Wednesday, September 05, 2012

ဆန်ဖမ်းမယ့် စစ်ဆင်ရေး သတင်းပေါက်လို့ ပျက်သွားပြီ

Posted by drmyochit Wednesday, September 05, 2012, under | No comments


မြန်မာဆန်ဝယ်တဲ့ထိုင်းကုန်သည်တဦးက “မြ၀တီဘက်ကနေမဲဆောက်ကို ညစဉ် အိတ်ရေ တသောင်းနီးပါး ပုံမှန် ၀င်ပါ တယ်။ အများစုကို ညဘက် ပို့ပြီး အချို့ကိုတော့ နေ့ဘက်မှာ ပို့ကြတာလည်း ရှိပါတယ်။ အခြေအနေပေးသလိုပဲ။ ဒီလိုဖြစ်ဘို့အတွက် နှစ်ဘက်အာဏာပိုင်တွေကို ပေးရ ကမ်းရပါတယ်။ အဲလိုမှ မလုပ်နိုင်ရင် မဲဆောက်ဘက်ကို ဆန်စေ့ တစေ့တောင် ၀င်ဖို့ မလွယ်ပါဘူး” လို့ ပြောပါတယ်။တအိတ်ကို ဆန် ကီလို ၅၀ ၀င်တယ်လို့ ဆိုပါတယ်။ဒီဆန်တွေကို မဲဆောက်ဒေသ ဈေးကွက်မှာ ဘယ်လို ဖြန့်နေ ပါသလဲ။ ဆန်ကုန်သည်ဦးမာမက်က “အဓိကဈေးကွက်က မဲဆောက်ဒေသ မှာရှိတဲ့ မြန်မာအလုပ်သမား ၂ သိန်းနဲ့ထိုင်း အစား အစာနဲ့မွေးမြူရေးလုပ်ငန်းရှင်တွေ ဖြစ်တယ်။မဲဆောက် ဘက်မှာရှိတဲ့ အထည်ချုပ်စက်ရုံ ၂၀၀ မှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမား ၁ သိန်းကျော်ကို စက်ရုံကကျွေးတဲ့ထမင်းဟာ ဗမာဆန်တွေပဲ ဖြစ်တယ်။ဗမာဆန် ဈေးက ထိုင်းဆန်ထက်ကို သုံးချိုးတချိုး ဈေးသက်သာ လို့ဖြစ်တယ်” လို့ ပြောပါတယ်။
မြန်မာဆန်ကို ထိုင်းဘက်မှာ ဆန်ခေါက်ဆွဲ၊ ဆန်မုန့်တီ၊ ဆန်ကြာဇံ ပြုလုပ်ရာမှာ သုံးကြပြီး မွေးမြူရေး လုပ်ငန်းရှင်များက တိရိစ္ဆာန်အစားအစာထုတ်လုပ်ရာမှာ အသုံးပြုကြတယ်၊ တခြားမြို့၊ တခြားခရိုင်များ ကိုလည်း ထပ်ဆင့် တင်ပို့တယ် လို့ ကုန်သည်တွေကပြောပါတယ်။

မြန်မာအစိုးရအတွက် နစ်နာချက် မြ၀တီက ဆန်ပွဲစားပြောတာက “မြန်မာဆန်ကို ဒီလို တရားမ၀င်နည်းနဲ့ ထိုင်းဘက်ပို့တာ မြန်မာအစိုးရဘက်က အခွန် အတုတ်တွေ မရတာ သိပါတယ်။ ဒီနည်းကလွဲပြီး အခြားနည်း မရှိလို့ပါ။မြန်မာဘက်က သတ်မှတ်ထားတဲ့ နယ်စပ် ကုန်သွယ်ရေး ကန့်သတ်ချက်တွေက ကုန်သည်တွေ အတွက် ဘယ်လိုမှ ဖြစ်နိုင်ခြေ မရှိလို့ပါ။ အများစု လက်ခံပြီး အလုပ် ဖြစ်မယ့် အနေအထားတွေရောက်မှပဲ နယ်စပ်တွေမှာ တရားမ၀င်ကုန်သွယ်တဲ့ လုပ်ငန်းတွေ လျှော့နည်းသွားမှာဖြစ်တယ်” ဆိုပြီး သုံးသပ်ပြော ဆိုပါတယ်။ မြန်မာဆန်ကုန်သည်တွေကတော့ ထိုင်းဘက်မှာ စစ်ဆင်ရေးရှိတဲ့အတွက် ဆန်တွေကို မြ၀တီဘက်က အဆင်ပြေ တဲ့နေရာမှာ စုပုံထားပြီး အခြေအနေကောင်းတဲ့ အချိန်ကြမှ မဲဆောက် ဘက် ပြန်ပို့မယ်လို့ ပြောနေကြပါတယ်။
 

ဒေါ်အောင်ဆန်းစုကြည် တိုင်းရင်းသားကိုယ်စားလှယ်များနှင့် ညစာစားပွဲ

Posted by drmyochit Wednesday, September 05, 2012, under | No comments


၂၀၁၂ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ကော့မှူးမဲဆန္ဒ နယ် ပြည် သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်ကိုယ်စားလှယ်များ အများစု တည်းခိုနေထိုင်ရာ နေပြည်တော် စည်ပင်ရိပ်သာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော တိုင်းရင်း သားကိုယ်စားလှယ်များအား ညစာစားပွဲနှင့် တည်ခင်း ဧည့်ခံခဲ့ပါသည်။ အဲ့ဒီနောက် တက်ရောက်လာတဲ့ လွှတ် တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံ စကားပြောခဲ့ပြီး ပျဉ်းမနားမြို့ပေါ်မှ ဒေါ်အောင်ဆန်းစုကြည်အား လာရောက် နှုတ်ဆက်သော ပြည်သူလူထု အား ဒေါ်အောင်ဆန်းစုကြည်မှ ဆုမွန်ကောင်း ပြန်လည် တောင်းကာ အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့တယ်လို့ သတင်းရရှိပါသည်။ 
 
 
 

