Thursday, September 20, 2012

ထိုင်းမှာလည်း ဘင်္ဂါလီအမျိုးတွေ ဆန္ဒပြပြီ

Posted by drmyochit Thursday, September 20, 2012, under | No comments




From : သာနောင်

မွတ်ဆလင်မ်လူမျိုး ၃၀၀ ခန့်သည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အမေရိကန်သံရုံးသို့ ယနေ့ ချီတက် ဆန္ဒပြကြောင်း သိရသည်။ ဆန္ဒပြသမားများက ဘန်ကောက်စံတော်ချန် မွန်းလွဲ ၂ နာရီခန့်တွင် စတင် ချီတက် ဆန္ဒပြခဲ့ကြပြီး မွန်းလွဲ ၃ နာရီခွဲခန့်တွင် လူစုကွဲသွားကြောင်းနှင့် အကြမ်းဖက်မှု တစ်စုံတစ်ရာ ပေါ်ပေါက်ခဲ့ခြင်းမရှိကြောင်း Bangkok Post သတင်းက ပြောကြားသည်။

အစ္စလာမ်ဘာသာဝင်တို့၏ တမန်တော်မိုဟာမက်ကို လှောင်ပြောင်သရော်ထားသော ရုပ်ရှင် ဇာတ် လမ်းတို တစ်ခုကို အမေရိကန်ဒါရိုက်တာတစ်ဦးက ရိုက်ကူးခဲ့ပြီး အဆိုပါ ရုပ်ရှင်ဇာတ်လမ်းတိုမှာ အွန် လိုင်း မှတစ်ဆင့် ကမ္ဘာတစ်ဝန်း ပြန့်နှံ့ခဲ့ရာ မွတ်ဆလင်မ်တို့၏ အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့သည်။ လစ်ဗျားတွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုမှတစ်ဆင့် ဖြစ်ပွားသော တိုက်ခိုက်မှုအတွင်း အမေရိကန်သံအမတ် သေဆုံးခဲ့ရသည်။

အစ္စလာမစ်နိုင်ငံအများအပြားတွင် ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ပြီး အချို့နိုင်ငံများမှ ဆန္ဒပြမှုများမှာ အကြမ်း ဖက် တိုက်ခိုက်မှုအသွင်ဆောင်ခဲ့ပြီး အမေရိကန်သံရုံးများကို ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြသည်။ လက်ဘ နွန်နိုင်ငံ ဘေရွတ်မြို့တွင် ပြုလုပ်ခဲ့သော ဟစ်ဇ်ဘိုလာအုပ်စုက ဦးဆောင်သည့် အမေရိ ကန်ဆန့်ကျင်ရေး ဆန္ဒပြမှုမှာ လူပေါင်းတစ်သိန်းခန့် ပါဝင်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် န၀မအကြိမ်မြောက် အာဆီယံ-တရုတ် ကုန်စည်ပြပွဲသို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာ

Posted by drmyochit Thursday, September 20, 2012, under | No comments




From : မြ၀တီ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နန်နင်းမြို့၌ ကျင်းပမည့် န၀အကြိမ်မြောက် အာဆီယံ-တရုတ် ကုန်စည်ပြပွဲသို့ တက်ရောက်ရန် စက် တင်ဘာ ၁၈ ရက်နေ့ နံနက် ၇ နာရီတွင် နေပြည်တော်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အပြည်  ပြည် ဆိုင်ရာ မြန်မာ့လေကြောင်း အထူးလေယာဉ်ဖြင့် ထွက်ခွာသွားသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အတူ အဖွဲ့ဝင်များအဖြစ် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မ တရုံးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်း၊ သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးမြင့်မောင်၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းရှိန်၊ အမျိုးသား စီမံ ကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဒေါက်တာကံဇော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက် ပါသွားကြသည်။ အဖွဲ့ဝင်ဖြစ်သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည် ထောင် စုဝန်ကြီး ဦးဝင်းမြင့်သည် နန်နင်းမြို့သို့ ကြိုတင်ထွက်ခွာသွားပြီးဖြစ်ကြောင်း သိရှိရသည်။

ပြင်သစ်နိုင်ငံ Charlie Hebdo ဂျာနယ်ရဲ. မိုဟာမက်ကိုလှောင်ပြောင်ထားတဲ့ကာတွန်း

Posted by drmyochit Thursday, September 20, 2012, under | No comments




From : သာနောင်

သူ့ပုံစံက အမေရိကန်ဗွီဒီယိုကြောင့် ယမ်းမီးပုံကျဒေါသအိုးပေါက်ကွဲနေတဲ့ မွတ်ဆလင်တွေကို လှောင် ပြောင်နေတဲ့ပုံ။Anti-Islam film ကြောင့်ဖြစ်နေတဲ့အမေရိကန် မွတ်ဆလင်လက်ဝှေ့ကြိုးဝိုင်းထဲကို ပြင် သစ်ကပါ ကာတွန်းဆွဲပြီး ၀င်လာပါပြီ။
ရခိုင်အရေးနဲ့ပတ်သတ်ပြီး မြန်မာတစ်ယောက်တည်းနဲ့ မွတ်ဆလင်ကမ္ဘာနဲ့သတ်နေရတဲ့အချိန်မှာ အိန္ဒိယက အာသံအရေးနဲ့ပတ်သတ်ပြီး ကြိုးဝိုင်းထဲဝင်လာပါတယ်။
နောက်တော့ အမေရိကန်က ဗွီဒီယိုကိစ္စ၊ ပြင်သစ်က ကာတွန်းကိစ္စနဲ့ ကြိုးဝိုင်းထဲကိုဝင်လာပါပြီ။
ပွဲစကာ စမှာ မြန်မာကို တစ်ယောက်နဲ့ အများ ၀ိုင်းနှိပ်အနိုင်ကျင့်နေကြတဲ့ မွတ်ဆလင်တွေခုတော့ ဟို ဘက်ပြေးရန်ဖြစ်လိုက် ဒီဘက်ပြေးရန်ဖြစ်လိုက် အရူးမီးဝိုင်းသလို ဖြစ်နေတော့မှာကို မြင်ယောင် နေမိတယ်။
ပြဿနာအားလုံးဟာ ဘင်္ဂါလီအမျိုးမွတ်ဆလင်တွေရဲ့ လူပါးဝမှု၊ အရာရာ ကိုအကြမ်းဖက် ပေါက်ကွဲမှုတွေနဲ့သာဖြေရှင်းလိုမှုကြောင့်သာဖြစ်လာတာပါ။ဒီလိုနဲ့ပဲ နောင်တစ်ချိန်မှာ မွတ်ဆလင်မဟုတ်တဲ့ နိုင်ငံအားလုံးနဲ့ အစွန်းရောက်မွတ်ဆလင်ကမ္ဘာနဲ့ တတိယကမ္ဘာစစ်ဖြစ်ပြီး ကုလားနဲ့ ငါးအရုပ် ရေးပြရမဲ့အချိန်ကို ရောက်လာတော့မှာ ဖြစ်ပါတယ်။

