊ ဒီကိစ္စကို ဒီမှာရှိတဲ့ ပါတီဝင် တော်တော်များများ ကမကျေ နပ်ကြ ဘူး”ဟုဆိုသည်။
ယင်းမကျေနပ် ချက်များနှင့်ပက်သက်၍ သြဂုတ်လ ၁၂ရက်နေ့တွင် မြောင်းမြမြို့၌ NLD ပါတီဝင် ၃၀၀ ခန့်က“ဗဟိုဦးစီးစနစ် အလိုမရှိ”ဟူသော ကြွေးကြော်သံများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ တိုင်း ကော်မရှင် အားဦးတည်ကာ ဆန္ဒထုတ်ဖော် မှုပြုလုပ်ခဲ့ကြောင်း သိရသည်။ ယင်းဆန္ဒထုတ်ဖော် မှုတွင်မြောင်းမြ မြို့နယ် ရပ် ကျေး NLD အဖွဲ့ခေါင်းဆောင်ဖြစ်သော ဦးမြင့်ကျော်နှင့် ဦးစစ်အောင်မှ ဦးဆောင်ခဲ့ကြောင်းသိရ သည်။
 တစ်နိုင်ငံလုံးက သိရှိပြီး NLD ကို စိတ်ပျက်လျှက် ရှိနေချိန်မှာတောင် ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မသိသေးဘူးဆိုတာ နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို တုံးလွန်း၊ အလွန်းသူ အဖြစ် လူအများက သုံးသပ်ကြသလို၊ ပြဿနာကို ဖြေရှင်းနိုင်တဲ့ အရည်အချင်း မရှိတာကြောင့် သိသိကြီးနဲ့ မသိချင်ဟန် ဆောင်နေတာ ဖြစ်နိုင်ကြောင်း ဝေဖန်ကြသူတွေလည်း ရှိပါတယ်။ NLD ပါတီ အတွင်း ရင်ကြားမစေ့နိုင်တဲ့ ကိစ္စများနဲ့ ပတ်သက်လို့ NLD ပါတီအကြောင်း အများဆုံး သတင်းရေးသား ထုတ်လွှင့်ကြတဲ့ ပြည်တွင်း ပြည်ပ စာမျက်နှာများ နဲ့ အသံလွှင့်ဌာန များက တော့ ထုတ်လွှင့်ရေးသားခဲ့ခြင်း မရှိခဲ့ပါဘူး။

နိုင်ငံတဝှမ်း ရေလွှမ်းမိုးသဖြင့် စစ်တပ် နှင့် အစိုးရမှ ကယ်ဆယ် ကူညီရေးလုပ်ငန်းများဖြင့် အလုပ်ရှုပ်နေချိန် NLD ကတော့ ပါတီတွင်း ကွဲလွဲမှုများဖြင့် အလုပ်ရှတ်

Posted by drmyochit Sunday, August 26, 2012, under | No comments

နိုင်ငံတဝှမ်း ရေလွှမ်းမိုးသဖြင့် စစ်တပ် နှင့် အစိုးရမှ ကယ်ဆယ် ကူညီရေး လုပ်ငန်းများဖြင့် အလုပ်ရှုပ်နေချိန် NLD ကတော့ ပါတီတွင်း ကွဲလွဲမှုများဖြင့် အလုပ်ရှုတ်နေကြောင်း သတင်းရရှိသည်။ အစိုးရဖွဲ့မှ ဝန်ကြီးများ အပါအဝင် သမ္မတကြီး ဦးသိန်းစိန် ကိုယ်တိုင် ဧရာဝတီ တိုင်းဒေသကြီး သို့ သွားရောက်ကာ ရေဘေးသင့် ပြည်သူများကို ကူညီ ထောက့်ပံ့မှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ဧရာဝတီ တိုင်းဒေသကြီး အတွင်းက NLD ပါတီ များကတော့ ပြည်သူကို ကယ်တင်ရမယ့် အချိန်မှာ ပါတီတွင်း သဘောထား ကွဲမှုတွေ၊ ဆန္ဒပြမှုတွေ၊ သတင်းစာ ရှင်းလင်းပွဲ လုပ်ရတာတွေနဲ့ အချိန်ကုန်နေခဲ့ကြောင်း သိရသည်။ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ပါတီတွင်း ဘောထား ကွဲလွဲမှုများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်း ပွဲတစ်ရပ်ကို ယနေ့ သြဂုတ်လ ၂၅ ရက် မွန်းလွဲ ၂ နာရီက ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့နယ် စကားဝါလမ်းရှိ မြို့နယ် အဖွဲ့ချုပ်ရုံးခန်းမှာ ပြုလုပ်ခဲ့သည်။
အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ဧရာဝတီတိုင်း ဒေသကြီး ညီလာခံကျင်းပရေး ကော်မရှင်များ ဖွဲ့စည်းမှုတွင် ပါဝင်သူများသည် ဒီမိုကရေစီ နည်းလမ်းတကျ ရွေးချယ်ခြင်းခံရသူများမဟုတ်ဘဲ ဂိုဏ်းဂဏစွဲ ၊ ပုဂ္ဂိုလ်စွဲ ဗဟိုဦးစီးစ နစ်ဖြင့်ရွေး ချယ်ခဲ့ခြင်းဖြစ်ပြီး ယင်းအပေါ် ပါတီဝင်အချို့မှ မကျေနပ်ကြောင်း ရှင်းလင်းပြော ကြားခဲ့ခြင်းဖြစ်သည်။
ယင်းရှင်းလင်းပွဲတွင် လက်ရှိ တိုင်း၊ ခရိုင်၊ မြို့နယ် ညီလာခံကျင်းပရေး ကော်မရှင်တွင် ပါဝင်သူ အချို့သည် နေရာရလို မှုအတွက် ပါတီ၏ အမည်နာမကို အသုံးချ လျှက်ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ထိုပုဂ္ဂိုလ်များ၏ နာမည်များကို ထုတ်ဖော်ပြောဆိုခဲ့သည်။ ယင်းကိစ္စရပ်များ နှင့်ပတ်သက်၍ နာမည်ထုတ်ဖော် ပြောဆိုရာတွင် ပါဝင်ခဲ့သူ ပုသိမ်ခရိုင် ညီလာခံ ကျင်းပရေးကော်မရှင် အတွင်းအရေးမှူး ဦးဝေလှိုင်ထွန်း က ယင်းကဲ့သို့ စွပ်စွဲပြောဆို မှုများနှင ပတ်သက်ပြီး စွပ်စွဲသူများနှင့် ထိပ်တိုက်ရင် ဆိုင်ဖြေရှင်းချင်ကြောင်း ၊ မှားခြင်း၊ မှန်ခြင်း ကိစ္စရပ်အပေါ် ပါတီ ဗဟိုဌာနချုပ်မှ လူကြီးများဆောင်ရွက်သွား လိမ့်မည်ဖြစ်ကြောင်း ပေါ်ပြူလာနယူးစ်မှ သွားရောက်တွေ့ဆုံး မေးမြန်းရာတွင် ဖြေကြားခဲ့သည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ပုသိမ်ခရိုင်၊ မြောင်းမြခရိုင် ၊ အစရှိသည့် ဧရာဝတီတိုင်းဒေသကြီး ဒေသခရိုင်များမှ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ရပ်ကျေးပါတီဝင် ၂၀၀ ခန့်တက်ရောက်ခဲ့သည်။

