Friday, September 14, 2012

ရခိုင် ဘင်္ဂလီ ရိုဟင်ဂျာ အရေးနှင့် ပတ်သတ်ပြီး ဂျကာတာမြို့ရှိ ဗုဒ္ဓဘာသာဝင်များအား အသေခံ ဗုံးခွဲ တိုက်ခိုက် မည့်သူ ဖမ်းဆီး ရမိလူ

Posted by drmyochit Friday, September 14, 2012, under | No comments


From :သန်းဝင်းထွန်း

ဂျကာတာဆင်ခြေဖုန်းရပ်ကွက်တွင် အကြမ်းဖက်သံသယရှိသူ အင်ဒိုနီရှား အမျိုးသားတဦးလက်နက်ချ အဖမ်းခံကာ မြန်မာနိုင်ငံ တွင်ဖြစ်ပေါ်နေသော ရိုဟင်ဂျာများအားပြုမှုများကို မကျေနပ်သည့် အတွက် ဂျကာတာရှိ ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းကို ပစ်မှတ်ထားပြီး အသေခံဗုံးခွဲ တိုက်ခိုက် ရန်ကြံရွယ် ခဲ့သည်ကို ဝန်ခံထွက်ဆိုခဲ့ကြောင်း ရဲတပ်ဖွဲ့ တာဝန် ရှိသူမှ ပြောကြား ခဲ့သည်။

သံသယရှိသူအား Muhammad Toriq ဖြစ်ကြောင်း အမျိုးသားရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Boy Rafli Amar မှ အတည်ပြု ပြောကြား ခဲ့သည်။ ပြီးခဲ့သည့်အပါတ်ကတည်းက အသေခံဗုံးခွဲမည့်သူနေထိုင်ရာအိမ်အတွင်းမှ မသင်္ကာဖွယ်ရာ မီးခိုးများ ထွက်ရှိကြောင်းကို အိမ်းနီးချင်းတချို့၏သတင်းပေးဖို့ချက်ကိုလက္ခံရရှိခဲ့သည်။ အသေခံဗုံးခွဲမည်သူနေထိုင်ရာ အိမ်အ တွင်းမှ ဒီတိုနေတာ၊သံတိုသံစသေတ္တာနှင့် ပေါက်ကွဲစေသောအရာများကို သိမ်းဆည်းရခဲ့ပြီး ကနဦး စစ်ဆေး တွေ့ရှိ ချက်အရ အသေခံဗုံးခွဲမည့် Toriq ၏အစီအစဉ်မှာ ဗုံးပြင်ဆင်ပြီး ယနေ့တိုက်ခိုက်မည်ဖြစ်သည်ဟု ပြောရေးဆိုခွင့်ရှိသူ Amar ကတနင်္လာနေ့တွင်မီဒီယာသို့ထုတ်ဖေါ်ပြောဆိုလိုက်သည်။ ဖမ်းဆီးရမိသူသည်ဘယ်အကြောင်းကြောင့် လက် နက်ချ အဖမ်းခဲ့ကြောင်းကိုမသိရှိရသေးကြောင်းနှင့် Toriq တို့၏အသေခံမှာဗုံးခွဲမည့်အစီအစဉ်မှာ ဂျကာတာရှိ ရဲဌာချုပ်၊အမှတ်၈၈ အကြမ်းဖက်ရဲတပ်ဖွဲ့ရုံး၊ရဲစခန်းတခုနှင့် ဗုဒ္ဓဘာသာအသိုင်းအဝိုင်းတို့ လက်ရွေးစင် များဖြင့် ပစ်မှတ်ထား တိုက်ခိုက် မည်ဖြစ် ကြောင်းကို ပြောရေး ဆိုခွင့်ရှိသူ Amar မှပြောဆိုခဲ့သည်။

အီဂျစ်တွင် အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ဖြစ်ပွား

Posted by drmyochit Friday, September 14, 2012, under | No comments


အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်ရှိ အမေရိကန်သံရုံးအပြင်ဖက်တွင် အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ယနေ့ဖြစ်ပွားရာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ ပစ်ခတ်ဖြိုခွင်းခဲ့သည်။ ရာပေါင်းများစွာသော အီဂျစ် ဆန္ဒပြသူများက အမေရိကန် သံရုံး အပြင်ဖက် တွင် စုရုံးကာ သံရုံးအား ခဲများဖြင့် ပစ်ပေါက်ခဲ့ကြသည်။ 

ဗုဒ္ဓဟူးနေ့တွင် စတင်၍ ကိုင်ရိုမြို့ရှိ အမေရိကန်သံရုံးသို့ ရာဂဏန်းအရေအတွက်ရှိ ဆန္ဒပြသူများက ချီတက်ဆန္ဒပြခဲ့ကြပြီး အီဂျစ်နိုင်ငံမှ ထွက်ခွာသွားရန် အော်ဟစ်ကြွေးကြော်ခဲ့သည်။ 

အမေရိကန်ကုမ္ပဏီတစ်ခုက ရိုက်ကူးခဲ့သော အစ္စလာမ်ဘာသာဝင်တို့၏ တမန်တော်မိုဟာမက်အား   လှောင်ပြောင် သရော် ထားသည့် ရုပ်ရှင်နှင့် ပတ်သက်၍ တောင်းပန်ရ န်လည်း ဆန္ဒပြသူများက   တောင်းဆိုခဲ့ကြသည်။ 

လစ်ဗျားတွင်လည်း အဆိုပါ ရုပ်ရှင်ရိုက်ကူးမှုအပေါ် တုံ့ပြန်ဆန္ဒပြ တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ အမေရိကန်သံအမတ်နှင့် သံရုံး ဝန်ထမ်း ၃ ဦးသေဆုံးခဲ့သည်။ ယီမင်နိုင်ငံ ဆာနားမြို့ရှိ အမေရိကန် သံရုံးတွင်လည်း အမေရိကန် ဆန့်ကျင်ရေး ဆန္ဒပြမှု များ ဖြစ်ပွားခဲ့ရာ ယီမင် ရဲတပ်ဖွဲ့က ပစ်ခတ် ဖြို့ခွင်း ခဲ့ကြောင်း သိရသည်။

ကမာ၇ွတ်မှ အိမ်ဖော်သတ်မှု ကျူးလွန်သူ ၀န်ခံပြီ

Posted by drmyochit Friday, September 14, 2012, under | No comments


ကမာရွတ်မြိုနယ်တွင်အိမ်ဖော်ဖြစ်သူသေဆုံးမှုတွင် သံသယဖြင့်စစ်ဆေးခံနေရသူ MRTV 4 သရုပ်ဆောင် မေဇွန်(ခ) မျိုးဇာနည်ဇွန်  မှ ပြစ်မှုကျူးလွန်ခဲ့ကြောင်း ၀န်ခံခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး မှယနေ့ သတင်းထုတ်ပြန်သည်။

လူသတ်မှုနှင့်ပတ်သက်၍ သံသယဖြင့်စစ်ဆေးခံနေရသူမေဇွန်(ခ) မျိုးဇာနည်ဇွန် သည် ၎င်း၏အိမ်ဖော်ကို ကိုယ်ထိ လက်ရောက် ကျူးလွန်မှုပြုခဲ့ကြောင်းနှင့် ၎င်း ခရီးမသွားမီအချိန်တွင် သေဆုံးမှုမရှိသေးဘဲ သူမ ခရီးမှ ပြန်လာ မှာသာ သေဆုံး နေသည်ကို တွေ့ရှိ ရကြောင်း စစ်ဆေး ခံခဲ့သည်ဟု ရဲတပ်ဖွဲ့ မှူးရုံးမှ မီဒီယာများအားပြောသည်။

လက်၇ှိအချိန်တွင် MRTV -4 ရုပ်သံသရုပ်ဆောင် မမေဇွန်(ခ) မျိုးဇာနည်ဇွန် ကိုရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဆက်လက် စစ်ဆေးနေပြီးတရားရုံးတင်နိုင်ရန်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

ကိုယ့်အဖေအရွယ်ရှိ တာဝန်ရှိသူများကို ရိုင်းစိုင်းဆဲဆို စော်ကားသည့် ရွာသူ စရိုက်ကြမ်း မသွဲ့သွဲ့ဝင်းအား တရားစွဲထား

Posted by drmyochit Friday, September 14, 2012, under | No comments



From: 7day

လက်ပန်းတောင်းတောင် အရေး လှုပ်ရှားသော ၀က်မှေးကျေးရွာသူ မသွဲ့သွဲ့ဝင်း၊ မအေးနက်တို့သုံးဦးအား ဥပဒေပုဒ်မ-၃၄၁ မတရားတားဆီးမှု၊ လမ်းပိတ်ဆို့မှု၊ ဥပဒေပုဒ်မ-၂၉၄ ညစ်ညမ်းစွာဆဲရေးတိုင်းထွာမှု၊ ဥပဒေပုဒ်မ-၄၅၂ ပိုင်နက်ကျူးလွန်မှုတို့ဖြင့် တရားစွဲဆိုထားကြောင်း ကျေးရွာသူများဘက်မှ လိုက်ပါဆောင်ရွက်လျက်ရှိသည့် ရှေ့နေ ပြောကြား ချက်အား ကိုးကား၍ ဒေါ်ခင်စန်းလှိုင် ကပြောသည်။

