
ကျောက်တော်မြို့နယ်သရီချောင်းနယ်မြေမင်းသားတောင်ကျေးရွာအုပ်စု၊
ပေါက်တော ကျေးရွာအုပ်စု၊ ကျောက်တလုံး ကျေးရွာ အုပ်စုတို့
တွင် ရခိုင်-ကုလားအဓိကရုဏ်းမှစပြီး ကျွဲ၊ နွားများ ပျောက်ဆုံးနေသည် မှာ ယနေ့ထိတိုင် ဖြစ်ပွားလျှက် ရှိနေသည်။
၁၅-၀၉-၂၀၁၂ သောကြာနေ့ ညဥ့်တွင်လည်း ကျောက်တလုံးကျေးရွာအုပ်စု
ဓိညင်းပြားရွာတွင် နေထိုင်သော (ဘ)ဦးအောင်သိန်း ကျော်၏သား ကိုမောင်သန်းအေးတွင် နွားနှစ် ကောင် ပျောက်ဆုံးသွား ပါသည်။ ထိုနွား ပျောက်ဆုံးသွားမှုကို
သက်ဆိုင်ရာ လုံခြုံရေး စစ်တပ်နှင့် ရဲစခန်းတွင် တိုင်ကြားခဲ့သော်လည်း ဖြေရှင်းပေးမှု
တစုံတရာ မရှိကြောင်း အမည် မဖော် လိုသည့် ကျေးရွာသား တဦး၏ ပြောပြချက်အရ သိရှိရသည်။ ပျောက်ဆုံးသွားသည့် နွားပိုင်ရှင်များနှင့် နွားအရေအတွက်မှာ
၁။ ကျောက်တော်မြို့နယ် ပေါက်တောရွာ ဦးထွန်းအောင်ဖြူ
(ဘ)ဦးဖိုးသာမောင် (နွားထီးနှစ်ကောင် ၅-၈-၂၀၁၂
နေ့တွင် ပျောက်ဆုံး
၂။ (၁-၈-၂၀၁၂) နေ့ ကျောက်တော်မြို့နယ် ပေါက်တောရွာ
ဦးသာအောင်ဖြူ (ဘ) ဦးကျော်လှဦး-နွားမတစ်ကောင်
၃။ (၁၈-၈-၂၀၁၂) နေ့ ကျောက်တော်မြို့နယ် ပေါက်တောရွာ
ဦးစောထွန်းလှ (ဘ) ဦးတိန်ထွန်း-နွားမနှစ်ကောင်
၎။ (၁၈-၈-၂၀၁၂) နေ့ ကျောက်တော်မြို့နယ် ပေါက်တောရွာ
ဒေါ်မလှသိန်း (ဘ)
ဦးစောရရွေ-နွားထီး တစ်ကောင်
၅။ (၂၅-၈-၂၀၁၂) နေ့ ကျောက်တော်မြို့ နယ် မင်းသားတောင်ကျေးရွာမှ
ဦးသန်းမောင် -နွားထီးသုံးကောင်
၆။ (၁၅-၉-၂၀၁၂) နေ့ ကျောက်တလုံး အုပ်စု ဓိညင်းပြားရွာ
ဦးမောင်သန်းအေး(ဘ)
ဦးမောင်သိန်းကျော်-နွားထီး နှစ်ကောင်
အခြား ကျေးရွာများမှ သတင်း အချက်အလက် အတိအကျ မရဟိပဲ
ပျောက် ဆုံးနေသည့် ကျွဲ၊နွားများလည်း ရှိကြောင်း
အဆိုပါ သတင်းပေးသူ၏ ပြောပြချက်အရ သိရှိရပါသည်။
အဆိုပါ ပျောက်ဆုံးလားသည့် နွားပိုင်ရှင်များနှင့် ကျေးရွာသား
များမှာ နွားများကို ကုလားနှင့် လုံခြုံရေး
စစ်တပ်များက ခိုးယူ စားသောက်သည်ဟု ယူဆချက်များရှိနေပါသည်။
မန္တလေး
အိုးဘိုအကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသား ၄၆ ဦးနှင့် FRC တရုတ်နိုင်ငံသား ၁ ဦး
စုစုပေါင်း ၄၇ ဦး လွတ်မြောက်လာပြီးသတင်းရရှိသည်။ အဆိုပါ လွတ်မြောက်လာသော
နိုင်ငံရေးအကျဉ်းသားများထဲမှ အကျဉ်းကျ သံဃာတော်များအား မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူမှ
မစိုးရိမ်ကျောင်းတိုက်သို့ ခေါ်ဆောင်ကာ ရဟန်းပြန်လည် ၀တ်ပေးခဲ့ဟုသိရသည်။
မြန်မာတနိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်အသီးသီးယမန်နေကလွှက်ငြိမ်းချမ်းသာခွင့်
နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၁၀၀ နီးပါး ပြန်လည် လွတ်မြောက် လာသည်ဟု သိရသည်။
အကျဉ်းသား ၅၁၄ဦးကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးရာမှ ယခု ရရှိတဲ့ နောက်ဆုံး
သတင်း ပေးချက်အရ နိုင်ငံရေးအကျဉ်းသားပေါင်း ၁၀၀ နီးပါး ပါဝင်တယ်လို့ သိရသည်။
တရုတ်နယ်စပ်အနီးရှိ
ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA ၏ ဗဟိုဋ္ဌဌာနချုပ် လိုင်ဇာမြို့ အနီး ထိုးစစ်ဆင်တိုက်ခိုက်လာသော
အစိုးရ တပ်ဖွဲ့ များကို KIA နှင့် ABSDF (မြောက်ပိုင်း) ကျောင်းသားတပ်
ပူးပေါင်းအဖွဲ့များက အပြင်းအထန် ခုခံတိုက်ခိုက်နေရာ ယနေ့ နံနက် ၅ နာရီခွဲခန့်ကစ၍
ယခု သတင်းရေးသားနေချိန် မွန်းလွဲပိုင်းအထိ နှစ်ဘက်တိုက်ပွဲ
ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရသည်။
မြစ်ကြီးနား - ဗန်းမော်ကားလမ်း အနီး KIA ဋ္ဌဌာနချုပ်လိုင်ဇာနှင့် ၅ မိုင်ဝန်းကျင်ခန့်
အကွာရှိ လဂျာယန်ရွာနှင့် တုံဖုန်းယန်ရွာ အထက်ပိုင်း နှစ်နေရာတွင် နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်ပြီး
အစိုးရတပ်ဘက်မှ လက်နက်ကြီးများဖြင့်
တရစပ်ပစ်ခတ် နေကြောင်း ရှေ့တန်းရောက် ကျောင်းသားတပ်မှူးတစ်ဦးက သျှမ်းသံတော်ဆင့်သို့
ပြောသည်။ “အစိုးရတပ်ဘက်က အင်အားများတယ်။

KIA
တပ်မတော် (ဓါတ်ပုံ- nytime) ပြန့် ဘက်ကနေ တက်လာတာ ။ အခု လက်နက်ကြီးတွေနဲ့ တရစပ်ပစ်နေတယ်။
အခု လက်နက်ငယ်တွေနဲ့ ပစ်နေကြပြီ ” ဟု သူက ပြောသည်။ KIAတပ်ဖွဲ့မှလည်း လက်နက်ကြီးများဖြင့်
ပြန်လည် ပစ်ခတ်လျှက်ရှိရာ အစိုးရတပ်များ လူစုကွဲကာ ကစဉ့်ကလျား ဖြစ်နေကြောင်း သူက ဆက်ပြောသည်။
“အခု လောလော ဆယ်အထိ အစိုးရတပ်ဘက်က စခန်းသိမ်းနိုင်တာမရှိသေးဘူး။ လဂျာယန်နားမှာရှိတဲ့
သူတို့တပ်ကုန်းကို လူအင်အား ၁၀ဝ ကျော်လောက် တက်သွားတယ်။
ပြန့်မှာတော့ အများကြီးရှိနေသေး တယ်။ (KIA) ဒီဘက်ကလည်း ၁၂၀ တွေနဲ့ အဲဒီကုန်းကိုရော
ပြန့်ဘက်ကိုရော လှမ်းပြီးထုနေတယ်။
တချို့နေရာတွေမှာ လူနဲ့ပိတ်ပြီး မိုင်းတွေလည်း ထောင်ထားတယ် ”ဟု သူက ဆိုသည်။ လတ်တလော
