Tuesday, September 04, 2012

တိုင်ဖုန်း Bolaven ကြောင့် မြောက်ကိုရီးယား ၅၀ ခန့်သေဆုံး

Posted by drmyochit Tuesday, September 04, 2012, under | No comments


 
ပြီးခဲ့တဲ့သတင်းပတ်အတွင်း မြောက်ကိုရီးယားအနောက်ဘက်ကမ်းခြေကို ဘိုလာဗင်တိုင်ဖုန်းမုန်တိုင်း ၀င်ရောက် တိုက်ခတ်ခဲ့ရာမှာ လူ ၅၀ နီးပါးသေဆုံးပြီး အများအပြား ပျောက်ဆုံးနေတယ်လို့ မြောက်ကိုရီးယား အစိုးရပိုင်
သတင်းဌာနက ကြေညာပါတယ်။လူပေါင်း ၅၀ လောက်လည်း ဒဏ်ရာတွေ ပြင်းပြင်းထန်းထန် ရရှိသွားတယ်လို့ မြောက် ကိုရီးယား ဗဟိုသတင်းအေဂျင်စီ က ကြေညာသွားပါတယ်။ မုန်တိုင်းကြောင့် အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရသူဦးရေ နှစ်သောင်း တစ်ထောင်ကျော်ရှိပြီး စိုက်ပျိုး လယ်ယာမြေ ဧက (၁၂၀,၀၀၀) ကျော် ပျက်စီးသွားတယ်လို့လည်း ပြောပါတယ်။

စက်ရုံ၊ အလုပ်ရုံ ၉၀၀ နီးပါး ပျက်စီးခဲ့ရသလို ပြည်သူပိုင်အဆောက်ဦတွေ၊ ဒါဇင်နဲ့ချီတဲ့ ကျောင်းတွေ၊ ဆေးရုံ ဆေးခန်းတွေလည်း ပျက်စီးသွားတယ်လို့ သတင်းဌာနက ဆိုပါတယ်။ဘိုလာဗင် တိုင်ဖုန်းမုန်တိုင်းဟာ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံနဲ့ တရုတ်နိုင်ငံရဲ့ ဒေသတချို့ ကို ဖြတ်ပြီးတော့ မြောက်ကိုရီးယား ကမ်းရိုးတန်းကို ပြီးခဲ့တဲ့ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေမှာဝင်ရောက်တိုက်ခတ်သွားတာပါ။

သစ်ပင်တွေ အမြစ်ကနေ ကျွတ်ထွက်နေပုံတွေ၊ အဆောက်အဦ ခေါင်မိုးတွေ လန်နေတဲ့ပုံတွေ၊ လျှပ်စစ်ပါဝါလိုင်းတွေ ပြတ်တောက်နေတဲ့ဗီဒီယိုရိုက်ကူးထားတဲ့ပုံတွေကိုလည်းရုပ်မြင်သံကြားကနေပြသနေပါတယ်

VOA (မြန်မာပိုင်း)

စာရင်းစစ်ချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ရာထူးတွေအတွက် အမည်တင်သွင်း

Posted by drmyochit Tuesday, September 04, 2012, under | No comments



မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ အားကောင်း လာစေဖို့ဆိုတဲ့ ရည်ရွယ်နဲ့ မကြာသေးခင် ရက်ပိုင်းက စလို့ ၀န်ကြီးနေရာ အပြောင်းအရွှေ့တွေ လုပ်ဆောင်လာတာမှာ ဒီကနေ့ လည်း ၀န်ကြီးနေရာတချို့ ပြောင်းရွှေ့ခန့်အပ်မှုနဲ့ ပတ်သက်ပြီး သမ္မတရုံး ကနေ ပြည် ထောင်စု လွှတ်တော် နာယကဆီကို သ၀ဏ်လွှာ ၂ စောင် ပေးပို့ခဲ့ပါတယ်။ ဒီသ၀ဏ်လွှာအရ  ကာကွယ်ရေး ၀န်ကြီးဌာ န ပြည်ထောင်စု ၀န်ကြီး နေရာ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်နေရာနဲ့ စစ်ဘက်ဆိုင်ရာ တာဝန်တွေအတွက် သမ္မတက ရွေးချယ်ခဲ့တဲ့သူတွေအနေနဲ့ပတ်သက်ပြီး မနက်ဖြန် အင်္ဂါနေ့မှာ ပြည်ထောင်စု လွှတ်တော် က ဆွေးနွေး အတည်ပြုပေးရမှာ ဖြစ်ပါတယ်။ အသေးစိတ်ကို မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။ သမ္မတဦးသိန်းစိန်လက်မှတ်နဲ့ စက်တင်ဘာလ သုံးရက်နေ့က ပြည်ထောင်စုလွှတ်တော်နာယကထံ သမ္မတရုံးက ပေးပို့ခဲ့ တဲ့ သ၀ဏ်လွှာ ပထမတစောင်ထဲမှာ  သတ္ထုတွင်းဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးသိန်းထိုက်ကို ပြည်ထောင်စု စာရင်းစစ်ချုပ်အဖြစ် တာဝန်ပေးအပ်တဲ့ အပေါ်မှာနဲ့ ကာကွယ်ရေးဝန်ကြီးဌာ န စစ်ထောက်ချုပ် ဒုဗိုလ်ချုပ်ကြီးဝေလွင်ကို ကာကွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးအပ်တဲ့အပေါ် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်တွေ ဆီက သဘောတူညီချက်ရယူပြီး အတည်ပြုပေးဖို့အတွက် ဖော်ပြထားတာပါ။

အရင်က ဒီ ပြည်ထောင်စု စာရင်းစစ်ချုပ်တာဝန်ကို ဦးလွန်းမောင်က တာဝန်ယူထားတာဖြစ်ပြီး မကြာသေး ခင်က သူ နုတ်ထွက်ခဲ့တဲ့ အတွက် သူ့နေရာမှာ ၀န်ကြီး ဦးသိန်းထိုက်ကို အစားထိုးခန့်အပ်ဖို့ သမ္မတ က ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဒုဗိုလ်ချုပ်ကြီး ဝေလွင်ကို ခန့်အပ်မယ့် ကာကွယ်ရေး ၀န်ကြီးဌာ န ပြည်ထောင်စု ၀န်ကြီးနေရာမှာ ဒုဗိုလ်ချုပ်ကြီး လှမင်းက လက်ရှိ တာဝန်ယူ ထားတာ ဖြစ်ပါတယ်။

ဒုတိယသ၀ဏ်လွှာမှာတော့ လက်ရှိ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တာဝန်ယူထားတဲ့ ဒုဗိုလ်ချုပ်ကြီး လှမင်းကို စစ်ဘက်ဆိုင်ရာကို ပြန်လည်တာဝန်ထမ်းဆောင်ဖို့နဲ့ ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးဖို့ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး RNDP ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးဖေသန်းက အခုလို ပြောပါတယ်။

“သမ္မကြီးကနေ - နဂိုရ်က သတ္ထုတွင်းဝန်ကြီး ဦးသိန်းထိုက်ကို ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် တာဝန်ပေးအပ် လိုပါသဖြင့်.. အဲ့လိုပဲ ပါ ပါ တယ်ခင်ဗျ။ ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက်ကို ရယူရမှာဖြစ်ပါတယ်။ မနက်ဖြန် ပြည်ထောင်စု လွှတ်တော်ကျမှ အတည်ပြုမှာပါ။ ဗိုလ်ချုပ်ကြီးဝေလွင် က ရန်ကုန်တိုင်းမှာလည်း သူ့ကို ခေတ္တခဏ တာဝန် ပေးခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးမြင့်ဆွေ ဒုတိယ သမ္မတဖြစ်မယ်လို့ ထင်ကြေးပေးခဲ့တုန်းက။ အဲ့ဒီနေရာကနေပြီးတော့ ဗိုလ်ချုပ်ကြီးမြင့်ဆွေက ဒုသမ္မတ မဖြစ်လာတော့ ဒုဗိုလ်ချုပ်ကြီးဝေလွင်က ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးနေရာမှာ အစားထိုးပေးလိုက်တာဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး လှမင်းကတော့ နဂိုရ် စစ်ဘက်ဆိုင်ရာ တာဝန်တွေ ပြန်လည်ထမ်းဆောင်မယ် ဆိုပြီး ပြောပါတယ်။ ဒုဗိုလ်ချုပ်ကြီးဝေလွင်ကလည်း ကျနော်တို့ ကြားသိရတာကတော့ တော်တော့ ကို ဖြောင့်မတ်မှန်ကန်တဲ့ စစ်သားကြီး တယောက်လို့ ကျနော်တို့ နားလည်ထားပါတယ်။”

မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်မှာ ရှိနေတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ရည်ရွယ်ချက် နဲ့ ပြီးခဲ့တဲ့ တပတ် သြဂုတ်လ ၂၇ ရက်နေ့ကစပြီး ဆက်တိုက်ဆိုသလို ၀န်ကြီးနေရာတွေအပြောင်းအရွှေ့နဲ့ အစိုးရတာဝန်ရှိသူတချို့ နုတ်ထွက်တဲ့အကြောင်းတွေကို သမ္မတရုံး က ထုတ်ပြန်ကြေညာခဲ့တာပါ။ ဒီလို ပြောင်းရွှေ့ခန့်အပ်ခံရတဲ့ ၀န်ကြီးတွေ စာရင်းမှာ - သမ္မတရုံးဝန်ကြီး လေးနေရာ အပါအ၀င် ပြန်ကြားရေး၊ သမဝါယမ၊ မွေးမြူရေးနဲ့ရေလုပ်ငန်း၊ စက်မှုနဲ့ အာကစား ၀န်ကြီးဌာန ၀န်ကြီးနေရာေ တွကို အပြောင်းအရွှေ့တွေ လုပ်ခဲ့တာပါ။ ဒီလိုပဲ ဒုဝန်ကြီး တာဝန်တွေကိုတော့ ပြည်ထဲရေး၊ စွမ်းအင်၊ ယဉ်ကျေးမှု၊ ဘဏ္ဍာရေးနဲ့ အခွန်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တော၊ ကျန်းမာရေး၊ ဆက်သွယ်ရေး၊ စာတိုက်နဲ့ ကြေးနန်းစတဲ့ ၀န်ကြီးဌာနတွေမှာ အပြောင်းအလဲတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာအစိုးရအဖွဲ့အတွင်း အခုလို ၀န်ကြီးနေရာ အပြောင်းအရွှေ့တွေ ဆက်တိုက် လုပ်ဆောင်လာတဲ့ အပေါ် သမ္မတ ဦးသိန်းစိန်အနေနဲ့ သူ့ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို ပို တွန်းအားပေးပြီး လုပ်နိုင်တော့မှာဖြစ်ပြီး ပြုပြင် ပြောင်းလဲ ရေး လိုလားသူတွေလို့ အများက သတ်မှတ် ထားသူတွေ က နေရာ ပိုရ လာပြီးတော့ ပြုပြင်ပြောင်းလဲရေးကို တင်းခံနေသူတွေလို့ မြင်ကြသူတွေကတော့ တာဝန်က နုတ်ထွက်ရတာ၊ သိပ် မထင်ရှားလှတဲ့ နေရာတွေကို ရောက် ကုန်တာလို့လည်း မြန်မာ့ အရေး လေ့လာသူတွေက မြင်ခဲ့ကြပါတယ်ရှင်။

အမြတ်ခွန်ဥပဒေကို ဝင်ငွေခွန်ဥပဒေဖြင့် စည်းကြပ်တော့မည်

Posted by drmyochit Tuesday, September 04, 2012, under | No comments



ယခင်အမြတ်ခွန်ဥပဒေကို ဝင်ငွေခွန်ဥပဒေဖြင့် ယခုနှစ်မှ စတင် စည်းကြပ်မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။ ဝင်ငွေခွန်အား လစာအပေါ်တွင် ကောက်ခြင်း၊ အသက်မွေးဝမ်းေ ကျာင်းပေါ်တွင် ကောက်ခြင်း၊ စီးပွားရေး လုပ်ငန်းရှင်များ အပေါ် ကောက်ခြင်း၊ ပစ္စည်းများငှားရမ်းခ ရသည့်အပေါ် တွင် ကောက်ခြင်း၊ အစုရှယ်ယာ အမြတ်ရသည့် အပေါ် တွင် ကောက်ခြင်း အစရှိသည်တို့ကို ကောက်သွားမည်ဖြစ်ကြောင်း သိရသည်။ ယခု ပြင်ဆင်သတ် မှတ်လိုက်သည့် လစာဝင်ငွေအပေါ် ကောက်မည့်အခွန်နှုန်းမှာ ငါးသိန်းအထိကို ၁ ရာခိုင်နှုန်းဖြစ်ပြီး၊ သိန်း ၂၀၀ အထက်ကို ၂၀ ရာခိုင်နှုန်း သမဝါယမလုပ်ငန်း၊ စီးပွားရေးလုပ်ငန်းများ အပေါ် ကောက်မည့် အခွန်နှုန်းထားမှာ ယခုငါးသိန်းအထိကို နှစ်ရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀၀ အထိကို ၂၅ ရာခိုင်နှုန်း တို့ဖြစ်ကြောင်း သိရသည်။ “အခွန်ကင်းလွတ်ခွင့် ရတဲ့ဟာတွေလဲ ရှိပါတယ်။ ဘာသာရေး အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းတွေအပေါ်မှာ အခွန်ကင်းလွတ်ခွင့် ရှိတယ်။ ဒေသဆိုင်ရာအဖွဲ့ရဲ့ ဝင်ငွေမှာ အခွန်ကင်း လွတ်ခွင့်ရှိတယ်၊ ငွေစုဘဏ်တွေမှာ စုဆောင်းငွေပေါ်မှာ ရတဲ့အပေါ် အခွန်ကင်း လွတ်ခွင့်ရှိတယ်။ ဒါပေမယ့် နည်းဥပဒေနဲ့ ပြဋ္ဌာန်းရတဲ့ ငွေတစ်ရပ်ရပ်စုတာ ဖြစ်တဲ့အတွက် အစိုးရငွေစုဘဏ်မှာ ရတဲ့အတိုးကိုပဲ ပြောတာဖြစ်တယ်။ ပုဂ္ဂလိကဘဏ်ကရတဲ့ အတိုးအပေါ်မှာ အခွန်ကင်းလွတ်ခွင့် မရှိပါဘူး။ ပင်စင်၊ သေဆုံး (သို့မဟုတ်) ဒဏ်ရာရရှိတဲ့ လျော်ကြေး၊ အာမခံလျော်ကြေး၊ အဖန်တလဲလဲ မဟုတ်ဘဲ တစ်ခါတစ်ရံရရှိတဲ့ ငွေတွေက အခွန်ကင်းလွတ်ခွင့် ရှိတယ်” ဟု လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောသည်။ ယခင် အမြတ်ခွန်ဥပဒေကို ၁၉၇၆ ခုနှစ်မှစပြီး ပြဋ္ဌာန်းခဲ့ကာ အခွန်ကင်းလွတ်ခွင့် တစ်နှစ်လုံးကို ကျပ် ၈၀၀၀ ပေးထားခြင်း၊ ၁၉၈၉ ခုနှစ်တွင် တစ်နှစ်လုံးကို ကျပ် ၁၀၀၀၀ အထိ ကင်းလွတ်ခွင့်ပေးပြီး ၁၀၀၀၁ ကျပ်မှ စည်းကြပ်ခဲ့ကြောင်း သိရသည်။ “အဲဒီ ၁၉၈၉ တုန်းက ပြင်ခဲ့တဲ့ဟာတွေက မနှစ်ကအထိ ဒီအတိုင်းပဲ ဖြစ်တယ်။ မနှစ်ကအထိ ဒီနှုန်းအတိုင်းပဲ စည်းကြပ်ခဲ့တာ ဖြစ်တဲ့အတွက် သုံးသိန်းကျော်တာနဲ့ ၅၀ ရာခိုင်နှုန်းဆိုတော့ ငွေကြေးဖောင်းပွမှုနှုန်း အနေနဲ့က မလျော်ညီတော့ဘူး၊ ဘယ်သူမှ ပေးဆောင်ချင်တဲ့ အခွန်နှုန်းတွေ မဟုတ်တော့ဘူး။ ပွင့်လင်းလာ တဲ့ခေတ်မှာ အားလုံးလိုက်နာနိုင်အောင် ဆောင်ရွက်နိုင်အောင် အခွန်နှုန်းထားတွေ ပြောင်းလဲခဲ့ တာ ဖြစ်တယ်” ဟု လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောသည်။ တစ်နှစ်လုံးတွင် လုပ်ခဲ့သည့် အကျိုးအမြတ်ကို နှစ်ကုန်မှသာ သိရှိမည် ဖြစ်သည့်အတွက် ယင်းတစ်နှစ်လုံးသုံးသည့် လုပ်ငန်းအပေါ်တွင် စည်းကြပ်မည်ဖြစ်ကြောင်း၊ ယခုနှစ် စည်းကြပ်မည့်နှုန်းမှာ နှုန်းဟောင်းနှင့်ဖြစ်ပြီး ယခုနှစ်တွင် လုပ်မည့်ကိစ္စကို လာမည့်နှစ်တွင် နှုန်းအသစ်ဖြင့် စည်းကြပ်မည် ဖြစ်သည့်အတွက် ဝင်ငွေကြော်ငြာစာ တင်ရမည့်အချိန်နှင့် စည်းကြပ်ရမည့် အချိန်များဖြစ်ကြောင်း သိရသည်။ ယခု အခွန်ထမ်း လုပ်ငန်းရှင်များသည် မိမိလုပ်ငန်း၏ ဝန်ထမ်းများအပေါ်တွင် ဖြတ်တောက်ပေးသွင်းရမည့် တာဝန်ရှိသည့်အတွက် လစဉ်ဖြတ်တောက် ပေးသွင်းပြီး ဘဏ္ဍာနှစ်မကုန်မီမှာ အပိုအလို ပြန်ညှိနှိုင်းပြီး အတိုးအလျှော့ ပြုလုပ်နိုင်ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