မေမေကို လွမ်းတယ်

Posted by drmyochit Wednesday, September 05, 2012, under | No comments

အကြမ်းဖက်သမား KIA အဖွဲ့၊ ပြည်သူလူထုအား ဒုက္ခပေး

Posted by drmyochit Wednesday, September 05, 2012, under | No comments


၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့တွင် မက်လင်ချောင်ကျေးရွာရှိ နိုင်ငံတော်နှင့် အကျိုးတူ ဆောင်ရွက်လျက်ရှိသော ရွှေဂေါင် ဂေါင် ကျောက်စိမ်း တူးဖော်ရေး ကျောက်မျက် ကုမ္ပဏီဝန်း အတွင်းသို့ ကေအိုင်အေ(ကချင်) သောင်းကျန်းသူ အဖွဲ့မှ အင်အား (၅)ဦးခန့်မှ လာရောက် မီးရှို့ ဖျက်ဆီးသွားခဲ့ကြောင်း သိရှိပါတယ်။
ကေအိုင်အေ(ကချင်) သောင်းကျန်းသူအဖွဲ့မှ မီးရှို့ဖျက်ဆီးသွားသော ပစ္စည်းများမှာ EC 290 VOLVO ဘက်ဟိုး (၄)စီး ကျပ် (၆၀၀၀)သိန်း၊ HCR (9) D ဖောက်စက် (၁)စီး ကျပ် (၁၀၀၀)သိန်း၊ HCR (1500) ဖောက်စက်ကြီး (၁)စီး ကျပ် (၃၅၀၀)၊ PDS (655) AIRMAN COMPRESSER (၂)လုံး၊ VOLVO 290 ဘက်ဟိုး အင်ဂျင် (၃)လုံး၊ HO (7) C AIRMAN အင်ဂျင် (၂)လုံး၊ ၁၂ ဘီး မြေသယ်ယာဉ် (၃)စီး၊ A 25 BM VOLVO ခါးချိုး မြေသယ်ယာဉ် (၁)စီး၊ ဖိုးဝှီး ရုံးသုံးယာဉ် (၁)စီး၊ တွင်ခုံ (၂)လုံး၊ ဆီဘောက်ဆာ (၁)စီးနှင့် လူနေအဆောင် (၅)လုံး တို့ ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။ပျက်စီးဆုံးရှုံး ပစ္စည်းများ၏ ကာလတန်ဘိုးမှာ စုစုပေါင်း ကျပ်သိန်း (၁၄၃၃၀) ခန့်ဖြစ်ကြောင်း သတင်း ရရှိပါသည်။



အမေရိကန်သံအမတ်ကြီး ၈-လေးလုံး ခေါင်းဆောင် တွေနဲ့တွေ့

Posted by drmyochit Wednesday, September 05, 2012, under | No comments




မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းတွေမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ လက်ရှိထက် ပိုပြီးထဲထဲဝင်ဝင် ပါဝင် ဆောင်ရွက် ပေးဖို့ အစီအစဉ်ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီး Darek Mitchell က ပြောလိုက်ပါတယ်။အင်္ဂါနေ့ မနက်ပိုင်းက ၈၈ မျိုးဆက် ကျောင်းသားတွေကို သူတို့ရုံးခန်းမှာသွားရောက် တွေ့ဆုံစဉ်အမေရိကန် သံအမတ်က အခုလို ပြောကြားခဲ့တာပါ။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးခွဲကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell ဟာ ဒီကနေ့ မနက် ၉ နာရီခွဲလောက် က သင်္ကန်းကျွန်း ဝေဇယန္တာလမ်းမှာရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေရဲ့ ရုံးခန်းမှာ တခြား သံရုံးအရာရှိတချို့နဲ့အတူ သွားရောက် တွေ့ဆုံခဲ့တာပါ။၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ သံအမတ်ကြီး Derek Mitchell တို့ဟာ မြန်မာနိုင်ငံ အကြောင်း အတော်များများကို ဆွေးနွေးဖြစ်ခဲ့ကြပြီး အဓိကအားဖြင့်တော့ မြန်မာနိုင်ငံရဲ့ လက်ရှိ အသွင်ကူးပြောင်းရေး လုပ်ငန်းတွေမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒီထက်မက တိုးပြီး ကူညီလုပ်ဆောင်ပေးဖို့ ရှိတယ်ဆိုတာကိုပါ သံအမတ်ကြီး ပြောကြားသွားတယ်လို့ ဒီတွေ့ဆုံပွဲကိုကိုယ်တိုင် တက်ရောက်ခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင် တဦးဖြစ် သူကိုဌေးကြွယ်ကပြောပါတယ်။  

“အဓိက-ကတော့ဗျာ။ ဝါရှင်တန်နဲ့ နေပြည်တော်ရဲ့ ဆက်ဆံရေးအခြေအနေတွေ၊ ပြီးတော့ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုမှာ ကျနော်တို့ ၈၈ က အခန်းကဏ္ဍတွေ၊ ပြီးတော့ အခြား ဒီမိုကရေစီအင်အားစုတွေရဲ့ အခန်းကဏ္ဍတွေ၊ လူ့အခွင့်အရေးကိစ္စတွေ၊ရခိုင်ပြည်နယ် ကိစ္စတွေ စသဖြင့် ကျယ်ကျယ်ပြန့်ပြန့်တော့ တော်တော်များများ ဆွေးနွေးဖြစ်ပါတယ်။

 မစ္စတာ ဒဲရက်ခ်၊ မစ်ချဲလ် လက်ထက်မှာတော့ - သူ တော်တော်ကြီးကို တက်တက်ကြွကြွတော့ လုပ်နေတယ်ဆိုတာကို ကျနော်တို့ တွေ့ရပါတယ်။ အဖွဲ့အစည်းအားလုံးနဲ့ဆုံတယ်၊ ပြီးတော့ တိုင်းရင်းသားဒေသတွေကိုပါ သူ့ ခရီးစဉ်တွေ ရှိသေးတယ်လို့ပြောပါတယ်။ပြီးတော့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ အမေရိကန်ဟာ ပိုပြီးတော့ နက်နက်ရှိုင်းရှိုင်း ထဲထဲဝင်ဝင် ပါလာနိုင်ဖို့အထိပါ။ဒီဟာကတော့ တိုင်းပြည်အတွက်မှာ မြန်မာနိုင်ငံဟာ အထီးကျန် ဖြစ်ခဲ့တာလည်း ကြာပြီ၊ဂုဏ်သိက္ခာရှိရှိနဲ့ ကမ္ဘာ့မိသားစုဝင် နိုင်ငံတွေ အားလုံးကြားထဲမှာ ကျနော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုးမှုနဲ့ ဒီမိုကရေစီကို ဖော်ဆောင်နိုင်ဖို့ကို ကမ္ဘာ့နိုင်ငံအားလုံးနဲ့ ကျနော်တို့ ဆက်ဆံရမှာပါ။အခု အမေရိကန်နဲ့ EU၊ အထူးသဖြင့် ပြန်လည်ဝင်ရောက်လာတဲ့ ကိစ္စဟာ ကျနော်တို့တိုင်းပြည်ရော၊ ကျနော်တို့ နိုင်ငံသားတွေ အားလုံးအတွက်ရော အကောင်းဘက်ကမြင်ပါတယ်။ 

UWSA ၏ အင်အားကြီးတပ်မဟာတခု၏တပ်မှူး ရာထူးလျှော့ချခံရ

Posted by drmyochit Wednesday, September 05, 2012, under | No comments


ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၏ လူအား၊ ငွေအား၊ လက်နက်အားအတောင့်တင်းဆုံးဖြစ်သည့် တပ်မ ဟာတခု၏တပ်မှူးအား သြဂတ်စ်လနှောင်းပိုင်းကရာထူးလျှော့ချ၍ အပြောင်းအလဲ လုပ်လိုက်ကြောင်း နီးစပ် သည့် အသိုင်း အဝိုင်းက ပြောပါသည်။

“တပ်မှူး လီအိုက်ဆု ကို အုပ်ချုပ်ရေးပိုင်းဘက်ပြောင်းလိုက်တယ်။ သူ့နေရာကိုတော့ မကြာခင်ကမှ မြန်မာအစိုးရထောင် ကနေလွတ်မြောက်လာတဲ့ ပေါက်ယူချန်း ရဲ့ တူတာ့ပန်းဆိုသူ အစားထိုးခန့်အပ်မယ်လို့ ကြားရတယ်” - ဟု အမည် မဖေါ်လိုသည့် အရာရှိတဦးက ပြောပါသည်။

