Monday, September 10, 2012

အိန္ဒိယတို့ အလုံး ၁၀၀ မြောက် အာကာသံဒုံးပျံလွတ်တင်

Posted by drmyochit Monday, September 10, 2012, under | No comments


အိန္ဒိယတို့၏ အလုံး ၁၀၀ မြောက် အာကာသ ဒုံးပျံ လွတ်တင်မှုအား စက်တင်ဘာလ ၉ ရက်နေ့က နိုင်ငံတောင် ပိုင်း Sriharikota မြို့ တွင်ပြုလုပ်ခဲ့သည်။

ယင်းလွတ်တင်မှုသည် ပြင်သစ် ဂြိုလ်တုနှင့် ဂျပန် မိုက်ခရို ဂြိုလ်တု လွင့်တင်မှုဖြစ်ပြီး အိန္ဒိယ ဒုံးပျံ ရော့
ကတ် PSLV မှ သယ်ဆောင်ပေး ခြင်း ဖြစ်သည်။

ယင်း ရော့ကတ် PSLV လွတ်တင်မှုက အိန္ဒိယတို့အတွက် အကြိမ် ၁၀၀ မြောက် အာသာက သို့ လွတ်တင်မှု Mission ဖြစ်ပြီး ဂုဏ်ပြုပွဲ အထိမ်းအမှတ်ငယ်အား ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။
Photo: အိန္ဒိယတို့၏ အလုံး ၁၀၀ မြောက် အာကာသ ဒုံးပျံ လွတ်တင်မှုအား စက်တင်ဘာလ ၉ ရက်နေ့က နိုင်ငံတောင် ပိုင်း Sriharikota မြို့ တွင်ပြုလုပ်ခဲ့သည်။ 

ယင်းလွတ်တင်မှုသည် ပြင်သစ် ဂြိုလ်တုနှင့် ဂျပန် မိုက်ခရို ဂြိုလ်တု လွင့်တင်မှုဖြစ်ပြီး အိန္ဒိယ ဒုံးပျံ ရော့ကတ် PSLV မှ သယ်ဆောင်ပေး ခြင်း ဖြစ်သည်။ 

ယင်း ရော့ကတ် PSLV လွတ်တင်မှုက အိန္ဒိယတို့အတွက် အကြိမ် ၁၀၀ မြောက် အာသာက သို့ လွတ်တင်မှု Mission ဖြစ်ပြီး ဂုဏ်ပြုပွဲ အထိမ်းအမှတ်ငယ်အား ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။ 
----
Ref:news.cn
Photo courtesy of news.cn. All Rights Reserved.
innewsmyanmar.blogspot.com/2012/09/blog-post_6280.html

Photo: အိန္ဒိယတို့၏ အလုံး ၁၀၀ မြောက် အာကာသ ဒုံးပျံ လွတ်တင်မှုအား စက်တင်ဘာလ ၉ ရက်နေ့က နိုင်ငံတောင် ပိုင်း Sriharikota မြို့ တွင်ပြုလုပ်ခဲ့သည်။ 

ယင်းလွတ်တင်မှုသည် ပြင်သစ် ဂြိုလ်တုနှင့် ဂျပန် မိုက်ခရို ဂြိုလ်တု လွင့်တင်မှုဖြစ်ပြီး အိန္ဒိယ ဒုံးပျံ ရော့ကတ် PSLV မှ သယ်ဆောင်ပေး ခြင်း ဖြစ်သည်။ 

ယင်း ရော့ကတ် PSLV လွတ်တင်မှုက အိန္ဒိယတို့အတွက် အကြိမ် ၁၀၀ မြောက် အာသာက သို့ လွတ်တင်မှု Mission ဖြစ်ပြီး ဂုဏ်ပြုပွဲ အထိမ်းအမှတ်ငယ်အား ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။ 
----
Ref:news.cn
Photo courtesy of news.cn. All Rights Reserved.
innewsmyanmar.blogspot.com/2012/09/blog-post_6280.html

Photo: အိန္ဒိယတို့၏ အလုံး ၁၀၀ မြောက် အာကာသ ဒုံးပျံ လွတ်တင်မှုအား စက်တင်ဘာလ ၉ ရက်နေ့က နိုင်ငံတောင် ပိုင်း Sriharikota မြို့ တွင်ပြုလုပ်ခဲ့သည်။ 

ယင်းလွတ်တင်မှုသည် ပြင်သစ် ဂြိုလ်တုနှင့် ဂျပန် မိုက်ခရို ဂြိုလ်တု လွင့်တင်မှုဖြစ်ပြီး အိန္ဒိယ ဒုံးပျံ ရော့ကတ် PSLV မှ သယ်ဆောင်ပေး ခြင်း ဖြစ်သည်။ 

ယင်း ရော့ကတ် PSLV လွတ်တင်မှုက အိန္ဒိယတို့အတွက် အကြိမ် ၁၀၀ မြောက် အာသာက သို့ လွတ်တင်မှု Mission ဖြစ်ပြီး ဂုဏ်ပြုပွဲ အထိမ်းအမှတ်ငယ်အား ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။ 
----
Ref:news.cn
Photo courtesy of news.cn. All Rights Reserved.
innewsmyanmar.blogspot.com/2012/09/blog-post_6280.html


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ အစ္စရေးနိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာ ပေးအပ်ခြင်း

Posted by drmyochit Monday, September 10, 2012, under | No comments








နေပြည်တော်  စက်တင်ဘာ ၁၀
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဆိုင်ရာ အစ္စရေးနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီး ဖြစ်သော သံအမတ်ကြီး မစ္စတာ ဟာဂေး မိုရှေးဘီဟားသည် ယနေ့နံနက် (၁၀) နာရီခွဲတွင် နေပြည်တော်ရှိ သမ္မတအိမ်တော်သို့ သွားရောက်၍ ၎င်း၏ သံအမတ် ခန့်အပ်လွှာကို ပေးအပ်သည်။

ဒေါ်စု အမေရိကန်ခရီးစဉ် စက်တင်ဘာ ၁၆ စမည်

Posted by drmyochit Monday, September 10, 2012, under | No comments


 
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာအခုလာမယ့် တနင်္ဂနွေနေ့ စက်တင်ဘာလ ၁၆ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုကို သွားရောက်မယ်လို့ အမျိုးသား ဒ်ီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက အေအက ပီ သတင်းဌာနကို ပြောပါတယ်။ 