လက်ပန်းတောင်းတောင်အရေး လှုပ်ရှားဆန္ဒထုတ်ဖော်မှုများရပ်တန့်ပြီး၊ ဆန္ဒထုတ်ဖော်သူများ၏ တောင်းဆိုမှုများကို လိုက်လျောကာ ငြိမ်းချမ်းစွာပြီးဆုံးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပုလဲမြိုနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်၊ ဗဟိုညီလာခံကျင်းပရေး ကော်မရှင်ဦးအောင်ရှင်တို့က စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေး အပါအ၀င် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် စက်တင်ဘာ ၁၂ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဒေါ်ခင်စန်းလှိုင် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အဖွဲ့ဝင်များသည် ယနေ့(စက်တင်ဘာ ၁၃ရက်)တွင် လက်ပန်းတောင်း တောင်ခြေရှိ ကျေးရွာသစ်စီမံကိန်းနှင့် ကျေးရွာဟောင်းများသို့ ဒေသခံများနေထိုင် စားသောက် နေမှုများကို သွားရောက်ကွင်းဆင်းလေ့လာနေ သည်။ ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ဒေါ်ခင်စန်းလှိုင် ကပြောသည်။

လက်ပန်းတောင်းတောင်အရေး ဆွေးနွေးတိုင်ပင်ညှိနှိုင်းနေသည့်အတွက် ယခင်နေ့များက ဆန္ဒထုတ်ဖော်သော ၀က်မှေး ဒေသခံ များမှာ မုံရွာမြို့မှ ရွာသို့ ပြန်သွားကြပြီဖြစ်သည်။ ထို့အပြင် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကလည်း ကိုဂျင်မီနှင့် အဖွဲ့ဝင်များမှာ ဦးသာအေးနှင့် စက်တင်ဘာ ၁၂ ရက် ည ၇ နာရီဝန်းကျင်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ထပ်မံတွေ့ဆုံဆွေးနွေးရန်ရှိကြောင်း သတင်းရရှိသည်။

အများသုံး ဝိုင်ဖိုင်များတွင် Facebook သုံးသူများ Account Hacking လုပ်ခံရနိုင်

Posted by drmyochit Friday, September 14, 2012, under | No comments


Facebook ဆိုရှယ် နက်ဝပ် သုံးစွဲ သူမျာuးser အနေဖြင့် မိမိတို့၏ Facebook User Account   များကိုသုံးစွဲရာတွင် အများသုံး  ဖရီးဝိုင်ဖိုင်နက်ဝပ် ဧရိယာ များတွင် သုံးစွဲ ခြင်းဖြင့်Hack ခံရမှု အန္တရာယ် ပိုမိုနီးစပ် ကြောင်း သိရှိရသည်။
အ များသုံး ဝိုင်ဖိုင်ဧရိယာများတွင် သုံး စွဲသူများ၏Facebok အကောင့် များကိုHack ပြုလုပ်ရန်  အတွက် ပိုမိုလွယ်ကူပြီး ထိုသို့Hacking ပြုလုပ်ရန်အတွက် ဆော့ဖ်ဝဲများ လည်းရှိကြောင်း သိရှိရသည်။ “အခုဆိုရင်Facebook အကောင့်ကိုHack လုပ်တဲ့ဆော့ဖ်ဝဲတစ်မျိုးရှိပါတယ်။ အဲဒါက မိုဘိုင်းဖုန်း  ထဲကနေ အများသုံးဝိုင် ဖိုင်ဧရိယာအတွင်းမှာ သုံးနေတဲ့ Facebook userရဲ့ အကောင့်ကို Hack   လိုက်လို့ ရပါတယ်။Hack ခံရတဲ့ သူရဲ့အကောင့် ထဲကို ဝင်ပြီး သုံးပြီးစတေး တပ်စ်တွေ တင်တာ၊ ပုံတွေတင် တာမျိုး ပြုလုပ်  လို့ရပါ တယ်။ Password ကိုပါ ပြောင်း ပစ်လိုက်လို့ရ ပါတယ်။
ဒါ့ကြောင့် အများသုံး ကော်ဖီဆိုင်တွေလို၊ စူပါမား ကတ်တွေ  လို ဝိုင်ဖိုင်ဧရိယာ တွေမှာ Facebook သုံးရင် သတိ ထားပြီး သုံးဖို့ လိုပါတယ်။ အဲဒီ နေရာတွေမှာFacebook သုံးတဲ့ User တွေရဲ့ အကောင့်နာမည်ကိုသိရုံနဲ့ မိမိပရိုဖိုင်းလင့်ခ် ကိုယူပြီး ကိုယ်နဲ့ နက်ဝပ် တစ်ခုတည်းမှာ သုံးနေတဲ့ သူက ဆော့ဖ်ဝဲသုံးပြီး မိမိ အကောင့်ကို Hacking ပြုလုပ်လို့ ရနိုင်ပါတယ်။ အထူးသဖြင့် မိန်း ကလေးတွေအတွက် အန္တရာယ်ရှိ ပါတယ်။
အဲဒီHacking Software က အလကားရတဲ့အပြင် သုံးရတာလွယ်ကူတော့ ကိုယ့်အ ကောင့်ကိုHack ပြီး၊ ကိုယ့်ဝေါလ် ပေါ်မှာ မဟုတ်မဟပ်ပုံတွေ တင် သွားနိုင်တာကြောင့် အဲဒီလိုနေရာ တွေမှာFacebook သုံးရင် သတိ ထားကြဖို့ လိုပါတယ်” ဟု 1st Myanmar Mobile App Meeting ပွဲတွင် Mobile Developer တစ်ဦးကပြောသည်။ ၄င်းHacking ဆော့ဖ်ဝဲများ မှာAndroid ဖုန်းသုံးHacking Software များဖြစ်ပြီး၊ အများသုံး ဝိုင်ဖိုင်ဧရိယာတစ်ခု (သို့မဟုတ်) ကွန်ရက်တစ်ခုအတွင်း အသုံးပြုနေ သူအား မိုဘိုင်းဖုန်း အသုံးပြုကာ Facebook Account အား Hacking ပြုလုပ်နိုင်သည့် ဆော့ဖ် ဝဲများဖြစ်ပြီး ၄င်းတို့ကို ကာကွယ် နိုင်သည့် ဆော့ဖ်ဝဲများ ရှိသော်လည်း သာမာန် User များအနေ ဖြင့် Free wi-fi ဧရိယာများတွင် အသုံးပြုပါက သတိရရန် လိုအပ် ကြောင်း၎င်းက ထပ်မံ ပြောပြခဲ့သည်။
ထို့ပြင် အင်တာနက်အသုံးပြု သူuser များနေဖြင့် အများသုံး Public Access Center များတွင် အင်တာနက် အသုံးပြုရာတွင် လည်း မိမိတို့၏ Password များ ကို ဆော့ဖ်ဝဲခံ၍သိရှိ အောင် ပြုလုပ် ထားတတ်သူများ အန္တရာယ်မှ ရှောင်ရှားနိုင်ရန်အတွက်လည်း ကွန်ပျူတာရှိOn Screen Keyboard ကို အသုံးပြုပြီး မိမိတို့၏ ဂျီမေးလ်နှင့်Facebook Account များကို Sing In ပြုလုပ် သင့် ကြောင်းကိုလည်း ပြောပြခဲ့ သည်။

ဝန်ကြီးဌာန စီမံကိန်းတချို့ နိုင်ငံခြားဘဏ်များမှ ငွေချေးမည်

Posted by drmyochit Friday, September 14, 2012, under | No comments


အစိုးရ ၀န်ကြီးဌာနတချို့၏ တည်ဆောက်ဆဲ စီမံကိန်းများအတွက် နိုင်ငံခြား ဘဏ်များမှ ငွေချေးမည်   ဖြစ်ကြောင်း သိရသည်။ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန၊ ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီး ဌာန၊ လျှပ်စစ် စွမ်းအား ၀န်ကြီးဌာန နှင့် စွမ်းအင် ၀န်ကြီးဌာန များ၏ တည်ဆောက်ဆဲ စီမံကိန်းများအတွက် တရုတ်၊ အိန္ဒိယ နှင့် ဂျပန် နိုင်ငံ ဘဏ်များမှ ဒေါ်လာ သန်း နှင့် ချီ၍ ချေးယူသုံးစွဲရန်အတွက် ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုပြီး ဖြစ်ကြောင်း အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