သင့်ရဲ့ အချိန် ၅ မိနစ်လောက်လေး ပေးပြီး ဖတ်စေချင်ပါသည်

Posted by drmyochit Sunday, August 26, 2012, under | No comments

ဟောင်ကောင်သူဌေးကြီး လီကာရှင်းရဲ့ မှတ်သားဖွယ် စကားကြီးတွေပါ၊ facebook ပေါ်မှာ share နေကြတာ တွေ့ဖန်များတော့ မြန်မာလိုပြန်ရေး ချင်စိတ်ပေါက်ပြီး ပြန်ရေး ထားတာတွေပါ။ ပြောသာပြောရတယ်၊ တကယ့် လီကာရှင်းစစ်စစ်ကြီးက facebook ပေါ်မှာ ဇိမ်ပြေနပြေ ထိုင်ရေးတာလား ဆိုတာ သံသယ ဖြစ်မိပါတယ်၊ သူ့ကိုချစ်တဲ့သူ တစ်ယောက်ယောက် က ရေး တင်နေတာလည်း ဖြစ်ချင်ဖြစ် မှာပေါ့လေ၊ ဘာပဲဖြစ်ဖြစ်၊ သဘောကျမိတဲ့ စကားစုလေးတွေကို ရွေးတင်လိုက်ပါတယ်။
၂၀-၈၀ နိယာမ လူတွေမှာ ၂၀% က လည်ပင်းအထက်ပိုင်း နဲ့ပိုက်ဆံရှာတယ်၊ ၈၀% က လည်ပင်းအောက်ပိုင်းနဲ့ ပိုက်ဆံရှာတယ်။ ၂၀% က အချိန်ဝယ်တယ်၊ ၈၀% က အချိန်ရောင်း တယ်။ ၂၀% က လုပ်ငန်းကိုင်ငန်းကြီးတွေ လုပ်တယ်၊ ၈၀% က အလုပ်လုပ်တယ်။ ၂၀% က အနာဂတ်အတွက် အစီအစဉ်ချတယ်၊ ၈၀% က အိပ်ယာထမှ ဒီနေ့ဘာလုပ်မယ်ဆိုတာ စဉ်းစားတယ်။ ၂၀% က ကိုယ့်ကိုကိုယ် ပြောင်းလဲတယ်၊ ၈၀% က ပတ်ဝန်းကျင်ကို ပြောင်းလဲပစ်တယ်။ ၂၀% က ဥစ္စာကြွယ်ဝတယ်၊ ၈၀% က ဆင်းရဲတယ်။ မင်း ၂၀% လုပ်မလား၊ ၈၀% လုပ်မလား။
တတိယ ၈ နာရီ ဘုရားသခင်က လူတိုင်း လူတိုင်းကို တစ်ရက်မှာ ၈ နာရီစာ အပိုင်းအခြား သုံးခုစီ မျှမျှ တတပေးထားတယ်။ ပထမ ၈ နာရီမှာ လူတွေအလုပ် လုပ်ကြတယ်၊ ဒုတိယ ၈ နာရီမှာ လူတွေ အိပ်ကြတယ်။ လူတစ်ယောက် နဲ့တစ်ယောက်ရဲ့ ကွဲပြားခြားနား ချက်တွေကို များသောအားဖြင့် တတိယ ၈ နာရီကနေ ဖန်တီးခဲ့ကြတာပဲ။
လမ်းနှစ်လမ်း လူတိုင်းမှာ လျှောက်စရာ လမ်းနှစ်လမ်းရှိတယ်၊ တစ်လမ်းကလျှောက် ကိုလျှောက်ရမယ့် လမ်း၊ နောက်တစ်လမ်းက ကိုယ်လျှောက် ချင်တဲ့လမ်း။ မလျှောက်မနေ လျှောက်ကိုလျှောက် ရမယ့်လမ်းကို လှလှပပ လျှောက်ပြီးမှ ကိုယ်လျှောက်ချင်တဲ့ လမ်းကိုလျှောက်လို့ ရပါလိမ့်မယ်။
တခါသုံးယုံကြည်မှု ယုံကြည်မှုဆိုတာ စာရွက်တစ်ရွက်လိုပဲ၊ ကြေသွားပြီဆိုတာနဲ့ ဘယ်လိုပဲဖြန့်ဖြန့် နဂိုအတိုင်းပြန် မဖြစ်တော့ဘူး။ နောင်တ နောက် အနှစ် ၂၀ ကြာသွားတဲ့အခါ မင်းကိုပိုပြီးစိတ် ပျက်စေမှာက မင်းလုပ်ခဲ့တဲ့ ကိစ္စတွေ မဟုတ်ဘူး၊ မင်းမလုပ်လိုက် ရတဲ့ကိစ္စတွေပဲ။ နေရာ အအေးတစ်ပုလင်းကို လမ်းဘေးဆိုင်မှာ ၁၀ နဲ့ရောင်းတယ်၊ ဟိုတယ်မှာ ၃၀ နဲ့ရောင်းတယ်။ လူတစ်ယောက်ရဲ့တန်ဘိုးဟာလည်း သူရောက်နေတဲ့ နေရာပေါ်မှာ ပဲမူတည်တယ်။
သမာဓိ စကားတစ်ခွန်း မပြောသေးခင်မှာ မင်းဟာအဲဒီစကားရဲ့အရှင်သခင်ပဲ၊ ပြောလိုက်ပြီဆိုရင်တော့ မင်းဟာသူ့ရဲ့ကျွန်ဖြစ်သွားပြီ။
ရွေးချယ်မှု နောက်ဆုံးတော့လည်း မင်းဘာကိုယုံရင် ဘာဖြစ်တာပဲ။ ဘာလို့လဲဆိုတော့ ဒီကမ္ဘာပေါ်မှာ ကြောက်စရာ အကောင်းဆုံး ဝေါဟာရ နှစ်ခုရှိတယ်၊ တစ်ခုက ခေါင်းမာတာ၊ နောက်တစ်ခုက ကြိုးစားတာ။ ကြိုးစားတဲ့ကောင်က သူ့ကိုသူပြောင်း လဲပစ်တယ်၊ ခေါင်းမာတဲ့ ကောင်က သူ့ကံကိုသူ ပြောင်းလဲပစ်တယ်။
မနာလိုခြင်းနှင့် အားကျခြင်း သူများတွေထက် မဆိုစလောက် သာတဲ့အခါ မင်းကိုမနာလိုဖြစ်ကြလိမ့်မယ်။ သူတို့တွေ ထက်အဆ ပေါင်းများစွာ သာသွားတဲ့အခါ မင်းကိုအား ကျကြလိမ့်မယ်။ နောက်ဆုံးအပြုံး ဘယ်သူ့ကိုမှ မယှဉ်နိုင်ဘူး လို့ထင်တဲ့အခါ အားမငယ်ပါနဲ့၊ မင်းဟာသာမန် လူတစ်ယောက် ဆိုတာလည်း သတိရပါ။ သူများတကာ ရယ်မောနေတာ တွေ့ရင်လည်း တကမ္ဘာလုံးမှာ မင်းတစ်ယောက်တည်း ဝမ်းနည်းပူဆွေး နေတယ်မထင်ပါနဲ့၊ တကယ်တော့ သူများတွေက မင်းထက်ပိုပြီး ဟန်လုပ်တတ်လို့ပဲ။ အကူအညီ မဲ့နေတဲ့အခါ မင်းငိုချင်ငိုလိုက်ပါ၊ သို့သော် ငိုပြီးရင်တော့ ပြန်ပြီးနိုးကြား တက်ကြွလာရမယ်၊ အရာရာကို လက်လွှတ်ဆုံး ရှုံးပစေဦးတော့၊ မင်းရဲ့အပြုံးလေးကိုတော့ ရှုံးမသွားပါစေနဲ့။
ပူပင်သောက လူတစ်ယောက်ရဲ့ ပူပင်သောကတွေကနေ သူ့ရဲ့စိတ်နေ သဘောထား အတိုင်းအဆနဲ့ အနာဂတ် အောင်မြင်မှုရဲ့ အတိမ်အနက်ကို မှန်းဆလို့ရတယ်။ တနည်းအားဖြင့်၊ ပြဿနာအ သေးလေးတွေ ဟာ အချိန်ကုန်ခံပြီး ပူပန်နေ စရာမလိုဘူး၊ တကယ့်ကြီးမားတဲ့ ကိစ္စတွေ ကျပြန်တော့ ပူနေရုံနဲ့လည်း အကျိုးမရှိဘူး။ အချိန်တိုတိုနဲ့ ပြဿနာဖြေရှင်း နိုင်စွမ်းရှိရင် အရာရာတိုင်းဟာ မိုးတွေထန် ပြီးတဲ့နောက် ပွင့်လင်းသွားတဲ့ ရာသီဥတုလို သာယာနေမှာပါပဲ။ အောင်မြင်မှုနှင့် တိုးတက်မှု မင်းမအောင် မြင်လို့ရတယ်၊ သို့သော်မ တိုးတက်လို့မရ ဘူး။ မင်းရဲ့ အောင်မြင်မှုကိုက ဖျက်ကယက် လုပ်မယ့်သူတွေ ရှိကောင်းရှိလိမ့်မယ်၊ ဒါပေမဲ့ မင်းတိုးတက် တာကိုတော့ ဘယ်သူမှကာ ဆီးကာဆီးလုပ်မှာမဟုတ်ဘူး။
ဖိအားနှင့် တွန်းအား အပြင်ကသက်ရောက် တဲ့အားကြောင့် ကွဲသွားတဲ့ ကြက်ဥဟာ အစာတစ်လုပ် ဖြစ်သွားပေမယ့် အတွင်း ကနေရုန်းထွက် လာတဲ့အားကြောင့် ကွဲသွားတဲ့ ကြက်ဥကျတော့ အသက်တစ်ချောင်း ဖြစ်လာစေတယ်။ လူ့ဘဝဆို တာလည်းအဲလိုပါပဲ၊ အပြင်ကလာ တဲ့အားတွေက ဖိအားတွေဖြစ်ပြီး အတွင်းကနေ ဖြစ်တည် လာတဲ့အားတွေက ကြီးပြင်းရှင်သန်မှုပါ။ ပြင်ပကအားတွေနဲ့ အခွဲခံဖို့ပဲ ထိုင်စောင့်နေလို့ရှိရင် သင်ဟာ သူများရဲ့အစာတနပ် ဖြစ်သွားမှာမလွဲပါဘူး။ ကိုယ့်အားကိုယ်ကိုးပြီး အတွင်းကေ န ဖောက်ထွက်နို င်ရင်တော့ ကိုယ့်ရဲ့ရှင်သန် ကြီးပြင်းခြင်းဟာ အသက်တစ်ချောင်း အသစ်တဖန် ပြန်လည်မွေးဖွား လာတာနဲ့ တူတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။