ငါးထောင်တန် ငွေဖြည့်ကတ်ရောင်းချခွင့် မည်သူမဆို လျှောက်ထားနိုင်

Posted by drmyochit Thursday, September 20, 2012, under | No comments




From : Popular

ကျပ်ငါးထောင်တန် ငွေဖြည့်ကတ်များအား ရောင်းချခွင့်ကို မည်သူမဆို ကိုယ်စားလှယ် လျှောက် ထားပါက ပေးအပ် သွားမည်ဖြစ်ကြောင်း ၀န်ဆောင်မှုပေးသည့် Elite Tech ကုမ္ပဏီမှ သိရသည်။ အဆို ပါ ငွေဖြည့်ကတ်များအား ယခုလ တတိယပတ်မှ စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ရောင်းချ ပေးရာတွင်လည်း Elite Tech ဆိုင်သီးသန့် ရောင်းချပေးခြင်း ပြုလုပ်မည်မဟုတ်ကြောင်း ယင်းကုမ္ပဏီမှ သိရသည်။ ငွေဖြည့်ကတ်သက်တမ်းများမှာ ဖုန်းအတွင်းတွင် ငွေမဖြည့်သွင်းမီကာလတွင် ၆ လအထိ ထားရှိပေးထားပြီး ဖုန်းအတွင်း ငွေဖြည့်သွင်းပြီး သက်တမ်းမှာ ၄ လဖြစ်ကြောင်း သိရသည်။ “ငွေ ဖြည့်ကတ် ရောင်းချပေးရာမှာလည်း သက်မှတ်နှုန်းထက် ပိုမရောင်းအောင် ကိုယ်စားလှယ်တွေကို အကျိုးအမြတ်ပေးသွားမှာပါ” ဟု အထက်ပါ ကုမ္ပဏီမှ တာဝန်ရှိသူက ပြောကြားသည်။ ထုတ် လုပ် ရောင်းချပေးမည့် ငွေဖြည်ကတ်အမျိုးအစားမှားမှာ CDMA 800 MHz၊ GSM နှင့် CDMA 450 MHz တို့ဖြစ်ကြောင်း CDMA 800 MHz ငွေဖြည့်ကတ်အရောင်မှာ ခဲရောင်အနု၊ CDMA 450 MHz အရောင်မှာ ရွှေဝါရောင်အနုနှင့် GSM ကတ်အရောင်မှာ အစိမ်းနုရောင်တို့ဖြစ်ကြောင်း သိရှိရသည်။

တိုင်းရင်းသားရေးရာ ဝန်ကြီးများ၏ အဆောင်အယောင်နှင့် ခံစားခွင့် တိုးမြှင့်ပေး

Posted by drmyochit Thursday, September 20, 2012, under | No comments




From : 7Days News

တိုင်းရင်းသားရေးရာ ဝန်ကြီးများ၏ အဆောင်အယောင်များနှင့် ခံစားခွင့်များကို စတင်ရရှိပြီဖြစ်ကြောင်း တိုင်းရင်းသားရေးရာ ဝန်ကြီးအချို့ထံမှ သတင်းရရှိသည်။ စက်တင်ဘာ ၇ ရက်တွင် နိုင် ငံတော် သမ္မတနှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးများ နေပြည်တော်၌ တွေ့ဆုံခဲ့ပြီးနောက် တိုင်းရင်းသားရေးရာ ဝန်ကြီးများ၏ အဆောင်အယောင်များကို တိုးမြှင့်ပေးလိုက်ခြင်းဖြစ်သည်။ “လစာကိစ္စကတော့ ကျွန်တော် တို့ကို ဘာမှမပြောသေးဘူး။ အခုက ခုံရုံးက ဆုံးဖြတ်ပေးတဲ့အတိုင်း ကျွန်တော်တို့ကို တခြားဝန်ကြီးတွေ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများနဲ့ တန်းတူ အဆောင်အယောင်တွေ ပေးတာပါ။ အားလုံးဟာ ဥပဒေအတိုင်းပဲ ဖြစ်ရမှာပေါ့။ လုပ်ပိုင်ခွင့်နဲ့ ပတ်သက်လို့ ဥပဒေက အတည်မဖြစ်သေးဘဲ ဆွေးနွေး ဆဲဆို တော့ အရင်အတိုင်းပါပဲ။ ကတ်ဘိနက်ကတော့ ဝန်ကြီးချုပ်ကခေါ်ရင် တက်ခွင့်ရှိပါတယ်” ဟု မွန်ပြည် နယ် အစိုးရအဖွဲ့မှ ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဦးသက်ဝင်းက ပြောသည်။ သမ္မတနှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးများ တွေ့ဆုံပွဲအပြီးတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ တိုင်းရင်း သားရေးရာ ဝန်ကြီး ၂၉ ဦးအား တစ်ဦးလျှင် SUB Landmark ကားတစ်စီးစီ သမ္မတရုံးမှ တိုက်ရိုက် ပေး အပ် လိုက်ကြောင်း တိုင်းရင်းသားရေးရာ ဝန်ကြီးအချို့က ပြောသည်။ ထို့ပြင် ယခင်က ပေးအပ် ခြင်းမရှိသည့် နေထိုင်ရန် အိမ်များပါ ပေးအပ်မည်ဖြစ်ကြောင်း၊ အိမ်မရှိပါက အစိုးရအဖွဲ့ရုံးစိုက်ရာ မြို့တွင် နေထိုင်နိုင်ရန်အတွက် အိမ်ငှားရမ်းခကိုပါ ခံစားခွင့်ရှိမည်ဖြစ်ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ဗမာ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးခင်မောင်ဆွေက ပြောသည်။ ဒေါက်တာအေးမောင် အပါအဝင် အမျိုး သား လွှတ်တော် ကိုယ်စားလှယ် ၂၃ ဦးတို့က ၂၀၁၁ တွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌမှတစ်ဆင့် ဖွဲ့ စည်း ပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသို့ တိုင်းရင်းသားရေးရာ ဝန်ကြီးများနှင့် ပတ်သက်၍ ပြဋ္ဌာန်း ထားသော အဆောင်အယောင်ဆိုင်ရာ ဥပဒေများသည် အခြေခံဥပဒေနှင့် ညီညွတ်မှုရှိ၊ မရှိ အဓိပ္ပါယ်ဖွင့်ဆိုပေးရန် တင်သွင်းလွှာ ပေးပို့ခဲ့သည်။ အဆိုပါ တင်သွင်းလွှာကို အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တိုင်းရင်းသားရေးရာ ဝန်ကြီးများ၏ ခံစားခွင့်များသည် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် အခြားဝန်ကြီးများနှင့် ခံစားခွင့်မတူညီမှုမှာ အခြေခံဥပဒေနှင့် ညီညွတ် မှုမရှိကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်က ဆုံးဖြတ်ခဲ့သည်။ ၄င်းဆုံးဖြတ်ချက်အရ မိမိတို့၏ ခံစား ခွင့် များကို တိုးမြှင့်ပေးလိုက်ခြင်းဖြစ်ကြောင်း၊ ယခင်က မိမိတို့တိုင်းရင်းသားရေးရာ ဝန်ကြီးများအား အစိုး ရအဖွဲ့ ရုံးစိုက်ရာမြို့တွင် နေထိုင်ရန် အိမ်ရာများ ပေးထားခြင်း မရှိသဖြင့် မူလနေထိုင်ရာ မြို့တွင် သာ နေထိုင်ရပြီး အကြောင်းကိစ္စရှိမှသာ ရုံးစိုက်ရာမြို့သို့ လာရောက်ရသဖြင့် အခက်အခဲများ ကြုံ တွေ့ရကြောင်း တိုင်းရင်းသားရေးရာ ဝန်ကြီးအချို့ကပြောပြခဲ့ကြောင်းသိရှိရသည်။

မြန်မာကို ကုန်သွယ်မှုအထူးအခွင့်အရေး ပြန်ပေးရန် ဥရောပကော်မရှင်တင်ပြ

Posted by drmyochit Thursday, September 20, 2012, under | No comments


မြန်မာနိုင်ငံကို အထူးကုန်သွယ်အခွင့်အရေးတွေ ပြန်လည်ပေးအပ်ဖို့ ဥရောပကော်မရှင်က အဆိုပြုတင်ပြလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး၊ လူမှုရေး အလုပ်သမားရေးရာ ကိစ္စတွေနဲ့ ပတ်သက်တဲ့ ဆောင်ရွက်ချက်တွေကို အီးယူက အသိအမှတ်ပြုလိုက်ပြီးနောက် အဆိုပြုလိုက်တာဖြစ်ပါတယ်။ဒီအဆိုပြုချက်ထဲမှာ လက်နက်တင်ပို့မှုကလွဲလို့ ကျန်ပစ္စည်းတွေ အကုန်လုံးကို ပုံမှန်အတိုင်း ပြန်လည်ကုန်သွယ်ခွင့်ပြုတဲ့ အစီအစဉ်ဖြစ်ပါတယ်။