မိုင်းပေါက် အခြေ စိုက် တပ်မဟာ ၄၆၈ တပ်မှူး အိုက်ဆု ခေါ် လီအိုက်ဆု (အသက် ၄၀ ဝန်းကျင်)အား မိုင်းပေါက် အုပ်ချုပ်ရေးမှူးအဖြစ် ပြောင်းလဲကြောင်း    ကြားသိရပါသည်။

“အိုက်ဆုက သူဌေးကြီးဘဲ။ တပ်မဟာမှူးတွေထဲမှာ သူက ပိုက်ဆံအရှိဆုံး၊ ဝ တပ်မဟာတွေထဲမှာလဲ တပ်ထုအင်အား အတောင့်တင်းဆုံးလို့ ပြောလို့ရတယ်။အိုက်ဆု က ကိုယ်ပိုင်လေယာဉ် (ဟတ်စကီး)တောင်  ဝယ်စီးနိုင်တယ်။ တောင်ပိုင်း ဝ တပ်ဖွဲ့ ခေါင်းဆောင် ဝေ့ရှော်ကန်း နဲ့လဲ အရမ်းရင်းနှီးတယ်” - ဟု ၄င်းနှင့်နီးစပ်သည့် ဝတပ်အရာရှိ တဦးက ပြောပါသည်။တာ့ပန်းမှာ ၂၀ဝ၅ ခုနှစ် စက်တင်ဘာလက ဘိန်းဖြူ ၄၉၆ ကီလိုဂရမ်နှင့်အတူ သျှမ်းပြည်အရှေ့ပိုင်း မိုင်းပြင်းမြို့နယ် တုံတာ၌ အဖမ်းခံခဲ့ရ၏။ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်က ဒုတိယ အကြိမ် အပစ်ရပ် ငြိမ်းချမ်းရေးတည်ဆောက်ပြီးနောက်ပိုင်း ဦးသိန်းစိန်အစိုးရ က ၄င်းအား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ သည်။

သျှမ်းသံတော်ဆင့် 

UWSA တပ်မဟာ ၄၆၈ အခြေစိုက် မိုင်းပေါက်ဒေသကို မြန်မာအစိုးရက သံလွင်အရှေ့ခြမ်း မိုင်းယန်းမြို့နယ်၏ ကျေးရွာအုပ်စု တခုအဖြစ်သတ်မှတ်၏။ ဝ တပ်ဖွဲ့မှာမူ မိုင်းပေါက် အား
ခရိုင်တခုအဖြစ် သတ်မှတ်ထားသည်။

KIO နှင့် တိုက်ပွဲပေါင်း ၁၇၀၀ ကျော်သော်လည်း အရှိန်ကောင်းနေဆဲ

Posted by drmyochit Wednesday, September 05, 2012, under | No comments

ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO)
အား စစ်ဆင်နေသော အစိုးရ ပြည်သာယာ
စစ်ဆင်ရေး၏ အဓိက ရည်မှန်းချက်သည်
ကချင် လက်နက်ကိုင် အဖွဲ့အစည်းအား
 အမြစ်ဖြတ် ချေမှုန်းရေးသာ


အဓိက ပထမ ဦးစားပေး တိုက်ခိုက်ခြင်းသာဖြစ်သည်ဟု KIO ပြောခွင့်ရသူဦးလာနန်းကဆိုပါသည်။

“ တိုက်ပွဲကတော့ စဖြစ်ကတည်းက အခုဆိုရင် ၁၇၇၀ ပွဲ ရှိနေပြီး၊ ဒါတောင် စာရင်း
မရတဲ့ ပွဲတွေ ရှိသေးတယ်။ အစိုးရတပ် တွေကတော့ လျှော့သွားတာ မရှိဘူး။

အခု တဖြည်းဖြည်းနဲ့ လိုင်ဇာနဲ့ နီးစပ်လာတဲ့ သဘောရှိတယ်။ တဖြည်းဖြည်းနဲ့ ချဉ်းကပ်
လာတဲ့ ပုံစံပါ။ တိုက်ပွဲဖြစ်တိုင်းမှာလည်း လေယာဉ် နဲ့ အမြဲလာတယ်။

 လေကြောင်းနဲ့ တပ်အင်အားတွေ လက်နက်ခဲယမ်းတွေ ပို့တာမျိုးကိုတော့ သူတို့ အမြဲတမ်း
လုပ်နေကျပါ။  အလာဖက်မှာ လက်နက်ကြီး ကျဉ်ဆံတွေ ပါလာတယ်။

အပြန်မှာ ဒဏ်ရာရ လူနာတွေကို သယ်တယ်ပေါ့။ တွေ့ဆုံဆွေးနွေးရေးကျတော့ ဆက်
သွယ်ရေး လမ်းကြောင်းကိုက ပြတ်နေတယ်လို့ ပြောရမှာပေါ့” ဟု ဆိုပါသည်။




KIO သည် အစိုးရ၏ ပြည်သာယာ စစ်ဆင်ရေးကို နိုင်နင်းစွာ တုန့်ပြန်နိုင်သဖြင့် အစိုးရ
တပ်များ ထင်သလို ရှေ့မတိုးနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါသည်။

 KIO သည် တိုင်းရင်းသားများ၏ အခွင့်ရေး ပြသနာကို တွေ့ဆုံဆွေးနွေးခြင်းအားဖြင့်သာ
အဖြေရှာ ကြရန် အစိုးရအား အစဉ်တိုက်တွန်းနေခဲ့ပါသည်။

ဤသို့ကြောင့် အစိုးရနှင့် တရုတ်နိုင်ငံရွှေလီမြို့ ၌ တွေ့ဆုံဆွေးနွေးရန် ပြီးခဲ့သည့် ဇွန်လ(၂၀)ရက်
 နေ့၌ အဆိုပြုထား သော်လည်း အစိုးရမှ ယနေ့အထိ အကြောင်းပြန်ခြင်းမရှိပေ။

 KIO သည် နှစ်ဖက်သြဇာ လွှမ်းမိုးမှု မရှိသောနေရာ၌ တွေ့ဆုံကြရန် အဆိုပြုနေခြင်းဖြစ်ပြီး အစိုးရသည် ရွှေလီအစား မြန်မာနိုင်ငံမူဆယ်မြို့၌သာ ဆွေးနွေးရန် အရင် ကမ်းလှမ်း
ထားခဲ့ပါသည်။


KIA_R_009p_009တိုက်ပွဲများတွင် ကျဆုံးသွားသော ရဲဘော်များအား အလေးပြု

KIO နှင့် အစိုးရတို့၏ တိုက်ပွဲကြောင့် ကချင် စစ်ပြေး ဒုက္ခသည်များ သိန်းချီရှိလာနေပြီးဟု ဒုက္ခသည် ဆိုင်ရာ ကော်မီတီများက ဆိုပါသည်။