အမေရိကန်ပြည်ထောင်စုရဲ့ အရပ်ဘက်ဆိုင်ရာ အမြင့်ဆုံးဆု ဖြစ်တဲ့ ကွန်ဂရက်စ် ရဲ့ ၂၀၀၈ ခုနှစ် Gold Medal ဆုကို အခုခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူမှာ ဖြစ်ပါတယ်။ အခု ခရီးစဉ်ဟာ နေအိမ် အကျယ်ချုပ်ကနေ လွတ်မြောက်လာပြီး နောက်ပိုင်း အမေရိကန်ပြည်ထောင်စုကို ပထမဆုံးအကြိမ် လာရောက်မယ့် ခရီးစဉ်လည်း ဖြစ် ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ မြန်မာပြည် သွားရောက်စဉ် ကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပြီး အမေရိကန်ပြည်ထောင်စုကို လာရောက်ဖို့ ဖိတ်ကြား ထားတာ ပါ။  အမေရိကန်ပြည်ထောင်စုမှာ ရှိစဉ်တော့ အမေရိကန် အစိုးရဘက်က ထိပ်တန်း တာဝန်ရှိသူတွေကိုရော၊ လွှတ်တော်က နိုင်ငံရေး ခေါင်းဆောင်တွေ ကိုပါ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။ နယူးယောက် ကုလသမဂ္ဂရုံး ကိုလည်း သွားရောက်ဖို့ ရှိတယ်လို့ သိရပါတယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူတွေ မြန်မာ မိသားစုတွေနဲ့လည်း တွေ့ဆုံဖို့ ဒေသခံတွေက မြို့အတော်များများမှာ ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ 

တချိန်တည်းမှာပဲ မြန်မာသမ္မတ ဦးသိန်းစိန် ဟာလည်း ကုလသမဂ္ဂ အထွေထွေညီလာခံ တတ်ရောက်ဖို့ အမေရိ ကန်ပြည်ထောင်စုကို အဲဒီ ရက်ပိုင်းကာလမှာပဲ ရောက်ရှိမှာဖြစ်ပါတယ်။ ဒီမတိုင်ခင်ကတော့ သမ္မတဦးသိန်းစိန်ကို ပြည်ဝင် ခွင့်ဗီဇာ ပိတ်ပင်မှု အမေရိကန်သမ္မတ အမိန့်နဲ့ လျှော့ပေါ့

 ပေးလိုက်တာကြောင့် သမ္မတ ဦးသိန်းစိန် ဟာ အမေရိကန်အစိုးရ ရုံးစိုက်ရာ ၀ါရှင်တန်ဒီစီ ကိုလည်း လာရောက်မယ်လို့ မျှော်လင့်ရပါတယ်။ 


ရှမ်းလူမျိုးများကို နိုင်ငံသား အဖြစ် ထိုင်းလက်ခံ

Posted by drmyochit Monday, September 10, 2012, under | No comments



 

ထိုင်းဖက်ကို စစ်ပြေး ဒုက္ခသည် တွေအဖြစ်ရောက်နေတဲ့၊ မြန်မာဖက် နယ်စပ်က၊ရှမ်းလူမျိုး တွေကို ထိုင်းအစိုးရက နိုင်ငံသားဥပဒေ အသစ် ပြဌာန်း ပြီးတော့၊ အခု နိုင်ငံသား ပေးဖို့ ဆောင်ရွက် နေပါပြီ။အခု ထိုင်း အစိုးရက၊ ထိုင်းနိုင်ငံသား ပေးမယ် ဆိုတဲ့ သူတွေဟာ၊ လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်က၊ မြန်မာ အစိုးရ စစ်တပ်တွေ၊ ထိုင်းနိုင်ငံနဲ့ ထိစပ် နေတဲ့၊ မြန်မာ နယ်စပ်က၊ လူမျိုးစု သူပုန် စခန်းတွေကို သိမ်းယူဖို့ စစ်ဆင် တိုက်ခိုက်တဲ့ အချိန် တုံးက၊ ထိုင်းဖက်ကို ထွက်ပြေးတိမ်းရှောင် သွားတဲ့ ၊မြန်မာနယ်စပ် တလျှောက်က ထိုင်းလူမျိုးတွေနဲ့ ဘာသာ စကား၊ ဓလေ့ ထုံးစံ တူတဲ့ ရှမ်းလူမျိုး တွေဖြစ်ပါတယ်။

သူတို့ကို အဲဒီတုံးက၊ ထိုင်းအစိုးရက၊ နိုင်ငံမဲ့ ထိုင်းလူမျိုးတွေ အဖြစ်နဲ့ ထိုင်းနိုင်ငံမှာ ယာယီ နေထိုင်ခွင့် လက်မှတ်တွေ ကိုထုတ်ပေး ခဲ့ပါတယ်။ အဲဒီ ယာယီ နေထိုင်ခွင့် လက်မှတ်နဲ့ နေထိုင်တဲ့ သူတွေကထိုင်းအစိုးရ အဆက်ဆက် ထံမှာ နိုင်ငံသား ဖြစ်ခွင့် တောင်းဆိုရာက အခုအစိုးရ လက်ထက်မှာ လွှတ်တော်က မွေးရာပါ နိုင်ငံသား ဖြစ်ခွင့် ဥပဒေကို အတည်ပြုပြီး ထွက်လာတဲ့ ဥပဒေပါ။ဒီဥပဒေ အသစ် ညွှန်ကြားချက်နဲ့ ထိုင်းအစိုးရက နိုင်ငံသားပေးတဲ့ လူစာရင်းကို ဘန်ကောက်ကိုသွားပြီး လက်ခံယူလာတဲ့၊ မဲဆောက်မြို့ပိုင် နိုင်ပရီချာ ကျိုင်ဖက်ပြောတာက သူတို့ဟာ ထိုင်းမြန်မာ
နှစ်နိုင်ငံ နယ်နမိတ် သတ်မှတ်စဉ်တုန်းက မြန်မာဘက် အခြမ်းကို ပါသွားပေမဲ့ သူတို့ဟာ ထိုင်းလူမျိုးတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