မြန်မာအပါအ၀င် ဖွံ့ဖြိုးမှုအနည်းဆုံး (LDC) နိုင်ငံတွေဟာ စက်မှုနိုင်ငံကြီးတွေထံကနေ ကုန်သွယ်မှုမြင့်မားလာစေဖို့အတွက် ပို့ကုန်ဆိုင်ရာ မျက်နှာသာပေးတဲ့ အထူးအခွင့်အရေး (ဂျီအက်စ်ပီ) ကို ရရှိကြပါတယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေတွေကြောင့် ဥရောပနိုင်ငံတွေက မြန်မာနိုင်ငံအတွက် ခွင့်ပြုထားတဲ့  အထူးအခွင့်အရေး (ဂျီအက်စ်ပီ) ကို ၁၉၉၇ ခုနှစ်မှာ ပိတ်ပင်ထားတာပါ။  ချမှတ်တဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဥရောပသမဂ္ဂက ဖယ်ရှားပေးဖို့ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဇွန်လမှာ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို) အရာရှိကြီးတွေ လာရောက်ပြီး မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး တွေကို အသိအမှတ်ပြုခဲ့ပြီးတဲ့နောက် ပြန်ရဖို့ လမ်းပြန်ပွင့်သွားတာပါ။
ဥရောပကော်မရှင်ရဲ့အဆိုပြုချက်ကို ဥရောပကောင်စီနဲ့ ဥရောပ ပါလီမန်က သဘောတူညီချက် ရရင် အသက်ဝင်မှာဖြစ်ပြီး စောင့်ကြည့်သူတွေ အဆိုအရ ဒီနှစ်အတွင်း အတည်ပြုဖို့များတယ်လို့ ဆိုပါတယ်။
အီးယူက အထူးအခွင့်အရေးကို ရုပ်သိမ်းထားတဲ့အတွက် ပို့ကုန်အပေါ် အခွန် ၁၀ ရာခိုင်နှုန်းကနေ ၁၃ ရာခိုင်နှုန်းထိ ကောက်ခံ နေတာကြောင့် မြန်မာ့အထည်ချုပ် လုပ်ငန်းဟာ မထိုးဖောက် နိုင်ဘဲ ဖြစ်နေရပါတယ်။ ပြောင်းလဲမှုတွေကြောင့် အထည်ချုပ် လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံဖို့ လာရောက်စုံစမ်းမှုတွေ တိုးများလာနေပါတယ်လို့ အထည်ချုပ်လုပ်ငန်းရှင်တွေက  ပြောပါတယ်။
ဥရောပကော်မရှင်ရဲ့အဆိုပြုတင်ပြချက် ထွက်ပေါ်လာပြီဖြစ်လို့   မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးမြင့်စိုးက အလားအလာ ကောင်းတယ်လို့ ပြောပါတယ်။
ဒီအဆိုပြုချက်သာ အတည်ဖြစ်သွားရင် အထည်ချုပ်လုပ်ငန်း၊ သစ်လုပ်ငန်းနဲ့ အသားတင်ပို့မှုလုပ်ငန်းတွေကောင်းပြီး အလုပ် အကိုင်အခွင့်အလမ်းတွေ ရလာမယ်လို့ သူက ပြောပါတယ်။
ဒီအခွင့်အလမ်းဟာ အခုလတ်တလောမှာ လာအို၊ ကမ္ဘောဒီးယားတို့မှာ ခံစားနေရပြီး မြန်မာကိုလည်း  အီတလီ၊ ဂျာမဏီ၊ စပိန်၊ နယ်သာလန် အပါအ၀င် ဥရောပနိုင်ငံတွေက လာရောက် စုံစမ်းနေကြတယ်လို့ ပြောပါတယ်။
မြန်မာ့အထည်ချုပ်ဈေးကွက်ဟာ ကနဦးပိုင်းက အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂဖြစ် ပါတယ်။ ၂၀၀၀ ခုနှစ်ခန့်က မြန်မာ့အထည်ချုပ်ရဲ့တ၀က်ကျော်ဟာ အမေရိကန်ပြည်ထောင်စုကို တင်ပို့ခဲ့ပြီး မြန်မာ့အထည်ပို့ကုန် ၄၀ ရာခိုင်နှုန်းက ဥရောပသမဂ္ဂကို တင်ပို့ခဲ့တာဖြစ်ပါတယ်။ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် အထည်ပို့ကုန်တွေဟာ ဂျပန်နဲ့ ကိုရီးယားဘက်ကို ဦးတည်ခဲ့ပါတယ်။
အမေရိကန်နဲ့ အီးယူရဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုဟာ မြန်မာ့အထည်ချုပ်လုပ်ငန်းကို ထိခိုက်ခဲ့ပြီး ထောင်သောင်းချီတဲ့ မြန်မာအထည်ချုပ်လုပ်သားတွေဟာ လုပ်ခပိုမိုရရှိတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံက အထည်ချုပ်စက်ရုံတွေမှာ လုပ်ကိုင်နေကြပါတယ်။

ရဲမေနှစ်ဦးကို ဖြားယောင်းခေါ်ယူ သတ်ဖြတ်ခဲ့သည့် မျက်စိတစ်ဖက်လပ် လူသတ်သမား

Posted by drmyochit Thursday, September 20, 2012, under | No comments


ဗြိတိန်နိုင်ငံ၊ ဂရိတ်တား မန်ချက်စတာ ရဲတပ်ဖွဲ့မှ ရဲမေနှစ်ဦးကို  အကောက်ကြံ ဖြားယောင်းခေါ်ယူပြီး သတ်ဖြတ်ခဲ့သည့် မျက်စိတစ်ဖက် (သတ်ဖြတ်ခံရသည့် ရဲမေနှစ်ဦး)လပ် လူသတ်သမားကို ရဲတပ်ဖွဲ့က တရားစွဲဆိုရန် စီစဉ်နေပြီ  ဖြစ်သည်။ 
အသက်(၃၂)နှစ်ရှိ ဖီယိုနာဘုန်းနှင့် အသက်(၂၃)နှစ်အရွယ် နီကိုလာဟုဂ်ျတို့မှာ ဖောက်ထွင်းမှု တစ်ခုအတွက် သတင်းပို့ တိုင်ကြားသဖြင့် သွားရောက်စဉ် အသတ်ခံခဲ့ရခြင်း ဖြစ်သည်။ ယခင်ကတည်းက သားအဖနှစ်ဦးကို သတ်ဖြတ်မှု အတွက်  သံသယတရားခံ စာရင်းတွင် သတ်မှတ်ခံထားရသည့် အသက်(၂၉)နှစ်ရှိ  ဒေးလ်ကရီဂန်သည် ရဲမေနှစ်ဦးကို အကြောင်းမဲ့ သတ်ဖြတ်ပြီးနောက် နီးစပ်ရာ ရဲစခန်းတစ်ခုသို့ အေးအေးလူလူ သွားရောက် အဖမ်းခံခဲ့သည်။


ဗြိတိန်သမိုင်းတစ်လျှောက် တာဝန်ထမ်းဆောင်နေရင်း ရဲမေနှစ်ဦး ပထမဆုံး အကြိမ် တစ်ပြိုင်တည်း အသတ်ခံရမှု သတင်းသည် တစ်ကမ္ဘာလုံးကို  ခြောက်ခြားသွားစေလောက်အောင် ရိုက်ခတ်မှု ပြင်းထန်ခဲ့သည်။