မဇ္ဈိမ ဝက်ဆိုဒ်များ Cyber Attack ပြုလုပ်ခြင်းခံနေရ (အထူးသတင်း)

Posted by drmyochit Sunday, August 26, 2012, under | No comments

အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာတို့ဖြင့် ရေးသား တင်ပြထားသည့် မဇ္ဈိမ သတင်းဌာန၏ အင်တာနက် စာမျက်နှာများ သောကြာ နေ့မှစ၍ DDoS တိုက်ခိုက်မှုခံနေရသည်။ “မဇ္ဈိမဝက်ဘ်ဆိုက်သည် DDoS တိုက်ခိုက်မှု ခံနေရပါသည်။ ဘာကြောင့် တိုက်ခိုက်သည်ကိုတော့ အယ်ဒီတာ အဖွဲ့အနေဖြင့် တိတိကျကျ အတည်မပြု နိုင်သေးပါ။” ဟု ထုတ်ပြန်ချက်အတွင်း ပါရှိသည်။ ယင်းအပြင် “မဇ္ဈိမအနေဖြင့် မကြာသေးမီသော ရက်သတ္တပတ်အတွင်း ရခိုင်ပြည်နယ် အတွင်းဖြစ်ပွား ခဲ့သည့် ပဋိပက္ခသတင်း ဖော်ပြမှုနှင့်ပတ်သက်၍ ခြိမ်းခြောက်မှုအချို့ ခံခဲ့ရပါသည်။” ဟုလည်းကြေညာ ချက်အတွင်း ဖေါ်ပြထားသည်။
သောကြာနေ့ ညနေပိုင်းမှ စတင်ခဲ့သော DDoS တိုက်ခိုက်မှုကြောင့် မဇ္ဈိမ၏ အင်တာနက် စာမျက်နှာများ ဖွင့်၍ မရတချက် ရတချက် ဖြစ်နေခဲ့ပြီး စနေနေ့တွင် မြန်မာနိုင်ငံတွင်းအပါအ၀င် အချို့နေရာများတွင် လုံးဝ ဖွင့်မရ တော့သည်ကို တွေ့ရှိရသည်။ DDoS ဟူခေါ်သည့် Distributed Denial of Services attack သည် ဆာဗာပေါင်း များစွာမှ မဇ္ဈိမဝဘ်ဆိုဒ်သို့ ဝင်ရောက်ကြည့်ရှုမှု များပြားစွာ ဖြစ်လေဟန် တချိန်တည်း ပို့လွှတ်၍ တိုက်ခိုက်သည့် နည်းလမ်းဖြစ်သည်။ မဇ္ဈိမ အင်တာနက် စာမျက်နှာသို့ DDoS ပို့လွှတ်ကာ အများဆုံး လာရောက်တိုက်ခိုက်သည့်နိုင်ငံမှာ မလေးရှားနိုင်ငံဖြစ်ပြီး အမေရိကန် နိုင်ငံမှာ ဒုတိယဖြစ်သည်။ အင်္ဂလန်၊ ကနေဒါနိုင်ငံတို့မှလည်း DDoS ပို့လွှတ်ကာ တိုက်ခိုက် လျက်ရှိနေသည်။ အိန္ဒိယနိုင်ငံတွင်း တနေရာနှင့် မြန်မာနိုင်ငံ အတွင်းမှလည်း ပို့လွှတ်တိုက်ခိုက် လျက်ရှိသည်ကို တွေ့ရသည်။ မဇ္ဈိမ အင်တာနက် စာမျက်နှာများသည် ၂ဝဝ၇ စက်တင်ဘာ သံဃာတော်များ ဦးဆောင်သော လူထုဆန္ဒပြချိန်တွင်းနှင့် ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းတိုက် ခတ်မှုအပြီးနှင့် ၂၀၁၀ ရွေးကောက်ပွဲ နီးကာလများတွင် လည်းယခုကဲ့သို့ DDoS တိုက်ခိုက်မှု မျိုးကြုံခဲ့ရသေးသည်။

ရခိုင်တိုင်းရင်းသာ တစ်ဦး ဘင်္ဂါလီကု လားများ အသတ်ခံရ

Posted by drmyochit Sunday, August 26, 2012, under | No comments

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကင်းချောင်းကျေးရွာအုပ်စု၊ ဒု-ကင်းချောင်း ကျေးရွာအနီး ဥယျဉ်ခြံ တစ်ခုတွင် အလောင်းတစ်လောင်းအား လုံခြုံရေး ချထားသော ခလရ (၂၃၃)မှ တပ်သားတစ်ဦး ကင်းလှည့်စဉ် သြဂုတ်လ ၂၄ရက်နေ့ညနေ ၅ နာရီတွင် တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။ အလောင်းမှာ ဦးထွန်းရွှေလှိုင် အသက် (၄၀) နှစ် (ဘ) ဦးလှအောင် ဖြစ်ပြီး ဘူးသီးတောင်မြို့ အေးစေတီ ဘုန်းတော်ကြီး ကျောင်းအနီး အမှတ်(၅) ရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း ဘူးသီတောင်မြို့မှ ဒေသခံတစ်ဦးကပြောသည်။ ” ဦးကျော်လှိုင်က ဘူးသီးတောင် မှာနေတာ၊ သူက သူ့မိဘပိုင် ဒု-ကင်းချောင်းကျေးရွာ အနီးနှစ်ဖာလုံခန့် အကွာမှာရှိတဲ့ ဥယျဉ်ခြံကို လုပ်ကိုင်စားသောက်နေတာ၊ အလောင်းမှာက ဦးခေါင်းထက်ခြမ်းကွဲ ဓါးဒဏ်ရာတစ်ချက်၊ ညာဘက်လက်မောင်းအောက်မှ ၀မ်းဗိုက်ထိ ထက်ခြမ်းကွဲ ဓါးဒဏ်ရာ တစ်ချက်၊ ၀ဲဘက်လက်မောင်း ဓါးဒဏ်ရာတစ်ချက်၊ ကျောကုန်းတွင် ဓါးဒက်ရာတစ်ချက်၊ လက်ဝဲဘက်ပေါင် ဓါးဒဏ်ရာတစ်ချက်၊ ခန္ဓာကိုယ်အနှံ့ ရိုက်နှက်ဒဏ်ရာ မြောက်းများစွာ ဖြင့်ရက်ရက်စက်စက် သတ်ဖြတ်ခံထားရတာ တွေ့ရတယ်။ ” ဟု အဆိုပါဒေသခံက ပြောသည်။
အဆိုပါ အလောင်းအား (၂၅-၈-၁၂) နံနက်တွင် ဘူးသီးတောင် ဆေးရုံးသို့ သယ်ယူစစ်ဆေးခဲ့ပြီး မွန်းလွဲ (၁)နာရီတွင် သေဆုံးသူ၏ မိသားစုဝင်များနှင့် မြို့သူမြို့သားများက လိုက်ပါ သင်္ဂြိုလ် ခဲ့ကြကြောင်းသိရသည်။ ဘူးသီးတောင်မြို့နယ်၊ ကင်းချောင်းကျေးရွာ အုပ်စုတွင် ကင်းချောင်း၊ ဒု-ကင်းချောင်း၊ သဘောက်ချောင်း၊ လက်ပံကိုင်း၊ အာကာပျံ၊ စသောကျေးရွာ ငါးရွာတွင် လုံခြုံရေးအတွက် ခလရ (၂၃၃) မှ တပ်သားအင်အား ၈ ယောက် တာဝန်ယူ လျက်ရှိပြီး အမှုမှန်ပေါ်အောင် ဘူးသီးတောင်မြို့နယ် ရဲတပ်ဖွဲ့မှ ဆက်လက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်ကြောင်း ဒုကင်းချောင်း ကျေးရွာနေ ဒေသခံဒိုင်းနက် တိုင်းရင်းသားများမှာ အသက်အန္တာရာယ် အတွက်လုံခြုံ ရေးစိတ်ချရသည့် အခြေအနေမ ရှိသောကြောင့် နီးစပ်ရာလုံခြုံသော နေရာများသို့ ထွက်ပြေးတိမ်းရှောင် နေကြကြောင်း သတင်းရရှိသည်။
ယခုကဲ့သို့ ရခိုင်ပြည်အနှံ့တွင် ဘင်္ဂလီ ကုလားများ၏ ငြိမ်းခြောက် သတ်ဖြတ်နေမှုကြောင်း ဒေသခံတိုင်းရင်း သားများမှာ မိမိတို့၏ နေ့စဉ်ပုံမှန် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို မလုပ်ကိုင်နိုင် ကြသဖြင့် စားဝတ်နေရေးအတွက် အလွန်အခက် အခဲရောက်လျက် ရှိသည် ။ ရခိုင်ဒေသတွင် အေးအေးချမ်းချမ်း ပြန်လည်တည်ငြိမ်နေပြီဟု အစိုးရအ ဏာပိုင်များမှ ထုတ်ပြန်ကြေ ငြာထားသော်လည်း ရခိုင်လူမျိုး များမှာလူများစု ဘင်္ဂလီကုလားများ၏ သတ်ဖြတ် ခြိမ်းခြောက် မှုများကိုခံနေ ရဆဲဖြစ်ကြောင်းသိရသည်။