ဒါကြောင့်ထိုင်းအစိုးရကအခုနိုင်ငံသားဥပဒေအစောင် ၅ ကိုထုတ်ပြန်ပြီး သူတို့ကိုမွေး ရာပါထိုင်းနိုင်ငံ သားတွေ အနေနဲ့ပြန်ပေးတာလို့ပြောသွားပါတယ်။မဲဆောက်မြို့ပိုင်လက်ခံယူလာတဲ့ ၊ စာရင်းထဲမှာ၊ မဲဆောက်နယ်က၊ ပထမအသုတ်၊ ထိုင်းနိုင်ငံသား ရ မယ့်လူ အရေအတွက်ဟာ ၁၄၀ဝ ဖြစ်ပြီးတော့၊ စီစစ်နေဆဲက နောက်ထပ် လူ ၂ ထောင် ဖြစ်တယ်လို့
ဆို ပါတယ်။ထိုင်း၊မြန်မာနယ်စပ်တလျှောက်လုံးမှာတော့၊ထိုင်းမှတ်ပုံတင်စောင့်ဆိုင်နေတဲ့လူဦးရေသောင်းနဲ့ ချီရှိတယ် လို့ဆိုပါတယ်။
အရင်တုံးက ဒီလိုယာယီ နေခွင့်ကနေ၊ အမေရိကန် ဂရင်းကပ်လိုမျိုး၊ အမြဲတန်း နေထိုင်ခွင့်ကို လျှောက်ရပါတယ်။ အမြဲတန်း နေထိုင်ခွင့် ၅ နှစ်ကိုင်ဆောင်ပြီးသူတွေက၊ နိုင်ငံသားအဖြစ် တဆင့်တက်ပြီး လျှောက်ထား ရယူ ခွင့်ရှိပါတယ်။

အီရတ် ဒုသမ္မတကို သေဒဏ်ချမှတ်

Posted by drmyochit Monday, September 10, 2012, under | No comments


နိုင်ငံကနေ ထွက်ပြေး တိမ်းရှောင်နေတဲ့ အီရတ်ဒုတိယ သမ္မတ တာရတ် အဲလ် ဟာ့ရှမီကို အီရတ် တရားရုံး တခု ကနေ မျက်ကွယ် သေဒဏ် ချမှတ်လိုက်ပါ တယ်။မစ္စတာ ဟာ့ရှမီဟာ အကြမ်းဖက် အဖွဲ့တွေကို ဖွဲ့စည်းပြီး ရှီယာ မူဆလင်တွေနဲ့ အစိုးရ လုံခြုံရေတပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထား တိုက်ခိုက် တာတွေ လုပ်ခဲ့တဲ့ အတွက် တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး၊ ကြိုးမိန့် ချမှတ် လိုက်တာ ဖြစ်ပါတယ်။သူ့ရဲ့ အမှုနဲ့ ပတ်သက်ပြီး အခုတော့ ဆူနီ၊ ရှီယာနဲ့ ကာ့ဒ် နိုင်ငံရေး အဖွဲ့တွေ အကြား အာဏာ မျှဝေ ယူထားတဲ့ အီရတ် အစိုးရ အတွက် နိုင်ငံရေး အကျပ်အတည်းတွေ ဖြစ်စေခဲ့ ပါတယ်။
ဒီနှစ် အစောပိုင်းက တိုင်းပြည် ကနေ ထွက်ပြေး သွားပြီး အခု လက်ရှိ တူရကီနိုင်ငံ မှာ နေထိုင် နေတဲ့ မစ္စတာ ဟာ့ရှမီက ရှီယာ လူမျိုး ဝန်ကြီးချုပ် နူရီ အဲလ် မာလီကီဟာ ပြိုင်ဘက် ဆူနီ တွေ အပေါ် အောက်လမ်းနည်း သုံးပြီး နိုင်ငံရေး အရ အကောက် ကြံ နေတာ ဖြစ်တယ်လို့ စွပ်စွဲလိုက်ပါတယ်။အစိုးရကတော့ ဒါဟာ တရားရေးနဲ့သာ သက်ဆိုင်တဲ့ အမှုဖြစ်တယ်လို့အလေးအနက် ပြောကြားပါတယ်။

BBC( မြန်မာပိုင်း)

""မြောက်ဥက္ကလာလူသတ်မှုအတွက် ၂၃ ဦးကို ဖမ်းထား""

