Thursday, September 13, 2012

ရန်ကုန် - မန္တလေးကားလမ်းမကြီးဘေး၊ စစ်ကိုင်းလမ်းခွဲ အနီးတွင် လူတစ်ဦး ကိုယ့်ကိုကိုယ် မီးရှို့သတ်သေ

Posted by drmyochit Thursday, September 13, 2012, under | No comments




 
စက်တင်ဘာလ ၁၂ ရက်၊ ယနေ့ ညနေ ၃နာရီ ၁၀ မိနစ်ဝန်းကျင် အချိန်တွင် မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ် ၊ ရန်ကုန် - မန္တလေးကားလမ်းမကြီးဘေး၊ စစ်ကိုင်းလမ်းခွဲ အနီးတွင် လူတစ်ဦး ကိုယ့်ကိုကိုယ် မီးရှို့သတ်သေသွားကြောင်း CJ Myanmar မှ သိရှိ ရသည်။




 



မြန်မာနိုင်ငံတွင် စစ်မှန်သော ဖွံ့ဖြိုးတိုးတက်မှုအတွက် ငြိမ်းချမ်းရေးလိုအပ်

Posted by drmyochit Thursday, September 13, 2012, under | No comments


 
(12 September 2012 ရက်စွဲပါ The Nation မှ Supalak Ganjanakhundee ရေးသားသော Myanmar Needs Peace for true Development ကိုဘာသာပြန်ပါသည်။)
မြန်မာနိုင်ငံသည် လွန်ခဲ့သော အနှစ်နှစ်ဆယ်က ထူထောင်ခဲ့သော မဟာမဲခေါင် ဒေသခွဲ(GMS) စီမံကိန်း၏ အစိတ် အပိုင်းတစ်ခု ဖြစ်သော်လည်း ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းပေါ်တွင်အမှန်တစ်ကယ် ဦးတည်ခဲ့ခြင်း မရှိပေ။

၁၉၉၂တွင် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ စပွန်ဆာဖြင့် စတင်တည်ထောင်ခဲ့သော GMSသည် ဒေသတွင်း အခြေခံအဆောက်အဦး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပင်မစီမံကိန်းကြီး ဖြစ်ခဲ့ပါသည်။ မြန်မာကိုယ်စားလှယ် အဖွဲ့သည် GMS အစည်းအဝေးတိုင်းသို့ တက်ရောက်ခဲ့သော်လည်း ပြည်တွင်းအခက်အခဲများနှင့် နိုင်ငံတကာအရေးယူမှုများကြောင့် ၎င်း၏စီမံ ကိန်းများကို အကောင်အထည်ဖော် ခဲလှပါသည်။
မြန်မာနိုင်ငံသည် GMS ပူးပေါင်းဆောင်ရွက်မှု၏ ကဏ္ဍအားလုံးတွင် ပါဝင်ခဲ့သော်လည်း စီမံကိန်းများအတွက် မည်သည့် ငွေကြေားအကူအညီမျှရခဲ့မရှိကြောင်း၊ အရေးယူပိတ်ဆို့မှုများကြောင့် ဖြစ်ကြောင်း ADB မှတ်တမ်းတစ်ခုက ဆိုပါသည်။
GMS ၏ အစီအစဉ်အရ မြန်မာနိုင်ငံသည် ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း တို့နှင့် တရုတ်၊ အိန္ဒယ နှင့် တောင်အာရှတစ်ခုလုံးကို ချိတ်ဆက်ရာတွင် အဓိကကျသော တည်နေရာတွင် ရှိနေပါသည်။
ပထ၀ီအနေအထားအရ မြန်မာနိုင်ငံသည် အိန္ဒယ နှင့် တရုတ် ကဲ့သို့သော အာရှ၏ အဓိကစီးပွားရေးတိုးတက်ကြီးထွားနေသော နိုင်ငံနှစ်ခုကိုချိတ်ဆက်ရာတွင် ပြည့်စုံသောအနေအထားတွင် တည်ရှိနေသော်လည်း ချိတ်ဆက်ရာတွင် အသုံးပြုနိုင်မည့် တိုင်းပြည်တစ်ဝှမ်းရှိ ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အဦးများမှာ သုံးမရသည့်အနေအထားတွင် ရှိပါသည်။
တရုတ်နှင့်ထိုင်းနိုင်ငံ ဆက်သွယ်မည့်လမ်းဖြစ်သည့် ယူနန်မှ ဘန်ကောက်သို့သွားသည့် လာအိုလမ်းကြောင်းအမှတ် ၃ လမ်းမကြီးမှာ နှစ်ပေါင်းအတော်ကြာကပင်ပြီးစီးခဲ့ပြီး ဖြစ်ပါသည်။ တိုင်းနိုင်ငံမှ ဗီယက်နမ် သို့ လာအိုလမ်းကြောင်း အမှတ် ၉ လမ်းမကြီးမှာလည်း မကြာမှီနှစ်များက အသုံးပြုနိုင်နေပြီ ဖြစ်ပါသည်။ မဲခေါင်မြစ်ကိုဖြတ်၍ အရှေ့တောင်အာရှ အရှေ့ခြမ်းသို့သွားသော တံတားများမှာ မကြာမီလေးကမှ ပြိးစီးခဲ့ပြီးဖြစ်ပါသည်။
သို့သော် ထိုင်းနိုင်ငံ အနောက်ပိုင်းနှင့် မြန်မာနိုင်ငံ ဆက်သွယ်မှုမှာ စစ်မက်ဖြစ်ပွားသော ဇုန်များရှိနေ၍ အခက်အခဲဖြစ်လျှက် ရှိနေပါသည်။ နယ်စပ် စစ်ဆေးရေး စခန်းများမှာ ဖွင့်လိုက်ပိတ်လိုက် ဖြစ်နေရခြင်းကြောင့် နယ်စပ်ကုန်သွယ်ရေးမှာလည်း မှောင်ခိုများ လက်ဝယ်ရောက်နေသည်မှာ နှစ်အတန် ကြာနေပြီ ဖြစ်ပါသည်။
မဲဆောက်-မြ၀တီ အထူးစီးပွားရေးဇုန် တည်ဆောက်ရေးအတွက် အသင့်ဖြစ်နေသည်မှာ ဆယ်စုနှစ်တစ်ခု ရှိပြီဖြစ်ပါသည်။ သို့သော်အဆိုပါ ကိစ္စကို အကြိမ်ကြိမ် ပြန်လည်သုံးသပ်ခဲ့ကြပြီး အတိတ်မှ အစိုးရများသည် သတင်းစာ ဆရာများအား အချိန်ကောင်း စောင့်နေသည်ဟု ပြောကြားခဲ့ပါသည်။ ယနေ့အထိ ဘာမှထူးမလာပေ။
မဲဆောက်-မြ၀တီ နယ်စပ်မှာလည်း ကာလအတန်ကြာ ပိတ်ထားခဲ့ရာမှ ပြီးခဲ့သည့် ဒီဇင်ဘာလကမှ ပြန်လည်ဖွင့်လှစ် ခဲ့သည်။ ထိုင်းနိုင်ငံနှင့် အိန္ဒိယ နိုင်ငံကို မြန်မာနိုင်ငံ မှတဆင့် ချိတ်ဆက်ဆက်သွယ်ရေး အိုင်ဒီယာကို မဟာဗျူဟာကျသော ပတ်တနာများသည် မှန်မှန်ဆွေးနွေး ခဲ့ကြသည်။ သို့သော် မည်သို့စတင်လုပ်ဆောင် ရမည်ဆိုသည်ကို မည်သူမျှမသိရှိခဲ့ကြပေ။
GMSဖွံ့ဖြိုးရေး စီမံကိန်း၏ မဲခေါင်ဒေသတွင် အခြေခံ အဆောက်အဦး စီမံကိန်း အတော်များများသည် လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုခန့်ကပင် ပြီးစီး၍ နှစ်နှစ်ဆယ်ပြည့် အောင်ပွဲခံ ခဲ့ကြပြီး ဖြစ်သည်။ ထို့ကြောင့် ယခုအခါ GMSသည် မြန်မာနိုင်ငံကိစ္စကိုသာ ၎င်း၏အစီအစဉ်တွင် ထိပ်ဆုံးဦးစားပေး လုပ်ဆောင်ရန် ဆုံးဖြတ်ထားသည်။
မြန်မာနိုင်ငံသည် စီးပွားရေး အရရော၊ နိုင်ငံရေးအရပါ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်လျှက် ရှိသည်။ ADBက ၎င်း၏မကြာသေးမီက အစီရင် ခံစာတွင် ခန့်မှန်းထားရာ၌ မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲရေးကို မှန်ကန်သော လမ်းကြောင်းပေါ်တွင် အရှိန်အဟုန်မပျက် ရှိနေပါက နောက်ထပ် ထွက် ပေါ်လာမည့် ကြယ်တစ်ပွင့် ဖြစ်သည်ဟု ဖော်ပြထားသည်။
အနောက်နိုင်ငံများက ချမှတ်ထားသော စီးပွားရေးအရ အရေးယူမှုများနှင့် ADBအပါအ၀င် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများ၏ အရေးယူထား မှုများမှာ လုံးဝမရုတ်သိမ်း သေးသော်လည်း ယာယီရုတ်သိမ်းခြင်း သို့မဟုတ် ဖြေလျှော့မှုများ ရှိခဲ့ပြီဖြစ်၍ အရင်းအနှီးများ စီးဝင်နိုင်ရန် လွယ်ကူနေသည်။
နိုင်ငံအတော်များများသည် မြန်မာနိုင်ငံ၏ ကဏ္ဍအားလုံးနီးပါးတွင် အရင်းအနှီး ပြုလုပ်ရန် အသင့်ရှိကြောင်း ပြသလျက် ရှိနေသည်။ တရုတ်က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများစွာ လက်ဦးမှု ရယူထားပြီး ထိုင်းနိုင်ငံကလည်း ထားဝယ်စီမံကိန်းကို ရယူထားသည်။
GMSနီုင်ငံ များကလည်း ADBအား အန်ဒမန်ပင်လယ်တွင် ဆိပ်ကမ်းဆောက်၍ အိန္ဒိယနှင့် ဆက်သွယ်ခြင်း အပါအ၀င် စီးပွားရေ စင်္ကြံချဲံ့ထွင် နိုင်ရေး အလားအလာများအတွက် သတင်းအချက်အလက်များနှင့် သုံးသပ်မှုများ ပြုလုပ်ရန် တောင်းဆိုလျက်ရှိသည်။
ယခုအခါ မြန်မာနိုင်ငံကြုံတွေ့ရမည့် စိန်ခေါ်မှုမှာ ပါဝင်ပတ်သက်သူအားလုံး အကျိုးအမြတ် ရစေမည့် နယ်စပ်ဖြတ်ကျော် ဖွံ့ဖြိုးတိုးတက်မှုနှင့် အဆက်အသွယ်ကို လုပ်ဆောင်နိုင်မည့် ငြိမ်းချမ်းရေးကို ရေရှည်ထိန်းသိမ်း ထားနိုင်ရေး ဖြစ်သည်။
From - Transparency myanmar ဘလော့

ရိုဟင်ဂျာ ပြဿနာ ဆုံးခန်းတိုင်ဖို့ ရခိုင်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံကြရန် ဘင်္ဂလားဒေ့ရှ် တိုက်တွန်း

Posted by drmyochit Thursday, September 13, 2012, under | No comments


 
(The Daily Star Newsမှ 12Sept 2012ရက်စွဲပါ “Invest in Rakhine state to end Roheingya crisis”သတင်းကို ဘာသာပြန်ဆိုသည်)
ဘင်္ဂလားဒေ့ရှ် အစိုးရ အမေရိကန်ပြည်ထောင်စုနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအား အသက်မွေးဝမ်းကျောင်း အလုပ် အကိုင် အခွင့်အလမ်းသစ်များ ဖန်တီးပေးဖို့ ရင်းနှီးမြှုပ်နှံကြရန် နှင့် သို့မှသာ ရိုဟင်ဂျာတို့၏ ဒုက္ခများ ထာဝစဉ်အဆုံးသတ်သွားမည် ဖြစ်ကြောင်းမနေ့က တိုက်တွန်းပြောကြားသည်။ ရခိုင်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွက်လည်း  ရိုဟင် ဂျာများ ထပ်မံစီးဝင်လာမှုမှ သက်သာရာ ရစေလိမ့်မည်ဟု ဆိုသည်။