Saturday, August 25, 2012

""နိုင်ငံတခါးများကျိုးပေါက်ခြင်းမှုကို အစိုးရအနေနှင့်လုံခြုံမှုရအောင် ထိမ်းသိမ်းဖို့လိုဟု ဦးကျော်သူပြော ပြီ""

Posted by drmyochit Saturday, August 25, 2012, under | No comments

ရခိုင်ပြည်တွင် ဇွန်လက ဖြစ်ပေါ်ခဲ့သည့် ဆူပူအကြမ်း ဖက်မှုသည် မြန်မာနိုင်ငံခြံစည်းရိုး၊ တံခါးများကျိုး ပေါက်ခြင်းကို အခြေခံကာ ဖြစ်ပေါ်ခဲ့ရာ နိုင်ငံတော် အစိုးရအနေဖြင် နိုင်ငံခြံစည်းရိုး လုံခြုံအောင် ထိန်းသိန်းရန် လိုအပ်ကြောင်း နာရေးကူညီမှုအသင်း( ရန်ကုန်) ဥက္ကဌ ဦးကျော်သူက သြဂုတ်လ ၂၄ ရက်နေ့ စစ်တွေမြို့ အင်းပေါက်ဝ ဟိုတယ်တွင် ဒေသခံနာရေး ကူညီမှုအသင်းနှင့် တွေ့ဆုံစဉ် သတင်းထောက်များကို ပြောကြားခဲ့ကြောင်း သိရသည်။" မြန်မာနိုင်ငံရဲ့ အနောက်ဘက်တံခါး ကျိုးပေါက်တယ်။ အရှေ့ဘက်ကလဲ ကျိုးပေါက်တယ်။ မြောက်ဘက်လဲ ကျိုးပေါက်နေတယ်။ နောက်ဆိုရင် မြန်မာနိုင်ငံလို့ပြောရမယ့် အနေအထား မရှိအောင်ထိ ဖြစ်လာနိုင်တယ်။ ဒီလိုဖြစ်နေတာကို နိုင်ငံတော် အစိုးရအနေနဲ့ ကိုယ့်အိမ်၊ ကိုယ့်ခြံ၊ ကိုယ့်နိုင်ငံကိုရဲ့ ခြံစည်းရိုးကို သတ်မှတ်ပြီး လုံခြုံမှု အပြည့်အ၀ ရှိအောင်လုပ်ဖို့ လိုတယ် " ဟု ဦးကျော်သူက ပြောသည်။ အိမ်ထောင်စု တစ်ခုအတွင်းသို့ အပြင်မှ ဧည့်သည်တစ်ဦး ၀င်လာကာ အိမ်တစ်ခုလုံးကို အပိုင်သိမ်းချင် သောကိစ္စကို သူ့အနေနှင့် လက်မခံနိုင်ကြောင်း၊ နိုင်ငံမှာဆိုရင်လည်း နိုင်ငံ၏စည်းကို ထိန်းသိမ်းရန် အားလုံးမှာ တာဝန်ရှိကြောင်းကို အသင်းစည်းကမ်းနှင့် ပတ်သက်၍ ဆွေးနွေးချက်တွင် အလေးထား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ မြန်မာနိုင်ငံတွင် အင်ဒိုနီးရှား၊ မလေးရှားများကဲ့သို့ ဘာသာခြားတစ်ခု လွှမ်းမိုးမှုမခံရအောင်၊ မိမိတို့ဘာသာ ပျောက်ကွယ် မသွားအောင် ရခိုင်တိုင်းရင်းသားများက တံတိုင်းကြီး တစ်ခုသဖွယ် ကြံ့ကြံ့ခံ ရပ်တည်ပေး နေကြောင်းကို နာရေးကူညီ မှုအသင်း(ရန်ကုန်) အထွေထွေအတွင်း ရေးမှူးဒေါ်ရွှေဇီးကွက်က တွေ့ဆုံပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။ အိမ်နီးချင်း နိုင်ငံများမှ လူမျိုးခြားများ မြန်မာနိုင်ငံအတွင်း စိမ့်ဝင်ရောက်ရှိနေခြင်း၊ မသမာသော နည်းလမ်းများဖြင့် နိုင်ငံသားစိစစ် ရေးကဒ်ပြားများ ကိုင်ဆောင်ထား ခြင်းများကို ဥပဒေစိုးမိုးရေး အတွက် အမျိုးသားရေး တာဝန်အဖြစ် အထူးစီမံချက် တစ်ရပ်ချမှတ် ဖော်ထုတ် အရေးယူဆောင်ရွက် ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စား လှယ် မြတ်ဉာဏစိုးက သြဂုတ်လ (၈)ရက်နေ့ ပထမအကြိမ် အမျိုးသားလွှတ်တော် စတုတ္တပုံမှန် အစည်းအဝေးတွင် (၂၂)ရက်မြောက်နေ့က တင်သွင်းခဲ့ရာ ဆွေးနွေးရန် အချိန်စော သေးကြောင်းပြောကာ အစည်းအဝေးမှ ပယ်ချခဲ့သည်။