Posted by drmyochit Monday, September 10, 2012, under | No comments


 
ရန်ကုန်မြို့ Six STAR အရက်ဆိုင် လူသတ်မှုမှာ ပါဝင်တယ်လို့ သံသယရှိသူ၂၃ ဦးကို ဖမ်းထားတယ်၊ တိမ်းရှောင် သူ၁၂ ဦးကို တရားခံပြေးအဖြစ် ကြေညာထားတယ်လို့မနေ့က ကြေးမုံသတင်းစာမှာ ရေးထားပါတယ်။လူသတ်မှု ဘာကြောင့် ဖြစ်ပွားခဲ့တယ် ဆိုတာ ဖော်ပြထားခြင်း မရှိပါ။ သတင်းရဲ့ ဆိုလိုရင်းကတော့ "သင့်တော်ရာ ခရိုင် တရားရုံးတစ်ရုံးသို့ လုံခြုံရေးအရ ပြောင်း ရွှေ့စစ်ဆေးခွင့်" ဖြစ်ပါတယ်။လုံခြုံရေး ဆိုပေမယ့် ဘယ်လို မလုံခြုံသလဲ ဆိုတာကို လုံးဝ ရေးမထားပါ။ (အရင်တုန်းကတော့အရေး ကြီးအကျဉ်းသားတွေရဲ့ အမှုကို အင်းစိန်ထောင်ထဲမှာ ခရိုင်တရားသူကြီးတွေ
အရောက်သွားပြီး ကြားနာစစ်ဆေးစီရင်ကြပါတယ်။)သတင်းစာဖော်ပြချက်အရ ဆိုရင် ဒီလူသတ်မှုကို သဃန်းကျွန်းမှာရှိတဲ့ အရှေ့ပိုင်းခရိုင်တရားရုံးမှာ စစ်ခဲ့ပုံရပါတယ်။ခုချိန်ထိတော့ တရားလိုပြသက်သေ ၇ ယောက်ကို စစ်ပြီးပါပြီ တဲ့။ တရား လိုပြသက်သေပေါင်း ၆၀ ရှိတယ်လို့ ဆိုတယ်။ဒီအမှုအစပြုခဲ့တာ ပြီးခဲ့တဲ့ နိုဝင်ဘာလလယ်ပိုင်းမှာပါ။ သေဆုံးသူက အသက် ၃၂ နှစ်အရွယ် ကိုကျော်မင်း ဖြစ်ပါတယ်။သူ့ကို Six STAR အရက်ဆိုင်မှာ မျက်နှာဖုံးစွပ်လူ ၆ ယောက်က ဓားနဲ့ ၀ိုင်းခုတ်ကြတယ်လို့ ဂျာနယ်သတင်းတွေမှာ ပါခဲ့ပါတယ်။၃ ယောက်က ဆိုင်ထဲဝင်ပြီး ၃ ယောက်က ဆိုင်အပြင်က စောင့်တယ်၊ ကိုကျော်မင်း ဆိုင်ထဲက ပြေးထွက်လာတော့ စောင့်နေသူ ၃ ယောက်က ၀ိုင်းပြီး ဓားနဲ့ခုတ်ကြတယ်လို့
ဆိုပါတယ်။သူတို့စီးလာတဲ့ကားတွေမှာလည်း ကားနံပါတ်ကို ဖုံးအုပ်ထားတယ် တဲ့။လူသတ်မှုမတိုင်ခင် ဖြစ်ရပ်တချို့ကို ပေါ်ပြူလာ ဂျာနယ်တစောင်မှာ အခုလို ရေးထားပါတယ် -ယင်းည၌ သေဆုံးသူ ကိုကျော်မင်း ၏မိခင်အား မေးမြန်းကြည့်ရာ ဝေဘာဂီမြို့သစ် ၁ ရပ်ကွက်မှ ရေလုပ်ငန်း လုပ်ကိုင်ပြီး ငွေကြေး ချမ်းသာသူ ကိုသက်ဦးနှင့် သူ၏ သားတို့နှင့် တန်ဆောင်တိုင် လပြည့်နေ့ မတိုင်မီကတည်းက ခိုက်ရန် ဖြစ်ပွားခဲ့ဖူးသည်ဟု ဆိုသည်။
”အဲဒီတုန်းက ကျော်မင်း ခေါင်းကွဲသွားတယ်။ ကျော်မင်းရဲ့ သူငယ်ချင်းလည်း မျက်နှာမှာ တော်တော် ထိသွားတယ်။ ပြီးတော့ ရပ်ကွက်ရုံးမှာပဲ သူတို့ဘက်က လျော်ကြေး ပေးပြီး ကျေအေးလိုက်တယ်” ဟု ကိုကျော်မင်း မိခင်က ဆိုသည်။ရန်ကုန်မှာ (အရပ်သားအချင်းချင်းကျူးလွန်တဲ့) လူသတ်မှု အများအပြား ပေါ်ပေါက်ခဲ့ပေမယ့် အခုလို အုပ်စုဖွဲ့ပြီး ကျူးလွန် တဲ့အမှုအကြောင်းဖတ်ရ တာက ဒါဟာ ပထမဆုံးအကြိမ်ဖြစ်တယ် လို့ ယူဆရပါတယ်။

စာကြည့်တိုက်နည်းပညာသင်တန်းပို့ချ

Posted by drmyochit Monday, September 10, 2012, under | No comments


မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ခေတ်မီစာကြည့်တိုက်ကြီးဖွင့်လှစ်ရန်အတွက် စာကြည့်တိုက်နည်းပညာသင်တန်းကို ယနေ့ (၅-၉-၂၀၁၂)ရက်နေ့ ညနေ (၆) နာရီတွင် ဓမ္မစေတိယကျောင်းဆောင် သန်းကျော် (ဝိနယပိဋက) ဆောင်၌ ကျင်းပကြောင်း သိရပါသည်။

အဆိုပါသင်တန်းကို လူထုစာကြည့်တိုက်၊ စာကြည့်တိုက်မှူး ဦးအောင်မြင့်ဦးနှင့် ဇနီးဖြစ်သူ ရတနာပုံတက္ကသိုလ်၊ စာကြည့်တိုက်နှင့် သုတ ပညာဌာနမှ နည်းပြဆရာမ ဒေါ်ခင်သီတာလတ်က သင်ကြားပို့ချခြင်းဖြစ်ပြီး၊ သာသနဓဇဓမ္မာစရိယဘွဲ့ရ ရဟန်း ပျိုသံဃာ တော်အပါး လေး ဆယ်ကျော် တက်ရောက်သင်ယူ၍ သင်တန်းကာလ တစ်လတိတိဖြစ်ကြောင်း သိရပါသည်။သင်တန်းပြီးဆုံးလျှင် သင်တန်းဆင်းလက်မှတ်နှင့် ဂုဏ်ပြုမှတ်တမ်းဆက်ကပ်ပွဲ ကျင်းပမည်ဖြစ်ပြီး၊ သင်တန်းဆင်းသံဃာတော်များက စာ ကြည့်တိုက် ဝန်ဆောင် ဆရာတော်များအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။ စာကြည့်တိုက် ဖွင့်လှစ်ပွဲအထိမ်းမှတ်အဖြစ် စာပေဟောပြောပွဲများ ကျင်းပသွားမည် ဖြစ်ကြောင်းသိရပါသည်။ဓမ္မစေတိယကျောင်းဆောင်သစ်ကြီး၌ ယနေ့ဖွင့်လှစ်သည့် စာကြည့်တိုက် နည်းပညာသင်တန်းအပြင် အင်တာနက် အခြေခံသင်တန်း၊ ကွန် ပျူတာအခြေခံသင်တန်း၊ ကွန်ပျူတာ အဆင့်မြင့်သင်တန်း၊ အင်္ဂလိပ်စာသင်တန်းများ ပို့ချလျှက်ရှိကြောင်းလည်း သိရှိရပါသည်။