ရိုဟင်ဂျာပြဿနာအပေါ် ရေရှည်ခံ လူသားချင်းစာနာမှု အဖြေထွက်လာရေးအတွက် ဘင်္ဂလားဒေ့ရှ် ၏ထင် မြင်ယူ ဆချက်များကို မေးမြန်မးခဲ့သော အမေရိကန်နိုင်ငံခြားရေး ဌာနအဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့ ကို ဘင်္ဂလားဒေ့ရှ် အစိုးရက ထိုသို့ အကြံပြုခဲ့ခြင်းဖြစ်သည်။
အမေရိကန်ကိုယ်စားလှယ်အဖွဲ့သည်  ဗုဒ္ဓဘာသာရခိုင်နှင့် မွတ်စလင် ရိုဟင်ဂျာတို့နေထိုင်ကြသော ရခိုင်ပြည်နယ်မှ ဒုက္ခ သည် စခန်းများသို့ ၃ရက် ကြာ သွားရောက်ကြည့်ရှုခဲ့ပြီး နောက်ဒက္ကားသို့မနေ့က ရောက်ရှိ လာခဲ့သည်။
၎င်းကိုယ်စားလှယ်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်း တာဝန်ရှိသူများနှင့် မနေ့က မွန်းလွဲပိုင်း တွင်တွေ့ဆုံခဲ့သည်။ ထိုအ စည်းအဝေးတွင် ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူများက ဒက္ကားသည် နေပြည်တော်နှင့် အပြန်အလှန် ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ကာ ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကာ လက်ကျန် ရိုဟင်ဂျာများကို မြန်မာနိုင်ငံသို့ ပြန်ပို့လိုကြောင်း ထပ်မံပြော ဆိုခဲ့သည်။
ကော့ဘဇားခရိုင်ရှိ ဒုက္ခသည် စခန်းများမှ အန်ဂျီအို လုပ်ငန်းများအပေါ် ထားရှိသော ဘင်္ဂလားဒေ့ရှ်၏ မူဝါဒကို အမေရိ ကန် ကိုယ်စားလှယ်အဖွဲ့က မေမြန်းသောအခါ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများက “ခိုအာပါရာနှင့် ကူတူပါလွန် ဒုက္ခသည် စခန်းများမှ နိုင်ငံတကာ အန်ဂျီအို အဖွဲ့သုံးဖွဲ့သည် သူတို့၏ လုပ် ပိုင်ခွင့်ထက် ကျော်လွန်လုပ်ဆောင် နေခြင်းကြောင့် စီမံချက်ကာလ သက်တမ်း တိုးခြင်းကို ပယ်ဖျက်ခဲ့ခြင်း ဖြစ်သည်”ဟု ပြန်ကြားပြောဆိုသည်။
အမေရိကန် ကိုယ်စားလှယ်အဖွဲ့တွင် ဗဟိုအာရှနှင့် တောင်အာရှရေးရာ ဒုလက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Alyssa Ayers ၊ အရှေ့တောင် အာ ရှနှင့် ပစိဖိတ်ရေးရာ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Joseph Yun၊ လူဦးရေ၊ ဒုက္ခသည်နှင့် ရွှေ့ပြောင်းမှုဆိုင်ရာ ဗျူရို ဒုလက်ထောက် နိုင်ငံခြား ရေး ဝန် ကြီး Kelly Clements၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ ဗျူရို ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး  Daniel Baerတို့ ပါဝင်လိုက်ပါ ကြ သည်။
ဒက္ကားမြို့သံရုံးမှ အမေရိကန် သံအမတ်ကြီး Dan Mozenaလည်း အစည်းအဝေးသို့ ပါဝင်တက်ရောက် ခဲ့ကြသည်။ အမေရိကန် အဆင့်မြင့် ကိုယ် စားလှယ် အဖွဲ့သည် ကုလသမဂ္ဂ တာဝန်ရှိသူများ အပါအဝင် ဒက္ကားမြို့ သံတမန် အသိုင်း အဝိုင်းနှင့်လည်း တိုင်ပင်ညှိနှိုင်း ကြမည်ဖြစ်ပြီး ကော့ဘဇားနှင့် တက်ကနပ်သို့ ယနေ့သွားရောက် ကြည့်ရှုကြမည်ဟု သိရှိရသည်။
 From - Transparency myanmar

ကချင်လူထု၏ အသံများ

Posted by drmyochit Thursday, September 13, 2012, under | No comments


KIAသောင်ကျန်းသူ အဖွဲ့သည် အကြမ်းဖက်အဖွဲ့အစည်းပီပီ ကချင်ပြည်နယ် အတွင်း အဖျက် လုပ်ငန်း များကို ပိုမို တိုးမြှင့်ဆောင်ရွက်လျက်ရှိခြင်းကြောင့် အပြစ်မဲ့ ကချင်ပြည်သူ များ သေဆုံးဒဏ်ရာရခြင်း၊ လမ်း ၊ တံ တားများ ပျက်စီးပြီး သွားလာ ရေးခက်ခဲ သဖြင့် ကုန်ဈေးနှုန်းကြီးမြင့်ကာ စားဝတ်နေရေး ကြပ် တည်းခြင်း စသည့် ဒုက္ခများကို ပြည်သူများ ကြီးမားစွာ ကြုံတွေ့နေရသည်။ 

KIA သောင်းကျန်းသူများသည် ပကတိအခြေအနေမှန်များကို ဖုံးကွယ်လျက် စစ်တပ်အပေါ် အပုပ် ချပြောဆိုနေခြင်းအား ကချင်တိုင်းရင်းသားများမှ ကျေနပ်မှုမရှိခြင်းကြောင့်လည်းကောင်း၊ KIA ၏ လုပ်ရပ် များကို ကချင်လူထုအနေဖြင့် သည်း ခံနိုင်ခြင်းမရှိတော့သည့်အတွက်ကြောင့်လည်းကောင်း ကချင်ပြည်နယ် အတွင်းမှ ဖြစ်စဉ်ဖြစ်ရပ်များကို ကချင်သတင်းဌာနသို့ အဆက် မပြတ် ထပ်မံပေးပို့လျက်ရှိကြသည်။
 
စက်တင်ဘာလ ၅ ရက်နေ့ နေ့လယ် ၁ နာရီခွဲချိန်ခန့်တွင် ဖားကန့်မြို့နယ်၊ မှော်ဝမ်းရပ်ကွက်နေသူ အဘ ဦးလ ဘော့မ်ဂမ်၏သား မောင်နော်ကျန်းသည် လယ်ယာလုပ်ငန်းခွင်သို့သွားရောက်စဉ် ဖားကန့်မြို့ နယ်၊ အေးမြသာယာအုပ်စု ရှရော် ခကျေးရွာအနီးတွင် KIA တို့ထောင်ထားသော နင်းမိုင်း ၁ လုံးနင်းမိပေါက် ကွဲသည်။ မိုင်းပေါက်ကွဲမှုကြောင့် မောင်နော်ကျန်း၏ လည်ပင်းနဲ့ဦးခေါင်းတို့တွင် ပြင်းထန် စွာဒဏ်ရာများ ရရှိ ကာ နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရှိရသည်။

၎င်းနေ့ နေ့လယ် ၃ နာရီချိန်ခန့်တွင် ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စု၊ ဘုန်းကြီးမှော်ကျေး ရွာတွင် နေထိုင်သူ အဘ ဦးဒေါင်ဟောင်း၏သား မောင်စည်သူဖြိုးသည် ဆိုင်ကယ်ဖြင့် တာမခန်ကျေးရွာ သို့သွားရောက်စဉ် ဟောင်ပါးကျေးရွာ သင်္ချိုင်းကုန်းအနီး KIA တို့ထောင်ထားသည့် မိုင်းတစ်လုံး နင်းမိပေါက်ကွဲခဲ့သည်။ မိုင်းပေါက်ကွဲမှု ကြောင့် မောင်စည်သူဖြိုး၏ ခြေသလုံး၊ လက်မောင်း စသည့်နေရာ များတွင် ဒဏ်ရာများပြင်းထန်စွာ ရရှိခဲ့သည်။
KIA သောင်းကျန်းသူတို့သည် စက်တင်ဘာလ ၆ ရက်နေ့ည ၇ နာရီချိန်ခန့်တွင် မော်ဟန်နှင့် မိုးညှင်း ဘူတာကြားရှိ ရထားလမ်းတံတားအမှတ် ၅၅၅ ကို မိုင်းခွဲဖျက်ဆီးခဲ့သဖြင့် ရထားသံလမ်း ၄ ပေ ခန့် ပြတ်တောက်သွားခဲ့ရသည်။
 
စက်တင်ဘာလ ၈ ရက်နေ့ည ၈ နာရီချိန်ခန့်တွင် ဟိုပင်မြို့ မီးရထားဘူတာ၏ မြောက်ဘက် ကိုက် ၁၅၀ ခန့်အကွာ ကုန်သွယ်လယ်ယာ စပါးဂိုဒေါင်ဟောင်းတွင် KIA တို့ လာရောက်မိုင်းထောင်ဖောက်ခွဲခဲ့ သဖြင့် စပါးဂိုဒေါင် ပျက်စီးခဲ့ရသည်။
စက်တင်ဘာလ ၉ ရက်နေ့ည ၉ နာရီချိန်ခန့်တွင် မိုးညှင်းမြို့နယ်၊ နမ်းမားကျေးရွာနှင့် နမ့်ခန်းကျေး ရွာကြား သံဘောင် ဘေလီ ရထားလမ်းတံတားအမှတ် ၆၀၉ အား KIA တို့မှ မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် တံတားပျက်စီးခဲ့ရသည်။
 
KIA သောင်းကျန်းသူအဖွဲ့သည် ၂၀၁၁ ခုနှစ် ဇွန်လမှ စ၍ ရထားလမ်း မိုင်းထောင်ဖောက်ခွဲမှု များကို ဆောင်ရွက်ခဲ့ရာ နန့်စီးအောင်-မြစ်ကြီးနား မီးရထားလမ်းတွင် မိုင်းခွဲမှုအကြိမ်ပေါင်း ၆၀ ခန့်ရှိပြီဟု လည်းသိရသည်။ မီးရထားဝန်ထမ်းများက ပြုပြင် လိုက် KIA ကဖျက်ဆီးလိုက်ဖြစ်နေသည် ဟု ဒေသခံများ က ပြောကြသည်။

KIA တို့၏လုပ်ရပ်များကြောင့် ကချင်ပြည်နယ်အတွင်း နေထိုင်သော တိုင်းရင်းသားပြည်သူ များအနေဖြင့် စားဝတ် နေရေးဒုက္ခများ နိစ္စဓူဝခံစားနေရသည့်အတွက် နီးစပ်ရာရွာသားများပူးပေါင်းပြီး KIA အဖွဲ့ကို တစ်နိုင်တစ်ပိုင် တိုက်ခိုက်မှုများ ဆောင်ရွက်လျက်ရှိပြီဖြစ်သလို စစ်တပ်အားလည်း KIA အဖွဲ့များကို မဖြစ်မနေထိုးစစ်ဆင် တိုက်ခိုက်စေရန် လိုလားလျက်ရှိကြောင်း သတင်းများပေးပို့လာပါသည်။
From -ကချင်နေ့စဉ်သတင်း 