ယခုရဲမေ နှစ်ဦးသည် သတင်းပို့ တိုင်ကြားမှု ရောက်ရှိလာသည့်နောက်  ရဲစခန်းမှ လက်နက်မပါဘဲ အခင်းဖြစ်ရာသို့ သွားရောက် ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း သူမတို့ နှစ်ဦးသည် လူသတ်သမားထံမှ ပစ်လွှတ်လိုက်သော ကျည်ဆန်များကြောင့် ပုံလျှက်သား လဲကျသွားချိန်တွင် လက်ပစ်ဗုံးတစ်လုံး ပစ်သွင်းခံရသည့် နောက်ဆုံး အတွေ့အကြုံကိုသာ ပိုင်ဆိုင်သွားရှာသည်။ ဘုန်းသည် ပွဲချင်းပြီး သေဆုံးသွားပြီး ဟုဂ်ျမှာမူ အလွန်နာကျင်ဆိုးရွားသော ဝေဒနာကို အချိန်အတော်ကြာ အံတု ရင်ဆိုင်ခဲ့ရ ရှာသေးသည်။ ဘုန်းသည် လက်ထပ်ခါနီး စေ့စပ်ထားသူ တစ်ဦးလည်းဖြစ်ကြောင်း သိရသည်။




(လူသတ်သမား လိုက်ပါသွားသည့် BMW ကားကို ဗုံးရှာဖွေရှင်းလင်းရေး  တပ်ဖွဲဝင်တစ်ဦးက စစ်ဆေးစဉ်) မျက်စိ တစ်ဖက်လပ် လူသတ်သမား ကရီဂန်သည် မေလအတွင်းက ရှော့မိသားစုမှ သားအဖ နှစ်ယောက်ကို သတ်ဖြတ်မှုအတွက် ရဲများ၏ အလိုရှိသော တရား ခံစာရင်းတွင် ပါဝင်နေသူ ဖြစ်သည်။

 "ဂရိတ်တား မန်ချက်စတာ ရဲတပ်ဖွဲ့ရဲ့ သမိုင်းမှာတော့ အမှောင်ဆုံးနေ့ပါပဲ။ ကျွန်တော်တို့အတွက် ရဲအရာရှိ နှစ်ယောက် ကို ဆုံးရှုံးခဲ့ရုံသက်သက် မဟုတ်ပါဘူး။ အချစ်ဆုံး၊ တန်ဖိုးအထားရဆုံး လုပ်ဖော်ကိုင်ဖက် နှစ်ယောက်ကိုပါ ဆုံးရှုံးလိုက် ရတာပါ" ဟု ဂရိတ်တား မန်ချက်စတာ ရဲတပ်ဖွဲ့ အကြီးအကဲ ဆာပီတာဖားဟ်က  ပြောကြားခဲ့သည်။

 ၎င်းက "လူသတ်သမားဟာ တမင်တကာ ရည်ရွယ်ထားတဲ့ သွေးအေးအေး လုပ်ကြံမှုကို ကျူးလွန်ခဲ့တာ သိသာပါတယ်" ဟုလည်း သတင်းထောက် များထံ ပြောဆိုသွားသည်။

 (ရုပ်အလောင်းများအား ရဲတပ်ဖွဲ့ သယ်ဆောင်သွားစဉ်)

ကရီဂန်သည် ဒုစရိုက်လောကမှ ပြိုင်ဘက်များဖြစ်သည့် ဒေးဗစ်ရှော့နှင့် မာ့ခ်ရှော့တို့ သားအဖကို သတ်ဖြတ်ခဲ့သူဟုလည်း ရဲများက ယူဆထားသည်။ ၎င်းသည် မေလက သားဖြစ်သူ မာ့ခ်ကို သတ်ခဲ့ကာ ပြီးခဲ့သည့် လကမူ ဖခင်ဖြစ်သော ဒေးဗစ်ကိုပါ လက်စဖျောက်ခဲ့ကြောင်း သိရသည်။

ကရီဂန်သည် ရဲမေနှစ်ဦး ရောက်လာချိန်တွင် ဘုန်းကို ခေါင်းတည့်တည့် ပစ်ခတ် လိုက်ပြီးနောက် သူမ၏ လုပ်ဖောက်ကိုင်ဖက်ကိုလည်း ဆက်တိုက် ပစ်ခတ်ခဲ့ကြောင်း ယုံကြည်ရသည်။

ထို့နောက် ၎င်းသည် ရဲမေနှစ်ဦးထံ ဗုံးတစ်လုံး ပစ်သွင်းပြီးနောက် အိမ်ရှေ့သို့ ကျောပိုး အိတ် တစ်လုံးဖြင့် ထွက်ကာ အေးအေးဆေးဆေးပင် လမ်းလျှောက်သွားသည်။

ရဲတပ်ဖွဲ့၏ စုံစမ်းမှုအရ ကရီဂန်သည် အမျိုးသမီး ဒရိုင်ဗာတစ်ဦး မောင်းနှင်သည်ဟု ယူဆရသော BMWကားပေါ်တက်ကာ ထိုနေရာမှ ထွက်ခွာသွားကြောင်း ယုံကြည်ရသည်။




(ရဲမေနှစ်ဦးအား လူသတ်သမားက ဖြားယောင်းခေါ်ယူ သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ပြမြေပုံ)

ရဲများသည် အခင်းဖြစ်ရာသို့ အပြေးအလွှား ရောက်ရှိခဲ့ပြီးနောက် အရေးပေါ် အသက်ကယ် ဝန်ထမ်းများက ဆိုးရွားစွာ ဒဏ်ရာရထားသည့် ဟုဂ်ျကို  သေမင်းလက်မှ လုယူရန် ကြိုးစားခဲ့ကြသေးသည်။ သူမကို အခင်းဖြစ်ရာ နေရာတွင်ပင် နှလုံးခုန်အောင် ကြိုးစားပြီး တိမ်ဆိုက် ဆေးရုံသို့ တင်ပို့ခဲ့သော်လည်း ရရှိထားသည့် ဒဏ်ရာများ ပြင်းထန်လွန်းသဖြင့် ဆေးရုံအရောက်တွင် ကွယ်လွန်ခဲ့ရှာကြောင်း သိရှိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် န၀မအကြိမ်မြောက် အာဆီယံ-တရုတ် ကုန်စည်ပြပွဲသို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာ

Posted by drmyochit Thursday, September 20, 2012, under | No comments



From : မြ၀တီ


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နန်နင်းမြို့၌ ကျင်းပမည့် န၀အကြိမ်မြောက် အာဆီယံ-တရုတ် ကုန်စည်ပြပွဲသို့ တက်ရောက်ရန် စက်တင်ဘာ ၁၈ ရက်နေ့ နံနက် ၇ နာရီတွင် နေပြည်တော်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း အထူးလေယာဉ်ဖြင့် ထွက်ခွာသွားသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အတူ အဖွဲ့ဝင်များအဖြစ် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်း၊ သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးမြင့်မောင်၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းရှိန်၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဒေါက်တာကံဇော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါသွားကြသည်။ အဖွဲ့ဝင်ဖြစ်သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်သည် နန်နင်းမြို့သို့ ကြိုတင်ထွက်ခွာသွားပြီးဖြစ်ကြောင်း သိရှိရသည်။

ပုသိမ်၊ မုံရွာနှင့် မကွေး လေဆိပ်တို့တွင် လေယာဉ်မောင်း သင်တန်း ကျောင်းများ ဖွင့်လှစ် သွားမည်