တောင်ပိုင်း ဝ တပ် လုံခြုံရေးတင်းကျပ် ဒေသခံများအခက်တွေ့

Posted by drmyochit Tuesday, September 04, 2012, under | No comments


UWSA တောင်ပိုင်း ဝ တပ်ဖွဲ့ အခြေချလှုပ်ရှားသည့် သျှမ်းပြည်တောင်ပိုင်း မိုင်းတုံမြို့နယ် အတွင်း၌ ယခင်ကထက် လုံခြုံရေး ချထား ကာ လမ်းသွားလမ်းလာဒေသခံများ စစ်ဆေးသည့်အပြင် ဖမ်းဆီး ချုပ်နှောင်မှု လည်း ရှိနေသည်ဟု နယ်စပ်ရောက် မိုင်းဟန်ဒေသခံ တဦးက ပြောပါသည်။“နားကောင်းမူး နဲ့ မိုင်းတုံကြားက မိုင်းဟန်ရွာမှာ သုံးနေရာေ တာင် စောင့်တယ်။ ၂၇ ရက်နေ့တုန်းက နမ့်ဟန် ချောင်း ဆင်းတဲ့ ဒေသခံတဦးကို ဖမ်းသွားသေးတယ်။ အခု လယ်ဆင်းဖို့ သွားလာဖို့ ဆိုလဲ သူတို့စစ်ဆေး ဖမ်းဆီးမှာကို စိုးရိမ် လို့ သိပ်အသွားအလာမလုပ်ရဲဘူး။ မိုင်းဟန်အပြင် နားပါကောဝ်မှာလဲ စောင့်တယ်။” - ဟု နားကောင်းမူးဒေသခံ တဦးက ပြော ပါသည်။
သံလွင်အရှေ့ခြမ်း ပုံပါကျင်မြို့နယ်ခွဲ မိုင်းဟန် ကျေးရွာအတွင်း၌ နံနက်ခြောက်နာရီမှာ ညနေမိုးချုပ်သည့် အထိ တောင် ပိုင်း ဝ တပ်ဖွဲ့ အုပ်စုခွဲ၍ သုံးနေရာ ချကာ လမ်းသွားလာသူများအား ခေါ်ယူစစ်ဆေးကြောင်း၊ မသင်္ကာသူများလည်း ဖမ်းဆီးချုပ်နှောင်ပြီး မိုင်းဆတ်မြို့တောင်ဘက်ရှိ ဝမ့်ဟုန့်ဌာနချုပ် ပို့ဆောင်ကြောင်း၊ ထို့အတွက်ကြောင့်ဒေသခံများ ဖြတ် သန်းသွား လာခြင်းမပြုရဲ ကြောင်း၊ သျှမ်းစစ်သားဆံပင်ပုံရှိသူများ ကိုပါမကျန် ဖမ်းဆီး ကြသဖြင့် လူငယ်များ လည်း သွားလာနေထိုင်မှု လွတ်လပ်မှုမရှိကြောင်း၊ ဝမ်းရေးအတွက် လယ်၊ ယာဆင်းရန် အခက်အခဲဖြစ်နေ ကြောင်း မိုင်းဟန် ဒေသခံများက ပြောကြားပါ သည်။

“ ဝ တွေလုံခြုံရေးတိုးချပြီးနောက်ပိုင်း မြို့ထဲမှာ နေ့စားအလုပ်လာလုပ်တဲ့ ဝ လူထုလဲ မြို့ထဲမဆင်းတော့ဘူး။ လမ်းမှာ ဖြတ်သန်းသွား လာ သူတိုင်းကို ခေါ် ယူစစ်ဆေးတယ်။ ဆံပင်နီဆိုးထားတဲ့ လူငယ်တော်တော်များများ အနက်ပြန်သွားဆိုးကြရတယ်။ မသင်္ကာရင်ဖမ်းတယ်။ သူတို့ဖမ်းသွားတဲ့ မိုင်းဟန်ဒေသခံ စိုင်းအူကို အဲဒီနေ့မှာဘဲ ပြန်လွတ်ပေး တယ်။ အခု တရုတ်အမျိုးသား တဦး ကျန်နေသေးတယ် မလွှတ်ပေးသေးဘူးလို့ ကြားတယ်” - ဟု ပုံပါကျင် ဒေသခံတဦးက ပြောပါသည်။

ဩဂတ်စ် ၂၇ ရက်နေ့ နမ့်ဟန်ချောင်းဘေး ဟင်းသီးဟင်းရွက်ထွက်ရှာသည့် စိုင်းအူအား ဆာလာအိတ်ဖြင့် ခေါင်းစွပ်၊ လက်ထိပ်ခတ်ပြီး ဖမ်းဆီးသွားကြောင်း၊ အထက်အမိန့်အရ ဖမ်းဆီးရခြင်းဖြစ်ကြောင်း၊ စစ်ဖက် လုံခြုံရေး နှင့် ရပ်မိရပ်ဖ တို့၏ လိုက်လံပြောဆိုပေးမှုကြောင့် ဘတ်ငွေ၆၀၀၀ ဖြင့် အာမခံပေးမှသာ အဆိုပါနေ့ ညပိုင်း၌ ပြန်လွှတ်ပေးခဲ့ကြောင်း မိသားစု နှင့် နီးစပ်သူတဦးက ပြောပါသည်။

တောင်ပိုင်း ဝ တပ်ဖွဲ့၊ ဝ လူထု နှင့် ဒေသခံ သျှမ်းမိသားစုများ ဆက်ဆံရေး တွင် ပြဿနာ တစုံတရာမရှိကြောင်း၊ သျှမ်းလူငယ်များ ၀ အမျိုးသမီးများနှင့်အိမ်ထောင်ပြုသကဲ့သို့၊ ဝ အမျိုးသားများ လည်း ဒေသခံအမျိုးသမီး တို့နှင့်အိမ်ထောင်ပြုကြကြောင်း ပုံပါကျင်ဒေသခံ တဦးက ပြောပါသည်။

“အများအားဖြင့်တော့ ၀ လူထုက မြို့ထဲဆင်းရင် တစ်ရက်ဘတ် ၁၅၀ နဲ့ အငှားလုပ်သားလာလုပ်တယ်။ တင်းမာမှု ဖြစ်လာ တဲ့ နောက်ပိုင်း အလုပ် လာမလုပ်ကြတော့ဘူး။” ဟု ၎င်းကဆက်လက်ပြောပြသည်။

သျှမ်းပြည်တပ်မတော် နှင့် တောင်ပိုင်း ဝ တပ်ဖွဲ့တို့ သျှမ်းပြည်တပ်မတော်၏ ဒုက္ခသည်အရေးကြောင့် တင်း မာမှုရှိခဲ့ သည့် နောက်ပိုင်း ယခုကဲ့သို့ ဝ တပ်ဖွဲ့ လုံခြုံရေးတင်းကျပ်လာခြင်းဖြစ်ကြောင်း ဒေသခံအကြီးအကဲ များကပြောကြား ပါသည်။


ဒေါက်တာဘွဲ့၊ ရာထူးတိုးမြှင့်ရေးနှင့် ကျောင်းအုပ်ပြဿနာ

Posted by drmyochit Tuesday, September 04, 2012, under | No comments



လွန်ခဲ့သောဆယ်စုနှစ်တွင် တိုင်းပြည် အုပ်ချုပ် မင်းလုပ်သူတို့က ပြည်တွင်း၌ ပညာတတ်များစွာကို တက်သုတ်ရိုက် မွေးထုတ်ခဲ့သည်။ ထို့ကြောင့် ကမ္ဘာ၌ ပင် မရှိဖူးသေးသော တစ်ရက်တည်းနှင့် ပီအိပ်ခ်ျဒီ ဒေါက်တာဘွဲ့ အယောက် ၂၀ နီးပါးကို ဌာနတစ်ခုတည်းမှ ပေး အပ်ခဲ့သည်အထိ ရှိခဲ့သည်။