Posted by drmyochit Saturday, August 25, 2012, under | No comments

ထင်ရှားသော ခေါင်းဆောင်မှု သီအိုရတစ်ရပ်အရ အဖြစ်အပျက် အပြောင်းအလဲ ကြီးကြီး မားမားများ နှင့်အတူ ခေါင်းဆောင်များပေါ်ထွက် လာတတ်သည့် အတိုင်း မြန်မာ့ သမိုင်းတွင် အပြောင်းအလဲ ထူးထူးခြားခြား ဖြစ်ပေါ်နေချိန် ယနေ့အခါ သမယတွင် ခေါင်းဆောင် သုံးဦး ထင်ထင်ရှားရှား ပေါ်ထွက်လာသည်။ ထိုခေါင်းဆောင် သုံးဦး၏ ဥာဏ် အမြော်အမြင်၊ လုပ်ဆောင်ချက် များနှင့် သူတို့အကြား ဆက်ဆံရေး၊ ပူးပေါင်း ဆောင်ရွက်မှုတို့သည် နိုင်ငံ၏ ပစ္စုပ္ပန် ကိုသာမက မဝေးလှသည့် အနာဂတ်၊ ခပ်ဝေးဝေး အနာဂတ်ကိုပါ ဖော်ဆောင် ပဲ့ကိုင်သွားလိမ့်မည်။
သမ္မတကြီး ဦးသိန်းစိန်
ယခင် အစိုးရလက်ထက်က ၀န်ကြီးချုပ် ဖြစ်ခဲ့သော ဦးသိန်းစိန် သမ္မတအဖြစ် တက်လာစ အချိန်တွင် စောင့်ကြည့် ရဦးမည် ဟူသော ထင်မြင်မှုများ ရှိခဲ့သော်လည်း လပိုင်းအကြာ၌ ရင်သပ် ရှုမောရသော ပြုပြင် ပြောင်းလဲရေးများ ဆက်တိုက် ပြုလုပ်ခဲ့ပြီး နိုင်ငံတွင်း သာမက တစ်ကမ္ဘာလုံးက အသိအမှတ် ပြုရသော ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင် အဖြစ် ပေါ်ထွက် လာခဲ့သည်။ယိုင်တိုင်တိုင် စီးပွားရေးကို ထောင်မတ်ရန်၊ နိုင်ငံရေး စနစ်ကို ဗဟို ဦးစီးစနစ်မှ ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းရန်၊ ပြည်တွင်း ငြိမ်းချမ်းရေးမှသည် တစ်နိုင်ငံလုံး စည်းလုံး ညီညွတ်ရန်၊ နိုင်ငံတကာတွင် မြန်မာ့ ဂုဏ်သိက္ခာ တက်အောင် ဆောင်ရွက်ရန် တို့သည် မြန်မာနိုင်ငံကို ဦးသိန်းစိန် တစ်ပြိုင်တည်း ဦးဆောင် ချီတက်ရသည့် အဓိက ပန်းတိုင်များ ဖြစ်ပြီး တစ်ခုချင်းစီပင် ဖြစ်မြောက်အောင် လုပ်ဆောင်ရန် မလွယ်လှသည့် ရည်မှန်းချက် များဖြစ်သည်။
စွမ်းရည်မြင့် လူသား အရင်းအမြစ်များ ရှားပါးမှု၊ ရိုးသားခြင်း ကြိုးစားခြင်းတို့ကို တန်ဖိုး ထားသော်လည်း လက်တွေ့ ကျင့်သ ပြောင်းလိုသူနှင့် မပြောင်းလိုသူ၊ ပြောင်းနေမှန်း မသိသူတို့အကြား လွန်ဆွဲပွဲ စသော စိန်ခေါ်မှုကြီးများ ရှိနေသည့်ကြားမှ အထက်ပါ ပန်းတိုင်များသို့ ချီတက် ရသည်မှာ ဧရာမ တာဝန်ပင် ဖြစ်သော် လည်း နိုင်ငံအရွေ့ တစ်ခုသို့ အချိန်တို အတွင်း ရောက်ခဲ့သည်မှာ သမ္မတကြီး ဦးသိန်းစိန်၏ ခေါင်းဆောင်မှုနှင့် ဇွဲနပဲ တို့ကြောင့် ဖြစ်သည်။
ရိုးသားခြင်း၊ အခြားသူတို့ အမြင်ကို နားစိုက် ထောင်ခြင်း၊ ပြုပြင် ပြောင်းလဲရေး သန္နိဋ္ဌာန် မြင့်မားခြင်း တို့မှာ အများ အသိအမှတ် ပြုရသော ဦးသိန်းစိန်၏ ထူးခြားသည့် စရိုက် လက္ခဏာများ ဖြစ်ပြီး ပြည်တွင်းတွင်လည်း ယုံကြည် ကိုးစားခံရမှု အထူးပင် မြင့်တက် နေခဲ့သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း