အိုင်စီတီညွှန်းကိန်းအရ အင်တာနက်အသုံးပြုသူလူဦးရေ ခြောက်သိန်းအထိရှိလာ

Posted by drmyochit Monday, September 10, 2012, under | No comments


 
၂၀၁၁ ခုနှစ်ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံ၏အင်တာနက် အသုံးပြုသူဦးရေသည် ၅ သိန်းကျော်မျှသာရှိခဲ့သော်လည်း ၂၀၁၂ ခုနှစ်သြဂုတ်လအတွင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ထုတ်ပြန်ချက် များအရ အင်တာနက် အသုံး ပြုသူဦးရေသည် ၆ သိန်းဝန်းကျင် အထိရှိလာခဲ့ပြီဟုသိရ သည်။ နှစ်ဝက်တာကာလအတွင်း အင်တာနက် အသုံးပြု သူဦးရေသည် သိန်းဂဏန်း ၀န်းကျင် တိုးတက် လာ ခဲ့ခြင်းဖြစ်ပြီး မိုဘိုင်းဖုန်း အင်တာနက် အသုံးပြုသူဦးရေမှာလည်း ၂ သိန်းခွဲဝန်းကျင်အထိရှိလာခဲ့သည်ဟု အိုင်စီတီညွှန်းကိန်းများကဖော်ပြသည်။ လူဦးရေသန်း ၆၀ ကျော်ရှိသည့် မြန်မာနိုင်ငံ၌ အင်တာနက်အသုံးပြုသူဦးရေ ၆ သိန်းဝန်းကျင်အထိတည်ရှိလာခဲ့ခြင်းဖြစ်ပြီး Broadband အင်တာနက်လိုင်း အရေအတွက် ၆ သောင်းဝန်းကျင်ကို တပ်ဆင်အသုံးပြုနေကြခြင်းဖြစ်သည်။ အလားတူ မြန်မာနိုင်ငံ၌ ၂၀၁၁ ခုနှစ် အတွင်းအသုံးပြုနေသော အင်တာနက် Bandwidth ပမာဏသည် 3.5G အထိသာရှိခဲ့သော်လည်း ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ အင်တာနက်အသုံးပြုနိုင်သော Bandwidth ပမာဏမှာ 14G အထိရှိလာခဲ့သည်။ နှစ်ဝက်တာကာလအတွင်း အင်တာနက်အသုံးပြုနိုင်သော Bandwidth ပမာဏ ၁၀ ဆနှင့် အင်တာနက်အသုံးပြုသူအရေအတွက် တစ်သိန်းကျော် တိုးတက်လာခဲ့ခြင်းဖြစ်သည်။ ““အင်တာနက်အသုံးပြုသူဆိုတာ နေ့တိုင်းနေ့တိုင်းတိုးလာနိုင်တာပဲ။ တစ်နှစ်ကို ဘယ်လောက်ထိ တိုးနေတယ်ဆိုတာတော့ ကျွန်တော်မသိဘူး။ ဒါပေမယ့် အင်တာနက် အသုံးပြုနိုင်တဲ့ Bandwidth ပမာဏကတော့ ၁၀ ဆလောက်တိုးလာတယ်လို့သိရတယ်။ ကျွန်တော်တို့သုံးနေတဲ့ အမြန်နှုန်းကတော့ ထူးခြား လာတယ်လို့မထင်ရဘူး””ဟု ရန်ကုန်မြို့ရှိ အင်တာနက်နေ့စဉ်အသုံးပြုသူတစ်ဦးကပြောသည်။ အင်တာနက် အသုံးပြု သူအရေအတွက် တိုးတက်လာရာ၌ မိုဘိုင်းဖုန်းအင်တာနက်အသုံးပြုသူအရေ အတွက်မှာ ၂၀၁၂ ခုနှစ် ဒုတိယ သုံးလပတ်အတွင်း သိသိသာသာ တိုးတက်များပြားလာခဲ့ခြင်းဖြစ်သည်ဟု အင်တာနက်လိုင်းများ ရောင်းချပေးနေသည့် ရတနာပုံတယ်လီပို့မှ ထုတ်ပြန်ပြောဆိုခဲ့သည်။
From -အင်တာနက်ဂျာနယ်

သမိုင်လိမ်ကုလား နာမည်ကို မပြောဆိုနိုင်တော့ဘဲ ပါးစပ်ပိတ်ပြန်သွားရခြင်း

Posted by drmyochit Monday, September 10, 2012, under | No comments




From:MWD

အမေရိကန်နိုင်ငံခြားရေးဌာန ဒုဝန်ကြီး (Joseph Y. Yun) နှင့်မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒက်ရစ် မစ်ချယ် (Derek J.Mitchell) ဦးဆောင်သော အဖွဲ့က စစ်တွေအခြေစိုက် အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ယနေ့ မွန်းလွဲ တစ်နာရီတွင် နေ့လယ်စာစားယင်းတွေ့ဆုံရာ၌ ဘင်္ဂါလီ ခိုးဝင်သူများသည် ဘင်္ဂလာဒေ့ရှ် ၏ တာဝန်သာဖြစ်သည် ဟုစစ်တွေ ဒေသခံများကိုယ်စား တက်ရောက်သူများက ပြောကြား ခဲ့သည့်အပြင် HumanRight Watch အဖွဲ့၏ လွန်ခဲ့သည့် တစ်လခန့်က ထုတ်ပြန်ခဲ့သော ဘင်္ဂါလီဆူပူမှုအရေးအခင်းဆိုင်ရာ အစီရင်ခံစာ တွင် ၁၉၄၂-ခုနှစ်က ဘင်္ဂါလီများကရခိုင်လူမျိုး တစ်သိန်းခန့်ကို သတ်ဖြတ်ခဲ့သော အရေးအခင်းကိုချန်လှပ်ခဲ့ခြင်းကို ဝေဖန်ထောက်ပြခဲ့သည်ဟု စစ်တွေအခြေစိုက် ၀ံလက်ဖောင်ဒေးရှင်း၏ ဒါရိုက်တာတစ်ဦး ဖြစ်သူ ဦးကျော်ဇောဦးက ပြောကြားခဲ့သည်ဟုCoral Arakan အားပြောကြားခဲ့သည်။


