Wednesday, August 29, 2012

ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်က စက်လှေတစ်စီး ဆင်ပိုက်ကုန်း ကင်းသမားတွေကို ပစ်ခတ်

Posted by drmyochit Wednesday, August 29, 2012, under | No comments


ရခိုင်ပြည်နယ် ရသေ့တောင်မြို့ရဲ့ အနောက်တောင်ဘက် ၁၀ မိုင်လောက် အကွာမှာရှိတဲ့ ဆင်ပိုက် ရွာ အောက်ဘက် ဆင်ပိုက်ကုန်း အနီးမှာ မနေ့ ည ၁၀ နာရီလောက်က ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်က လူ(၇) ဦးလောက်ပါတဲ့ စက်လှေတစ်စီး ဝင်ရောက်လာခဲ့ပြီး ဒေသခံ ကင်းသမားတွေကို သေနတ်တွေနဲ့ ပစ်ခတ်ခဲ့ တယ်လို့ သိရပါတယ်။


၂၀၁၂ ခုနှစ် သြဂုတ်လ ၁၅ ရက်က ရခိုင်ပြည်နယ် 
 ရသေ့တောင်မြို့နယ် ကုလားချောင်းကျေးရွာ 
ကင်းအဖွဲ့ကို ပစ်ခတ်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအလံ 
လွှင့်ထူထားသည့် စက်လှေတစ်စီးကို ဖမ်းဆီးရရှိထားစဉ်။
ဒီပစ်ခတ်မှုကြောင့် တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တာမျိုး မရှိဘူးလို့လည်း သိရပါတယ်။ ပင်လယ်ပြင်ဘက်ကို ထွက်ပြေး တိမ်းရှောင်သွားတဲ့ အဲဒီ ဘင်္ဂလားဒေ့ရှ် စက်လှေပေါ်က လူ ၃ ဦးကို ဒီကနေ့ မနက်ပိုင်းက စစ်တပ်နဲ့ ဒေသအာဏာပိုင်တွေ ဖမ်းဆီးရမိခဲ့ပြီး ကျန်တဲ့လူတွေကတော့ ထွက်ပြေးတိမ်းရှောင်နေ ဆဲလို့ အာဏာပိုင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ရသေ့တောင်မြို့နယ် ဆင်ပိုက်ရွာမှာ မနေ့က အခင်းမဖြစ်ပွားမီ ပင်လယ်ပြင်ထဲမှာ မသင်္ကာတဲ့ စက်လှေ တစ်စီး တွေ့ ကြောင်း ဒေသခံတွေက သက်ဆိုင်ရာ အာဏာပိုင်တွေကို အကြောင်းကြားခဲ့ပေမယ့် အခင်းဖြစ်ပွားခဲ့တဲ့ အချိန်အထိ အာဏာပိုင်တွေဘက်က တစ်စုံတစ်ရာ အလေး ထား ဆောင်ရွက်မှု မရှိခဲ့ဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

ပြောင်းလဲခြင်းနှင့်အတူ လိုက်ပါကြရန် သမ္မတ၏ အကြံပေးက တိုက်တွန်း

Posted by drmyochit Wednesday, August 29, 2012, under | No comments



ရန်ကုန် (မဇ္ဈိမ) ။        ။ လက်ရှိ ပြောင်းလဲနေသည့် အခြေအနေများ နောက်သို့ လိုက်ပါမှသာ ဖွံဖြိုးတိုးတက်မှုအတွက်မောင်းနှင်အား ဖြစ်နိုင်ကြောင်း နိုင်ငံတော် သမ္မတ၏ စီးပွားရေး အကြံပေး ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် က ပြောဆိုလိုက်သည်။


“ပြောင်းလဲမှု မရှိရင် တိုးတက်မှု မရှိနိုင်ဘူး။ နိုင်ငံတကာကလည်း အပြောင်းအလဲကို လိုလား တယ်။ ပြည်သူတွေက လိုလားတယ်။ အဲဒါကို မပြောင်းရင် တိုးတက်မှာ မဟုတ်ဘူး။ ဒါကြောင့် ပြောင်းလဲ မှုတွေကို လက်ခံဆောင်ရွက်ပေးဖို့ လိုအပ်တယ်” ဟု  သြဂုတ်လ ၂၅ ရက်နေ့က ဗိုလ်တထောင်မြို့နယ်ရှိ ဝါဏိဇ္ဇ ဘွဲ့ရများအသင်း ရုံးခန်းတွင် ပြုလုပ်ခဲ့ သည့် စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ဟောပြော တွင် ပြောကြားသွားသည်။

အစိုးရအဖွဲ့ဝင်များ၊ အရပ်ဖက် လူ့အဖွဲ့အစည်း၊ အစိုးရဝန်ထမ်းများနှင့် ပြည်သူများ အားလုံး အတူလိုက်ပါဖို့ လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။

သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့အတွင်း အပြောင်းအလဲကို လိုလားသူများ ရှိသကဲ့သို့ အပြောင်း အလဲနောက်သို့ လိုက်ပါရန် တွန့်ဆုတ်နေသူများ ရှိကြောင်းကိုလည်း “အခုချိန်ထိ ထိုင်ခုံ မဖယ်ချင်သေး တဲ့သူတွေလည်း ရှိနေသေး တယ်။ အဲဒီ ပြောင်းလဲမှုမျိုး မရှိရင် တိုင်းပြည် တိုးတက်ဖို့ဆိုတာ မရှိနိုင်ဘူး” ဟု ဒေါက်တာအောင်ထွန်းသက် က ဆိုသည်။

ထို့ပြင် ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်များ မြှင့်တင်ရန် လိုအပ်ကြောင်းလည်း ထည့်သွင်းပြောကြား သွားသည်။

“ယခင်က ပညာရေးကို နိုင်ငံရေးအတွက် အသုံးချခဲ့ပြီး တက္ကသိုလ် ပညာရေး ကျောင်းများ ကို ဝေးလံတဲ့ နေရာတွေကို ပို့ပြီး ပညာသင်ခဲ့တယ်။ အဲဒီအတွက် အဲဒီခေတ်မှာ ကျန်ခဲ့တဲ့သူတွေက ပညာတတ်တွေ နည်းလာတယ်။ ဒါတွေကိုပြုပြင်ပြီးတော့ ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်ကို ပိုပြီးအသုံးပြုဖို့ လိုအပ်တယ်” ဟု ဆိုသည်။

လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှ လူတော်များ ရွေးထုတ် ဦးဆောင်စေလိမ့်မည်ဟုလည်း ဒေါက်တာ က မျှော်မှန်းထားသည်။

“ဒီမိုကရေစီကိုအခုမှ စတော့ အားလုံးက ချွတ်ယွင်းချက်တွေ မြင်နေရတယ်။ အားလုံး ပြုပြင်နိုင်ရင်တော့ ၂၀၁၅ မှာ တိုးတက်ပြီး လူတော်တွေ ဦးဆောင်ပြီး ဖွံဖြိုးတိုးတက်တဲ့ နိုင်ငံတော်ဆီကို ရောက်မှာပါ” ဟု ဆိုသည်။

အလားတူ ၂၀၁၅ တွင် လူတဦးချင်းစီ၏ ဝင်ငွေ သုံးဆ ရောက်ရန် မျှော်လင့်ထားပြီး ကောင်းမွန်သည့် အုပ်ချုပ်ရေး စနစ်နှင့် သန့်ရှင်းသော အစိုးရတရပ်ကိုလည်း မျှော်လင့်ထားကြောင်း နိုင်ငံတော် သမ္မတကြီး၏ စကားကို ကိုးကားပြီး သမ္မတ အကြံပေးက ပြောဆိုသွားသည်။

ဆီးရီးယား ဒုက္ခသည် အရေအတွက်တိုး

Posted by drmyochit Wednesday, August 29, 2012, under | No comments



အိမ်နိးချင်းနိုင်ငံဆီသို့ ခိုလှုံရန် စောင့်နေကြသည့်
 ဆီးရီးယား စစ်ပြေးဒုက္ခသည်များ။
ဆီးရီးယား နိုင်ငံက ပဋိပက္ခတွေကနေ အိမ်နီးချင်း ဂျော်ဒန်နိုင်ငံကို ထွက်ပြေးကြတဲ့ ဒုက္ခသည် အရေအတွက်ဟာ မကြာသေးခင်ရက်တွေ အတွင်း နှစ်ဆတိုးလာတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကပြောပါတယ်။

အရင်တပတ် အတွင်းမှာပဲ နောက်ထပ် ၁၀,၂၀၀ လောက် ရောက်လာတယ်လို့လည်း ပြောဆိုခဲ့တာ ပါ။ ဂျော်ဒန်နိုင်ငံ မြောက်ပိုင်းမှာ ရှိတဲ့ Za’atri ဒုက္ခသည်စခန်းကို ရောက်လာကြသူ အများစုဟာ ဆိုရင်လည်း ဆီးရီးယားနိုင်ငံက ပြဿနာတွေ ဖြစ်ပွားနေရာ Daraa ဒေသခံတွေ အများစု ပါဝင်တယ်လို့ UNHCR ပြောခွင့်ရ အမျိုးသမီး Melissa Fleming က ပြောဆိုလိုက်တာပါ။ နယ်စပ်ကို ဖြတ်ကျော်ဖို့ ကြိုးစားတဲ့သူတွေကိုလည်း ဗုံးကြဲတိုက်ခိုက်တာ ခံရတဲ့ အကြောင်း ဒုက္ခသည်တွေက ပြောတယ်လို့ UNHCR တာဝန်ရှိသူက ပြောပါတယ်။

ဇူလိုင် ၃၀ ရက်နေ့က စတင် ဖွင့်လှစ်ထားခဲ့တဲ့ Za’atri ဒုက္ခသည် စခန်းမှာ ခိုလှုံနေသူ အရေအတွက်ဟာ အခုအခါ ၂,၂၀၀၀ ကျော်သွားပြီလို့လည်း ပြောခဲ့တာပါ။ ဆီးရီးယားက ပြဿနာတွေ ကြီးထွား လာတာနဲ့ အမျှ တူရကီနိုင်ငံဘက်ကို ထွက်ပြေးသူ အရေအတွက်ဟာလည်း နှစ်သိန်းလောက်အထိ ဖြစ်လာနိုင် တယ် လို့ ပြောခွင့်ရအမျိုးသမီးက သတိပေးပါတယ်။

တူရကီနိုင်ငံမှာ ဒုက္ခသည်အဖြစ် မှတ်ပုံတင် စာရင်းသွင်းထားတဲ့ ဆီးရီးယား ဒုက္ခသည်ပေါင်းဟာ ၇၄,၀၀၀ ကျော် ရှိနေပြီး၊ လက်ရှိ ဒုက္ခသည်စခန်းပေါင်း ကိုးခုအပြင် နောက်ထပ် အသစ်ငါးခု လည်း ဆောက်လုပ်နေရတယ်လို့ ပြောပါတယ်။ လွန်ခဲ့ တဲ့ ၂၄ နာရီ အတွင်းမှာပဲ ဆီးရီးယားကနေ တူရကီကို ထွက်ပြေးလာသူ အရေအတွက်ဟာ ၃,၀၀၀ ကျော် ရှိခဲ့တယ်လို့ လည်း UNHCR ကပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးကို စွပ်စွဲပြစ်တင်သည့်အဆို အမျိုးသားလွှတ်တော်က အတည်ပြု

Posted by drmyochit Wednesday, August 29, 2012, under | No comments



ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံး ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ အနေနဲ့ အခြေခံဥပဒေ ပြဋ္ဌာန်းချက်တွေ ကို ဖောက်ဖျက်ကျူးလွန်ပြီး ဥပဒေအရ ပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်အောင် မထမ်းဆောင် တဲ့အတွက် စွပ်စွဲ ပြစ်တင်တဲ့ အဆိုကို ဒီကနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ဆွေးနွေးကြပြီးေ နာက် လွှတ်တော် ဥက္ကဋ္ဌက အတည်ပြုလိုက်ကြောင်း သိရပါတယ်။

ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသား 
လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဖြစ်ပါသည်။
ဒီအဆိုကို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၆ ဦး အပါအဝင် အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ၁၆ ဦး ပါဝင်ဆွေးနွေးခဲ့ပြီးနောက် ထောက်ခံမဲ ၁၆၃ မဲနဲ့ လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က အတည်ပြုလိုက်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောပါတယ်။
"အဓိက ကတော့ ဦးဇော်မြင့်ဖေရဲ့ ဖွဲ့စည်းပုံ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်များ အား ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ ဥပဒေအရ ပေးအပ် ထားသော တာဝန်များ ကို ကျေပွန်စွာ မထမ်းဆောင်ခြင်းတို့ အရ စွပ်စွဲပြစ်တင်သည့် အဆိုကို ၁၆ ဦးမှာ တပ်မတော်သား ၆ ဦးစွဲပါတယ်။ မဲခွဲဆုံးဖြတ်တဲ့ အခါကျတော့ ရွေးချယ်တင်မြောက်ခံရတဲ့ ကိုယ်စားလှယ် ၁၆၃ ဦးက မတ်တပ်ရပ်ပြီး ထောက်ခံပါတယ်။ အောင်မြင်သွားပါတယ်။ တပ်မတော်ဘက်က ခန့်အပ်တဲ့ ပုဂ္ဂိုလ် ၆၄ ဦးကတော့ ဖြင့် ကန့်ကွက်ဆန္ဒပေးတာပေါ့လေ"
အခြေခံ ဥပဒေခုံရုံး အဖွဲ့ဝင်တွေကို စွပ်စွဲ ပြစ်တင်တဲ့ အဆိုကို ဒီကနေ့ မန္တလေးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် (၅) က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မြင့်ဖေက တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
အမျိုးသားလွှတ်တော်က အတည်ပြုချက်ကို ပြည်သူ့လွှတ်တော်ကို တင်ပြရမှာဖြစ်ပြီး ပြည်သူ့လွှတ်တော်က စုံစမ်းရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းကာ စွပ်စွဲခံရသူ ကိုယ်တိုင် ဒါမှမဟုတ် ကိုယ်စားလှယ်က လာရောက် ရှင်းလင်းရမှာ ဖြစ်ကြောင်း သိရပါတယ်။
ပြည်သူ့လွှတ်တော်က စွပ်စွဲပြစ်တင်မှုကို ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၃ ပုံ ၂ ပုံ ထောက်ခံမဲ ရရှိပါက အနိုင်ရရှိမှာဖြစ်ပြီး စွပ်စွဲခံရသူတွေဟာ ရာထူးက နှုတ်ထွက်ပေးရမှာ ဖြစ်ပါတယ်။

မုန်တိုင်းကြောင့် တောင်ကိုရီးယားမှာ လူ ၈ ဦးသေ

Posted by drmyochit Wednesday, August 29, 2012, under | No comments



တိုင်ဖွန်းမုန်တိုင်းကြောင့် ကျောက်ဆောင်နဲ့တိုက်မိခဲ့တဲ့ တရုတ်ငါးဖမ်းသဘောင်္ကို တောင်ကိုရီးယား ကမ်းခြေစောင့်တပ်က ကယ်ဖို့ကြိုးစားစဉ်။
 
အင်အားပြင်းထန်တဲ့ တိုင်ဖွန်းမုန်တိုင်းတခုဟာ မိုးသက်လေပြင်း တိုက်ခတ်မှုတွေနဲ့အတူ တောင်နဲ့မြောက် ကိုရီးယား နိုင်ငံတွေကို ၀င်ရောက်လာရာက အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့ရသလို လူတွေထောင်နဲ့ချီပြီး လျှပ်စစ်မီးတွေ ပြတ်တောက်ကုန်ကြပါတယ်။

တိုင်ဖွန်း Bolaven ကြောင့် ပင်လယ်ပြင်မှာ လှိုင်းလေပြင်းထန်ခဲ့ပြီး ရေကြီးမှုတွေ ကြုံနေရတဲ့ မြောက် ကိုရီးယား ကုန်းတွင်းပိုင်းကို ၀င်ရောက် မလာမီ တောင်ကိုရီးယား ကမ်းရိုးတန်းကို တိုက်ခတ်ခဲ့တာပါ။

တောင်ကိုရီးယားနိုင်ငံရဲ့ တောင်ပိုင်း Jeju ကျွန်းက ကျောက်ဆောင် တခုကို တရုတ်သင်္ဘောတစင်း ၀င်တိုက်မိတဲ့ အတွက် ငါးဖမ်းသမား ငါးယောက် သေဆုံးသွားပါတယ်။ တောင်ကိုရီးယား ကမ်းခြေစောင့် တပ်ဖွဲ့တွေကတော့ ၀င်တိုက် မိတဲ့ တရုတ်သင်္ဘောပေါ်မှာရှိတဲ့ နောက်ထပ် သင်္ဘောသား ၁၁ ယောက်ကို သက်စွန့်ဆံဖျား ကယ်တင်ခဲ့တာပါ။ သင်္ဘောသား ခြောက်ယောက်ကတော့ ကမ်းပေါ်ကို ရေကူး လာနိုင်ခဲ့ကြပေမဲ့ နောက်ထပ် ၁၂ ယောက် ပျောက်ဆုံးနေပါတယ်။

တောင်ကိုရီးယား နိုင်ငံ တောင်ပိုင်းနဲ့ အနောက်ဘက်မှာလည်း မုန်တိုင်းကြောင့် လမ်းမီးတွေ၊ ဆိုင်းဘုတ်တွေ ပျက်စီးကုန်သလို ဘုရားကျောင်းတခု ပြိုကျရာက လွင့်စင်လာတဲ့ အပိုင်းအစတွေကြောင့် လူ သုံးယောက်လည်း သေဆုံးသွားပါတယ်။ ဒီသီတင်းပတ် နှောင်းပိုင်း ကျရင်လည်း နောက်ထပ် တိုင်ဖွန်းမုန်တိုင်း တခုဟာ ထိုင်ဝမ်ကို ဖြတ်သန်းပြီး ကိုရီးယား ကျွန်းဆွယ်ကို ၀င်ရောက်လာမယ်လို့ မိုးလေ၀သကျွမ်းကျင်သူတွေက ခန့်မှန်းနေကြပါတယ်။

မြန်မာဝန်ကြီးအပြောင်းအလဲအပေါ် တုံ့ပြန်မှု

Posted by drmyochit Wednesday, August 29, 2012, under | No comments



မြန်မာအစိုးရအဖွဲ့တွင်း ၀န်ကြီးအပြောင်းအလဲတွေ ဆက်တိုက်လုပ် လာတဲ့အပေါ် အများစုက အကောင်းမြင်ကြပါတယ်။ သမ္မတ ဦးသိန်းစိန် အနေနဲ့ သူ့ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို ပို တွန်းအားပေးပြီး လုပ်နိုင်တော့မယ်လို့ မြင်ကြတာပါ။ ၀န်ကြီးတချို့ကို ဌာနနေရာ ပြောင်းရွှေ့ခန့်ထား လိုက်တာမှာ ပြုပြင်ပြောင်းလဲရေး လိုလားသူတွေလို့ အများက သတ်မှတ်သူတွေ ပို နေရာရ လာပြီးတော့ ပြုပြင်ပြောင်းလဲရေးကို တင်းခံေ နသူတွေလို့ မြင်ကြသူတွေကတော့ တာဝန်က နုတ် ထွက်ရတာ၊ သိပ် မထင်ရှားလှ တဲ့ နေရာေ တွ ကို ရောက်ကုန်တာကြောင့်လည်း အဲဒီလိုမြင်ကြတာ ဖြစ် ပါတယ်။ မြန်မာအစိုးရအဖွဲ့ အပြောင်းအလဲ အပေါ် တုံ့ပြန်ချက်တချို့ကို ကိုကျော်ကျော်သိန်းက စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲပြီး နောက်ပိုင်း သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရ အဖွဲ့ တက်လာပြီးကတည်း ကဆိုရင် အစိုးရအဖွဲ့တွင်း အဓိကအပြောင်းအလဲတွေကို တနင်္လာနဲ့ အင်္ဂါနေ့တွေမှာ သမ္မတဦးသိန်းစိန်က ကြေညာခဲ့ပါတယ်။ ဒါဟာဖြင့် တချိန်တုန်းက ကမ္ဘာ့ပြင်ပ က နိုင်ငံ တခုလိုဖြစ်နေခဲ့တဲ့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေကို ရှေ့ဆက်တိုးပြီး လုပ်နိုင်တော့မယ့် အလားအလာအဖြစ် လေ့လာသူတွေက မြင်ကြပါတယ်။

အပြောင်းအလဲတွေထဲမှာ အထင်ရှားဆုံးတခုကတော့ သဘောထားတင်းမာသူအဖြစ် အများကမြင်ကြ တဲ့ ဦးကျော်ဆန်းကို ပြန်ကြားရေးဝန်ကြီးဌာနကနေ ပြောင်းရွှေ့လိုက်တာပါပဲ။ သူ့နေရာမှာ အစားထိုး ခန့်အပ်လိုက်သူက တချိန်တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရကြားမှာ ဆက်ဆံရေးဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့သူ အလုပ်သမားနဲ့ လူမှုဖူလုံရေးဝန်ကြီး ဦးအောင်ကြည်ပါ။

အခုအစိုးရအဖွဲ့တွင်း ၀န်ကြီးအပြောင်းအလဲတွေဟာ ၂၀၁၁ ခုနှစ် မတ်လမှာ အရင် စစ်ကောင်စီထံ ကနေ သမ္မတဦးသိန်းစိန် အစိုးရ အာဏာလွှဲပြောင်းယူခဲ့ကတည်းကဆိုရင် အကြီးမားဆုံးလို့ဆိုရမှာပါ။ အဲဒီအချိန်ကတည်းက ပြုပြင်ပြောင်းလဲရေးတွေ ကို အရှိန်အဟုန်နဲ့ ဆက်တိုက်လိုလုပ်ခဲ့တာကြောင့် တကမ္ဘာလုံးက အံ့အားသင့်ခဲ့ရသလို မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေကို အနောက်နိုင်ငံတွေက ရုပ်သိမ်း ဆိုင်းငံ့ပေးခဲ့ရတဲ့ အခြေအနေထိ ရောက်ခဲ့ပါတယ်။

ဦးသိန်းစိန်ဟာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ပေါ် အခိုင်အမာ သန္နိဋ္ဌာန်ချထားတယ်ဆိုတာကို အထူးသဖြင့် ဒီ အစိုးရအဖွဲ့ အပြောင်းအလဲကို ကြည့်ခြင်းအားဖြင့် သံသယဖြစ်စရာမရှိပါဘူး လို့ မြန်မာ့အရေးလေ့လာသူ သတင်းစာဆရာ လယ်ရီ ယေဂင် (Larry Jagan) က သုံးသပ်ပါတယ်။

“မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေကို မြန်နိုင်သမျှမြန်မြန် အတော်လေး အပြင်းအထန်လုပ်ဖို့ သူဟာ သိပ်ကို စိတ်အား ထက်သန်နေပါတယ်။ ဒါပေမဲ့လည်း အရည်အချင်းမရှိတာ၊ ထိထိရောက်ရောက် လုပ်နိုင်တဲ့ ၀န်ကြီးတွေမရှိတာ၊ အရည်အချင်း ပြည့်ဝတဲ့ အရပ်ဘက်ဝန်ထမ်းတွေမရှိတာတွေနဲ့ သူ့ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ဆန့်ကျင်တဲ့ သဘောထား တင်းမာ သူတွေကြောင့် သူ့ရဲ့ လုပ်ငန်းတွေ အဟန့်အတားဖြစ်ခဲ့ရပါတယ်။ အခုတော့ သူဟာ ရှေ့ဆက်သွားနိုင်တဲ့ အနေအထား မှာ ရောက်နေပြီလို့ ကျနော်ထင်တယ်။ ရှေ့ဆက် မြင်ရလိမ့်မယ်လို့ ကျနော်ထင်တာကတော့ အစိုးရ အဖွဲ့ထဲမှာ မျက်နှာသစ်တွေ အများကြီး ပါလာမယ်၊ ဒုတိယ၀န်ကြီးတွေလိုမျိုး နည်းနည်း နိမ့်တဲ့နေရာတွေမှာပေါ့၊ အဲဒီလူတွေဟာ အသိပညာရှင် အတတ် ပညာရှင်တွေ၊ စီးပွားရေးသမားတွေဖြစ်ပါလိမ့်မယ်။”

တနင်္လာနဲ့အင်္ဂါနေ့တွေက အပြောင်းအလဲတွေမှာ ၀န်ကြီးကိုးဦးကို ၀န်ကြီးဌာန ပြောင်းရွှေ့ ခန့်ထား တာ၊ ဒုတိယ၀န်ကြီး ၁၅ ဦး ခန့်အပ်တာ၊ ၀န်ကြီးနှစ်ဦးနဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ်တို့ကို ရာထူး ကနုတ်ထွက်ခွင့်ပြုတာတွေပါဝင်ပါတယ်။ အခု ၀န်ကြီးအပြောင်းအလဲတွေအပေါ် အကောင်းမြင်ကြ သူများပေမဲ့လည်း သမ္မတကိုသာ ယုံကြည်ကိုးစားပြီး ၀န်ကြီးတွေ အပေါ် သိပ်ကြီးမျှော်လင့်ချက် မထားသူမျိုးလည်းရှိပါတယ်။

“သိပ်ပြီး မျှော်လင့်ချက်ကြီးရယ်လို့လည်း မရှိပါဘူး။ နိုင်ငံတော် သမ္မတကတော့ ကိုယ့်အပေါ် ကို ကောင်းအောင် လုပ်ပေးမှာပဲလေ။ နိုင်ငံတော် သမ္မတကိုတော့ မျှော်လင့်တာပေါ့။ ဒီဝန်ကြီးတွေ အနေနဲ့တော့ ပြောသလောက်ကြီး မျှော်လင့်ချက် မထားပါဘူး။”