ယခင် အစိုးရ လက်ထက်က နံပါတ်သုံး နေရာတွင် ရှိခဲ့သော သူရဦးရွှေမန်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာသောကြောင့် ဘေးသို့ ရောက်သွားသည်ဟု ထင်မြင်သူ အချို့ ရှိခဲ့သော်လည်း ယင်းမှာ စနစ်သစ် တွင် လွှတ်တော်၏ ကြီးမားသော အခန်းကဏ္ဍကို အမှတ်တမဲ့ ဖြစ်နေသောကြောင့် ဖြစ်သည်။
အမေရိကန် ပြည်ထောင်စုတွင်လည်း ကျင့်သုံးသည့် သမ္မတ စနစ် တွင် အုပ်ချုပ်ရေး မဏ္ဍိုင်နှင့် ဥပဒေပြုရေး မဏ္ဍိုင်တို့ အပြန်အလှန် ထိန်းညှိ ခြင်းဖြင့် ဒီမိုကရေစီကို ထိန်းသိမ်း ထားသလို နိုင်ငံကိုလည်း ချောမွေ့စွာ လည်ပတ်စေသည်။
အထူးသဖြင့် ဗဟို ဦးစီးစနစ်မှ ကူးပြောင်းစ နိုင်ငံတို့တွင် အုပ်ချုပ်ရေး မဏ္ဍိုင်မှာ အားကောင်းမြဲ ဖြစ်သည့်အတွက် လွှတ်တော်ပါ လိုက်ပါ အားကောင်းလာမှ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ရည်ရွယ်သည့် အပြန်အလှန်ထိန်းညှိခြင်း ( Checks and Balance) အထ မြောက်မည်။ ထိုသို့ အထမြောက်မှသာ သမ္မတစနစ် အသက်ဝင် ကာ ဒီမိုကရေစီ ခိုင်မာ အားကောင်း လာမည်။သမ္မတ စနစ်၏ လွှတ်တော်ကဲ့သို့ လွှတ်တော်မျိုး မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးချိန်မှ စကာ မပေါ်ဖူး သေးခြင်း၊ မြန်မာနိုင်ငံ ၏ ဥပဒေ အများအပြားမှာ အိုမင်း ဟောင်းနွမ်း ခေတ်မမီခြင်းကြောင့် ပြင်ဆင် အသစ်ရေးဆွဲရန် လိုခြင်းတို့ကြောင့် လွှတ်တော် အသက်ဝင်ရန် လိုအပ်ခြင်း ဖြစ်သည်။ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ရဲရဲဝံ့ဝံ့ ဆောင်ရွက်ကြရန် အစဉ်တစိုက် ဆော်သြခဲ့ သလို အခြေအနေ ကောင်းများ ဖန်တီးပေးခဲ့သောကြောင့် လွှတ်တော် ကိုယ်စားလှယ် များ တစတစ ပြောရဲဆိုရဲ ရှိလာကာ လွှတ်တော် စတင် အသက်ဝင် လာခဲ့သည်။ယခုနောက်ပိုင်းလွှတ်တော် အရှိန် ရလာချိန် အရေးပါသော အချိုးအကွေ့များတွင်လည်း ဦးရွှေမန်း၏ ခေါင်းဆောင်မှုမှာ အရာရောက် ခဲ့သောကြောင့် သူသည်လည်း ပြုပြင်ပြောင်းလဲရေး ထိပ်တန်း ခေါင်းဆောင် ( Reformist Figure) အဖြစ် အသိအမှတ် ပြုခံလာရသည်။
ဒေါ်အောင်ဆန်းစုကြည်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေး နိုဘယ်လ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလား နောက်ပိုင်းတွင် အကျော်ကြားဆုံးသော နိုင်ငံတကာ ခေါင်းဆောင်နေရာကို ရရှိထားခဲ့သည့် ပုဂ္ဂိုလ်ဖြစ်သည်။မြန်မာ့ အရေးနှင့် ပတ်သက်သည့် သူ၏အမြင်၊ အတွေးတို့သည် နိုင်ငံတကာ အသိုက်အ၀န်း၊အထူးသဖြင့် စက်မှုအင်အားကြီး နိုင်ငံတို့ကို သြဇာ လွှမ်းမိုးသည်။
 ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တစ်နေရာမှ လွဲလျှင် နေရာ အားလုံးရရှိကာ အောင်ပွဲ ခံနိုင်ခဲ့ခြင်းမှာ ဒေါ်အောင်ဆန်းစုကြည် ၏အား အဓိက (Aung San Suu Kyi Factor) ဟု မြန်မာ့နိုင်ငံရေး သုတေသီများက အကဲဖြတ် ခဲ့သည်အထိ ပြည်တွင်း တွင်လည်း ထောက်ခံမှု အားကောင်းခဲ့သည်။မူလက အလုပ်သဘော နိုင်ငံရေး ဖြစ်စဉ် (Formal Political Process) တွင် မပါဝင်ဘဲ ရှိနေခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် သည် ရွေးကောက်ပွဲ အနိုင်ရကာ လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာ ချိန်တွင် ထိုဖြစ်စဉ် ထဲသို့ ၀င်ရောက်လာခဲ့ပြီး ယင်းဖြစ်ရပ်တစ်ခု တည်းကပင် မြန်မာ့နိုင်ငံရေး မျက်နှာစာ၏ အလှည့်အပြောင်း တစ်ရပ် ဖြစ်လာခဲ့သည်။ရွေးကောက်ပွဲ ရလဒ်အရ လွှတ်တော် အတွင်းတွင် ဒုတိယနေရာ အများဆုံးရ ပါတီ၏ ခေါင်းဆောင် ဖြစ်လာခဲ့သလို လွှတ်တော်ကော်မတီ တစ်ရပ်၏ ဥက္ကဋ္ဌလည်းဖြစ်လာ ခဲ့သည်။ လွှတ်တော်တွင်း ဒေါ်အောင်ဆန်းစုကြည် ၀င်ချိန်မှ စကာ လွှတ်တော်ကို ပြည်သူလူထု စိတ်ဝင်စားခြင်း ပိုမို မြင့်တက်လာပြီး မြန်မာ့လွှတ်တော်သည် ကမ္ဘာ့ လွှတ်တော်များ အနက် နိုင်ငံတကာ စိတ်ဝင်စားခြင်း အခံရဆုံး လွှတ်တော် တစ်ရပ်ဖြစ်လာသည်။
သုံးဦးသုံးဖလှယ်
မြန်မာနိုင်ငံတွင် Democratic Institutions(ဒီမိုကရေစီ အစဉ် အလာ၊ လုပ်ထုံးလုပ်နည်း၊ အဖွဲ့အစည်းများ) ဖြစ်တည်စ ရှိနေသေး သောကြောင့် ပုဂ္ဂိုလ် (Individual ) ကို အခြေပြု နေရသေးပေရာ မြန်မာ့ ပြုပြင် ပြောင်းလဲရေးသည် ခေါင်းဆောင်များ အပေါ်တွင်သာ မူတည်နေ ရဦးမည်။
သက်တမ်းရ လာသည် နှင့်အမျှ Institutions များ ပုံပေါ်လာသည့် အချိန်တွင်မူ မည်သူတက်တက် ထို Institutions များအတိုင်း လိုက်ပါ လုပ်ဆောင်ခြင်းဖြင့် နိုင်ငံကို ရှေ့သို့ တွန်းနိုင်မည်။
 ထို့ကြောင့် ခေါင်းဆောင်သုံးဦး တစ်ဦးနှင့်တစ်ဦး ဆက်ဆံရေး၊ ပူးပေါင်း ဆောင်ရွက်ရေးသည် Institutions များ ပုံပေါ်လာရေး၊ ထိုမှတစ်ဆင့် အနာဂတ် နိုင်ငံတော်တို့အတွက် များစွာ အဓိကကျသည်။ သမ္မတကြီး ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း၊ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ သုံးဦးလုံးသည် သူတို့၏ ဆိုင်ရာ ဆိုင်ရာ အရေးကြီး အခန်းကဏ္ဍ များကို ပါဝင်ထမ်း ဆောင်ခြင်းဖြင့် ပြုပြင် ပြောင်းလဲရေးတွင် ရှေ့ဆုံးမှ ပါဝင်နေကြသူများ ဖြစ်သည် (Role Play)။ ယင်းတို့၏ တာဝန်များသည် စနစ်သစ်၏ သဘောအရ အချို့ နေရာများတွင် အပြိုင်အဆိုင် (Competitive) ဖြစ်သကဲ့သို့ မြင်ရသော် လည်း အမှန်တကယ်တွင် စနစ် အောင်မြင်စွာ လည်ပတ်စေရန် အပြန် အလှန် အားဖြည့် ကူညီရေး (Competitive) ပင်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်တို့ ပထမဦးဆုံး အကြိမ် တွေ့ဆုံ အပြီးတွင် ပြည်တွင်း ရင်ကြားစေ့ရေး အခန်းသစ် ဖွင့်လှစ်နိုင်ခဲ့ ကာ ပြုပြင် ပြောင်းလဲရေးများ ပို အရှိန်မြန်လာသလို နိုင်ငံတကာ ပံ့ပိုးမှုများ ရောက်ရှိ လာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင် နိုင်ခဲ့ခြင်း၊ ၀င်ခဲ့ခြင်း၊ လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာခြင်း တို့မှာယင်းတို့နှစ်ဦး တွေ့ဆုံခြင်းမှ အစပျိုးခဲ့ပြီး တစ်ဦးနှင့် တစ်ဦး အပြန်အလှန် လေးစားမှု ပြသခဲ့သည်။ကျရာ တာဝန်တို့ကို ထမ်းဆောင်ရာတွင် အပြန်အလှန် ထိန်းညှိ ကြသည့် အုပ်ချုပ်ရေး မဏ္ဍိုင် အစိုးရနှင့် ဥပဒေပြုရေး မဏ္ဍိုင်တို့ကို ကိုယ်စားပြုထားသည့် လွှတ်တော်တို့အကြား ပွတ်တိုက်မှု ရှိမည်မှာ ဓမ္မတာ ဖြစ်သော်လည်း ဓမ္မတာကို ကျော်လွန် မသွားစေရန် မဏ္ဍိုင်နှစ်ရပ် ကိုယ်စားပြု သမ္မတကြီး ဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း တို့ကို ယခင် အစိုးရ လက်ထက်က လက်တွဲ လုပ်ကိုင်ခဲ့သည့် ဆက်ဆံရေး က အကူအညီ ပေးသည်။
ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သည်လည်း ယခု လွှတ်တော်တွင်းတွင် လွှတ်တော် ကိုယ်စားလှယ် များအဖြစ် အတူတကွ လက်တွဲ အလုပ်လုပ်နေပြီး ဒေါ်အောင်ဆန်းစုကြည် အားသန်သည့် တရား ဥပဒေ စိုးမိုးရေး ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ နိုင်ရန် ဦးရွှေမန်းက လမ်းခင်း ပေးခဲ့သလို ဒေါ်အောင်ဆန်းစုကြည် ကလည်း လက်ခံခဲ့သည်။
ကိုယ်တိုင် အသွင်ကူးပြောင်း
နိုင်ငံအသွင် ကူးပြောင်းရေးကို ဦးဆောင် နေသည့် ယင်းတို့ သုံးဦး ကိုယ်တိုင်သည်လည်း အသွင် ကူးပြောင်းရေး ကာလကို ဖြတ်ကျော် နေရ သည်။ ဦးသိန်းစိန်သည် ယခင် အစိုးရ လက်ထက်က ၀န်ကြီးချုပ်ဖြစ် ခဲ့ပြီး ဆုံးဖြတ်ချက်များကို အကောင်အထည် ဖော်သည့် နေရာ (Manager) မှ တာဝန် ယူခဲ့သော်လည်း ယခုအချိန်တွင် သမ္မတ အဖြစ် ပန်းတိုင် အပါအ၀င် အဓိက ဆုံးဖြတ်ချက်များကို ချမှတ်သလို အကောင်အထည် ဖော်သည့်နေရာ (Leader + Manager) ကို ယူနေရသည်။ဦးရွှေမန်း သည် ယခင် အစိုးရ လက်ထက်က အုပ်ချုပ်ရေးတွင် ထိပ်တန်း နေရာမှ ပါခဲ့ပြီး ယခုအချိန်တွင် အုပ်ချုပ်ရေး မဏ္ဍိုင်ကို ထိန်းညှိမည့် ဥပဒေပြု ရေး မဏ္ဍိုင်ကို ဦးဆောင်နေရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယခင်က မူဝါဒ ချမှတ်ရေး ဖြစ်စဉ်တွင် မပါခဲ့သော်လည်း ယခုအချိန် တွင် လွှတ်တော် ကိုယ်စားလှယ် အဖြစ်လည်းကောင်း၊ လွှတ်တော်တွင်း ဒုတိယ အင်အား အကြီးဆုံး ပါတီ၏ ခေါင်းဆောင်အဖြစ် လည်းကောင်း မူဝါဒ ချမှတ်ရေး ဖြစ်စဉ်တွင် ပါဝင် ပတ်သက်နေသည်။စနစ်သစ် တည်ဆောက်စ အရေးကြီး ကာလတွင် ထိုပုဂ္ဂိုလ်ကြီး သုံးဦး၏ အခန်းကဏ္ဍမှာ ယင်းတို့အကြား ပူးပေါင်း ဆောင်ရွက် ခြင်း၊ အပြန်အလှန် ထိန်းညှိခြင်းဖြင့် ယင်းတို့သုံးဦး မျက်နှာလွှဲ သွားချိန်၊အနားယူသွားချိန်တွင် ဆက်လက် တည်ရှိနေမည့် ကြာရှည်ခံ နိုင်ငံတော်သစ် တည်ဆောက်ရေး၊ ဒီမိုကရေစီ ယဉ်ကျေးမှု တည်ဆောက်ရေး၊ နောင်လာနောက်သားများအား အစဉ်အလာ ကောင်းများ အမွေပေးခဲ့ရေးတို့ ဖြစ်သည်။