“ကျွန်တော် ဒု လက်ထောက်ဝန်ကြီးကို ပြောတဲ့အထဲမှာ တစ်အချက်။ဘင်္ဂါလီရှစ်သိန်းကျော် ရခိုင်မြေပေါ်မှာ ရောက်နေတဲ့ အတွက်လူ့အခွင့်အရေးတို့ တိုင်းရင်းသားအရေးတို့ကို မပြောနဲ့ထားဦး၊ အဲဒီလူပေါင်း ဘင်္ဂါလီပေါင်း ရှစ်သိန်းကျော် လူသားစင်စစ်ရောက်ရှိနေကြတဲ့အတွက်ဒီရခိုင့်မြေပေါ်ကအခြေအနေကို ပိုပြီး ကောင်းမွန် စေဖို့ရာပြဿနာ တွေပြေလည် အောင် လုပ်ဖို့ရာ ကျွန်တော်တို့ရဲ့ တာဝန်ဖြစ်တယ် (it is upto you) လို့ သူက ဆိုတယ်။ ဒါကို ကျွန်တော်က ငြင်းတယ်။ ဒီကိစ္စကိုဘင်္ဂလာဒေ့ရှ်က တာဝန်ယူရမှာဖြစ်တယ် (it is up to Bengladesh.) လို့ကျွန်တော် ပြောခဲ့တယ်။


“နှစ်အချက်။ ပြီးခဲ့တဲ့တစ်လလောက်က Human Right Watch အဖွဲ့ကထုတ်ပြန်တဲ့ဘင်္ဂါလီဆူပူမှု အရေးအခင်း ဆိုင်ရာ အစီရင်ခံစာမှာနောက်ခံသမိုင်းကြောင်းအကျဉ်းကိုဖေါ်ပြရာမှာ ၁၉၄၂-ခုနှစ်မှာ အိန္ဒိယကိုစစ်ဆုတ်သွားတဲ့ ဗြိတိသျှ တပ်တွေက ဘင်္ဂါလီကို လက်နက်တပ်ဆင်ပေးပြီး Bengali Vforce ဆိုပြီး ထားခဲ့တယ်။ အဲသည် လက်နက်ကိုင် ဘင်္ဂါလီတွေက ရခိုင်လူမျိုးတစ်သိန်းခန့်လောက်ကို သတ်ဖြတ်ခဲ့တဲ့ မျိုးတုံး သတ်ဖြတ်မှုကိုချန်လှပ်ထား ခဲ့တာဟာ အဲသည် အစီရင်ခံစာအနေနဲ့ လုံးဝဘက်လိုက် ရေးသားထားတာဖြစ်ကြောင်း ကျွန်တော်က ဒု လက်ထောက်ဝန်ကြီးကို ထောက်ပြ ခဲ့တယ်။
တတိယအချက်။ ဒီအချက်က UNHCR ဌာနေကိုယ်စားလှယ် ဟန်စ်တန်ဖဲလ် နဲ့အဖွဲ့ဝင်တွေကို ကျွန်တော် ပြောခဲ့တာဖြစ်တယ်။ ကျွန်တော်က UNHCR ဟာရခိုင်ဒေသမှာ ဘက်လိုက်ဆောင်ရွက်မှုရှိခဲ့တယ် ဆိုတာ အမှန်ပဲလို့ ပြောရမှာဖြစ်တယ် ပြောခဲ့တယ်။ ဥပမာ သူတို့ချပေးတဲ့ ပရောဂျက်တစ်ချို့မှာအိမ်ခြေငါးဆယ် အောက် ရွာတွေကို ထောက်ပံ့မှုမပေးဘူး ဆိုတာတွေရှိခဲ့တယ်။မူဆလင်ရွာကြီးတွေက အိမ်ခြေရာချီ ထောင်ချီနေပြီး တိုင်းရင်းသားရွာတွေက
အိမ်ခြေ ငါးဆယ်အောက်ရောက်နေတဲ့အခါ တိုင်းရင်းသားတွေကဘာထောက်ပံ့မှုမှမရတာတွေရှိခဲ့တယ်။ ဒါတွေကို ကျွန်တော်ပြောခဲ့တယ်။
နောက်ဆုံးတစ်ချက်။ ဒါပေမဲ့ ဒါက စကားဝိုင်းစကတည်းက ကျွန်တော်ပြောခဲ့တာ။ရိုဟင်ဂျာဆိုတဲ့စကားလုံးကို တစ်ခါ သုံးတိုင်း သုံးတိုင်း ကျွန်တော်တို့ရခိုင်တွေကို ခြိမ်းခြောက်မှုတစ်ခါစီလုပ်နေတာ ဖြစ်တယ်။ ဘင်္ဂါလီက ဘင်္ဂါလီလို့
ကိုယ့်ကိုယ်ကို မခေါ်ပဲ၊ ရိုဟင်ဂျာ လို့နာမည်တီတွင် ခေါ်နေတာဟာ အဲဒီနာမည်နောက်က နိုင်ငံရေး ရည်မှန်းချက်တွေ (ဆိုလိုတာက နယ်မြေ သိမ်းပိုက်ရေးရည်မှန်းချက်တွေ) အတွက် တစ်ခါစီ တစ်ခါစီ ကြိုးပမ်းမှု လုပ်နေတာဖြစ်တယ်
လို့ ကျွန်တော် ပြောခဲ့တယ်။ ဒီတော့ ဒီနေ့လယ်စာစားပွဲတစ်လျှောက်လုံးမှာသူတို့ဘက်က ရိုဟင်ဂျာ ဆိုတဲ့ စကားလုံးကို လုံးဝ မသုံးခဲ့တော့ဘူး။”
အမေရိကန် ဒု လက်ထောက်နိုင်ငံခြားရေးဝန်ကြီး နှင့် အမေရိကန်သံအမတ်ကြီးတို့ပါဝင် သော ဆယ့်တစ်ဦး အဖွဲ့သည် ဘူးသီးတောင် မောင်တော မှယနေ့မနက်ပြန်လည်ရောက်ရှိလာခဲ့ပြီး၊ စစ်တွေ ဒေသခံ လူမှုအဖွဲ့ အစည်းကိုယ်စားလှယ်များ နှင့်တွေ့ဆုံပြီးနောက် ချက်ချင်း လေယာဉ်ဖြင့်ရန်ကုန်မြို့ သို့ ထွက်ခွာ သွားကြသည်။