ရန်ကုန်မြို့ခံတဦးပါ။
ပြန်ကြားရေးဝန်ကြီးဌာနဟာ ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေ၊ ရုပ်ရှင်နဲ့ဂီတနယ်ပယ်တွေကို ကြိကြပ်တဲ့အပြင် ပြည်ပ သတင်းထောက်တွေရဲ့ ပြည်ဝင်ခွင့်ဗီဇာတွေကို စိစစ်ခွင့်ပြုတဲ့ အလုပ်ကို လည်း လုပ်ပါတယ်။ နောက် ရန်ကုန်မြို့ခံတဦး ကတော့ သမ္မတရဲ့ အခုလုပ်ရပ်ကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုသလို အခု ပြောင်းရွှေ့ ခန့်ထားလိုက်တဲ့ ၀န်ကြီးတွေအပေါ် မျှော်လင့်ချက် ထားသူလည်းဖြစ် ပါတယ်။

“ကျနော့်အမြင်ကတော့ လူမှန် နေရာမှန်တွေလို့ မြင်လိုက်တယ်။ ဦးကျော်ဆန်းနေရာကိုဝင်သွားတဲ့ ဦးအောင်ကြည်ကို ပိုစိတ်ဝင်စားတယ်ပေါ့နော်။ ဦးအောင်ကြည်အနေနဲ့ကတော့ flexible ဖြစ်အောင် လုပ်သွားနိုင်လိမ့်မယ်လို့ ကျနော်တို့ ယုံကြည်လိုက်တယ်။ အခု နေရာပြောင်းလဲတဲ့ ဝန်ကြီးတွေပေါ့နော်-မဆိုးပါဘူး။ အားလုံး တော်တယ်၊ ကောင်းတယ်လို့ ကျနော်တော့ မြင်ပါတယ်။ ကြိုလည်း ကြိုဆိုပါတယ်။ သမ္မတကိုလည်း နှစ်နှစ်ခြိုက်ခြိုက်ပဲ ကျေးဇူးတင်လိုက်ပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ ဒီဝန်ကြီးတွေက တိုင်းပြည်အတွက် အလွန် အရေးကြီးပါတယ်။ တိုင်းပြည် အတွက် ဆိုတာထက် ပြည်သူအတွက်လို့ ကျနော်တို့က ပိုပြီး ပြောချင်ပါတယ်။

အရေးကြီးတာ ပြည်သူ့ အတွက်ပါပဲ။ အဲဒီအတွက်တော့ ကျနော် တိုတိုနဲ့လိုရင် ပြောလိုက်မယ်ပေါ့- အခုလုပ်ရပ်နဲ့ပတ်သက်ပြီး သမ္မတကြီးကို ကျနော်တို့က ဝမ်းမြောက် ဝမ်းသာ ထောက်လည်း ထောက် ခံ လိုက်ပါတယ်။ ကြိုလည်း ကြိုဆိုလိုက်ပါတယ်။ ဝန်ကြီးတွေကိုလည်း ထို့အတူပဲ- ကြိုဆိုပါ တယ်။ ထောက်လည်း ထောက်ခံပါတယ်။ ကျနော်တို့အနေနဲ့ ပြောချင်တာကတော့- ဒီတာဝန်ယူ လိုက်တဲ့ ဝန်ကြီးတွေက ပြည်သူအတွက် တကယ်ပဲ လေးလေးနက်နက် အလုပ် လုပ်ပေးကြပါလို့- ဒါလေးပဲ ပြောချင်ပါတယ်။”

ဝန်ကြီးနေရာ အပြောင်းအလဲတွေဟာ မပြီးဆုံးသေးဘဲ နောက်ထပ် လာလိမ့်ဦးမယ်လို့ သမ္မတ ရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောထားပါတယ်။ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေကို ခြေလှမ်း မှန်မှန်နဲ့ မြန်မြန် ဆက်လုပ်နိုင်ရင်ဖြင့် နှစ်ပေါင်းများစွာ နောက်ကျ ကျန်ရစ်နေခဲ့တဲ့ အခြေအနေ ကနေ နိုင်ငံတကာအလယ်မှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်မယ့် နိုင်ငံ တခု ဖြစ်လာလိမ့်မယ်လို့ အများက ယုံကြည် မျှော်လင့်ထားကြပါတယ်ခင်ဗျား။

မရိုးမဖြောင့်သော ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အရာရှိနှင့် အောက်ခြေဝန်ထမ်း ၈၂ ဦးတို့အား အရေးယူခဲ့ဟု ထုတ်ပြန်

Posted by drmyochit Wednesday, August 29, 2012, under | No comments



မရိုးမဖြောင့်သောနည်းဖြင့် တာဝန်ထမ်းဆောင်ကာ ၀န်ထမ်းစည်းကမ်း ဖောက်ဖျက်ကျူးလွန်ခဲ့သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှအရာရှိ (ဌာနမှူးအဆင့်မှ ဌာနစုမှူး အဆင့်အတွင်း)နှ င့် အောက်ခြေ၀န်ထမ်း စုစုပေါင်း ၈၂ ဦးတို့အား အရေးယူမှု ပြုလုပ်ခဲ့သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ ယခု အရေးယူခဲ့သည့် စာရင်းမှာ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၁၂ ခုနှစ် သြဂုတ်လ ၆ ရက်နေ့အထိဖြစ်ကြောင်း သိရသည်။ 
အရေးယူရာတွင် ၀န်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်း၊ အချိန်မစေ့မီ အငြိမ်းစားယူစေခြင်း၊ ရာထူးတိုးရပ်ဆိုင်းခြင်း၊ ရာထူးလျှော့ချခြင်း၊ ဌာနပြောင်း ပြစ်ဒဏ်ပေးခြင်း၊ နုတ်ထွက်စာ တင်စေခြင်း စသည်တို့ ပါဝင်ကြောင်း သိရသည်။ အရေးယူခြင်း ခံရသည့် ၇၂ ဦးထဲမှ အမှုဖြစ်၊ ပြစ်ဒဏ်ဖြစ်ကာ အရေးယူခြင်းခံရသော အရေအတွက်မှာ ၃၉ ဦးဖြစ်ပြီး ယင်းအထဲတွင် အရာရှိ (ဌာနမှူးအဆင့်မှ ဌာနစုမှူးအထိ) ၁၃ ဦးနှင့် အောက်ခြေ၀န်ထမ်း (အမှုထမ်း) ၂၆ ဦးတို့ ပါဝင်ကြောင်း၊ အရာရှိ ၁၃ ဦးအနက် ငါးဦးကို ၀န်ထမ်းအဖြစ်မှ ထုတ်ပယ်ခဲ့ပြီး တစ်ဦးကို အချိန်မစေ့မီ ရာထူးမှ အငြိမ်းစား ယူစေခဲ့ကြောင်း၊ နှစ်ဦးအား ရာထူးတိုး ရပ်ဆိုင်းခဲ့ပြီး သုံးဦးကို ရာထူးမှလျှော့ချခဲ့ကာ နှစ်ဦးကို ဌာနပြောင်း ပြစ်ဒဏ်ပေးခဲ့ကြောင်း သိရသည်။ အောက်ခြေ၀န်ထမ်း (အမှုထမ်း) ၂၆ ဦးအနက် ခြောက်ဦးကို ၀န်ထမ်းအဖြစ်မှ ထုတ်ပယ်ခဲ့ပြီး ၁၂ ဦးကို ရာထူးလျှော့ချခဲ့ကြောင်း၊ တစ်ဦးကို နုတ်ထွက်စာ တင်စေခဲ့ပြီး သုံးဦးကို ရာထူးတိုး ရပ်ဆိုင်းခဲ့ကြောင်း၊ တစ်ဦးကိုမူ လစာနှစ်တိုး ရပ်ဆိုင်းခဲ့ကာ သုံးဦးကိုမူ ဌာနပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။ ဌာနပြောင်းရွှေ့ခြင်း ခံရသောသူ အရေအတွက်မှာ ၃၃ ဦးရှိပြီး ယင်းအထဲတွင် အရာရှိ (ဌာနမှူးအဆင့်မှ ဌာနစုမှူးအထိ) ၁၆ ဦးနှင့် အောက်ခြေ၀န်ထမ်း ၂၇ ဦးတို့ ပါဝင်ကြောင်း သိရသည်။ 
ထို့ပြင် စည်းကမ်းဖောက်ဖျက် ကျူးလွန်သဖြင့် သတိပေးဆုံးမမှုကို ခံရသော အရာရှိ (ဌာနမှူးအဆင့်မှ ဌာနစုမှူးအထိ) ၄၇ ဦးနှင့် အောက်ခြေ၀န်ထမ်း (အမှုထမ်း) ၁၄၄၄ ဦးရှိကြောင်း သိရသည်။ “မြို့တော်စည်ပင်က ဌာနမှူး အဆင့်တွေလို အရာရှိတွေ၊ တခြား အောက်ခြေ၀န်ထမ်းတွေ ငွေရေးကြေးရေး ကိစ္စတွေနဲ့ ပတ်သက်လို့  အလုပ်ဖြုတ်တာတို့၊ ရာထူးလျှော့ချတာတွေ၊ ဌာနပြောင်းတာတွေ ရှိတယ်လို့ သိရတယ်။ အဲဒီထဲမှာ အရာရှိတွေထက် အောက်ခြေ ၀န်ထမ်းတွေက ပိုများတယ်လို့ သိရတယ်” ဟု ရန်ကုန်မြို့ရှိ အငြိမ်းစားဝန်ထမ်းတစ်ဦးက ပြောပြခဲ့သည်။ 
“ စည်ပင်သာယာနဲ့ ပတ်သက်တဲ့ ဘယ်လုပ်ငန်းမှာပဲ ဖြစ်ဖြစ် ပြည်သူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ ၀န်ထမ်းတွေ မရိုးမဖြောင့်လုပ်တာရှိရင် အရာရှိတွေကို လာရောက် အသိပေး တိုင်ကြားလို့ရပါတယ်။ ဌာနဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ အစိုးရအသစ်က ချမှတ်ထားတဲ့ မူဝါဒအတိုင်း ၀န်ထမ်းအဖွဲ့အစည်းကို ကောင်းအောင် စစ်ဆေးအရေးယူတာတွေ လုပ်နေချိန်မှာ ၀န်ထမ်းတွေနဲ့ ဆက်နွယ် ဆောင်ရွက်နေရတဲ့ တစ်ဖက်က ပြည်သူတွေ အနေနဲ့ ၀န်ထမ်းတွေကို မရိုးမဖြောင့်တဲ့ ကိစ္စရပ်တွေ မဖြစ်ပေါ်အောင် ကူညီပေးဖို့ မေတ္တာရပ်ခံပါတယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောကြားသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၌ ဌာနပေါင်း  ၂၀ တွင် ၀န်ထမ်းအရေအတွက် ၁၆၀၀၀ ကျော်ရှိကြောင်း  Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

သမ္မတဦးသိန်းစိန်၏ ၀န်ကြီး အပြောင်းအလဲ KNUအကောင်းမြင်

Posted by drmyochit Wednesday, August 29, 2012, under | No comments



မြန်မာအစိုးရ သမ္မတဦးသိန်းစိန်သည် ယမန်နေ့က ပြည်ထောင်စု ၀န်ကြီး ၉ဦးအား ပြောင်းလဲတာဝန်ပေးခြင်းb အပေါ် အကောင်ြး မင် ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU က ယနေ့ ပြောကြား လိုက်သည်။