အစိုးရတပ်ဘက်မှ KIA ၏ ဗဟိုလုံခြုံရေးတပ်ဖြစ်သော တပ်မဟာ (၅) နယ်မြေနှင့် ဗန်းမော်ခရိုင်
လွယ်ဂျယ် အနီးရှိ စခန်း တစ်ခုအား ထိုးစစ်ဆင်တိုက်ခိုက် နေပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှုများ ရှိကြောင်း သိရသည်။
**Public Health** ဆရာဝန်များ၏ ပြောပြချက်အရ ငယ်စဉ်ဘဝမှာ ပိုးကြောင့် အဆစ်အမျက်စသည်တို့
ရောင်ရမ်းကိုက်ခဲ ခြင်းကို လေးဖက်နာဟုခေါ်တွင်၍ ကြီးပြင်းသည့်အခါ၌ အိုင်အက်စ်အို(ISO)
များခြင်း၊ (ယူရစ်အက်စစ်များခြင်း) ကိုက်ခဲနေခြင်းကို ဂေါက် (GOUT) ရောဂါဟုခေါ်ကြောင်းသိရသည်။
စာရေးသူအပါအဝင် အများအားဖြင့် အဆစ်အမျက်ကိုက်ခဲနေမှု မှန်သမျှကို လေးဖက်နာဟုသာ စွဲခေါ်နေတတ်ကြသည်။
တစ်နေ့တွင် စာရေးသူအိမ်သို့ အသက် (၂၅)နှစ် ဝန်းကျင် မိန်းကလေးတစ်ယောက် ကိစ္စတစ်ခုနှင့်ရောက်လာသည်။
စပ်မိစပ် ရာ ပြောကြရင်းဖြင့် ထိုမိန်းကလေးဆီမှ ဤသို့ သိလိုက်ရသည်။ သူမ ၁၂ နှစ် ၁၃ နှစ်အရွယ်တွင်
လေးဖက်နာ သိသိသာသာဖြစ်လာခဲ့ ပါသည်။
အထူးကုဆရာဝန်ကြီးတစ်ဦးနှင့်ကုသခဲ့ရာ ဆရာဝန်ကြီး၏ ဂရုတစိုက်ကုသပေးမှု
ကြောင့် သက်သာပျောက်ကင်းခဲ့ပါသည်။ ဆရာဝန်ကြီးက ပြောပါသည်။ ယခု ငယ်စဉ်မှာ ဒီရောဂါကို
သေချာကုသပါ။ ဆေးမှန်မှန်စား၍ ရှောင်ရန်ဆောင်ရန် တို့ကို တိတိကျကျလိုက်နာပါ။ ယင်းသို့
မလိုက်နာခဲ့လျှင် အသက် (၂၂)နှစ်အရွယ် ရောက်သည့်အခါ နှလုံးရောဂါရလာနိုင်သည်ဟု ပြောပါသည်။
ထို့ကြောင့် ဆရာဝန်ကြီးမှာသည့်အတိုင်း တိတိကျကျလိုက်နာလုပ်ဆောင်ခဲ့ရာ အိုင်အက်စ်အို
သိသိသာသာကျဆင်းကာ ပုံမှန်အနေအထား(လူကောင်းတစ်ယောက်၏ အနေ အထား)သို့ ရောက်ရှိသွားခဲ့သည်။

သို့ သော် မိုးတွေညို့လာသည့်အခါနှင့် စိုစွတ် အေးစိမ့် လာသည့် အခါတိုင်း
တစ်ကိုယ်လုံး ကိုက်ခဲလာပြန်ပါသည်။ ထို့ကြောင့် ဆရာဝန်ကြီးထံ ထပ်ပြပြီး ထပ်မံ စစ်ဆေးခဲ့ပါသည်။
အိုင်အက်စ်အိုမှာ များနေခြင်းမရှိဘဲ ပုံမှန်ပင်ရှိနေသဖြင့် မည်သို့ ဖြစ်ရသည်ကို မတွေးတတ်အောင်
ရှိနေခဲ့ပါသည်။ မိုးတွေညို့တိုင်း ကိုက်ခဲမြဲသာ ရှိနေပါသည်။ တစ်နေ့တွင် ရပ်ကွက်တွင်း
အတူနေသူ (ဧရာဝတီတိုင်းဒေသကြီး၌ တာဝန်ကျနေသော)အမျိုးသမီးဆရာဝန်နှင့် တွေ့ပါသည်။ ရန်ကုန်သို့
သားဖွား မီးယပ်ပါရဂူဘွဲ့အတွက် စာမေးပွဲ လာဖြေစဉ် တွေ့ရခြင်းဖြစ်ပါသည်။ ခံစားနေရ သော
ဝေဒနာနှင့် အဖြေရှာမရသည်ကို ပြောပြရာ ထိုအမျိုးသမီး ဆရာဝန်က ''ဝက်သားရှောင်ကြည့်လိုက်ပါ သက်သာ ပျောက်ကင်းသွားပါလိမ့်မယ်''ဟု ပြော ပါသည်။၎င်းဆရာဝန်ပြောသည့်အတိုင်း ဝက်သားကိုဖြတ်လု
ိက်ရာ တစ်လထက် တစ်လ သက်သာလာပြီး တစ်နှစ်အတွင်း ကိုက်ခဲမှုဝေဒနာလုံးဝပျောက်ကင်းသွားခဲ
့ပါသည်။ ယခုအခါ ယင်း ''ဂေါက်''ရောဂါလုံးဝပေါ်မလာတော့ပါဟု ပြောသွားပါသည်။ သို့သော် ဆရာဝန်ကြီးမှာထားသော
အောက်ပါရှောင်ရန်တို့ကိုလည်း ရှောင်ဖို့လိုအပ်ကြောင်း ပြောပါသည်။ (၁)အလင်းရောင်မရသော
မှောင်သည့် နေရာတွင် မနေရန်၊ (၂) စွတ်စိုထိုင်းမှိုင်းသောနေရာတွင် မနေရန်၊ (၃) အအေးမခံဘဲ
နွေးနွေးထွေးထွေး နေရန်၊ (၄) ဖုန်ထူသောနေရာနှင့် လူထူသောနေရာ၊ ကားအိပ်ဇောပိုက်မှထုတ်
သော အခိုးအငွေ့များသောနေရာ စသည်တို့ကို ရှောင်ရန်၊ (၅) ရေခဲ၊ ရေခဲရေ၊ ရေခဲစိမ်ဘိလပ်ရည်များ
မသောက်ရန်တို့ဖြစ်ပါသည်။

ဝက်သားရှောင်ခြင်းနှင့်အတူ အထက်ပါရှောင်ရန်တို့ကို ရှောင်ကြဉ်ပါက
ဂေါက် (GOUT) ရောဂါနှိပ်စက်ခြင်းမှ ကင်းဝေး နိုင်ကြမည်ဖြစ်ကြောင်း၊ အဓိကမှာ ဂေါက်သမား
ဝက်သားမစားရန် လိုအပ်ကြောင်းပင် ဖြစ်ပါသည်။ (အင်တာနက်)

From :ဝေယံမိုး
KNG ၊ ဧရာဝတီ၊ မဇ္ဈိမနဲ့ ရှမ်းသံတော်ဆင့် သတင်းမီဒီယာ blog တွေမှာ မကြာမကြာဖော်ပြနေတဲ့ လူပြော သူပြောများတဲ့ ကချင်ပြည်နယ်ဘက်ကို ပြီးခဲ့တဲ့အပတ်က ဖားကန့်မှာကျောက်လုပ်နေတဲ့ ကျွန်တော့် ဦးလေးေ တွနဲ့ သွားဖြစ်တယ်။ သူတို့လည်း နယ်မြေ အခြေအနေကြည့်ရင်း ဒုက္ခသည်တွေကို လှူရင်း တန်းရင်း အတူတူသွားခဲ့ကြတယ်။ သူတို့ရဲ့ လုပ်ငန်းတွေကတော့ စစ်ရေးအခြေအနေမကောင်းလို့ ခဏရပ် ထားရတယ်။ ဟိုရောက်မှပဲ ကြောက်ရကောင်းမှန်း သိတော့တယ်ဗျာ။ လက်နက်ကြီးသံတွေ ဖားကန့်ကနေ မကြာခဏ ကြားနေရတယ်။ ဒေသခံတွေမေးကြည့်တော့ KIA က တော်တော်လေးနယ်ချဲ့လာပုံရတယ်။ အရင်တုန်းက ဖားကန့်နယ်မြေမှာ ကေအိုင်ကေက အခုလောက်မများဘူးလို့ သိရတယ်။ သူတို့ရဲ့ အဓိကဆက်ကြေးကောက်တဲ့နေရာဆိုတော့ ဒီဒေသကို လက်မလွှတ်နိုင်ဘူးနဲ့ တူပါ တယ်။ နှစ်စ ပိုင်းတုန်းကလည်း ကုမ္ပဏီတစ်ခုကို KIA က သိန်း ၂၀၀၀ တောင်းတယ်။ မပေးရင် Back Hole တို့ Loader တို့ မြေသယ်ယာဉ်တို့ကို မိုင်းခွဲပြီး မီးရှို့မယ်လို့ ခြိမ်းခြောက်တယ်။ ဈေးဆိုင်တွေနဲ့ လုပ်ငန်း အသေးလေးတွေအပါအ၀င် ဆက်ကြေးအတင်းအဓမ္မ ကောက်ခဲ့ကြ တယ်။ ဓားပြတွေလိုပဲ။ အခြေ အနေမကောင်းတော့ ကုမ္ပဏီတွေ အိမ်ပြန်ခေါက်ကြတယ်။ သူတို့အကြိုက်ဖြစ်သွားတယ်။ သူတို့လူေ တွနဲ့ပေါင်းပြီး ခိုးထုတ်နေကြတယ်။ ရသမျှဟာ သူတို့ အတွက်ပဲလေ။ အချို့ကုမ္ပဏီတွေက မိုးကျလာတော့ ပစ္စည်းတွေပြန်မသယ်နိုင်ဘဲ Site ထဲမှာ ပဲထားခဲ့တယ်။ ပြီးခဲ့တဲ့ ၂၉ ရက်နေ့က ဆို ရင် ရွှေဂေါင်ဂေါင် ကျောက်စိမ်းကုမ္ပဏီထဲဝင်ပြီး ဆက်ကြေးတောင်းတာမရလို့ ကုမ္ပဏီက မိုးကျလို့ မသယ်နိုင်ဘဲ ထားခဲ့တဲ့ ယန္တရားတွေနဲ့ မြေသယ်ကားတွေ၊ ဂိုဒေါင်တွေ၊ အဆောက်အအုံတွေအကုန်လုံး မီး ရှို့လိုက်တယ်လို့ သိရတယ်။