နောက်ဆက်တွဲ ပြဿနာများက ပိုဆိုးသည်။ သူတို့ချီးမြှင့် ခဲ့သော ပြည်တွင်းဒေါက်တာများကို လူရာ ၀င်ရေးအတွက် ဒေါက်တာဘွဲ့ ဘယ်ကရရ ရာထူးတိုးသည်။ အဆိုပါ ဒေါက်တာဘွဲ့ရများကို သင်ပေးခဲ့သော မဟာဘွဲ့ရ တက္ကသိုလ် ဆရာကြီး၊ ဆရာမ ကြီးများမှာ အဆိုပါ ခါတော်မီ ဒေါက်တာ များအောက်တွင် အမှုထမ်းရသည့်ဘ၀ ရောက်သွားခဲ့သည်။
ဒေါက်တာဘွဲ့ ရမှသာ တွဲဖက်ပါမောက္ခနှင့် အထက် ရာထူးများပေးရန် သတ်မှတ်လိုက်သဖြင့် ဆရာကြီး၊ ဆရာမကြီးများမှာ ကထိက ရာထူးဖြင့် ဘ၀ဇာတ်သိမ်းကြရလေတော့သည်။ တစ်ဖန် ထိုမှတစ်ဆင့်တက်ကာ အဆိုပါဒေါက်တာများကို အခြေခံပညာ အထက်တန်း ကျောင်းများ၌ ကျောင်းအုပ်များအဖြစ် ခန့်လိုက်ပြန်သည်။
တက္ကသိုလ်များ၌ နေရာပြည့်သွား၍ ထင်သည်။ ကျောင်းအုပ်ဆိုသည့် အုပ်ချုပ်ရေးရာထူးအတွက် ဒေါက်တာ ဘွဲ့နှင့် သမ္ဘာရှိမှု၊ အစဉ် အလာရှိမှု၊ ဂုဏ် သိက္ခာရှိမှု မည်သည်ကပိုအရေးကြီး သည်ကို သဘောမပေါက် သည်လော၊သို့ တည်းမဟုတ် အရှင်မွေးလျှင် နေ့ချင်း ကြီး ရမည်ကို သက်သေပြလိုသည်လောတော့ မသိ။
ပြည်တွင်းဖြစ် ဒေါက်တာဘွဲ့ ရသည်မှလွဲ၍ အုပ်ချုပ်ရေးအတွေ့ အကြုံမရှိသေးသော အဆိုပါ ပညာတတ် ပေါက်စများကို အခြေခံ အထက်တန်းကျောင်းများသို့ ကျောင်းအုပ်ကြီးများအဖြစ် ရာထူးမြှင့်တင်ပေးခဲ့ပြန်သည်။ သို့ဖြင့် မြန်မာပြည်ရှိ နာမည်ကြီး ကျောင်းများ ၌ အဆိုပါသူတို့မှာ ကျောင်းအုပ်ကြီးဟူသော အဆောင်အယောင်ဖြင့် တစ်သက်လုံး အဆိုပါ ကျောင်းများ၌ သင်ကြားပို့ချခဲ့သည့် ဆရာကြီး၊ ဆရာမကြီးများအပေါ်တွင် ရောက်လာခဲ့သည်။
ထိုသူများ၏ အုပ်ချုပ်ရေးကို နိုင်နင်းအောင် ဆောင်ရွက်နိုင်သည် မဆောင်ရွက်နိုင်သည်ကို တာဝန်ရှိသူများ မသိသော်လည်း (မသိ ယောင်ဆောင်ခြင်းလည်း ဖြစ်နိုင်သည်) မိဘများ၊ ဆရာ၊ ဆရာမကြီး များ နှင့် ကျောင်းသား ကျောင်းသူအားလုံးကတော့ သိနေကြ သည်။ နာမည်ကြီး ကျောင်းတစ်ကျောင်း၌ ပထမရောက်လာသော ခါတော်မီ ဒေါက်တာဘွဲ့ရ ကျောင်းအုပ်တစ်ဦးမှာ လူမှုရေးကိစ္စဖြင့် အရာမှဖယ်ရှားခံ လိုက်ရသည်။ ဒုတိယ တစ်ယောက်သည်လည်း အဆိုပါကိစ္စမျိုးဖြင့် ကျောင်းအုပ်ရာထူးမှ ဖယ်ရှားခံရပြီး တက္ကသိုလ် ပြန်ရောက်သွားသည်။
ထို့နောက်တွင် အမျိုးသားကျောင်း အုပ်များအစား ဒေါက်တာဘွဲ့ရ အမျိုးသမီးကျောင်းအုပ် ကို စေလွှတ်လိုက်ပြန်သည်။ သူကလည်း ရှေ့ကလူများနှင့် မတူ အစွမ်းပြသည်မှာ ၁၀ တန်းအောင်၍ ဆရာ ဆရာမများကို လာကန်တော့သော ကျောင်းသား ကျောင်းသူများ ကို နင်တို့နဲ့ ဒီကျောင်း ဘာမှမဆိုင်တော့ဟုဆိုကာ ကျောင်းအတွင်း ၀င်ခွင့်မပြုရုံမျှမက ဆရာကြီး၊ ဆရာမကြီးများကိုလည်း ဒီလောက် အကန်တော့ခံချင်လျှင် ကျောင်းအပြင် လမ်းပေါ်တွင် လိုက်အကန်တော့ခံဟု ပြောရဲ သည်အထိ မောက်မာလွန်းလှသည်။
လွန်ခဲ့သည့်နှစ်ပေါင်း ၇၃ နှစ် (၁၉၃၉ ခုနှစ်)က ဆရာသိပ္ပံမောင်ဝက ကျောင်းထားသည်ဆိုရာဝယ် စာတတ်ရန် လိုရင်း၊ အမြော်အမြင် တိုးပွားရန် လိုရင်း၊ လိမ္မာရေးခြား ရှိရန်လိုရင်းဟု ရေးခဲ့ဖူးသည်။ ယခုမူ အခြေခံပညာကျောင်းများကို အုပ်ချုပ် မင်းလုပ်နေသည့် အဆိုပါ ဒေါက်တာဘွဲ့ရဆိုသူများသည် သူငယ်တန်းမှ ၁၀ တန်းအထိ ကလေးများကို ပညာတတ်ရန်၊ အမြော်အမြင်တိုးပွားရန်၊ လိမ္မာ ရေးခြားရှိရန် ကိုယ်တိုင်က စံနမူနာပြဖြင့် ဆိုဆုံးမအုပ်ချုပ်နိုင်သည့် အရည်အချင်းရှိပါ၏လော။
ကျောင်း အသီးအသီးမှ ကျောင်းသားမိဘများကို ကျောင်းအုပ်ဆရာ၊ ဆရာမများ အရည် အချင်းပြည့်မီသည် ဟု ထင်သည်၊ မထင်ပါ။ မေးခွန်းနှစ်ခုသာ ဖြည့်ခိုင်းကြည့်ပါ။ အဖြေမှန် ထွက်လာပါလိမ့်မည်။ ကလေးများသည် နောင်တစ်ချိန်ဝယ် နိုင်ငံ၏ အနာဂတ် ပင်ဖြစ် သည်။
သို့သော် အဆိုပါ နာမည်ကြီးဒေါက်တာဘွဲ့ရများ အုပ်ချုပ်နေသော ကျောင်းများ၌ ကလေးများသည် မူးယစ်ဆေးစွဲခြင်း၊ မလျော်မကန် ကျင့်ကြံခြင်းများ ဖြစ်ပွားပြီး ကျောင်းမှထုတ်ပယ်နေရသည်မှာ အဆိုပါကလေးများနှင့် သူတို့၏ မိဘများ အတွက်သာမက နိုင်ငံ အတွက်ပါ နစ်နာလှသည်။ အုပ်ချုပ်ရေးပညာနှင့် စာတတ်ခြင်းသည် သီးခြားဖြစ်သည်။ ဆေးရုံများ၌ ဆေးကုသသည့် သမားတော် များ၊ ပါရဂူ များသည် ဘွဲ့တွေတသီကြီးရသော်လည်း ဆေးရုံအုပ်ကြီးရာထူး ရယူထားသူများမှာ အခြေခံ အမ်ဘီဘီအက်စ်ဘွဲ့သာ ရှိသော၊ လုပ်သက်တစ်လျှောက်လုံး အုပ်ချုပ်ရေးပိုင်းတွင် တာဝန်ယူခဲ့သော သူများသာဖြစ်သည်ကို သတိမူသင့်သည်။
ကျောင်းအုပ်ဆိုသည်မှာ ဆရာ များကရော၊ မိဘများကရော၊ ကလေး များကပါ စံနမူနာပြ လေးစားထိုက် သူများ၊ တစ်နည်းပြောရ သော် အခြေခံကျောင်းများ၌ စာသင်ကြားခဲ့သူများ ကလေးများအကြောင်း က မှ အ ထိ သိနေ သူများ၊ အုပ်ချုပ်ရေးတာဝန်ကို အဆင့် ဆင့် ရယူထားသူများသာ ဖြစ်သင့်သည်။ ပညာရေးစနစ်ကိုယ်တိုင်က မတည်ငြိမ်သော ယခုလိုကာလမျိုး၊ အပျော်အပါးများသော ယနေ့လို ကာလမျိုးတွင် ကလေးများ လမ်းလွဲမရောက်ရန် ကြီးကြပ်အုပ်ချုပ်ရမည့်သူသည် စံနမူနာ ယူထိုက်သူသာ ဖြစ်သင့်သည်။
ကျောင်း ၀င်ခွင့်နေရာကို ငွေကြေးနှင့်လဲလှယ်နေသူ၊ ကိုယ်ကျင့်တရားမကောင်းသူများကို အဆိုပါနေရာများ တွင် ခန့်ထားခြင်းဖြင့် နိုင်ငံ၏ အနာဂတ်အတွက် ဆိုးကျိုးများသာ ဖြစ်ပေါ် လာမည်ဖြစ်သည်။ ပြည်သူတို့မှ ရွေးချယ် တင်မြှောက်ထားသော လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့်လည်း လွှတ်တော်အတွင်း ယခုကိစ္စကို အရေးကြီးကိစ္စတစ်ခု အဖြစ် ဆွေးနွေးအဖြေရှာ သင့်ချိန် ရောက်နေ ပြီဖြစ်သည်။
တစ်ချိန်က လူ တစ်ဦးတစ်ယောက်က ဤဘွဲ့ရှိမှ ရာထူးပေး၊ ဤဘွဲ့ရှိသူများကို အခြေခံ ပညာ ကျောင်းများတွင် ကျောင်းအုပ်ခန့်ဟု တစ်ချက်လွှတ်သတ်မှတ်ခဲ့သည်များကို ယခုအချိန် တွင် ပြန်လည်သုံးသပ်အဖြေ ရှာချိန် ရောက်နေပြီဖြစ်သည်။ ယခုအခါ အခြေခံ ပညာကျောင်းသားများ အနေဖြင့် သပိတ်မှောက်ခြင်းနှင့် သဏ္ဌာန်တူသော ဆန့်ကျင်မှုများကို စတင် လုပ်ဆောင်လာနေကြပြီဖြစ် သည်။
အနီးဆုံးဥပမာပြရလျှင် နာမည်ကြီးကျောင်းတစ်ကျောင်းမှ ကျောင်းသားကျောင်းသူများက အချစ်ဆုံး၊ အတော်ဆုံးဟု သတ်မှတ်ထား သော ဆရာမကြီးနှစ်ဦးကို ကျူရှင်သင်သည်ဟု အကြောင်းပြ ကာ ကျောင်းပြောင်းရွှေ့လိုက်ခြင်း အတွက် ကျောင်းသားကျောင်းသူ များက ကျောင်း၏အမိန့်ကို သူတို့တတ်နိုင်သည့်နည်းဖြင့် မကျေနပ်ကြောင်း ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်သည်။
အစိုးရ၀န်ထမ်း ဆရာဝန်များပင်လျှင် ပြင်ပတွင် ဆေးခန်းထိုင်ခွင့်ရနေသော ယခုကာလ၀ယ် ကျူရှင်မသင်ဘဲ မည်သည့်ဆရာသည် ဘ၀ကိုရပ်တည်နေနိုင်ပါမည်နည်း။ နှစ်ဖက်မျှတစွာ စဉ်းစားရန် လိုသည်။ ရေဘူးပေါက်တာမလိုချင်၊ ရေပါတာ သာလိုချင်သည် ဟူ သော အယူအဆကြောင့် တိုင်းပြည်သည် သယံဇာတ ပေါကြွယ်ဝပါလျက်နဲ့ မည်သည့်ဘ၀ ရောက်ခဲ့သည်ကို အားလုံးအသိဖြစ် သည်။
စာရေးသူ၏ သားနှင့်သမီးသည် နာမည်ကြီး ကျောင်းတစ်ကျောင်းတွင် ကျောင်းတက်ခဲ့ပြီး တစ်ယောက်က နည်းပညာတက္ကသိုလ် တက်ကာ၊ တစ်ယောက်က ဆေးကျောင်းတက်ရန် ပြင်ဆင်လျက် ရှိသည်။ သားဖြစ်သူ ကျောင်းတက်စဉ် ၎င်းကျောင်း၏ ကျောင်းအုပ် ဆရာမကြီးမှာ သန္ဓေဟုခေါ် ရမည့် ကျောင်းဆရာမ ဘ၀မှ အဆင့်ဆင့် ရာထူးတက်ခဲ့သူဖြစ်သည်။ သူ့လက်ထက်တွင် ကြီးမားသော ပြဿနာဟူ၍ မကြားခဲ့ဖူးဘဲ ခါတော်မီ ဒေါက်တာများ ကျောင်းအုပ်ဖြစ်မှ ပြဿနာမျိုးစုံ ကြားရတော့သည်။
စာရေးသူ၏ သားသမီး နှစ်ယောက်စလုံးကျောင်းမှ ဆရာဆရာမများထံက ကျူရှင်မယူပါ။ ထိုသို့ မယူသည့်အတွက်ဟုဆိုကာ ငြူစူ စောင်းမြောင်းမျိုးလည်း မရှိခဲ့ပါ။ အမှန်မှာ ပညာရေးစနစ်ကိုသာ အားလုံးယုံကြည်ကိုးစားနိုင်သည့်စနစ် ဖြစ်အောင် အရင်ပြုပြင် ရမည် ဖြစ်ပါသည်။
ပညာရေးဌာနတွင် ရာထူး ခန့်အပ်မှုများကို ပြန်လည်သုံးသပ် သင့်ချိန်လည်း ဖြစ်ပါသည်။ မီဒီယာများက အဖြစ်မှန်ကိုထောက်ပြ နေပါလျက် မည်သို့မှ အရေးယူဆောင် ရွက်ခြင်းမရှိခဲ့လျှင်၊ ထိုအရေးယူဆောင် ရွက်ခြင်းမရှိသည့်အတွက် တစ်ချိန်တွင် ပိုမိုကြီးလေး သော ပြဿနာများ ပေါ်ပေါက်ခဲ့လျှင်၊ နိုင်ငံတော်၏အနာဂတ်ကို အပ်နှံရမည့်ကလေးများ အရည် အသွေးနိမ့်ပါးသွားခဲ့လျှင် ယခု အချိန်တွင် တာဝန်ရှိသူတို့သည် သမိုင်းတရားခံအဖြစ် လက်ညှိုးထိုးခံရမည်မှာ မလွဲဧကန်ပင်ဖြစ်ကြောင်း အသိပေးရေးသား လိုက်ရသည်။