KNU ဒု-ဥက္ကဌ ပဒိုစောဒေးဗစ်သာကပေါက “ဒါကတော့ ကောင်းတဲ့ အပြောင်းအလဲပဲလို့ မြင်ပါတယ်။ အခု တက်လာတဲ့လူတွေက တရား သေ ၀ါဒဖြန့်သမားတွေ မဟုတ်ဘူးပေါ့။ သမ္မတ ဦးသိန်းစိန် ဆိုတာကလည်း အပြောင်းအလဲကို တကယ်ဖြစ်စေချင်တဲ့ ပုဂ္ဂိုလ်လို့ မြင် တယ်”ဟု ကေအိုင်စီ သို့ ပြောသည်။
လက်ရှိ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် အသစ်ပြောင်းလဲ ခန့်အပ်ခံရသူများနှင့်အတူ သမ္မတဦးသိန်းစိန်အနေဖြင့် အကောင်းဆုံး ကြိုးပမ်းသွားမည် ဟု မျှော်လင့်ကြောင်းလည်း စောဒေးဗစ်သကဘောက ဆက်ပြောသည်။
သမ္မတ ဦးသိန်းစိန်၏ ပြောင်းလဲခန့်လိုက်သည့် ၀န်ကြီးများထဲတွင် စက်မှုဝန်ကြီး ဦးစိုးသိန်း၊ ရထားဝန်ကြီး ဦးအောင်မင်း၊ အမျိုးသားစီမံ ကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဦးတင်နိုင်သိန်း၊ ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်းတို့ကို သမ္မတရုံးဝန်ကြီးအဖြစ် ခန့်အပ်လိုက် ခြင်း ဖြစ်သည်။
ထို့အပြင် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်ကို (ပြန်ကြားရေးဝန်ကြီး)၊ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကို (သမ၀ါယမ၀န်ကြီး)၊ သမ ၀ါယမ၀န်ကြီး ဦးအုန်းမြင့်ကို (မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး )၊ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးအေးမြင့်ကို (စက်မှုဝန်ကြီး)နှင့် မူလ ၀န်ကြီးဌာနနှစ်ခု တာဝန်ယူထားသည့် ဦးတင့်ဆန်း(အားကစားဝန်ကြီး) စသည်တို့ကို သမ္မတက အသီးသီး ပြောင်းလဲခန့်အပ်ခဲ့သည်။
ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၂၃၂)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ (၁၂)တို့အရ ပြည်ထောင်စုဝန် ကြီးများအား ယင်းကဲ့သို့ ပြောင်းလဲတာဝန်ပေးလိုက်ခြင်းဖြစ်သည်ဟု ယနေ့ထုတ် အစိုးရပိုင် မြန်မာ့အလင်းစာတွင် ဖော်ပြထားသည်။
သို့သော် (ယခင်)မြန်မာစစ်အစိုးရ ဦးဆောင်ရေးဆွဲသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒီမိုကရေစီ တစ်ပိုင်း၊ စစ်အာဏာရှင်တစ်ပိုင်း ဖြစ်သည့်အပေါ် အစိုးရအတွင်း၌ တပ်မတော်၏ ကြီးစိုးမှု တည်ရှိဦး မည်ဖြစ်သကဲ့သို့ သမ္မတ ဦးသိန်းစိန်နှင့် တပ်မတော်အကြား အားပြိုင်မှု များ ဆက်လက် ဖြစ်ပေါ်နေ ဦးမည်ဟု ပဒိုစောဒေးဗစ်သကဘောက သုံးသပ်ပြောဆိုခဲ့သည်။
နိုင်ငံတော်သမ္မတ၏ အမိန့်ညွှန်ကြားချက်ဖြင့် လက်ရှိ တာဝန်ထမ်းဆောင်နေသော ပြည်ထောင်စုဝန်ကြီး ၉ဦးနှင့် ဒုဝန်ကြီး ၁၅ဦးကို သြဂုတ်လ ၂၇ရက်စွဲဖြင့် ပြောင်းလဲခန့်အပ်လိုက်သော ပြည်ထောင်စုဝန်ကြီး ၉ဦးမှာ
၁။ ဦးစိုးသိန်း – သမ္မတရုံးဝန်ကြီးဌာန (ယခင် – စက်မှုဝန်ကြီးဌာန)
၂။ ဦးအောင်မင်း – သမ္မတရုံးဝန်ကြီးဌာန (ယခင် – ရထားပို့ဆောင်ရေးဝန်ကြီးဌာန)
၃။ ဦးလှထွန်း – သမ္မတရုံးဝန်ကြီးဌာန (ယခင် – ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန)
၎။ ဦးတင်နိုင်သိန်း – သမ္မတရုံးဝန်ကြီးဌာန (ယခင် – အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန)
၅။ ဦးအောင်ကြည် – ပြန်ကြားရေးဝန်ကြီးဌာန (ယခင် – လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာန)
၆။ ဦးကျော်ဆန်း – သမဝါယမဝန်ကြီးဌာန (ယခင် – ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန)
၇။ ဦးအုန်းမြင့် – မွေး/ရေ ဝန်ကြီးဌာန (ယခင် – သမဝါယမဝန်ကြီးဌာနနှ င့် မွေးမြူေ ရးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန)
၈။ ဦးအေးမြင့် – စက်မှုဝန်ကြီးဌာန (ယခင် – သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန)
၉။ ဦးတင့်ဆန်း – အားကစားဝန်ကြီးဌာန (ယခင် – ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် အား ကစားဝန်ကြီးဌာန) ထို့အတူ အသစ်ခန့်လိုက်သော ဒုဝန်ကြီး ၁၅ဦးတွင် ဒေါက်တာဘွဲ့ ရသူများလည်း ပါဝင်ပြီး ၎င်းတို့မှာ
၁။ ရဲချုပ်ကျော်ကျော်ထွန်း – ပြည်ထဲရေးဝန်ကြီးဌာန
၂။ ဦးပိုက်ထွေး- ပြန်ကြားရေးဝန်ကြီးဌာန
၃။ ဦးသန်းဆွေ – ယဉ်ကျေးမှုဝန်ကြီးဌာန
၎။ ဦးအောင်သိမ်း – သမ္မတရုံးဝန်ကြီးဌာန
၅။ ဒေါက်တာလင်းအောင် – ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန
၆။ ဦးဆက်အောင် – အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန
၇။ ဒေါက်တာဒေါ်ခင်စန်းရီ – အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန
၈။ ဒေါ်စုစုလှိုင် – လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
၉။ ဦးသောင်းတင် – ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန
၁၀။ ဦးထင်အောင် – စွမ်းအင်ဝန်ကြီးဌာန
၁၁။ ဗိုလ်မှူးချုပ်ဝင်းမြင့် – လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန
၁၂။ ဦးအေးမြင့်မောင် – ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန
၁၃။ ဒေါက်တာဒေါ်သက်သက်ဇင် – ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန
၁၄။ ဦးသောင်းထိုက် – အားကစားဝန်ကြီးဌာန
၁၅။ ဒေါက်တာဒေါ်သိန်းသိန်းဌေး – ကျန်းမာရေးဝန်ကြီးဌာန
ထိုသို့ ၀န်ကြီးများ ပြောင်းလဲခန့်အပ်မှုကြောင့် လစ်လပ်သွားသော ပြည်ထောင်စုဝန်ကြီးများကိုမူ မကြာခင် ထုတ်ပြန်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

သေရဲတယ်၊ တိုက်ရဲတယ်၊ ထောင်ကျခံရဲတယ် ဆိုတဲ့ ဒီလှိုင်းနဲ့ ခွှတ်ဒေါင်းများ ဗုံးလန့် တယ်ဆိုတာနဲ့ တစ်ယောက်မှ အပြင်မထွက်ရဲပဲ အထဲတွင် အမြီးကုတ်နေကြ ဟု ဆို

Posted by drmyochit Wednesday, August 29, 2012, under | No comments





ဒီကနေ့ သြဂုတ်လ ၂၈ ရက်နေ့ နံနက် ၇ နာရီခွဲ ခန့်တွင် ဗဟန်းမြို့နယ် အရှေ့ရွှေဂုံတိုင် ရှိ ခွတ်ဒေါင်းအလံ လွှင့်ထူ ထားရော "ဒီလှိုင်း" စာစောင် ရုံးရှေ့တွင် ဗုံး သတင်းထွက်သဖြင့် သက်ဆိုင်ရာမှ တာဝန်ရှိသူများ သွားရောက် ဖယ်ရှားချိန်တွင် သေရဲတယ်၊ တိုက်ရဲတယ်၊ ထောင်ကျခံရဲတယ် ဆိုတဲ့ ဒီလှိုင်းနဲ့ ခွှတ်ဒေါင်းများ ဗုံးလန့် တယ်ဆိုတာနဲ့ တစ်ယောက်မှ အပြင်မထွက်ရဲပဲ အထဲတွင် အမြီးကုတ်ကာ တိုက်ခဲထဲမှ သာ ချောင်းကြည့်နေကြကြောင်း သတင်းရရှိသည်။



ဗိုလ်စိန်မှန်အားကစားကွင်း အရှေ့ရှိ အောင်ချမ်းသာ အိမ်ရာဝင်းအတွင်း၌ ရပ်ထားသော ကုမ္ပဏီပိုင် ကားတစ်စီးပေါ်တွင် ဗုံးဟု သံသယဖြစ်ဖွယ် အထုပ်တစ်ထုပ်ကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရပြီး အဆိုပါ သံသယဖြစ်ဖွယ် အထုပ်အား စစ်တပ် မှ ရဲရဲဝံ့ဝံ့ ဖယ်ရှားခဲ့ရာတွင် ဗုံးမဟုတ်ကြောင်းနှင့် နံနက် ၉ နာရီ ၄၀ မိနစ်ခန့်တွင် ရှင်းလင်ဖယ်ရှားပြီး ဖြစ်ကြောင်း သတင်းရရှိပါသည်။

ပေါက်ကွဲပစ္စည်းဟု ယူဆရသောအရာကို ယင်းအိမ်ရာတွင် ရပ်တန့်ထားသော အဖြူရောင် မီနီလိုက်ထရပ်ကား နောက်ခန်းအတွင်းတွင် ကြွပ်ကြွပ်အိတ်အမည်းဖြင့် ထုပ်ထားခြင်းကို ယင်းကား၏ ယာဉ်မောင်းက စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အထက်ပါ ပုဂိုလ်များက ပြောသည်။ ဗုံးဟု မသင်္ကာဖွယ်ရာ အဆိုပါပစ္စည်းကို တပ်မတော်နှင့် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ လာရောက်စစ်ဆေးမှုများ ပြုလုပ်ပြီး နံနက် ၁၀ နာရီ ခန့်က ယူဆောင်သွားခဲ့သည်။ အဆိုပါ သံသယဖြစ်ဖွယ် အထုပ်ကို အောင်ချမ်းသာအိမ်ရာရှိ ဒီလှိုင်းစာစောင်ရုံးခန်း မျက်နှာချင်းဆိုင် လမ်းတစ်ဖက်ခြမ်းတွင် ရပ်ထားသော ဆောက်လုပ်ရေးကုမ္ပဏီတစ်ခု၏ ကားထဲမှတွေ့ရခြင်းဖြစ်သည်။ အောင်ချမ်းသာအိမ်ရာတွင် ယနေ့နံနက်ပိုင်းက ဗုံးလန့်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ယင်းအိမ်ရာတွင် နေထိုင်သူများက ပြောသည်။

စစ်တပ်မှ လာရောက် ဖယ်ရှားချိန်တွင် ဒီလှိုင်း စာစောင် ရုံးထဲမှ ရဲရဲတောက်များသည် ဗုံးသတင်းကြောင့် အပြင်တောင် ရဲရဲ ထွက်မကြည့်ရဲ ပဲ အထဲမှာ ပုန်းအောင်းလျှက် ရှိကြောင်း မျက်မြင် တစ်ဦးက ဆိုသည်။

" ခွှတ်ဒေါင်းအလံကြီးကို တွဲလောင်းချိတ်ထားပြီး လူတွေကတော့ ဗုံးပေါက်မှာကြောက်လို့ ထွက်ပြေး ပုန်းအောင်နေတော့ တွေ့တဲ့လူတွေက ရယ်ကြတာပေါ့.... မသိရင်တော့ သူတို့ပဲ ရဲရဲတောက် သတ္တိခဲတွေလိုလို၊ အစိုးရကိုလည်း ပြန်ပြောရဲ တယ်၊ သေမှာမကြောက်ဘူး၊ ထောင်ကျမှာ မကြောက်ဘူးလို့ ပြောနေတာလေ" ဟု ပြောသည်။

အခုလို NLD ခွှတ်ဒေါင်းအလံ လွှင့်ထားတဲ့နေရာမှာ ဗုံးလန့်လို့ စစ်တပ်လာရခြင်းက NLD ပါတီဝင်တွေ ကို အရှက်ရစေပြီး လူထုမှ အားကိုးလိုစိတ် လျှော့နည်းလာကြောင်း သတင်းရရှိသည်။





အရှက်မရှိသူတို့၏ ပက်စက်သောအကြံ၊ ယုတ်မာသောလုပ်ရပ်များနှင့် ရခိုင်တို့၏အနာဂါတ်

Posted by drmyochit Wednesday, August 29, 2012, under | No comments




From : မောင်အောင်ခိုင်

RSO (Rohingya Solidarity Organisation)၏ ခေါင်းဆောင်ကြီးဖြစ်သည့် ယခုအခါ
အင်္ဂလန်နိုင်ငံ၌ ခိုလှုံနေထိုင်သူ'မူဟာမက်(ဒ်)ယူနု(စ်)(Muhammad Yunus)'ကား
နိုင်ငံတကာငလိမ်ကြီးအဖြစ် သမုတ်ရမည့်သူဖြစ်ပါသည်။ ၄င်းအား
ထိုသို့သမုတ်ရခြင်းမှာ မလိုမုန်းတီး၍မဟုတ်ပါ။ နိုင်ငံတကာ
အသိုင်းအ၀ိုင်းကြားတွင် သမိုင်းလိမ်ဖန်တီးကာ ၀ါဒဖြန့်သည့် ယုတ်မာသော
သူ့လုပ်ရပ်ကြောင့်သာ ဖြစ်ပါသည်။