ရွှေနိုင်ငံနှင့်ရိုဟင်ဂျာ

Posted by drmyochit Thursday, September 13, 2012, under | No comments



From : ကနေဒါမှမေခလာကမ္ဘာ့အလည်တွင် ရွှေနိုင်ငံဟူသည် ပြိုင်စံရှား တစ်ခုတည်းသောတိုင်းပြည်ဖြစ်သည်။ ယင်းတိုင်းပြည်သည် အလွန်အင်မတန်မှသံယံ ဇာတ ပေါကြွယ်ဝလှသည့်အပြင် မျိုးမြင့်မြတ်သော ပညာတတ်လူတန်းစားများ အများစုနေထိုင်ကြသည်။ ၂၁ ရာစုအထိ သိပ္ပံပညာရှင်ပေါင်းများစွာ၊ အသိပညာရှင်ပေါင်းများစွာ၊ နိုဘယ်လ်ဆုရှင်များစွာ၊ သမိုင်းပညာရှင်များစွာတို့  အပြင် လူမျိုးစုနှင့်ယဉ်ကျေးမှု့ ဆိုင်ရာသရုပ်ခွဲပညာတွင်လည်း သူမတူအောင် ထူးချွန်သူများအား မွေးထုတ်ပြီးဖြစ်လေသည်။
ထို့ ကြောင့်နိုင်ငံတကာမှပင် အလွန်လေးစားအားကျအတုယူနေရသည်။ အုပ်ချုပ်ရေးစနစ်၊ ပညာရေးစနစ် စသည် စသည်တို့ သည် လည်းပြိုင်စံရှား အထူးကောင်းမွန်လှသည့် အပြင် လူတစ်ဦးချင်းစီ၏စည်းကမ်း၊ လူ့ ဘောင်အသိုက်အ၀န်းအားအကျိုးပြုမှု၊ ဘာသာ တရား ကိုင်းရှိုင်းမှုတို့ မှာလည်း စံနမူနာယူစရာအတိပင်ဖြစ်သည်။
ယင်းကဲ့သို့ ပြည့်စုံကောင်းမွန်လှသော တိုင်းပြည်သို့ လာရောက်လည်ပတ်ချင်သူ၊ လာရောက်အခြေချနေထိုင်လိုသူများစွာတို့ သည် ယင်းနိုင်ငံသို့ ရောက်ရှိအခြေချရန်အစဉ်မျှော်လင့် ကြိုးစားလျက်ရှိကြသည်။ သိုသော်ဗီဇာစနစ် စည်းကမ်းတင်းကြပ်ပြီး လုံခြုံ ရေးစနစ်အားကောင်းလွန်းသောကြောင့် အနည်းငယ်မျှချမ်းသာရုံ၊ ပညာတတ်ရုံဖြင့် ယင်းတိုင်းပြည်သို့ ခြေမချနိုင်ပေ။ ဤသို့ သောအခြေအနေတွင် ယင်းတိုင်းပြည်သို့ အလုံးအရင်း နှင့် ၀င်ရောက်လာနိုင်သောသူများရှိလာခဲ့သည်။ ယင်းတို့ လူမျိုးတို့ သည်အ လွန်တရာမှဆင်းရဲနုံ့ ချာပြီး ပညာမဲ့ ဥစ္စာမဲ့ အရုပ်ဆိုးအကျည်းတန် လူတန်းစားများဖြစ်ကြသည်။ ထိုလူတန်းစားမျိုးကို ရိုဟင်ဂျာဟု အမည် တွင်သည်။
ယင်းလူမျိုးတို့ သည် သူတို့ ၏ပင်ကိုယ်အရည်အချင်းကြိုးစားမှုကြောင့်မဟုတ်ဘဲ ရွှေနိုင်ငံ၏ သနားကြင်နာတတ်သော၊ ဖေးမှ ကူညီတတ်သော ရွှေလူမျိုးတို့ သည် နယ်စပ်မှဝင်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။ ယင်းရိုဟင်ဂျာလူမျိုးတို့ အခြေချခွင့်သည် ၂၀ ရာစုတွင် ပိုမိုလာသည်။ အဘယ်ကြောင့်ဆိုသော် ယင်းတို့ နေထိုင်ခွင့်ရကြသော ပြည်နယ်သည် အင်မတန်မှသံယံဇတပေါကြွယ်ဝသည့်အပြင်၊ တရားမျှတသောအုပ်ချုပ်ရေးစနစ် နှင့် ကမ္ဘာ့ခေတ်အမှီဆုံးခေတ်ပေါ် ဆက်သွယ်ရေး နည်းပညာများဖြင့် ပြည်နယ်အတွင်း နေထိုင်ကျသူများကို ထောက်ပံ့ပေးထားပြီး နေချင့်စဖွယ် ဖြစ်နေသောကြောင့်ဖြစ်သည်။ ယင်းပြည်နယ်တွင် ရွှေ၊ငွေ၊ ကျောက်သံပတ္တမြား အပြင် ရေနံ၊သဘာဝဓာတ်ငွေ့ နှင့် အဆင့်မြင့်စိုက်ပျိုးရေးထုတ်ကုန်များအပြင် နည်းပညာမြင့် မော်တော် ယာဉ်များ၊ လေယာဉ်ပျံများနှင့် အီလက်ထရောနစ်ပစ္စည်း ထုတ်ကုန်တို့ မှာ စုံလင်လှသည်။ ထို့ ကြောင့်ယင်းပြည်နယ်ရှိ ရွှေရခိုင်ဟုခေါ်တွင်သော မျိုးမြင့်မြတ်သော၊ လှပတင့်တယ်ပြီး ပညာတတ်ရည်မွန်သော သူများသည် ရွှေကိုမြေလိုသုံး၊ ငွေကို ရေလိုသုံးနိုင်ကြသည်။
ရိုဟင်ဂျာများသည် ရွှေရခိုင်လူမျိုးတို့ အား အလွန်အမင်း မနာလိုစိတ်ရှိနေကြသည်။ သူတို့ ကဲ့သို့ ရွှေပန်းကန်များ၊ ရွှေခွက်များဖြင့် စားတော်ပွဲတွင် ရွှင်ပြလိုကြသည်။ ယင်းသို့ သောအခြေအနေများက ငတ်ပြတ်စုတ်ပြတ်နေသော ရိုဟင်ဂျာများကို ယင်း ပြည်နယ်တွင် အခြေချနေထိုင်လိုစိတ်ပြင်းပြနေခြင်းဖြစ်သည်။ ရွှေနိုင်ငံမှ ရွှေလူမျိုးတို့ သည် ယင်းရိုဟင်ဂျာများကို သနား သောအားဖြင့် နယ်စပ်ဂိတ်ပင်မထား၊ နိုင်ငံသားစိစစ်ရေးကဒ်ပင်မလို ဧည့်စာရင်းဆိုသည်ကိုကြားဖူးသူဟူ၍မရှိလောက်အောင်
နေထိုင် သွားလာခွင့်ပြုပေးခဲ့ကြသည်။

နေအိမ်မရှိသောရိုဟင်ဂျာများကို နေထိုင်စရာများစီစဉ်ပေးခြင်း၊ ပညာသင်ကြားပေးခြင်း၊ အစာရေစာထောက်ပံခြင်း၊ သာသနာပြုခွင့်ပေးခြင်း၊ အလုပ်လက်မဲ့ဖြစ်နေသူများကို အလုပ်အကိုင်ဖန်တီးပေးခြင်းစသည်ဖြင့် ယင်းတို့ ဘ၀တွင် လူဖြစ်ရကျိုးနပ်အောင်ပင် လူသားခြင်းစာနာသောစိတ်အပြည့်ဖြင့် ကူညီပေးနေခဲ့သည်။ ဤသို့ နေထိုင်လာခဲ့ကြရာ ၂၁ရာစု အရောက် ၂၀၁၂ တွင် ရွှေလူမျိုးတို့ သည် ဆိုးသွမ်းရမ်းကားလာသော ရိုဟင်ဂျာလူမျိုးတို့ ကိုမဟာဗျူဟာကျကျ နှင်ထုတ်ရန် ဖြစ်လာ ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ရွှေနိုင်ငံတွင် မည်သည့်ရွှေလူမျိုးမှ မကျူးလွန်ဖူးသော မုဒိမ်းမှုကို ရိုဟင်ဂျာ (၃)ဦးတို့ က ဆန်းသစ်တီထွင်စွာ ကနဦး ကျူးလွန်မိကြခြင်းဖြစ်သည်။ မည်သို့ မှသည်းမခံနိုင်သော ရွှေလူမျိုးတို့ သည် အမျက်ဒေါသ ချောင်း ချောင်း ထွက်လျက် ရွှေရခိုင် ပြည်နယ်သို့ လာရောက်သော ရွှေနိုင်ငံ၏ အခြားမြို့များဖြစ်သော တောင်တွင်းကြီး၊မြောင်းမြ တို့ မှ (၁၀) ဦးပါဝင်သော(ရိုဟင်ဂျာတစ်ဦးမျှပင်မပါသော) ရွှေနိုင်ငံဖွား မွတ်စလင်တရားဟောအဖွဲ့  အားအုပ်စုလိုက် ညင်သာစွာ သုတ် သင်လိုက်ကြသည်။
ပြစ်မှုကျူးလွန်သော တရားခံ (၃)ဦးအနက် ပြစ်မှု့ထင်ရှားသော ထက်ထက်ဆိုသူမှာ ရွှေနိုင်ငံ၏ ထောင်တွင်း၌ပင်မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သည်။ ထောင်တွင်း၌ မိမိကိုယ်ကိုအဆုံးစီရင်ရန် လွယ်ကူလောက်အောင် အထောက်အပံ့များ ရှိသည် မရှိသည်ဆိုသည်မှာ ယင်းရွှေနိုင်ငံ၏တာဝန်ရှိသူများသာသိခွင့်ရကြမည်။ အကြမ်းဖက်သမားဘင်လာဒင်ကဲ့သို့  ဆိုးသွမ်း ယုတ်မာသော ထက်ထက်ဆိုသည်ကိုလည်း သေသောအခါ မည်သူမျှအလောင်းမတွေ့ ရှိနိုင်တော့ပေ။ ရက်စက်ကြမ်းကြုတ်သော
ယင်းထက်ထက်ဆိုသည်ကို မည်သည့် ပြည်ပမီဒီယာမှမြင်တွေ့ ဖူးလိုက်ခြင်းမရှိပေ။ အဓိကဇာတ်ကောင်သည် ဤမျှနှင့်ပင် နိဂုံးချူပ်လေသည်။

ကျန်တရားခံနှစ်ဦးမှာ လည်းမီဒီယာရှေ့ တွင်ပေါ်ထွန်းလာပြီးမကြာမှီသေဒဏ်ဖြင့်ဇီဝိန်ချူပ်လေသည်။ မွတ်စလင်(၁၀)ဦးအား ရွှေလူမျိုးများက ဒေါသအလျောက် ညင်သာစွာ ဆုံးမလိုက်သူများမှာတော့ ယနေ့ ရွှေနိုင်ငံမီဒီယာများတွင် ပျောက်ခြင်းမလှပျောက်ကွယ်နေလေသည်။ ယင်းနှင့်တစ်ဆက်တည်း ဆက်သွယ်ရေးနည်းစနစ် လွန်စွာကောင်းမွန်ပြီး အင်တာ နက်စနစ်မြန်ဆန်သောရွှေနိုင်ငံ၏ အင်တာနက်စာမျက်နှာများတွင်လည်း ယင်းရိုဟင်ဂျာများနှင့်ပတ်သက်ပြီး ရွှေလူမျိုးတို့ သိမ်မွေ့ စွာဆဲဆိုသံများ၊ ဘာသာတရားကို စော်ကားသောအဆင့်မြင့်လုပ်ကွက်များ၊ မဟာဗျူဟာကျကျပူပေါင်းပါဝင်သူများဖြင့်စည် ကားလျက်ရှိကြသည်။
ကမ္ဘာ့အင်တာနက်စာမျက်နှာများတွင်လည်း ရွှေနိုင်ငံမှတရားဝင် အမှန်အကန်မထွက်လာသော အချက်အလက်များကြောင့် အကြံအဖန်အချက်အလက်များသာကြီးစိုးလာပြီး ကြိမ်းသူကကြိမ်း၊ ဆဲသူကဆဲ၊ စိန်ခေါ်သူကစိန်ခေါ်နေကြလေပြီ။ ထို့ ပြင် ငတ်ပြတ် မွဲခြောက်နေကျသောကမ္ဘာ့ မီဒီယာများသည်လည်း အလွန်ကြွယ်ဝချမ်းသာသော ရိုဟင်ဂျာများ၏ လာဘ်ပေးမှု ကိုရယူကာ ဘက်လိုက်ရေးနေကြလေသည်။ ရွှေတိုင်းပြည်၏ ရွှေလူမျိုးတို့ ၏ သိက္ခာဂုဏ်သတင်းကာ ကမ္ဘာ့အလည် တွင်မွေးပျံ့ ကျော်ဇော
လျက်ရှိသည်။ ရွှေတိုင်းပြည်သည် မေတ္တာတရားကြီးစိုးအခြေခံနေကြသူများဖြစ်သဖြင့် ကမ္ဘာ့လူဦးရေ အတော်အများ ကပင်တန်ပြန်မေတ္တာဖြင့်ချစ်ခင်မပျက်ရှိနေကြသည်။ မကြာမှီကပင် 7day news ဟုခေါ်တွင်သော ရွှေမီဒီယာသည် အမည်၊ မှတ်ပုံတင်နံပါတ် နှင့် နေရပ်ဒေသ အပြည့်အစုံဖြင့်ကမ္ဘာ့အလည် မီဒီယာတွင် သတင်းထွက်ပြီးသော ညင်သာစွာ ဆုံးမသုတ် သင်ခံလိုက်ရသူ ရွှေနိုင်ငံဖွား မွတ်စလင်(၁၀)ဦးကို အိန္ဒိယနိုင်ငံတောင်ပိုင်းကဟု မီဒီယာတွင်ပါဝင်စေခဲ့ခြင်းအားဖြင့် ရွှေနိုင်ငံ၏ ရွှေမီဒီယာများကို ကမ္ဘာကမည်သို့ တုန့် ပြန်မည်ဆိုသည်မှာ နှင့် ရွှေလူမျိုးတို့ ၏ရိုဟင်ဂျာ နှင်ထုတ်သုတ်သင်ရေးဗျူဟာသည် စောင့်ကြည့်ရမည့် ကိုရီးယားဇာတ်လမ်းတွဲပင်ဖြစ်သ
ည်။

ABSDF မြောက်ပိုင်းတွင် သေဆုံးခဲ့သော် ရဲဘော်များကို ဧရာဝတီ အယ်ဒီတာ အောင်ဇော်မှ ပြောင်ပြောင်တင်းတင်း စော်ကား ပြောဆို

Posted by drmyochit Thursday, September 13, 2012, under | No comments



ABSDF မြောက်ပိုင်းတွင် သေဆုံးခဲ့သော် ရဲဘော်များကို ဧရာဝတီ အယ်ဒီတာ အောင်ဇော်မှ ပြောင်ပြောင်တင်းတင်း စော်ကား ပြော ဆိုလိုက်ခြင်းကြောင့် လူထုက မကျေမနပ်ဖြစ်နေကြကြောင်း သတင်းရရှိသည်။

၁၀-၉-၂၀၁၂ ရက်နေ. မနက် ၁၀ နာရီကမြောက်ပိုင်းကျောင်းသားများ လူသတ်ပွဲတွင်ကျဆုံးခဲ့သော ကိုထွန်းအောင်ကျော်၏ အစ် မဝမ်းကွဲ၊ ကျဆုံးရဲဘော် ကိုချိုကြီး၏ ညီမအရင်းဖြစ်သူ မသင်းသင်းနဲ. မချောအိဖြူ တို.ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ. ချုပ် ရုံးချုပ်ကိုရောက်ခဲ့ရာ ဧရာဝတီသတင်းဌါနက ဆံပင်ရှည်ကို မြင်းမြှီး လိုချည်ထားသည့် ယောင်္ကျားလိုလို မိန်းမလိုလို ပုံစံဖြင့် ဦး အောင် ဇော် ရောက်လာပြီး