ထိုသုံးဦး

နည်းပညာခိုးယူမှုကြောင့် Appleကို ဒေါ်လာ သန်း ၁ ထောင်ကျော် Samsung လျော်ကြေးပေးရန် တရားရုံးအမိန့်ချ

Posted by drmyochit Saturday, August 25, 2012, under | No comments

မိုဘိုင်းဖုန်းနှင့် Tablet ကွန်ပြူတာများတွင် Apple ၏နည်းပညာအချို့ကို Samsung ကုမ္ပဏီက  ခိုးယူခဲ့ခြင်းကြောင့် Samsung ကုမ္ပဏီက Apple ကုမ္ပဏီကို အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ကျော် ပေးဆောင်ရန် အမေရိကန် တရားရုံးက အမိန့်ချမှတ် လိုက်ကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြထားသည။်...မိုဘိုင်းဖုန်း ထုတ်လုပ်သည့် ကမ္ဘာကျော် ကုမ္ပဏီကြီးများဖြစ်သော Samsung နှင့် Apple တို့သည် မူပိုင်ခွင့်ချိုး ဖောက်မှုနှင့် ပတ်သက်၍ အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဂျိုးရှိ ပြည်နယ်တရားရုံးတွင် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် တရားစွဲဆိုခဲ့ကြ ခြင်းဖြစ်သည်။ အဖွဲ့ဝင်၉ ဦးပါဝင်သော ဂျုရီလူကြီးများက Samsung က Apple ၏ နည်းပညာများကို ခိုးယူသုံးစွဲ ခဲ့ခြင်းကြောင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၅ ဘီလီယံ (စတာလင်ပေါင် ၆၆၅သန်း)ံလျော်ကြေးပေး ရန်ဆုံးဖြစ်ခဲ့ပြီး၊ Samsung ၏တရားစွဲဆိုချက်ကိုမူ ဂျုရီအဖွဲ့က ပယ်ချခဲ့သည်။Samsung ကထုတ်လုပ်သော Galaxy S 4G မော်ဒယ် အပါအဝင် မိုဘိုင်းဖုန်းများတွင် Apple ကုမ္ပဏီ၏ ဒီဇိုင်းများဖြစ်သော စာသားဖော်ပြမှုပုံစံ စသည်တို့ တွင်အသုံးပြုသော စနစ်ကို ခိုးယူခဲ့သည်ဟု အမေရိကန်တရားရုံး ဂျုရီအဖွဲ့က ဆုံးဖြတ်ခဲ့သည်။ Samsung ထုတ်မိုဘိုင်းဖုန်း များတွင် Apple ၏နည်းပညာ များဖြစ်သော ဖုန်းမျက်နှာပြင်ကို နှိပ်၍ မြင်ကွင်းချုံ့ခြင်း၊ချဲ့ခြင်းများ ပြုလုပ်ခြင်း၊ မိုဘိုင်းဖုန်းတွင် ကင်မရာ၊အီးမေးလ် များသုံးနိုင်ခြင်းစသော နည်းပညာများကို ယူသုံးခဲ့သည်ဟု ဂျုရီအဖွဲ့က ဆုံးဖြစ်ခဲ့သည်။ ထို့ပြင် Samsungက တရားစွဲဆိုသော ၎င်း၏ နည်းပညာများကို Apple က ခိုးယူသည် ဆိုသည်ကိုမူ အဆိုပါ ဂျုရီအဖွဲ့က ပယ်ချခဲ့သည်။ အဆိုပါတရားရုံး ဆုံးဖြတ်ချက်ကို အယူခံတရားရုံးသို့ အယူခံဝင်သွားမည်ဟု Samsung ကုမ္ပဏီက ထုတ်ပြန်ကြေညာသည်။

လှော်ကား - အင်းစိန် လော်ကယ်ရထား တိုက်မိ၍ တစ်ဦးသေဆုံး

Posted by drmyochit Saturday, August 25, 2012, under | No comments

မီးရထား တိုက်မိ၍ မတော်တဆ လူသေဆုံးမှုများ ဖြစ်ပွားနေဆဲ မြန်မာနိုင်ငံတွင် ရန်ကုန်တိုင်း၊ အင်းစိန်မြို့ နယ် အင်းစိန်ဘူတာ၌ ဆဒ္ဒန် ( ၅ )အမည်ရှိ လှော်ကား- အင်းစိန် လော်ကယ် ရထားတစ်စီး ဝင်ရောက်လာစဉ် ရထားလမ်း ဖြတ်ကူးခဲ့ သူတစ်ဦး ပွဲချင်းပြီး သေဆုံးမှု သြဂုတ်လ ၂၀ ရက်နေ့ နံနက် ၁၁ နာရီ မိနစ် ၄၀ ခန့်က ဖြစ်ပွားခဲ့ကြောင်း  အင်းစိန် ဘူတာရုံပိုင်က ပြောကြားသည်။ သေဆုံးသွားသူမှာ အသက် ၃၀ ကျော်ခန့်ရှိ အမျိုးသား တစ်ဦး ဖြစ်ပြီး ရထား ဝင်လာစဉ် ရုတ်တရက် ဖြတ်ကူးလိုက်သဖြင့် တိုက်မိခြင်း ဖြစ်ကြောင်း မျက်မြင် ခရီးသည်တစ်ဦးက ဆိုသည်။ ယင်းအပြင် ကြည့်မြင်တိုင် ဘူတာလည်း သြဂုတ် ၁ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က အသက် ကိုးနှစ်အရွယ်ရှိ မျက်မမြင် ကလေးငယ် တစ်ဦး ရထားတိုက်မိသဖြင့် သေဆုံးသွားခဲ့ကြောင်း လှော်ကား - ရန်ကုန် ရထားထိန်း တစ်ဦးက ပြောကြားသည်။

""နိုင်ငံတခါးများကျိုးပေါက်ခြင်းမှုကို အစိုးရအနေနှင့်လုံခြုံမှုရအောင် ထိမ်းသိမ်းဖို့လိုဟု ဦးကျော်သူပြော ပြီ""