၁၉၉၁ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့ ဘင်္ဂလားဒေ့ခ်ျနိုင်ငံ၊ ဒါကာမြို့ထုတ်
The Guardian ဂျာနယ်တွင် Arakan: A Depressing Scene ခေါင်းစဉ်ဖြင့်
သူရေးသားထားသော ဆောင်းပါးတစ်ပုဒ်ကို Cover Story အဖြစ် ဖော်ပြထားသည်ကို
ဖတ်ရှုခဲ့ရပါသည်။ ဆောင်းပါးတစ်ခုလုံးကား မိုးလုံးပြည့်မုသားများနှင့်
ပြည့်လွှမ်းနေပါသည်။ ၄င်းဆောင်းပါးမှ စာသားအချို့မှာ Arakan – an
independent Muslim kingdom of Southeast Asia till 1784 A.D.
ဟူ၍လည်းကောင်း၊ The total population of Arakan is over four million.
The Rohingya Muslims constitute nearly 70% of the total population.
ဟူ၍လည်းကောင်း၊ Muslim rule in Arakan began before 1430 A.D. which
continued upto 1780 A.D., when alien Burman king, Bodaw Phaya invaded
and captured Arakan from the hands of Muslims.
ဟူ၍လည်းကောင်း၊ Since then Muslims have been made
target of genocide and extermination by racist and apartheid Burman
invaders. ဟူ၍လည်းကောင်း ဖြစ်ပါသည်။

သူ ဤဆောင်းပါးအား ရေးသားသောကာလမှာ ရခိုင်ပြည်နယ် ဘင်္ဂလီလူမျိုးများ
မိမိတို့ဘိုးဘွားများ၏ ဇာတိတိုင်းပြည်ဖြစ်သည့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံသို့
ပြန်လည်ဝင်ရောက်လာမှုနှင့် ပတ်သက်၍ ပြဿနာတက်ကာ ဘင်္ဂလားဒေ့ခ်ျ-မြန်မာ
နှစ်နိုင်ငံနယ်စပ် တင်းမာနေချိန်ဖြစ်ပါသည်။ ဤသို့ အခြေအနေရှုပ်ထွေးမှုကို
အခွင့်ကောင်းယူကာ ဘင်္ဂလားဒေ့ခ်ျအပါအ၀င် နိုင်ငံတကာမှ
သူတို့ဘင်္ဂလီလူမျိုးများအပေါ် စာနာထောက်ခံမှုပြုကြရန်တင်ပြရင်း
ထိုကဲ့သို့ရေးသားခဲ့ခြင်းပင်ဖြစ်ပါသည်။ မြန်မာ့စစ်အာဏာပိုင်များက
သူတို့ဘင်္ဂလီလူမျိုးများအပေါ် ဖိနှိပ်ချုပ်ချယ်မှုများရှိခဲ့ပါက သူ့အနေဖြင့်
အဖြစ်မှန်ကို ရေးသားတင်ပြကာ စာနာမှုရရှိအောင် ကြိုးပမ်းနိုင်ပါသည်။
ကျွန်တော်တို့အနေဖြင့် ဘာမှပြောစရာမရှိပါ။ သို့သော် အကြံပက်စက်လှစွာဖြင့်
ရခိုင်ပြည်ကို သူတို့၏ ရိုဟင်ဂျာမူဆလင်တိုင်းပြည်အဖြစ်
လိမ်ညာရေးသားဖော်ပြခြင်းကိုမူကား မည်သို့မျှ
သည်းခံခွင့်လွှတ်နိုင်စရာမရှိချေ။

ရခိုင်ပြည်တွင် နေထိုင်ကြီးပြင်းခဲ့ကြသည့် အစွန်းရောက်ဘင်္ဂလီ
ပညာတတ်အချို့ကား ရခိုင်ပြည်နှင့် ရခိုင်လူမျိုးများအပေါ်
ကျေးဇူးသစ္စာမဲ့လှစွာဖြင့် နိုင်ငံတကာမီဒီယာများကို အသုံးချ၍လည်းကောင်း၊
မိမိတို့ကိုယ်တိုင် စာအုပ်စာစောင်များထုတ်ဝေ၍လည်းကောင်း
မူဟာမက်(ဒ်)ယူနု(စ်)ကဲ့သို့ပင် လိမ်လည်လုပ်ကြံ ၀ါဒဖြန့်နေကြသည်မှာ
ယခုထိတိုင်ဖြစ်ပါသည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် န၀တ-နအဖ
စစ်အုပ်စုအား ပြည်သူတစ်ရပ်လုံးက စုပေါင်းတိုက်ပွဲဝင်နေကြစဉ်တွင်
ဘုံတိုက်ပွဲကိုလျစ်လျှူရှုကာ " ပွဲလန့်တုန်းဖျာခင်း
"လုပ်ခဲ့ကြသူများမှာလည်း ယင်းအစွန်းရောက် ဘင်္ဂလီပညာတတ်များပင်ဖြစ်ကြပါသည်။
သူတို့၏အဓိကရည်ရွယ်ချက်မှာ "ရိုဟင်ဂျာ" အမည်ခံသူတို့လူမျိုးအား
မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးတစ်မျိုးအဖြစ်
အသိအမှတ်ပြုခံရရေးနှင့် အခြားတိုင်းရင်းသားများနည်းတူ
အခွင့်အရေးရရှိရေးပင်ဖြစ်ပါသည်။

ဘူးသီးတောင်နှင့် မောင်တောမြို့နယ်မှ ဘင်္ဂလီများကား ရခိုင်ပြည်ထဲတွင်
နေထိုင်ခဲ့ကြစဉ်က သူတို့ ကိုယ်သူတို့ "အာရာဘင်္ဂလီ(တို့ဘင်္ဂလီ)"ဟု
ခေါ်ဝေါ်ပြောဆိုခဲ့ကြပါသည်။ ၄င်းတို့ ဤသို့သုံးနှုန်း ပြောဆိုကြသည်ကို
ဒေသခံရခိုင်လူမျိုးများ နေ့စဉ်နှင့်အမျှ ကြားခဲ့ကြရပါသည်။
ထူးခြားလှသည်မှာ ဘင်္ဂလားဒေ့ခ်ျနိုင်ငံမှ ရဖျူဂျီစခန်းများသို့
ရောက်ရှိသွားသည်နှင့် ၄င်းတို့အားလုံးမှာ
"အာရာရိုဟင်ဂျာ(တို့ရိုဟင်ဂျာ)"များ ဖြစ်သွားကြပါသည်။ သို့သော်
ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီမူဆလင်အများစုမှာမူ ယခုထိ မိမိတို့ကိုယ်
ကိုမိမိတို့ " အာရာဘင်္ဂလီ "ဟုသာ ခေါ်ဝေါ်ပြောဆိုနေကြတုန်းဖြစ်ပါသည်။

ဘင်္ဂလားဒေ့ခ်ျနိုင်ငံရှိ ထင်ရှားသောစာနယ်ဇင်းများတွင် နာမည်ရှိသော
"ဂျာနယ်လစ်များ"ပင် ရှေးခေတ် ရခိုင်ပြည်ကို
မူဆလင်တိုင်းပြည်ဟုလည်းကောင်း၊ ၁၇၈၄ ခုနှစ်ထိ ရခိုင်ပြည်ကို
မူဆလင်ဘုရင်များ အုပ်စိုးခဲ့ကြသည်ဟူ၍လည်းကောင်း၊ မူဆလင်များသည်
အေဒီ(၇)ရာစုကပင် ရခိုင်ပြည်တွင် အခြေချနေထိုင်ခဲ့ကြသည်ဟူ၍လည်းကောင်း၊
တချို့ဆှိုလျှင် ရခိုင်လူမျိုးများပင် ရိုဟင်ဂျာလူမျိုးများထက် နောက်ကျမှ
ရခိုင်ပြည်သို့ ၀င်ရောက်လာခဲ့ကြခြင်းဖြစ်သည်ဟူ၍လည်းကောင်း " ရိုဟင်ဂျာ
"အမည်ခံသူများ၏ ၀ါဒဖြန့်ချက်အတိုင်း တသဝေမတိမ်း ရေးသားကြသည်ကို
မဖတ်ချင်အဆုံး တွေ့ရှိနေရပါသည်။

ဒေါက်တာအေးကျော်၊ ဒေါက်တာအေးချမ်းကဲ့သို့ သမိုင်းပညာရှင်များက
ရိုဟင်ဂျာအမည်ခံ အရှက်မဲ့သူများ၏ သမိုင်းလိမ်ဝါဒဖြန့်မှုများအပေါ်
ပိုင်ပိုင်နိုင်နိုင် ထောက်ပြရှင်းလင်းခဲ့ကြရာ ၄င်းပုဂ္ဂိုလ်များအား
အစွန်းရောက်ရခိုင်အမျိုးသားဝါဒီများဟု လည်းကောင်း၊
လူ့အခွင့်အရေးချိုးဖောက်မှုများကို အာပေးထောက်ခံသူများအဖြစ်လည်းကောင်း
အမျိုးမျိုးကင်ပွန်းတပ်ကာ ပုတ်ခတ်စော်ကားမှုများ ပြုလုပ်ခဲ့ကြသည်မှာ
သြနှလုံးနာစရာ ကောင်းလှပါသည်။

ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီများကား ပြည်တွင်းတွင်နေထိုင်သူဖြစ်စေ၊
ပြည်ပတွင်ရောက်ရှိနေသူဖြစ်စေ၊ လက်နက်ကိုင်သူဖြစ်စေ၊ လက်နက်မကိုင်သူဖြစ်စေ
သူတို့ကို " ရိုဟင်ဂျာ "အမည်ဖြင့် တိုင်းရင်းသားလူမျိုးတစ်မျိုးအဖြစ်
အသိအမှတ်ပြုရေးအတွက် နည်းမျိုးစုံကိုသုံးကာ ၀ါဒဖြန့်နေကြသည်မှာ
မကြားချင်၊ မမြင်ချင်အဆုံးပင်ဖြစ်ပါသည်။ မိမိကိုယ်ကိုဟုတ်လှပြီဟု
သွေးနထင်ရောက်နေကြသည့် ပါးရည်နပ်ရည်မရှိသော မီဒီယာသမားတစ်ချို့နှင့်
အမှန်တရားကို ဆန်းစစ်ရှာဖွေမှု အားနည်းလှသော မဟာဂရုဏာရှင်များအဖြစ်
မိမိတို့ကိုယ်ကိုမိမိတို့ ယူဆနေကြသည့် လူ့အခွင့်အရေး
လိုက်ပါဆောင်ရွက်သူတချို့ကား လူ့အခွင့်အရေး အရေခြုံဘင်္ဂလီတို့၏
အသုံးချခံများဖြစ်နေကြပါသည်။ ကမ္ဘာ့ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ
လူ့အခွင့်အရေး ကိုယ်စားလှယ်တော်ကြီး ကင်တားနားလို ပုဂ္ဂိုလ်များပင်
အမှားအမှန်ပိုင်းခြား ဝေဖန်မှုမရှိဘဲ ရိုဟင်ဂျာအမည်ခံသူများဖက်မှ
ဖက်လိုက်ရပ်တည်ကာ နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာကို
တိုက်ရိုက်ဝင်ရောက်စွက်ဖက်သော ပြောဆိုဝေဖန်မှုများကို အားမနာတမ်း
ပြုလုပ်ခဲ့ပေသည်။ သူ့အား အခြားသမာသမတ်ရှိမည့်သူတစ်ဦးနှင့်
အစားထိုးပေးရန် မြန်မာ့နိုင်ငံရေးသမားများက ကုလသမဂ္ဂထံ
စာရေးသားတောင်းဆိုခဲ့ကြသည်မှာ အလွန်အမြော်အမြင်ကြီးမားသော
အမျိုးသားရေးလုပ်ရပ် တစ်ခုပင်ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ဘင်္ဂလီအခြေချ နေထိုင်သူများကိစ္စ ယခုကဲ့သို့
ရှုပ်ထွေးလာရသည်မှာ အဓိကအားဖြင့် မြန်မာ့အာဏာပိုင်အဆက်ဆက်၏ မိမိတို့အာဏာ
တည်မြဲရေးအတွက်သာ အာရုံစူးစိုက်ကြခြင်း၊ နယ်စပ်လုံခြုံရေးကို
အလေးထားဆောင်ရွက်မှုမရှိခြင်း၊ မြန်မာနိုင်ငံအနောက်ဖက်နယ်စပ်တွင်
နိုင်ငံ့တာဝန်ထမ်းဆောင်ရန် စေလွှတ်ခံရသူ ၀န်ထမ်းအများစု၏
အကျင့်ပျက်လာဘ်စားကြခြင်းတို့ကြောင့်ပင်ဖြစ်ပါသည်။ ရခိုင်ပြည်ထဲသို့
ဘင်္ဂလီများအား တံခါးမရှိ၊ ဓါးမရှိ ၀င်ထွက်သွားလာခွင့်ပြုခဲ့သော
ဗြိတိသျှတို့မှာလည်း ဤကိစ္စတွင် တာဝန်မကင်းလှချေ။