လေကြောင်းရန်ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှု အီရန်ပြုလုပ်မည်

Posted by drmyochit Tuesday, September 04, 2012, under | No comments


အီရန် နိုင်ငံသည် နိုင်ငံ၏ လေကြောင်းရန် ကာကွယ်ရေးစနစ်ကို စမ်းသပ် သည့် အနေဖြင့် စစ်ရေးလေ့ကျင့်မှု တစ်ရပ်ကို ယခုလ နှောင်းပိုင်းတွင် စတင်ပြုလုပ်သွား မည်ဖြစ်ကြောင်း အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့မှ အကြီးအကဲ တစ်ဦးက စက်တင်ဘာ ၂ ရက်တွင် ပြောကြားခဲ့ ကြောင်း သိရသည်။
အဆိုပါ စစ်ရေးလေ့ကျင့် မှုတွင် အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့နှင့် ကြည်းတပ်မှ လေကြောင်းရန် ကာကွယ်ရေး စနစ်အားလုံးကို အသုံးပြု သွားမည်ဖြစ်ပြီး စက်တင်ဘာ ၂၁ ရက်မှ အောက်တို ဘာ ၂၁ ရက်အထိ ပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။ ထို့အပြင် အီရန်၏ တိုက်လေယာဉ်များနှင့် ဗုံးကြဲ လေယာဉ်များ ကိုပါ လေ့ကျင့်ခန်းတွင် အသုံးပြုသွားမည်ဖြစ်ကြောင်းသိရသည်။

လေ့ကျင့်မှုများ အတွက် အီရန် အနောက်မြောက် နယ်စပ်တွင် ရေဒါ၊ ဒုံးကျည်နှင့် အီလက်ထရွန်နစ် တပ်ဖွဲ့များ ချထားပြီး နိုင်ငံအတွင်းရှိ နေရာပေါင်း ၃ဝဝ ကျော်တွင် လက်နက်ပစ္စည်းများ တပ်ဆင်ထားကြောင်း သိရသည်။

အီရန်နိုင်ငံသည် နျူကလီးယား အဆောက်အအုံများ တည်ရှိရာနေ ရာများကို အဓိကထား ကာကွယ်သွား မည်ဖြစ်ပြီး အဆောက် အအုံများ၏ ပတ်ဝန်း ကျင်တွင် တပ်ဖွဲ့များချထားကြောင်း အဆိုပါ အကြီးအကဲက ပြောကြား ခဲ့သည်။ အီရန်နိုင်ငံသည် ၎င်းတို့၏ စစ်ရေးလေ့ကျင့်မှုများကို တစ်နှစ်လျှင်နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် ကျင်းပခဲ့ကြောင်း သိရသည်။

ပလောင် (တအာင်း)ဒေသ၌ ထိုးစစ်ပြင်းထန်နေ

Posted by drmyochit Tuesday, September 04, 2012, under | No comments


 အစိုးရ တပ်ဖွဲ့များသည် ပလောင်ပြည် လွတ်မြောက်ရေး အဖွဲ့ လှုပ်ရှားနေသော ရှမ်းပြည် မြောက်ပိုင်း နမ့်ဆန်မြို့နယ်၊ မန်တုံမြို့ နယ်နှင့် ကွက်ခိုင်မြို့နယ်တို့တွင် အင်အား တထောင်ကျော်ဖြင့် ထိုးစစ်ဆင်နေ သည်ဟု ပလောင်ပြည် လွတ်မြောက်ရေး ပါတီ ဥက္ကဌ မိုင်းအိုက်ဖုန်းက ပြောပါသည်။“အဓိကတော့ ရှမ်းပြည်မြောက်ပိုင်းမှာ ရှိတဲ့ကျနော်တို့နဲ့ ကချင်တပ်တွေ ရှမ်းတပ်ဖွဲ့တွေကို ရှင်းပစ်ဖို့ ထိုးစစ်ဆင်နေတာပါ။ ပြည်သာယာ စစ်ဆင်ရေးလို့ နာမည်ပေးထားပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံက တဆင့် ဒီနာမည်နဲ့ ထိုးစစ် ဆင်နေတာဖြစ်တယ်။ ဒီလို စစ်ဆင်ရေးမျိုးက ကျနော်တို့ အတွက် မဆန်းပါဘူး” ဟု ဆိုပါသည်။