ဤကဲ့သို့ ကချင် စစ်ပြေး ဒုက္ခသည် ပြသနာ၊ ပိုမိုများလာသည့်အတွက် အစားအစာ ရိက္ခာ ပြတ်တောက်မှုများ ဖြစ် လာသဖြင့်  ကချင်ပြည်နယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးယောဒီဒွေ့က ဤပြသနာကို ဖြေရှင်းရန်အတွက် နေပြည်တော် ပြည်သူ့ လွှတ်တော်သို့ အရေးကြီး အဆိုအဖြစ် စက်တင် ဘာလ ၃ ရက် နေ့တွင် တင်သွင်းလိုက်သည်ဟု ဆိုပါသည်။

 http://www.facebook.com/PopularNewsJournal

အမေရိကန်ပြည်ထောင်စုကလည်း ကချင်ပြည် လွတ်လပ်ရေး အဖွဲ့နှင့် အစိုးရတို့အကြား
 ဖြစ်ပွားနေသော စစ်ရေး ပဋ္ဋိပက္ခကို ၀ိုင်းဝန်း ဖြေရှင်းပေးရန် တရုတ် အစိုးရအား တောင်းဆို
ခဲ့ပါသည်။

တရုတ် အစိုးရသည်လည်း ကချင်ဒုက္ခသည်များကို မိမိတို့ နိုင်ငံထဲမှ အလျှင်အမြန် ထွက်ခွာသွားရေးကိုသာ ဆောင်ရွက်ခဲ့ပါသည်။

ကချင်ပြည်နယ်၌ ဖြစ်ပွားနေသော လက်နက်ကိုင် ပဋ္ဋိပက္ခသည်၊ အစိုးရမှ၊ KIO အား ပြည်သာ
ယာ စစ်ဆင်ရေးဖြင့် အပြုတ် တိုက်နေသလို KIO သည်လည်း ဤပဋ္ဋိပက္ခကို နိုင်ငံရေးအရ တွေ့ဆုံ
 ဆွေးနွေးရေး နည်းလမ်းဖြင့် အဖြေရှာကြရန် အဆိုပြု နေပါသည်။

 ဤသို့ မျဉ်းပြိုင်ဖြစ်နေသော နှစ်ဖက် ရည်ရွယ်ချက်များကြောင့် စေ့စပ်နိုင်ဖွယ် အလားအ
လာများ မမြင်သေးဟု ဝေဖန်သူများက ဆိုပါသည်။

ရွှေဟဿင်္ာ

လူမဆန်ခဲ့သော လုပ်ရပ် များ အတွက် တာဝန်ရှိ သည့် ဒေါက်တာနို င်ေ အာင်၊ အောင်နို င်နှင့် အောင်ထူး

Posted by drmyochit Wednesday, September 05, 2012, under | 1 comment


 
ရန်သူ့ဘက်ကသူလျှိုဖမ်းဆီးမိရင်တောင်မှလူမဆန်တဲ့ညှဉ်းပန်းနှိပ်စက်မှုတွေလုပ်ခွင့်ပြုတယ်လို့ကျောင်းသားတပ်မတော်ရဲ့ဥပဒေမှာ ရေးသားချမှတ်ထားတာမရှိပါဘူး။
အေဘီမြောက်ပိုင်းမှာကော၊ ဒေါက်တာနိုင်အောင်ရဲ့ဒေါင်းဂွင်စစ်ကြောရေးစခန်းမှာကော စစ်အစိုးရရဲ့ နှိပ်စက်မှုတွေကို တိုက်ပွဲဝင်နေတယ်ဆိုတဲ့သူတွေက စစ်အစိုးရဘက်ကတောင်မလုပ်တဲ့ လူမဆန်တဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကို အရသာ ခံလုပ်ခဲ့တဲ့လုပ်ရပ်တွေကို ဖေါ်ထုတ်ကြဘို့ အားလုံးမှာတာဝန်ရှိပါ တယ်။ ခေါင်းဖြတ်တယ်၊ လူသတ်တယ်ဆိုရုံအမှုဟာ ဒီလူတွေလုပ်ခဲ့တဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ လူ မဆန်ယုတ်မာမှုတွေကို နှိုင်းယှဉ်ရင် ဘာမှ မဟုတ် တဲ့ဟာ လေးတွေလိုတောင် ဖြစ်သွားပါတယ်။ ဒါ့ ကြောင့် ဒီလူယုတ်မာတစုရဲ့လုပ်ရပ်တွေကို ခေါင်းဖြတ် လူသတ် မှုလောက်လေးနဲ့တင် စွဲချက်တင်ဖေါ် ပြတာမျိုးမဟုတ်ပဲ သူတို့ယုတ်မာပက်စက်ပြီး လူမဆန်စွာ လုပ်ခဲ့တာ တွေအားလုံးဖေါ်ထုတ်ပြီး ဘယ် လိုမိစ္ဆာကောင်တွေဖြစ်တယ်ဆိုတာ အားလုံးက ကိုယ်တတ်နိုင်တဲ့ဘက်က အရေးယူကြမှ ဒီလိုမိစ္ဆာ ကောင်တွေလက်အောက်မှာ ဒီမိုကရေစီတော်လှန်ရေးလုပ်ဘို့လာတဲ့သူတို့ဘဝတွေကို ပက်ပက်စက် စက်နင်း ခြွေခံခဲ့ရတာတွေအတွက် တရားမျှတမှုပြန်ရအောင်လုပ်နိုင်မှာပါ။ အားလုံးရဲ့အသက်သွေး တွေ၊ မျက်ရည်တွေ နဲ့ရင်းခဲ့လှုပ်ရှားခဲ့ရတဲ့ ဒီမိုကရေစီလှုပ်ရှားမှုကိုလဲ ဒီမိစ္ဆာကောင်တွေက ရန်သူစစ် အာဏာရှင်တွေနဲ့ ဟန်ချက်ညီညီ လုပ်ပြီး ဖျက်ဆီးခဲ့ကြတာကိုလဲ မီးမောင်းထိုးပြရာရောက်မှာပါ။ ကိုယ်တွေ့ကြုံခဲ့ရတဲ့သူတွေ၊ မျက်မြင်သက် သေဖြစ်ခဲ့ တဲ့သူတွေ အနေနဲ့လဲ သူတို့ခံစားခဲ့ရတာကို စာ တတန်ပေတဖွဲ့မဟုတ်တောင် ဘယ်လိုမျိုးနှိပ် စက်ညှဉ်းပန်း တာလုပ်ခဲ့ကြတယ်ဆိုတဲ့ အချက်အလက် တွေတင်ပြီး သူတို့ရဲ့ယုတ်မာကောက်ကြစ်မှုတွေကို ဖေါ်ထုတ်ကြစေလိုပါတယ်။
အောက်ကလူမဆန်တဲ့လုပ်ရပ်တွေက သိထားခဲ့ရသမျှထဲက စုဆောင်းထားတဲ့ အချက်အလက်တွေပါ။ ဒီ့ထက်အများကြီး ပိုနေတာတွေလဲရှိဦးမှာပါ။
- အမျိုးသမီးတန်ဆာနှင့် နို့အိမ်များဖြတ်တောက်နှိပ်စက်ခြင်း
- စအိုအတွင်းသို့ အရာဝတ္ထုများရိုက်သွင်းစစ်ဆေးခြင်း
- ယောင်္ကျားနှင့်အမျိုးသမီးများ၏တန်ဆာများတွင် လျှပ်စစ်ဓါတ်ရှော့ခ်ရိုက်၍စစ်ဆေးခြင်း
- ဆေးလိပ်မီးနှင့် ယောင်္ကျား၊ မိန်းမတို့၏အတွင်းခန္တာကိုယ်များကို တို့နှက်၍စစ်ဆေးခြင်း
- လူမြင်ကွင်းတွင် အဝတ်အစားမရှိထားခြင်း
- မုဒိမ်းကျင့်ခြင်း
- အရှင်လတ်လတ်ခန္တာကိုယ်အစိတ်အပိုင်းများကို ဖြတ်တောက်ပြီး မသေမရှင်ထားခြင်း
- အလွန်အေးသောနေရာတွင် အပြစ်ဒါဏ်အနေဖြင့် အကာအကွယ်နွေးထွေးမှုမရှိပဲထားခြင်း
- လူများကို တရိစ္ဆာန်များကဲ့သို့ မြေကျင်းတွင် ခန္တာကိုယ်တဝက်တပျက်မြှုပ်နှံထားခြင်း၊ ကြက်ခြင်းများတွင်ပင် နေစေခြင်း
- လက်နှင့်ခြေများကိုမိုင်းကပ်ပြီး မိုင်းခွဲခြင်း
- ဒါဏ်ရာရသူများကို ကုသမှုမပြုလုပ်ပဲ ထားရှိခြင်း
- ခန္တာကိုယ်ပေါ်တွင် လောင်စာတင်၍မီးရှို့ခြင်း
- အခြားလူတဦး၏အစိတ်အပိုင်းကို ဖြတ်တောက်ပြီး အခြားတဦးတယောက်ကို ပါးစပ်ဖြင့်ကိုက်ခိုင်းခြင်း
- အခြားတယောက်၏ခေါင်းဖြတ်ပြီးလည်ပင်းမှထွက်လာသောသွေးသောက်ခိုင်းခြင်း
- ခန္တာကိုယ်အတွင်းသို့ မီးဖုတ်ထားသော သံချောင်းရိုက်သွင်းစစ်ဆေးခြင်း
- လက်ခြေများကို သံဖြင့်ရိုက်၍ လက်ဝါးကပ်တိုင်တင်ခြင်း
- အရှင်လတ်လတ်ကိုယ်ခန္တာအစိတ်အပိုင်းအားဖေါက်၍ ချိတ်ဆွဲထားခြင်း
ထို့ထက်မက များစွာသောလူမဆန်သည့်လုပ်ရပ်များကို လုပ်ခဲ့ကြသည်။ ထိုလုပ်ရပ်များကို အားပေးပြီး တာဝန်ယူ ပါသည်ဟုဆိုခဲ့သော ဆရာဝန်ဖြစ်ပြီး ဆရာဝန်ကျင့်ဝတ်နားမလည်သူနှင့် ရှေ့နေဖြစ်ပြီး ရှေ့နေ ဖြစ်ပြီး တရားမျှ တမှုအကြောင်းနှင့်လူသားဆန်မှုအကြောင်းနားမလည်သူ တို့က ယခုမှသူတို့နှင့်ဘာမျှမပါတ်သက်ယောင်ယောင် အရှက် မရှိ ပဲ ငြင်းချက်များထုတ်လျှက်ရှိပါသည်။ထိုသို့ကျူးလွန်ခဲ့သူများကို လူသားအသိုင်းအဝိုင်းမှ ဝိုင်းကြဉ် အပြစ် ပေးကြရန်လိုပါသည်။
ယခုထိုလူများ၏လုပ်ရပ်ကြောင့် မြန်မာနိုင်ငံအတွင်းတွင် ကျောင်းသားတပ်မတော်သည် ထိုလိုလူတွေ နှင့်မ ဟုတ်တရုတ်လုပ်သည့်လူများအဖြစ်သာအမြင်ခံနေရသည်မှာ အမှန်တကယ်ယုံကြည်ချက်အ တွက်၊ အသက်၊ ဘဝတို့ကို စွန့်လွှတ်ရုံးကန်သွားကြသော ကျောင်းသားအဖွဲ့ဝင်တိုင်းအတွက် နာ ကြည်းစရာကောင်းလှပါသည်။ လက်ရှိ ကျောင်းသားတပ်မတော်အနေနှင့် ထိုသူများ၏မတော်မတရား လုပ်ရပ်များကို အပြည့်အစုံဖေါ်ထုတ်၍ လူသိ ရှင်ကြားစည်းဖြတ်နိုင်မှသာ ထိုသူများ၏အမဲရိပ်မှ လွတ် မြောက်မည်ဖြစ်ပါသည်။
ငြိမ်းချမ်း