ဦးနုအစိုးရ၏ ဘင်္ဂလီအခြေချနေထိုင်သူများအပေါ် အထူးအခွင့်အရေးပေးကာ
ရခိုင်လူမျိုးများအပေါ် နိုင်ငံရေးကစားခဲ့ခြင်းမှာလည်း
မြန်မာနိုင်ငံအနောက်ဖက်၌ လက်ရှိအနေအထားသို့ရောက်အောင်
တွန်းပို့ပေးခဲ့သည့် အချက်တစ်ခုဖြစ်ပါသည်။ ရခိုင်လူထု၏ဆန္ဒအရ ရတညပါတီက
ရခိုင်ပြည်နယ်ပေးရန် တောင်းဆိုမှုအပေါ် ဘင်္ဂလီများမှ ကန့်ကွက်ခြင်း၊
ရခိုင်ပြည်နယ်ပေးပါကလည်း ပြည်နယ်အကြီး အကဲနှင့် ရခိုင်ပြည်နယ်
လွှတ်တော်ဥက္ကဌသည် ရခိုင်တစ်လှည့်၊ သူတို့တစ်လှည့်ဖြစ်ရမည်ဟု
တောင်းဆိုခြင်း၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များအား သူတို့အတွက်
သီးခြားခရိုင်သတ်မှတ်ပေးပြီး ပြည်မအုပ်ချုပ်မှုအောက်တွင်ထားရှိရန်
တောင်းဆိုခြင်းများကား အာဏာရပဆပလအဖွဲ့ချုပ်၏ အမြော်အမြင်မဲ့
လုပ်ဆောင်မှုများကြောင့် ဖြစ်ပေါ်လာသော ရလာဒ်ဆိုးများပင်ဖြစ်ကြပါသည်။

၁၉၄၂ခုနှစ် ဘင်္ဂလီ-ရခိုင်အဓိကရုဏ်းဖြစ်ခဲ့စဉ်က
ရခိုင်လူမျိုးအမြောက်အများမှာ သွေးအေးအေးဖြင့် ရက်ရက်စက်စက်
အသတ်ခံခဲ့ကြရပြီး အများအပြားမှာမူ နတ်မြစ်ကိုဖြတ်ကျော်ကာ
အင်္ဂလိပ်ပိုင်နက်နယ်မြေသို့ အသက်လုထွက်ပြေးခဲ့ကြရပါသည်။ တိုင်းပြည်ပြန်လည်
အေးချမ်းသောအခါ ဒီနာစပူရ် ဒုက္ခသည်စခန်းမှ ရခိုင်လူမျိုးများအား
ပြန်လည်ယူဆောင်လာခဲ့သော်လည်း မိမိတို့ဒေသများတွင်
ပြန်လည်နေရာချထားပေးခြင်း မပြုခဲ့ချေ။ ရခိုင်လူမျိုးများ
ထွက်ပြေးသွားကတည်းက ရခိုင်လူမျိုးများ၏ ရပ်ရွာ များတွင် ဘင်္ဂလီများ
ဝင်ရောက်နေထိုင်ခဲ့ကြရာ ထိုရပ်ရွာများရှိ အိမ်ရာများမှာ အလိုအလျောက်
ဘင်္ဂလီများပိုင် ဖြစ်နေပါသည်။ ထို့အတူ ထိုရပ်ရွာများရှိ
ရခိုင်လူမျိုးများပိုင်ဆိုင်သော လယ်ယာများနှင် ဥယျာဉ်ခြံမြေများမှာလည်း
ဘင်္ဂလီများအပိုင် ဖြစ်နေပါသည်။ ဘင်္ဂလီများကား အဖိုးအခတစ်စုံတစ်ရာမပေးရဘဲ
အဆိုပါရပ်ရွာများတွင် မြေရှင်လယ်ရှင်များ ဖြစ်နေကြပါသည်။

၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့ပြီးနောက်
မူဂျာဟစ်သောင်းကျန်းသူများက ရခိုင်အမျိုးသမီးများအား မုဒိန်းကျင့်ခြင်း၊
ရခိုင်ရပ်ရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ ရခိုင်လူမျိုးများအား
နှိပ်စက်သတ်ဖြတ်ခြင်းများကို ပြုလုပ်ကျူးလွန်ခဲ့ကြရာ
ရခိုင်လူမျိုးများအဖို့ အနောက်ဖက်နယ်စပ်ဒေသ၌ ဆက်လက်မနေရဲကြတော့ဘဲ
ဒုတိယအကြိမ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါသည်။ ဤသို့ဖြင့် ထိုဒေသတွင်း
ရခိုင်နှင့်ဘင်္ဂလီ လူဦးရေအချိုးအစား မညီမျှမှုမှာ
ပိုမိုကြီးထွားခဲ့ရပါသည်။ နှစ်ပေါင်းခြောက်ဆယ် ကျော်လာသည့်တိုင်
မြန်မာအစိုးရ အဆက်ဆက်အနေဖြင့် ရခိုင်လူမျိုးတို့ ဇာတိချက်ကြွေ
မွေးရပ်မြေများမှ နေရာပြောင်းရွှေ့သွားခဲ့ကြရသည်ကို တစ်စုံတစ်ရာ
အရေးတယူဆောင်ရွက်ခြင်းမရှိသေးချေ။ ၁၉၇၈ ခုနှစ်က ဘင်္ဂလီများ
ထွက်ပြေးတိမ်းရှောင်သွားစဉ်ကလည်း ထိုနေရာများအား မူလပိုင်ရှင်များလက်သို့
ပြန်ပေးရန် အစီအစဉ်မလုပ်ခဲ့ပေ။ ပြန်လည်ဝင်ရောက်လာသော ဘင်္ဂလီများကိုသာ
ယင်းဒေသများတွင် ပြန်လည်နေရာချပေးခဲ့ပါသည်။

လွန်ခဲ့သည့်ဇွန်လအတွင်း ဘင်္ဂလီအကြမ်းဖက်လူအုပ်က
ဘုန်းတော်ကြီးကျောင်းများနှင့် လူနေအိမ်ခြေများအား မီးရှို့ဖျက်ဆီးကာ
အားကိုးရာမဲ့ဖြစ်နေကြသော ရခိုင်အပါအ၀င် ဒေသခံလူမျိုးများအား ရက်ရက်စက်စက်
သတ်ဖြတ်ခဲ့ကြသည်ကို လူတိုင်းကြားသိပြီး ဖြစ်ကြပါသည်။
ဘင်္ဂလီလူယုတ်မာများကား ၁၉၄၂ ခုနှစ်ကလည်း ဤအတိုင်းပင်
ကျူးလွန်ခဲ့ကြခြင်းဖြစ်ပါသည်။ သို့ဖြစ်ရာ ဘင်္ဂလီများအနေဖြင့်
ရခိုင်အပါအ၀င် ဒေသခံလူမျိုးများအပေါ် နောက်နောင် ထိုကဲ့သို့
မကျူးလွန်ရအောင်နှင့် မကျူးလွန်ရဲအောင် လက်ရှိအစိုးရအနေဖြင့်
ရေတိုရေရှည်စီမံကိန်းများ ချမှတ်လုပ်ဆောင်ရန် ယခုအခါ အခြေအနေက
တောင်းဆိုလျှက်ရှိနေပါသည်။

ကျွန်တော့်အနေနှင့်မူ အောက်ပါအချက်များအား အပူတပြင်း အကောင်အထည်ဖော်ရန်
လိုအပ်လှသည်ဟု မြင်ပါသည်။

၁။ လုံလောက်သောလုံခြုံရေးအစီအမံချမှတ်ဆောင်ရွက်ရေး

(က) ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များ၌ ရခိုင်အပါအ၀င်
ဒေသခံများနေထိုင်ရာ အနီးပတ်ဝန်းကျင်တွင် လုံလောက်သော လုံခြုံရေးစခန်းများ
တိုးချဲ့ချထားရန်။

(ခ ) ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ဒေသခံများဖြင့်
ပြည်သူ့စစ်ဖွဲ့စည်းပြီး မိမိကိုယ်ကိုကာကွယ်ရေး အစီအစဉ်များ
ပြုလုပ်ပေးရန်။

(ဂ ) ရခိုင်ပြည်နယ်အတွင်း ရခိုင်လူမျိုးများဖြင့်
ဖွဲ့စည်းထားသော(သို့မဟုတ်)ရခိုင်လူမျိုးအများစုပါဝင်သော
နယ်ခြားစောင့်တပ်ဖွဲ့နှင့် ကမ်းခြေစောင့်တပ်ဖွဲ့များ ဖွဲ့စည်းပေးရန်။

၂။ အခြေချနေထိုင်သူဘင်္ဂလီများအား ပြန်လည်နေချထားရေး

(က) ဘင်္ဂလီများအား စနစ်တကျစိစစ်ပြီး ခိုင်လုံသောအထောက်အထားရှိသူများနှင့်
အထောက်အထားမဲ့သူများဟူ၍ ခွဲခြားနေရာ ချထားပေးရန်။

(ခ ) ဘင်္ဂလီများအား တစ်နေရာတည်းတွင် စုပြုံမထားဘဲ နေရာအလိုက်
လူဦးရေကန့်သတ်ပြီး ပြန်လည်နေရာချထားပေးရန်။

(ဂ ) ထွက်ပေါက်ဝင်ပေါက်ကောင်းသည့် မြစ်နား၊ ပင်လယ်နားဒေသများ၌
၎င်းတို့အား နေရာချထားမှုကို တတ်နိုင်သမျှ ရှောင်ရှားရန်။

(ဃ) အထောက်အထားမဲ့သူ ဘင်္ဂလီများအား လိုအပ်သလိုအရေးယူသွားရန်။

၃။ လူဦးရေအချိုးအစား မျှတအောင်ဆောင်ရွက်ရေး

ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ရခိုင်လူမျိုးလူနေရပ်ရွာများ
ပြန်လည်ထူထောင်ပေးရန် (အထူးသဖြင့် ၁၉၄၂ ခုနှစ်ကတည်းက
ရခိုင်ရပ်ရွာများတွင် နေထိုင်ကြသူဘင်္ဂလီများအား သင့်တော်သည့်နေများတွင်
နေရာချပေးကာ ရခိုင်လူမျိုးများ အား ထိုနေရာများတွင် ပြန်လည်နေရာ
ချထားပေးရန်)

၎။ မြေယာပိုင်ဆိုင်ခွင့်ပြုရေး

ရခိုင်လူမျိုးများပိုင် အိမ်မြေများ၊ လယ်ယာမြေများအား
ရခိုင်လူမျိုးများလက်ထဲပြန်ပေးရန်။

အထက်ဖော်ပြပါအစီအစဉ်များ ချမှတ်ဆောင်ရွက်ပါမှ လုံခြုံရေးအာမခံချက်ရရှိကာ
ရခိုင်အပါအ၀င် ဒေသခံလူမျိုးများအဖို့ မိမိတို့ဘိုးဘွားပိုင်
ဇာတိချက်ကြွေမွေးရပ်မြေများ၌ လုံခြုံစိတ်ချစွာ
နေထိုင်နိုင်ကြမည်ဖြစ်ပါသည်။ ဘင်္ဂလီအရေး၊ နောင်မအေး မဖြစ်ရလေအောင်
ရခိုင်တို့၏အနာဂါတ်အား ရခိုင်လူမျိုးများကိုယ်တိုင် ဖန်တီးနိုင်ကြပါစေ။

ဒုတိယ သမ္မတ ဦးဥာဏ်ထွန်း အကြောင်း

Posted by drmyochit Wednesday, August 29, 2012, under | No comments




ဒုတိယ သမ္မတ အဖြစ် ရွေးချယ် တင်မြောက် ခံရသူ ဦးဥာဏ်ထွန်းမှာ စစ်တက္ကသိုလ် အမှတ်စဉ် ( ၁၆ ) ကျောင်းဆင်း တစ်ဦး ဖြစ်ပြီး ကိုယ်ပိုင် အမှတ်စဉ်မှာ (ရေ - ၁၁၉၆ )ဖြစ်ကြောင်း၊ ကာကွယ်ရေး ဦးစီးချုပ် ( ရေ ) ရာထူး၌ ဗိုလ်ချုပ်ကြီး ရာထူးဖြင့် ပထမဦးဆုံး တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။
တပ်မတော်(ရေ)တွင်ဒုဗိုလ်မှဗိုလ် ချုပ်ကြီး အထိတာဝန်ထမ်းဆောင်ခဲ့သည်။ အိပ်(ဂျ)ဂျီပီ ၊အာအယ်(လ) သင်တန်းတွင် မြန်မာ တပြည်လုံး ပထမ ရရှိခဲ့ပါတယ်။
ဖခင် ဒုတိယတောအုပ် (သစ်တော) ဦးစိန်မောင်နှင့် မိခင်မူလတန်းပြဆရာမ ဒေါ်သိန်းတင်တို့က ၁၉၅၄ ခုနှစ်၊ ဇန်န၀ါ ရီ (၁၂) ရက်တွင် ပဲခူးတိုင်း၊ သာယာဝတီ ခရိုင်၊ ဇီးကုန်းမြို့၊ ဂုံးလမ်း (သံပုရာကုန် လမ်း)၌ မွေးဖွားသည်။ ဂုံးလမ်းအစိုးရ မူလတန်းကျောင်းနှင့် ဇီးကုန်းမြို့ အစိုးရ အထက်တန်းကျောင်းတို့တွင် ပညာသင် ယူပြီး ၁၉၇၀ ပြည့်နှစ်တွင် အခြေခံပညာ အထက်တန်းစာမေးပွဲအောင်မြင်ခဲ့ပါသည်။ ၁၉၇၁ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ စစ် တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ် စဉ် (၁၆)သို့ တက်ရောက်ခဲ့ပြီး သိပ္ပံဘွဲ့ရ ရှိခဲ့သည်။