Posted by drmyochit Thursday, September 20, 2012, under | No comments




လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ပြည်တွင်း လေဆိပ်များ ဖြစ်တဲ့ ပုသိမ်၊ မုံရွာနဲ့ မကွေးလေဆိပ်တို့မှာ လေယာဉ်မောင်း သင်တန်း ကျောင်းများကို ယခု ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ ဖွင့်လှစ် သွားဖို့ ရှိတယ်လို့ သိရပါတယ်။ အဆိုပါ လေယာဉ်မောင်း သင်တန်း ကျောင်းများ ဖွင့်လှစ် တည်ဆောက် ခြင်းကို ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းရှင်များ ဖိတ်ခေါ်ကာ နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှု ဥပဒေ နဲ့အညီ လုပ်ကိုင် ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ဒီလို ဖွင့်လှစ်ရာမှာ အဆိုပါ နေရာတွေထဲမှ ပုသိမ် လေဆိပ်မှာ အရင်ဆုံး လေယာဉ်မောင်း သင်တန်းကျောင်းကို ဖွင့်လှစ် သွားမှာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ အဆိုပါ လေဆိပ်တွေထဲမှ ပုသိမ် လေဆိပ်မှာ သင်တန်းကျောင်း လုပ်ကိုင်ဖို့ အတွက် တိုင်းဒေသကြီး အစိုးရနဲ့ ညှိနှိုင်းပြီး ခွင့်ပြု သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လုပ်ကိုင်လိုတဲ့ လုပ်ငန်းရှင်များ အနေနဲ့ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသို့ အဆိုပြုလွှာ တင်သွင်း နိုင်ပြီး တင်ပြတဲ့ အဖွဲ့အစည်း၊ ကုမ္ပဏီရဲ့ လုံလောက်တဲ့ ရင်းနှီး မြှုပ်နှံမှု၊ နည်းပညာနဲ့ နိုင်ငံတကာ အဆင့် သင်ကြား နိုင်တဲ့ နည်းပြ ဆရာတွေ ရှိ၊ မရှိကို စိစစ်ပြီး ရွေးချယ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို လေယာဉ်မောင်း သင်တန်းကျောင်းများ ဖွင့်လှစ်ဖို့ စီစဉ်မှုဟာ လက်ရှိမှာ ပြည်တွင်း၊ အရပ်ဘက် ဆိုင်ရာ ပုဂ္ဂလိကပိုင် လေယာဉ်မောင်း သင်တန်းကျောင်းများ မရှိသေးတဲ့ အတွက် ဖွင့်လှစ်ဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ သိရပါတယ်။
 

သည်းမခံနိုင်တော့လို့ပါ... စလိုက်ကြစို့ဗျာ

Posted by drmyochit Thursday, September 20, 2012, under | No comments




ကချင်ပြည်နယ်မှာ KIA ကြောင့်ဖြစ်နေတဲ့ လက်ရှိဒုက္ခတွေကို တစ်ကယ်တမ်း နဖူးတွေ့ဒူးတွေ့ ခံစားနေရသူ တစ်ဦးအတွက် လုံးဝသည်းမခံနိုင်တော့လို့ ရေးရခြင်းဖြစ်ပါတယ်။ ဒါက ကျွန်တော့လို ခံစားနေ ရသူတွေအားလုံးနဲ့ ကချင်လူထုအားလုံးရဲ့ ကိုယ်စားဖြစ်ပါတယ်။ KIA ဆိုလို့ ကချင်တိုင်းရင်းသားတွေနဲ့ ယှဉ်တွဲမမြင်မိဖို့ ကြိုပြောချင်ပါတယ်။ KIA ဟာ ကျွန်တော်တို့ ကချင်ပြည်နယ်၊ ကချင်လူထုရဲ့ ကိုယ်စားပြု အဖွဲ့မဟုတ်ပါဘူး။ ရောထွေးပြီးမြင်ရင် ကချင်လူမျိုးတွေဟာ KIA လို ရက်စက်တတ်သူတွေပဲ လို့အထင် ခံရမှာ ကျွန်တော်အဖြစ်မခံနိုင်ပါဘူး။

KIA ဆိုတာ စစ်သွေးကြွအဖွဲ့တစ်ခုပဲလို့ ခင်ဗျားတို့ နားလည်လိုက်ပါ။ ရှင်းရှင်းပြောရရင် KIA ဆိုတာ လိုင်ဇာမှာနေတဲ့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မျှသာဖြစ်ပါတယ်။ အဲ့ဒီအဖွဲ့က လက်နက်အားကိုးနဲ့ ကချင်ပြည်နယ်ထဲမှာ အကြမ်းဖက်တဲ့အလုပ်တွေ အကြီးအကျယ်လုပ်နေတယ်။ ဒီလိုခွဲခြားသိမြင်မှသာ  KIA နဲ့ ကချင်လူမျိုးဘာမှ မဆိုင်ဘူးဆိုတာ ကွဲပြားမှာဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာ KIA ငြိမ်းချမ်းရေးယူတာ ၁၉၉၄ ။ အခု တိုက်ပွဲတွေပြန်ဖြစ်ခဲ့တာ ၂၀၁၁ ။ အေးချမ်းနေခဲ့တာ ၁၇ နှစ်။ အဲ့ဒီတော့ KIA ဟာ ၁၉၉၄ မတိုင်ခင် ဘာတွေလုပ်ခဲ့လဲ ... စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးလုပ်ထားတဲ့ ဆယ်စုနှစ် နှစ်ခုစာလောက်မှာ ဘာတွေလုပ်ခဲ့လဲ ... အခုဘာတွေလုပ်နေလဲ ... နောင်ရောဘာတွေလုပ်မှာလဲ ... ကျွန်တော်တို့ ကချင်တွေဘာလုပ်ကြမလဲ ...  ဒီလိုခွဲခြားပြီး စဉ်းစားကြည့်ရအောင်ပါ။

စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးမလုပ်ခင်ကာလ ... KIA ထဲမှာ ဂျိမ်းဖောလူမျိုးကြီးဝါဒအစွဲတွေနဲ့ အချင်းချင်းလုပ်ကြံကြ၊ သတ်ဖြတ်ကြ၊ နေရာလုကြ၊ ခွဲထွက်ကြနဲ့၊ အကျင့်စာရိတ္တပိုင်းမှာလဲ လူမှုရေးဖောက်ပြန်တဲ့ ခေါင်းဆောင်တွေ ကြီးစိုးခဲ့ဖူးတယ်။ ဥပမာ- ဇော်တူးက တော်လှန်ရေးကာလမှာ မိန်းမ မယူရဘူးလို့ သူကိုယ်တိုင်ထုတ်ခဲ့တဲ့အမိန့်ကို သူကိုယ်တိုင်ဖောက်ဖျက်ပြီး ရဲမေ လော့ခိုင်လုအွန် ကို ခြေတော်တင်တယ်။ သိမ်မကြာခင်နောက်ထပ် ရဲမေတစ်ယောက် ဆိုင်းတောင်ကို ထပ်ယူတယ်။ သူ့လိုပဲ ပုံရွှေဇော်ဆိုင်းက ရဲမေလုဆိုင်ကို မယားငယ်အဖြစ် ပေါင်းသင်းလိုက်တယ်။ ခေါင်းဆောင် ကြီး ဇော်ဆိုင်း ကတော့ အဖွဲ့ပိုင်ငွေကြေးသိန်းပေါင်းများစွာကို အလွဲသုံးစားလုပ်ပြီး ထိုင်းမှာပဲ ဇိမ်ခံ နေခဲ့တယ်။ ဒီလိုခေါင်းဆောင်တွေနဲ့ စတင်ခဲ့တဲ့ KIA ပဲဖြစ်ပါတယ်။ ဒီသုံးယောက်လုံး လက်အောက်ငယ်သားတွေ သတ်လို့သေခဲ့တယ်။ အဲဒါ KIA ရဲ့ အာဇာနည်နေ့ပဲ။