Posted by drmyochit Saturday, August 25, 2012, under | No comments

ခိုင်ပြည်တွင် ဇွန်လက ဖြစ်ပေါ်ခဲ့သည့် ဆူပူအကြမ်း ဖက်မှုသည် မြန်မာနိုင်ငံ ခြံစည်းရိုး၊ တံခါးများကျိုး ပေါက်ခြင်းကို အခြေခံကာ ဖြစ်ပေါ်ခဲ့ရာ နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံခြံစည်းရိုး လုံခြုံအောင် ထိန်းသိန်းရန် လိုအပ်ကြောင်း နာရေးကူညီမှု အသင်း (ရန်ကုန်) ဥက္ကဌ ဦးကျော်သူက သြဂုတ်လ ၂၄ ရက်နေ့ စစ်တွေမြို့ အင်းပေါက်ဝ ဟိုတယ်တွင် ဒေသခံနာရေး ကူညီမှုအသင်းနှင့် တွေ့ဆုံစဉ် သတင်းထောက်များကို ပြောကြားခဲ့ကြောင်း သိရသည်။" မြန်မာနိုင်ငံရဲ့ အနောက်ဘက် တံခါးကျိုးပေါက်တယ်။ အရှေ့ဘက်ကလဲ ကျိုးပေါက်တယ်။ မြောက်ဘက်လဲ ကျိုးပေါက်နေတယ်။ နောက်ဆိုရင် မြန်မာနိုင်ငံ လို့ပြောရမယ့် အနေအထား မရှိအောင်ထိ ဖြစ်လာနိုင်တယ်။ ဒီလိုဖြစ်နေတာကို နိုင်ငံတော် အစိုးရအနေနဲ့ ကိုယ့်အိမ်၊ ကိုယ့်ခြံ၊ ကိုယ့်နိုင်ငံကိုရဲ့ ခြံစည်းရိုးကို သတ်မှတ်ပြီး လုံခြုံမှုအ ပြည့်အ၀ ရှိအောင် လုပ်ဖို့လိုတယ် " ဟု ဦးကျော်သူက ပြောသည်။ အိမ်ထောင်စု တစ်ခုအတွင်းသို့ အပြင်မှ ဧည့်သည်တစ်ဦး ၀င်လာကာ အိမ်တစ်ခုလုံးကို အပိုင်သိမ်းချင်သောကိစ္စကို သူ့အနေနှင့် လက်မခံနိုင်ကြောင်း၊ နိုင်ငံမှာဆိုရင်လည်း နိုင်ငံ၏စည်းကို ထိန်းသိမ်းရန် အားလုံးမှာ တာဝန်ရှိကြောင်းကို အသင်းစည်းကမ်းနှင့် ပတ်သက်၍ ဆွေးနွေးချက်တွင် အလေးထား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ မြန်မာနိုင်ငံတွင် အင်ဒိုနီးရှား၊ မလေးရှားများကဲ့သို့ ဘာသာခြားတစ်ခု လွှမ်းမိုးမှုမခံရအောင်၊ မိမိတို့ဘာသာ ပျောက်ကွယ် မသွားအောင် ရခိုင်တိုင် ရင်းသားများက တံတိုင်းကြီး တစ်ခုသဖွယ် ကြံ့ကြံ့ခံ ရပ်တည်ပေး နေကြောင်းကို နာရေးကူညီမှုအသင်း (ရန်ကုန်) အထွေထွေ အတွင်း ရေးမှူး ဒေါ်ရွှေဇီးကွက်က တွေ့ဆုံပွဲတွင် ပြောကြား ခဲ့ကြောင်း သိရသည်။ အိမ်နီးချင်း နိုင်ငံများမှ လူမျိုးခြားများ မြန်မာနိုင်ငံအတွင်း စိမ့်ဝင်ရောက် ရှိနေခြင်း၊ မသမာသော နည်းလမ်းများဖြင့် နိုင်ငံသားစိစစ် ရေးကဒ်ပြားများ ကိုင်ဆောင်ထား ခြင်းများကို ဥပဒေစိုးမိုးရေးအတွက် အမျိုးသားရေး တာဝန်အဖြစ် အထူးစီမံချက် တစ်ရပ်ချမှတ် ဖော်ထုတ် အရေးယူဆောင် ရွက်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စား၏  လှယ် မြတ်ဉာဏစိုးက သြဂုတ်လ (၈)ရက်နေ့ ပထမအကြိမ် အမျိုးသားလွှတ်တော် စတုတ္တပုံမှန် အစည်းအဝေးတွင် (၂၂) ရက်မြောက်နေ့က တင်သွင်းခဲ့ရာ ဆွေးနွေးရန် အချိန်စောသေး ကြောင်းပြောကာ အစည်းအဝေးမှ ပယ်ချခဲ့သည်။

ဒု-ကင်းချောင်း ကျေးရွာအနီးတွင် ရခိုင်တိုင်းရင်း သားတစ်ဦးအလောင်းအား ကင်းလှည့်တပ်သားတစ်ဦးတွေ့ရှိ

Posted by drmyochit Saturday, August 25, 2012, under | No comments

ခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကင်းချောင်းကျေးရွာအုပ်စု၊ ဒု-ကင်းချောင်း ကျေးရွာအနီးဥယျဉ်ခြံ တစ်ခုတွင် အလောင်း တစ်လောင်းအား လုံခြုံရေးချ ထားသော ခလရ (၂၃၃)မှ တပ်သားတစ်ဦးကင်းလှည့်စဉ် သြဂုတ်လ ၂၄  ရက် နေ့ညနေ ၅ နာရီတွင် တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။ အလောင်းမှာ ဦးထွန်းရွှေလှိုင် အသက် (၄၀) နှစ် (ဘ) ဦးလှအောင် ဖြစ်ပြီး ဘူးသီးတောင်မြို့ အေးစေတီဘုန်းတော်ကြီး ကျောင်းအနီး အမှတ်(၅) ရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း ဘူးသီတောင်မြို့မှ ဒေသခံတစ်ဦး ကပြောသည်။ " ဦးကျော်လှိုင်က ဘူးသီးတောင်မှာနေတာ၊ သူက သူ့မိဘပိုင် ဒု-ကင်းချောင်းကျေးရွာ အနီးနှစ်ဖာလုံခန့် အကွာမှာရှိတဲ့ ဥယျဉ်ခြံကို လုပ်ကိုင်စား သောက်နေတာ၊ အလောင်းမှာက ဦးခေါင်းထက်ခြမ်းကွဲ ဓါးဒဏ်ရာတစ်ချက်၊ ညာဘက် လက်မောင်းအောက်မှ ၀မ်းဗိုက်ထိ ထက်ခြမ်းကွဲ ဓါးဒဏ်ရာ တစ်ချက်၊ ၀ဲဘက်လက်မောင်း ဓါးဒဏ်ရာတစ်ချက်၊ ကျောကုန်းတွင် ဓါးဒက်ရာတစ်ချက်၊ လက်ဝဲဘက်ပေါင် ဓါးဒဏ်ရာတစ်ချက်၊ ခန္ဓာကိုယ်အနှံ့ ရိုက်နှက်ဒဏ်ရာ မြောက်းများစွာ ဖြင့်ရက်ရက်စက်စက် သတ်ဖြတ်ခံထားရတာ တွေ့ရတယ်။ " ဟု အဆိုပါဒေသခံက ပြောသည်။ အဆိုပါ အလောင်းအား (၂၅-၈-၁၂) နံနက်တွင် ဘူးသီးတောင် ဆေးရုံးသို့ သယ်ယူစစ် ဆေးခဲ့ပြီး မွန်းလွဲ (၁)နာရီတွင် သေဆုံးသူ၏ မိသားစုဝင်များနှင့် မြို့သူမြို့သားများက လိုက်ပါ သင်္ဂြိုလ် ခဲ့ကြကြောင်း သိရသည်။ ဘူးသီးတောင်မြို့နယ်၊ ကင်းချောင်းကျေး ရွာအုပ်စုတွင် ကင်းချောင်း၊ ဒု-ကင်းချောင်း၊ သဘောက်ချောင်း၊ လက်ပံကိုင်း၊ အာကာပျံ၊ စသောကျေးရွာငါးရွာတွင် လုံခြုံရေးအတွက် ခလရ (၂၃၃) မှ တပ်သားအင်အား ၈ ယောက် တာဝန်ယူလျက်ရှိပြီး အမှုမှန်ပေါ်အောင် ဘူးသီးတောင်မြို့နယ် ရဲတပ်ဖွဲ့မှ ဆက်လက် စုံစမ်းစစ် ဆေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်ကြောင်း ဒုကင်းချောင်းကျေးရွာနေ ဒေသခံဒိုင်းနက် တိုင်းရင်းသားများမှာ အသက်အန္တာရာယ် အတွက်လုံခြုံရေးစိတ်ချရသည့် အခြေအနေမရှိသောကြောင့် နီးစပ်ရာလုံခြုံ သောနေရာများသို့ ထွက်ပြေးတိမ်းရှောင် နေကြကြောင်း သတင်းရရှိသည်။ ယခုကဲ့သို့ ရခိုင်ပြည်အနှံ့တွင် ဘင်္ဂလီကုလားများ၏ ငြိမ်းခြောက် သတ်ဖြတ်နေမှုကြောင်း ဒေသခံတိုင်းရင်း သားများမှာ မိမိတို့၏ နေ့စဉ်ပုံမှန် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို မလုပ်ကိုင်နိုင် ကြသဖြင့် စားဝတ်နေ ရေးအတွက် အလွန်အခက် အခဲရောက်လျက် ရှိသည် ။ ရခိုင်ဒေသတွင် အေးအေးချမ်းချမ်း ပြန်လည်တည်ငြိမ်နေပြီဟု အစိုးရအဏာပိုင်များမှ ထုတ်ပြန်ကြေငြာ ထားသော်လည်း ရခိုင်လူမျိုး များမှာလူများစု ဘင်္ဂလီကုလားများ၏ သတ်ဖြတ် ခြိမ်းခြောက် မှုများကို ခံနေရဆဲ ဖြစ်ကြောင်းသိရသည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်