အခုလည်း အခြေအနေမကောင်းလို့ ရွာကနေ ဖားကန့်ဘက်ကို ပြောင်းလာကြတာ အိမ်ထောင်စု ၁၀၀၀ ကျော်လောက်ရှိတယ်။ လူဦးရေကတော့ ၇၀၀၀ ကျော်လောက် ရှိမယ် ထင်တယ်။ ကျွန်တော့် ဦးလေးတွေကလည်း သူတို့ရဲ့အလုပ်သမားအသိတွေများတော့ လိုတာ တွေ လိုက်ကူညီပေးခဲ့ကြတယ်။ သူတို့တွေ ပြောပြချက်အရတော့ တပ်ရော၊ KIA ရော နေရာအတော်များများမှာ သူချကိုယ်ချ တိုက်ပွဲဖြစ်နေကြတယ်လို့ သိရတယ်။ နှစ်ဖက်စလုံး ကတော့ အထိအခိုက်ရှိတယ်လို့ ပြောတယ်။ သူတို့တွေ ဖားကန့်ကိုတက်လာတော့ KIA နဲ့ မနည်းရှောင်ပြေးလာခဲ့ရတယ်။ ရွာသားတွေမရှိရင် KIA က အေ ထာက်အပံ့မရမှာစိုးလို့ ရွာသား တွေကို ပေးမသွားဘူး။ ရွာသားတွေမရှိရင် KIA က ဒီနယ်မြေမှာ ကြာကြာမခံပါဘူးလို့ ရွာသား တစ်ယောက်က သူ့အတွေ့အကြုံကို ပြောပြတယ်။ စစ်တပ်လို သူတို့မှာ ရိက္ခာမရှိဘူးလေ။ ရွာသားတွေဆီကပဲ တောင်းစားရတာ။ မြစ်ကြီးနားက ကြက်ခြေနီအဖွဲ့က ဒုက္ခ သည် တွေအတွက် ကယ်ဆယ်ရေးပစ္စည်းတွေတင်ပြီး ဖားကန့်ကိုထွက်လာတဲ့ကားတွေကို KIA က မိုးကောင်းမြို့နယ်၊ နန့်ဟိုင်ရွာနားမှာ လမ်းပိတ်ပြီး ပြန်မောင်းထုတ်တယ်လို့ သိရတယ်။ သူတို့ တွေ နေရာအတော်များများမှာ မိုင်းတွေထောင်ထားတယ်။ စစ်တပ်တွေဝင်လာရင် ထိအောင်လို့ပေါ့။ ဒါပေ မယ့်လောလောဆယ် ရွာသားတွေပဲ ခံရတယ်။ မြစ်ကြီးနားဆေးရုံမှာ ဆိုရင် မိုင်းထိ လို့ဆေး ရုံတက်နေတာ တော်တော်များတယ်လို့သိရတယ်။
ကျွန်တော့်ဦးလေးတွေနဲ့ ဗန်းမော်ကနေ လွယ်ဂျယ်ဘက်ကိုလည်း ရောက်ခဲ့သေးတယ်။ အဲ့ဒီဘက်ကလည်း အခြေအနေသိပ်မဟန်ပါဘူး။ ဗန်းမော်-လွယ်ဂျယ်လမ်းကြောင်းပေါ် အချို့ နေရာတွေမှာတော့ စစ်သားေ တွတွေ့ရတယ်။ လမ်းကြောင်းလုံခြုံရေးအဖွဲ့တွေဖြစ်ဟန် တူတယ်။ ကားတွေ၊ ဆိုင်ကယ်တွေတော့ သွားလာနေကြတယ်။ ဒီဘက်မှာလည်း ကားလမ်း ပေါ်မှာ တိုက်ပွဲတွေမကြာမကြာဖြစ်တယ်လို့ သိရတယ်။ လွယ်ဂျယ်ရောက်တော့ လီဆူးဘုရား ကျောင်းမှာ ဒုက္ခသည်တွေကို သွားလှူကြတယ်။ သူတို့တွေက အရင်က တရုတ်နိုင်ငံဘက် လားရင်ဒုက္ခသည်စခန်းမှာနေရင်း တရုတ်ကလက်မခံလို့ ဒီကြို ပန်ရောက်လာကြတာ။ သူတို့တွေရဲ့ အဖြစ်ကြားရတာလည်း စိတ်မကောင်းစရာပါပဲ။ အရင်က သူတို့ ခရိန်မုဒန်း၊ ဟန်ယော (ယောယုံ)ဗျင်ဝိုင်ရွာသားတွေပါ၊ KIA အစီအစဉ်နဲ့ ဒုက္ခသည်အမည်ခံပြီး တရုတ် နယ်စပ်မှာနေတယ်။ ကြုံရာကျပန်း လုပ်ကိုင်စားရတယ်။ အလှူရှင်တွေက ရတဲ့ ငွေ/ပစ္စည်း တွေက ဒုက္ခသည်တွေဆီကို ရောက်မလာဘူး။ KIA ရန်ပုံငွေဖြစ်သွားတယ်လို့ ဒုက္ခသည်တွေရဲ့ ပြောပြတာကို ကြားခဲ့ရတယ်။ အောက်ခြေမှာ ဒီလိုဖြစ်ပျက်နေတာ KIA ကိုကြောက်တော့ ဘယ်သူမှ မပြောရဲကြဘူး။ အလှူရှင်တွေ၊ အဖွဲ့အစည်းတွေက ပေးတဲ့ငွေတွေက KIA စစ်သား တွေကို ထောက်ပံ့ပေးတာနဲ့ အတူတူပါပဲလေ။
တကယ်တမ်း နက်နက်နဲနဲတွေးကြည့်ရင် KIA ဟာ အကြမ်းဖက်သမားလိုဖြစ်နေပြီ။ ကျွန်တော်တို့တွေ၊ အဖွဲ့အစည်းတွေက ကချင်ပြည်နယ်ငြိမ်းချမ်းရေးရဖို့ လူထုလှုံ့ဆော်တာ တစ်မျိုး၊ မီဒီယာတွေကနေ တွန်းအားပေးတာကတစ်မျိုး နည်းမျိုးစုံနဲ့ KIA ဘက်ကနေပြီး ရပ်တည်ခဲ့ကြတယ်။ သမ္မတကြီးနဲ့ နအဖမျိုးဆက်ဖြစ်တဲ့ စစ်တပ်ကို တစ်ဖက်သတ် အပြစ်တင် ခဲ့ကြတယ်။ တကယ်တမ်း ကိုယ်တိုင်သွားကြည့်တော့ On Ground မှာ ဖြစ်ပျက်နေတာတွေနဲ့ ကွဲလွဲနေတာ တွေ့ရတယ်။ KIA အပေါ်မှာ ဒေသခံတွေအနေနဲ့ အတော်လေးကြောက်ရွံ့ နေကြတယ်။ ဒေသခံတွေ ခံစားနေရတဲ့ ခါးသီးမှုတွေဟာ အကြောက်တရားက လွှမ်းမိုး ထားတာကြောင့် ပပျောက်ကုန်တယ်။ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာ မဝေဖန် လိုပါဘူး။ ဘာကြောင့်လဲဆိုတော့ စစ်ပွဲဆိုတာ အောင်နိုင်သူရဲ့ မှတ်ကျောက်ပဲလို့ စာအုပ် တစ်အုပ်မှာ ဖတ်ဖူးတယ်။ ဒါပေမယ့် ကိုယ့်တိုင်းရင်းသားပြည်သူတွေရဲ့ ဘ၀တွေကိုတော့ ထောက်ထားသင့်ပါတယ်။ ဒီမိုကရေစီအသီးအပွင့်ဖြစ်တဲ့ လွတ်လပ်မှုနဲ့ ငြိမ်းချမ်းမှုဆိုတာ လူတိုင်းလိုချင်နေကြတာပါ၊ လက်နက်ကိုင်အဖွဲ့အစည်းဆိုတာလည်း တိုင်းရင်းသား ပြည်သူ ထဲက ပဲ ပေါက်ဖွားလာခဲ့တာပါ။ ပြည်သူ့အရေးဟာ သူတို့အရေးကိစ္စဖြစ်တဲ့အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ အပစ်အခတ်ရပ်စဲပြီး တိုင်းရင်းသား အချင်းချင်း တန်းတူ အခွင့်အရေးရရေးအတွက် စားပွဲပေါ်မှာ ငြိမ်းချမ်းစွာနဲ့ တိုက်ပွဲဝ င်နေကြပြီ လေ။ နိုင်ငံရေး ရေစီးကြောင်းနှင့်အတူ နောက်ကျန်မနေဘဲ KIA/KIO အနေနှင့်လည်း ကချင် လူမျိုးရေး၊ ကချင်ပြည်နယ်အရေးကိစ္စအတွက် စားပွဲပေါ်မှာပဲ တိုက်ပွဲဝင်သင့်ပြီလို့ ထင်တယ်။ ဟိုနေရာမှာ ဆွေးနွေးမယ်၊ ဒီနေရာမှာ ဆွေးနွေးမယ်ဆိုတာထက် မိမိပြည်တွင်းမှာ ပြည်သူ့ရှေ့ မှာပဲ ဆွေးနွေးသင့်ပါတယ်။ ဒီထက်ပိုပြီး ခေါင်းမာနေရင်တော့