၁၉၈၃ ခုနှစ်တွင် အထက်တန်းရှေ့ နေ Higher Grade Pleader (H.G.P) စာမေးပွဲကိုလည်းကောင်း၊ ၁၉၈၄ ခုနှစ် တွင် မှတ်ပုံတင်ရှေ့နေ Register Lawyer (R.L) စာမေးပွဲကိုလည်းကောင်း၊ဖြေ ဆိုအောင်မြင်ခဲ့ပါသည်။ ၁၉၈၇ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုတက္ကဆပ်ပြည် နယ် Lackland Ariforce Base & Sd Defence Language Institute တွင် English Language Course ကိုလည်းကောင်း Rhode Isiand ပြည်နယ် Newport မြို့ရှိ Naval Education and Training Center (NETC) တွင် International Officer Candidate Couse ကိုလည်းကောင်း တက်ရောက်အောင်မြင်ခဲ့ပါသည်။

၂၀၀၃ ခုနှစ်တွင် နိုင်ငံတော်ကာ ကွယ်ရေးတက်္ကသိုလ်သို့ တက်ရောက်ခဲ့ ပြီးမဟာဝိဇ္ဇာဘွဲ့ (ကာကွယ်ရေးပညာ) M.A (Defence Studies) ရရှိခဲ့ပါသည်။

၁၉၇၄ ခုနှစ်တွင် တပ်မတော် (ရေ) ပြန်တမ်းဝင်အရာရှိ ဒုတိယဗိုလ်အဖြစ်ခန့် အပ်ခြင်းခံခဲ့ရပါသည်။ ၁၉၇၅ ခုနှစ်မှ ၂၀၀၄ ခုနှစ်ထိ တပ်မတော် (ရေ) စစ်ရေ ယာဉ်စုများရှိ စစ်ရေယာဉ်အမျိုးအစား အမျိုးမျိုးတွင် ဒုတိယစစ်ရေယာဉ်မှူး စစ်ရေယာဉ်မှူးအဖြစ်လည်းကောင်း၊ ရေတပ်လေ့ကျင့်ရေးကျောင်းသင်တန်း ဌာနများတွင် သင်တန်းနည်းပြအရာရှိ အဖြစ်လည်းကောင်း၊ ကုန်းမြေအခြေစိုက် တပ် ရေတပ်ရှေ့တန်းစခန်းရေတပ်အခြေ စိုက်စခန်းနှင့် ရေတပ်စခန်းဌာနချုပ်များ တွင် တပ်မှူး၊ စခန်းမှူး၊ စစ်ဦးစီးအရာရှိ၊ ဒုတိယဌာနချုပ်မှူး၊ ခေတ္တဌာနချုပ်မှူး အဖြစ်လည်းကောင်းတာဝန်ထမ်းဆောင် ခဲ့သည်။
တပ်မတော်ရေအမှတ် (၁ ) ထောက်လှမ်းရေးတပ်မူး၊ကကလှမ်းရုံးချုပ် စစ်ဦးစီးဒုတိယတန်းထိုမှတပ်မတော် ( ရေ ) တွင်စစ်ဦးစီးဗိုလ်မူးကြီးမှစစ်ဦးစီးအရာရှိချုပ် မှ ရေချုပ်ဖြစ်လာခဲ့သည်။
၂၀၀၄ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရး ဦးစီးချုပ်ရုံး (ရေ) တွင် စစ်ဦးစီးအရာရှိ ချုပ် (ရေ) တာဝန်များကိုထမ်းဆောင်ခဲ့ သည်။

ကာကွယ်ရေးဦးစီးချုပ် (ရေ)အဖြစ် ၂၀၀၈ ခုနှစ်၊ ဇွန်လတွင် စတင်တာဝန် ထမ်းဆောင်ခဲ့ပါသည်။

ဇနီးဖြစ်သူ ဒေါ်ခင်အေးမြင့်သည် B.A (Philosophy) ဘွဲ့ရရှိခဲ့ပြီး တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့တွင် ဗိုလ်မှူးအဆင့် အထိ တာဝန်ထမ်းဆောင်ခဲ့ကာအငြိမ်း စားယူခဲ့ပါသည်။ သားနှစ်ယောက်နှင့် သမီးတစ်ယောက်ထွန်းကားခဲ့ပါသည်။ သားကြီးဖြစ်သူ ဒေါက်တာဖေသက်ဇော် (M.B.B.S) နှင့် သမီးဖြစ်သူဒေါက်တာ သွယ်နီဉဏ်ထွန်း (M.B.B.S) တို့သည် ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသုတေသန ဦးစီးဌာနတွင် သုတေသနအရာရှိများအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး သားငယ် မောင်လင်းထက်ဉာဏ်ထွန်းသည်အမျိုးသား စီမံခန့်ခွဲမှုပညာကောလိပ် (National Management College) မှ B.B.M ဘွဲ့ရ ရှိခဲ့ပါသည်။
 ဦးဥာဏ်ထွန်းတွင် ပြည်ထောင်စုလွှတ်တော်တွင်

"ကျွန်ုပ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိရိုသေပြီး ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးတို့ကို ထာဝစဉ် ဦးထိပ်ပန်ဆင် ဆောင်ရွက်ပါမည်။ ကျွန်ုပ်သည် ဤနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်သိလိုက်နာရိုသေပြီး နိုင်ငံတော်၏ ဥပဒေများကို လိုက်နာကျင့်သုံးဆောင် ရွက်ပါမည်။ မိမိ၏ တာဝန်ဝတ္တရားများကို ဖြောင့်မတ်မှန်ကန်စွာဖြင့် အစွမ်းကုန်ဆောင်ရွက်ပါမည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီညွတ်ခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေးအတွက် ဆောင်ရွက်ပါမည်။ ကျွန်ုပ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိင်ငံတော် အကျိုးငှာ နိုင်ငံတော်အား မိမိ၏အသက်နှင့် ကိုယ်ကို အပ်နှင်းသည် ဟု လေးနက်တည်ကြည်စွာ ကြေညာ၍ ကတိသစ္စာပြုသည်" ဟု မာန်ပါပါ ဖြင့် သစ္စာဆိုခဲ့သည်။

ယနေ့ အရည်အချင်းမရှိပဲ ဘွဲ့ရပြီး အလုပ်လက်မဲ့ ဖြစ်နေသူများ ကိုယ်အသုံးမကျတာကို အစိုးရဖက် လှည့်ပြီး အပစ်တင်မှုနောက်ဆက်တွဲ နောက်လာနောက်သားတွေ ခံရ

Posted by drmyochit Wednesday, August 29, 2012, under | No comments




ယနေ့ အရည်အချင်းမရှိပဲ ဘွဲ့ရပြီး အလုပ်လက်မဲ့ ဖြစ်နေသူများ ကိုယ်အသုံးမကျတာကို အစိုးရဖက် လှည့်ပြီး အပစ်တင်မှုနောက်ဆက်တွဲ နောက်လာနောက်သားတွေ ခံရနေသလို ဖြစ်နေကြောင်း ယနေ့ ကျောင်းသားမိဘများက ပြောဆိုကြသည်။

ဘွဲ့ရတွေ များပြီး အရည်အချင်းမရှိကြသဖြင့် အရည်အချင်းရှိသူများကိုသာ ဘွဲ့ပေးတော့မည်ဖြစ်ရာ ကျောင်းသားလက်ခံမှု လျှော့ချလိုက်ခြင်းကြောင့် နာမည်ကြီး အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များ၏ ကျောင်းဝင်ခွင့် အမှတ်ကန့်သတ်ချက်သည် တက္ကသိုလ်ဝင်စာမေးပွဲရမှတ် ၅၀၀ ထိရောက်ရှိနိုင်ကြောင်း သတင်းရရှိသည်။

အထူးသဖြင့် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်ဝင်ခွင့် ကန့်သတ်ချက်မှာ ကျောင်းသူများအတွက် တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ် ၅၀၀ ကျော်ထိရောက်ရှိ သွားနိုင်ပြီး ဆေးတက္ကသိုလ်များ၊ အဆင့်မြင့်နည်းပညာတက္ကသိုလ်များ၊ ရေကြောင်းပညာတက္ကသိုလ်၊ သွားဘက်ဆိုင်ရာ ဆေး တက္ကသိုလ်နှင့် နိုင်ငံခြားဘာသာတက္ကသိုလ်များ၏ ကျောင်းဝင်ခွင့်အတွက် ပြိုင်ဆိုင်မှုပိုမိုပြင်းထန်လာမည်ဖြစ်သည်။

“အခု ယောက်ျားလေးတွေက အဆင့်မြင့်နည်းပညာ တက္ကသိုလ်တွေကို အဓိက လျှောက်ကြတယ်။ မိန်ကလေးတွေကတော့ ဆေးတက္ကသိုလ်ကို လျှောက်ကြတယ်။ ကျောင်းဝင်ခွင့်က ထက် ၀က်လောက် လျှော့ချလိုက်တော့ အမှတ်သတ်မှတ်ချက်တွေ မနှစ်ကထက် ၁၀ မှတ်လောက် တက်သွားဖို့ရှိတယ်”ဟု တက္ကသိုလ်ဝင်ခွင့်စိစစ်ရေးအဖွဲ့မှ တာဝန်ရှိသူကပြောသည်။

ကျောင်းဝင်ခွင့်ဦးရေ လျှော့ချလိုက်ခြင်းကြောင့် နာမည်ကြီး အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များတွင် ကျောင်းဝင်ခွင့် ရရှိရန် ကျောင်းသူများအနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲရမှတ် ၅၀၀ ကျော်နှင့် ကျောင်းသားများအနေ ဖြင့် ၄၈၀ ခန့် ရရှိထားရန် လိုအပ်နိုင်ကြောင်း အထက်ပါပုဂ္ဂိုလ်က သုံးသပ်သည်။

ယင်းအခြေအနေကြောင့် ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သော ကျောင်းသားများအနေဖြင့် ယခင်နှစ် အသက်

မွေးဝမ်းကျောင်းဝင်ခွင့် အမှတ်မီခဲ့သော်လည်း ၀ိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်များတွင် တက်ရောက်ပညာသင်ယူရဖွယ်ရှိနေသည်။

သမ္မတကြီး၏ Political Reform နှင့် ယနေ့ မြန်မာ့ပညာရေးစနစ်အပေါ် ယခင်ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်၏ အမြင်

Posted by drmyochit Wednesday, August 29, 2012, under | No comments






သမ္မတကြီးဦးသိန်းစိန် ဦး ဆောင်သော ပြည်ထောင်စုအစိုးရ သစ်တက်လာပြီးသည့်နောက်ပိုင်း သမ္မတကြီးအနေဖြင့်ပြည်တွင်း ငြိမ်းချမ်းရေး၊တိုင်းပြည်ဖွံ့ဖြိုးတိုး တက်ရေးအားရှေးရှု၍ပြည်တွင်းရှိ နိုင်ငံရေးပါတီများ၊အခြားသော အင်အားစုများနှင့်လက်တွဲကာ ပွင့်လင်းမြင်သာမှုရှိသောဆောင် ရွက်ချက်များပြုလုပ်ခဲ့ပြီး အဆိုပါ သမ္မတကြီး၏ ဆောင်ရွက်ချက် များအပေါ် ပြည်သူများအပြင် ကမ္ဘာ့နိုင်ငံများမှလည်း ထောက်ခံ ကြိုဆိုကြလျက်ရှိသည့်အတွက် သမ္မတကြီး၏ Political Reform အပေါ် ယခင်နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်ကြီးဦးခင်ညွှန့်အား Hot News သတင်းထောက်မှ တွေ့ဆုံ၍ အမြင်သုံးသပ်ချက် အချို့အားမေးမြန်းဖြစ်ခဲ့ရာ-

ဘဘအနေနဲ့သမ္မတကြီး ဦးသိန်းစိန်ရဲ့ စိတ်နေသဘော ထားနဲ့ သမ္မတကြီးရဲ့ Political Reform အပေါ်ဘယ်လိုမြင်မိပါ သလဲ။

ဘဘနဲ့သမ္မတကြီးဦးသိန်း စိန်တို့ဆိုတာ နှစ်တွေအကြာကြီး တပ်မတော်မှာလက်တွဲပြီး တာဝန် ထမ်းဆောင်ခဲ့ကြတာလေ ဒီတော့ သမ္မတကြီးရဲ့စိတ်နေစိတ်ထား သ ဘောထားတွေအပေါ် ဘဘအနေ နဲ့သုံးသပ်ရမယ်ဆိုရင် ဘဘမြင် တာတော့ သမ်္မတကြီးဟာ အင် မတန်ကို ရိုးသားပါတယ်။အတော့် ကိုလည်းပွင့်လင်းမှုရှိပါတယ်။ပြီး တော့ သူ့ရဲ့စိတ်ကိုက တိုင်းပြည် ကြီးကို တော်တော့်ကို ဖွံ့ဖြိုးတိုး တက်စေချင်တယ်။ကောင်းစားစေ ချင်တယ်။ဘဘကတော့ အဲ့သလို မြင်တယ်။