မြောင်းမြ ဦးဆောင်ဆန္ဒထုတ်ဖော်သူနှုစ်ဦးအား ဒီချုပ် ဗဟိုမှ အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့

Posted by drmyochit Wednesday, September 05, 2012, under | No comments


မြောင်းမြမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ၏ ဆန္ဒဖော်ထုတ်မှုနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (ဗဟို)မစက်တင်ဘာလ ၃ ရက် ရက်စွဲဖြင့် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ကြောင်းသိရသည်။
ယင်းကြေညာချက်တွင် မြောင်းမြမြို့နယ် ဆန္ဒထုတ်ဖော်ပွဲ ကိစ္စနှင့်စပ်လျဉ်းပြီး စုံစမ်းရေးအဖွဲ့၏ အစီရင်ခံစာအရ ဆန္ဒဖော်ထုတ်ပွဲကို အဓိက ဦးဆောင် ဆောင်ရွက်သူများမှာဦးမြင့်ကျော်နှင့် ဦးဝင်းရွှေတို့ဖြစ်ကြပြီး လူတစ်ဦးတစ်ယောက် မြို့နယ်ညီလာခံကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌ မဖြစ်သည်ကို အကြောင်းခံသည်ဟု သိရကြောင်း၊ ဆန္ဒဖော်ထုတ်ရန် ဦးဆောင်သူ ဦးမြင့်ကျော် ၊ ဦးဝင်းရွှေ (ခ) ရွှေမှိုင်း တို့အား ဗဟိုညီလာခံကျင်း
 

တရား ဥပဒေစိုးမိုးမှု မရှိခြင်းကြောင့် ဘင်္ဂလီများ၏ အကြမ်းဖက်မှုကို ရခိုင်တိုင်းရင်းသားများ ခံနေရဆဲဖြစ်ကြောင်း ဘူးသီးတောင် RNDP ပြော