ငြိမ်းချမ်းရေးလုပ်ထားတဲ့ကာလ ... ကချင်ပြည်နယ်မှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ နေ ရာတွေ၊ လူနေမှု အဆင့်အတန်းနိမ့်ပါးတဲ့နေရာတွေ အများကြီးရှိပါတယ်။ ပညာရေး၊ ကျန်းမာရေး စတာတွေမှာ ကချင်လူမျိုးတွေအပေါ် တိုးတက်ကောင်းမွန်အောင် လုပ်ပေးခဲ့သင့်ပါတယ်။ KIA ရဲ့ မျိုးဆက်သစ်ခေါင်းဆောင်တွေက ဆက်ကြေးကောက်ပြီး တရုတ်ဘက်မှာ ဟိုတယ်ဆောက်ဖို့ပဲသိကြတယ်။ ဖားကန့်ကကျောက်တွင်းတွေကို ချယ်လှယ်ပြီး တန်ဖိုးကြီး ကျောက်တွေ ထုတ်ယူကြတယ်။ သစ်တွေခိုးရောင်းခဲ့ကြတယ်။ သုံးမကုန်တဲ့ငွေတွေနဲ့ ဆွေစဉ်မျိုးဆက်အတွက် စုဆောင်းနေခဲ့ကြတယ်။ ဘယ်မှာလဲ KIA ဆောက်ပေးတဲ့တံတား။ ဘယ်မှာလဲ KIA ဖောက်ပေးတဲ့လမ်း။ ဘယ်မှာလဲ ကချင်တိုင်းရင်းသားတွေအတွက်။ ရတဲ့ပိုက်ဆံကို လုပ်ပိုင်ခွင့်ရှိတဲ့သူတွေက အိတ်ထဲပဲထည့်နေခဲ့တယ်။ ဒါကြောင့် ကချင်ပြည်နယ်နဲ့ KIA ကို သီးခြားစီမြင်တတ်ဖို့ ကျွန်တော်ပြောတာဖြစ်ပါတယ်။

KIA အခုဘာတွေလုပ်နေလဲ ... အခုလုပ်နေတာက လူသစ်စုတယ်၊ ဖမ်းတယ်၊ သတ် တယ်၊ ငွေတောင်းတယ်၊ ဆက်ကြေးကောက်တယ်၊ ဗုံးခွဲတယ်၊ မိုင်းထောင်တယ်၊ ကချင်ပြည်နယ် ကို စေ့စေ့ညက်ညက် ကြေအောင်လုပ်နေတယ်။ တံတားတွေလည်းကုန်ပြီ၊ အဆောက်အဦတွေလဲပြောင်ပြီ။ လမ်းတွေလဲ အပိုင်းပိုင်း ဖြစ်ကုန်ပြီ။

ကချင်လူထုအတွက် ငါတို့ KIA က လက်နက်ကိုင်ပြီး တိုက်ပွဲဝင်နေတာပါဆိုရင် အရူးနဲ့ကလေးတောင် မယုံဘူး။ KIA ကောင်းစားဖို့ KIA လုပ်နေတယ်။ KIO အာဏာရှိဖို့ KIO လုပ်နေတယ်။ အဲဒီမှာ ကျွန်တော်တို့ ကချင်တွေ မြေစာပင်ဖြစ်နေရတယ်။ အသက် ၆၀ ကျော်နေတဲ့ကျွန်တော့လိုလူကို KIA ထဲဝင်ဖို့ ဖမ်းသွားတယ်။ ကျွန်တော်မွေးရင် ကျွန်တော့သားအရွယ်တွေက “အဖိုးကြီး ... ကချင်ပြည်နယ်လွတ်လပ်ရေးအတွက် ခင်ဗျားတိုက်ပွဲဝင်ရမယ်။ သေနတ် ကိုင်ရမယ်”လို့ပြောတယ်။

 ကျွန်တော်အဲဒီ KIA စစ်သားကို ပြန်မေးလိုက်တယ်။ “ဘယ်သူ့ဆီက လွတ်လပ်ရေးရဖို့လဲ  KIA ဆီကလား၊ KIO ဆီကလား”ဆိုတော့ အဲ့ဒီ အသက် ၂၀ မပြည့်သေးတဲ့ KIA ကောင်က သေနတ်ဒင်နဲ့ထုလို့ ကျွန်တော်နဖူးကွဲခဲ့ရတယ်။ နဂိုကတည်းက ကျန်းမာရေးမကောင်းတဲ့ကျွန်တော့ကို KIA တပ်ရင်းမှူးက “ဒီအဖိုးကြီးကို ဒို့ထဲထည့်ရင် ဒို့အတွက် ဘာခိုင်းလို့ရမှာလဲ ရိက္ခာကုန်တာပဲရှိမယ်”လို့ပြောတယ်။ ဒါနဲ့ကျွန်တော်လဲ ပျော်သွားခဲ့တယ် ပြန်လွှတ်တော့မယ်ထင်လို့ပေါ့လေ။ ဘယ်ဟုတ်မလဲ “ခင်ဗျား KIA စစ်သားမလုပ်နဲ့ ပြည်သူ့စစ်လုပ်” လို့ပြောတယ်။ ဒုက္ခပါပဲဗျာ။ ခင်ဗျားတို့စဉ်းစားသာကြည့်ပါတော့။ ဒါနဲ့ သူတို့တပ်ရင်းမှာ မိုင်းထောင်နည်း ၂ ပတ်၊ သေနတ်ပစ်နည်း    ၁ ပတ် သင်ခဲ့ရတယ်။ ကျွန်တော့တာဝန်က ထွက်မပြေးခင်အထိ သင်တန်း ၃ ပတ် တက်ထားတဲ့ ရဲရဲတောက် KIA ရဲ့ ပြည်သူ့စစ်။

ကျွန်တော်ဘယ်လိုမှ မခံနိုင်တော့လို့ မြစ်ကြီးနားမြို့ပေါ် ထွက်ပြေးလာရတယ်။ ထပ်ကြားရတဲ့ သတင်းက အတော်ဆိုးပါတယ်။ မိုးကောင်းမြို့နယ်၊ နမ္မတီးရွာ၊ ဖော်ဒေါင်ရပ်ကွက်မှာနေတဲ့ အိမ်ထောင်ရှိ ကိုယ်ဝန်ဆောင် ကချင်တိုင်းရင်းသူ မဂျာဒွဲနူးကို စက်တင်ဘာလ ၁ ရက်နေ့က မိုးကောင်းမြို့နယ် ကဆုန်းကျေးရွာအခြေစိုက်တဲ့ KIA တပ်ရင်း(၁၁)က စုဆောင်းရေး ဆွဲခေါ်သွားတာ ကြားရတယ်။ ဒီသတင်းအမှန်ပါပဲ။ RFA ကလည်း ၁၆ ရက်နေ့က ပြောတယ်။ ခင်ဗျားတို့နားထောင်ရင် ကြားမှာပါ။ ဒါတောင် KIA ရဲ့ ပြောရေးလိမ်ခွင့်ရှိသူ လနန်းဆိုလား လဖျန်းဆိုလား အဲ့ဒီလူက ဖြီးဖြန်းပြီး ဗြောင် ညာနေသေးတယ်။ သိပ်လွန်လွန်းနေပြီ KIA ။ အဖိုးကြီးလဲဖမ်းတယ်၊ ကလေးသူငယ်လဲ ဖမ်းတယ်၊ နောက် ဆုံး ကိုယ်ဝန်ဆောင်ကအစ အလွတ်မပေးတော့ဘူး၊ ကိုယ်ဝန် ၃ လနဲ့ အမျိုးသမီးကို KIA ထဲမှာ ဘာ တာဝန်များပေးအုံးမလဲ။ မွေးလာတဲ့ကလေး ယောက်ျားလေးဆိုရင်တော့ နို့ဘူးတိုက်ပြီး မိုင်းများထောင် ခိုင်း လေအုံးမလား။