From : မနောမောင်
မျက်မှောက်ကာလတွင် အကြမ်းဖက်မှုသည် တစ်ကမ္ဘ္ဘာလုံးပျံ့နှံ့လာလျက်ရှိရာ အမေရိကန်နှင့် ရု ရှားနိုင်ငံများတွင်ပင် သြဂုတ်လအတွင်း အကြမ်းဖက်မှုများစွာနှင့် ရင်ဆိုင်ရ လျက်ရှိသည်။ အကြမ်း ဖက်မှုများသည် ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ဖြစ်တည်လာလျက်ရှိရာ အများ အားဖြင့် ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်တို့၏အကြမ်းဖက်မှုများ၊ နိုင်ငံခွဲထွက်လို၍ အကြမ်းဖက်မှုများ စသည်ဖြင့်တွေ့လာရသည်။ အကြမ်းဖက်မှုနှိမ်နင်းရေးအတွက် နိုင်ငံတိုင်း တွင် ဥပဒေများပြဋ္ဌာန်း၍ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် လာကြသည်ကို တွေ့ရသည်။ အကြမ်းဖက်နှိမ်နင်းရေးဆိုသည်မှာ ကြိုတင်လက် ဦးမှုရ ယူ၍ တားဆီးနှိမ်နင်းခြင်း၊ စစ်ဆင်ရေး များပြုလုပ်၍တိုက်ခိုက်နှိမ်နင်းခြင်းဟု အမေရိကန်တို့မှ အဓိပ္ပါယ် ဖွင့်ဆိုထားသည်။ အာဖဂန် နစ္စတန်တွင် တာလီဘန်တို့၏အကြမ်းဖက်မှုမြင့်မားလာသဖြင့် အမေရိကန်တို့မှ ကျူးကျော်စစ် ဆင်နွှဲခဲ့ကြသည်။ ချေချင်းညှာသို့ ရုရှားတို့ကျူးကျော်စစ်ဆင်နွှဲခဲ့သည်။ အကြမ်းဖက် မှုအတွက် တရားသောစစ်ဆင်နွှဲခဲ့ခြင်းဟု မှတ်ယူခဲ့ကြသည်။ အစ္စရေးနှင့် ပါလက်စတိုင်းပဋိပက္ခများ၊ ကိုလံဘီယာပြည်တွင်းစစ်၊ ဗြိတိန်၏အိုင်ယာလန်သူပုန်နှိမ်နင်းခြင်းနှင့် သီရိလင်္ကာပြည်တွင်း စစ်တို့သည် အကြမ်းဖက်မှုနှိမ်နင်းရေးစစ်ပွဲများပင်ဖြစ်သည်။
သီရိလင်္ကာမြောက်ပိုင်းရှိ တမီးလ်ကျားသူပုန်တို့သည် လွတ်လပ်သော တမီးလ်နိုင်ငံ ခွဲထွက်ရန်အတွက် အစိုး ရအားဆန့်ကျင်၍ လက်နက်ကိုင်တိုက်ခိုက်ခဲ့ကြသည်။ တမီးလ်သူပုန် တို့သည် အာရှ၏ အရှည်ကြာဆုံးသောင်းကျန်းသူအဖွဲ့အစည်းတစ်ဖွဲ့ပင်ဖြစ်သည်။ မိမိတို့နိုင်ငံ မြောက်ပိုင်းရှိ ပြည်ထောင်စုခွဲထွက်လိုသည့် ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် အလားသဏ္ဍာန်ခပ်ဆင်ဆင်တူလေသည်။ တမီးလ်ကျားသူပုန်များသည်သီရိလင်္ကာ မြောက်ပိုင်းကိုသိမ်းပိုက်ထားခဲ့သည်။ ၎င်းတို့အင်အားမှာ ၇၀,၀၀၀ ခန့်ရှိပြီး အစိုးရတပ် အင်အားမှာ ၁၅၀,၀၀၀ ခန့်ရှိသည်။ ၎င်းတို့သည် ပြည်သူအားအစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ အစိုးရအဆောက်အဦများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ စီးနင်းတိုက်ခိုက်ခြင်း၊ အသေခံ ဗုံးခွဲတိုက်ခိုက်ခြင်း စသည်ဖြင့် အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ခဲ့ပြီး ၎င်းတို့အား အိန္ဒိယနိုင် ငံရှိတမီးလ်များနှင့် ဥရောပ၊ အာဖရိကရှိ တမီးလ်များက ထောက်ခံအားပေးခဲ့ ကြသည်။ ၎င်းအပြင် အိန္ဒိယနိုင်ငံကပါ အကူအညီများပေးခဲ့သည်ကို တွေ့ရသည်။ အစိုးရနှင့် (၆)ကြိမ်ဆွေးနွေးမှုပြုလုပ်ပြီး ၂၀၀၃ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးခဲ့ကြ သည်။ သို့သော်လည်း ၂၀၀၅ခုနှစ် ဒီဇင် ဘာလတွင် တမီးလ်ကျားတို့သည် သီရိလင်္ကာ ရွေးကောက်ပွဲမှနုတ်ထွက်ခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် အစိုးရကိုယ်စားလှယ်အဖွဲ့ကတွေ့ဆုံ ဆွေးနွေးရန်ကမ်းလှမ်းခဲ့သော်လည်း ၎င်းတို့ကလက်မခံခဲ့ဘဲ တစ် ဖက်နှင့် တစ်ဖက် အပြန်အလှန်စွပ်စွဲမှုများပြုလုပ်ခဲ့ကာ ၂၀၀၈ခုနှစ်တွင် အပစ်အခတ် ရပ်စဲရေး ပျက်ပြယ်ခဲ့သည်။ ၎င်းနောက်ပိုင်းအစိုးရတပ်များနှင့် ပြင်းထန်စွာတိုက်ပွဲများဖြစ်ပွားခဲ့ပြီး အစိုးရ အပေါ်တွင် နိုင်ငံတကာမှဖိအားပေးရန်တောင်းဆိုခဲ့သည်။ ၂၀၀၉ခုနှစ်တွင် တမီးလ်ကျားသူပုန်တို့မှ အထိအ ခိုက်များလာသဖြင့် အပစ်အခတ်ရပ်စဲရန် အစိုးရသို့ကမ်းလှမ်းခဲ့သော်လည်း အစိုးရမှပယ်ချခဲ့သည်။ ၎င်းနောက်တမီးလ်သူပုန်များကို လေကြောင်းအပါအ၀င် အစိုးရတပ်များက အပြီးသတ် တိုက်ခိုက်နှိမ် နင်းခဲ့သည်။ စစ်ဆင်ရေးအတွင်း နှစ်ဖက်အကျအဆုံး ၂၅၀၀၀ ကျော် ခန့်ရှိပြီး ၇၀၀၀ ခန့်ဒဏ် ရာရရှိခဲ့ကာ ပြည်သူ ၃၅၀၀၀၀ ခန့်အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်း စေခဲ့ရသည်။မိမိတို့နိုင်ငံအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနက် KIA ၏ လုပ်ဆောင်မှုများကိုလေ့လာကြည့်ပါက ရထားလမ်းနှင့် ကားလမ်းတံတားများဖောက်ခွဲ ဖျက်ဆီးခြင်း၊ မြစ်ကြီးနားမြို့ပေါ်လူနေရပ်ကွက်များတွင် မိုင်းထောင်ဖောက်ခွဲခြင်း၊ တာပိန် ရေအားလျှပ်စစ်လမ်းကြောင်းတွင် အပြစ်မဲ့ပြည်သူ ၇ ဦးအားသတ်ဖြတ်ခဲ့ခြင်း၊ ကျေးရွာလူကြီးအချို့နှင့် ပြည်သူအချို့အားသတ်ဖြတ်ခဲ့ခြင်းများ၊ နေရာအနှံ့မိုင်းထောင်ခြင်းများမှာ ကချင် ပြည်နယ်လွတ်မြောက်ရေးနှင့် မည်သို့မျှမသက်ဆိုင်ဘဲ အကြမ်းဖက် လုပ်ရပ်များ သာ ဖြစ်ြေ ကာင်းတွေ့ရသည်။ ကချင်အမျိုးသား၊ အမျိုးသမီးများနှင့် ရှမ်းလူငယ်/မိန်းကလေး များအား အတင်း အဓမ္မစစ်သားစုဆောင်းခြင်းများသည် လူ့အခွင့်အရေးချိုးဖောက်မှုများပင် ဖြစ်သည်။ ပြန်ကြားရေးဌာန၏မှတ်တမ်းများအရ ကချင်ပြည်နယ်တွင် ရထားလမ်း၊ ကားလမ်း များအား KIA မှမိုင်းခွဲဖျက်ဆီးမှု ၁၅၁ ကြိမ်၊ မော်တော်ယာဉ်များနှင့် အဆောက် အအုံများအား ဖောက်ခွဲဖျက်ဆီးမှု ၂၃ ကြိမ်၊ ကျေးရွာများအားမီးရှို့မှု ၁၃ ကြိမ်၊ အတင်းအဓမ္မဖမ်းဆီး၍ စစ်သားစုဆောင်းမှုအကြိမ် ၅၀၀ ကျော်နှင့် KIA မိုင်းကြောင့် သေဆုံးဒဏ်ရာရသူ ရာဂ ဏန်း ကျော်ရှိကြောင်းသိရသည်။ ကချင်ပြည်နယ်လူထုအနေဖြင့် ရထားလမ်း၊ ကားလမ်း၊ တံတား များဖျက်ဆီးခံထားရသဖြင့် လမ်းပန်းဆက်သွယ်မှုပြတ်တောက်ကာ စိတ်သွားတိုင်း ကိုယ်မပါ ဘဲ၊ နေ့စဉ်နှင့်အမျှမိသားစုဘ၀လုံခြုံရေးအား ခြိမ်းခြောက်ခံနေရသည်။ နိုင်ငံတော်အစိုးရမှ တိုင်းရင်း သားညီအစ်ကိုများ ရင်ကြားစေ့ရေးနှင့် ထာဝရငြိမ်းချမ်းစွာတည်ဆောက်နိုင်ရေး အတွက် စိတ်ရှည် သည်းခံစွာဖြင့် အကြိမ်ကြိမ်ကမ်းလှမ်း၍ အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များနှင့်အတူ စေ့စပ်ဆွေးနွေးခဲ့မှုအကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။ သို့သော်လည်း သဘောထားမမှန်သဖြင့် ငြိမ်းချမ်းရေးလမ်းစဉ်မှသွေဖည်ပြီး အကြောင်းအမျိုးမျိုးပြကာ အချိန် ဆွဲ၍သွေးသစ်လောင်းခြင်းနှင့် အင်အားဖြည့်တင်းခြင်းကိုသာ ဆောင်ရွက်ခဲ့သည်။ ဆွေးနွေးပွဲမှ မည်သည့်အကျိုးရ လဒ်မျှထွက်ပေါ် လာခြင်းမရှိသည်ကို တွေ့ရသည်။ နိုင်ငံတော်အစိုးရမှ ပြုပြင်ပြောင်းလဲရေး အရှိန် အဟုန်မြှင့်တင် ဆောင် ရွက်နေစဉ်အလိုက်သင့်ပါမလာဘဲ နောက်ကျန်နေသူ၊ နောက်ပြန်သွားလိုသူများကို လက်တွဲဖြုတ် ခဲ့မည်ဟု နိုင်ငံတော်အစိုးရမှ ပြောကြားခဲ့ပြီးဖြစ်သည်။
KIA ၏လုပ်ရပ်များသည် သီရိလင်္ကာနိုင်ငံရှိ တမီးလ်ကျားသူပုန်တို့၏ အကြမ်းဖက် လုပ်ရပ်များနှင့် ထပ်တူနီးပါးတူညီနေသည်ကို တွေ့ရှိရသည်။ KIA အနေဖြင့်ယခုကဲ့သို့သာ အကြမ်းဖက် လုပ်ရပ်များအတိုင်း ဆက်လက်လျှောက်လှမ်းမည်ဆိုလျှင် ပြည်သူလူထု၏အကျိုး စီးပွားကိုကာ ကွယ်ရန် အတွက် သီရိလင်္ကာနိုင်ငံမှ တမီးလ်ကျားသူပုန်များအား ပြတ်ပြတ် သားသားနှိမ်နင်းသကဲ့သို့ အစိုးရမှပြတ် သားစွာဆောင်ရွက်သင့်ပြီဖြစ်ကြောင်း မနောမြေမှ အတိဒုက္ခရောက်နေ သည့် ပြည်သူများ ကိုယ်စား ဆန္ဒပြုလိုက်သည်။
နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့်အမျိုးသားစီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီဝင်အချို့သည် စက်တင်ဘာ ၁၇ ရက်ညနေ TG-306 လေယာဉ် ဖြင့် အမေရိကန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
"အဓိကကတော့ သမ္မတခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်ဖို့ အတွက်သွား တာ။ နောက် အမေရိကန်အစိုးရအဖွဲ့က တာဝန်ရှိသူတွေနဲ့ တွေ့ဖို့လည်းပါတယ်" ဟုအဆိုပါခရီးစဉ်တွင် လိုက်ပါမည့် အကြံပေး အဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောသည်။
ဦးအောင်မင်းနှင့်အဖွဲ့သည် အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီနှင့် နယူးယောက်မြို့များသို့ သွားရောက် မည်ဖြစ်ပြီး အဆိုပါခရီးစဉ်မှာ စက်တင်ဘာ ၂၂ ရက်အထိ ကြာမြင့်မည် ဖြစ်သည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးသည် နိုင်ငံတော်သမ္မတဦးဆောင်သော အစိုးရအဖွဲ့နှင့်အတူ အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပမည့် (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါအစည်းအဝေးသို့ တက်ရောက် မည့် ကိုယ်စားလှယ်များစာရင်းတွင် ဦးခွန်ထွန်းဦးအား အမည်စာရင်းထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