သံအမတ်သေဆုံးမှုအတွက် တရားမျှတမှု ပြန်လည်ရယူမည်ဟု အိုဘားမားပြောကြား

Posted by drmyochit Friday, September 14, 2012, under | No comments

လစ်ဗျားနိုင်ငံတွင် တိုက်ခိုက်မှု တစ်ခုအတွင်း အမေရိကန် သံအမတ် သေဆုံးမှုအတွက် မိမိတို့အနေဖြင့် တရားမျှတမှုကို ပြန်လည် ရယူမည်ဟု အမေရိကန် သမ္မတ ဘာရတ် အိုဘားမားက ပြောကြားလိုက်သည်။ အစ္စလာမ် အစွန်းရောက် တိုက်ခိုက်ရေး သမားများ၏ လုပ်ကြံပစ်ခတ်မှုကြောင့် လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ခရစ္စတိုဖာ စတီဗန်စ်နှင့် အခြားသော အမေရိကန်နိုင်ငံသား သံရုံးဝန်ထမ်း (၃)ဦးတို့သည် ခုခံနိုင်စွမ်း လျော့နည်းသည့် ဘန်ဂါဇီမြို့ရှိ ကောင်စစ် ဝန်ရုံးတွင် ရှိနေစဉ် အင်္ဂါနေ့ည ပစ်ခတ်မှုများအတွင်း သေဆုံးသွားခဲ့သည်။ အဆိုပါ သေနတ်သမားများက အမေရိကန်တွင် ပရောဖက် မိုဟာမက်ကို စော်ကားသည့် ရုပ်ရှင်ဇာတ်ကားတစ်ခု ရိုက်ကူးမှုကြောင့် ယခုလို တုံ့ပြန်ခြင်းဟု   ကြေညာ ထားခဲ့ သည်။
ဘန်ဟာဇီတွင် ဖြစ်ပွားသော အကြမ်းဖက်မှုနှင့် ပတ်သက်ပြီး ယခုအခါ အိုဘားမားက "အမေရိကန် ပြည်ထောင်စုဟာ ခုလို တုန်လှုပ်စရာ တိုက်ခိုက်မှုမျိုးအတွက် အပြင်းထန်ဆုံး ရှုတ်ချပါတယ်။ ဒါဟာ လစ်ဗျားအစိုးရသစ်နဲ့ အမေရိကန်တို့ရဲ့ ဆက်ဆံ ရေးကို အများကြီး ထိခိုက် စေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လစ်ဗျား အစိုးရ သစ်နဲ့ ပူးပေါင်းပြီး ကျွန်တော်တို့ရဲ့ နိုင်ငံသားတွေကို သတ်ဖြတ်ခဲ့သူတွေဆီက တရားမျှတမှုကို ပြန်ယူပါမယ်"ဟု ပြောကြားလိုက်သည်။ လစ်ဗျားခေါင်းဆောင် မိုဟာမက် မာဂရစ်ဖ်သည် ယခုကိစ္စနှင့် ပတ်သက်၍ အမေရိကန် အစိုးရထံ တောင်းပန်မှု ပြုလုပ်ထားကြောင်းလည်း သိရသည်။
 အသက်(၅၂)နှစ်ရှိ သံအမတ်သည် အာဖဂန်နစ္စတန်တွင် (၁၉၇၉)ခုနှစ်က တိုက်ခိုက်မှုအတွင်း အဒေါ့ဖ်ဒက်ဘ်စ် သေဆုံးမှု နောက်ပိုင်း ပထမဆုံး သတ်ဖြတ်ခံရသည့် အမေရိကန် သံအမတ်လည်း   ဖြစ်လာသည်။ ယခုဖြစ်စဉ် ပေါ်ပေါက်ပြီးနောက် အမေရိကန် စစ်တပ်သည် ရေတပ်မှ ဖျက်သင်္ဘော (၂)စင်းကို လစ်ဗျားကမ်းခြေသို့ ချက်ချင်း စေလွှတ်လိုက်သည်။ ထို့အပြင် လိုအပ်ပါက ရေတပ်၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး အထူးကွန်မန်ဒိုများကို စေလွှတ်ရန် တပ်လှန့်မှုလည်း ပြုလုပ်ထားကြောင်း သိရှိရသည်။


အင်္ဂါဂြိုဟ်ပေါ်တွင် ကာဗွန် ဒိုင်အောက် ဆိုက် ဆီးနှင်းများရွာကျ

Posted by drmyochit Friday, September 14, 2012, under | No comments

နာဆာမှ သိပံ္ပပညာရှင် များသည် အင်္ဂါဂြိုဟ် စောင့်ကြည့် လေ့လာရေး ယာဉ်မှ ပေးပို့သည့် အချက်အလက်များ အရ အင်္ဂါဂြိုဟ် ပေါ်တွင် ကာဗွန်ဒိုင် အောက်ဆိုက် ဆီးနှင်းများ ကျလာခဲ့ကြောင်း သက်သေ အထောက်အထား များတွေ့ ရှိခဲ့သည်ဟု နာဆာမှ စက်တင်ဘာ ၁၂ ရက်တွင် ပြောကြား ခဲ့ကြောင်း သိရသည်။
အဆိုပါ ကာဗွန်ဒိုင် အောက်ဆိုက် ဆီးနှင်းများ ဖြစ်ပေါ်ရန်အတွက် အပူချိန် အမှတ် (၁၉၃) ဒီဂရီ ဖာရင်ဟိုက် (-၁၂၅ ဆဲဆီးယက်စ်) လိုအပ်ကြောင်း သိရသည်။ ယင်းတွေ့ရှိမှုကို ဘူမိရူပ ဆိုင်ရာ သုတေသန ဂျာနယ်တွင် ဖော်ပြခဲ့ကြောင်း နာဆာက ပြောကြား ခဲ့သည်။
ထို့အပြင် အင်္ဂါဂြိုဟ်ရှိ တိမ်တိုက် များသည် ကာဗွန်ဒိုင် အောက်ဆိုက်များဖြင့် ဖွဲ့စည်း ထားကြောင်းနှင့် ဆီးနှင်း ဖြစ်ပေါ်ရန် အတွက် ထူထဲမှုအလုံ အလောက်ရှိကြောင်း နာဆာမှ သိပံ္ပပညာ ရှင်များက ပြောကြားခဲ့သည်။