၎င်းဒေသတွင် ကေအိုင်အေ တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၃၄)၊ ပလောင်ပြည်နယ် လွတ်မြောက် ရေးတပ်ဖွဲ့ လက်အောက်ရှိ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် ( TNLA ) မှ တပ်ရင်း (၂၅၁) တပ်ဖွဲ့ နှင့် ရှမ်းပြည်တိုး တက်ရေးပါတီSSPP/SSAမှလှုပ်ရှားတပ်များတည်ရှိသည့်နေရာဖြစ်ပါသည်။
ဤစစ်ဆင်ရေးကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ပြည်သာယာ စစ်ဆင်ရေးဖြင့် ဗျူဟာ (၄) ခုတိုးချဲ့ကာ တပ်ရင်းပေါင်း (၁၆) ရင်း၊ (လူအင်အား ၁၅၀၀) ခန့်ဖြင့် နမ့်ဆန်မြို့နယ်၊ ကွက်ခိုင်မြို့နယ်နှင့် မန်တုံမြို့နယ်သို့ ပြီးခဲ့သည့် သြဂုတ်လဒုတိယပတ်ကပင်ထိုးစစ်ဆင်ခဲ့သည်။

သြဂုတ်လ ၂၈ ရက်နေ့တွင် ပလောင် တီအန်အယ်အေ တပ်ရင်း (၂၅၆) တပ်ဖွဲ့နှင့် ကချင် ကေအိုင်အေ တပ်ရင်း (၃၄) တပ်ဖွဲတို့က ပူးတွဲပြီး ကျောက်မည်မြို့ အခြေစိုက် ခမရ (၅၀၁) တို့နှင့် နမ့်ဆန်ခရိုင် မန်တုံမြို့နယ်တွင် စတင်တိုက်ပွဲ ဖြစ် ပွားခဲ့ပါသည်။

သြဂုတ်လ ၃၀ ရက်နေ့တွင် နမ့်ဆန်မြို့နယ်တွင် နောင်ချိုအခြေစိုက် တပ်ရင်း (၁၁၄) နှင့် ပလောင် တီအန်အယ်အေတပ် ရင်း (၂၅၆) တပ်ခွဲတို့က မိနစ် (၂၀) ခန့် ရင်ဆိုင် တိုက်ပွဲငယ် တစ်ခု ဖြစ်ပွားခဲ့သည်။PNLO_02_war_00912သြဂုတ်လ ၃၁ ရက်နေ့တွင် မန်တုံမြို့နယ် နမ့်ယန်းကျေးရွာနှင့် မန်မောက် ရွာကြား၌ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်တော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် ကေအိုင်အေ တို့ ပူးတွဲကာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခမရ (၅၀၁) အင်အား (၁၀၀) ကျော်တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။“ဒီလိုမျိုး စစ်ရေးနဲ့ ဖိအားပေးပြီးမှ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်တဲ့နည်းဟာ စစ်မှန်သော ငြိမ်းချမ်းရေးကိုရရှိနိုင်မှာ မဟုတ်ကြောင်း” ပလောင် တပ်မှူး တစ်ဦးက ဆိုပါသည်။

နမ်းဆန်မြို့နယ် မန်တုံမြို့နယ်နှင့် ကွက်ခိုင်မြို့နယ်များ၌နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်။ ထိုဒေသသည် ယခင် ပလောင် အမျိုးသား လွတ်မြောက်အဖွဲ့ (PSLA)၏ ဌာနချုပ် နေရာ ဖြစ်သည်။ ၂၀၀၅ ခုနှစ်တွင် အပစ်အခတ် ရပ်စဲခဲ့စဉ် အစိုးရမှ တပ်ဖွဲ့ တခုလုံး အငိုက်ဖမ်းပြီး လက်နက် သိမ်းခဲ့ပါသည်။ ဤအခြေအနေကို မကြေနပ်သော ပလောင်များသည် တအာင်း လွတ်မြောက်ရေး တပ်ဖွဲ့ကို ပြန်လည်ဖွဲ့စည်းကာ ပြန်လည် တိုက်ခိုက်ခဲ့ပါသည်။အစိုးရသည်၊ တခြားသော သွေးစည်းသော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များကို အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးမှုများ ကမ်းလှမ်းခဲ့သော်လည်း ပလောင် လွတ်မြောက်ရေး ပါတီနှင့် ကယန်းပြည်သစ်ပါတီ ကိုမူ ယနေ့အထိ ကမ်းလှမ်းမှုမရှိခဲ့ပေ။

အဆိုပါ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒုက္ခသည်များ ၁၀၀၀ ကျော်ခန့် ရှိသည်ဟု DVB မြန်မာဘာသာ စာမျက်နှာ၌ ဖော်ပြ ထားပါသည်။ အသေးစိတ်ကိုဖတ်ရှူ့နိုင်ပါသည်။

 

တောင်အာရှ နိုင်ငံများနှင့် စစ်ရေးဆိုင်ရာ ဆက်ဆံရေးများ တိုးမြှင့်ရန် တရုတ်ဆန္ဒရှိ

Posted by drmyochit Tuesday, September 04, 2012, under | No comments


 
From:MWD 
တရုတ်နိုင်ငံသည် တောင်အာရှ နိုင်ငံများနှင့် စစ်ရေးဆိုင်ရာ ဆက်ဆံရေး များအား တိုးမြှင့်ရန် ဆန္ဒရှိသည်ဟု တရုတ် ကာကွယ်ရေးဝန်ကြီး လျန်ကွမ် လီက ပြောကြားခဲ့ကြောင်း စက်တင်ဘာ ၂ ရက် အင်တာနက် သတင်းတစ်ရပ်တွင် ဖော်ပြ ထားသည်။
လျန်ကွမ်လီသည် သီရိလင်္ကာနိုင်ငံသို့ ငါးရက်တာ အလည်အပတ် ခရီးစဉ် အတွင်း တရုတ်-သီရိလင်္ကာ နှစ်နိုင်ငံ ကြား ပူးပေါင်း၍ စစ်ဘက်ဆိုင်ရာ ကိစ္စရပ်များ လုပ်ဆောင်ခြင်းသည် ဒေသ တွင်းလုံခြုံရေးနှင့် တည်ငြိမ်မှုရှိရေး အတွက်သာ ရည် ရွယ်ကြောင်းလျန်ကအခိုင်အမာပြောဆိုခဲ့သည်။

လျန်သည် သီရိလင်္ကာ နိုင်ငံသို့ အလည်အပတ် ရောက်ရှိစဉ် အတွင်း သမ္မတ မဟင်ဒါရဂျာ ပက်ဆာနှင့်အတူ အခြားနိုင်ငံ ခေါင်းဆောင်များနှင့် တွေ့ဆုံ ခဲ့သည်။ သီရိလင်္ကာ အစိုးရ သည် နိုင်ငံ အရှေ့ ဘက်နှင့် မြောက်ဘက် ရှိ ဒေသများတွင် စစ်ရေးဆိုင်ရာအခြေခံ အဆောက်အအုံများ တည်ဆောက်ရေး အတွက် တရုတ်နိုင်ငံမှ အကူအညီများ ရရှိရန် ကြိုး ပမ်းလျက် ရှိကြောင်း သိရသည်။