KIA နောင်ဘာလုပ်မလဲ ... ဒီမေးခွန်းကို ကျွန်တော်မဖြေတော့ပါဘူး။ ခင်ဗျားတို့ပဲ တွေးကြည့် ရင်မြင်နိုင် ပါလိမ့်မယ်။ KIA ရယ်လို့ ပေါ်လာကတည်းက ဘာကောင်းကျိုးမှ မလုပ်ခဲ့တဲ့အဖွဲ့ ဟာ နောင်ကော ဘာကောင်းကျိုး လုပ်မှာလဲ။

ကျွန်တော်တို့ ကချင်တွေဘာလုပ်ကြမလဲ ... ဒီနေရာမှာ စစ်တပ်ကို တစ်ခုပြောချင်တယ်၊ ခုခံစစ်ဆင်တယ် ဆိုတာ ဘောလုံးကစားတဲ့နေရာမှာတောင် ကြာကြာအသုံးမပြုသင့်ဘူး၊ ခံစစ် အသားပေး ကစားတဲ့ အီတလီလို အသင်းကြီးတောင် ကြာရင်ဂိုးပေးရတတ်တယ်။ ဒီတော့ ခင်ဗျားတို့ ကျွန်တော်တို့ကိုကူညီပါ။ ငြိမ်းချမ်းရေးလုပ်ပါလို့ လူလိုပြောလို့မရတဲ့ KIA ကို ကျွန်တော်တို့နဲ့ပေါင်းပြီး ခုခံစစ်ကနေ တိုက်စစ်ကိုပြောင်းပြစ်ပါ။ ကျွန်တော်တို့ ကချင်တွေလဲ ငြိမ်ခံမနေသင့်တော့ဘူး။ အားလုံးညီညွတ်ဖို့လိုတယ်။ တစ်ချို့နေရာတွေမှာလဲ KIA ကို ရွာသားတွေက စုပြီးတိုက်ခိုက်တာတွေ ရှိနေပြီလို့ကြားတယ်။ ကျွန်တော်တို့တွေ ပူးပေါင်းတော်လှန်သင့်ပြီ၊ စစ်တပ်နဲ့ ကျုပ်တို့ ဒေသခံတွေပေါင်းပြီး လုပ်ကြရအောင်။ KIA ထဲမှာလည်း မတရားဖမ်းထားလို့ မလုပ်ချင်ဘဲလုပ်နေရသူတွေ အများကြီး ရှိတယ်။ ကျွန်တော်တို့လုပ်ငန်းစရင် သူတို့တွေပါလာလိမ့်မယ်။ ကျွန်တော်တို့ကချင်တွေ စုစုစည်းစည်းနဲ့ KIA ဆီက တကယ့် လွတ်လပ်ရေးကို တိုက်ယူရမယ်။ မဟုတ်ရင် ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ မိန်းမတွေ၊ အစ်မ၊ ညီမတွေပါ KIA ထဲ ရောက်ကုန်မယ်...သေနတ်ကိုင်ခိုင်းရင်တော်သေးရဲ့ အခုခေါင်းဆောင်တွေက ဇော် တူးတို့ထက်ဆိုးတယ်... ဒုက္ခတွင်းထဲ ရောက်နေတဲ့ ကချင်ပြည်နယ်ထဲက ကျွန်တော်တို့တစ်တွေအားလုံး သည်းမခံနိုင်တဲ့အဆုံး KIA ကိုတော်လှန်ဖို့  စလိုက်ကြပါစို့။

ခပ်သိမ်းသောအရာတို့တွင် ကျေးဇူးတော်ကြီးလှပါ၏ဟု ငါတို့သခင် ယေရှုခရစ် နာမတော်အမှီပြု၍ အခြားမလပ် ဆုတောင်းပဌနာပြုကြလော့ ... အာမင် ။

ပုသိမ်၊ မုံရွာနှင့် မကွေး လေဆိပ်တို့တွင် လေယာဉ်မောင်း သင်တန်း ကျောင်းများ ဖွင့်လှစ် သွားမည်

Posted by drmyochit Thursday, September 20, 2012, under | No comments




From : MRTV4

လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ပြည်တွင်း လေဆိပ်များ ဖြစ်တဲ့ ပုသိမ်၊ မုံရွာနဲ့ မကွေးလေဆိပ်တို့မှာ လေယာဉ်မောင်း သင်တန်း ကျောင်းများကို ယခု ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ ဖွင့်လှစ် သွားဖို့ ရှိတယ်လို့ သိရပါတယ်။ အဆိုပါ လေယာဉ်မောင်း သင်တန်း ကျောင်းများ ဖွင့်လှစ် တည်ဆောက် ခြင်းကို ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းရှင်များ ဖိတ်ခေါ်ကာ နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှု ဥပဒေ နဲ့အညီ လုပ်ကိုင် ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ဒီလို ဖွင့်လှစ်ရာမှာ အဆိုပါ နေရာတွေထဲမှ ပုသိမ် လေဆိပ်မှာ အရင်ဆုံး လေယာဉ်မောင်း သင်တန်းကျောင်းကို ဖွင့်လှစ် သွားမှာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ အဆိုပါ လေဆိပ်တွေထဲမှ ပုသိမ် လေဆိပ်မှာ သင်တန်းကျောင်း လုပ်ကိုင်ဖို့ အတွက် တိုင်းဒေသကြီး အစိုးရနဲ့ ညှိနှိုင်းပြီး ခွင့်ပြု သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လုပ်ကိုင်လိုတဲ့ လုပ်ငန်းရှင်များ အနေနဲ့ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသို့ အဆိုပြုလွှာ တင်သွင်း နိုင်ပြီး တင်ပြတဲ့ အဖွဲ့အစည်း၊ ကုမ္ပဏီရဲ့ လုံလောက်တဲ့ ရင်းနှီး မြှုပ်နှံမှု၊ နည်းပညာနဲ့ နိုင်ငံတကာ အဆင့် သင်ကြား နိုင်တဲ့ နည်းပြ ဆရာတွေ ရှိ၊ မရှိကို စိစစ်ပြီး ရွေးချယ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို လေယာဉ်မောင်း သင်တန်းကျောင်းများ ဖွင့်လှစ်ဖို့ စီစဉ်မှုဟာ လက်ရှိမှာ ပြည်တွင်း၊ အရပ်ဘက် ဆိုင်ရာ ပုဂ္ဂလိကပိုင် လေယာဉ်မောင်း သင်တန်း ကျောင်းများ မရှိသေးတဲ့ အတွက် ဖွင့်လှစ်ဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ သိရပါတယ်။

Wednesday, September 19, 2012

KIA မှ ရိက္ခာသယ်ယူမှုအခက်အခဲကြောင့် ပြည်သူ့စစ်အချို့အား လယ်တဲများတွင် ထားရှိ

Posted by drmyochit Wednesday, September 19, 2012, under | No comments





မိုးမောက်မြို့နယ် ဒဂေါ်ကျေးရွာအနီး ကျရီချောင်းဘေးမှာရှိတဲ့ ကချင်ဈေးဆိုင်တဲများအား နေ့ချင်းဖျက် သိမ်းရန် စက်တင်ဘာလ(၁၈)ရက်နေ့က လာရောက်ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။ 