ပြည်သူ့လွှတ်တော်မှ နောက်ဆုံးရ သတင်း

Posted by drmyochit Friday, September 14, 2012, under | No comments


ရန်ကုန်တိုင်းဒေသကြီးတွင် ကျင်းပပြုလုပ်သော ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည် ငြိမ်အေးချမ်းရေးကော်မတီတွင် ပြည်သူလွှတ်တော် ဥက္ကဋ္ဌကြီး သူရဦးရွှေမန်းမှအမှာစကားပြောကြားခြင်း
သူရဦးရွှေမန်း (ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ)။               ။ အားလုံးကို လေးစားပါတယ်။ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။ ဒီကနေ့ ကျင်းပတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေးကော်မတီက ကြီးမှူးကျင်းပတဲ့ ဒီအခမ်းအနားမှာ ကျွန်တော် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ တစ်ယောက် အနေနဲ့ တက်ရောက် စကား ပြောခွင့် ရတဲ့ အတွက် ကျေးဇူး တင်ကြောင်းနဲ့ ဂုဏ်ယူကြောင်းပြောကြားလိုပါတယ်။ ကျွန်တော်တို့ ဥပဒေပြုလွှတ်တော်များဟာ မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံ သားများ အကျိုးစီးပွားဖြစ်ထွန်းစေသော ဥပဒေများ၊ မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံ သားများရဲ့ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်သော ဥပဒေများပြုဖို့ ကြိုးစားလျက် ရှိပါတယ်။ ဥပဒေပြုတယ် ဆိုတဲ့ နေရာမှာလည်း ဥပဒေများ အသစ် ပြဋ္ဌာန်းသလို တည်ဆဲ ဥပဒေများ အနက် ပြင်ဆင်ရန်၊ ပယ်ဖျက်ရန် လိုအပ်သော ကိစ္စများ ကိုလည်း ကျွန်တော်တို့ လွှတ်တော် များက ပြင်ဆင်ဖို့၊ ပယ်ဖျက်ဖို့ ကြိုးစား ဆောင်ရွက် လျက်ရှိ ပါတယ်။ ဒီလို ဆောင်ရွက်တဲ့ နေရာမှာ ဥပဒေ တစ်ခုဟာ ကျွန်တော် တင်ပြသလို နိုင်ငံနဲ့ နိုင်ငံသား အကျိုးစီးပွား အတွက် သို့တည်းမဟုတ် နိုင်ငံတော်နဲ့ နိုင်ငံသား အကျိုး စီးပွားကို ကာကွယ် စောင့်ရှောက် နိုင်တဲ့ ဥပဒေ မဖြစ်ဘူး ဆိုရင် ဒီဥပဒေ တွေကို ကျွန်တော်တို့ အမြန်ဆုံး ပြင်ဆင်ဖို့ လိုပါတယ်။ ပယ်ဖျက်ဖို့ လိုပါတယ်။ အသစ် ပြဋ္ဌာန်း စရာရှိက ပြဋ္ဌာန်းဖို့ လိုပါတယ်။ အဲလိုမျိုး ဆောင်ရွက်တဲ့ အခါ မှာလည်း ကျွန်တော်တို့ လိုချင်တဲ့ ဥပဒေများ အတိုင်း ပြဋ္ဌာန်း နိုင်ပြီ ဆိုရင်လည်း ဒီဥပဒေ များကို သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များက ကျင့်သုံး ဆောင်ရွက်တဲ့ နေရာမှာ ဥပဒေ များအတိုင်း မှန်မှန် ကန်ကန် ထိထိ ရောက်ရောက် လိုက်နာ ဆောင်ရွက်ဖို့ အရေးကြီး ပါတယ်။ အဲလို အရေးကြီး တယ်ဆိုရင် တစ်ဖက်က ကျွန်တော်တို့ သုံးသပ်ချက် အနေနဲ့ ပြောမယ်ဆိုရင် ပြဋ္ဌာန်းထားတဲ့ ဥပဒေများ၊ တည်ဆဲ ဥပဒေများကို နိုင်ငံသားများ၊ နိုင်ငံသားများ ရွေးချယ်ထားတဲ့ ပြည်သူ့ ကိုယ်စား လှယ်များ၊ ပြည်သူ့ ကိုယ်စားလှယ် များက ရွေးချယ် ထားတဲ့ အစိုးရ အဖွဲ့အစည်းများ၊ တစ်ခါ ကျွန်တော်တို့ နိုင်ငံသား များရဲ့ လုပ်ငန်း ဆောင်တာများ ကိုဆောင်ရွက် ပေးမယ့် ပြည်သူ့ ဝန်ထမ်းများ ဟာလည်း အားလုံး ဥပဒေနဲ့အညီ လိုက်ပါဆောင်ရွက်ဖို့လိုပါတယ်။ အဲလို လိုက်ပါဆောင်ရွက်တော့မှပဲ တရားဥပဒေစိုးမိုးရေးဆိုတာ ဖြစ်နိုင်မယ့် အနေအထား ရှိပါတယ်။ ဒါကြောင့်မို့ လို့ လွှတ်တော်များက ပြဋ္ဌာန်းကြမယ့် သို့တည်းမဟုတ် ဒီကနေ့ တည်ဆဲဥပဒေများကို ပြန်လည်လေ့လာသုံးသပ် ပြီး တကယ် နိုင်ငံတော်နဲ့နိုင်ငံသားများအကျိုးစီးပွားကိုဖြစ်ထွန်းစေသော သို့တည်းမဟုတ် နိုင်ငံတော်နဲ့ နိုင်ငံသား များရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သော ဥပဒေများ အမှန်တကယ်ဖြစ်ဖို့လိုပါတယ်။ ဒီလိုဖြစ်လာပြီ ဆိုရင်လည်းပဲ ဒီဥပဒေများဟာ ဒီနေ့ နိုင်ငံအတွင်းမှာ လက်တွေ့ကျင့်သုံး အကောင်အထည် ဖော်ဆောင် နိုင်တဲ့ ဥပဒေမျိုးလည်း ဖြစ်ဖို့လိုပါတယ်။ ဒါကြောင့်မို့လို့ ဒီလို ကျွန်တော်တို့ လွှတ်တော်က ကြိုးစားနေချိန်မှာပင် ပြီးခဲ့တဲ့ ဧပြီလ ၁ရက်နေ့က မြန်မာနိုင်ငံမှာပြုလုပ်ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ကော့မှူးမဲဆန္ဒနယ်က အနိုင်ရရှိ ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော်တို့ လွှတ်တော်ထဲကို ပြည်သူ့ကိုယ်စားလှယ်အဖြစ် ရောက်ရှိလာပါ တယ်။ ရောက်ရှိလာတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူလဆန္ဒသဘောထားက တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ လိုအပ်တဲ့အခါမှာ ဥပဒေများ ပြင်ဆင်ရေး ကိစ္စများကို ဆောင်ရွက်ဖို့ ဆန္ဒရှိတယ် ဆိုတာကို ကျွန်တော်တို့ ဝမ်းမြောက်စွာ သိထားရပါတယ်။ ဒါကြောင့် လွှတ်တော်ထဲကို ဒေါ်အောင်ဆန်းစုကြည် ရောက်လာတဲ့အခါမှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ စိတ်ရင်း စေတနာနဲ့ ရှိနေတဲ့ အရည်အချင်း များပေါ် မူတည်ပြီးတော့ ဒီကော်မတီမှာ တာဝန်ပေးဖို့ ဥက္ကဋ္ဌအဖြစ်တာဝန်ပေးဖို့ ကျွန်တော် မေတ္တာရပ်ခံခဲ့ပါတယ်။ မေတ္တာရပ်ခံတဲ့ အတိုင်းပဲ ကျွန်တော်တို့ရဲ့ စေတနာနဲ့၊ ကျွန်တော်တို့ရဲ့ဆန္ဒနဲ့ သဘောထားတွေကို နားလည်ပြီး နောက်ဆုံး ဒီကော်မတီဥက္ကဋ္ဌအဖြစ် တာဝန် ယူပါ့မယ် ဆိုပြီးတော့ ကျွန်တော်တို့ဆီ ပြန်ကြားညှိနှိုင်းလာပါတယ်။ အဲလို ညှိနှိုင်း တဲ့အချိန်မှာပဲ "ကျွန်မကတော့ တာဝန်တစ်ခု ပေးအပ်မယ် ဆိုရင် တာဝန် ကျေချင်တယ်။ ကျေအောင်လည်း ဆောင်ရွက်မယ်။ ကျေအောင် ဆောင်ရွက်မယ် ဆိုလို့ရှိရင် ကျွန်မတစ်ယောက်တည်းနဲ့ မဖြစ်ဘူး။ ကော်မတီမှာပါဝင်ကြမယ့် ပုဂ္ဂိုလ်များလည်း လိုပါတယ်။ ဒါကြောင့်မို့လို့ ဒီလိုပုဂ္ဂိုလ်မျိုးတွေ ကော်မတီမှာထည့်ပေးပါ" ဆိုပြီးတော့ ကျွန်တော့်ကို တစ်ဖန်ပြန်လည် မေတ္တာရပ်ခံတောင်းခံခဲ့ပါတယ်။ ကျွန်တော်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လိုလားဆန္ဒရှိတဲ့ ပုဂ္ဂိုလ်အသီးသီးကို ဒီကော်မတီထဲကိုရောက်ရှိရေးအတွက် ကျွန်တော်ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော်မဖြည့်ဆည်းပေးနိုင်တာတော့ ဒါတစ်ဖွဲ့တစ်ဦးပဲရှိပါတယ်။ သို့ရာတွင် ဘယ်လိုပဲဖြစ်ဖြစ် အခုဖွဲ့စည်း ပေးထားတဲ့ ကော်မတီသည်၊ ကျွန်တော်တို့ လွှတ်တော်အတွက်တင်မက နိုင်ငံအတွက်ပါ အင်မတန်မှ အရေးကြီးတဲ့ ကော်မတီတစ်ခု ဖြစ်ပါတယ်။ ကမ္ဘာကြီး နိမ့်ပြားသွားသလိုပဲ တရားဥပဒေစိုးမိုးရေးဟာ အင်မတန်မှ အရေးကြီးတယ်။ အရေးကြီးတဲ့အကြောင်းလည်း ထုတ်ဖော်ပြောထားတာရှိပါတယ်။ ဒီနေရာမှာ အရင်တုန်းက ကျွန်တော်တို့နိုင်ငံမှာ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးသည် မူလပထမလို့ ဒီလိုပြောဆိုသတ် မှတ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ ကျွန်တော့်အမြင်ပြောမယ်ဆိုရင် တရားဥပဒေစိုးမိုးရေးက ရှေကဦး ဆောင်ဖို့ လိုလိမ့်မယ် တည်ငြိမ်အေးချမ်းရေးက ကျွန်တော်တို့နိုင်ငံမှာ ရှိပြီးပြီလို့ယူဆလို့ရတယ်။ ဒါ့ကြောင့် တရားဥပဒေစိုးမိုးရေး ရှေ့တန်းတင်ဆောင်ရွက်၊ အားလုံးကလည်း ပူးပေါင်းပါဝင်၊ ဒါကြောင့် တည်ငြိမ်အေးချမ်း တဲ့အချိန်ကတစ်ဆင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့အတွက် များစွာအထောက်အကူပြုနိုင်မယ်လို့ ယုံကြည်တယ်။ တရားဥပဒေ စိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးမှသည် ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်း ရေးမှသည် ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်ဖို့ဟာ ကျွန်တော်တို့နိုင်ငံမှာ မလုပ်မဖြစ် လုပ်ရမယ့်ကိစ္စများဖြစ်တဲ့အတွက် ဒီလုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်ဖို့ဆိုရင် ကော်မတီဥက္ကဋ္ဌ၊ ကော်မတီ တစ်ခုတည်းနဲ့ မရပါဘူး။ လွှတ်တော် တစ်ခုတည်း နဲ့လည်း မရပါဘူး။ ခြုံပြောမယ်ဆိုလို့ရှိရင်တော့ နိုင်ငံသူ၊ နိုင်ငံသားအားလုံးပါဝင်ရမယ်။ ပြီးတဲ့အခါမှာ လွှတ်တော်များပါဝင်ရမယ်။ လွှတ်တော်များဆိုတဲ့နေရာမှာ ပြည်သူ များက ရွေးချယ်တင်မြှောက်ထားကြတဲ့ ပြည်သူ့ကိုယ်စားလှယ်များအားလုံး ပါဝင်ရမယ်။ ဒီအတိုင်းပဲ ပြည်သူ့ကိုယ်စားလှယ်များက ထပ်ဆင့် ရွေးချယ် တာဝန် ပေးထားတဲ့ အစိုးရအဖွဲ့၊ တရားရေးအဖွဲ့အစည်းများအားလုံး ပါပါတယ်။ ဒါတင်လားတင်မဟုတ်ပါဘူး။ ကျွန်တော်တို့ ပြည်သူ့ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်းအားလုံးပါတယ်။ ဒါကြောင့်မို့လို့ ဒီလိုပါဝင်ရမယ့် အခြေအနေနဲ့ အနေအထားဟာ ဤမျှလောက်ကြီးမားတဲ့အတွက် အားလုံးပါဝင် နိုင်ရေးအတွက်၊ အားလုံးပါဝင်နိုင်ဖို့အတွက် အားလုံးကလည်း ဝိုင်းဝန်း ကြိုးစား ရမှာဖြစ်တဲ့ နေရာမှာ ဒီနေ့တော့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်ရေး ကော်မတီက စတင်လှုပ်ရှားတဲ့ ခြေလှမ်းကို မိမိတို့ အားလုံး ကြိုဆိုပြီး မိမိတို့ အားလုံးပါဝင်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားရင်းနဲ့ နိဂုံးချုပ်ပါတယ်။