သမ္မတကြီးရဲ့မိန့်ခွန်းတွေအ ပေါ်မှာရော ဘဘ အနေနဲ့ဘယ် လိုသုံးသပ်မိပါသလဲ။

သူပြောတဲ့မိန့်ခွန်းတွေကို ဘဘကြားတယ်။ နားလည်းထောင် ဖူးတယ်။ အဲ့ဒီသူ့ရဲ့မိန့်ခွန်းတွေမှာ ဘာတွေ့သလဲဆိုတော့ သူ့ရင်ထဲ စိတ်ထဲကလာတဲ့ စကားတွေကို ပြောတယ်လို့ပဲ ဘဘမြင်တယ်။ သူ့မိန့်ခွန်းတွေကို ကြည့်ခြင်းအား ဖြင့်သူ့အနေနဲ့ ရိုးရိုးသားသားပြော တယ်ဆိုတာ၊မှန်မှန်ကန်ကန်ပွင့် ပွင့်လင်းလင်းပြောတယ်ဆိုတာ အရမ်းကို ထင်ရှားနေပါတယ်။ တိုင်းပြည်အတွက် သူဖြစ်ချင်တာ တွေကို အရိုးသားဆုံးပြောတယ် လို့ပဲ ဘဘက မြင်ပါတယ်။သူ့ကို လည်း ဘဘအနေနဲ့ယုံကြည်ပါ တယ်။

သမ္မတကြီးရဲ့ဆောင်ရွက် ချက်တွေအပေါ် ဘဘအနေနဲ့ဘာ များပြောချင်တာရှိပါသလဲ။


ခုနက သူ့အနေနဲ့မိန့်ခွန်း တွေမှာပြောသလို သူ့အနေနဲ့ပြော တဲ့အတိုင်းဆက်ပြီးတော့ အကောင် အထည်ဖော်သွားဖို့တော့လိုမယ် ပြီးတော့ သမ္မတကြီးနဲ့မိန့်ခွန်းတွေ၊ ပြောကြားချက်တွေနဲ့ပတ်သက်ပြီး တော့အောင်အဆင့်ဌာနဆိုင်ရာ အကုန်လုံးက သမ္မတကြီးပြောတဲ့ အတိုင်းအပြည့်အ၀ပူးပေါင်း အ ကောင်အထည်ဖော်သွားဖို့လိုမယ် တိတိကျကျ ဆောင်ရွက်သွားဖို့ လည်းလိုမယ် အဲ့သလိုလုပ်လို့ တကယ်အကောင်အထည်ပေါ် လာရင် ဘဘတို့ တိုင်းပြည်အရမ်း ကို ကောင်းသွားမယ် အရမ်းတိုး တက်သွားမယ် အဲ့သလိုအကောင် အထည်ဖော်ဖို့အတွက်လည်း သမ္မတကြီးအနေနဲ့လုပ်ဆောင် သွားနိုင်လိမ့်မယ်လို့ ဘဘအနေနဲ့ အပြည့်အ၀ယုံကြည်ပါတယ်။

ယနေ့ မြန်မာနိုင်ငံရဲ့အရေး ကိစ္စတွေထဲကနေ အားနည်းနေ တယ်လို့ ဘဘမြင်တာလေးများ ရှိရင် ပြောပြပေးပါလား။

ဘဘတို့တိုင်းပြည်မှာ သမ္မတကြီးဦးသိန်းစိန်တို့ဦးဆောင်ပြီး တိုင်းပြည်အတွက်လုပ်နေကြပြီ လေ။တစ်ခုပြောချင်တာက ဘဘ တို့ တိုင်းပြည်ရဲ့ပညာရေးစနစ်ကို ဘဘ သိပ်အားမရဘူး။တိုင်းပြည် မှာ ယနေ့ကျင့်သုံးနေတာက ကျောင်းသားဗဟိုပြုသင်ကြားရေး စနစ်မဟုတ်ဘူး။ဆရာဗဟိုပြုသင် ကြားရေးစနစ် ဖြစ်နေတယ်။ဒီ တော့ ကျောင်းသားဗဟိုပြုတဲ့အခါ ကြတော့ ကလေးတွေရဲ့ပညာရေး လျော့ရွဲမှုတွေဖြစ်လာတယ်။ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေမဲ့လာ တယ်။တိုင်းပြည်တစ်ပြာ်အတွက် ပညာရေးစနစ်ကောင်းဖို့အရမ်း အရေးကြီးတယ်။ဒါမှပဲတိုင်းပြည် ကောင်းစားမှာလေ ဒါကြောင့် ဘဘတို့တိုင်းပြည်ရဲ့ပညာရေးစနစ် ကို ဆရာဗဟိုပြုသင်ကြားရေး စနစ်နဲ့သွားလို့မရတော့ဘူး။ကျောင်း သားဗဟိုပြုသင်ကြားရေးနဲ့သွားရ မယ် အဲ့သလိုကျောင်းသားဗဟို ပြုသင်ကြားရေးစနစ်နဲ့သွားတဲ့အခါ မှာလည်းသင်ကြားမယ့်ဆရာ၊ဆ ရာမတွေအနေနဲ့အရည်အချင်း ပြည့်ဝဖို့အရမ်းကိုလိုမယ် သူတို့ အရည်အချင်းရှိမှ သူတို့သင်ကြား ပေးမယ့် ကလေးတွေကလည်း အရည်အချင်းရှိတဲ့ကလေးတွေဖြစ် လာမှာပေါ့ ဘဘ ကတော့ ဒီလို ပဲမြင်တယ်။

ဘဘအနေနဲ့တိုင်းပြည်မှာ တာဝန်အဆင့်ဆင့်ထမ်းဆောင်ခဲ့ တဲ့ပုဂ်္ဂိုလ်ကြီးတစ်ဦးဖြစ်တဲ့အတွက် ဘဘ ရဲ့ဖြတ်သန်းမှု့အတွေ့အကြုံ တွေနဲ့ပတ်သက်ပြီး နောင်လာ နောင်သားတွေလေ့လာနိုင်ဖို့ စာအုပ်တွေရေးသားဖို့ အစီအစဉ် ရောရှိလား။

ဘဘမှာ စာရေးဖို့တော့ အချိန်သိပ်မရှိဘူး။ရေးရင်လည်း ရေးစရာတွေက အများကြီးပဲလေ ခုချိန်မှာတော့ မရေးနိုင်သေးဘူး ခု ဘဘ ဘာသာရေး၊လူမှု့ရေး လုပ်နေတာတွေနဲ့ပဲ ပီတိဖြစ်ကျေ နပ်နေပါပြီ လတ်တလောအနေ အထားအရတော့ စာအုပ်ရေး သားဖို့တော့မရှိသေးပါဘူး။ဘာလို့ ဆိုတော့ အချိန်မပေးနိုင်သေးလို့ ပါ

ဟု ယခင်ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွှန့်မှ ပြန်လည်ဖြေကြားပေးသွားခဲ့သည်။ ယခင် ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွှန့်သည် နေအိမ် အကျယ်ချုပ်မှပြန်လည်လွတ်မြောက် လာပြီးသည့်နောက်ပိုင်းတစ်လျှောက် လုံး ယခုအချိန်ထိလူမှု့ရေးလုပ် ငန်းများ၊ဘာသာရေးအလုပ်များ၊ အလှူအတန်းကိစ္စများနှင့်သစ်ပင် ပန်းမန်စိုက်ပျိုးရေးလုပ်ငန်းများကို သာ အထူးအလေးပေးဆောင် ရွက်နေလျက်ရှိပြီး ယခင်အတွင်း ရေးမှူး(၁)/နိုင်ငံတော်ဝန်ကြီးချုပ် တာဝန်များထမ်းဆောင်ခဲ့စဉ်က တည်းက ကလေးငယ်များ၏ ပညာရေးအား အထူးအလေးပေး ခဲ့သည့် ခေါင်းဆောင်တစ်ဦးဖြစ် သည်နှင့်ညီစွာ ယခုအခါတွင် လည်းနွမ်းပါး၍ ပညာသင်ကြား ရန်မတက်နိုင်သော ကလေးသူငယ် များ၏ ပညာဆက်လက်သင်ကြား နိုင်ရေးအတွက် ရွှေမှော်ဝန်း ပရ ဟိတအသင်း၌ နာယကကြီး အဖြစ် တာဝန်ယူကာ ဆောင် ရွက်ပေးနေလျက်ရှိသည်။

ယနေ့အမျိုးသားလွှတ်တော် အစည်းအဝေး ၌ ခုံရုံးဝန်ထမ်းများ စွပ်စွဲ ပြစ်တင်သည့်အဆို ဆွေးနွေး

Posted by drmyochit Wednesday, August 29, 2012, under | No comments






ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဌနှင့်  အဖွဲ့ဝင်များအား ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြဌာန်းချက်များကို ဖောက်ဖျက် ကျူးလွန်ခြင်း၊ ဥပဒေရေ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မထမ်းဆောင်ခြင်း တို့အရ စွပ်စွဲပြစ်တင် သည့်အဆို ကို ပထမအကြိမ် အမျိုးသား လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး(၃၄)ရက်နေ့မြောက်နေ့ (၂၈.၈.၂၀၁၂)အင်္ဂါနေ့တွင် အမျိုးသား လွတ်တော်တွင် တင်ဆွေးနွေး ကြမည်ဖြစ်သည်။

ယင်းအဆိုကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆ဦးကဆွေးနွေးမည်ဖြစ်ပြီး ယင်း၁၆ဦးအနက်၆ဦး
မှာတပ်မတော်သားကိုယ်စားလှယ်များဖြစ်ကြသည်။ကိုယ်စားလှယ်များဆွေးနွေးမှုအပြီး တွင်ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ဖြေရှင်းဆွေးနွေးမည်ဖြစ်သည်။ယင်းနောက်မှ အမျိုးသားလွှတ်တော်၏အဆုံးအဖြတ် ရယူမည်ဟုသတင်းရရှိသည်။

ပါဝင်ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ် ၁၆ဦး၏ အမည်စာရင်းများမှာအောက်ပါအတိုင်းဖြစ်သည်။

(၁)ရခိုင်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၁) မှ ဒေါက်တာအေးမောင်
(၂)ကချင်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၃)မှ ဦးဘရန်ရှောင်
(၃)တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှုးကြီးဇော်မိုး
(၄)တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှုးကြီးဇော်သန်းထိုက်
(၅)ရှမ်းပြည်နယ်မဲဆန္ဒနယ် အမှတ်(၄) ဦးစိုင်းသန့်ဇင်
(၆)ချင်းပြည်နယ်မဲဆန္ဒနယ် အမှတ်(၂) မှ ဦးဇုန်လှယ်ထန်း
(၇)တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှုးကြီး ခင်စိုး
(၈)တပ်မတော်သာကိုယ်စားလှယ်ဗိုလ်မှုနေမျိုးကျော်
(၉)မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၇) မှဒေါက်တာဗညားအောင်မိုး
(၁၀)ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁) ဒေါ်ခင်ဝိုင်းကြည်
(၁၁)တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှုးမျိုးထွန်းအောင်
(၁၂) စစ်ကိုင်းတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၇)မှ ဦးတင်မြ
(၁၃) ရှမ်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၉)မှ ဦးနေ၀င်းထွန်း
(၁၄)တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှုးကျော်နိုင်ဌေး
(၁၅)ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၃) ဦးဖုန်းမြင့်အောင်
(၁၆)ဧရာဝတီတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၆)မှ ဦးခင်မောင်ရီ တို့ဖြစ်သည်။

ပြည်ထောင်စု ဝန်ကြီး ဦးဇော်မင်း၊ ဦးခင်မောင်မြင့် နှင့် ဦးလွန်းမောင် တို့အား ရာထူးမှ နုတ်ထွက်ခွင့်ပြု

Posted by drmyochit Wednesday, August 29, 2012, under | No comments




နိုင်ငံတော်သမ္မတရုံး
အမိန့်အမှတ်(၂၃/၂၀၁၂)

အောက်ဖော်ပြပါ ပြည်ထောင်စုဝန်ကြီးများအား ရာထူးမှနှုတ်ထွက်ခွင့် ပြုလိုက်သည်-
(၁) ဦးခင်မောင်မြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန
(၂) ဦးဇော်မင်း လျှပ်စစ်(၁) ၀န်ကြီးဌာန



နိုင်ငံတော်သမ္မတရုံး
အမိန့်အမှတ်(၂၄/၂၀၁၂)

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးလွန်းမောင်အား ရာထူးမှ နှုတ်ထွက်ခွင့်ပြုလိုက်သည်။



ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတတရုံး
(အမိန့်အမှတ်၊ ၂၅/၂၀၁၂)

ဒုတိယ၀န်ကြီး ပြောင်းလဲတာဝန်ပေးခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က)နှင့် ပုဒ်မခွဲ(ဃ)၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ်(၉) တို့အရ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးဝင်းအား သာသနာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး အဖြစ် ပြောင်းလဲတာဝန် ပေးလိုက်သည်။


(ပုံ) သိန်းစိန်
နိုင်ငံတော် သမ္မတ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်


Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်