"မြောက်ပိုင်းကိစ္စကသေးသေးလေးပါ...၊ ၈၈ မှာရော ၂၀၀ရ မှာရောလူတွေသေခဲ့တာအများကြီးပါ...၊ ဒီသတင်းကို ကျွန်တော် ကအစောဆုံး ၁၉၉၆ ကစခဲ့တာပါ..." ဟု ပီကေ တဝါးဝါး နှင့် ပြောခဲ့ကြောင်း သိရသည်။

သတ္တိရှိရှိလက်နက်ကိုင်တိုက်ပွဲဝင်သူများကို အထောက်အပံ့ယူပြီး အင်တာနက်ပေါ်မှာ တိုက်ပွဲဝင်သူက လူမဆန်စွာ ရက်ရက် စက်စက် အသတ်ခံရခြင်းအတွက် စာနာမှုမရှိပဲ မလေးမစား ပီကေဝါးပြီး သေးလေး ပါ ဟု အပြောခံရသဖြင့် မသင်းသင်း မှ ဦး အောင် ဇော်ကို လုံးဝဥပက္ခာပြုပြီး စကားပြန်မပြောပဲ အပြင်သို့ ထွက်လာခဲ့ကြောင်း သိရသည်။

အင်တာနက်ပေါ်တွင် ကီးဘုတ်ကိုင် တိုက်ပွဲဝင်သူ ဦးအောင်ဇော်မှ လက်နက်ကိုင် တိုက်ပွဲဝင် သူရဲကောင်းများ သတ်ဖြတ်ခံရသည့် ရာဇဝတ်မှုကြီးကို သေးသီမ်သွားအောင်၊ မြောက်ပိုင်းမှာသေဆုံးသွားခဲ့သူတွေ၊ညှင်းပန်းနှိပ်စက်ခံခဲ့ရပြီး စိတ်ဒဏ်ရာတွေ၊ ကိုယ်ဒဏ်ရာ ရခဲ့တဲ့သူတွေ၊ သူတို.ရဲ.မိသားစုဝင်တွေကို ပြောင်ပြောင်တင်းတင်း စော်ကားမှုကြောင့် ကာယကံရှင် များနှင့် နီးစပ်သူများသာမက လူထုတစ်ရပ်လုံးကပါ ဦးအောင်ဇော်ကို မကျေမနပ် ဖြစ်နေကြောင်း သိရပြီး ဧရာဝတီ မီဒီယာ ကိုလည်း စိတ်ပျက်လျှက် ရှိကြောင်း သတင်းရရှိသည်။


Jing Hpaw Land - မြောက်ပိုင်းကိစ္စကသေးသေးလေးပါဟုတ်လား...မင်းဖင်နဲ့ ငုတ်နဲ့ ဆောင့်သေလိုက် အောင်ဇော် ငါ-ိုးမသား..ပြည်ပြေး...စောက်ဆင့်ကိုမရှိဘူး....မင်းနဲ့ တန်တာဘာလဲသိလား...ခွေးစားခွက်နဲ့ဘဲတန်တယ်
4 hours ago · Like · 8

Yar Zar Oo သေးသေးလေးဟုတ်လား...... ဟိဟိ..... မင်းသွားရှင်းလေ .... မင်းတောင်သူများထောက်ပံ့ကြေးနဲ့နေရတာများ
4 hours ago · Like · 3

ကိုမင်း ကို ဟုတ်တယ်....ခွေးစားခွက်နဲ့ဘဲတန်တယ်
4 hours ago · Like · 1

Bonny Bravo
သူရူးကိုပညာရှိထင်ပြီးရိုးရိုးသားသားမေးမိတဲ့သူတွေကိုတောင်ဂရုဏာဒေါသော ထွက်ရမလိုဖြစ်နေပြီ၊ဒီကောင်တွေက ဘဝင်ရူးတွေဗျ၊ ငါ့အမ ကဒီကောင့်မှသွားမေးရတယ်လို့ ဗျာ။။။။။။။။
4 hours ago · Like · 2

ကို သိ င်္ခ မိုက်ရိုင်းချက်ကွာ
4 hours ago · Like · 1

Moe Pyar ဟုတ်တယ် ... သူတို့ရန်ပုံငွေအရနည်းတာကို အမေစု အပေါ် အပြစ်တင်တဲ့ကောင် ... မိုက်ရင်မြန်မာပြည်လာပြီး သတင်းဌာန ဖွင့် ~~~~
3 hours ago · Like · 1

ညီမျှခြင်း သင်္ကေတ အဲဆို ဘယ်ဟာက ကြီးကြီးလဲ.... မသိလို့မေးတာပါ
3 hours ago · Like · 2

Steve Htay သူတို့ လုပ်ခဲ့တာတွေက ဒီထက်မကအများကြီးရှိသေးလို့  သေးသေးလေးဘဲလို့ ပြောတာပေါ့။
3 hours ago · Like · 1

Kawthaung Live ဒီကောင်က တောင်ပိုင်းအကြီးကြီးထဲက ထွက်လာတာဆိုတော့ မြောက်ပိုင်းကဟာက သေးသေးလေးလို့ပြောတာပေါ့...ကျွန်တော် မဆဲဘူးနော်.ဟဟဟဟဟဟဟ.
3 hours ago · Like

Aung Than Tun ဒီကောင့်ကို သတ်လိုက်ဖို့ကောင်းတာ။
3 hours ago · Like · 1

Ko Aye တချို့လူတွေကို ကိုယ်ဟန်အမူအရာကြည့်ပြီး သူ့အဆင့်အတန်းကို သုံးသတ်လို့ရတယ်။ သူ့ကိုယ်သူတော့ ဟုတ်လှပြီထင်နေတာ. ချင်းမိုင်မှာ သူ့ကို စောက်ခွက်ပြောင်တဲ့ ငပေါတစ်ကောင်လောက် အဆင့်မှာထားတာ။
3 hours ago · Like · 1

Aung Myat မအေလိုးမသား သူတောင်းစား အောင်ဇော် ၊ မင်းအမေကို မိုဟာမက် လုပ်ပြီးမွေးထားလို့ မင်းက စောက်ကုလားတွေအတွက် အလုပ်လုပ်နေတာလား .................................
3 hours ago · Like · 1

Win Aung
ဒီဘင်္ဂလီ မယားပါသား က လဲ ဗမာပြည် ထဲ ရောက်နေသကိုး
3 hours ago · Like · 1

မလှချင် မလှချင် အဲဒါ ယောကျာ်းကြီးလား မိန်မးကြီးမှတ်လို့
3 hours ago · Like · 3

Makhin Oo မန်းမလေးနဲ့ပိုတူတာတော့ အမျန်ဘဲ။
3 hours ago · Like · 1

မလှချင် မလှချင် မိန်းကလေးမဟုတ်ဘူး မိန်းမကြီးလေ ဂျယ်ကြီးပေါ့ ဟီးဟီး လေးလုံးကိုက်မယ့် မိန်းမကြီး
3 hours ago · Like

Maungmaung Skw တခြားပစ်မှုအကြီးကြီးတွေကျူးလွန်ထား
တာရှိနေသေးလို့ မြောက်ပိုင်းအမှုကို
အသေးလေးလို့ပြောတာနေမှာ။
နိုင်ငံရေး-ဒီမိုကရေစီရေးကို အသက်မွေး
ဝမ်းကျောင်းတခုလိုလုပ်စားနေတဲ့သူ
တွေ အပြောအဆိုဆင်ချင်ကြရင် ကောင်းမယ်ဆိုတာလောက်ပဲ သတိပေး
လိုပါတယ်။
3 hours ago · Like · 10

Kyaw Kyaw Moe ယောက်ကရှာဂျီးဟ
3 hours ago · Like · 1

Ngweoo Maung ကိုယ်ချင်းစာတ၇ားမရှိတဲ့လူ....လူဖြစ်ပြီး လူစိတ်မရှိတဲ့ကောင်...သေပန်းမလှမဲ့ကောင်....
2 hours ago · Like · 1

Naing Zaw အောင်ဇော်ကတော်တော်ပဲများပုံပဲ လက်ကစကားပြောရင် အကြောလိုက်သလားအောက့်မေ့တယ် :D
2 hours ago · Like

Myat Thu နေကြပါဦးဗျာ။ အဲဒီအချိန်က အဖွဲ့အစည်းမှာ ကျနော်အပါအ၀င် တာဝန်ထမ်းဆောင်နေဆဲ မြောက်ပိုင်းကမဟုတ်တဲ့၊ မြောက်ပိုင်းအရေးကို အသအချာမသိကြတဲ့ ဒေါက်တာနိုင်အောင်ဦးဆောင်တဲ့ဖက်ကလူတွေက ဧရာဝတီက အဖွဲ့အစည်းကို နာမည်ဖျက်နေတယ်ဆိုပြီး သူ့ကို အတော်မုန်းလိုက်ကြသေးတယ်။ တချို့ဆိုရင် အချိန်အတော်ကြာ သူနဲ့စကားမပြောကြတာတောင်ရှိတယ်။ ကျနော်ထင်တယ် အခုထိ အဲဒီသတင်းတွေ အင်္ဂလိပ်လို ဧရာဝတီဝက်ဆိုဒ်မှာတောင်ရှိနေဦးမလားဘဲ။ တံဆိပ်ကပ်မှားနေတာတွေ အခုတစ်လော အတော်တွေ့နေရတယ်။
2 hours ago · Like

A Shin Kawlay ပုံစံကတော့ မိန်းမလိုလို ယောင်္ကျားလိုလိုပါလား
2 hours ago · Like · 1

Nang Kham Mhom သူကစခဲ့ပေမဲ့ပါးစပ်ပိတ်သွားတဲ့အကြောင်းရင်းတော့ရှိလိမ့်မယ်.....
about an hour ago · Like

Nyunt Shwe ဘယ့်နှယ်မိန်းမပုံကြီးတင်ပြီး အောင်ဇော်လို့ရေးရတာတုန်း။
34 minutes ago · Like

Ye Myint အဲ့ ဒါအောင်ဇော်ဘဲ။ ၈၈ တုံးက ထိုင်းကိုရောက်လာပြီး ဘန်ကောက်က NGO (JRS) မှာဘဲ ခိုနေခဲ့ တဲ့ ကောင်။ အရင်ကတော့ သူငယ်ချင်းပါဘဲ။ ခုတော့  လီးဘဲ။ သူ့ စောက်သုံးမကျ သတင်းဌာနလေး စခါစက ကျုပ်တို့ ရဲ့အတွင်းက လူတွေဆီကလဲ သတင်းလေးတွေရ ရင်ပေးပါဆိုပြီး မိုးကျော်ကြီးကို လာကပ်သေးတယ်။ ကျုပ်တို့ ဆိုတာ Lad Paro 101 အဖွဲ့ ဘဲ။ Lad Paro 101 ကိုမပြောင်းခင် Ramkhamhaeng Soi 39 မှာ နယ်ခံတွေ တရပ်ကွက်လုံးနဲ့  (ထိုင်းတွေ) လာစော်ကားလို့  ဒါးကိုင်ပြီး ပြန်ချခဲ့ တဲ့ အဖွဲ့ ဘဲ။ ရှေးခေတ်ကစစ်ဖြစ် သလို ဘဲ။ ကိုအောင် (သထုံ) ဆို ကျောမှာ ဒါးဒဏ်ရာကြီးရခဲ့ တယ်။ သူ ခုတ်ခဲ့ တာလဲ ထိုင်းတွေ တော်တော် အီ သွားတယ်။ ချက်ချင်း ရဲကားတွေ အများကြီးရောက်လာလို့  အရေးပေါ်ပြောင်းခဲ့ ရတယ်။ Lad Paro 101 လဲရောက်ရော ကျုပ်တို့ ဗိုလ်ဘဲ။ ထိုင်းမော်တော်ဆိုင်ကယ် မောင်းစားတဲ့ အဖွဲ့ နဲ့  တပွဲထပ်ချတယ်။ သူတို့ တပ်လန် သွားတယ်။ ရှေ့ ဆက်ဆိုးလာရင် လက်ပစ်ဗုံးနဲ့  အကြွေးခံရမှာဘဲ။ ကျုပ်တို့ ကလဲ ပါးတာ ပေါ့ ။ ထိုင်းရပ်ကွက်သူကြီးရဲ့ အမေ အိုကြီးပိုင်တဲ့ အိမ်မှာ ငှားနေတာ။ ထိုင်းသူကြီးကလဲ ကျုပ်တို့ ဘက်က နှစ်လုံးပြူးသေနတ်နဲ့ ကူပစ်ပေးမလို့ ။ ဒီကောင်တွေ နောက်တော့ ကျုပ်တို့ မျက်နှာတောင် မကြည့် ရဲတော့ ဘူး။
17 minutes ago · Like · 1

Thetponemhartat Lu ဒီသောက်ကောင်ကိုများစကားသွားပြောနေသေးတယ် သူ့ကိုသူ မေထက်တောင်အရည်ချင်းရှိတယ်လိုထင်နေတဲ့ကောင်လေ ကျွန်တော်တို့ အဖိုးနဲ့ အမေကို စော်ကားထားတဲ့ ဒီကောင်ကို ဘယ်တော့မှမမေ့ဘူး ...............
15 minutes ago · Like · 1