ကမာရွတ်ဗုံး ကွဲမှုဖြင့် ဆက်စပ် သူများ ထောင်ဒဏ် ချမှတ်ခံရ

Posted by drmyochit Friday, September 14, 2012, under | No comments


ရန်ကုန်တိုင်း ကမာရွတ်မြို့ နယ်ကအများသုံး သန့်စင်ခန်းအတွင်း ပြီးခဲ့တဲ့နှစ်က ဗုံးပေါက်ကွဲမှုနဲ့  ဆက်စပ်ဖမ်းဆီးထားတဲ့ စိုင်းတင်မင်းကိုနဲ့စိုင်းတင်မင်းထွန်း ညီအစ်ကို ၂ ဦးကို  ရန်ကုန် အေရှ့ပိုင်းခရိုင်တရားရုံးက စက်တင်ဘာ ၁၂ ရက်နေ့မှာ ထောင်ဒဏ်စီရင်လိုက်ပါတယ်။
ညီဖြစ်သူ စိုင်းတင်မင်းထွန်းကို ဖောက်ခွဲမှုနဲ့ ထောင်ဒဏ် ၇ နှစ်၊ အစ်ကိုဖြစ်သူ စိုင်းတင်မင်းကို ကို ဖောက်ခွဲအားပေးမှုနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်တာလို့ သူတို့ကို ထောင်ဝင်စာ သွားတွေ့ ခဲ့တဲ့ ဒေါ်ရှုက ပြောပါတယ်။
“ညီလေးက မနှစ်က ဟိုဘက် (ထိုင်း) ကနေ ဒီဘက်ကို လာတည်းတယ်၊ အစ်ကို အိမ်ကို လာတည်းတာ ဖောက်ခွဲဖို့ လာတာ၊
ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် အများသုံး သန့်စင် ခန်းမှာ ဗုံးပေါက်ကွဲ ခဲ့စဉ်က အစ်ကိုက မလုပ်နဲ့ လူတွေ ဒုက္ခ ရောက်မယ် ဆိုပြီး ဗုံးကို အစဖျောက် မယ်ဆိုပြီး ချောင်းထဲသွား ပစ်ပြီး ပြန်လာတော့ အဖမ်းခံ ရတာ၊ စိုင်းတင်မင်းကို အရင် အဖမ်းခံ ရတယ်။
”ပြီးခဲ့တဲ့ ၂၀၁၁ ခု ဒီဇင်ဘာ ၂၁ ရက်နေ့က ကမာရွတ်မြို့ နယ် အများသုံး သန့်စင်ခန်း အတွင်း ဗုံး ပေါက်ကွဲမှုမှာ ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့ တာနဲ့ ပတ်သက်ပြီး သူတို့ကို ဖမ်းဆီး စစ်ဆေး ထောင်ချ ခဲ့တာ ဖြစ်ပါတယ်။
အစ်ကိုဖြစ်တဲ့ စိုင်းတင်မင်းကို ကို မြောက်ဥက္က လာပမြို့ နယ်က နေအိမ်မှာ ဖမ်းဆီးပြီး ညီဖြစ်သူ စိုင်းတင်မင်းထွန်း ကိုတော့ သာယာ ဝတီမြို့မှာ ဖမ်းဆီးခဲ့ တာဖြစ် ပါတယ်။ အဲဒီ ဗုံးကွဲမှုကို တိုက်ရိုက် ကျူးလွန်ခြင်း ရှိ၊မရှိနဲ့ ပတ်သက်တဲ့ တရားရုံး ဆုံးဖြတ်ချက် ကိုတော့ တိတိ ကျကျ မသိရ သေးပါဘူး။
စိုင်းတင် မင်းထွန်းဟာ ထိုင်းနိုင်ငံ နယ်စပ်ကနေ မြန်မာပြည်တွင်း မှာ ဖောက်ခွဲရေး လုပ်ဆောင်ဖို့ ပြန်သွားတဲ့ အကြောင်း ရဲ စစ်ချက်မှာ ထွက်ဆို ခဲ့တယ်လို့ သိရ ပါတယ်။

Thursday, September 13, 2012

နေပြည်တော်လာရန် KIO ကို သမ္မတ ဦးသိန်းစိန် ဖိတ်ကြား

Posted by drmyochit Thursday, September 13, 2012, under | No comments


 
သမ္မတ ဦးသိန်းစိန်က ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) မှ ကိုယ်စားလှယ်များကို အပစ်အခတ်ရပ်စဲရေး အတွက် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်း ထားကြောင်း ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောသည်။
အဆိုပါ သမ္မတ ဦးသိန်းစိန်၏ ကမ်းလှမ်းမူကို KIO အဖွဲ့ ကိုယ်စားလှယ်များက အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း ယခုရက်ပိုင်းအတွင်း နေပြည်တော်၌ ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်နှင့် သီးသန့် တွေ့ဆုံမေးမြန်းရာတွင် ဦးအောင်မင်းက ပြောကြားသည်။
“နိုင်ငံတော် သမ္မတကြီးက ဒီလောက်တောင် ဖြစ်လှတာ၊ နေပြည်တော်မှာ လာလုပ်၊ သူ့မျက်စိရှေ့မှာ လာလုပ်ဆိုပြီးတော့ ဒီလောက်အထိကို အခွင့်အရေး ပေးထားတယ်။ သွားရေး၊ လာရေး၊ လုံခြုံရေး ကိစ္စအားလုံး တာဝန်ယူတယ်။ ဒီမှာ လာလုပ်ပါ။ အဲဒါ အဖြေ မရသေးဘူး” ဟု ဦးအောင်မင်းက ဆိုသည်။
အစိုးရအနေနှင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အပါအ၀င် ဗန်းမော်မြို့နယ်နှင့် မူဆယ်မြို့များတွင် တွေ့ဆုံ ဆွေးနွေးရန် KIO အဖွဲ့မှ တာဝန်ရှိသူတို့ကိုလည်း ကမ်းလှမ်းခဲ့သေးကြောင်း သိရသည်။
“ဗန်းမော်မှာ တွေ့ရအောင်လို့ ပြောတယ်၊ မဟုတ်ဘူး၊ သူတို့က လွယ်ဂျယ်နားက ပရန်ငေါန်ကျေးရွာမှာ တွေ့မယ်ဆိုပြီးတော့ ပြောသွားတယ်၊ သူတို့နယ်မြေထဲမှာပေါ့။ ကဲ … ဒီနေရာ မကြိုက်ရင် နောက်တနေရာ မူဆယ်မှာ တွေ့ရအောင် ပြောတယ်၊ သူတို့က မဟုတ်ဘူး၊ တဖက်နိုင်ငံ တနေရာ၊ ရွှေလီမှာ တွေ့ရအောင် ပြောတယ်။ ဒီလိုနေရာ ညှိတဲ့အခါမှာ အဆင်မပြေတာလေးတွေ ရှိတယ်” ဟု ဦးအောင်မင်းက ပြောသည်။
KIO ခေါင်းဆောင်များနှင့် အစိုးရ ဒု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း ဦးဆောင်သော နှစ်ဘက် ကိုယ်စားလှယ်များအနေဖြင့် တင်းမာနေသည့် စစ်ရေးကိစ္စများ ပြေလည်ရေးအတွက် တွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
“နိုင်ငံရေးနဲ့ စီးပွားရေး ကိစ္စအားလုံးကို ရှင်းပေးလို့ ရတယ်။ မူဝါဒ၊ မူဘောင်နဲ့ ကိုက်ညီတဲ့ ဥစ္စာတွေ ဥပဒေက ခွင့်ပြုထားတဲ့ ဥစ္စာတွေကို အကုန် ရှင်းပေးလို့ရတယ်။ သို့သော်လည်းပဲ ဒီစစ်ရေး စွမ်းအားကိုတော့ ကျနော် ရှင်းပေးလို့ မရဘူး။ ဒါတွေ အားလုံးက နှစ်ဘက်တပ်တွေက ဒီဘက်က တပ်ခေါင်းဆောင်တွေနဲ့ ဟိုဘက်က တပ်ခေါင်းဆောင်တွေ ရှင်းရမယ့် ကိစ္စဖြစ်တယ်” ဟု ဦးအောင်မင်းက ဆိုသည်။
ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်ကမူ အစိုးရထံသို့ တရားဝင် အစည်းအဝေး ပြုလုပ်ရန် ကမ်းလှမ်းခဲ့သော်လည်း ဖြစ်မလာကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်သို့ ပြောသည်ဟု ဘားမား ဗီဂျေ မီဒီယာ၏ ရုပ်သံသတင်းတွင် ဖော်ပြထားသည်။
“တရားဝင် အစည်းအဝေးလုပ်ရအောင် ကျနော်တို့ တောင်းဆိုတယ်၊ ရွှေလီမှာပဲ တကြိမ် တရားဝင် အစည်းအဝေးလုပ်မယ်၊ မူတခု ချမယ်၊ မူချပြီးလို့ရှိရင် ကျနော်တို့ မြစ်ကြီးနားမှာ လုပ်ရအောင်လို့ ပြောထားပြီးသား။ မြစ်ကြီးနား ဘယ်မှာလုပ်မယ်၊ ဘယ်သူက တာဝန်ယူမှာကအစ အဆိုပြုထားတယ်။ ဒါပေမယ့် တရားဝင် အစည်းအဝေးက ဖြစ်မလားဘူး” ဟု ဗိုလ်မှူးချုပ် ဂွန်မော်က ပြောကြောင်း အဆိုပါ ရုပ်သံသတင်းအရ သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့က ဦးအောင်မင်းနှင့် KIO ခေါင်းဆောင်များ မိုင်ဂျာယန် ဒေသတွင် နောက်ဆုံး တွေ့ဆုံခဲ့ပြီး စစ်ဘက်ဆိုင်ရာ နှစ်ဘက်ကိုယ်စားလှယ်များကို ကမ်းလှမ်းထားခြင်း ဖြစ်ကြောင်း သိရှိရသည်။
ကချင်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခြင်းနှင့် ပတ်သက်၍ အစိုးရ တပ်မတော်က သမ္မတ၏ အမိန့်ကို နာခံခြင်း ရှိမရှိ ဧရာဝတီက မေးမြန်းခဲ့ရာ ဦးအောင်မင်းက “တပ်မတော်က အမိန့်မနာခံဘူး ဆိုတာကတော့ မဟုတ်ပါဘူး။ ကျနော်ကိုယ်တိုင်လည်း တပ်မတော်သားပဲ။ အထက်က အမိန့်ပေးရင် ဖြစ်အောင်လုပ်ရမှာပေါ့။ တိတိကျကျ လိုက်နာရမှာပေါ့။ ပေးလည်းပေးပြီးသားပဲ။ စာရွက်စာတမ်းကအစ ကျနော်တို့က ရှိပြီးသားပဲ။ ဒီစာရွက်စာတမ်းတွေကိုလည်း တိုင်းရင်းသား အကုန်လုံးကို လိုက်ဖြန့်ဝေထားတာပဲ။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် ရှုပ်ထွေးနေလို့ ဖြစ်တဲ့အခြေအနေလို့ပဲ ကျနော်ယူဆပါတယ်။ တပ်မတော်က အမိန့်မနာခံတာ မဟုတ်ပါဘူး” ဟု ဖြေကြားသည်။
ကချင်ဒေသတွင် ယမန်နှစ် ဇွန်လမှ စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် အိုးအိမ် စွန့်ခွာထွက်ပြေးရသော ဒေသခံ ဒုက္ခသည်များမှာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း စုစုပေါင်း ၉၀၀၀၀ ခန့် ရှိကြောင်း သိရသည်။
(သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်တို့ တွေ့ဆုံမေးမြန်းချက် အပြည်အစုံကို မကြာမီ ဖော်ပြပါမည်။)