''လောလောဆယ်မှာတော့ ၀ါရှင်တန်အခြေစိုက် National Endowment for Democracy (NED) က ပေးတဲ့ဆုလက်ခံဖို့ အမေရိကန်နိုင်ငံကို ရောက်နေပါတယ်။ စက်တင်ဘာလ ၂၅ ရက်နေ့မှာ နိုင်ငံတော်သမ္မတရဲ့ အစိုးရကိုယ်စားလှယ် အဖွဲ့နဲ့ ဆက်သွယ်ပြီး ညီလာခံကို တက်ရောက်ပါမယ်။ ဒီကိုယ်စားလှယ်အဖွဲ့မှာ ပါဝင်ဖို့ကို နိုင်ငံတော်သမ္မတရဲ့ လူမှုစီးပွားအကြံပေးအဖွဲ့က ကမ်းလှမ်းခဲ့တာပါ။ ကမ်းလှမ်းချက်ကို လက်ခံလိုက်တော့ သံတမန် နိုင်ငံကူးလက်မှတ် ရရှိရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ကူညီပေးခဲ့ပါတယ်'' ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းလိတ်က ပြောကြားခဲ့သည်။
''နိုင်ငံတော်သမ္မတရဲ့ လက်ရှိလုပ်ဆောင်နေတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေမှာ တစ်ထောင့်၊ တစ်နေရာကနေ ပါဝင်ချင်လို့ ဒီကမ်းလှမ်းမှုကို လက်ခံခဲ့ခြင်း ဖြစ်ပါတယ်။ နောက်ထပ်တစ်ခုက ဒီကိစ္စဟာလည်း အရမ်းအရေးကြီး တယ်ထင်လို့ သူ့အနေနဲ့ ပါဝင်ခဲ့တာပါ'' ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
နိုင်ငံတော်သမ္မတသည် အဆိုပါညီလာခံသို့ တက်ရောက်ရန်အတွက် အမေရိကန်နိုင်ငံခရီးစဉ်ကို စက်တင်ဘာလ ၂၃ ရက်နေ့တွင် စတင်ဖွယ်ရှိကြောင်းသိရပြီး အဆိုပါ ခရီးစဉ်မှာ သုံးရက်ခန့် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

From : ခေတ်လူငယ်
စက်တင်ဘာ ၁၀ ရက်၌ စတင်အကောင်အထည် ဖော်ထားသည့် ကုမ္ပဏီဖွဲ့စည်းခြင်းများနှင့် သက် တမ်းတိုးခြင်း ကိစ္စများအတွက် အွန်လိုင်းစနစ်ဖြင့် စတင်ဝန်ဆောင်မှုများ ပြုလုပ်ပေးလျက်ရှိပြီး လက်ရှိတွင် ယာယီမှတ်ပုံတင်ကတ်သာ ထုတ်ပေးနိုင်သေးသော်လည်း ကုမ္ပဏီများ အဆင်ပြေနိုင်သည့်အတွက် စိတ်ကျေနပ်မှု ရှိကြောင်း၊ သက်တမ်းတိုးရန် ပြင်ဆင်နေသည့် ပြည်တွင်းအိုင်တီ ကုမ္ပဏီ ပိုင်ရှင် တစ်ဦးက ပြောပြသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ အဆိုပါအွန်လိုင်း ဝန်ဆောင် မှုများကို စက်တင်ဘာ ၁၀ ရက်တွင် စတင်အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။ ယခင်ကာ လများကကဲ့သို့ ကုမ္ပဏီများဘက်မျ ပုံစံဝယ်ယူကာ ဖြည့်တင်းရခြင်းမျိုး မဟုတ်ဘဲ နေပြည်တော်ရှိ အဆို ပါဌာနသို့ အချက်အလက်များ တင်ပြခြင်းဖြင့် ဌာနမှ ဖြည့်တင်းပြီးသား ပုံစံများကို ပြန် လည်ထုတ်ပေးမည် ဖြစ်သည်။ ကုမ္ပဏီအကြီးအကဲ ရာထူးနှင့် ဒါရိုက်တာများမှ အပ်သည့် လက်မှတ် ထိုးခြင်းနှင့် အထောက်အထားများ ပူးတွဲတင်ပြကာ လျှောက်လွှာတင်ရန် လိုအပ်ပြီး ဌာနမှ ယာယီမှတ် ပုံတင်ကတ်နှင့် သက်တမ်းတိုးခြင်းများကို one stop service ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ “အချက်အလက်နဲ့ အထောက်အထားခိုင်လုံတယ်ဆိုရင် နေ့ချင်းပြီး ဆောင်ရွက်ပေးနေပါတယ်။ အခုအချိန်က အစဆိုတော့ လိုအပ်ချက်တွေတော့ ရှိကောင်းရှိနိုင်ပါတယ်။ ယာယီကတ်ပြားတွေကို အရင် ထုတ်ပေးဖို့ စီစဉ်ထားပါတယ်။ နောက်ပိုင်းမှာ ဌာနရဲ့ လုပ်ငန်းစဉ်တွေအားလုံးကို အွန်လိုင်းစ နစ်နဲ့ ဆောင်ရွက်ပေးနိုင်ဖို့ စီစဉ်ပေးမှာပါ” ဟု နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြား မှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မေးမြန်းချက်အား ပြန်လည်ရှင်းပြသည်။ အခုလို လွယ်ကူ လာတာ ကောင်းပါတယ်။ ဌာနတွေမှာ ဝင်ရတဲ့အခါ အရင်ကလိုမျိုး ခက်ခဲတာ၊ ကြန့်ကြာတာနဲ့ လာဘ်ပေး ယူမှု ရှိတာတွေ နည်းပါးလာတာကို တွေ့ရတယ်။ အမှန်က ဝန်ထမ်းတွေကို ပျက်စီးအောင်လုပ်တာက ကုမ္ပဏီဝန်ထမ်းတွေရဲ့ အပြစ်လည်း မကင်းဘူးလေ။ ကျွန်မတို့ဆိုရင် ကိုယ့်အလုပ် မြန်မြန်ပြီးချင်လို့ ဝန်ထမ်းက မတောင်းရင်တောင် လာဘ်ထိုးတတ်တာ အကျင့်ပါနေသလို ဖြစ်နေတယ်။ အခုနောက် ပိုင်းမှာတော့ ဝန်ထမ်းတွေက ပေးရင်တောင် လက်မခံရဲကြတာကို တွေ့လာရတယ်။ အရင်ကထက် ဌာနဆိုင်ရာတွေကို ဝင်ရထွက်ရတာ လွယ်ကူပြီး မြန်ဆန်လာတယ်” ဟု နေပြည်တော်ရှိ အစိုးရဌာနများသို့ Documentation ဝန်ဆောင်မှု တာဝန်ယူရသူ ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။
(နော့သ်ဝုဒ်
စက်တင်ဘာ ၁၆)
ဗြိတိန်နိုင်ငံရှိ
အမှတ် ၃၄၅ ပူး ပေါင်းတပ်ဖွဲ့၏ နျူကလီးယား ဒဏ်ခံနိုင် သည့် ဘန်ကာ တစ်ခုကို
လန်ဒန်မြို့ ဆင်ခြေဖုံး ရှိ နော့သ်ဝုဒ်အရပ်ရှိ တောင်စောင်းအောက် ပေ ၁ဝဝ အနက်တွင်
တည်ဆောက် ထားကြောင်း သိရသည်။
အဆိုပါ
အခန်းမှနေ၍ နျူကလီးယား လက်နက်များ သယ်ဆောင်ထားသည့် ရေငုပ်သင်္ဘောများကို ထိန်းချုပ် လျက်ရှိကြောင်း
သိရသည်။ အဆိုပါနျူကလီးယား လက်နက် တပ်ဆင်ထားသည့် Vanguard အမျိုး အစားရေငုပ် သင်္ဘော လေးစင်းအနက်မှ တစ်စင်း
သည် Trident IID-5 ဒုံးကျည်များကို သယ်ဆောင်ထား ပြီး စဉ်ဆက်မပြတ် ကင်းလှည့်
လျက် ရှိသည်။ ၄င်းဒုံးကျည်များသည် ထိပ်ဖူး ၁၂ ခုထိ သယ်ဆောင်နိုင်ပြီး ထိပ်ဖူး တစ်ခုစီ
သည် ဟီရိုရှီးမားတွင် အသုံးပြု ခဲ့သည့် ဗုံးထက် ၈ ဆပိုမို အစွမ်းထက်ကြောင်း
သိရသည်။
၎င်းဘန်ကာ၏
အပူချိန်နှင့် စိုထိုင်းမှုကို ထိန်းသိမ်းထားပြီး အဆောက် အအုံအတွင်းရှိ လေကိုပိုမို