လစ်ဗျားနိုင်ငံရှိ အမေရိကန် သံအမတ်ကြီး တိုက်ခိုက်ခံရ၍ သေဆုံး

Posted by drmyochit Thursday, September 13, 2012, under | No comments



From : planet
လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့တွင် ဖြစ်ပွားသော သူပုန်များ၏ တိုက်ခိုက်မှုအတွင်း လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ခရစ္စ တိုဖာ စတီဗင်နှင့် သံရုံးဝန်ထမ်း ၃ ဦးသေဆုံးသွားကြောင်း Reuters သတင်းက ပြောကြားသည်။ ခရစ္စတိုဖာနှင့် သံရုံးဝန်ထမ်း ၃ ဦးသည် ဘန်ဂါဇီမြို့တွင် အစိုးရစစ်တပ်နှင့် သူပုန်များကြား ဖြစ်ပွားသော တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ခြင်း ဖြစ်သည်။ သူ ပုန်များက ဘန်ဂါဇီမြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးအား ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမေရိကန်သံအမတ်နှင့် ဝန် ထမ်း ၃ ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။




ပြည်ပအလုပ်အကိုင် အေဂျင်စီများကို ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်ခွင့် တရားဝင်လိုင်စင် ယခုလအတွင်း ချထားပေးမည်

Posted by drmyochit Thursday, September 13, 2012, under | No comments



From : ပြည်မြန်မာ

အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ ရွေးချယ်ထားသော ပြည်ပအလုပ်အကိုင် အေဂျင်စီ ၄၈ ခုကို စက်တင်ဘာလ အတွင်းတွင် တရားဝင်လိုင်စင် ချထားပေးတော့မည်ဖြစ်ကြောင်း ပြည်ပအလုပ်အကိုင် အေဂျင်စီ အသိုင်းအဝိုင်းမှ သိရသည်။ “ဇူလိုင်လတုန်းက အေဂျင်စီတွေကို လုပ်ကိုင်ခွင့်ပေးမယ်လို့ ခွင့်ပြုမယ်ဆိုတဲ့ အကြောင်းကို ပဲ ခေါ်ပြောသေးတယ်။ တရားဝင်လိုင်စင်တော့ မချ ထားပေးဘူး။ တကယ်လို့ တရားဝင်လိုင်စင် ချထားပေးမယ် ဆိုရင် ထိုင်းဘက်မှာ ရောက်နေတဲ့ ကလေးတွေကိုလည်း အကူ အညီတွေပေးနိုင်မယ်။ လောလောဆယ် လိုင်စင် ချထားပေးရင် ပြည်ပအေဂျင်စီ ကုမ္ပဏီတစ်ခုကို ကြိုတင်ငွေ ကျပ်သိန်း ၅၀ လို့ သတ်မှတ်ထားတယ်” ဟု Panta Power Services Ltd. မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ Royal Golden Gate Int’l Services Co.,Ltd. မှ တာဝန်ရှိသူ တစ်ဦးကလည်း လောလောဆယ် ထိုင်းဘက်ကို အလုပ်သမားတွေက မြဝတီ၊ တာချီလိတ်၊ ကော့သောင်းဘက်မှာ ယာယီပတ်ပို့စ်တွေ လုပ်ပြီး သွားနေကြတယ်။ တကယ်လို့ ရန်ကုန်ကနေ တရားဝင် သွားတဲ့အခါ အလုပ်ထဲ ရောက်မှ ထွက်ပြေးတာတွေ ဖြစ်မှာစိုးတဲ့အတွက် ယာယီပတ်ပို့စ်တွေကို လုပ်တာဖြစ်တယ်။ တရားဝင်လိုင်စင် ချထားပေး လိုက်ရင်တော့ နှစ်ဖက်ကိုယ်စားလှယ်တွေ အခက်အခဲမရှိ လုပ်ဆောင်လာနိုင်မှာ ဖြစ်တယ်” ဟု ပြောကြားသည်။ မြန်မာတစ်နိုင်ငံ လုံးတွင် အလုပ်သမားမှတ်ပုံတင် ရုံးပေါင်း ၇၂ ရုံးရှိပြီး မြဝတီတွင် ပြည်ပအလုပ်အကိုင်အေဂျင်စီ ၁၀ ခု၊ ကော့သောင်းတွင် ငါးခုနှင့် တာချီလိတ်တွင် ငါးခု၊ စုစုပေါင်း ကုမ္ပဏီ ၂၀ ကို ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် မြန်မာ-ထိုင်း အလုပ်သမားများ တန်းတူ အခွင့်အရေး ရရှိရေးကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဥရောပ ငွေကြေးအဖွဲ့မှ ဦးဆောင်ကျင်းပသည့် Myanmar Global Investment ဖိုရမ် သို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားခြင်းမပြုခဲ့

Posted by drmyochit Thursday, September 13, 2012, under | No comments


နေပြည်တော်၌ ဥရောပ ငွေကြေးအဖွဲ့မှ ဦးဆောင်ကျင်းပသည့် Myanmar Global Investment ဖိုရမ် သို့ ဒေါ် အောင်ဆန်းစုကြည်ကို ဖိတ်ကြားခြင်းမပြုခဲ့ ပဲ နိုင်သံတော် သမ္မတကြီး ဦးသိန်းစိန်ကိုသာ ဖိတ်ကြားခဲ့ကြောင်း သတင်းရရှိသည်။

Myanmar Global Investment ဖိုရမ်ကို Euro Money အဖွဲ့မှ ဦးဆောင်ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ပြည်တွင်း ပြည်ပမှ ပညာရှင်များက မြန်မာ့စီးပွားရေး အနာဂတ်၊ ဘဏ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဈေးကွက် ဖွင့်ခြင်း၊ မြန်မာနိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေ၊ မြေယာနှင့် အိမ်ခြံမြေ ရင်းနှီးမြုပ်နှံမှု လုပ်ငန်း၊ အခြေခံ ကုန်ထုတ်လုပ်မှု ကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေးနှင့် အခြေခံ အဆောက် အအုံများ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍ၊ စိုက်ပျိုးရေး ကဏ္ဍ၌ ရင်းနှီးမြုပ်နှံရေး အစရှိသည်တို့ကို ဆွေးနွေးခဲ့ကြသည်။

Myanmar Global Investment ဖိုရမ်ကို စက်တင်ဘာလ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့အထိ နှစ်ရက် ပြုလုပ်မည် ဖြစ်ပြီး ဆွေးနွေးပွဲ ပထမနေ့ အစပိုင်းတွင် မြန်မာနိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေဆိုင်ရာ ကိစ္စရပ်များကို အဓိက အနေဖြင့် အများဆုံး ဆွေးနွေးမှု ပြုလုပ်နေကြောင်း သိရပါသည်။
ှ
လက်ရှိနိုင်ငံရေး လောကတွင် ဒေါ်အောင်ဆန်းစုကြည် ပွဲမတိုးပဲ လမ်းဘေးရောက်နေသည်ဟု ဝေဖန်မှုများ ရှိနေချိန်မှာ ဥရောပ အဖွဲ့မှ ဦးဆောင်ကျင်းပတဲ့ ပွဲတောင် အဖိတ်မခံရခြင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရည်အချင်းကို ဥရောပက သိမြင်သွားတာ ဖြစ်နိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဥရောပ နှင့် အမေရိကား က သာ အထင်ကြီးကြပြီး အာရှနှင့် အာဆီယံ နိုင်ငံများကတော့ အထင်ကြီး ခြင်း လုံးဝ မရှိတဲ့အပြင် ဖိတ်ကြားခြင်း ပြုလေ့မရှိကြောင်း သိရသည်။

၂၀၁၃ ဆီးဂိမ်းနှင့် ဒေသတွင်း စီးပွားရေး အခွင့်အလမ်းများအတွက် ကျပ်သန်း ၉၁၀၀၀ မြှုပ်နှံမည့် မင်္ဂလာမန္တလေး စီမံကိန်း စတင်

Posted by drmyochit Thursday, September 13, 2012, under | No comments



From:ပြည်မြန်မာ

၂၀၁၃ ဆီးဂိမ်းအတွက် အထောက်အပံ့ပေးရန်နှင့် ဒေသတွင်း စီးပွားရေးလုပ်ကိုင်မှု အခွင့်အလမ်းများ တိုးတက်မှု ရှိစေရန် ရည်ရွယ်၍ မန္တလေးမြို့၌ နိုင်ငံတကာအဆင့်မီ မင်္ဂလာမန္တလေး စီမံကိန်းကို စတင်အကောင် အထည်ဖော်နေပြီဖြစ်ပြီး ၎င်းစီမံကိန်းအတွက် ငွေကျပ် ၉၁ ဘီလျံ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း CAD ဆောက်လုပ်ရေးမှ မန်နေဂျင်းဒါရိုက်တာ ကို ဇင်မင်းဆွေက ၆.၉.၂၀၁၂ ရက်က ပြောကြားသည်။ “ဒီစီမံကိန်းက ဆီးဂိမ်းအတွက် ဖွင့်လှစ်မယ့် နိုင်ငံတကာ အားက စားကွင်းသစ်ကြီးကို ထောက်ပံ့ဖို့အတွက်ဖြစ်သလို မန္တလေးဒေသရဲ့ စီးပွားရေး အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးတက် စေဖို့၊ ဆင်းရဲမှု လျှော့ချဖို့အတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုစေဖို့ ရည်ရွယ်ပြီးတော့ အနာဂတ်မန္တလေးရဲ့ ရှေ့ပြေးမြို့ပြစီမံကိန်းအဖြစ်နဲ့ တည်ဆောက်တာပါ။ ဒီစီမံကိန်းမှာ ထူးခြားချက်အနေနဲ့က မြန်မာနိုင်ငံမှာ မရှိသေးတဲ့ လမ်းလျှောက်ဈေးကို ထည့်သွင်း တည်ဆောက်သွားမှာ ဖြစ်သလို စိမ်းလန်းစိုပြည်မှု မြေယာရှုခင်းကို အဓိကထားတာရယ်၊ နောက် မန္တလေးရဲ့ ပြယုဂ်ကို ပေါ်လွင်အောင် ပုံစံထုတ်ထားတာပါတယ်။ စီမံကိန်းရဲ့ အဆောက်အအုံ၊ လမ်းအားလုံး ကို နိုင်ငံတကာအဆင့်မီ စနစ်တွေနဲ့ တည်ဆောက်သွားမှာပါ” ဟု ယင်းက ပြောကြားသည်။ ထိုမင်္ဂလာမန္တလေး စီမံကိန်းကို မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီနှင့် New Star Light ဆောက်လုပ်ရေး၊ CAD ဆောက်လုပ်ရေးတို့က အကျိုးတူပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး စတင်အကောင်အထည် ဖော်နေပြီဖြစ်ကြောင်း၊ စီမံကိန်းပုံစံကို နိုင်ငံတကာ ဗိသုကာပညာရှင်များ ပါဝင်ပြီး SCP အဖွဲ့မှ ဦးဆောင်ပြီး မြန်မာဗိသုကာ ပညာရှင်များ ပါဝင်သည့် CAD အဖွဲ့တို့ ပူးပေါင်းကာ ရေးဆွဲထားခြင်းဖြစ်ကြောင်း သိရသည်။ စီမံကိန်းစတင်မည့် နေရာမှာ မန္တလေး ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် ၁ ရပ်ကွက်၊ ၇၃ လမ်း၊ သဇင်လမ်းနှင့် ငုရွှေဝါလမ်းကြားရှိ ၄၇ ဧက အကျယ်အ၀န်း မြေပေါ်တွင်ဖြစ်ကြောင်း ကားပါကင် ငါးထပ်အဆောက်အအုံ မြေညီထပ်တွင် Food Plaza ပါဝင်ပြီး Shopping Mall ပါဝင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ကွန်ဒိုအဆောက်အအုံများ၊ အိမ်ရာများ လူနေတိုက်ခန်းများ၊ လျှပ်စစ်ခွဲရုံ၊ မီးသတ်၊ ရဲကင်း ဆက်သွယ်ရေး စခန်းများလည်း ပါဝင်မည်ဖြစ်ပြီး 4 Stars၊ 3 Star ဟိုတယ်များလည်း ပါဝင်မည်ဖြစ်ကြောင်း၊ ၂၀၀၃ ခုနှစ် နိုဝင်ဘာလအတွင်း ကားပါကင် 3 Star Hotel Shopping Mall, Shopping House များကို အပြီးသတ် တည်ဆောက်သွားမည်ဖြစ်ကြောင်း ထိုစီမံကိန်းရှိ အိမ်ရာများကို၂၀၁၃ခုနှစ်နှစ်ဆန်းပိုင်းတွင်စတင်ရောင်းချပေးမည်ဟုသိရှိရသည်။

မြန်မာ့ထုတ်ကုန် မျိုးစုံ ကမ္ဘာ့နိုင်ငံများသို့ အခွန်ကင်းလွတ်စွာဖြင့် ပို့ဆောင်နိုင်ပြီ