ဘာသာရေးဖိနှိပ်ခြင်း မဟုတ်၊ စည်းကမ်းပြည့် ၀သော ဒီမိုကရေစီသာ

Posted by drmyochit Thursday, September 13, 2012, under | No comments

          ကမ္ဘာပေါ်တွင် အဓိကဘာသာကြီး ၄ မျိုးဖြစ်သည့် ဟိန္ဒူ၊ ဗုဒ္ဓ၊ ခရစ်ယာန်၊ အစ္စလမ်ဘာသာများ ထွန်းကားခဲ့ပြီး မြန် မာနိုင်ငံတွင် ပျူခေတ်နှင့်ရခိုင် သမိုင်းကြောင်းများအရ ဗုဒ္ဓဘာသာမှာ မဇ္စျိမဒေသ များနှင့်အတူ စတင်ထွန်းကားခဲ့ပြီး ရှေးကျ သော ဘာသာတစ်ခုအဖြစ်တွေ့ရသည်။ ပုဂံခေတ်တွင် ပိုမို အသက် ၀င်လာပြီး သာသနာတော်ပိုမိုလျင်မြန်စွာပျံနှံ့လာခဲ့သည်။ လက်ရှိ စာရင်းအရ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာဝင်အများဆုံးနိုင်ငံတစ်ခုဖြစ်သည်။ ခရစ်ယာန် ဘာသာမှာ ဗြိတိသျှကိုလိုနီခေတ်တွင် ခရစ်ယာန် မစ်ရှင်အဖွဲ့နှင့်ပါရှိလာပြီး ခရစ်ယာန်သာသနာပြုလုပ်ငန်းများကျယ် ကျယ်ပြန့်ပြန့်ဆောင်ရွက်လာခြင်းဖြင့် ပျံ့နှံလာ ခဲ့သည်။ ရခိုင်၊ မွန်၊ ရှမ်းပြည်နယ်အပါအ၀င် မြေပြန့်ဒေသများတွင် ဗုဒ္ဓဘာသာပျံနှံ့ပြီးဖြစ်သဖြင့် အဓိကနတ်ကိုးကွယ်သူများပြီး လမ်းပန်းဆက်သွယ် မှုခက်ခဲသည့်တောင်တန်းဒေသများကို မစ်ရှင်အဖွဲ့များ က ဦးစားပေးသာသနာပြုလုပ်ငန်းများ ဆောင် ရွက်ခဲ့ခြင်းဖြစ်သည်။
          အစ္စလာမ်ဘာသာမှာမူ မိမိနိုင်ငံအတွင်း သာသနာပြုပျံနှံ့လာခြင်းမဟုတ်ဘဲ အနောက်ဘက် မွတ်စလင်နိုင်ငံများမှ ကိုလိုနီခေတ်ဝင်ရောက်လာသူများနှင့် လွတ်လပ်ရေးရပြီးနောက်ပိုင်း တရားမ၀င် ၀င်ရောက်လာသူများနှင့် အတူပါရှိလာခြင်းသာဖြစ်သည်။ အစ္စလာမ်ဘာသာမှာ ဗုဒ္ဓ၊ ခရစ်ယာန်ကဲ့သို့မြန် မာနိုင်ငံအတွင်းသာသနာပြုခြင်းဖြင့် ပျံ့နှံလာခြင်း မဟုတ်ဘဲ မူလအစ္စလာမ်ဘာသာဝင်များ၏ လူဦးရေ တိုးပွားလာမှုကြောင့်သာ ကိုးကွယ်သူများပြား လာခြင်းဖြစ်သည်။ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာနှင့် နတ်ကိုးကွယ်သူများမှ အစ္စလာမ်ဘာသာသို့ ကူးပြောင်းကိုးကွယ်ခြင်းမှာ မရှိသလောက် အလွန်တရာမှ နည်းပါးသည်။
ရှေးအကျဆုံးဖြစ်သည့်ဗုဒ္ဓဘာသာမှာ ရှေးယခင်ကပင် ဘာသာဝင်များ၏အထွဋ်အမြတ်ထားမှု ကြောင့် ဒေသ အတွင်း ရှိမြင့်မားသောတောင်ကုန်းများတွင် စေတီ၊ ဘုန်းကြီးကျောင်းများ ဆောက်လုပ် ကိုးကွယ်သည့်အလေ့အထရှိခဲ့သည်။ ကိုလိုနီ ခေတ်တွင် လေကြောင်းဓာတ်ပုံများရိုက်ကူး၍ မြန်မာပြည် မြေပုံထုတ် လုပ်ခဲ့ပြီး ကော်မရှင် နာမင်းကြီးများထံမှ စေတီပုထိုးများ၊ ခရစ်ယာန်ကျောင်းများနှင့် ၎င်းတို့နှင့် ပါရှိလာသည့် အစ္စလာမ်ဘာသာဝင်များအတွက် ဗလီများကို သာသာနာပိုင်နယ်မြေအဖြစ် သတ်မှတ်ပေး ခဲ့သည်။ ရှေးယခင်ကတည်းကပင် တည်ထားကိုးကွယ်ခဲ့သည့် ဘုရား၊ပုထိုးများ၊ ကျောင်းကန်များကို နိုင်ငံတော် အစိုးရနှင့် အဖွဲ့အစည်းများ၊ သဒ္ဓါတရားထက်သန်သူများက ပြန်လည်မွမ်းမံခြင်း၊ ပြုပြင် တည်ဆောက်ခြင်း များဆောင်ရွက်ခဲ့ကြသည်။ သို့သော်လည်း သာသနာ့မြေအဖြစ်သတ်မှတ်ပေးထားခြင်း မရှိသည့်နေရာများတွင် စေတီတည် ထားကိုးကွယ်ခြင်း၊ ဘုန်းကြီးကျောင်းဆောက်လုပ်ခြင်းတို့ကို ခွင့်မပြု ပေ။ ပြီးခဲ့ သည့် ဇွန်လကလည်း နေပြည်တော်တွင် သာသနာ့မြေမဟုတ်ဘဲ ကျူးကျော်ဆောက်လုပ် ထားသည့်ဘုန်းကြီးကျောင်းများကို ဥပဒေနှင့် မညီညွတ် သဖြင့် နေပြည် တော်ကောင်စီ၏အစီအစဉ်ဖြင့် ဖယ်ရှားခဲ့ရသည်။ ဤကဲ့သို့အဖြစ်အပျက်များမှာ နိုင်ငံအနှံ့နေရာအတော်များများတွင် ကြုံတွေ့ရ သည့် ပြဿနာများပင်ဖြစ်သည်။ အချို့သဒ္ဓါတရားထက်သန်သူများအနေဖြင့် လူပုဂ္ဂိုလ်ယုံကြည်ကိုးကွယ်မှုဖြင့် ရပ်ကွက် အတွင်းမြေကွက်ဝယ်၍လှူဒါန်းပြီး သံဃာတော်များအား ကျောင်းဆောက်ကာ သီတင်းသုံးစေခြင်း မျိုးကြုံတွေ့ရသည်။ သာသနာမြေမဟုတ်သဖြင့် သာသနာရေးဦးစီးဌာနနှင့် သံဃာနာယက အဖွဲ့တို့ ပူးပေါင်းပြီး ဖယ်ရှားခြင်းများ မကြာခဏ ဆောင်ရွက်ရလေ့ရှိသည်။ မိမိတို့နိုင်ငံအတွင်း ဘာသာတိုင်း၊ လူမျိုးတိုင်းယုံကြည်စွာ ကိုးကွယ်ခွင့်ရှိသည်။ သို့သော်လည်း စနစ်တကျစည်းကမ်းရှိစေရန် များစွာ အသိပညာပေးရဦးမည်ဖြစ်သည်။ အလားတူပင် အစ္စလာမ်ဘာသာဝင်များသည်လည်း ရပ်ကွက်၊   ကျေးရွာ များတွင် သာသနာပိုင်မြေမဟုတ်သည့်နေရာများ၌ ဗလီများတိုးချဲ့လာခြင်း၊ သင်္ချိုင်းများတိုးချဲ့လာခြင်း တို့ကို တွေ့မြင် နေရသည်။ ၎င်းတို့ကို စည်းမျဉ်း ဥပဒေများနှင့် အညီထိထိရောက်ရောက်တားမြစ်သင့်သည်။ ဘာသာရေးဖိနှိပ် ချုပ်ချယ်မှုမဟုတ်ပါ။ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီကျင့်ထုံးနည်း ပင်ဖြစ် သည်။
          စက်တင်ဘာလ ၈ ရက်နေ့ ဧရာဝတီသတင်းတွင် ချင်းခရစ်ယာန်များ ဖိနှိပ်ခံနေရသည်ဆိုသည့် ခေါင်းစဉ်နှင့် သတင်းတစ်ပုဒ်ပါလာသည်ကိုတွေ့ရသည်။ သာသနာရေးက လက်ဝါးကပ်တိုင် ၁၃ ခု ဖြုတ်ချ ခဲ့သည်ဟု ဖော်ပြထားတယ်။ ၎င်းမှာ လည်း ဥပဒေနှင့်မညီညွတ်သည့်တရားမ၀င်ဗုဒ္ဓဘာသာ ဘုန်းကြီး ကျောင်း များဖယ်ရှားခံရသကဲ့သို့ပင် ဖြစ်ပါလိမ့်မည်။ ကျွန်တော် လည်း လွန်ခဲ့တဲ့နှစ်က ကယားပြည်နယ်၊ ချင်းပြည်နယ်များကိုရောက်ရှိခဲ့သည်။ ကားလမ်းပေါ်မှကြည့် လိုက်လျှင် မြင့်မားသည့် တောင်ကုန်းတိုင်းတွင် လက်ဝါးကပ်တိုင်များစိုက်ထားသည်ကိုတွေ့ရသည်။ ၎င်းတို့သည် ကိုလိုနီခေတ်ကတည်းက စိုက်ထူခဲ့ခြင်း မဟုတ်ဘဲ နောက်ပိုင်းတွင် ဒေသခံများကနယ်မြေချဲ့ပြီး စိုက်ထူခဲ့ခြင်းဖြစ်သည်။ အင်္ဂလိပ်များထုတ်ခဲ့သည့် မြေပုံများကို တွေ့မြင်ဖူးပါသည်။ လက်ဝါးကပ်တိုင်နှင့် ဘုရားကျောင်းများတွဲလျက်သာ တည်ဆောက်ခဲ့ကြ သည်။ သို့သော်လည်း ယခု နောက်ပိုင်းတွင် တောင်မြင့်မြင့်တွေ့တိုင်း လက်ဝါးကပ်တိုင်သီး သန့်(ဘုရား ကျောင်းမပါ)စိုက်ထူလာသည်ကို တွေ့ရသည်။ သာသ နာ့ မြေလည်းမဟုတ်ပါ။ ရှေးက ဗုဒ္ဓဘာသာဝင် များ၏ တောင်မြင့်မြင့်တွင် ဘုရားတည် သည့်ဓလေ့ကို ပုံတူကူးချထားသလားဟု အောက်မေ့ရသည်။ ကျွန်တော် တို့်နိုင်ငံမှာ ဗုဒ္ဓဘာသာကိုးကွယ်သူ ၉၀ ရာခိုင်နှုန်းခန့်ရှိသော်လည်း ဆော်ဒီနိုင်ငံကဲ့သို့ ဘာသာရေးဖိနှိပ်မှု လုံးဝမတွေ့ရပါ။ ဘာသာရေးဖိနှိပ်ခဲ့လျှင်လည်း တရားစွဲခံရမည်သာဖြစ်သည်။ မိမိအနေဖြင့် မည်သည့် ဘာသာ ဘက်မှ အထူးပြုရေးသားခြင်း မဟုတ်ပါ။ စဉ်းစားတွေးခေါ်တတ်စေရန် အပြုသဘောဖြင့် ရေးသား ရခြင်းသာဖြစ်ပါသည်။
ဝေယံမိုး