ဖိအားပေး ထားသည့်အတွက် ဓာတုလက်နက် များဖြင့် တိုက်ခိုက်ခံရပါက ထိခိုက်မည် မဟုတ်ကြောင်း
သိရသည်။ ဗြိတိန် ဝန်ကြီးချုပ်က Whitehall အောက်ရှိ ၄င်း၏ ဘန်ကာမှနေ၍ နျူကလီးယား လက်နက်ဖြင့်
တိုက်ခိုက်မှု ပြုလုပ်ရန် အတွက် အဆိုပါ ဘန်ကာသို့ အမိန့်ပေးနိုင်
ကြောင်း သိရသည်။
Posted by drmyochit
Tuesday, September 18, 2012, under |
No comments
တောင်ကြီး စက်တင်ဘာ ၁၆
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ကျောက်တလုံးကြီး မြို့နယ်ခွဲ နောင်ကားကျေးရွာ အုပ်စု၌ စက်တင်ဘာ ၁၄ ရက် နံနက် ၁ဝ နာရီက လျှပ်စစ် အန္တရာယ် ကင်းရှင်းစေရေး အသိပညာပေး ဟောပြောပွဲကို တောင်ကျောင်းကြီး ပရိယတ္တိ စာသင်တိုက်၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ် လျှပ်စစ် အင်ဂျင်နီယာရုံး ဦးစီးအရာရှိ (စီမံ) ဦးရဲတင်ကျော်၊ ကျောက်တလုံးကြီး မြို့နယ်ခွဲ မြို့နယ် လျှပ်စစ်မှူး ဦးအောင်မြင့်၊ ကျောက်တလုံးကြီး မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး ဦးခွန်စိုးအောင်နှင့် ကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ရှမ်းပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံး ဦးစီးအရာရှိ (စီမံ) ဦးရဲတင်ကျော်က အဖွင့်အမှာ စကားပြောကြားပြီး ကျောက်တလုံးကြီး မြို့နယ်ခွဲ မြို့နယ်လျှပ်စစ်မှူး ဦးအောင်မြင့်နှင့် ကျောက်တလုံးကြီး မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး ဦးခွန်စိုးအောင်တို့က လျှပ်စစ် အန္တရာယ် ကင်းရှင်းစေရေး အသိပညာပေး ဟောပြောပြီးနောက် အခမ်းအနား တက်ရောက် လာသူများကို လျှပ်စစ် အန္တရာယ် ကင်းရှင်းစေရေး အသိပညာ ပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေး ခဲ့ကြောင်း သတင်း ရရှိသည်။
ပြည်ထောင်စု
သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတသည် နိုင်ငံတော် တည်ငြိမ်ရေးနှင့် ထာဝရ
ငြိမ်းချမ်းမှု ဖော်ဆောင်ရေး အတွက် လည်းကောင်း၊ လူသားချင်း စာနာ ထောက်ထားမှုကို
အလေးပေးသော အားဖြင့် လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး နိုင်ငံတော် တည်ဆောက်ရေးတွင်
တစ်ဖက် တစ်လမ်းမှ အထောက် အပံ့ဖြစ်စေသည့် နိုင်ငံ သားများ အဖြစ်သို့ ပြုပြင် ပြောင်းလဲစေရန်
အတွက် လည်းကောင်း၊ အိမ်နီးချင်း နိုင်ငံများနှင့် နိုင်ငံ အချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေး၊ ချစ်ကြည်ရေးတို့
အတွက်လည်းကောင်း ရည်ရွယ်၍ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၀၄ (က)နှင့်အညီ
အကျဉ်းထောင် အသီးသီးမှ အကျဉ်းသားများ ဖြစ်ကြသည့်နိုင်ငံခြားသား အကျဉ်းသားများ အပါအဝင် စုစုပေါင်း အကျဉ်းသား (၅၁၄)ဦး တို့အား
ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ (၁)အရ မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ်၊ တော်သလင်းလဆန်း
(၂)ရက်နေ့ (ခရစ်နှစ် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့) မှစ၍ ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပြုခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါသတင်းကို ပြန်ကြားရေ သတင်းဝတ်စ်ဆိုဒ် တွင်ဖော်ပြထားသည်။
ဇော်ဇော်( ရွှေမြန်မာမီဒီယာဂရု)
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဒုတိယမြို့တော်စစ်တကောင်းကနေ မလေးရှားနိုင်ငံသို့
တရားမ၀င်ထွက်ခွာသူ လူပေါင်း ၁၂၀ကို
ရဲတပ်ဖွဲ့မှ ယနေ့စက်တင်ဘာ ၁၇ ရက်နေ့တွင် ဖမ်းဆီးလိုက်သည်။
သူတို့သည် စစ်တကောင်းမြို့နယ် ဘင်္ဂခါးလီ ဒေသမှ ပင်လယ်ကိုဖြတ်ကျော်ကာ တရားမ၀င်လမ်းမှ
တဆင့် ထွက်ခွာရန် ကြိုးစားသူရာ၌ ယခုလိုဖမ်းဆီး ခံလိုက်ရသည်ဟု သိရသည်။
“သူတို့ကို မနက်အာရုဏ် ၃နာရီလောက်မှာ ဖမ်းဆီးတာဖြစ်ပါတယ်” ဟု ဘင်္ဂခါးလီ ရဲဌာနမှ အရာရှိတဦးဖြစ်
သည့် Akter Hossain က bdnews24 သို့ပြောကြားသည်။
ယမန်နေ့ကလည်း မလေးရှားသို့
ထွက်ခွာရန် ကြိုးစားသူ ဘင်္ဂလားဒေ့ခ်ျနိုင်ငံမှ ၁၇ဦးနှင့် မြန်မာနိုင်ငံသား ၈ဦးတို့အဖမ်းအခံခဲ့ရသည်။
၎င်းတို့မှာ ဘင်္ဂခါးလီမြို့နယ် ရှာနူ ကမ်းခြေမှတဆင့် မလေးရှားသို့ ဘုတ်တစီးဖြင့် ထွက်ခွာရန်
ကြိုးစားချိန်တွင် ရဲတပ် ဖွဲ့မှ သွားရောက် ဖမ်းဆီးခြင်းဖြစ် ဟု ဆိုသည်။
ရွှေမြန်မာမီဒီယာဂရု
မူရင်းလင့်
120 held for 'illegal' migration
Mon, Sep 17th, 2012 11:53 am BdST
Chittagong, Sep 17 (bdnews24.com) — Police have detained 120 people, who were
trying to 'illegally' migrate to Malaysia crossing the Bay of Bengal through
Chittagong's Banshkhali area.