Posted by drmyochit Thursday, September 13, 2012, under | No comments



From:သာနောင်

နော်ဝေနိုင်ငံမှ မြန်မာ့ထုတ်ကုန်မျိုးစုံအား အခွန်ကင်းလွတ်ခွင့် ပြုလိုက်ပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ် ရေး ၀န်ကြီးဌာနမှ သိရသည်။ နော်ဝေနိုင်ငံမှ ယေဘုယျ အကောက်ခွန်သက်သာခွင့် (GSP) စနစ်ဖြင့် မြန်မာနိုင်ငံ၏ လယ် ယာထွက်ကုန်များ၊ စက်မှုထုတ်ကုန် ပစ္စည်းများတွင် ပြည်တွင်း၌ ပြည့်ဝစွာ ထုတ်သော ထုတ်ကုန်များအပြင် ပြည်ပမှ တင်သွင်းလာသော ကုန်ကြမ်းများအား ပြည်တွင်း၌ အပြီးသတ် အချောထည် ထုတ်ကုန်များကိုပါ အခွန်ကင်းလွတ်ခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။ “မြန်မာနိုင်ငံထုတ် ၁၀၀ ရာခိုင်နှုန်း အားလုံး တင်ပို့ပေးနိုင်မှာပါ။ အဲဒီလို အခွန် ကင်းလွတ်ခွင့်က အရင်ကတည်းက ရှိပြီးသားပါ။ ဆန်ရှင်ကြောင့် မတင်ပို့နိုင်သေးဘဲ အခုမှ တစ်ခါပြန်တင်ပို့ခွင့် ပြုလိုက် တာ” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရွှေစင်ဦးက ပြောသည်။ ယေဘုယျ အကောက်ခွန် သက်သာခွင့်သည် ဖွံ့ဖြိုးပြီးနိုင်ငံများမှ ဖွံ့ဖြိုးဆဲနိုင်ငံများသို့ တစ်ဖက်သတ် အခွန်ကင်းလွတ်ခွင့် ပြုခြင်းဖြစ်ပြီး အဆိုပါစနစ်ကို ကမ္ဘာ့နိုင်ငံ ၃၇ နိုင်ငံမှ ကျင့်သုံးလျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် စီးပွားရေး ပိတ်ဆို့မှု ရှိနေခြင်းကြောင့် အဆိုပါ ၃၇ နိုင်ငံတွင် ဂျပန်နိုင်ငံကိုသာ GSP ဖြင့် တင်ပို့ပေးနိုင်ပြီး ကျန် ၃၆ နိုင်ငံတွင် ယခု နော်ဝေ နိုင်ငံမှ အခွန်ကင်းလွတ်ခွင့် ပြန်လည်ပေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ GSP စနစ်တွင် ဥရောပနိုင်ငံ ၃၆ နိုင်ငံပါဝင်ပြီး အာရှနိုင် ငံများတွင် ဂျပန်နိုင်ငံ တစ်နိုင်ငံသာ ပါဝင်ခြင်း ဖြစ်သည်။ အနောက်နိုင်ငံများထဲမှ နော်ဝေနိုင်ငံ သည် မြန်မာအား ပထမ ဦးဆုံး အခွန်ကင်းလွတ်ခွင့် ပြန်လည်ခွင့်ပြုခဲ့ခြင်း ဖြစ်သောကြောင့် ကျန်နိုင်ငံများကပါ မကြာမီ ပြန်လည်ခွင့်ြ ပုလာနိုင်ကြောင်း ဒေါ်ရွှေစင်ဦးက ပြောသည်။ နော်ဝေနိုင်ငံမှ အခွန်ကင်းလွတ်ခွင့်ပြုခြင်းနှင့် ပတ်သက်ပြီး အထည်ချုပ် လုပ်ငန်း Kittenish Knitting Co.,Ltd. မှ မန်နေဂျာက “EU ဘက်က နိုင်ငံတွေ အကုန်လုံး အခွန်လျှော့ပေါ့စေချင်တယ်။ ဒါမှ ဒီကို အထည်တွေ ၀င်လာမှာ။ EU ဘက်က အထည်တွေက ဒီထက်ပိုပြီး ဈေးရ တယ်။ ပြီးတော့ အော်ဒါလည်း ပိုများတယ်” ဟု ပြောသည်။ ထိုကဲ့သို့ အခွန်ကင်းလွတ်ခွင့် ပြု လိုက်ခြင်းကြောင့် မြန်မာနိုင်ငံသို့ ၀င်ရောက်ရင်းနှီးမြှုပ်နှံမည့် ပြည်ပရင်းနှီးမြှုပ်နှံသူများ ပိုမိုစိတ်ဝင်စား လာနိုင်ကြောင်း၊ ထို့အပြင် မြန်မာထုတ်ကုန်များ တိုးမြှင့်လာနိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ အဆိုပါ GSP စနစ်သည် ၁၉၆၇ ခုနှစ်မှ စတင်ကျင့်သုံးခဲ့ခြင်းဖြစ်ပြီး မြန်မာ့ထုတ်ကုန်များ အခွန် ကင်းလွတ်ခွင့်ကို ၂၀၀၂ ခုနှစ်က ပိတ်သိမ်းခဲ့ခြင်းဖြစ်ကာ ယခုနှစ်တွင် နော်ဝေနိုင်ငံမှ ပြန်လည် စတင်ခွင့်ပြု ခဲ့ ခြင်းဖြစ်ကြောင်း သိရှိရသည်။

Wednesday, September 12, 2012

CSIS ရဲ့ မြန်မာနိုင်ငံခရီးစဉ် အစီရင်ခံစာ

Posted by drmyochit Wednesday, September 12, 2012, under | No comments

 See video
CSIS ရဲ့ မြန်မာနိုင်ငံခရီးစဉ် အစီရင်ခံစာ

အမေရိကန်နိုင်ငံရဲ့ သြဇာကြီးမားတဲ့ Think Tank ဖြစ်တဲ့ CSIS အဖွဲ့ဟာ မကြာသေးခင်က မြန်မာနိုင်ငံကို လာရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံကို ရောက်ရှိချိန်မှာ နိုင်ငံတော်သမ္မတအပါအ၀င် Stakeholder အားလုံးနီးပါးနဲ့ တွေ့ဆုံခဲ့ပါတယ်။ 
CSIS ဟာ အမေရိကန်နိုင်ငံခြားရေးမူဝါဒချမှတ်မှုမှာ လွှမ်းမိုးမှု ရှိတဲ့ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။ (အခု လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကမ်းဘဲလ်ဟာ အရင်က CSIS က ဖြစ်ပါတယ်။)

သူတို့အဖွဲ့ရဲ့ ပေါ်လစီအကြံပြုချက် အကျဉ်းချုပ်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-

၁။ စက်တင်ဘာလအတွင်း အမေရိကန်ပြည်ထောင်စုကို သွားရောက်ကြတဲ့ အခါ သမ္မတအိုဘားမားအနေနဲ့ နိုင်ငံတော်သမ္မတကြီးကိုရော ဒေါ်အောင်ဆန်းစုကြည်ကိုပါ (၂)ဦးစလုံးကို တွေ့ဆုံရန်၊

၂။ မြန်မာ့ပို့ကုန်တွေ ပိတ်ဆို့ထားတာကို ခြွင်းချက်နဲ့ ဖယ်ရှားပေးရန်၊ မြန်မာနိုင်ငံမှာ နိုင်ငံတကာဘဏ္ဍာရေးအဖွဲ့အစည်းတွေရဲ့ ထောက်ပံ့ကူညီရေးစီမံကိန်းတွေကို အမေရိကန်အစိုးရက ပံ့ပိုးကူညီရန်၊

၃။ အရပ်ရပ်နယ်ပယ်စုံ Capacity Building ကို ထောက်ပံ့ကူညီရန်၊

၎။ မြန်မာ့တပ်မတော်နဲ့ ထိတွေ့ဆက်ဆံမှု မြှင့်တင်ရန်၊

၅။ ရေရှည်တည်တံ့ပြီး တန်းတူညီမျှမှုရှိတဲ့ စီးပွားရေးတိုးတက်မှု ရရှိဖို့ လိုအပ်တဲ့ စီးပွားရေးဆိုင်ရာ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ ရေးဆွဲရာမှာ အကူအညီပေးရန်၊

၆။ ဒေသတွင်းအဖွဲ့အစည်းတွေမှာ မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍ မြှင့်တင်ပေးနိုင်မယ့် ပြုပြင်ပြောင်းလဲမှုတွေ ထွက်ပေါ်လာဖို့ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ရန်၊

၇။ မြန်မာနိုင်ငံအရေးကိစ္စနဲ့ပတ်သက်လို့ တရုတ်နိုင်ငံနဲ့ ညှိနှိုင်းဆောင်ရွက် နိုင်မယ့် အခွင့်အလမ်းတွေ ရှာဖွေဆောင်ရွက်ရန်။ 

လေ့လာတွေ့ရှိချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-

၁။ မြန်မာနိုင်ငံဟာ အမှန်တစ်ကယ် ပြောင်းလဲနေပြီ၊

၂။ နိုင်ငံတော်သမ္မတကြီးဟာ လမ်းကြောင်းမှန်ပေါ် သွားနေပြီ၊ ဒါပေမယ့် ပြုပြင်ပြောင်းလဲရေးအတွက် ထောက်ခံမှု အတိုင်းအဆကိုတော့ တိတိကျကျ မစမ်းသပ်ရသေးဘူး၊

၃။ မြန်မာနိုင်ငံဟာ ပထ၀ီနိုင်ငံရေးအရ အရေးပါတယ်၊

၎။ မြန်မာနို်င်ငံရဲ့ စီးပွားရေးတိုးတက်မှုဟာ လျင်မြန်တဲ့နှုန်းထားနဲ့ ဖြစ်ပေါ် လာနိုင်တယ်၊

၅။ ပြုပြင်ပြောင်းလဲရေးကို နှေးကွေးစေတာက စနစ်တကျသင်တန်းပေးမှုတွေ၊ တစ်ကယ် ကျွမ်းကျင်သူတွေ နည်းပါးနေတာ ဖြစ်တယ်။ 

၆။ စက်တင်ဘာလအတွင်းမှာ နောက်ထပ် နိုင်ငံရေးအကျဉ်းသားတွေ အတော်များများ ပြန်လွတ်လာဖို့ မျှော်လင့်ရတယ်၊

၇။ မြောက်ကိုရီးယားနိုင်ငံနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေနိုင်တုန်းပဲ၊

၈။ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ပြန်လည်ပေါင်းစည်းရေးဟာ အဓိက စိန်ခေါ်မှုတစ်ရပ် ဖြစ်တယ်၊

၉။ ရိုဟင်ဂျာအရေးကိစ္စနဲ့ ရခိုင်ပြည်နယ်ဟာ ပြုပြင်ပြောင်းလဲရေးနဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးကို အားနည်းစေအောင် ခြိမ်းခြောက်နေတယ်။

၁၀။ တပ်မတော်ဟာ ဘာကြောင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ မလုပ်ဆောင်ရသလဲ။

၁၁။ တပ်မတော်ရဲ့ အခန်းကဏ္ဍ ဆက်လက်တည်ရှိနေဆဲ ဖြစ်တယ်။

၁၂။ ပြုပြင်ပြောင်းလဲရေး ကတိက၀တ်တွေဟာ ခေါင်းဆောင်အနည်းစုရဲ့ ကြိုးပမ်းမှုကြောင့် ထွက်ပေါ်နေတာ ဖြစ်တယ်။

၁၃။ ပြုပြင်ပြောင်းလဲရေးကို အဆုံးအဖြတ်ပေးမှာက ၂၀၁၅ ရောက်မှလား၊ အခုအချိန်လား။

၁၄။ အခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းကြောင့် အခြေခံဥပဒေဆိုင်ရာ ခုံရုံး နှုတ်ထွက်သွားလဲ့ရတယ်။ 

၁၅။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေက စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို ဦးဆောင်နေတယ်။

၁၆။ FDI Law အသစ် အတည်ပြုလိုက်ပြီ။

၁၇။ အမေရိကန်ပိတ်ဆို့မငတွေကြောင့် အလုပ်အကိုင်ဖန်တီးပေးရေးကို ထိခိုက်စေတယ်။

၁၈။ ရွေးကောက်ပွဲစနစ် ပြောင်းလဲဖို့ လှုပ်ရှားမှုတွေကို သတိပြုပါ။

၁၉။ ဘားမား လား၊ မြန်မာ လား။ 
http://csis.org/publication/csis-myanmar-trip-report?utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+CSIS+%28NEW+%40+CSIS.ORG%29 

ကချင်လူထုမှ KIA လုပ်ရပ်နှင့်ပတ်သက်သော သက်သေများ ပေးပို့လျက်ရှိ

Posted by drmyochit Wednesday, September 12, 2012, under | No comments



ကချင်ပြည်နယ်အတွင်း စစ်တပ်နဲ့ KIA တို့ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တာ တစ်နှစ်ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ စစ်တပ်ကလည်း KIA ရဲ့ ကချင်ပြည်နယ်အတွင်း ဖောက်ခွဲဖျက်ဆီးမှုတွေ၊ လူသစ်စု၊ ဆက်ကြေးကောက် မှုတွေ၊ အပြစ်မဲ့အရပ်သားတွေကို လူမဆန်စွာ သတ်ဖြတ်မှုတွေကို ထောက်ပြနေပြီး KIA ကလည်း စစ်တပ် ကို ပြန်လည်စွပ်စွဲ ပြောဆိုလျက်ရှိပါတယ်။

ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာသိဖို့ သက်သေလိုပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး ကချင်ဒေသခံ တွေကပေးပို့တဲ့ သက်သေအချို့ ကချင်သတင်းဌာနကို ရောက်ရှိလာပါတယ်။ KIAက လူသစ်စု၊ ဆက်ကြေးကောက်၊ မိုင်းထောင်၊ ဗုံးခွဲလုပ်ရပ်တွေ လုပ်နေတာအမှန်ပင်ဖြစ်ကြောင်း တစ်ကမ္ဘာလုံး သိအောင် ဖော်ပြပေးဖို့လည်း ပေးပို့သူတွေက တောင်းဆိုထားကြပါတယ်။ ကချင်သတင်းဌာန ကို ရောက်ရှိ လာတဲ့ ပထမဆုံးသက်သေကတော့ မတ်လ ၃၀ ရက်နေ့ ရက်စွဲနဲ့ KIO စစ်ရုံးကနေ လက်အောက်တပ် မဟာတွေကို အကြောင်းကြားတဲ့ လူသစ်စုဆောင်းရေးစာ ဖြစ်ပါတယ်။