ပါရှန်ပင်လယ်ကွေ့အတွင်း စစ်ရေးလှုပ်ရှားမှုများ အီရန် စဉ်ဆက်မပြတ်စောင့်ကြည့်လျက်ရှိ

Posted by drmyochit Thursday, September 13, 2012, under | No comments



တီဟီရန် စက်တင်ဘာ ၁၂

အီရန်နိုင်ငံ အနေဖြင့် ပါရှန် ပင်လယ်ကွေ့ အတွင်း စစ်ရေး လှုပ်ရှားမှုကို စဉ်ဆက်မပြတ်စောင့်ကြည့် လျက်ရှိကြောင်း အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက စက်တင်ဘာ ၁၁ ရက်တွင် ပြောကြား ခဲ့သည်။

ပါရှန် ပင်လယ်ကွေ့ အတွင်း စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ရန် ပိုမိုနီးကပ် လာသည့်အတွက် လုံခြုံရေးကို အလေးထား ဆောင် ရွက်လျက်ရှိ ကြောင်းနှင့် အီရန်နိုင်ငံ အနေဖြင့် ပါရှန် ပင်လယ်ကွေ့ လုံခြုံမှု ထိန်းသိမ်းရေး နှင့် စစ်ရေးအရ လှုပ်ရှားမှု အားလုံးကို စောင့်ကြည့်လျက် ရှိကြောင်း အဆိုပါ ပြောရေး ဆိုခွင့်ရှိသူက ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံသည် နိုင်ငံပေါင်း ၂ဝ နှင့် ပူးပေါင်း၍ စက်တင်ဘာ ၁၆ ရက်မှ ၂၇ ရက်အထိ စစ်ရေး လေ့ကျင့်မှုများ ပြု လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ အီရန်နိုင်ငံ အနေဖြင့် ဟော်မုဇ် ရေလက်ကြား၊ ပါရှန် ပင်လယ်ကွေ့နှင့် ဒေသတွင်း နိုင်ငံများ လုံခြုံရေးကို ကာကွယ်ပေး နိုင်ကြောင်း အီရန်စစ်ဘက် အရာရှိကြီး များကမကြာ ခဏ ပြောကြား လေ့ရှိသည်။

နိုင်ငံတကာ အဏုမြူ အေဂျင်စီအဖွဲ့ဝင် ၃၅ ဦး ပါဝင်သည့် ဘုတ်အဖွဲ့သည် အီရန် နျူကလီးယား အရေးနှင့် ပတ်သက်၍ သီ တင်းပတ် တစ်ပတ်ကြာ ဆွေးနွေးမှု စတင်ခဲ့ကြောင်း သိရသည်။ အီရန် နျူကလီးယား အရေးနှင့် ဆွေးနွေးမှု များသည် နည်းပညာနှင့် တရားဥပဒေ ဘောင်အတွင်းကသာ လုပ်ဆောင် သင့်ကြောင်း အီရန် အစိုးရ၏ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။


Apple ကုမ္ပဏီက iPHONE 5 တရားဝင် မိတ်ဆက်ပွဲထုတ်

Posted by drmyochit Thursday, September 13, 2012, under | No comments



အမေရိကန်ပြည်ထောင်စုက သတင်းနည်းပညာ ဧရာမ ကုမ္မဏီကြီးဖြစ်တဲ့ ပန်းသီး (Apple) ကုမ္ပဏီ ဟာ အားလုံးက မျှော်လင့် စောင့်စားနေကြတဲ့ iPhone အမျိုးအစားသစ် လက်ကိုင်ဖုန်းဖြစ်တဲ့ iPhone 5 ကို စက်တင်ဘာ (၁၂)ရက်နေ့က စတင် မိတ်ဆက် ပွဲထုတ်လိုက်ပါပြီ။ အခု iPhone 5 ဟာ အရင်နှစ်က ရောင်းချခဲ့တဲ့ iPhone 4S ထက် မြင်ကွင်း screen ပိုကြီးပေမဲ့ iPhone 4S ထက် သေးငယ် ပေါ့ပါးတယ်လို့ Apple ကုမ္ပဏီက ဆိုပါတယ်။

ကာလီဖိုးနီးယား (California) ပြည်နယ်က ဆန်ဖရန်စစ္စကို (San Francisco) မြို့မှာ ကျင်းပတဲ့ Apple ကုမ္ပဏီရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ iPhone 5 ကို မိတ်ဆက်ပွဲထုတ်ခဲ့တာပါ။ အရင်က iPhone 4S ဟာ တတိယမျိုးဆက်ကွန်ယက် (Third Generation Network) 3 G နဲ့ ချိတ်ဆက်မှု ၀န်ဆောင်ပေးထားစဉ်မှာ တောင်ကိုးရီး ယားက  Samsung ကုမ္ပဏီက စတုတ္ထမျိုးဆက်ကွန်ယက် (Forth Generation Network) 4 G နဲ့ ချိတ်ဆက် ၀န်ဆောင်မှုပေးတဲ့ Android အမျိုးအစား Galaxy S III လက်ကိုင်ဖုန်းကို ထုတ်လုပ်ရောင်းချခဲ့တာကြောင့် iPhone အမျိုးအစား လက်ကိုင်ဖုန်းတွေ ဈေး ကွက်မှာ အရောင်းထိုင်းသွားခဲ့ပါတယ်။