Officer-in-Charge of the Banshkhali Police Station Akter Hossain told
bdnews24.com, "We arrested them around 3am on Monday with the assistance
of the local Union Parishad Chairman."
They were detained from the coastal area adjacent to Banshkhali upazila's
Chhanua Union.
He said the detainees were trying to migrate to Malaysia in an engine-run boat.
The law enforcers are looking into the identity of the detainees.
Legal actions would be taken against them if proof of illegal migration
attempts were found, the police officer said.
ကချင်ပြည်နယ်
ဟိုပင်မြို့နယ်မှာ မီးရထားရဲက ရိုက်နှက်တဲ့အတွက် အရပ်သား ၁ ဦး သေဆုံးခဲ့ ပါတယ်။ ဟိုပင်မြို့နယ်
ရွာသစ်ကြီးကျေးရွာက ကိုမောင်ဦးဟာ
တောင်ပြုန်းဘူတာရှိ မီးရထားများနှင့်
ပွဲတော်လာ
ဧည့်သည်များ တွေ့ရစဉ်။ ဓာတ်ပုံ - စည်သူလွင်
နန်းခမ်းချိုတောင်ကနေ
အလုပ်လုပ်ပြီး ပြန်လာစဉ် ဟိုပင် ဘူတာမှာ ငှက်ဖျားရောဂါ ပြန်ထလာလို့ ဖျားပြီး အိပ်နေတုန်း
အဲဒီဘူတာက တာဝန်ကျ မီးရထားရဲတပ်ဖွဲ့ဝင် ရဲတပ်ကြပ်ကြီး ကျော်စိုးလွင်က စက်တင်ဘာ
၉ ရက်နေ့က ရိုက်နှက်ခဲ့တယ်လို့ သေဆုံးသူ ကိုမောင်ဦးရဲ့ ဇနီးဖြစ်သူ မဝင်းကြည်က ပြောပါတယ်။
ကိုမောင်ဦးဟာ စက်တာလ ၁၃ ရက်နေ့ မိုးညှင်းဆေးရုံမှာ ရိုက်နှက်ခံရတဲ့ ဒဏ်ရာတြွေကာင့်
သေဆုံးခဲ့ ပါတယ်။ဟိုပင်မြို့ ဒသခံ ဦးကျော်ငြိမ်းက “တပ်ကြပ်ကြီး ကျော်စိုးလွင်၊ သူက
မူးလာပြီးတော့ ဒီကေလးကို ရန်ရှာတော့တာပဲ။
မောင်ဦးက အသက် ၂၉ နှစ်ပဲရှိပါသေးတယ်။ ထခိုင်းတယ် မောင်ဦးက မထနိုင်ဘူး၊ ဒီကောင်ကလည်း
သေနတ်ကြီးနဲ့ ဘေးမှာလူတွေကလည်း မရှိကြဘူး။ ၁၁ နာရီဆိုတော့ လူခြေကလည်းတိတ်နေတယ်။ ဟိုပင်
ဘူတာက ရုံပိုင်ကလည်း အဲဘူတာထဲမှာပဲ သူလည်းမြင်တယ်တဲ့။ ထခိုင်းတယ်၊ ဟိုကလည်း မထနိုင်၊
မထနိုင်ခြေထာက်နဲ့ကန်၊ ငါ့ဘာကောင်မှတ်လဲ ငါ့လက်ညှိုးကွေးလိုက်ရင် မင်းဘာဖြစ်သွားမလဲ
သိလား ဆိုပြီး ဇွတ်ကန်နှိုး၊ ခြေထာက်နဲ့ ကန်လိုက် လဲသွားလိုက်၊ အဲလို ထခိုင်းလိုက်၊
မှောက်ခိုင်းလိုက်၊ ရိုက်နေတာဟာ ဘေးက ကောင်မေလးပြောတာ ၈၂ ချက်ရှိတယ်” လို့ ပြောပါတယ်။
ကိုမောင်ဦး သေဆုံးရတဲ့အတွက် ဟိုပင်ရဲစခန်းမှာ အမှုဖွင့်တိုင်တန်းတာကို လက်ခံ လိုက်တယ်လို့
ဦးကျော်ငြိမ်းက ပြောပါတယ်။ ဇနီးဖြစ်သူ မဝင်းကြည်ကေတာ့ ဘယ်လိုညှိနှိုင်းဆောင်ရွက်တာမျိုးကိုမှ
လက်သင့်
မခံဘူးလို့ ဆိုပါတယ်။
လင်ယောကျာ်းဖြစ်သူ သေဆုံးတဲ့အတွက် အမှန်တရားပေါ်ပေါက်ဖို့ တရားဥပေဒအရ ရင်ဆိုင်သွားမယ်လို့
ကိုမောင်ဦးရဲ့ ဇနီး မဝင်းကြည်က ဒီဗွီဘီကို ပြောဆိုသွားပါတယ်။
“ကျမယောကျာ်းက သေသွားပြီဆိုတော့ သူတို့ ဘယ်လိုပဲညှိညှိလက်သင့်မခံဘူး။ အမှန်တရားအတိုင်း
တရားဥပေဒနဲ့ ရင်ဆိုင်ဖို့ပဲ လိုချင်တယ်။ လျော်ကြေးတွေဘာတွေလည်း ဘာမှ မလိုချင်ဘူး။”ပြီးခဲ့တဲ့
ရက်ပိုင်းကလည်း ပဲခူးတိုင်းဒေသကြီး ဖြူမြို့ နယ်မှာလည်း အရပ်သား တဦးကို ရဲစခန်းအတွင်း
ခေါ်
ယူစစ်ဆေးမေးမြန်းစဉ် မှာ သေဆုံးခဲ့ဖူးပါတယ်။