Posted by drmyochit Wednesday, September 05, 2012, under | No comments

ရခိုင်ပြည်နယ်တွင် ဇွန်လကဆူပူ အကြမ်းဖက် ဖြစ်ပေါ်ပြီးနောက် ဘင်္ဂလီများ၏ခြိမ်းခြောက်မှု၊အကြမ်းဖက်မှု များဆက် လက် ရှိနေခြင်းသည် နိုင်ငံအတွင်း တရားဥပဒေစိုးမိုးမှု မရှိခြင်းကြောင့် ဖြစ်ပေါ်နေ ရသည် ဟု ဘူးသီးတောင်မှ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဦးထွန်းအောင်သိန်းက ပြောသည်။" ကျေးရွာတွေ အတွင်းမှာသာ လုံခြုံရေးချပေးထားနိုင်တာ၊ ဒေသခံတွေ လုပ်ငန်းခွင်ထိ လိုက်ပြီး လုံခြုံရေးမပေးနိုင်ဘူး၊ လက်လုပ်၊ လက်စားတွေ တောတောင်တွေကိုမသွားနိုင်၊ ငါးမရှာနိုင်  အပြင်မှာတွေ့ရင် ရိုက်တာ၊ သတ်တာတွေ ခံနေရတယ်။ ရွာသားတွေက စိတ်ဓါတ်ရေးပိုင်းဆိုင်ရာတွေ ကျဆင်းလာတယ်။ သူတို့ပိုင်ဆိုင်တဲ့ ပစ္စည်း၊ ဥစ္စာ လယ်၊ ယာမြေကအစ ရောင်းပြီးထွက်ခွာ သွားမယ်ဆိုရင် ဘင်္ဂလီတွေ နယ်မြေဖြစ်သွားလိမ့်မယ်။ ဒီလိုကိစ္စမျိုးတွေ ဆက်လက်ရှိနေခြင်းဟာ တရားဥပဒေ
 စိုးမိုးမှု မရှိဘူးလို့ ပြောလို့ရတယ်။ တရားဥပဒေ စိုးမိုးပြီး လုံခြုံစိတ်ချစွာနဲ့ နေနိုင်ဖိုတော့ လိုအပ်ပါတယ်။ " ဟု ဦးထွန်းအောင်သိန်းက ပြောသည်။စက်တင်ဘာ (၂) ရက်နေ့က ဘူးသီးတောင်မြို့နယ် ပြင်ရှည်ကျေးရွာမှ
အသက်(၁၆)နှစ်အရွယ် မရီရီသန်းအား ဘင်္ဂလီများ အကြမ်းဖက်ခြင်းကို ခံခဲ့ရကြောင်း သတင်းရရှိသည်။" ဒီလ (၂) ရက်နေ့ကလည်း ပြင်ရှည်ရွာက ကလေးမလေးတစ်ယောက်ကို ဘင်္ဂလီတွေ ဓါးနှင့်ခုတ်လို့ ဆေးရုံရောက်နေတယ်။ ပြင်ရှည်ကျေးရွာက မရီရီသန်း ခမီးရွာက ပြန်လာတော့ အုတ်တောင်ကျေးရွာတောင်ဘက် ဘုန်းတော်ကြီး ကျောင်းဟောင်း အရောက်မှာ ဘင်္ဂလီ(၂၀) လောက်ရှိနေတယ်။ အဲဒီ အုပ်စုထဲက တစ်ယောက်ကထွက်လာပြီး မရီရီသန်းကို လိုက်ခုတ်တော့ ဘယ်ဖက်ခြေထောက်မှာ ဒဏ်ရာရပြီး ဆေးရုံရောက်နေတယ်။ 
" ဟု သူကပြောသည်။
 
 
ဘူးသီးတောင်မြို့ အေးစေတီဘုန်းတော်ကြီးကျောင်းအနီး အမှတ်(၅)ရပ်ကွက်တွင် နေထိုင်သူ ဦးထွန်း ရွှေလှိုင် အသက်(၄၀)နှစ်မှာလည်း ကင်းချောင်းကျေးရွာအုပ်စု၊ ဒု-ကင်းချောင်းကျေးရွာအနီး ဥယျာဉ်ခြံတစ်ခု၌သြဂုတ်လတွင် ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရပြီး ရသေ့တောင်မြို့နယ် နေဗီဆိပ်ကျေးရွာမှ ဦးသာမောင်မှာလည်း ဇူလိုင်လ (၂၅) ရက်နေ့က ပျေက်ဆုံးသွားရာမှ (၂၇) ရက်နေ့တွင် ညောင်ပင်လှကျေးရွာ မော်တော်ဘုတ်ဆိပ်တွင် အလောင်းကို တွေ့ရှိရာ
 ဒေသဆိုင်ရာ အာဏာပိုင်များက သဂြိုလ်ခဲ့ကြသေးသည်။လွန်ခဲ့သော ဇွန်လက ရခိုင်တိုင်းရင်းသားများအပါအ၀င် အခြားတိုင်းရင်းသားများမှာလည်း ဘင်္ဂလီများ၏ အကြမ်းဖက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရပြီး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။
 လက်ရှိကာလအထိ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများမှာ ဘင်္ဂလီများအား စိုးရိမ်ကြောက်ရွံ့နေရခြင်းကြောင့် မိမိတို့ လုပ်ငန်းများကို သွားရောက် မလုပ်ကိုင်ဝံ့ဘဲ နေထိုင်ရေးနှင့် စားသောက်ရေး အခက်အခဲ ရောက်နေရကြောင်း သတင်းရရှိသည်။
ယခုကဲ့သို့ ရခိုင်တိုင်းရင်းသားများ မကြာခဏဆိုသလို သတ်ဖြတ်ခံနေရခြင်းသည် နိုင်ငံတော်
အစိုးရ၏ လုံခြုံရေးအစီအစဉ် ညံ့ဖျင်းမှု၊ တာဝန်မကျေပွန်မှုကြောင့် ပြည်သူများလုံခြုံမှု မရရှိကြောင်းနှင့် ပါတီအနေဖြင့် ပြည်ပမှ မည်သည့် ကျူးကျော်မှုကိုမဆို ရခိုင်ပြည်သူနှင့် လက်တွဲကာ ဆက်လက် တိုက်ပွဲ ၀င်သွားရန်ဆုံးဖြတ်ထားကြောင်းကို ရခိုင်ပြည် လွတ်မြောက်ရေးပါတီမှ အထွေထွေအတွင်းရေးမှူး ခိုင်သုခ ကပြောသည်။
 Arakan Times News
 

ပြည်ထောင်စု ၀န်ကြီးများအဖြစ် တာဝန်ပေးအပ်ရန် အမည်စာရင်း (၁၀)ဦး ထွက်ရှိလာ သော်လည်း NLD နှင့် ဒုတိယ ဘုရားသခင် မပါပြန်

Posted by drmyochit Wednesday, September 05, 2012, under | No comments


 
ပြည်ထောင်စု ၀န်ကြီးများအဖြစ် တာဝန်ပေးအပ်ရန် အမည်စာရင်း (၁၀)ဦး ထွက်ရှိလာပြီး အမည်စာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။

(၁) ဦးအေးမြင့်ကြူ ( လက်ရှို- အား.ကာ ဒုဝန်ကြီး )
(၂)ဗိုလ်ချုပ်ဇေယျာအောင် ( မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး )
(၃) ဒေါက်တာမြင့်အောင် ( ပြည်ထောင်စု ရာထူးဝန် အဖွဲ့ )
(၄) ဦးကျော်လွင် ( လက်ရှိ - ဆောက်လုပ်ရေးဒု ဒုဝန်ကြီး )
(၅) ဦးဝင်းရှိန် ( လက်ရှိ - လယ် / ဆည် ဒုဝန်ကြီး )
(၆) ဒေါက်တာ ကံဇော် ( လက်ရှိ - စီမံ စီးပွား ဒုဝန်ကြီး )
(၇) ဦးမောင်မြင့် ( လက်ရှိ - ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး )
(၈) ဒေါက်တာကိုကိုဦး ( လက်ရှိ - သိပ္ပံ နည်းပညာ ဒုဝန်ကြီး )
(၉) ဦးဌေးအောင် ( လက်ရှိ - ဟိုတယ် ခရီး ဒုဝန်ကြီး )
(၁၀) ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် ( လက်ရှိ - ကျန်းမာရေး ဒုဝန်ကြီး )