Monday, September 03, 2012

အရွယ်မရောက်သေးသူကလေးသူငယ် ၄၂ဦးကို တပ်မတော် နုတ်ထွက်ခွင့်ပြု

Posted by drmyochit Monday, September 03, 2012, under | No comments


 
From Eleven Media
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အစီအစဉ်ဖြင့် တပ်မတော်အတွင်း ရောက်ရှိနေသည့် အရွယ်မရောက်သေးသူ ကလေးသူငယ် ၄၂ဦး ကို  နုတ်ထွက်ခွင့်ပြုခဲ့ပြီး ၄င်းတို့၏ မိဘများထံသို့ စက်တင်ဘာလ ၃ ရက်နေ့က ရန်ကုန်မြို့ အမှတ်(၁) စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင်  ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့ပြင် နုတ်ထွက်ခွင့်ပြုခဲ့သည့် ကလေးသူငယ်များကို တပ်မတော်မှ နုတ်ထွက်ခွင့်ပြုလက်မှတ်နှင့် နိုင်ငံသား စိစစ်ရေး ကဒ်ပြားများကို တစ်ဦးချင်း ပေးအပ်ခဲ့သည်။
''တပ်မတော်အတွင်း ရောက်နေတဲ့ကလေးသူငယ် ၄၂ ဦးကို နုတ်ထွက်ခွင့်ပြုခဲ့ပြီး မိဘတွေဆီကို တပါတည်း ပြန်လည် အပ်နှံသွားမှာပါ။ ဒီလိုလွှဲပြောင်းပေးရာမှာ နုတ်ထွက်ခွင့်ပြုတဲ့ စာရွက်စာတမ်း အထောက်အထား တွေအပြင် ကလေးတွေရဲ့ ၁၀နှစ်ပြည့်ပြီး (သို့) ၁၈နှစ်ပြည့်ပြီး  မှတ်ပုံတင်တွေကိုလည်း တခါတည်း ပေးသွားမှာပါ'' ဟုကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်တင်မောင်ဝင်းက ပြောကြားခဲ့သည်။ နုတ်ထွက်ခွင့်ပြုခဲ့သည့် တပ်မတော်အတွင်း ရောက်ရှိနေသည့် အရွယ်မရောက်သေးသူ ကလေး သူငယ်များမှာ ပဲခူးတိုင်းဒေသကြီး(အရှေ့)မှသုံးဦး၊ ပဲခူးတိုင်းဒေသကြီး(အနောက်)မှသုံးဦး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)မှတစ်ဦး၊ ရခိုင်ပြည်နယ်မှ ခုနစ်ဦး၊ မကွေးတိုင်းဒေသကြီးမှသုံးဦး၊ ဧရာဝတီတိုင်း ဒေသကြီးမှ ငါးဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ သုံးဦး၊ ကရင်ပြည်နယ်မှ တစ်ဦး၊ ကချင်ပြည်နယ်မှ တစ်ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ ၁၀ဦး ၊ မန္တလေးတိုင်းဒေသကြီးမှ လေးဦးနှင့် ချင်းပြည်နယ်မှ တစ်ဦးတို့ပါဝင်သည်။ 
တပ်မတော်မှ အရွယ်မရောက် သေးသည့်အတွက် နုတ်ထွက်ခွင့်ပေးခဲ့သူ ရခိုင်ပြည်နယ်မှ မောင်အာကာက'' အရှေ့တောင်ပိုင်းစစ်ဌာနချုပ် စစ်မြေပြင် အင်ဂျင်နီယာအသင်း( မော်လမြိုင်)မှာ တာဝန် ထမ်းဆောင်ရတယ်။ ရန်ကုန်မှာ အလုပ်လုပ်နေရင်းနဲ့ အပေါင်းအသင်းတွေမှားပြီးတော့ တပ်ထဲ ၀င်ဖြစ်သွားတာ။ သူတို့တွေဝင်တော့ ကိုယ်လည်း လိုက်ဝင်ဖြစ်သွားတာ။  တပ်ထဲစ၀င်တုန်းက အသက်က ၁၄ နှစ်ပါ။ အခုက ၁၈ နှစ်ထဲမှာပါ။  မိုင်းရှင်းလင်းရေးမှာ တာဝန်ကျပါတယ်။ ရှေ့တန်းတွေလိုက်ရတယ်။ မိုင်းတွေ လိုက်ရှင်းပေးရတယ်။ အခမ်းအနားတွေမှာ လိုက်ပြီး မိုင်းရှင်းပေးရတယ်။ မော်လမြိုင်မှာ မြ၀တီရှေ့တန်း၊ ဘုရားသုံးဆူတို့ နယ်စပ်တို့ဘက်ကို သွားရတယ်။ ခုလိုလွတ်လာတာ အရမ်းဝမ်းသာပါတယ်။ ကျွန်တော့်လိုမျိုး နောက်လူတွေ မမှားရအောင်လည်း ပြောပြချင်တယ်။ ရခိုင်မှာရှိတဲ့မိဘတွေက မွေးစာရင်းတွေ အိမ်ထောင်စုဇယားတွေပြပြီး ထွက်ခွင့်တောင်းတာပါ။ ခုတော့ ကျောင်းပြန်တတ်ပြီး လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ဆက်လုပ်သွားဖို့ ရှိပါတယ်။ အတန်းပညာကတော့ ၉ တန်းအောင်ပြီးသားပါ''ဟု ပြောပြခဲ့သည်။ ထို့အပြင် အဆိုပါ ကလေးငယ်များနှင့် မိဘများကို CTFMR နှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနတို့ စီစဉ်သည့် ကြားကာလပြုစုစောင့်ရှောက်ရေးစခန်းသို့ ပို့ဆောင်ပေးခဲ့ပြီး ထိုစခန်းတွင် မိဘများနှင့် အဆက်အ သွယ်မရရှိသေးပါက ဆက်သွယ်ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးဆေးဝါး ကုသရန် လိုအပ်မှု ရှိ မရှိ စစ်ဆေးပေးခြင်းနှင့် လိုအပ်သလို ကုသမှုပေးခြင်း၊ ကျောင်းပြန်တက်ရန် ဆန္ဒရှိပါက ကျောင်းပြန်တက်ရန်၊ ကျောင်းပြင်ပ ပညာသင်ကြားရန်၊ အလုပ်လုပ်ကိုင်ရန် ဆန္ဒရှိပါက မျှတသော အလုပ်အကိုင်ရရှိနိုင်ရန် စသည်တို့ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဗိုလ်ချုပ်တင်မောင်ဝင်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၌ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရန် ရည်ရွယ်ချက်ဖြင့် လုပ်ငန်းစီမံချက်ကို UN CTFMR  နှင့် ၂၀၁၂ ခုနှစ် ဇွန်လ၂၇ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြောင်းနှင့် ယင်းလုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်ရန် အ သေးစိတ် လုပ်ငန်းအစီအစဉ်များကို ရေးဆွဲသဘောတူပြီးဖြစ်ရာ ၁၈လအတွင်း တပ်မတော်အတွင်း၌ အရွယ်မရောက်သေးသူ ကလေးသူငယ်စစ်သည် လုံးဝမကျန်ရှိစေရန် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်တင်မောင်ဝင်းက ဆက်လက်ပြောကြားခဲ့သည်။ တပ်မတော်အနေဖြင့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား လုံးဝစုဆောင်းခြင်း မပြုရန်နှင့် အကြောင်းအမျိုးမျိုးဖြင့် မှားယွင်း စုဆောင်းခဲ့သူများ ရှိပါကလည်း အမြန်ဆုံး ထွက်ခွင့်ပြုရန် စိ စစ်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ ၂၀၀၄ခုနှစ်မှစ၍ လက်ရှိအချိန်အထိ တပ်ရင်း တပ်စခန်း အသီးသီးတွင် ရောက်ရှိနေသည့် အရွယ်မရောက်သေးသူ ကလေးသူငယ်၆၀၀ ကျော်ကို စစ်မှုထမ်းခြင်းမှ နုတ်ထွက်ခွင့် ပေးခဲ့ပြီးဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးကြီးမောင်မောင်ရှင်က သြဂုတ်လ၂၂ရက်နေ့က  ဒညင်းကုန်းစစ်သားစုဆောင်းရေး၌ ကျင်းပခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။ စစ်သားစုဆောင်း ရာတွင် တပ်မတော်ဥပဒေ စည်းမျဉ်းစည်း ကမ်းများနှင့်အညီ စုဆောင်းခြင်း မပြုသည့် အရာရှိနှင့် အခြားအဆင့် ၂၀၁ဦးကို အရေးယူမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်းက ဇွန်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် အရွယ်မရောက် ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအစီအစဉ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။

ABSDF ကျောင်းသားတွေ ဘာလုပ်ခဲ့ကြသလဲ

Posted by drmyochit Monday, September 03, 2012, under | No comments

 
"မျိုးဝင်းကသူ့ ဒေါသတွေကို ထုတ်ပြပါတော့တယ်။ မင်းလက်ရှေ့ ထုတ်လိုက်စမ်း။ မင်းလက်ရှေ့ ထုတ်လိုက်စမ်း။ ချိုကြီးကဒီအမိန့် ကိုဂရုမစိုက်ဘူး။ အစောင့်တွေရိုက်နှက်ထားတာ လည်း မွနေပြီ။ ငါအမိန့် ပေးနေတယ်။ ခု မင်းလက်ရှေ့ ဆန့် လိုက်စမ်း။ ချိုကြီး သူ့ ဘယ်ဖက်လက်ရှေ့ ဆန့် ထုတ်လိုက်တော့  မျိုးဝင်းက သူ့ ဓားနဲ့  လက်ကောက်ဝတ်က ခုတ်ဖြတ် လိုက်ပါတယ်။ ပြီးတော့ လက်ပြတ်ကို ဓားဦးနဲ့ ထိုးပြီး မြှောက်လိုက်တယ်။ ထွန်းအောင်ကျော် ကိုက်ထားစမ်း။ အဲဒီသွေးတွေမျိုချ။ အေး။ ငါ -ိုး။ ထွေးမထုတ် နဲ့ ။ ထွေးထုတ်ပစ်တာနဲ့  မင်းဇက်အပြတ်ပဲ။ ကဲ။အကုန် ထောင်ထဲပြန်ပို့ လိုက်။ ချိုကြီးကိုဆေးခန်းပို့ လိုက်။ ငါသူ့ ကို သွေး လွန်ပြီးမသေစေချင်သေးဘူး။ အကုန်လုံးကို ခေါင်းဖြတ်သတ်ပစ်ဖို့ ဆန္ဒရှိတယ်။"