မူရင်းစာက ကချင်လိုဖြစ်ပေမယ့် အားလုံးသိရအောင် မြန်မာဘာသာပြန်ဆိုပေးလိုက်ပါတယ်။ အဓိ ကအချက်တွေကတော့ KIO အဖွဲ့အတွင်း တိုက်ပွဲတွေမှာ အကျအဆုံးများခြင်း၊ တိုက်ခိုက်လိုစိတ် မရှိဘဲ ထွက်ပြေးခြင်းများရှိနေတဲ့အတွက် အင်အားနည်းပါးလာကြောင်း၊ တပ်သား အသစ် များရရှိဖို့ ဖမ်းဆီးစုဆောင်းခြင်းများ ဆောင်ရွက်ရန်နဲ့ ထွက်ပြေးတဲ့ တပ်သားများကို သတ်ပစ်ရန် စတဲ့ အချက်များ ပါဝင်ကြောင်း တွေ့ရှိရပါတယ်။
ဒုတိယပေးပို့လာတာကတော့ မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန် အနီးမှာရှိတဲ့ ရွှေကြယ် ကုမ္ပဏီနဲ့ ရွှေဒေါင်းမင်းကုမ္ပဏီ လူကြီးတွေဆီကို KIA စီးပွားရေးတာဝန်ခံဆိုသူက သူ့ဆီကိုဆက်သွယ်ဖို့ ရေးသားပေးပို့ ထားတဲ့စာဖြစ်ပါတယ်။ မှတ်ချက်မှာတော့ မြင်တဲ့အတိုင်း ပျက်ကွက်ပါက အရေးယူခြင်း ခံရမယ်လို့ပါတယ်။ အဓိကငွေတောင်းဖို့ပါ။ “သူတောင်းစားကတော့ လူရှေ့မှာ ဗြောင်တောင်းပါတယ်။ လူရှေ့မထွက်ရဲတဲ့ KIA က တောထဲကနေ စာနဲ့ရေးပြီးတောင်းပါတယ်။ သူတောင်းစားနဲ့ KIA ဒါပဲကွာတယ်။”လို့ပါ ဖော်ပြပေးဖို့ သတင်းပေးပို့သူက ဆိုလာပါတယ်။
တတိယပေးပို့လာတာကတော့ ၃၁-၈-၂၀၁၂ ရက်စွဲနဲ့ လွယ်ယာန်ဘွန်မြို့နယ်မှူးဆိုသူကနေ ကသာမြို့နယ် အတွင်းက မြို့လှ၊ မှတ်တိုင်နဲ့ ဂိုဒေါင်ကြီးကျေးရွာဘေးတွေမှာ KIA ဗဟိုရဲ့ ညွှန်ကြားချက် အရ မိုင်းထောင်ထား ကြောင်း အသိပေးတဲ့စာဖြစ်ပါတယ်။ အပြစ်မဲ့ရွာသား ၄ ဦး KIA ရဲ့မိုင်းတွေ နင်း မိသေဆုံးပြီးမှသာ အကြောင်းကြား လာခဲ့တာဖြစ်ကြောင်း သိရပါတယ်။


ကချင်ဒေသခံ လူထုတွေကပေးပို့တဲ့ သက်သေများအရတော့ KIA အတွက် ဘယ်လိုမှ ငြင်းမရနိုင် ပါဘူး။ အများသိအောင် ဖော်ပြပေးနိုင်တဲ့အတွက် ခိုင်မာတဲ့ အထောက်အထားပေးပို့သူ များကို ကျေးဇူးတင် ရှိကြောင်း ကချင်သတင်းဌာနက ပြောပါရစေ။ ထပ်မံပေးပို့လိုသူများ ရှိပါကလည်း အချိန်မရွေး ပေးပို့ နိုင် ပါကြောင်းနဲ့ KIA အကြောင်း တစ်ကမ္ဘာလုံးက အမှန်အတိုင်းသိအောင် ဖော်ပြပေးသွားမှာဖြစ်ကြောင်း သတင်းကောင်း ပါးရပါတယ်။

ကျောင်းမီးရှို့ခံရတဲ့ မောရ၀တီ ဆရာတော် စုံစမ်းရေး ကော်မရှင်ကို ဘာတွေ ပြောလိုက်သလဲ (အပြည့်အစုံ ဖတ်ရှု့နိုင်ပြီ)

Posted by drmyochit Wednesday, September 12, 2012, under | No comments


 
၂၀၁၂ ခုနှစ် စက်တင်္ဘာလ ၁၀ ရက်နေ့မှာ  ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင်တွေဟာ မောင်တောမြို့နယ် တောင်ပိုင်းမှာ တည်ရှိတဲ့  တစ်ရွာလုံး မီးရှို့ခံလိုက်ရတဲ့  မောင်တောမြို့နယ် အလယ်သံကျော် အပိုင် မောရ၀တီ ကျေးရွာကို ရောက်ရှိခဲ့ပါတယ်။ စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင်တွေဟာ မောရ၀တီ ဗဟိုသာသနာပြု ဆရာ တော် အသျှင်ဝိဇယကို တွေ့ဆုံခဲ့ပြီး မေးမြန်း စုံစမ်း တာတွေ ပြုလုပ်ခဲ့ပါတယ်။ဆရာတော်ကို ဆက်သွယ်ပြီး ဘာတွေကို ဖြေကြား ပြောဆိုခဲ့ပါသလဲလို့ မောင်ရမ္မာက ဆက်သွယ် မေးမြန်းတဲ့ အခါ နိရဉ္စရာ သတင်းဌာနကို အောက်ပါ အတိုင်း
 ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။


မေး။  ။ ဦးဇင်းနဲ့ ရခိုင်ပဋိပက္ခ စုံစမ်းရေးကော်မရှင်အဖွဲ့နဲ့ ဘယ်နေ့ ဘယ်အချိန်မှာ တွေ့ပါလဲဘုရား။

ဖြေ။  ။ စက်တင်္ဘာလ ၁၀ ရက်နေ့ ၈ နာရီ မထိုးခင်က သူတို့ ကျောင်းကို ရောက်ပါတယ်။ ပထမ ကျောင်းကို လာလို့ ဦးဇင်းနဲ့ လာတွေ့ပါတယ်။ ဦးဇင်းနဲ့ အင်တာဗျူးလုပ်ပါတယ်။ပြီးမှ ဦးဇင်းနဲ့ အတူ  ဒုက္ခသည်စခန်းကို သွားပါတယ်။
ဒုက္ခသည်စခန်းမှာလဲ ကျေးရွာသူ ကျေးရွာသားတွေကို မေးမြန်းပြီးတော့ အင်တာဗျူးလုပ်သွား ပါတယ်။

မေး။ ဦးဇင်းနဲ့ လာတွေ့တဲ့ ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့မှာ ဘယ်သူတွေ ပါပါသလဲဘုရား။

ဖြေ။ ဒေါက်တာမျိုးညွန့်တို့ တခြား ပုဂ္ဂိုလ်တွေ အကုန်လုံး ပါဝင်ပါတယ်။ ဦးဇင်းက  ဦးအေးသာအောင်၊ ဒေါက်တာ အေးမောင် တို့လောက်ဘဲ သိတာပါ။  ဘာသာပေါင်းစုံ၊ အဖွဲ့စည်းပေါင်းစုံက ကော်မရှင် အဖွဲ့ဝင်တွေ ပါဝင်ပါတယ်။

 မေး။ ။ အရှင်ဘုရားနဲ့ ရွာသားတွေကို သူတို့က ဘာတွေကို မေးမြန်းသွားခဲ့ပါသလဲ အရှင်ဘုရား။

ဖြေ။ ။ မေးမြန်း သွားတာကတော့ ရွာသားတွေကိုပါ။  အခြေအနေ စုံစမ်းပြီးတော့ ဒီမှာ ဖြစ်သွားတဲ့ ဖြစ်စဉ်တွေကို ဘယ် လိုပုံစံ ဖြစ်သွားသလဲဆိုတာကို မေးမြန်းသွားပါတယ်။ ဒီမှာ၆လပိုင်း ၈ ရက်နေ့ က မီးတိုက်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဘယ်သူ့ဘက်ကလွန်တယ်၊ဘယ်သူ့ဘက်က များတယ်ဆိုတာကို ချိန်ဆပြီးတော့ မေးမြန်းသွား ပါတယ်။ဒီက လူတွေကတော့ ဘယ်လိုဖြစ်တယ်ဆိုတဲ့ အကြောင်းစုံကို အသေးစိတ်ရှင်းပြ လိုက်ကြပါတယ်။

မေး။ ။ အသေးစိတ် ရှင်းပြလိုက်ပုံနဲ့ ပတ်သက်ပြီး နည်းနည်း မိန်းကြားပေးပါလားဘုရား။

ဖြေ။ ။ ဒီမှာ ဇွန်လ ၈ ရက်နေ့က ဘယ်က စတင်ပြီးတော့ ဘယ်လို သတင်းတွေ ရရှိလဲ၊သတင်းမရဘဲ ဘယ်လို စဖြစ်တာလဲလို့ မေးပါတယ်။ မေးတဲ့အခါမှာ ရွာသားတွေက တနာရီလောက်က ဘင်္ဂလီလူအုပ်စုက မောင်တောမြို့မှာ ဆန္ဒပြတယ်ဆိုတဲ့သတင်းကို ကြားသိရတယ်။

 နောက်ပိုင်းမှာ ကျွန်တော်တို့ ရွာသူ ရွာသားတွေ ဒီသတင်းလောက်ဘဲ ကြားသိရပြီးတော့နေကြတယ်။

ရွာမှာအစည်းအဝေးတခု လုပ်ပြီးတော့ ကျွန်တော်တို့ သတိထားပြီး နေကြရ မယ် ဆိုပြီး နေကြတဲ့အခါမှာ ညနေ ၃ နာရီခန့်မှာ သရီကုန်ဘောင်ရွာကို မီးတိုက်တာကို ရွာသူရွာသားတွေ မြင်ပါတယ်။ မြင်သော်လည်းဘဲ ရွာသူ ရွာသားတွေက  မီးတိုက်တာ ဟုတ်မှဟုတ်ရဲ့လား၊ ကောက်ရိုးပုံကို မီးလောင်တာလားဆိုပြီး တွေဝေနေကြတဲ့ အချိန် ည ၆ နာရီလောက်မှာ ကိုင်းကြီးရွာကို ဆက်တိုက်ပါတယ်။ ရွာက လူတွေကတော့ ကိုင်းကြီးရွာကို မီးတိုက်တာလား၊ ကောက်ရိုးပုံကို မီးတိုက်တာလား အဲဒီလိုဘဲ နေကြတဲ့အချိန် ညနေ ၇နာရီလောက်မှာ ကုလားရွာအနီးက ရခိုင်အိမ် တစ်အိမ်ကိုမီးစတိုက်ပါတယ်။

 နောက်ပြီး ချိန်ခါလီ အုန်းတောကျေးရွာက ရခိုင် အိမ်တအိမ်ကို ၇နာရီခွဲလောက်မှာ မီးတိုက်ပါတယ်။ အဲဒီအခါမှာ ငါတို့ ရွာကို မီးတိုက် လာပြီဆိုပြီး သိကြတယ်။ ညနေ ၉ နာရီလောက်မှာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတလျှောက် မီးတိုက်ခံရတာကိုအသေးစိတ်ရှင်းပြကြပါတယ်။

ဒီလို ရှင်းပြတဲ့အခါ ဘင်္ဂလီ မူဆလင်ကုလားတွေ ဘယ် လောက် ရှိလဲလို့ ထပ်မေးပါတယ်။ ရွာသူရွာသားတွေက လူဦးရေ ၅၀၀၀ ခန့်ရှိတယ်လို့ ဖြေကြပါတယ်။ ဒီလို ညဥ့်ကာလမှ လူဦးရေ ၅၀၀၀ လောက်လို့ ဘယ်လို သိနိုင်သလဲလို့ ထပ်မေးပါတယ်။

ရွာသားတွေက ဒီ ၅၀၀၀ ခန့်မှာ ဓါတ်မီး (လက်နှိပ်ဓါတ်မီး) ကိုယ်စီ ပါလာကြတဲ့ အတွက်ကြောင့်အဲဒီ ဓါတ်မီးကို ကြည့်ခြင်းအားဖြင့် သိနိုင်သလို ဓါတ်မီးမပါဘဲ နောက်ကွယ်မှာ ဘယ်လောက် ရှိနိုင်မလဲ ဆိုတာ ကိုမသိနိုင်ပါ။

 အဲဒီ ဘင်္ဂလီ လူအုပ်စုကြီးဟာ လိုအပ်တဲ့ ပစ္စည်းတွေကို အကုန် ယူပြီးတော့ အိမ်တွေကို လောင်စာဆီ ပက်ဖျန်းပြီး တတန်းပြီးတတန်းမီးတိုက်သွားတယ်ဆိုတာကိုရှင်းပြကြပါတယ်။