တို့ဖြစ်ကြောင်းနိုင်ငံတော်သမ္မတရုံးမှပေးပို့သောအမည်စာရင်းများအရသိရသည်။

လက်ရှိတွင် ပြည်ထောင်စု ဝန်ကြီး လစ်လပ်လျက်ရှိနေသော ဌာနများမှာ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ အလုပ်သမား ဝန်ကြီးဌာန၊ ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ဘဏ္ဍရေးနှင့်အခွန် ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွဲံ့ဖြိုးတိုးတက် မှု ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ၊အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ နှင့် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန တို့ဖြစ်ကြောင်းသိရသည်။ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာန အရေအတွက် ပြင်ဆင် ဖြည့်စွက်ခြင်းနှင့် ပြည်ထောင်စု ဝန်ကြီးဦးရေကို တိုး/လျော့ခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ် ရယူရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များမှ ဆွေးနွေးရာတွင် လွှတ်တော်ကိုယ်စားလှယ်အချို့မှ ကန့်ကွက်ဆွေး နွေးခဲ့သော်လည်း မဲခွဲဆုံးဖြတ်ရာတွင် အနိုင်ရရှိခဲ့သဖြင့် နိုင်ငံတော်သမ္မတ ပေးပို့ခဲ့သော သဝဏ်လွှာမှာ အတည်ြ ဖစ်ခဲ့သည်။ ဝန်ကြီးဌာန အရေအတွက် ပြင်ဆင်ဖြည့်စွက်ခြင်းနှင့် ပတ်သက်၍ မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၅၀၉ မဲ၊ ကန့်ကွက်မဲ ၄၉ မဲ၊ ကြားနေမဲ ၄၀ ဖြင့် အနိုင်ရရှိခဲ့သည်။ ပြည်ထောင်စုဝန်ကြီးဦးရေကို တိုး/လျော့ခြင်းနှင့် စပ်လျဉ်း၍ မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၅၁၁ မဲ၊ ကန့်ကွက်မဲ ၄၁ မဲ၊ ကြားနေမဲ ၄၅ မဲ ဖြင့် အနိုင်ရရှိခဲ့သည်။

ဝန်ကြီးစာရင်းတွင် ဒေါ်အောင်ဆန်းစုကြည် မပါသဖြင့် မှန်းချက်နှင့် နှမ်းထွက်မကိုက်ဖြစ်ကာ ရုတ်တရပ် ကျန်းမာရေးဖောက်ပြန်ပြီး မွန်းလွှဲပိုင်းလွှတ်တော် ဒေါ်စုမတက်

Posted by drmyochit Wednesday, September 05, 2012, under | No comments


 
ဝန်ကြီးအမည်စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည် မပါသဖြင့် မှန်းချက်နှင့် နှမ်းထွက်မကိုက်ဖြစ်ကာ ရုတ်တရပ် ကျန်းမာရေးဖောက်ပြန်ပြီး မွန်းလွှဲပိုင်းလွှတ်တော် ဒေါ်စုမတက်ပဲ ခွင့်ယူသွားကြောင်း သတင်းရရှိသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများက ဒုတိယ ဘုရားသခင် ဟု သတ်မှတ်ကြပြီး ဒုတိယ ဝန်ကြီးတောင် ဖြစ်မလာတာကြောင့် ယနေ့ ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေး နံနက်ပိုင်း အစီအစဉ်သို့သာ တက်ရောက်ပြီး မွန်းလွှဲပိုင်း အစီအစဉ်သို့ တက်ရောက်ခြင်း မရှိကြောင်း လွှတ်တော် အစည်း အဝေး သို့ တက်ရောက်သတင်းရယူနေသူ MEG သတင်းထောက်က သတင်းပေးပို့သည်။လက်တလော ဝန်ကြီး အပြောင်းအလဲ တွင် အမျိုးသမီး ၇ ဦးတောင် ပါဝင်သော်လည်း နိုင်ဘယ်ဆုရှင် ဒုတိယ ဘုရားသခင် ဒေါ်အောင်ဆန်းစုကြည်ပွဲမတိုးခဲ့ပေ။

ဒုတိယ သမ္မတ ဦးဥာဏ်ထွန်း ကျမ်းကျိန်စဉ်ကလည်း ဒေါ်အောင်ဆန်းစုကြည် မျက်နှာမအီမသာဖြင့် မက်တက် ရပ်နေတာကို တွေ့ရပြီး ယခုလည်း လုံးဝ ဟန်မဆောင်နိုင်တော့တာကြောင့် လွှတ်တော်အစည်းအဝေးကိုပင် ခွင့်ယူလိုက် ရကြောင်းသိရသည်။

ပွင့်လင်းမြင်သာရမယ်လို့ အမြဲလိုလိုပြောဆိုတတ်ပေမယ့် ယခု လွှတ်တော်အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် ရုတ်တရပ် ခွင့်ယူလိုက်ခြင်းနှင့် ပတ်သက်ပြီး NLD မှ တစုံတရာ ထုတ်ပြန်ကျေညာတာမျိုး မရှိခဲ့ပါဘူး။
Myanmar Express

တားမြစ်ထားသည့်ကြားမှ သံဃာတော်များ တတိယမြောက်နေ့ သမ္မတကြီး ဦးသိန်းစိန်ကို ဆက်လက်ထောက်ခံ ဆန္ဒပြနေ

Posted by drmyochit Wednesday, September 05, 2012, under | No comments

မန္တလေးမြို့တွင် ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခြင်း အမိန့်အား စက်တင်ဘာလ ၃ ရက်နေ့ နံနက်(သန်းခေါင်)၁နာရီတွင် ပြန်လည်ပိတ်သိမ်း ခဲ့သော်လည်း စက်တင်ဘာလ ၃ ရက်နေ့နှင့် ၄ ရက်နေ့များတွင် သံဃာတော်အပါး တစ်ရာကျော်မှ စီတန်းလှည့်လည်မှုများ ဆက်လက်ပြုလုပ်ခဲ့သည်။

“သူတို့ရဲ့အခွင့်အရေးကို ချိုးနှိမ်ခံရတဲ့အတွက် ဆက်လက် ဆန္ဒထုတ်ဖော်ကြတာပဲ။ ဒါပေမယ့် ဆန္ဒထုတ်ဖော်တဲ့ သံဃာတွေကို စည်းတွေဘောင်တွေ မကျော်ဖို့အတွက် သတိပေးတာမျိုးနဲ့ ကြီးကြပ်မယ့် သံဃာတော်တွေ စေလွှတ်ထားတာမျိုး ရှိပါတယ်။ ခုလိုဆန္ဒထုတ်ဖော်ဖို့ အတွက် သုံးရက်တင်ပြထားတာပဲ။ ဒါကိုအားပေးထောက်ခံပါတယ်။ ကိုယ့်နိုင်ငံမှာ ကိုယ့်သမ္မတကို ထောက်ခံတာကို တားမြစ်ခံရတာ ဆိုတော့ ကိုယ့်အဖေကို ချစ်တယ်လို့ လူကြားသူကြားမှာ မပြောရဲတဲ့ ကလေးငယ်တွေရဲ့ဘ၀လိုဖြစ်နေတာ အင်မတန် ရင်နာစရာကောင်းပါတယ်”ဟု ဆရာတော်ဦးဝီရသူက မိန့်ကြားခဲ့ပါသည်။
  