ဟူကျင်ထောင်းနှင့် ပူတင် ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး

Posted by drmyochit Monday, September 10, 2012, under | No comments


 
ပေကျင်း စက်တင်ဘာ ၈
တရုတ် သမ္မတ ဟူကျင် ထောင်းသည် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် စက်တင်ဘာ ၇ ရက်က တွေ့ဆုံ၍ နှစ် နိုင်ငံ ဆက်ဆံရေးနှင့် အခြား ကိစ္စရပ် များကို ဆွေးနွေး ခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံ ခေါင်းဆောင် များသည် ရုရှား နိုင်ငံ အရှေ့ပိုင်း ဗလာဒီဗော့ စတော့ခ် မြို့ရှိ အာရှ ပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ (APEC) ထိပ်သီး ဆွေးနွေးပွဲ ပြင်ပတွင် သီးခြား တွေ့ဆုံ ခဲ့ကြ ခြင်းဖြစ်ပြီး တရုတ်နှင့် ရုရှား နှစ်နိုင်ငံ မဟာ ဗျူဟာမြောက် ပူးပေါင်း လုပ်ဆောင်ရေး အပြင် ဒေသတွင်း နှင့် နိုင်ငံ တကာ ကိစ္စရပ်များ အပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြသည်။

ထိုသို့ ဆွေးနွေး ရာတွင် နှစ်နိုင်ငံ အကြား လာမည့် ဆယ်စုနှစ် အတွင်း ကုန်သွယ် မှုများကို တိုးမြှင့် သွားပြီး အပြန် အလှန် ယုံကြည်မှု တည်ဆောက်ရေး၊ ထောက်ပံ့ ရေးနှင့် တန်းတူ ညီမျှရှိရေး စသည်တို့ကို တိုးမြှင့် လုပ်ဆောင်ရန် နှစ်နိုင်ငံ ခေါင်းဆောင် များက သဘောတူ ခဲ့ကြောင်း သိရသည်။

တရုတ်နှင့် ရုရှား နိုင်ငံတို့သည် ၂ဝ၁၅ ခုနှစ်တွင် နှစ်နိုင်ငံ ကုန်သွယ် မှုကို ၇၉ ဒသမ ၂ ဘီလီယံ အထိ တိုးမြှင့်သွား မည်ဖြစ်ပြီး ၂ဝ၂ဝ ပြည့်နှစ် အရောက်တွင် ဘီလီယံ ၂ဝဝ အထိ တိုးမြှင့် သွားရန် စီစဉ်လျက် ရှိသည်။


သမီးကိုပြန်ပေးဆွဲပြီး ဖခင်ဖြစ်သူကို သတ်မည်ဆိုကာ ခြိမ်းခြောက်ငွေတောင်းခံမှုတစ်ခု စမ်းချောင်းမြို့နယ်တွင် ဖမ်းဆီးရမိ

Posted by drmyochit Monday, September 10, 2012, under | No comments


 
တူမဖြစ်သူ၏ သူငယ်ချင်းက နိုင်ငံတော်သမ္မတရုံးမှ ဗိုလ်မှူးတစ်ဦးဟု လိမ်လည်လျက် သမီးငယ် အား ပြန်ပေး ဆွဲပြီး ဖခင်ဖြစ်သူအား သတ်မည်ဟု ခြိမ်းခြောက် ငွေတောင်းသော မှုခင်းတစ်ခုရန်ကုန် တိုင်း ဒေ သကြီး စမ်းချောင်းမြို့နယ်တွင် ပြီးခဲ့သည့် သြဂုတ် ၃ဝရက်က ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ရန်ကုန် တိုင်း ဒေသကြီး စမ်းချောင်းမြို့နယ် သီရိခေမာရပ်ကွက် ခတ္တာလမ်း အမှတ်(၃၉)နေ ဦးမိုးနိုင်၏ လက်ကိုင် ဖုန်းသို့ နိုင်ငံတော် သမ္မတရုံးမှ ဗိုလ်မှူးဝင်းနိုင်ဆိုသူက ဦးမိုးနိုင်၏ အိမ်ဖော်ထံမှ ဖုန်းနံပါတ် စုံစမ်းသိရှိ ချက်အရ လက်ကိုင်ဖုန်းဖြင့် ဆက်သွယ်ပြီး ဦးမိုးနိုင်၏သမီးဖြစ်သူ ISM (International School of Myanmar) ကျောင်းသူ မဖူးဖူးအားပြန်ပေးဆွဲ၍ ဦးမိုးနိုင်အား သတ်မည်ဖြစ်ကြောင်း၊
 
ထိုသို့ မဖြစ်စေ လိုက ငွေကျပ်သိန်း တစ်ရာပေးရန် အကြိမ် ကြိမ် ခြိမ်းခြောက် တောင်းခံခဲ့ရာ ဦးမိုးနိုင်က ယင်းနေ့တွင်ပင် စမ်းချောင်း ရဲစခန်းသို့ တိုင်ကြားခဲ့သည်။ ဦးမိုးနိုင်၏ တိုင်ကြားချက်အရ စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူး အောင်သိန်းနှင့် စခန်းမှူးရဲအုပ်မြအောင်တို့က ၄င်းအားသွားရောက် တွေ့ဆုံမေးမြန်းခဲ့ပြီး တိုင်းဒေသကြီး ရဲတပ်ဖွဲ့သို့ ဆက်လက် တင်ပြချက်အရ တိုင်းဒုစရိုက် နှိမ်နင်းရေးအဖွဲ့မှ ဦးမိုးနိုင်၏ သမီးဖြစ်သူ မဖူးဖူးအား ကျောင်း သွားကျောင်းပြန် စောင့် ကြပ် လိုက်ပါခြင်း၊ကျောင်းတက်ချိန်တွင် ကျောင်းပြင် ပမှ စောင့်ကြည့်ခြင်း၊ ဦးမိုးနိုင်၏ နေအိမ်အနီးတွင် အစောင့်ထားရှိခြင်းတို့ကို ဆောင်ရွက်ပေးပြီး တစ်ချိန်တည်းတွင်ပင် မသင်္ကာ သူက ဦးမိုးနိုင်ထံသို့ ခေါ်ဆိုခဲ့သည့် လက်ကိုင်ဖုန်းအမှတ် ဝ၉-၂ဝ၂၇၆၂၉၏ ခေါ်ဆိုမှု မှတ်တမ်းတို့ကို စိစစ်ဖော် ထုတ်ခဲ့သည်။ထိုသို့ စိစစ်ချက်များအရ ယင်းလက် ကိုင်ဖုန်းပိုင်ရှင်မှာ မန္တလေးမြို့တွင် နေထိုင်သည့် ဒေါ်မွန်ရွှေ ဆိုသူဖြစ် ပြီး ၄င်း၏သားဖြစ်သူ အာကာ လူမင်းအား ပေးထားသောဖုန်းဖြစ်ကြောင်း၊

