Sunday, September 02, 2012

KIA သောင်းကျန်းသူအဖွဲ့မှ ထပ်မံ အလင်းဝင်ရောက်လာသူများ

Posted by drmyochit Sunday, September 02, 2012, under | No comments


From: MWD 
 ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့ နေ့လည် ၁ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (၁၆)၊ စစ်ဆင် ရေးနည်းဗျူဟာ (၁)မှ နည်းဗျူဟာမှူး၏ ကြီးကြပ်မှုဖြင့် ကျေးရွာ လူကြီး များ၊ မုံးကိုး ပြည်သူ့စစ် အဖွဲ့များနှင့် ပူးပေါင်း၍ အလင်းဝင်ရောက်ရန် ဆက်သွယ်စည်းရုံး ဆောင်ရွက် ခဲ့ရာ မုံးကိုးတပ်စခန်းသို့ KIA တပ်ရင်း (၃၆/၃၈) မှ တပ်သား အဆင့်ရှိသူ ထန်ရိန်းမီး၊ KIA ဒေသခံ ပြည်သူ့စစ် ရီဆာတို့နှစ်ဦးသည် လက်နက်၊ ခဲယမ်းများနှင့်အတူ အလင်းဝင် ရောက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ 

လက်ရှိ အလင်းဝင်ရောက်လာသူ ဦးရေမှာ စုစုပေါင်း (၇) ဦး ရှိသွားပြီဖြစ်ပြီး သြဂုတ်လ ၂၆ ရက်နေ့တွင် အလင်းဝင်ရောက်လာသူ (၅)ဦးနှင့် ယခု အလင်းဝင်ရောက်လာသူ (၂)ဦး တို့ ဖြစ်ပါသည်။ အလင်းဝင်ရောက် လာသူများအား ထောက်ပံ့မှုများ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။
အလင်းဝင်ရောက်လာသူများအား ထောက်ပံ့မှုများ ဆောင်ရွက်  

အမေရိကန်မောင်းသူမဲ့ လေယာဉ်၏ ပစ်ခတ်မှုကြောင့် ယီမင် အရှေ့တောင် ပိုင်းတွင် အယ်လ်ကိုင်ဒါ အဖွဲ့ဝင် ရှစ်ဦး သေဆုံး

Posted by drmyochit Sunday, September 02, 2012, under | No comments


အမေရိကန် မောင်းသူမဲ့လေယာဉ် တစ်စင်းမှ ပစ်လွှတ်လိုက်သည့် ဒုံးကျည် နှစ်စင်းသည် ယီမင်နိုင်ငံ အရှေ့တောင်ပိုင်း ဟာဒရာေ မာက်ပြည်နယ်တွင် မောင်းနှင်နေသော ယာဉ်တစ်စင်းကို ထိမှန်ခဲ့ရာ ယာဉ်ပေါ်တွင် လိုက်ပါ လာသည့် အယ်လ်ကိုင်ဒါအဖွဲ့ဝင်ဟု ယူဆရသည့် စစ်သွေးကြွရှစ်ဦး သေဆုံးခဲ့ရကြောင်း အမည်မဖော်လိုသူ လုံခြုံရေး အရာရှိ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အမေရိကန် မောင်းသူမဲ့လေယာဉ်မှ ပစ်လွှတ်လိုက်သော ဒုံးကျည်ထိမှန်မှု ကြောင့် သြဂုတ် ၃၁ ရက်က သေဆုံး ခဲ့ရသူ ရှစ်ဦးလုံးသည် ယီမင်အခြေစိုက် အယ်လ်ကိုင်ဒါ ဌာနခွဲမှ အဖွဲ့ဝင်များဟု ယူဆရကြောင်း၊ အဆိုပါတိုက်ခိုက် မှုသည် သုံးရက်အတွင်း ယီမင်အရှေ့တောင်ပိုင်း၌ တတိယအကြိမ် ဒုံးကျည်ဖြင့် ပစ်ခတ် တိုက်ခိုက်မှုဖြစ်ကြောင်း သိရသည်။

အမေရိကန် ပြည်ထောင်စုသည် အကြမ်းဖက်ဆန့်ကျင်ရေး ပူးတွဲလုပ် ဆောင်မှု များကို ယခုနှစ် ဖေဖော်ဝါရီလ အတွင်းက ယီမင်သမ္မတ အက်ဘ်ရာဘူ မန်ဆောဟာဒီ တာဝန်စတင် ထမ်း ဆောင်ချိန်မှစ၍ အဆိုပါနိုင်ငံနှင့် ပူးတွဲ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
  

KIA မှ အလုပ်သမားများ အယောင်ဆောင်၍ ဆက်ကြေးတောင်းခံ

Posted by drmyochit Sunday, September 02, 2012, under | No comments




 
မိုးမောက်မြို့နယ် ၊ ကျခမ်းဒတ် ကျေးရွာတစ်ဝိုက်မှာ  တရားမ၀င် သစ်တွေ ခိုးယူသယ်ဆောင်နေတဲ့ ယာဉ် တွေပေါ်ကို သစ်အတင်အချပြုလုပ်တဲ့ အလုပ်သမားတွေထဲမှာ KIA တပ်ဖွဲ့ဝင် အယောက် (၂၀) ခန့် ၀င်ေ ရာက် လုပ်ကိုင်လျှက်ရှိတယ်လို့ သိရပါတယ်။