တခြား လက်ကိုင်ဖုန်း အမျိုးအစားတွေကလည်း အဆင့်မြင့်နည်းပညာတွေနဲ့ ထုတ်လုပ်လာ တာကြောင့် ကမ္ဘာ့လက်ကိုင်ဖုန်း ဈေးကွက်မှာ အဆင့်မြင့်နည်းပညာ smart phone တွေကို ပဲ တောင်းဆိုလာခဲ့ကြတာပါ။

အခုအခါမှာတော့ ဒီ လက်ကိုင်ဖုန်း smart phone တွေထဲမှာ ဦးဆောင်မှုကို ပြန်ပြီးရယူဖို့ iPhone 5 နဲ့ Apple ကုမ္ပဏီက ကြိုးပမ်းလိုက်တာလည်း ဖြစ်ပါတယ်။ အခု iPhone 5 ကို အလျူမီနီယံသတ္ထုနဲ့ ဖလ်နဲ့ ပေါင်းစပ်ထုတ်လုပ်ပြီးတော့ အထူ (၇.၆) မီလီမီတာ၊ ဗျက် (၁၀၂) မီလီမီတာ၊ အလေးချိန် (၁၂၂) ဂရမ်ရှိတယ်လို့ Apple ကုမ္ပဏီက ဆိုပါတယ်။

Phone 5 မှာ မိုက်ကရိုဖုန်း သုံးလုံးပါရှိပြီး အင်တာနက်ချိတ်ဆက်မှုတွေကို အမြန်ဆုံး speed နဲ့  ၀န်ဆောင်မှုပေးနိုင်မှာ ဖြစ်ကြောင်း၊ အနိမ့်ဆုံး 16 giga bite သိုလှောင်နိုင်တဲ့ iPhone 5 တစ်လုံးကို နှစ်နှစ် စာချုပ်နဲ့ တယ်လီဖုန်းလိုင်း ယူသူတွေကို အမေရိကန်ဒေါ်လာ (၁၉၉) ဒေါ်လာနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။
From-VOA 

"သရုပ်ပျက်ဝတ်စားဆင်ယင်မှုအတွက် ကိုယ့်တာဝန် ကိုယ်ယူကြရန် လူမင်းပြောပြီ"

Posted by drmyochit Thursday, September 13, 2012, under | No comments


သရုပ်ပျက်လာသည့် မြန်မာသရုပ်ဆောင်များ၏ ၀တ်စားဆင်ယင်မှုအားလက်ရှိအချိန်အထိ စည်းကမ်းသတ်မှတ်ချက် ထုတ်ပြန် ထားခြင်း မရှိသေးကြောင်းမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက သိရှိရသည်။ သက်ဆိုင်ရာဝန်ကြီးဋ္ဌာနများက သရုပ် ပျက်ဝတ်စားဆင်ယင်မှုများနှင့်ပတ်သက်၍ သတိပေးတားမြစ်ချက်များရှိလာပါက ဖန်တီးသူ ကိုယ်တိုင် ဖြေရှင်းရ မည်ဖြစ် ကြောင်ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌကဆိုသည်။ “အနုပညာဆိုတာ လွတ်လပ်စွာတွေးခေါ် ဖန်တီးခွင့် ရှိရမယ် ဆိုတာ အခြေခံ အချက်ရှိတယ်။ ဘယ်လိုမပြောရဘူး ၊ ဘယ်လိုမဆိုရဘူး ၊ ဘယ်လို မ၀တ်ရဘူး မစားရဘူးဆိုတာ ကျွန် တော် တို့အစည်းအရုံးအနေနဲ့ စည်းကမ်းချက်တွေသတ်မှတ်ပြီး ပြဌာန်းပြီး သတ်မှတ်ဖို့ မရှိဘူး။ လွတ်လပ် ပွင့်လင်း လာတာနဲ့အမျှ လူတိုင်းက ကိုယ့်တာဝန် ကိုယ်ယူရမှာဘဲ ဥပမာလွတ်လွတ်လပ်လပ်ပြောဆို ရိုက်ကူးရင်းနဲ့ ဌာနဆိုင်ရာ တစ်ဦးဦးပဲဖြစ်ဖြစ် ပုဂ္ဂိုလ်တစ်ဦးဦးပဲဖြစ်ဖြစ် ထိခိုက်တာမျိုးဖြစ်လာခဲ့ရင် အဲ့ဒီလူကို ဌာနဆိုင်ရာက တရားစွဲခဲ့မယ်ဆိုရင်ပေါ့ ဖန်တီးတဲ့လူကပဲ တာဝန်ယူပြီး ဖြေရှင်းရမယ်။ “ ဟု ရုပ်ရှင်အစည်းအရုံး ဒုဥက္ကဌ လူမင်းက ပြောသည်။ မြန်မာနိုင်ငံသည် လွတ်လပ်ပွင့်လင်းလာခြင်းနှင့်အတူ လွတ်လပ်စွာ ၀တ်စားဆင်ယင်ခြင်းအား လက်ခံနိုင်သော်လည်း မြန်မာ့ရိုးရာ ၀တ်စား ဆင်ယင်မှုကို ပျောက်ကွယ် မသွားစေရန် ထိန်းသိမ်းရန် လိုအပ်ကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။
 “၀တ်တာကတော့ ခေတ်နဲ့အမြင်ဝတ်တာပါ။ လူငယ်တွေအတုခိုးတယ် မခိုးဘူးဆိုတာကတော့ တခြားနိုင် ငံခြား ကား တွေမှာလည်း ၀တ်နေကြတာပဲ။ ဇာတ်လမ်းဇာတ်ကွက်အရ ၀တ်စားဆင်ယင်တာကတော့ ကိစ္စမရှိပါဘူး။ ဒါပေမဲ့ မြန်မာ့ ယဉ်ကျေး မှုဆိုတာကတော့ အရှေ့မှာcover လေး တစ်ခုရှိတယ်။ စကတ်တိုဝတ်သင့်တဲ့နေရာမျိုးဆိုရင်လည်း ၀တ်ရ မှာပေါ့နော်။ယဉ်ကျေးမှုတစ်ရပ်အနေနဲ့ ၀တ်ရမယ်၊ မြန်မာ့ရိုးရာဝတ်စားဆင်ယင်မှုကိုလည်း မပပျောက်စေချင်ဘူး။ မြန်မာ ဆိုတဲ့ဂုဏ်လေးနဲ့ သရုပ်ဆောင်တွေက ထိန်းထိန်း သိမ်းသိမ်းလေး လုပ်သင့်တယ်“ ဟု ရုပ်ရှင်သရုပ်ဆောင် မြင့်မြင့်ခိုင်က ၄င်း အမြင်ကို ပြောသည်။ရုပ်ရှင်သရုပ်ဆောင်များအနေဖြင့် ဇာတ်လမ်းဇာတ်ကွက်အရ စကတ်တိုများ ၀တ်ရသည်မှာ မှန်သော်လည်း မြန်မာ့ယဉ်ကျေးမှု ပျောက်ကွယ်သွားသည် အထိ မ၀တ်သင့်ကြောင်းနှင့် မြန်မာ့ ယဉ်ကျေးမှုကို ထိန်းသိမ်းသင့်ကြောင်း ၀ါရင့် ရုပ်ရှင်အနုပညာရှင်အချို့က အကြံပြုပြောဆိုသည်။ လူငယ်များအနေဖြင့် စကတ်တိုနှင့် ဂျင်းဘောင်းဘီများ ၀တ်ဆင်ခြင်းသည် ဖက်ရှင်ကျပြီး လွတ်လပ်ခြင်းတို့ကို ခံစားရသောကြောင့် ၀တ်ဆင်လာခြင်းဖြစ်ကြောင်း ဆယ်ကျော်သက်လူငယ်များထံက သိရှိရ သည်။“ပြောမယ်ဆိုရင် အဆင့် အတန်းမြင့် လာတာပေါ့။ အဲ့လိုဝတ်တာကတော့ ကြိုက်ပါတယ်။ ဒါပေမဲ့ မြန်မာကားတွေမှာတော့ သိပ် မ၀တ်စေလိုဘူး။ လူမြင်ရင် ဟိုဒင်းဖြစ်မှာ ကြောက်လို့။ဒါပေမဲ့လည်း အပြင်မှာ လူတိုင်းက ၀တ်နေကြတာပဲလေ ၀တ် ချင်စားချင် ကြတာပဲ” ဟုလှည်းတန်း DJ Jean ဘောင်းဘီဆိုင်သို့ လာရောက်ဈေးဝယ်သူတစ်ဦးက ပြောသည်။လူငယ်အချို့မှာ ခေတ်မီစွာဝတ်စားဆင်ယင်ခြင်းနှင့်ပတ်သက်၍ ဖက်ရှင်ကျသည်ကို ကြိုက်နှစ်သက်သော်လည်း   မြန်မာ့ရုပ်ရှင်ကားများ တွင် မသင့် လျော်သည့် ပုံစံများဖြင့် မရိုက်ကူးသင့်ကြောင်း အသက်အရွယ်ကြီးမားသူများက အကြုံပြုပြောဆိုကြသည်။


မြစ်မခမီဒီယာ

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်