သားဖြစ်သူထံမှ ယင်းဖုန်းပျောက်ဆုံး သွားခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဖုန်း၏ ခေါ်ဆိုမှုမှတ်တမ်းများထဲမှ နံပါတ်တစ်ခုမှာ အာကာလူမင်း ၏သူငယ်ချင်း ဖြစ်သူ ရာဇာစိန်ဝင်း ဆိုသူ၏ ဖုန်းဖြစ်ကြောင်း ဆက်သွယ်ရေးဌာန မှ ဖော် ထုတ်နိုင်ခဲ့ပြီး ယင်းအာကာ လူမင်းနှင့် ရာဇာစိန်ဝင်းတို့မှာ ဦးမိုးနိုင်၏တူမ ဖြစ်သူမချစ်စု၏ မိတ်ဆွေ များဖြစ်ကြောင်း ဖော်ထုတ် နိုင်ခဲ့သည့် အပြင် မချစ်စု၏ လက်ကိုင်ဖုန်းမှ တစ်ဆင့် အာကာလူမင်းနှင့် ရာဇာစိန်ဝင်းတို့၏ ဓာတ်ပုံများကို ဖော်ထုတ်ရရှိခဲ့ပြီး ရာဇာစိန်ဝင်း၏ နေအိမ်အား စောင့်ကြည့်ခဲ့သည်။စက်တင်ဘာ၂ရက် မွန်းလွဲပိုင်းက ဦးမိုးနိုင်ထံသို့ ယင်းဗိုလ်မှူး ဝင်းနိုင်ဆိုသူက ထပ်မံဆက်သွယ်ပြီး မူလ တောင်းဆိုထားသည့် ငွေအပြင် i-Phoneနှစ်လုံးနှင့် Sim Cardနှစ်ခုကို ပါ နောက်တစ်နေ့ တွင် ပေး ရန် ထပ်မံခြိမ်းခြောက် တောင်းဆိုသဖြင့် ဦးမိုးနိုင်၏ တိုင်ကြားချက်အရ ထိုသူအား ငွေပေးအပ်ချိန်တွင် ဖမ်းဆီးရန် စီမံ ဆောင်ရွက်ခဲ့သည်။စက်တင်ဘာ၃ ရက် နံနက် ၉နာရီက ဦးမိုးနိုင်ထံ ၄င်းဗိုလ်မှူး ဝင်းနိုင်ဆိုသူက ဆက်သွယ်၍ ညနေ ၄နာရီတွင် (၄၉)လမ်းနှင့် မဟာဗန္ဓုလ လမ်းထောင့်ရှိ Black Skyကော်ဖီဆိုင်၌ တောင်းထားသော ငွေနှင့် ပစ္စည်းများ လာ ပေးရန် ချိန်းဆိုချက်အရ ရဲတပ်ဖွဲ့ဝင်များက ဦးမိုးနိုင်အိမ်နှင့် Black Skyကော်ဖီဆိုင်အနီး ၌ စောင့်ဆိုင်းခဲ့ပြီး ရဲအရာရှိတစ်ဦးက အနီးကပ် စောင့်ရှောက်ပေးခဲ့ရာ ညနေ၃နာရီခွဲတွင် ၄င်းဗိုလ်မှူး ဝင်းနိုင်ဆိုသူ ရောက်ရှိလာ ပြီး ဦးမိုးနိုင်နှင့် ချိတ်ဆက်လျက် ငွေနှင့်ပစ္စည်းများကို ယူဆောင်သွားခဲ့ရာမှ ကော်ဖီဆိုင် အထွက်တွင် အသင့်စောင့်ဆိုင်းနေသည့် ရဲတပ်ဖွဲ့ဝင်များက သက်သေခံ ပစ္စည်းများဖြစ်သည့် ငွေကျပ်သိန်းတစ်ရာ၊ i-Phone နှစ်လုံးနှင့် Sim Card နှစ်ခုတို့နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။ပြစ်မှုကျူးလွန်သူမှာ မင်္ဂလာတောင်ညွန့်မြို့နယ် (၁၂၂)လမ်းအမှတ်(၁၈) ခြောက်လွှာ ယာဘက်ခန်းတွင်နေ ထိုင် သူ ရာဇာစိန်ဝင်း(ခ) ရှီပါး(ဘ)ဦးစိန်ဝင်း ဖြစ်ပြီး ဒဂုံအဝေးသင် တက္ကသိုလ်မှ ဒုတိယနှစ် ကျောင်းသား တစ်ဦးဖြစ် ကြောင်း၊ ကျောင်းအတူသွားစဉ် အာကာလူမင်းထံမှ ခိုးယူခဲ့သော လက်ကိုင်ဖုန်းဖြင့် သမ္မတရုံးမှ ဗိုလ်မှူးဝင်းနိုင် ဟု လိမ်လည်၍ ဦးမိုးနိုင်ထံ ခြိမ်းခြောက် ငွေတောင်းခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။


ဤဖြစ်စဉ်တွင် မပေါင်းအပ်သူတို့နှင့် ပေါင်းသင်းမိခဲ့သည့် ဦးမိုးနိုင်၏ တူမဖြစ်သူမချစ်စု၊ မိမိအလုပ်ရှင်၏ ဖုန်း နံပါတ်ကို လူစိမ်းတစ်ဦးထံ အလွယ်ပေးခဲ့သော အိမ်ဖော်၊ကံဆိုးရှာသူ ဦးမိုးနိုင်တို့နှင့် လောဘ သားကောင် တို့ ဆုံဆည်းမိခဲ့ရာမှ စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ကျေပွန်သူ ဝန်ထမ်းများ ကြောင့်သာ ဖြစ်ရပ်ဆိုးကြီး မဖြစ်မီအချိန်မီ တားဆီးထိန်းသိမ်း လိုက်နိုင်ကြောင်း မှတ်သားဖွယ်ရာ တွေ့ရှိ ဖော်ပြလိုက်ပေသည်။

(
မြဝတီ)

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်