အာဏာပိုင်များခွင့် မပြုေ သ်ာလည်း မန္တေ လးတွင် ဆန္ဒေ ဖ်ာထု တ်နေ

Posted by drmyochit Monday, September 03, 2012, under | No comments

 
နိုင်ငံတော်သမ္မတအား ထောက်ခံပြီး၊ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ကင်တားနားအား ကန့်ကွက်သည့် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲအဖြစ် မန္တလေးမြို့တွင် ဒုတိယနေ့ ဆက်လက်ပြုလုပ်မည့် ချမ်းအေးသာစံမြို့နယ် ဆန္ဒပြပွဲသည် အာဏာပိုင်များက တားဆီးမှုများ ပြုလုပ်သော်လည်း ယခုစတင်၍ ဆန္ဒ ထုတ်ဖော် နေပြီ ဖြစ်ကြောင်း မန္တလေးမြို့ရှိ 7Day News သတင်းထောက်က သတင်းပေးပို့သည်။ ယခင် ခွင့်ပြုခဲ့စဉ်က ဆန္ဒပြမည့်လမ်းကြောင်းအား ၇၉ လမ်း ၃၄ လမ်းထောင့်မှ မြောက်ဘက် ၂၇ လမ်းအထိ ဆန္ဒပြချီတက်ကြရန်ဖြစ်သော်လည်း ယနေ့တွင် ယင်း ၃၄ လမ်းထောင့်မှ လမ်း ၈၀ ဘက် တောင်ဘက်သို့ ငြိမ်းချမ်းစွာ ချီတက်ဆန္ဒထုတ်ဖော်လျက် ရှိသည်။ ယခင် ခွင့်ပြုသည့် လမ်းကြောင်းမှာ လူသွားလူလာနည်းသည့် လမ်းကြောင်းဖြစ်ပြီး၊ ယခု ချီတက် ဆန္ဒထုတ်ဖော်လျက် ရှိသည့် လမ်းကြောင်းမှာ လူသွားလူလာများသည့် လမ်းကြောင်း ဖြစ်ကြောင်း သတင်းရရှိသည်။

ဦးအောင်သိန်း လင်းတင် သွင်းေ သာ အဆိုကို ဒီ ချုပ် ၊တပ်မေ တ်ာသား၊တိုင်းရင်း သားပါတီများ ကန့်ကွက်

Posted by drmyochit Monday, September 03, 2012, under | No comments


 
ယနေ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်၌ဦးအောင်သိန်းလင်း၏အ ဆိုကို ဒီချုပ်မှ လွှတ်တော် ကိုယ်စား လှယ်တစ်ဦး ကန့်ကွက် ခဲ့သောကြောင့် ဆက်လက် ဆွေးနွေးသင့်မသင့်ကို ပြည်သူ့လွှတ်တော် ဥက္ကဌ က မတ်တက်ရပ် ဆန္ဒမဲဖြင့် မဲခွဲခဲ့သည်။ ယင်းသို့ မဲခွဲရာတွင် ဒီချုပ် ကိုယ်စားလှယ်များ၊ တိုင်းရင်းသားပါတီအချို့ နှင့် တပ်မတော်သား ကိုယ်စားလှယ်များအားလုံးက မပ်တပ်မရပ်ပဲ ကန့်ကွက် ဆန္ဒမဲ ပြုခဲ့ကြသည်။ ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမတွင် လက်ရှိ အစည်း အဝေးတတ်ရောက်သူ ကိုယ်စားလှယ် ဦးရေ ၃၅၂ ဦးရှိ ပြီး ဦးအောင်သိန်းလင်း၏ အဆိုကို ထောက်ခံသူ ၁၇၇ ဦးရှိခဲ့ပြီး ထောက်ခံဆန္ဒမဲ အရေ အတွက်မှာ ကိုယ်စားလှယ်ဦးရေ၏ ၃ ပုံ တစ်ပုံ ထက် ကျော်လွန်သောကြောင့် ကန့်ကွက် ခဲ့သော်လည်းလက်ခံဆွေးနွေးရန် ဥက္ကဌ က ဆုံးဖြတ်ပေးလိုက်သည်။ ” ဆွေးနွေးတဲ့ အခါ မှ ဥပဒေ နည်းဥပဒေ နဲ့ ညီမညီ ထပ်ပြီးသိရမှာပါ။အဲဒီ အခါမှ ထပ် ပြီးဆုံးဖြတ်ရမှာဖြစ်ပါတယ်”ဟု ဥက္ကဌ က ပြောကြားသည်။ အဆိုမှာ ” တိုင်းနှင့်ပြည်နယ်အသီးသီးတွင် စားကျက်မြေများကို ဌာန ဆိုင်ရာ အမည်ဖောက်၍လည်းကောင်း၊ကုမ္မဏီ အမည်ဖောက်၍ ခွဲဝေချထားပြီးတောင်သူလယ်သမားများကို ထိုမြေများ၌ စိုက်ပျိုးစေပြီး ဌာနဆိုင်ရာများကုမ္မဏီများမှ သီးစားခ ရယူခြင်းများရှိနေပါသဖြင့် လယ်ယာမြေများကို အမှန်တကယ်လုပ်ကိုင်နေသူများကိုသာဦးပိုင် အမည်ပေါက် သတ်မှတ်၍ လုပ်ကိုင်ခွင့် ချထားပေးသင့်ကြောင်း” အဆိုဖြစ်သည်။
 "ဦးအောင်သိန်းလင်းတင်သွင်းသော အဆိုကို ဒီချုပ် ၊တပ်မတော်သား၊တိုင်းရင်းသားပါတီများကန့်ကွက်"</p>
<p>3 Sep 2012</p>
<p>ယနေ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်၌ဦးအောင်သိန်းလင်း၏အ ဆိုကို ဒီချုပ်မှ လွှတ်တော် ကိုယ်စား လှယ်တစ်ဦး ကန့်ကွက် ခဲ့သောကြောင့် ဆက်လက် ဆွေးနွေးသင့်မသင့်ကို ပြည်သူ့လွှတ်တော် ဥက္ကဌ က မတ်တက်ရပ် ဆန္ဒမဲဖြင့် မဲခွဲခဲ့သည်။ </p>
<p>ယင်းသို့ မဲခွဲရာတွင် ဒီချုပ် ကိုယ်စားလှယ်များ၊ တိုင်းရင်းသားပါတီအချို့ နှင့် တပ်မတော်သား ကိုယ်စားလှယ်များအားလုံးက မပ်တပ်မရပ်ပဲ ကန့်ကွက် ဆန္ဒမဲ ပြုခဲ့ကြသည်။ </p>
<p>ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမတွင် လက်ရှိ အစည်း အဝေးတတ်ရောက်သူ ကိုယ်စားလှယ် ဦးရေ ၃၅၂ ဦးရှိ ပြီး ဦးအောင်သိန်းလင်း၏ အဆိုကို ထောက်ခံသူ ၁၇၇ ဦးရှိခဲ့ပြီး ထောက်ခံဆန္ဒမဲ အရေ အတွက်မှာ ကိုယ်စားလှယ်ဦးရေ၏ ၃ ပုံ တစ်ပုံ ထက် ကျော်လွန်သောကြောင့် ကန့်ကွက် ခဲ့သော်လည်းလက်ခံဆွေးနွေးရန် ဥက္ကဌ က ဆုံးဖြတ်ပေးလိုက်သည်။</p>
<p>" ဆွေးနွေးတဲ့ အခါ မှ ဥပဒေ နည်းဥပဒေ နဲ့ ညီမညီ ထပ်ပြီးသိရမှာပါ။အဲဒီ အခါမှ ထပ် ပြီးဆုံးဖြတ်ရမှာဖြစ်ပါတယ်"ဟု ဥက္ကဌ က ပြောကြားသည်။ </p>
<p>အဆိုမှာ " တိုင်းနှင့်ပြည်နယ်အသီးသီးတွင် စားကျက်မြေများကို ဌာန ဆိုင်ရာ အမည်ဖောက်၍လည်းကောင်း၊ကုမ္မဏီ အမည်ဖောက်၍ ခွဲဝေချထားပြီးတောင်သူလယ်သမားများကို ထိုမြေများ၌ စိုက်ပျိုးစေပြီး ဌာနဆိုင်ရာများကုမ္မဏီများမှ သီးစားခ ရယူခြင်းများရှိနေပါသဖြင့် လယ်ယာမြေများကို အမှန်တကယ်လုပ်ကိုင်နေသူများကိုသာဦးပိုင် အမည်ပေါက် သတ်မှတ်၍ လုပ်ကိုင်ခွင့် ချထားပေးသင့်ကြောင်း" အဆိုဖြစ်သည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်