ထိုသို့ ညွှန်ကြားချက်ထုတ်ပြန်ရခြင်းသည် ၄င်းနေရာတ၀ိုက်တွင် ဈေးဝယ်ယူ၍မရသောနေရာဖြစ်အောင် ဖန်တီး ကာ မိုးမောက်မြို့အတွင်းမှ ၄င်းတို့ရိက္ခာအတွက် နည်းလမ်းအမျိုးမျိုးနှင့် ရိက္ခာဆန်သယ်ယူပို့ဆောင် လာသည်ကို ဗမာစစ်တပ်မှ ရှာဖွေဖမ်းဆီးပါက ကျရီချောင်းပတ်ဝန်းကျင်တွင် လယ်ယာလုပ်ငန်း လုပ်ကိုင် ၍ နေထိုင်သော ဆွေမျိုးသားချင်းများမှာ ဈေးဝယ်ရန်ဆိုင်ခန်းများ မရှိသဖြင့် ယခုလို ဆန်နှင့် စားသောက် ကုန်များကို  လယ်ယာလုပ်ငန်း လုပ်ကိုင်သည့် မိသားစုများထံသို့ သွားရောက်ပို့ဆောင်မည်ဟု အကြောင်းပြ ချက်ရရှိစေရန် ဈေးဆိုင်တဲများအား ဖျက်သိမ်းခိုင်းတာဖြစ်တယ်လို့ သိရပါတယ်။ 

၎င်းတို့ရဲ့လုပ်ရပ် ပိုမိုအောင်မြင်စေရန် KIA တပ်ဖွဲ့ဝင်တစ်ချို့နဲ့ ပြည်သူစစ်တပ်ဖွဲ့ဝင်တွေကို လယ်သမား အသွင်နဲ့ လမ်းတလျှောက်မှာရှိတဲ့ လယ်တဲတွေမှာ ဖြန့်ခွဲထားတယ်လို့ သိရပါတယ်။

၎င်းတို့ဝါးဘော်စခန်းမှာ မိုးမောက်မြို့ ရပ်ကွက်များနှင့် ဒုက္ခသည်စခန်းများမှ သယ်ယူပို့ဆောင်ပေးထားတဲ့ ဆန်အိတ်(၂၀)ခန့်နှင့် ဆား၊ ခေါက်ဆွဲခြောက်ဖာတွေ စုပုံထားရှိတယ်လို့ ၀ါးဘော်စခန်းအနီး လယ်တဲမှ လယ်ယာလုပ်ကိုင်သူတစ်ဦးမှ KDN သတင်းဌာနသို့ ပြောသည်။

အနောက်မီဒီယာများက လွဲမှားစွာ ဖော်ပြနေမှုကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင် အမေရိကန် ခရီးစဉ်အတွင်း ရှင်းလင်းသွားမည်

Posted by drmyochit Wednesday, September 19, 2012, under | No comments



ရခိုင်အရေးကိစ္စအပေါ် အမေရိကန်အပါအ၀င် အနောက်မီဒီယာများက လွဲမှားစွာ ဖော်ပြတင် ဆက်နေကြမှုများနှင့် ပတ်သက်၍ အမေရိကန် ခရီးစဉ်အတွင်း အမှန်တရားကို ရှင်းလင်းသွား မည်ဖြစ်ကြောင်း စက်တင်ဘာ ၁၉ ရက်က အမေရိကန် နိုင်ငံသို့ ထွက်ခွာသွားသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် ပြောကြားခဲ့သည်။

"အကြောင်းရင်း အမှန်ကို ပြောရမယ်။ နိုင်ငံတကာ ခေါင်းဆောင်တွေကို အမှန်အတိုင်း ပြောပြဖို့တာဝန်ရှိတယ်'' ဟု ဦးအေးသာအောင်က ပြောခဲ့သည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်ခဲ့သည့် ပြသနာများဖြစ်သော ကျောက်နီမော်အရေး၊ တောင်ကုတ် အရေးတို့ အပြင် နောက်ကွယ်တွင် ရှိသည့် ပြသနာများကိုလည်း ရှင်းလင်းမည်ဟု ၄င်းကဆိုသည်။

ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်သည် Buddhist Mission  Institute ၏ ဖိတ်ကြားချက်ဖြင့် အမေရိကန်နိုင်ငံသို့ စက်တင်ဘာ ၁၉ ရက်မှ စတင်ကာ နှစ်ပတ်ခန့်အကြာသွားရောက်မည်ဖြစ်ပြီးဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်လည်း စီစဉ်ထားကြောင်း သိရသည်။

"တရုတ်နိုင်ငံမှမြန်မာစာသင်ရိုးညွှန်းတမ်းစာအုပ်"

Posted by drmyochit Wednesday, September 19, 2012, under | No comments



From : popular

တရုတ်နိုင်ငံတွင် လူငယ်တွေအတွက် မြန်မာစာသင်ရိုးညွှန်းတမ်းစာအုပ် ထုတ်ဝေတာတွေ့ရတယ်။ စာအုပ်ထဲမှာစီးပွားရေးလုပ်ငန်း ဆိုင်ရာ မြန်မာ စာရေးဆရာတစ်ချို့ရဲ့စာတွေ၊ မောင်ခင်မင်(ဓနုဖြူ)အပါအ၀င် အစိုးရဆိုင်ရာ
အသုံးအနှုန်းတွေ ပြဌာန်းစာအဖြစ် ထုတ်ဝေထားတဲ့ မြန်မာစာပေနဲ့မြန်မာ့ လူမှုရေးကို ထင်ဟပ်ထားတဲ့ပြဌာန်းစာအုပ်ကို တရုတ်နိုင်ငံ၊ ကွမ်ရှီးကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့ရှိ နန်နင်းကုန်တိုက်တွင် တွေ့ရစဉ်။

ထိုင်းမှာလည်း ဘင်္ဂါလီအမျိုးတွေ ဆန္ဒပြပြီ

Posted by drmyochit Wednesday, September 19, 2012, under | No comments



From : သာနောင်

မွတ်ဆလင်မ်လူမျိုး ၃၀၀ ခန့်သည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အမေရိကန်သံရုံးသို့ ယနေ့ ချီတက်ဆန္ဒပြကြောင်း သိရသည်။ ဆန္ဒပြသမားများက ဘန်ကောက်စံတော်ချန် မွန်းလွဲ ၂ နာရီခန့်တွင် စတင်ချီတက် ဆန္ဒပြခဲ့ကြပြီး မွန်းလွဲ ၃ နာရီခွဲခန့်တွင် လူစုကွဲသွားကြောင်းနှင့် အကြမ်းဖက်မှု တစ်စုံတစ်ရာ ပေါ်ပေါက်ခဲ့ခြင်းမရှိကြောင်း Bangkok Post သတင်းက ပြောကြားသည်။

အစ္စလာမ်ဘာသာဝင်တို့၏ တမန်တော်မိုဟာမက်ကို လှောင်ပြောင်သရော်ထားသော ရုပ်ရှင်ဇာတ်လမ်းတို တစ်ခုကို အမေရိကန်ဒါရိုက်တာတစ်ဦးက ရိုက်ကူးခဲ့ပြီး အဆိုပါ ရုပ်ရှင်ဇာတ်လမ်းတိုမှာ အွန်လိုင်းမှတစ်ဆင့် ကမ္ဘာတစ်ဝန်း ပြန့်နှံ့ခဲ့ရာ မွတ်ဆလင်မ်တို့၏ အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့သည်။ လစ်ဗျားတွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုမှတစ်ဆင့် ဖြစ်ပွားသော တိုက်ခိုက်မှုအတွင်း အမေရိကန်သံအမတ် သေဆုံးခဲ့ရသည်။

အစ္စလာမစ်နိုင်ငံအများအပြားတွင် ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ပြီး အချို့နိုင်ငံများမှ ဆန္ဒပြမှုများမှာ အကြမ်းဖက် တိုက်ခိုက်မှုအသွင်ဆောင်ခဲ့ပြီး အမေရိကန်သံရုံးများကို ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြသည်။ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တွင် ပြုလုပ်ခဲ့သော ဟစ်ဇ်ဘိုလာအုပ်စုက ဦးဆောင်သည့် အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုမှာ လူပေါင်းတစ်သိန်းခန့် ပါဝင်ခဲ့ကြောင်း သိရသည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်