မေး။နောက်ထပ်ဘာများမေးမြန်းသွားပါသေးလဲဘုရား။

ဖြေ။ နောက်ပြီး ဒီဒေသမှာ ရေရှည်နေထိုင်ဖို့ ဆန္ဒရှိသလား။ ရှေ့ကိုဆက်ပြီး နေနိုင်လိုသေး သလားလို့ မေးပါတယ်။ ရွာသူရွာသားတွေက နိုင်ငံတော် အစိုးရအပေါ်မှာ မူတည်တယ်။ နိုင်ငံတော်အစိုးရက ဘယ်လောက်ထိ လုံခြုံရေး ပေးနိုင်မလဲ။

ဘယ်အတိုင်းအတာထိ ချထားနိုင်မလဲ။ ဘာဖြစ်လို့လဲဆိုတော့ အယင်တုန်းကလဲ ၁၉၉၄ ခု နှစ် မေလ ၁ ရက်နေ့မှာလဲ အိမ်ခြေ ၁၄ ဆောင်၊ ဘုန်းကြီးကျောင်း တစ်ကျောင်း မီးရှို့တာကို ခံခဲ့ရတယ်။ လူတယောက် သေဆုံးပြီးတော့ တယောက် ဒဏ်ရာရရှိခဲ့တယ်။

 ဒါတွေကိုတော့ မြန်မာနိုင်ငံက လူတွေ မသိရှိကြပါဘူး။ အဲဒီအချိန်ကလည်း လုံခြုံရေးပေးမယ်ဆိုပြီး အစိုးရ တာဝန်ရှိသူတွေကအာမခံပြောခဲ့ပါတယ်။အခုအချိန်မှာလည်းဘဲလုံခြုံရေးပေးမယ်။စိတ်ချပါဆိုပြီး နိုင်ငံတော် အစိုးရက ကတိပေးထားပါတယ်။ သို့သော်လည်း နိုင်ငံတော် အစိုးရက ဘယ်အတိုင်းအတာထိ လုံခြုံရေး ပေးနိုင် မလဲ။ တကယ်လက်တွေ့မှာ မြန်မာ တိုင်းရင်းသားတွေကို ကာကွယ်ပေးသလား ဆိုတာကို ကျေးရွာသူ ကျေးရွာသားတွေက စောင့်ကြည့်နေကြပါတယ်။လုံခြုံရေးရှိရင်နေထိုင်သွားဖို့ကတော့ ဖြစ်နိုင်ပါတယ်လို့ပြောကြပါတယ်။

 မေး။  ။အရှင်ဘုရားကိုကော တစ်ဦးချင်း တွေ့ဆုံတဲ့ခါ  ဘာတွေများ မေးမြန်းလျှောက်ထားတာ ရှိပါလဲ ဘုရား။

ဖြေ။  ။ ဒီနေရာမှာ ခုလို ဖြစ်မယ်ဆိုတဲ့ ကိစ္စကို ကြိုတင်ပြီး သိလား၊ ဖြစ်ပြီးမှ သိသလားလို့ ဦးဇင်းကို ကိုယ်တိုင် သူတို့ မေးပါတယ်။ ဦးဇင်းက ကြိုတင်ဖြစ်ဖို့ဆိုတာကို ဦးဇင်းတို့ သိထားပါတယ်။သို့သော် ဘယ်နေ့ ဘယ်ရက် ဖြစ်လာမလဲ ဆိုတာကိုတော့ နှစ်အကန့်အသတ်နှင့် ရက်အကန့်အသတ်နဲ့ မသိပါဘူး။ ဘာဖြစ် လို့လဲ ဆိုတော့ ဦးဇင်းတို့ ၁၉၄၂ ခုနှစ် မေလ ၁၃ ရက်နေ့မှာဖြစ်သွားခဲ့တဲ့ တကြိမ်၊ နောက် ၁၉၈၈ မှာ တကြိမ်၊ ၁၉၉၄ ခုနှစ်ကတကြိမ် စသည်အားဖြင့်
အဲဒါတွေကို အခြေခံပြီး ကြည့်လိုက်တဲ့အခါမှာ အခုလဲ ဒီအတိုင်း ဖြစ်လာမယ် ဆိုတာကိုဦးဇင်းတို့ သိထားတယ်လို့ ဖြေကြားလိုက်ပါတယ်။

 နောက်ထပ်မံပြီးတော့ ဖြစ်နိုင်တဲ့ အလားအလာ ရှိသလား စသဖြင့်တော့ မေးပါတယ်။ နိုင်ငံတော်အစိုးရက လုံခြုံရေးချပေးမယ်လို့ တော့ ပြောပါတယ်။ ဦးဇင်းက ပြည်သူ့စစ်တွေကိုလည်း အခါအားလျော်စွာ ချပေးတာရှိတယ်။ သို့သော် ဤနေရာ ဤဒေသမှာ  ပြည်သူ့စစ်တွေဘယ်လောက် ဘဲ ချထားစေကာမူ လက်နက် အပ်နှံမှု မရှိခဲ့ရင် ဘာမှ လုံခြုံရေးကယူလို့ မရဘူး။

 ပြည်သူတွေမှာလည်း လုံခြုံမူ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ မောရ၀တီ ကျေးရွာသည် အနီးကပ်ဆုံး ဘင်္ဂလီ ကျေးရွာတွေက ၀ိုင်းရံပြီးနေရသော ကျေးရွာ ဖြစ်တဲ့အတွက်ကြောင့် ၅ မိနစ် ၁၀ မိနစ် အတွင်းမှာ ဘင်္ဂလီ မွတ်ဆ လင်တွေက ပြာကျအောင်လုပ်နိုင်တဲ့အတွက် ဖြစ်ပါတယ်။

အဲဒီ အတွက်ကြောင့် ပြည်သူ့စစ် ဖွဲ့ထားရုံမျှနဲ့ မဖြစ်နိုင်ပါဘူး။ ဒီမှာ ပြဿနာ ဖြစ်တာနဲ့ အထက်လူကြီးတွေက အစည်းအဝေး ထိုင်ဖို့တမျိုး၊ အောက်က ငယ်သားတွေက အထက်ကလူကြီးတွေရဲ့ အမိန့်အာဏာ စောင့်ဆိုင်း ရတာက တမျိုးနဲ့၊ အဲဒီ စောင့်ဆိုင်း နေချိန် အတွင်းမှာဘဲ  ဒီကျေးရွာတွေဟာ  ၅ မိနစ် ၁၀ မိနစ်နဲ့ ပြာကျသွားရပြီ။

 ဒါကြောင့် သူတို့မှာ (ဘင်္ဂလီ) ခုလို ပြုလုပ်မယ့် စီမံကိန်းတွေကို ရေးဆွဲပြီးသား ဖြစ်နေတဲ့ အတွက်ကြောင့် နောင် လာလတ္တံ့သော ကာလမျိုးမှာလည်း ခုလို မီးရှို့မူတွေ၊ လူသတ်တာတွေ ဆက်လက်ပြီး ဖြစ်နိုင်တယ် ဆိုတာကို ဦးဇင်း ပြောပြလိုက်ပါတယ်။

မေး။  ။ ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဟာ တစ်ခြား ဘယ်နေရာတွေကို သွားရောက် မေးမြန်းခဲ့တယ်လို့ ကြားရပါလဲဘုရား။

ဖြေ။ ။ နှစ်နေရာကိုဘဲ ရောက်ခဲ့တယ်လို့ ဦးဇင်းတို့ ကြားပါတယ်။ ပထမဆုံး စစ်တွေက လာတာနဲ့ ဦးဇင်းတို့ မောရ၀တီကိုဝင်ပါတယ်။အဲဒီကနေခရေမြိုင်ကိုဝင်ခဲ့တယ်လို့သိရပါတယ်။

မေး။  ။ ကော်မရှင်အဖွဲ့ဟာ ဘင်္ဂလီမူဆလင် ဒုက္ခသည်စခန်းတွေကို သွားရောက် မေးမြန်းခဲ့ပါသေးလား ဘုရား။

ဖြေ။  ။ ဒီမှာက မူဆလင်ဒုက္ခသည်စခန်းဆိုတာ မရှိဘူး ။ ဘာဖြစ်လို့လဲဆိုတော့ မောင်တော မြို့နယ်
မှာက သူတို့ ဘင်္ဂလီတွေကို ဘယ်တိုင်းရင်းသားတွေက လုပ်ကြံခဲ့တာ၊ တိုက်ခိုက်ခဲတာမရှိခဲ့ပါဘူး။

သူတို့ကဘဲ တိုင်းရင်းသားရွာတွေကို မီးရှို့ပြီး လူတွေကို သတ်သွားတာပါ။ ဒါကြောင် မောင် တောမြို့နယ်မှာ ဘင်္ဂလီ ဒုက္ခသည်စခန်းဆိုပြီးမရှိပါ။

( မှတ်ချက်။ ဦးဝိဇယ အရှင်ဘုရားသည်  မောရ၀တီ ကျေးရွာသို့ သာသနာပြုရန်အတွက် ၁၉၉၃ ခုနှစ်တွင်ရောက်ရှိလာပြီး ၁၉၉၄ ခုနှစ် မေလ ၁ ရက်နေ့တွင် ပထမအကြိမ် ကျောင်းကိုဘင်္ဂလီများက မီးရှို့ခဲ့သည်။ ယခု တစ် ကြိမ် ၂၀၁၂ ခု ဇွန်လ ၈ရက်နေ့တွင်တကြိမ် ကျောင်းကိုမီးရှို့ခံခဲ့ရသည်။)

နိရဉ္စရာ

ရခိုင်တစ်ဦး ဘင်္ဂလီကုလားတွေရဲ့ လည်ပင်းလှီးသက်ဖြတ်ခံကိုခံရ

Posted by drmyochit Wednesday, September 12, 2012, under | No comments


 
ရခိုင်ပြည်နယ် ကျောက်တော်မြို့နှင့် လေးမိုင်ကျော်လောက်ဝေးသည့် သရက်အုပ်ကျေးရွာသား တဦးသည် ကျောက်
တော်မြို့မှ ငွေထုတ်၍အပြန် လမ်းခုလတ်တွင်ဘင်္ဂလီလူအုပ်စုထံ လည်လှီးအသတ်ခံရ သည်ဟု ရွှေမြန်မာမီဒီယာမှ သတင်းရရှိသည်။
သေဆုံးသူမှာ သရက်အုပ်ရွာမှ ဦးကျော်မောင်ချေ အသက် (၆၃)နှစ်ဖြစ်ပြီး ၄င်းပုဂ္ဂိုလ်တွင် သားသ မီး၇ ယောက် ကျန်ရစ်ခဲ့သည်ဟု သူကပြောသည်။“စက်တင်ဘာ ၁၁ရက်နေ့ ညနေ ၅နာရီလောက်မှာ လည်လှီးအသတ်ခံရ တာဖြစ် ပါတယ်။အလောင်း ကိုတော့ သရက်အုပ်နဲ့ ၁မိုင်လောက်မှာ တွေ့တယ်လို့ သိရပါတယ်”၄င်းအပြင်သူက ဖြစ်ပုံနှင့် ပတ် သက် ပြီး “ရွာသားတွေက စပါးခင်းမှာ သွေးစက်တွေ့တယ်။ သွေးစက် အတိုင်းလိုက် ရှာတော့ စပါးခင်းနဲ့ လေးငါး ပြန်လောက်မှာလည်လှီးသတ်ဖြတ်ခံထားရတဲ့အလောင်းကိုတွေ့တာပါ။

 ပြီးမှ ရဲကိုအကြောင်း ချက်ချင်းကြားပြီး လူသတ်မှုမှာ ပါဝင်သည်ဟုယူဆရတဲ့ ဘင်္ဂလီ ၂ဦးကိုလည်း ဖမ်းမိပါတယ်” ဟု ကျောက်တော် မြို့သစ်ရပ်ကွက်မှ ရခိုင်အမျိုးသားတဦးက ရွှေမြန်မာမီဒီယာသို့ပြောသည်။သူသည် ကျောက်တော်မြို့သို့ မလေးရှားနိုင်ငံနေ သားဆီကပို့ပေး သောငွေကိုထုတ်ယူပြီး အပြန်တွင်ယခုလို လည်လှီးသတ်ဖြတ်ပြီး ဘင်္ဂလီလူအုပ်စုက အကောင်ဖျောက်ရန် ကြိုးစားခြင်း ဖြစ်သည်ဟုဆို သည်။“ဒီဘင်္ဂလီလူအုပ်စုက အဲဒီလူကငွေကိုယူ လူကိုသတ်ပြီး အကောင်ဖျောက်ဖို့ ကြိုးစားကြတာဖြစ်ပါ တယ်။ ဒါပေမဲ့ သူတို့ရဲ့ လုပ်ပုံက မသေသတ်တော့ ခုလိုဖမ်းတွေ့တာ ဖြစ်ပါတယ်
”ဟုပြောသည်။
ယခုအခါ ကျောက်တော်မြို့နယ် ဆေးရုံတွင် ၄င်းအလောင်းအား စစ်ဆေးမှုများပြု နေပြီး အခင်းဖြစ် ပွားသည့် နေရာမှ မသင်္ကာသူ ဘင်္ဂလီ ၂ဦးအား ရဲကဖမ်းဆီးကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေသည်ဟု ဆိုသည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်