မြန်မာနိုင်ငံသည် ဘက်မလိုက်လှုပ်ရှားမှု၏ အခြေခံမူများကို စဉ်ဆက်မပြတ် စောင့်ထိန်းလိုက်နာလျက်ရှိ

Posted by drmyochit Wednesday, September 05, 2012, under | No comments


 
From:ခေတ်လူငယ်

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ တီဟီရန်မြို့၌ သြဂုတ် ၂၆ ရက်မှ ၃၁ ရက်အထိ ကျင်းပသော (၁၆)ကြိမ်မြောက် ဘက်မလိုက်လှုပ်ရှားမှု ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ အဆိုပါ ထိပ်သီးအစည်းအဝေးသို့ အဖွဲ့ဝင်နိုင်ငံ (၈၇)နိုင်ငံတို့မှ နိုင်ငံအကြီးအကဲ၊ အစိုးရအကြီးအကဲများ၊ ဝန်ကြီးများနှင့် အဆင့်မြင့်ကိုယ်စားလှယ်များ၊ လေ့လာသူနိုင်ငံနှင့် အဖွဲ့အစည်း (၁၅) ခု၊ ဧည့်သည်နိုင်ငံနှင့် အဖွဲ့အစည်း (၁၄)ခုတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က သြဂုတ် ၃၁ ရက်က မျက်နှာစုံညီ အစည်းအဝေး၌ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားခဲ့သည်။ ထိုသို့ ပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၌ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် တိုးတက်အောင်မြင်မှုများကို အသိပေး ပြောကြားခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်များကို သာမက အခြားဘာသာ ယုံကြည်ကိုးကွယ်သူများ အားလုံးအပေါ်တွင် အကြမ်းဖက်ဆက်ဆံသည့် မူဝါဒကို ကျင့်သုံးမှုမရှိကြောင်း၊ ထို့ကြောင့် မြန်မာအစိုးရက ထိုသို့သော မူဝါဒမျိုး ကျင့်သုံးနေသည်ဟု အဖွဲ့အစည်းအချို့၏ စွပ်စွဲချက်ကို လုံးဝပယ်ချကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မိမိပြည်တွင်းရေးသာဖြစ်သော ထိုပဋိပက္ခကို ဘာသာရေးပြဿနာ အသွင်ဖြင့် နိုင်ငံတကာကိစ္စအဖြစ် ဖန်တီးရန် မည်သည့်လုပ်ဆောင်မှုကိုမျှ လက်ခံမည်မဟုတ်ကြောင်း၊ ဒုက္ခရောက်နေသူ နှစ်ဖက်စလုံးအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းနှင့် ပွင့်လင်းမြင်သာစွာ ဘက်လိုက်မှုကင်းကင်းဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ နှစ်ဖက်စ လုံးအတွက် ရည်ရွယ်လျက်ပေးသော လှူဒါန်းမှုများကို လက်ခံမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတွင် လူမျိုးမရွေး၊ ဘာသာမရွေး နိုင်ငံသားအားလုံးအား အခြေခံဥပဒေနှင့်အညီ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ပိုင်ခွင့်ရှိကြောင်း အသိပေး ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသည် ဘက်မလိုက်လှုပ်ရှားမှု စတင်တည်ထောင်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် အားလျော်စွာ ဘက်မလိုက်လှုပ်ရှားမှု၏ အခြေခံမူများကို စဉ်ဆက်မပြတ် စောင့်ထိန်းလိုက်နာလျက် ရှိကြောင်း၊ ဘက်မလိုက်လှုပ်ရှားမှု စတင် တည်ထောင်သူများ၏ မျှော်မှန်းချက်ဖြစ်သော ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တရား မျှတရေးနှင့် တန်းတူညီမျှရေးတို့ကို အကောင်အထည်ဖော်နိုင်ရေးအတွက် အခြားအဖွဲ့ဝင်နိုင်ငံများနှင့် လက်တွဲဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၄ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

ပြည်သူ့လွှတ်တော် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဆွေနှင့် အဖွဲ့ဝင်များကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးမှ ကန့်ကွက်

Posted by drmyochit Wednesday, September 05, 2012, under | No comments


နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို စစ်ဆေးရန်အတွက် ပြည်သူ့လွှတ်တော်၌ ဖွဲ့စည်းခဲ့သော စုံစမ်းစစ်ဆေးရေး အဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဆွေနှင့် အဖွဲ့ဝင်များကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးမှ စက်တင်ဘာလ ၃ ရက်နေ့တွင် ကန့်ကွက်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအပေါ် အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ စုံစမ်း စစ်ဆေးရေး အဖွဲ့ကို သြဂုတ်လ ၂၉ ရက်နေ့က ပြည်သူ့လွှတ်တော်၌ ဖွဲ့စည်း လိုက်ပြီး အဆိုပါအဖွဲ့တွင် ဦးနန္ဒကျော်စွာ (ဥက္ကဋ္ဌ)နှင့်အဖွဲ့ဝင်များအဖြစ် ဦးတီခွန်မြတ်၊ သူရဦးအောင်ကို၊ ဒေါက်တာစိုးရင်၊ ဦးသောင်း၊ ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဒေါ်ဒွဲဘူ၊ ဦးမောင်ဦး၊ ဒေါ်နန်းဝါနု၊ ဦးဘရှိန်၊ ဒေါ်မြင့်မြင့်သန်း၊ ဒေါ်နန်းစေအွာ၊ ဒေါ်တင်နွယ်ဦး၊ဦးစိုးဝင်းတို့ပါဝင်ကြသည်။

ထို့သို့ ဖွဲ့စည်းပြီးနောက် စက်တင်ဘာလ ၁ ရက်နေ့တွင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ လက်မှတ် ရေးထိုးပြီး ပြည်သူ့လွှတ်တော်၌ ဖွဲ့စည်းခဲ့သော စုံစမ်းစစ်ဆေးရေး အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို ကန့်ကွက်ခဲ့သည်။

ထို့နောက် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌမှ စုံစမ်းစစ်ဆေးရေး အဖွဲ့ ဥက္ကဋ္ဌ နေရာတွင် ဦးနန္ဒကျော်စွာအစား ဦးသိန်းဆွေကို စက်တင်ဘာလ ၃ ရက်နေ့က လွှဲပြောင်း ခန့်အပ်ခဲ့ပြီးနောက် အဆိုပါ နေ့ရက်စွဲဖြင့်ပင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံးမှထပ်မံကန့်ကွက်လာခဲ့ခြင်းဖြစ်ပါသည်။

ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအပေါ် စွပ်စွဲပစ်တင်ရန် လက်မှတ်ရေးထိုး အဆိုပြုခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၀၁ ဦးတို့သည် စုံစမ်း စစ်ဆေးမှု နည်းလမ်းများနှင့် ကျင့်စဉ်တို့အရ ပြည်သူ့လွှတ်တော် စုံစမ်း စစ်ဆေးရေးအဖွဲ့တွင် ပါဝင် ဆောင်ရွက်နိုင်သည့် ပုဂ္ဂိုလ်များ မဟုတ်သောကြောင့် ယခုဖွဲ့စည်းထားသည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များကို ကန့်ကွက်ကြောင်း နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးမှ ထုတ်ပြန်ထားပါသည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်