တရာမ၀င်သစ်တွေ သယ်လာတဲ့ယာဉ်တွေဟာ ဗန်းမော်မြို့နယ် ၊ ခူးလီ ၊ နမ့်လှိုင်  ဘက်မှ နွားလှည်းတွေနဲ့ တင်ဆောင်လာတဲ့  ကျွန်းခွဲသားတုံးတွေကို မိုးမောက် - စိန်လုံ - လွယ်ဂျယ် ကားလမ်းအတိုင်း ညပိုင်းတွေမှာ သယ် ယူပို့ဆောင်ကြတာ ဖြစ်ပါတယ်။
ဝင်ရောက်လုပ်ကိုင်နေတဲ့ KIA အဖွဲ့ဝင်တွေဟာ  သစ်တင်ချခ ယာဉ်တစ်စီးလျှင် (၃) သိန်းကျပ်တောင်း ခံကြတဲ့အပြင် ဆက်ကြေးအဖြစ် ယာဉ်ကြီး တစ်စီးကို (၂) သိန်းနဲ့ ဂျစ်ကားတစ်စီးကို (၁) သိန်းကျပ်ကို KIA ခေါင်းဆောင် မာဂွန်းမှ ဦးစီးကောက်ခံနေတယ်လို့ သိရပါတယ်။
ယခုလိုလာရောက်လုပ်ဆောင်နေတာကို KIA အထက်လူကြီးတွေရဲ့ ခွင့်ပြုချက်နဲ့ လာရောက်လုပ်ကိုင် နေတာ မဟုတ်ဘဲ ၎င်းတို့ စားဝတ်နေရေးအတွက် ၀င်ရောက်လုပ်ကိုင်ကြတာဖြစ်တယ်လို့ သစ်အတင် အချ ပြုလုပ်သူ ဒေသခံတစ်ဦးမှ ပြောသည်။ 

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့တွင် ဌာနဆိုင်ရာ ဖွဲ့စည်းပုံ ပြောင်းမည်ဟု ဆို

Posted by drmyochit Sunday, September 02, 2012, under | No comments


 

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ရှိ ရဲတပ်ဖွဲ့ ၊ ပညာရေးနှင့် အုပ်ချုပ်ရေးဌာနများတွင် လက်ရှိ တာဝန်ထမ်းဆောင်နေ သော အမြင့်ဆုံးရာထူးနေရာများ၌ လက်ထောက်ညွန်ကြားရေးမှူး အဆင့်ရှိ သူများဖြင့် အစားထိုးရန်ရှိကြောင်း အဆိုပါ ၀န်ထမ်းအသိုင်းအဝိုင်းနှင့်နီးစပ်သူများထံမှသိရသည်။

၎င်းလက်ထောက်ညွန်ကြားရေးမှူးများဖြင့် အစားထိုးလိုက်ပါက လက်ရှိတာဝန်ထမ်းဆောင်နေဆဲ ရဲမှူး ၊ ပညာရေးမှူးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးတို့မှာ ဒုတိယအဆင့်၌သာ တာဝန်ထမ်းဆောင်ရတော့မည် ဖြစ်ကြောင်း ၀န်ထမ်းများနှင့် နီးစပ်သူ တစ်ဦးကသျှမ်းသံတော်ဆင့်သို့ပြောသည်
“မူစယ်မှာတော့ ဌာနဆိုင်ရာ ဖွဲ့စည်းမှု ပုံစံပြောင်းမှာပေါ့နော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ၊ မြို့နယ်ရဲတပ်ဖွဲ့ မှူးနဲ့ ပညာရေးမှူး ဒီနေရာတွေမှာ လက်ရှိအမြင့်ဆုံးရာထူးနေရာတွေကို လက်ထောက်ညွှန်ကြား ရေးမှူးတွေနဲ့ အစားထိုးခန့်မယ် လက်ရှိ အုပ် ချုပ်နေတဲ့ သူတွေက ဒုတိယအဆင့်နေရာရောက်သွား မှာပေါ့နော် ” ဟု သူက ဆိုသည် ။ယနေ့အချိန်အထိ အဆိုပါ ပြောင်းလဲမှုဖြစ်ပေါ်လာခြင်း မရှိသေးပဲ အဆင့်မြင့်ဌာနဆိုင်ရာ အုပ်ချုပ် သူများ စာမေးပွဲဖြေဆို ထားကြောင်း အကယ်၍ ဖွဲ့စည်းပုံ ပြောင်းမည်ဆိုပါက လက်ရှိတာဝန်ထမ်း ဆောင်သူများအား တဆင့်မြှင့် ရာထူးတိုး၍ လက်ထောက် ညွန်ကြားရေးမှူးခန့်အပ်မည်လော (သို့မဟုတ်) နေရာပြောင်းရွှေ့မည်လော ဆိုသည်ကို မသိရသေး ကြောင်း စုံစမ်းသိရသည် ။

အစိုးရတပ်များ ဆုတ်ပေးပါက နေရာမရွေး ဆွေးနွေးမည်ဟု KIO ပြော

Posted by drmyochit Sunday, September 02, 2012, under | No comments




Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်